အခန်း ၁၆၀၀
Vol. 107 Ch. 1600
အခန်း (၁၆၀၀) လျှို့ဝှက်နည်းလမ်း။
"ဘုန်း…"
နောက်ထပ် လက်သီးချက်က ချင်ယွင်၏ ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်သွားကာ နတ်ဘုရား နဂါးကျောက်စိမ်းတံဆိပ်ဖြင့် ပြုလုပ်ထားသော ချပ်ဝတ်သည် ကွဲအက်တော့သည့် အရိပ်အယောင်များ ပြသနေသည်။
ချင်ယွင်၏ တစ်ကိုယ်လုံး ပြင်းထန်စွာ ဒဏ်ရာရနေပြီ။ သူ၏ နတ်ဘုရားခန္ဓာတစ်ခုလုံး သည် အလွန်အန္တရာယ်များသော အခြေအနေတွင် ရှိနေခဲ့ပြီး၊ အချိန်မရွေး လုံးဝ ပြိုကျသွား နိုင်သည်။
ယခုအချိန်တွင် သူ့တစ်ကိုယ်လုံး သွေးများဖြင့် ပြည့်နှက်နေသည်။ သူ့ခန္ဓာကိုယ်အတွင်းမှာ မပျက်စီးသည့်အရိုး တစ်ချောင်းမျှ မရှိပေ။ သူ့နတ်ဘုရားခန္ဓာ၏ ဆဲလ်များသည် ပြိုကျနေပြီ ဖြစ်သည်။ အကယ်၍ သူ့နေရာမှာ အခြားနတ်ဘုရားတစ်ပါးသာဆိုပါက, နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဤမျှဆိုးရွား လှသော ထိုးနှက်ချက်ကြောင့် သေဆုံးသွားလောက်ပြီ။
ချင်ယွင်သည် သူ့နတ်ဆိုးနတ်ဘုရားအမြုတေကို ကနဦးစကြဝဠာတွင် ဖုံးကွယ်ထား သောကြောင့် အကြာကြီး အသက်ရှင်နိုင်ခြင်း ဖြစ်သည်။
သို့သော်၊ အကယ်၍, သူသာ ဤမျှကြောက်စရာကောင်းသော တိုက်ခိုက်မှုကို ထပ်မံ ခံနေရပါက၊ ဤကြောက်မက်ဖွယ် စွမ်းအားကြောင့် သူ့ကနဦးစကြဝဠာ ပြိုကျမည့် အရိပ်အယောင်များ မပြနိုင်ဟု ချင်ယွင် အာမမခံနိုင်ပေ။
'"မင်းရဲ့ခန္ဓာကိုယ်က တကယ်ကို ထူးထူးခြားခြား သန်မာလွန်းတယ်။ မင်း ငါ့ဆီက ထိုးချက်နှက် အနည်းငယ်ကို ခံရပြီးတာတောင် ရှင်သန်နေတုန်းပဲ။ ငါ့ဆရာအဘိုးကြီးက မင်းကို သတ်ဖို့ ကြံရွယ်ထားတာ အံ့သြစရာ မရှိတော့ဘူး။ မင်းရဲ့ချပ်ဝတ်က ပျက်ဆီးမသွား ဘဲ ငါ့လက်သီးချက် အနည်းငယ်ကို ခံနိုင်ရည်ရှိနေတယ်။ သူ့ရဲ့အရည်အသွေးက သာမာန် အဆင့်မြင့် နတ်ဘုရားပစ္စည်းတစ်ခုထက်တောင် ကျော်လွန်နေပြီ။ အဲဒါက ဘိုးဘေး နတ်ဘုရားပစ္စည်းအတုဖြစ်ဖို့ သိပ်မဝေးတော့မှာ ငါကြောက်မိတယ်" ယွမ်ဟန်က မြေပြင် ပေါ်တွင် လဲလျောင်းနေသော ချင်ယွင်ကို ကြည့်ကာ မောက်မာစွာ ပြောလိုက်သည်။ သို့သော် သူ့မျက်လုံးများတွင် အံ့သြသည့် အရိပ်အယောင်များ ရှိနေခဲ့သည်။
သူပြောခဲ့သည့်စကားတွေက အမှန်တရားပင်။ နှောင်းပိုင်း ကောင်းကင်နတ်ဆိုးနတ်ဘုရား ကျွမ်းကျင်ပညာရှင်တစ်ဦးပင် မသေဘဲ ထိုကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိနိုင်သော်လည်း သူ့ရှေ့မှ ချင်ယွင်သည် ထိုသို့ပြုလုပ်နိုင်ခဲ့သည်။ ဤအရာကြောင့် သူ မည်သို့ မအံ့သြဘဲနေမည်နည်း။ သို့သော် ထိုကဲ့သို့ ပိုခံနိုင်ရည်ရှိလေ, သူ့သတ်ဖြတ်လိုစိတ် က ပိုကြီးမားလေ ဖြစ်သည်။
