အခန်း ၁၆၀၃
Vol. 107 Ch. 1603
အခန်း (၁၆၀၃) နောက်ဆုံးရုန်းကန်မူ။
လက်သီးအချက် တရာလား?။
လူတိုင်း တုန်လှုပ်သွားကြသည်။ အစောပိုင်းက ယွမ်ဟန်၏ လက်သီးချက်၏ စွမ်းအား သည် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီ။ အကယ်၍, လက်သီးအချက်တရာသာဆိုလျှင်, မည်မျှ ကြောက်စရာကောင်းသည့်အဆင့်အထိ ရောက်သွားမည်နည်း။
ယွမ်ဟန်လည်း သူ့သွားတွေကို တင်းတင်းကြိတ်ကာ, သူ့စိတ်နှလုံးထဲမှာ ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်နေခဲ့သည်။
သူသည် သာမန် အစောပိုင်း ကောင်းကင်နတ်ဆိုးနတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူ တစ်ဦးကို သတ်ဖြတ်ရန် သူ့ခွန်အားအားလုံးကို ရှင်းရှင်းလင်းလင်း အသုံးပြုခဲ့သော်လည်း ချင်ယွင်သည် သူ့ကို ပိတ်ဆို့ထားဆဲဖြစ်သည်။ ဤချင်ယွင်သည် အချိန်တိုလေးအတွင်း သူ၏ခွန်အားကို မည်ကဲ့သို့ မြင့်တင်ခဲ့သည်ကို သူ တကယ်ပင် စိတ်မကူးနိုင်တော့ပေ။
ချင်ယွင်၏ ပါးစပ်ထောင့်က လှောင်ပြောင် ရယ်မောသံများဖြင့် ပြည့်နှက်နေပြီး၊ သူ့မျက်လုံးတွေမှာလည်း ကျီစားလိုမူ အပြည့်နှင့်ပင်။
ဤအခိုက်အတန့်တွင်, ချင်ယွင်သည် သူ့ခန္ဓာကိုယ်သည် စွမ်းအင်များဖြင့် ပြည့်နှက်နေ သည်ဟု ခံစားနေရသည်။ ဤပြင်းထန်သော ခံစားမှုက သူတစ်ခါမှ မခံစားဖူးသော အရာဖြစ်သည်။
သူ၏ နတ်ဆိုးနတ်ဘုရားကျင့်ကြံမှုသည် အစောပိုင်း ကောင်းကင်နတ်ဆိုးနတ်ဘုရား အဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီး၊ သူ့ခွန်အားသည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရား အဆင့် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်သည်။ ယခုအခါ သူသည် နဂါးနတ်ဘုရား ကျောက်စိမ်းတံဆိပ်၏ အထောက်အပံ့ကိုပါ ရရှိထားသောကြောင့် သူ့ခွန်အားသည် များစွာ တိုးလာခဲ့သည်။ ချင်ယွင်သည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားအဆင့်၌ ပြိုင်ဘက်ကင်း ဖြစ်လုနီးပါးဟု ဆိုနိုင်သည်။
ယွမ်ဟန်သည် မြေကြီး၏လေးလံခြင်း အစစ်မှန် အဓိပ္ပါယ်ကို နားလည်ထားသော်လည်း၊ သူသည် ချင်ယွင်ထက် အနည်းငယ် နိမ့်ကျနေသေးသည်။ ထို့အပြင်, ချင်ယွင်သည် သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကိုလည်း နားလည်ထားသည်။ အကယ်၍, သူ၏ ခွန်အားအပေါ် ထိန်းချုပ်မှုသည် ယွမ်ဟန်ထက် နိမ့်ကျနေလျှင်ပင်, ၎င်းသည် များစွာ နိမ့်ကျမည် မဟုတ်ပေ။ ထို့ကြောင့် ယွမ်ဟန်၏တိုက်ခိုက်မှုများသည် ချင်ယွင်အပေါ် သက်ရောက်မှု မရှိတော့ဘဲ၊ ယင်းအစား ယွမ်ဟန်သည် ချင်ယွင်၏ ဖိနှိပ်မူ ခံနေရသည်။
သို့သော် ယွမ်ဟန်သည် အလွန်အမင်း မကျေမနပ် ဖြစ်နေသည်။ ယခင်က ချင်ယွင်သည် သူ့ရှေ့တွင် ပြန်လည်တိုက်ခိုက်ရန် ခွန်အားမရှိသည့် လူတစ်ယောက်မျှသာ ဖြစ်သော် လည်း, ယခုအခါတွင် သူ့ခွန်အားသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။ သူသည် သူ့ကို ခေါင်းတစ်လုံးအသာဖြင့် ဖိနှိပ်နေသည်။ ဤအရာကို သူသည် မည်သို့ ကျေနပ်နိုင် မည်နည်း။
