အခန်း ၁၆၀၄
Vol. 107 Ch. 1604
အခန်း (၁၆၀၄) ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှု။
ဘုန်း…။
မြေကြီး ပြိုကျပြီး လေဟာနယ်ပင် အက်ကွဲသွားသည်။
ချင်ယွင်နှင့် ယွမ်ဟန်တို့သည် အချင်းချင်း ဆက်လက် တိုက်ခိုက်နေကြပြီး ၎င်းတို့၏ လက်သီးများမှ ထုတ်လွှတ်သော စွမ်းအားများသည် ပတ်ဝန်းကျင်ကို တုန်လှုပ်စေခဲ့သည်။
အဝေးက ကြယ်နတ်ဘုရားများသည် တုန်လှုပ်နေပြီ။ ဤအဆင့်တိုက်ပွဲသည် သူတို့၏ စိတ်ကူးစိတ်သန်းများကို ကျော်လွန်သွားခဲ့ပြီး၊ သူတို့သည် ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူနှစ်ဦး ဆက်လက် တိုက်ခိုက်နေသည်ကို အဝေးမှပင် ခိုကိုးရာမဲ့ စောင့်ကြည့်နေရုံသာ တတ်နိုင်ပါသည်။
"ဘုန်း..."
နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ချင်ယွင်၏ လက်သီးနှင့် ယွမ်ဟန်၏ လက်သီးတို့သည် တစ်ဖန် တိုက်မိသွားပြီး၊ ၎င်းတို့၏ ပေါက်ကွဲ အသံများက နတ်ဘုရား မိုးကြိုးပေါင်း ၁၀၀၀၀၀ တစ်ချိန်တည်း မြေပြင်ပေါ်သို့ ဆင်းသက် လာသည့်အတိုင်းပင်။
နှစ်ယောက်စလုံးကို ထိုလက်သီးချက်ကြောင့် နောက်ပြန်ဆုတ်သွားရကာ ပေသောင်းနှင့်ချီ ၍ လွင့်ပျံသွားကြသည်။
ပြင်းထန်သော လေလှိုင်းတွေက ကောင်းကင်ယံ၌ မြင့်တက်လာခဲ့ပြီး၊ မိုးခြိမ်းသံတသောင်း က တချိန်တည်း ထွက်ပေါ်လာသည်။ သူတို့၏၀တ်ရုံများသည် ပြင်းထန်သော လေလှိုင်း ရိုတ်ခတ်မူအောက်တွင် တဖျတ်ဖျတ်ခတ်နေသည်။
ချင်ယွင်၏ မျက်လုံးများက လျှပ်စီးလက်နေသည့်အတိုင်းပင်။ သူ၏ ရွှေရောင်တိုက်ပွဲ ချပ်ဝတ်သည် ရွှန်းလဲ့သော ရွှေရောင်အလင်းတန်းများဖြင့် လင်းလက်နေသည်။ သူ၏ ဝင့်ကြွားသည့် အသွင်ပြင်က ပြိုင်ဘက်ကင်း ရွှေရောင်သံချပ်ကာဝတ် စစ်နတ်ဘုရားတစ် ပါးအတိုင်းပင်။
တစ်ဖက်တွင်မူ, ယွမ်ဟန်သည် အလွန်မင်း သနားစဖွယ်ကောင်းနေပြီ။ ထိုအချိန်တွင် သူ၏ ဒွါရခုနစ်ပေါက်သည် သွေးများ စီးထွက်နေသည်။ အထူးသဖြင့် သွေးနှင့်မျက်ရည် စီးကြောင်းနှစ်ခုသည် အနှိုင်းမဲ့ အထီးကျန်နေသည့် ခံစားမှုကို ပေးစွမ်းနေသည်။
သို့သော် ယွမ်ဟန်၏ မျက်လုံးတစ်စုံသည် အဆုံးမဲ့ သတ်ဖြတ်လိုစိတ်ဖြင့် ချင်ယွင်ကို စိုက်ကြည့်နေသည်။
'"မင်းရဲ့ ခွန်အားက ဒီလောက်ပြင်းထန်နေမယ်လို့ ငါတကယ် မမျှော်လင့်ထားဘူး။ ငါ့စိတ်ဝိညာဉ်ကို လောင်ကျွမ်းပြီးတာတောင်, ငါ မင်းကို သရေပဲ တိုက်ခိုက်နိုင်သေးတယ်။ မင်းက ငါ့ဘဝမှာ ကြုံတွေ့ဖူးသမျှ အရည်အချင်းအရှိဆုံးလူပဲလို့ ပြောရမယ်၊ ဒါပေမယ့် ဒါက အဆုံးသတ်သွားပါပြီ။ နောက်ထပ်, မင်းကို ငါနဲ့အတူ ငရဲဘုရင်ဆီ ခေါ်သွားဖို့ နောက်ဆုံးအကြိမ် ဒီထိုးနှက်ချက်ကို ငါ အသုံးပြုတော့မယ်။" ယွမ်ဟန်၏ အသံက နက်ရှိုင်းပြီး သူ့လေသံမှာ တည်ငြိမ်နေပုံရသော်လည်း အလွန်ကြောက်စရာကောင်းသော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည်။
နောက်ဆုံး ထိုးနှက်ချက်။
ယွမ်ဟန်သည် သူ့စိတ်ဝိညာဉ်တစ်ခုလုံးကို လောင်ကျွမ်းစေခဲ့ပြီး သူ၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို စတင်ရန် သူ့ဘဝတစ်ခုလုံးကို အသုံးပြုခဲ့သည်။
ထိုတိုက်ခိုက်မှုသည် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖျက်ဆီးနိုင်သည်ဟုပင် သတ်မှတ်၍ ရသည်။