ချင်ယွင်သည် ဤအခိုက်တွင် ရှိုက်ကြီးတငင် ပြုံးလိုက်သည်။ ယွမ်ဟန်၏ ခွန်အားသည် သူ့ထက် များစွာ ပြင်းထန်နေသည်။ သူသည် ပြန်လည်တိုက်ခိုက်ရန် အမှန်တကယ် ခွန်အားမရှိခဲ့ပေ။ သူသည် ကနဦးစကြဝဠာ၏ စွမ်းအားကို အသုံးမပြုဘဲ, အကယ်၍, ဤအတိုင်းသာ ဆက်သွားနေမည်ဆိုရင်, သူ သေသည်အထိ တကယ်ကို အရိုက်ခံရလိမ့် မည်။ သို့သော် ဤနည်းဖြင့် သူသည် ပို၍ပင် သေဖို့များနိုင်သည်။
"တကယ်ကို မတတ်နိုင်ရင်တော့, ငါ ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဆင့်ခေါ်ရမှာပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သို့သော် ချင်ယွင်သည် ယခုအချိန်တွင် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ကျော်လွှားနိုင်မည် ဟု မယုံကြည်သောကြောင့် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို တိုက်ရိုက် မဆင့်ခေါ်ခဲ့ပေ။
"ကောင်စုတ်၊ မင်းက တကယ်ကို မိုက်မဲတာပဲ။ မင်း သူ့ကို အနိုင်ယူဖို့ ခွန်အားရှိတယ်ဆို တာ ရှင်းရှင်းလင်းလင်း သိထားပေမယ့် ဘယ်လိုအသုံးချရမှန်း မသိသေးဘူး။ နှမြောစရာ ကောင်းလိုက်တာ။"
သို့သော် ချင်ယွင်သည် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဆင့်ခေါ်ပြီး ယွမ်ဟန်ကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ချိန်မှာ လျှိုဘို၏အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
"ငါ့မှာ သူ့ကို အနိုင်ယူနိုင်တဲ့ စွမ်းအားရှိတယ်ပေါ့။ ဘာစွမ်းအားလဲ" ချင်ယွင်က အံ့သြတကြီးအသံဖြင့် မေးလိုက်သည်။
"မင်းက လူမိုက်ပဲ။ မင်း တကယ်ကို လူမိုက်ပဲ။ မင်းရဲ့ နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံ လွှမ်းမိုးခြင်း ပညာရပ်ကို အပြည့်အဝ မထုတ်ဖော်ရသေးဘူးလို့ မင်း မထင်ဘူးလား။ စစ်မှန်တဲ့ နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်က ဘယ်လိုလုပ် ဒီလောက်အထိ ရိုးရှင်းနိုင်ပါ့မလဲ။" လျှိုဘို၏ကျိန်ဆဲသံက ချင်ယွင်၏စိတ်ထဲတွင် ထပ်မံ ထွက်ပေါ်လာသည်။
"နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်လား...? ငါ နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်းပညာရပ်ရဲ့ အနှစ်သာရကို နားမလည်သေးဘူးလို့ ပြောချင်တာ လား။" ချင်ယွင်က ခဏလောက် စဉ်းစားပြီး အသံထုတ်လွှင့်ကာ မေးလိုက်ပါသည်။
