← Chapters

အခန်း ၁၆၀၁

Vol. 107 Ch. 1601

အခန်း ၁၆၀၁

Vol. 107 Ch. 1601

အခန်း (၁၆၀၁) ပန်ဂု၏သွေးတစ်စက်။

လျှိုဘိုသည် ချင်ယွင်၏စကားကို ကြားသောအခါ အခြားဘာမျှ မပြောတော့ပေ။ သူ့ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

အကယ်၍, ဘယ်သူမဆို ရှေးဟောင်းနတ်ဆိုးနတ်ဘုရားကမ္ပည်းပြားထဲက မြင်ကွင်းကို မြင်တွေ့နိုင်ခဲ့လျှင်, ရှေးဟောင်းနတ်ဆိုးနတ်ဘုရားကမ္ပည်းပြားထဲမှာ လွင့်မျောနေသည့် လက်သီးဆုပ်အရွယ် သွေးအလုံးတစ်လုံးရှိနေသည်ကို သေချာပေါက် မြင်တွေ့နိုင်ပါလိမ့် မည်။

"ဒါက သွေးတစ်စက်ပဲလား" ချင်ယွင်လည်း ထိုသွေးတစ်စက်ကြောင့် ထိတ်လန့်သွား သည်။

ထိုအရာက သွေးတစ်စက် မဟုတ်ပေ။ အမှန်ဆို သွေးလုံးကြီးတစ်ခု ဖြစ်နေခဲ့သည်။ သွေးတစ်စက်က ဘယ်လိုလုပ် ဤမျှလောက် ကြီးနေနိုင်မည်နည်း။ သို့သော်လည်း ချင်ယွင်သည် ပန်ဂုမဟာနတ်ဘုရား၏ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ကို တွေးကြည့်လိုက်သောအခါ စိတ်သက်သာရာ ရသွားခဲ့သည်။ အဆုံးတွင် ပန်ဂုမဟာ နတ်ဘုရား၏ အရွယ်အစားအရဆို၊ ဤသည်မှာ သွေးတစ်စက်မျှသာ ဖြစ်ပါသည်။

သို့သော် ဤအရာက အရေးမကြီးပါ။ အရေးအကြီးဆုံးမှာ ချင်ယွင်သည် ဤသွေးတစ်စက် အတွင်းမှ အဆုံးမဲ့ စွမ်းအင်ကို ခံစားနိုင်ခြင်း ဖြစ်သည်။ ဤကြောက်မက်ဖွယ် စွမ်းအင်သည် ရှေးဦးသားရဲတစ်ကောင်နှင့်တူပြီး ချင်ယွင်၏ နှလုံးကို တုန်လှုပ်စေသည်။

အကယ်၍, သူသာ ဤသွေးတစ်စက်အတွင်းရှိ နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားကို ဝါးမျိုပြီး သူ့ကျင့်ကြံမူအမြန်နှုန်းအတွက် အသုံးပြုမည်ဆိုပါက အနည်းဆုံး အနှစ်တစ်ရာ အချိန်ယူရမည်ဟု ချင်ယွင် သေချာသည်။ ကနဦးစကြဝဠာ၏ စွမ်းအားကို သူအသုံးပြုခဲ့ လျှင်ပင် အနည်းဆုံး တစ်ရက် အချိန်ယူရဉီးမည်။

ယခုမူ လျှိုဘိုက ဤအထွက်အထိပ်အုပ်စိုးရှင်၏ သွေးတစ်စက်တွင်းမှ စွမ်းအင်ကို အချိန်တိုအတွင်း ပြန်လည်သန့်စင်ပေးနိုင်သော နည်းလမ်းတစ်ခုရှိကြောင်း သူ့အား ပြောကြားခဲ့သည်။ လျှိုဘိုပြောသည့်စကားသည် အမှန်ဖြစ်ပါက ဤနည်းလမ်းသည် အလွန်ကြောက်စရာကောင်းသည်ဟု ဆိုနိုင်ပါသည်။