"ငါ မင်းကို သတ်မယ်"
ယွမ်ဟန်က ဒေါသတကြီး ဟစ်အော်လိုက်သည်။ သူ့ဟိန်းဟောက်သံသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ထို့နောက်တွင်၊ တန်ခိုးကြီးသော နတ်ဘုရား တန်ခိုးစွမ်းအားသည် သူ၏လက်သီးမှ နောက်တစ်ကြိမ် ပျံ့နှံ့ထွက်လာခဲ့ပြီး ချင်ယွင်ဆီသို့ ပစ်ဝင်လိုက်လေသည်။
လက်သီးလေလှိုင်းတွေက ဧရာမနဂါးကြီးတစ်ကောင် ဟိန်းဟောက်နေသည့် အတိုင်းပင်။ မြေသားအဝါရောင် စွမ်းအင်အတက်အကျလှိုင်းများသည် လူတိုင်း၏စိတ်နှလုံးကို တုန်လှုပ် သွားစေသည်အထိ ကြောက်မက်ဖွယ်ကောင်းသည်။ သို့သော် ချင်ယွင်သည် သူ့ထံ ပြေးဝင်လာသော ယွမ်ဟန်ကို ရှောင်တိမ်းရန် ပြင်ဆင်နေသည့် အရိပ်အယောင် အနည်းငယ်မျှ မပြဘဲ ငြိမ်သက်စွာ ကြည့်နေခဲ့သည်။
"ဒီလက်သီးချက်က အရမ်းနှေးတယ်"
ရုတ်တရက် ချင်ယွင်၏ မျက်လုံးများမှ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာ သည်။ သူ့ညာလက်က ချက်ချင်း ဆန့်ထွက်ကာ၊ တုန့်ပြန်လိုက်ပြီး၊ သူ့လက်သီးက ယွမ်ဟန်၏ဝမ်းဗိုက်ထံသို့ ထိုးသွင်းလိုက်သည်။
"ဖူး..."
ယွမ်ဟန်၏ ဝမ်းဗိုက်သည် ပြင်းထန်သော လက်သီးချက်ကြောင့် သူ့တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူသည် ပါးစပ်အပြည့် သွေးတပွက် အန်ထုတ်လိုက်ရပြီး သူ့မျက်လုံးတွေက ခြောက်ခြားမူအပြည့်နှင့်ပင်။
ချင်ယွင်၏ လက်သီးသည် ဤမျှမြန်မည်ဟု သူဘယ်တုန်းကမှ မတွေးထားခဲ့သလို, ဤမျှထိ ကြောက်စရာကောင်းမည်ဟုလည်း မထင်ထားခဲ့ပေ။ တစ်ချက်ထိုးရုံဖြင့်၊ သူ့ခန္ဓာကိုယ်သည် တိုက်ထုတ်နိုင်စွမ်း မရှိခဲ့ပေ။
"မင်းက အခုပုံစံမျိုးနဲ့ ငါ့ကို သတ်ချင်နေသေးတယ်။ မင်းက ကိုယ့်ကိုယ်ကို အထင်ကြီး လွန်းနေတာပဲ" ချင်ယွင်၏ပါးစပ်ထောင့်က လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာပြီး ခက်ထန်သော အလင်းတန်းတစ်ခုက သူ့မျက်လုံးများထဲသို့ ပျံ့နှံ့လာခဲ့သည်။
ယွမ်ဟန်သည် ယခင်က သူ့ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ပြီး၊ ယခုအခါ သူ အရင်က ခံစားရသမျှ နာကျင်မှုအားလုံးကို ပြန်လည်ရယူရန် အချိန်တန်ပြီ ဖြစ်သည်။
ချင်ယွင်သည် နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားကို လှည့်ပတ်လိုက်သည်။ ထိုအချိန်တွင်၊ သူ့ခန္ဓာကိုယ်ရှိ နတ်ဆိုးနတ်ဘုရား တန်ခိုးစွမ်းအားသည် စကြဝဠာရှိ ကြယ်ပင်လယ် တစ်ခုကဲ့သို့ ကျယ်ပြောပြီး အကန့်အသတ် မရှိပေ။ နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားကို လောင်ကျွမ်းစေသည့် လျှို့ဝှက်ပညာအပြင်၊ လက်သီးတစ်ချက်တည်း၏ စွမ်းအားသည် ကြောက်စရာကောင်းသည်ဟု ဆိုနိုင်သည်။
"ဘုန်း..."