သူသည် နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်ကို အချိန်အတိုင်းတာ တစ်ခုအထိ ကျင့်ကြံခဲ့ပြီး အမြဲတမ်း ဝေခွဲမရ ဖြစ်ခဲ့ရသည်။ ဤနတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်သည် နတ်ဆိုးနတ်ဘုရား ကျင့်ကြံခြင်း ပညာရပ်များ ၏ ရှေးအကျဆုံး ကျင့်ကြံခြင်းပညာရပ်တစ်ခု ဖြစ်ပြီး အလွန်မင်း လျှို့ဝှက်ဆန်းကြယ် သည်ဟု ဆိုနိုင်ပါသည်။
သို့သော် နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်၏ နတ်ဆိုး နတ်ဘုရား တန်ခိုးသည် သာမန် နတ်ဆိုးနတ်ဘုရား ကျင့်ကြံမှုပညာရပ်များထက် ဆယ်ဆ ပိုသိပ်သည်းသည့်အချက်ကို ရှာဖွေတွေ့ရှိခြင်းအပြင် သူသည် နတ်ဆိုးနတ်ဘုရားတန်ခိုးကို လောင်ကျွမ်းခြင်း လျှို့ဝှက်နည်းပညာကို ဆုပ်ကိုင်နိုင်ခဲ့ပြီး၊ ကောင်းကင်ဘုံကို ဆန့်ကျင့်နိုင် သည့် အခြားတစ်စုံတစ်ရာကိုမှ မတွေ့ခဲ့ရပေ။
အစပိုင်းတွင်၊ သူသည် မရေရာသော ခံစားချက်တစ်ခုရှိနေခဲ့သော်လည်း ယခု လျှိုဘို၏ သတိပေးချက်အပြီးတွင်၊ သူသည် နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်၏ စစ်မှန်သောစွမ်းအားကို ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်းကို သူ တကယ် ခံစားခဲ့ရသည်။
"နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်က မင်းထင်ထားထက် ပိုပြီး အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့တာ။ မင်းတို့နတ်ဘုရားကမ္ဘာမှာ သတင်းပျံ့နှံ့နေတဲ့ ပန်ဂု မဟာနတ်ဘုရားတောင်မှ နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်ကို ကျင့်ကြံထားတာ။ ဒါ့အပြင်, သူတောင်မှ နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်ကို မဖော်ထုတ်နိုင်သေးဘူး။" လျှိုဘို၏အသံသည် ထပ်မံ ထွက်ပေါ်လာပြီး ချင်ယွင်ကို ထိတ်လန့်သွားစေသည့် အရာတစ်ခုကို ပြောလိုက်သည်။
ချင်ယွင်သည် ထိုသတင်းကြောင့် တကယ်ကို ထိတ်လန့်သွားရသည်။ သေချာသည်မှာ သူလည်း မာဟာနတ်ဘုရားပန်ဂုအကြောင်းကို ကြားဖူးပါသည်။ သူသည် ဖင်းဂေါ့ သွေးမျိုးဆက်၏ဘိုးဘေး ဖြစ်သည်ဟု ဆိုကြပြီး သူ၏ ခွန်အားမှာ အနှိုင်းမဲ့ အစွမ်းထက် လွန်းသည်။ ပြီးပြည့်စုံသော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားပင်လျှင် သူ့လောက် အစွမ်းထက်မည် မဟုတ်ပေ၊ သို့သော် လျှိုဘိုသည် မဟာနတ်ဘုရားပန်ဂုတောင်မှ နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်းပညာရပ်၏ လျှို့ဝှက်ချက်များကို နားမလည်ကြောင်း အမှန်တကယ် ပြောနေခဲ့သည်။