"ကောင်စုတ်လေး..၊ အာရုံစိုက်ထားပါ။ ငါ အခု မင်းကို နည်းလမ်းကို လွှဲပြောင်းပေးတော့ မယ်။ မင်း အောင်မြင်,မမြင်ကတော့ မင်းရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်တယ်" လျှိုဘို၏ အသံက ချင်ယွင်၏ ခေါင်းထဲတွင် ထပ်၍ ထွက်ပေါ်လာပြန်သည်။

ထို့နောက် ချင်ယွင်သည် သူ့မျက်ခုံးကြားမှ ကြီးမားသော သတင်းအချက် လှိုင်းကြီးတစ်ခု အရူးအမူး ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရပြီး သူ့ခေါင်းသည် အလွန်နာကျင်ကာ ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။

သို့သော် ဤနာကျင်မှုသည် တခဏမျှသာ ဖြစ်လာသဖြင့် ချင်ယွင်သည် ထိုနာကျင်မှုကို အချိန်အကြာကြီး မခံစားရပေ။

လျှိုဘိုထံမှ အချက်လက်များကို လက်ခံရရှိပြီးနောက်၊ ချင်ယွင်သည် လျှိုဘို ပြောသည့် နည်းလမ်းကို အပြည့်အဝ နားလည်ပြီး ၎င်း၏ အသုံးပြုပုံကို သိရှိလာခဲ့သည်။ သို့သော်၊ ထိုနည်းလမ်းတွင်ပါရှိသော အသေးစိတ်ရှင်းလင်းချက်တွေက ချင်ယွင်၏စိတ်ထဲတွင် အဆုံးမရှိ ချီးမွမ်းနေမိသည်။

"ဒါဆို နတ်ဆိုးနတ်ဘုရားတွေအတွက် ဒီလို ကြမ်းတမ်းတဲ့ ကျင့်ကြံခြင်း နည်းလမ်းတစ်ခု ရှိနေတယ်ပေါ့။ ဒီအကြံက တကယ်ကို ရဲရင့်လွန်းပါတယ်။ ဒါပေမယ့် အောင်မြင်ပြီးတာနဲ့၊ အဲဒါက သာမန် အသိဉာဏ်ထက် ပိုထိရောက်မှာ သေချာပါတယ်။" ချင်ယွင်က သူ့စိတ်ထဲ မှာ ခေါင်းညိတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်သည်။

ထိုနည်းလမ်းက တကယ်တော့ အရမ်းကို ရိုးရှင်းပါသည်။ ၎င်းသည် နတ်ဆိုးနတ်ဘုရားများ ကျင့်ကြံရာတွင် ရှေးအကျဆုံး နည်းလမ်းဖြစ်သည်။

မျိုချခြင်း….။

သူသည် စွမ်းအင်အားလုံးကို အသက်တစ်ရှိုက်အတွင်း မျိုချပြီး၊ သူ့စိတ်ကို အစိတ်ပိုင်း ၁၀၈၁ ခွဲထားရမည်။ တစ်ချိန်တည်းမှာ သူ့ခန္ဓာကိုယ်ထဲမှာ စွမ်းအင်လမ်းကြောင်း ၁၀၈၁ ဖြင့် လည်ပတ်ရပါမည်။ အဆုံးတွင် သူသည် ထိုစွမ်းအင်များကို ခွဲထုတ်ပြီး သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ ဖြန့်ခွဲရမည်။

ဤနည်းလမ်းသည် စွမ်းအင်ပမာဏများစွာကို လျင်မြန် ထိရောက်စွာ စုပ်ယူနိုင်သော် လည်း၊ ကြီးမားသော အားနည်းချက်တစ်ခုလည်း ရှိနေပါသည်။ အကယ်၍, လူတစ်ယောက်သည် သတိမထားမိပါက ၎င်းတို့၏ခန္ဓာကိုယ်များ ပေါက်ကွဲပြီး သေဆုံးသွားမည် ဖြစ်သည်။