ချင်ယွင်၏ လက်သီးသည် ယွမ်ဟန်၏ရင်ဘတ်ပေါ်သို့ တစ်ဖန်ကျရောက်သွားပြီး သူ့ခန္ဓာကိုယ်သည် ကောင်းကင်ယံတွင် ပေါက်ကွဲသံတစ်ချက်နှင့်အတူ ပေါက်ကွဲသွားလေ သည်။ သူသည် နောက်သို့ လျင်မြန်စွာ လွင့်ပျံသွားခဲ့ပြီး၊ နောက်ဆုံးတွင် ပေပေါင်း သောင်းနှင့်ချီ လွင့်ပျံပြီးနောက် ရပ်တန့်သွားသည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော ယွမ်ဟန်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပုံပန်းသဏ္ဍာန်ပြောင်းသွားခဲ့ပြီ။ သူ့ရင်ဘတ်တစ်ခုလုံး ချိုင့်ဝင်နေပြီး၊ တစ်ကိုယ်လုံး သွေးများဖြင့် ဖုံးလွှမ်း နေသည်။ သူ့မျက်နှာက ပို၍ပင် ကြောက်စရာကောင်းနေသည်။
"မင်းရှုံးသွားပြီ!" ချင်ယွင်သည် ဝင်ကြွားစွာ မတ်တပ်ရပ်လိုက်ပြီး အဝေးက တွင်းနက်ကြီး ထဲတွင် လဲလျောင်းနေသော ယွမ်ဟန်ကို ငုံ့ကြည့်မိသည်။ သူက အေးစက်စွာ ပြောသည်။
ယွမ်ဟန်သည် တွင်းနက်ကြီးထဲတွင် လဲလျောင်းနေပြီး သူ့မျက်လုံးများတွင် ပြင်းထန်သော မလိုလားမူများဖြင့် ပြည့်နေသည်။ သို့သော်လည်း သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော နာကျင်မှု က သူ့ကို အလွန်တရာ စိတ်ဓာတ်ကျစေခဲ့ပြီး၊ ဒေါသမီးလျှံ တောက်လောင်နေသာ သူ့မျက်နှာကို ပို၍ပင် ပုံပျက်သွားစေခဲ့သည်။
"မဟုတ်ဘူး…မဖြစ်နိုင်ဘူး၊ ငါ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။ ငါက ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားရဲ့ တပည့်ပဲ။ မင်းကို ငါ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။" ယွမ်ဟန်သည် ကောင်းကင်ယံသို့မော့ကာ ဟစ်အော်လိုက်သည်၊ သူ့အသံမှာ အဆုံးမဲ့ မကျေနပ်မူများဖြင့် ပြည့်နေခဲ့သည်။
သူသည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၌ ကောင်းကင်ဘုံ၏ ဂုဏ်ယူရဖွယ် သားတော်တစ်ဦးအဖြစ် အမြဲတမ်း မှတ်ယူခြင်းခံရသော်လည်း ယခုအခါ, သူ့ထက်ငယ်သော ကောင်စုတ်တစ်ယောက်၏ ရိုက်နှက်ဆုံးမခြင်းကို ခံနေရသည်။ သူသည် ထိုကဲ့သို့အဖြစ်ပျက်မျိုးကို လက်ခံနိုင်မည်နည်း။
သို့သော်လည်း ချင်ယွင်၏ ခွန်အားက သူ့အား ခွန်အားမဲ့သလို ခံစားလာရစေသည်။ ယခုအချိန်တွင် ချင်ယွင်၏ ခွန်အားသည် သူ့ထက်သာလွန်နေခဲ့ပြီ။ သူ တိုက်ခိုက်ချင်သော် လည်း ခွန်အားမရှိတော့ပေ။