"ဒါဆို အခု ငါ ဘာလုပ်ရမလဲ။ နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်ကို နားလည်ရင်တောင် နောက်ကျနေပြီလေ" ချင်ယွင်က အံ့အားတသင့် ပြောလိုက်ပြန်သည်။
လျှိုဘိုပြောစကား မှန်ကန်နေလျှင်ပင်, ဘာဖြစ်လာမှာလဲ။ ယွမ်ဟန်က တိုက်ခိုက်ခြင်း မပြုဘဲ, သူ နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်၏ စွမ်းအားကို နားလည်ဆင်ခြင်ရန် နှစ်အနည်းငယ် သို့မဟုတ် နှစ်ရာနှင့်ချီ၍ ခွင့်ပြုမည် မဟုတ်ပေ။ ဤအရာက မဖြစ်နိုင်ပါဘူး။
"ဟမ့်၊ မင်းက ပိုဉာဏ်ကောင်းလာပြီလို့ ငါထင်ခဲ့တာ။ ဒါပေမယ့် မင်း ဒီလောက်မိုက်မဲနေဖို့ ငါ မမျှော်လင့်ထားဘူး။ ငါ့ရဲ့ဖြစ်တည်မှုကို မင်း မေ့သွားပြီလား" လျှိုဘိုသည် မထိန်းနိုင်ဘဲ ကျိန်ဆဲလိုက်ပြန်သည်။
ချင်ယွင်သည် အနည်းငယ် မှင်သက်သွားခဲ့သည်။ ထိုအချိန်မှသာလျှင် လျှိုဘို၏ ဆိုလိုရင်း ကို သူ နားလည်သွားသည်။ ချင်ယွင်သည် နတ်ဆိုးနတ်ဘုရားကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်ကို ရှေးဟောင်းနတ်ဆိုးနတ်ဘုရားကမ္ပည်းပြားမှ ရရှိခဲ့ခြင်း ဖြစ်သည်။ နတ်ဆိုး နတ်ဘုရားကမ္ပည်းပြားသည် နတ်ဆိုးနတ်ဘုရားကျင့်ကြံမူများ၏ မူလဇစ်မြစ်ဖြစ်သည်ဟု ဆိုနိုင်သည်။ လျှိုဘိုသည် နတ်ဆိုးနတ်ဘုရားကမ္ပည်းပြား၏ ပစ္စည်းဝိညာဉ် ဖြစ်သော ကြောင့် သူသည် အခြားသူများထက် များစွာပိုသိသည်။ ထို့ကြောင့် လျှိုဘို၏ရည်ရွယ်ချက် မှာ အလွန်ထင်ရှားနေပြီး၊ လျှိုဘိုသည် သူ့ရှေ့မှ ယွမ်ဟန်ကို အနိုင်ယူနိုင်စေရန် ချင်ယွင်ကို ကူညီပေးနိုင်သည်။
"လျှိုဘို၊ မင်း ငါ့ကို တကယ် ကူညီပေးနိုင်မလား" ချင်ယွင်က မေးသည်။
"မင်းရဲ့နတ်ဆိုးနတ်ဘုရားကျင့်ကြံမှုကို အချိန်တိုအတွင်းမှာ တိုးတက်လာအောင် ငါ ကူညီပေးနိုင်တယ်။ ဒီနတ်ဆိုးနတ်ဘုရားကျင့်ကြံမူရဲ့ လျှို့ဝှက်ချက်တွေကို မင်း နားလည် အောင် ငါ ကူညီပေးနိုင်တယ်။ မင်း အဆင့်ဖြတ်ကျော်နိုင်စွမ်း ရှိမရှိနဲ့ အရာအားလုံးကို အနိုင်ယူနိုင်စွမ်းရှိမရှိကတော့ မင်းကိုယ်တိုင်ပေါ်မှာပဲ မူတည်တယ်။" လျှိုဘို၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"ဒါပေမယ့် အခု ငါတို့ကရော အဆင့်ဖြတ်ကျော်မှုတစ်ခု ပြုလုပ်နိုင်ပါ့မလား" ချင်ယွင်က ထပ်မေးသည်။
အကယ်၍, ပုံမှန် ကျင့်ကြံမှုတစ်ခုမျှသာဆိုပါက၊ သူသည် ဤအခွင့်အရေးကို အသုံးချပြီး နှောင်းပိုင်း မြေကမ္ဘာနတ်ဆိုးနတ်ဘုရားအဆင့်သို့ ဖြတ်ကျော်နိုင်ခဲ့လျှင်ပင်၊ သူသည် ယွမ်ဟန်အတွက် ပြိုင်ဘက်မဟုတ်သေးပေ။ အထွတ်အထိပ် မြေကမ္ဘာနတ်ဆိုးနတ်ဘုရား တစ်ပါးသည်ပင် အသုံးမဝင်ပေ။ ဤလျှို့ဝှက်နည်းပညာက မည်မျှပင် အစွမ်းထက်နေပါ စေ, သူ့အတွက် အများကြီး အသုံးမဝင်သေးပေ။ ထို့ကြောင့် လျှိုဘို၏ ပြောစကားကို ကြားပြီးနောက် ချင်ယွင်သည် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