စဉ်းစားကြည့်ပါ။ ဤမျှ ကြောက်စရာကောင်းသော စွမ်းအင်ပမာဏကို တစ်ခါတည်း မျိုချပြီး စွမ်းအင်လမ်းကြောင်း ၁၀၈၁ ဖြင့် လှည့်ပတ်နိုင်ရန်။ ၎င်းသည် သန်မာသော ရုပ်ခန္ဓာကိုယ်ကို လိုအပ်ရုံသာမက ပြိုင်ဘက်ကင်း စိတ်ဆန္ဒတစ်ခုကိုလည်း လိုအပ်ပါ သည်။ ထို့သို့မဟုတ်လျှင်, သင့်စိတ်ကို ချက်ချင်း အစိတ်ပိုင်း ၁၀၈၁ ပိုင်း ခွဲဖို့မဆိုထားနှင့်, သင့်ခန္ဓာကိုယ် ချဲ့ထွင်မှုကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မူဝေဒနာကိုပင် ခံနိုင်ရည်ရှိမှာ မဟုတ်ပါဘူး။

"ဘာပဲဖြစ်​ဖြစ်​ ငါတို့ မတိုက်ခိုက်​ရင်,​ ယွမ်​ဟန်​က ငါတို့ကို တိုက်​ရိုက် ​သတ်ပစ်​မှာ စိုးရတယ်။ ငါတို့ တိုက်​ခိုက်ကြည့်​ရင်​ အသက်​ရှင်​ဖို့ ​မျှော်​လင့်​ချက်​ရှိ​သေးတယ်​။" ချင်ယွင်က သူ့စိတ်ထဲမှာ ပြတ်သားစွာ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် ချင်ယွင်သည် တွန့်ဆုတ်မနေဘဲ သူ့မျက်ခုံးကြားမှ ထိုကြီးမားသော သွေးစက်တစ်စက်ကို သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်သည်။

ဤသွေးတစ်စက်သည် ချင်ယွင်၏ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်နှင့် တပြိုင်နက် အနှိုင်းမဲ့ စွမ်းအင်ပမာဏများစွာ ထွက်ပေါ်လာသည်။ ဤစွမ်းအင်သည် ချင်ယွင်၏ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးဆီသို့ အရှိန်ဟုန်ပြင်းစွာဖြင့် တောင်များနှင့် မြစ်များ ပေါက်ကွဲ သွားသည့်အလား တဟုန်ထိုး တိုးဝင်သွားခဲ့ပြီး၊ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ ဖောင်းကားလာစေသည်။

ချင်ယွင်သည် နောက်အခိုက်အတန့်တွင် ထိုကြီးမားလှသော စွမ်းအင်ကြောင့် သူ့ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲထွက်လာသကဲ့သို့ အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ သည်။

"အား…." ချင်ယွင်က အလွန်မင်း သနားစရာကောင်းသည့် အော်ဟစ်သံကို မအော်ဟစ်ဘဲ မနေနိုင်တော့။ သူ့နတ်ဘုရားခန္ဓာကိုယ်လည်း ပြင်းထန်စွာ ပျက်စီးနေခဲ့ပြီ။ ယခု သူသည် ဤကြီးမားသော စွမ်းအင်၏ သက်ရောက်မှုကို ခံစားနေရပြီး လွန်ကဲစွာ နာကျင်နေသည် ဟု ဆိုနိုင်သည်။ ချင်ယွင်သည် သူ့စိတ်ဝိညာဉ်၏ နက်ရှိုင်းသော အရပ်မှ တုန်လှုပ်ခြင်းကို ပင် ခံစားလိုက်ရပြီး သူ့အသိစိတ်က ထုံကျင်လာသည်။ သူ မည်သို့ ဆက်လုပ်ရမည်ကိုပင် မေ့နေခဲ့သည်။

"​ကောင်စုတ်​​လေး၊ မင်းရဲ့စိတ်​ကို ဖြန့်​ကျက်လိုက်လေ​။ မဟုတ်​ရင်​ မင်းကို ယွမ်ဟန် မသတ်​နိုင်ခင်​ မင်းရဲ့ခန္ဓာကိုယ်​ ​ပေါက်​ကွဲသွားလိမ့်​မယ်​။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏စိတ်သည် ချက်ချင်း တည်ငြိမ်သွားသည်။ သူသည် နာကျင်မှုကို ပြင်းပြင်းထန်ထန် ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး သူစိတ်အာရုံပျံ့လွင့်မှုကို စတင်ထိန်းချုပ်နိုင်ခဲ့သည်။