"အရှုံးကို ဝန်ခံလိုက်ပါ။ မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး။ မင်း အရှုံကို ဝန်ခံရင် မင်းအသက် ကို ငါ ချမ်းသာပေးမယ်။" ချင်ယွင်က အေးစက်စွာ ပြောသည်။
တကယ်ဆို ယွမ်ဟန်ကို သတ်ပစ်လိုက်ခြင်းက သူ့အတွက် အဓိပ္ပါယ်မရှိပေ။ သူ့တွင် ယွမ်ဟန်နှင့် နက်ရှိုင်းသော ရန်ငြိုးရန်စမရှိပေ။ ဤကိစ္စက လျှန်ဖန်ကြောင့် ဖြစ်ပေါ်လာရ ခြင်းဖြစ်သည်။ အခု လျှန်ဖန် သေဆုံးသွားခဲ့ပြီ။ သူ နောက်ထပ် မသတ်ဖြတ်ချင်တော့ပေ။
ဟုတ်ပါသည်၊ အကယ်၍, ဤယွမ်ဟန်သာ နောင်တမရဘူးဆိုလျှင်, ရက်စက်သည့် အတွက် သူ့ကို အပြစ်တင်၍မရပေ။
"အရှုံးကို ဝန်ခံဖို့လား" ယွမ်ဟန်၏ နှုတ်ခမ်းများက ရက်စက်သည့် လှောင်ပြောင်သရော် ဟန်အဖြစ် တွန့်ကွေးသွားကာ သူ့မျက်လုံးများတွင် ဆုံးဖြတ်ချက်ပြတ်သားသည့် အမူအရာတစ်ခု ထွက်ပေါ်လာသည်။
"ငါ့ယွမ်ဟန်ရဲ့ဘဝမှာ အရှုံးကို ဘယ်တော့မှ ဝန်မခံခဲ့ဘူး။ ဒီနေ့သေရင်တောင် ငါနဲ့အတူ မြုပ်နှံဖို့ မင်းကို ဆွဲခေါ်သွားဦးမယ်။" ယွမ်ဟန်က ရက်စက်သော အမူအရာဖြင့် ပြောလိုက် သည်။ သူ့မျက်လုံးများက ပြင်းထန်သော ရူးသွပ်မှုများဖြင့် ပြည့်နှက်နေပြီး ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ကာ သွေးဆာသည့်အမူအရာ ဖြစ်ပေါ်လာသည်။
"အာ့ သူ တစ်ခုခုလုပ်တော့မှာလား။" ချင်ယွင်လည်း တစ်ခုခု မှားယွင်းနေသည်ကို သတိထားမိပြီး မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့။
"မကောင်းတော့ဘူး ကောင်စုတ်လေး။ သူ့ကို အမြန်သတ်လိုက်။ သူက သူ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းပြီး မင်းနဲ့အတူ သေချင်နေတာ" သို့သော် ထိုအခိုက်တွင်၊ လျှိုဘို၏အသံက ချင်ယွင်၏စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။
ချင်ယွင်သည် မှင်သက်သွားခဲ့ပြီး၊ သူ့သူငယ်အိမ်များက ပြူးကျယ်လာသည်။
စိတ်ဝိညာဉ်ကို လောင်ကျွမ်းခြင်းသည် လူတစ်ဦး၏ ခွန်အားကို လွန်ကဲစွာ အသုံးချနိုင် သော်လည်း စိတ်ဝိညာဉ်ကို လောင်ကျွမ်းပြီးသည်နှင့် ၎င်းသည် ဤကမ္ဘာကြီးမှ လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။ ချင်ယွင်သည် အရင်က ထိုကဲ့သို့ ပြုလုပ်ဖူးသည်။ ထို့ကြောင့် ထိုစိတ်ပျက်အားလျှော့သည့် လုပ်ရပ်က မည်မျှ ကြောက်စရာကောင်းကြောင်း သူ ရှင်းရှင်းလင်းလင်း သိထားသည်။