"ဟမ့်၊ မင်း ဒီလျှို့ဝှက်ပညာရပ်ကို လျှော့မတွက်စမ်းပါနဲ့။ ဒီပညာရပ်က မင်းကို အချိန်တို အတွင်း စွမ်းအင်ပမာဏအများပြားကို သန့်စင်ပေးနိုင်တယ်။ စွမ်းအင်အလုံလောက်ရှိတာနဲ့ မင်းကို ကောင်းကင်နတ်ဆိုးနတ်ဘုရားနယ်ပယ်ကျင့်ကြံမှုအဆင့် ထိရောက်အောင် တိုက်ရိုက် ကူညီပေးနိုင်တယ်။" လျှိုဘိုက အေးစက်စွာ ပြောလိုက်သည်။ ချင်ယွင်၏ သံသယများအပေါ် သူ အနည်းငယ် မကျေမနပ် ဖြစ်နေသည်မှာ ထင်ရှားပါသည်။
"ကောင်းကင်နတ်ဆိုးနတ်ဘုရားလား?" ချင်ယွင်၏ မျက်လုံးများက တောက်ပလာသည်။ အကယ်၍, သူသာ ကောင်းကင်နတ်ဆိုးနတ်ဘုရားနယ်ပယ်သို့ အမှန်တကယ် ဖြတ်ကျော် သွားခဲ့ပါက, သူသည် ယွမ်ဟန်ကို ရှုံးနိမ့်လိမ့်မည် မဟုတ်ပေ။
"ဒါပေမယ့် ဒီပညာရပ်က အရမ်းအစွမ်းထက်နေရင်တောင် စွမ်းအင်ပမာဏ အများပြားကို ငါ ဘယ်မှာရှာရမှာလဲ" ချင်ယွင်က သံသယစိတ်ဖြင့် ထပ်မေးသည်။
ဤလျှို့ဝှက်ပညာရပ်သည် အချိန်တိုအတွင်း နတ်ဆိုးနတ်ဘုရားစွမ်းအား အများအပြားကို စုပ်ယူနိုင်စေရန် ကူညီပေးနိုင်သော်လည်း ၎င်းသည် စွမ်းအင် ပမာဏများစွာ လိုအပ်နေပါ သည်။ ထိုစွမ်းအင်ပမာဏကို ကောင်းကင်နှင့်မြေကြီးမှ စုပ်ယူရန် လုံးဝ မလုံလောက်ပေ။
"ဟား...၊ ဟား..၊ မင်းမှာတော့ ဒီလို စွမ်းအင်ပမာဏမျိုး မရှိဘူးပေါ့။ ဒါပေမယ့် ငါ့မှာ ပန်ဂုမဟာနတ်ဘုရားရဲ့ နှလုံးထဲက သွေးတစ်စက် ရှိတယ်လေ။ အဲဒီထဲမှာပါတဲ့ စွမ်းအင်က မင်းကို ကောင်းကင်နတ်ဆိုးနတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ဖို့ လုံလောက်ပါတယ်။" လျှိုဘိုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"မဟာနတ်ဘုရားပန်ဂုရဲ့ သွေးတစ်စက်လား?" ချင်ယွင်၏ မျက်လုံးများက အနှိုင်းမဲ့ တောက်ပသော အလင်းရောင်များဖြင့် ချက်ချင်း ပွင့်လန်းလာခဲ့သည်။
မဟာနတ်ဘုရားပန်ဂုသည် နတ်ဆိုးနတ်ဘုရားများကြားမှာပင် မြင့်မြတ်သော တည်ရှိမှု တစ်ခု ဖြစ်သည်။ ထိုပညာရှင်၏ နှလုံးသွေးထဲတွင်ပါရှိသော စွမ်းအားသည် အလွန်မင်း ကြောက်စရာကောင်းသည်။ အကယ်၍ သူသာ သူ့နှလုံးရှိ သွေးစွမ်းအားကို အမှန်တကယ် သန့်စင်နိုင်ပါက၊ သူသည် အစောပိုင်း ကောင်းကင်နတ်ဆိုးနတ်ဘုရားအဆင့်သို့ ဖြတ်ကျော် နိုင်မည်မှာ သေချာပါသည်။
"မြန်မြန်၊ ဒီလျှို့ဝှက်ပညာရပ်ကို ငါ့ဆီ မြန်မြန်ပေးစမ်းပါ။ " ချင်ယွင်က စိတ်လှုပ်ရှားစွာ ပြောသည်။