နတ်ဘုရားစိတ်ဝိညာဉ်ကို အစိတ်ပိုင်း ၁၀၈၁ ခွဲခြမ်းခြင်းသည် ဤမျှ ခက်ခဲကြမ်းတမ်းသော ဝေဒနာအောက်တွင် မဆိုထားနှင့်, သာမန်အချိန်များမှာပင် ခက်ခဲပါသည်။ ၎င်းသည် အနှိုင်းမဲ့ ပြတ်သားသည့် စိတ်ဆန္ဒတစ်ခု လိုအပ်ပါသည်။

တခြားလူတွေ မအောင်မြင်နိုင်သော်လည်း ချင်ယွင်အတွက် ချို့တဲ့မူမရှိဆုံးအရာကတော့ သူ့စိတ်ဆန္ဒဖြစ်သည်။ သူ့စိတ်ဆန္ဒသည် အခြား ဘိုးဘေးနတ်ဘုရားများထက် ခိုင်မာသည်။ ထို့ကြောင့် ချင်ယွင်သည် လျှို့ဝှက်နည်းလမ်းအတိုင်း သူ့စိတ်ကို ၁၀၈၁ ပိုင်း ခွဲလိုက်သည်။

ထို့အပြင်, ထိုစိတ်ဝိညာဉ် အစိတ်ပိုင်း ၁၀၁၈ ခုဖြင့် သူသည် ဤကြီးမားသော စွမ်းအင်ပမာဏကို ထိန်းချုပ်ကာ နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံလွှမ်းမိုးခြင်း ပညာရပ်အတိုင်း စတင်လုပ်ဆောင်ခဲ့သည်။

အကယ်၍ တစ်ယောက်ယောက်သည် အခုအချိန်မှာ ချင်ယွင်၏ခန္ဓာကိုယ်ကို လေ့လာ စောင့်ကြည့်နေမည်ဆိုလျှင်, ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှာ စွမ်းအင်ဝဲဂယက် ၁၀၈၁ ခု ရှိနေသည်ကို သေချာပေါက် သိနိုင်ပါလိမ့်မည်။ ဤစွမ်းအင်ဝဲဂယက်များသည် အဆက်မပြတ် လှည့်ပတ်နေကာ အနှိုင်းမဲ့ ကြီးမားလှသော စွမ်းအင်ပမာဏကို အပိုင်းပိုင်း ခွဲခြမ်းပြီး၊ နောက်ဆုံးတွင်, ချင်ယွင်၏ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံးဆီသို့ ဖြန့်ကြဲလိုက်ပါသည်။

ထိုစွမ်းအင်သည် ချင်ယွင်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံးသို့ ပျံ့နှံ့သွားသည်နှင့် အမျှ ချင်ယွင်၏ ခန္ဓာကိုယ် အရည်အသွေးသည်လည်း လျင်မြန်စွာ တိုးတက်လာသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ချင်ယွင်သည် နှောင်းပိုင်း မြေကမ္ဘာနတ်ဆိုးနတ်ဘုရား အဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီး၊ သူသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် အထွက်အထိပ် မြေကမ္ဘာနတ်ဆိုးနတ်ဘုရားအဆင့်သို့ တက်လှမ်းနေဆဲ ဖြစ်သည်။

"အယ်? ဘာဖြစ်နေတာလဲ?"

ပြင်ပကမ္ဘာတွင်၊ ယွမ်ဟန်သည် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်မှ ပြောင်းလဲမှုများကို စတင် သတိပြုမိခဲ့ပြီး သူ၏မျက်နှာက အလွန်အံ့သြနေသည့် အမူအရာတစ်ခုကို ပေါ်လွင်စေ သည်။