သို့သော်, ချင်ယွင်သည် ယွမ်ဟန်ကို ပြန်ကြည့်လိုက်သည့်အခါ နောက်ကျနေခဲ့ပြီ။ ယွမ်ဟန်၏ စိတ်ဝိညာဉ်က လောင်ကျွမ်းနေပြီ။
"မင်းကို သေစေချင်တယ်"
ယွမ်ဟန်သည် တွင်းနက်ကြီးထဲမှ ချက်ချင်း ထရပ်ကာ ကျယ်လောင်စွာ ဟိန်းဟောက် လိုက်သည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နတ်ဘုရားတန်ခိုး စွမ်းအင်သည် ဆိတ်သုဉ်းခြင်းရှစ်မျိုးကိုပင် တုန်လှုပ်စေခဲ့သည်။
သူ့ဒွါရခုနစ်ပေါက်မျ သွေးများ စီးထွက်နေပြီး၊ သူ့မျက်လုံးတွေတောင် သွေးများဖြင့် နီရဲနေသည်။ သူ့ရုပ်ရည် အသွင်အပြင်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သော်လည်း သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အငွေ့အသက်က ထူထူးခြားခြား ကြောက်စရာကောင်းနေသည်။
"သေလိုက်စမ်း.."
ယွမ်ဟန်က အော်ဟစ်ပြီး ချင်ယွင်ထံသို့ ထပ်မံ ပြေးဝင်လိုက်သည်။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်ကာ၊ တိုက်ခိုက်လာသော ယွမ်ဟန်ကို ချက်ချင်းပင် တိုက်ရိုက် ပြန်တိုက်ခိုက်လိုက်သည်။
သူတို့၏ လက်သီးနှစ်ခုလုံးသည် နဂါးများကဲ့သို့ပင်။ ၎င်းတို့သည် အချင်းချင်း ထိပ်တိုက် တွေ့ဆုံပြီး လေဟာနယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
မြေကြီးသည် ပြိုကွဲသွားကာ ကောင်းကင်ယံတစ်ခုလုံး လုံးဝ အနီရောင်သမ်းနေသည်။ ကမ္ဘာပျက်ကပ်ဘေးကြီး တစ်ခုကဲ့သို့ပင်။
ထိုအခိုက်တန့်တွင်, ချင်ယွင်နှင့် ယွမ်ဟန်တို့သည် နောက်တစ်ကြိမ် လက်ရည်တူနေပြန် သည်။ အဝေးမှ ကြယ်နတ်ဘုရားများလည်း လုံးဝ မှင်သက်သွားကြသည်။ သူတို့သည် ပြိုကျသွားတော့မည့် ကမ္ဘာငယ်လေးကိုကြည့်ရင်း သူတို့မျက်လုံးတွေက ကြောက်ရွံ့ ထိတ်လန့်မှုများဖြင့် ပြည့်နေခဲ့သည်။
အကယ်၍, ဤကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ယောက်သည် ဤအတိုင်း ဆက်တိုက် တိုက်ခိုက်နေမည်ဆိုလျှင်, ဤကမ္ဘာငယ်လေး၏ လေဟာနယ်သည် အနှေးနှင့် အမြန် ပြိုပျက်သွားလိမ့်မည်ဟု သူတို့ ခံစားမိကြသည်။