ဟုတ်ပါသည်။ သူ ချင်ယွင်ကို ကြည့်လိုက်တော့ သူ့မျက်နှာမှာ အနှိုင်းမဲ့ ထိတ်လန့်သွား သည့် အမူအရာတစ်ခု ပေါ်လာပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ယခုအချိန်တွင် ချင်ယွင်၏ခန္ဓာကိုယ်မှ ကြီးမားသော စွမ်းအင်များ ထွက်ပေါ်လာသည်ကို ခံစားရနိုင်သော ကြောင့် ဖြစ်သည်။ သူ့ရင်ထဲတွင် အနှိုင်းမဲ့ တုန်လှုပ်ချောက်ချားမှုကိုပင် ခံစားခဲ့ရသည်။ ထိတ်လန့်စရာအကောင်းဆုံးမှာ, ဤမျှကြီးမားသော စွမ်းအင်ပမာဏကို ချင်ယွင်က သူ့ရှေ့တွင် အမှန်တကယ် စုပ်ယူနေခဲ့ပြီး ချင်ယွင်၏ နတ်ဆိုးနတ်ဘုရား ကျင့်ကြံမူအဖြစ် သို့ လျင်မြန်စွာ ပြောင်းလဲသွားခြင်းပင် ဖြစ်သည်။

"မကောင်းတော့ဘူး၊ ငါတို့ သူ့ကို ထပ်ပြီး အဆင့်ဖြတ်ကျော်ခွင့် မပြုနိုင်တော့ဘူး။ သူ ကောင်းကင်နတ်ဆိုးနတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်သွားတာနဲ့ သူ့ကို သတ်ဖို့ တော်တော် ခက်ခဲလိမ့်မယ်" ယွမ်ဟန်လည်း ဤအချက်ကို အလျင်မြန် သဘောပေါက် သွားသည်။ အနှိုင်းမဲ့ သတ်ဖြတ်လိုစိတ်က သူ့မျက်လုံးများမှ ထွက်ပေါ်လာသည်။ ဉပဒေသကွင်းဆက်သည် ချက်ချင်းပင် သူ့ခန္ဓာကိုယ်၏ နက်ရှိုင်းရာ နေရာမှ ထွက်ပေါ်လာ ပြီး သူ့လက်မောင်းပေါ်သို့ တက်သွားခဲ့သည်။ ယင်းကြောင့် ယွမ်ဟန်၏ ညာလက်မောင်း သည် မကြုံစဖူး ကြောက်စရာကောင်းသော စွမ်းအားဖြင့် ပေါက်ကွဲသွားစေသည်။

"သေလိုက်တော့..."

ယွမ်ဟန်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ ထို့နောက် သူ့ညာလက်သည် လက်သီးအဖြစ် ပြောင်းသွားကာ ချင်ယွင်၏ နဖူးဆီသို့ ထိုးချလိုက်လေသည်။ သူသည် ချင်ယွင်၏ အသွေးအသား ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို အတူတကွ ဖောက်ခွဲပစ်ချင်နေ သည်။

သို့သော်လည်း သူ့လက်သီးသည် ချင်ယွင်၏ မျက်ခုံးနှစ်ခုကြား နေရာသို့ ကျရောက် လာသည်နှင့် ချင်ယွင်၏ ခန္ဓာကိုယ်မှ ထူးထူးခြားခြား တောက်ပသော သွေးနီရောင် နတ်ဘုရားအလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

ထိုနတ်ဘုရားအလင်းရောင်သည် ယွမ်ဟန်၏လက်သီးချက်ကို တားဆီးရုံသာမကဘဲ သူ့ကိုပါ လွင့်ပျံသွားစေခဲ့သည်။

"ဘာလဲ?"

ယွမ်ဟန်သည် ပေတစ်ထောင်အကွာအထိ ဆုတ်ခွာသွားရပြီး ချင်ယွင်၏မျက်နှာက အံ့ဩထိတ်လန့်စွာ လှမ်းကြည့်လိုက်သည်။

ချင်ယွင်၏တစ်ကိုယ်လုံးသည် ဖြည်းညှင်းစွာ လွင့်ပျံလာပြီး၊ သူ့ရင်ဘတ်မှ လက်သီးအရွယ် အစား အနက်ရောင် နတ်ဆိုးနတ်ဆိုး အမြုတေသည် တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ထိုအချိန်တွင် သွေးနီရောင်နဂါးကိုးကောင်သည် နတ်ဆိုးနတ်ဘုရားအမြုတေတွင် ရစ်ပတ်ထားသည်။ ဤသွေးနီရောင်နဂါး အသီးသီးသည် ကြောက်မက်ဖွယ် စွမ်းအင် အတက်အကျလှိုင်းများကို ထုတ်လွှတ်နေကြသည်။

All Chapters