ဘန်း…။
မြေကြီးသည် လှိမ့်ဆင်းလာပြီး မြေပြင်တစ်ခုလုံး သဲနုန်းကဲ့သို့ စတင်ရစ်ပတ်လာသည်။ ထို့နောက် တဖြည်းဖြည်း မြင့်တက်လာပြီး ယွမ်ဟန်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် တဝဲလည်လည် ရစ်ပတ်နေသည်။
ယွမ်ဟန်သည် ဤလောက၏ အုပ်စိုးရှင်တစ်ဦးကဲ့သို့ လေဟာနယ်ထဲတွင် ဂုဏ်ယူဝင့်ကြွား စွာ ရပ်နေ၏။ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် စီးဆင်းနေသော ဉပဒေသကွင်းဆက်များသည် ယခုအချိန်တွင် တဖြည်းဖြည်း လှိုက်စားလာသည်။ နောက်ဆုံးတွင် ၎င်းတို့သည် မြေသား အဝါရောင် နတ်ဘုရားအလင်းအဖြစ်သို့ ပြောင်းလဲကာ ထိုသဲနုန်းမြေထဲသို့ ပေါင်းစည်း သွားကြသည်။
ထိုဉပဒေသ၏ စွမ်းအင်များ ပေါင်းစပ်လိုက်သည်နှင့်အမျှ၊ သဲနုန်းမြေများသည် အဆုံးမဲ့ စွမ်းအင်ဖြင့် ထည့်သွင်းခံရပြီး ရင်ခုန်တုန်လှုပ်ဖွယ် စွမ်းအင်အတက်အကျလှိုင်းများကို ထုတ်လွှတ်လိုက်ပုံရသည်။
သဲနုန်းမြေသည် လှိမ့်ဆင်းပြီး ယွမ်ဟန်ကို လုံး၀ ရစ်ပတ်သွားကာ၊ ပေတစ်ရာမြင့်သော ဧရာမကျောက်ဘီကြီးအသွင် ဖြစ်လာခဲ့သည်။ ထိုကျောက်ဘီလူးကြီးမှ ထုတ်လွှတ်သော စွမ်းအားသည် အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူအချို့နှင့်ပင် နှိုင်းယှဉ်နိုင်နေပြီ။
"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအားလဲ။ ဒါက စိတ်ဝိညာဉ်ကို လောင်ကျွမ်းလိုက်တဲ့ နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးရဲ့ တန်ခိုးစွမ်းအားရော ဖြစ်နိုင်ပါ့မလား။ ဒါက သိပ်ကြောက်စရာ ကောင်းမနေဘူးလား။"
"မှန်တယ်။ ဒီဧရာမသဲကျောက်ဘီလူးရဲ့ရှေ့မှာ ငါ့ခြေထောက်တွေတောင် အားနည်းလာပြီ။ ဒူးထောက်ဖို့အထိ ဖိအားတွေ ရှိလာနေပြီ။ လူတစ်ယောက်က ဒီလောက်ထိ သန်မာနိုင်ရ အောင် ငါ တွေးတောင် မတွေးရဲတော့ဘူး။
"ဒီတိုက်ပွဲ ပြီးသွားမှာကို ငါကြောက်မိတယ်။ ပြီးတော့, ဒီစမ်းသပ်မှုကမ္ဘာတစ်ခုကြီး လုံးလုံး ပြိုပျက်သွားနိုင်တယ်”။
…
အဝေးမှ ကြယ်နတ်ဘုရားများသည် အဆက်မပြတ် ဆွေးနွေးနေကြပြီး သူတို့၏ နှလုံးသားများသည် ခံစားချက်များဖြင့် ပြည့်နှက်နေကာ၊ အားလုံးက ယွမ်ဟန်၏ ယခု အခိုက်အတန့်တွင် ထုတ်လွှတ်ခဲ့သော ခွန်အားကြောင့် ချီးမွမ်းသံများ ဆူညံနေကြသည်။
ထိုအခိုက်တွင် ချင်ယွင်သည် သူနှင့် ဆန့်ကျင်ဘက်ရပ်နေသော သဲကျောက်ဘီလူးကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်နေလေသည်။ ချင်ယွင်သည် ဤဘီလူးကြီးထံမှ အလွန်မင်း အန္တရာယ်များသော အငွေ့အသက်ကို ခံစားနိုင်သည်။ သူ့ရှေ့က ဤသဲကျောက်တုံးကြီး၏ စွမ်းအင်က သူ့အထက်မှာ ရှိနေသည်ကို သူ သေချာပေါက် သိနိုင်ပါသည်။
"သေလိုက်တော့"
သဲကျောက်တုံးကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်ကာ ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေခဲ့သည်။ ထို့နောက် လက်ဖဝါးကြီးကို ဆန့်ထုတ်ကာ ချင်ယွင်ဆီသို့ အပြင်းအထန် ရိုက်ချလိုက်သည်။
သူ့လက်ဖဝါးမှာ အနှိုင်းမဲ့ အစွမ်းထက်သည့် စွမ်းအားတွေ ပါဝင်နေပါသည်။ သူ့လက်ဖဝါး ဖြတ်သန်းသွားနေရာတိုင်း လေဟာနယ်ကို ပြိုကျနေပြီး ကမ္ဘာကြီးတစ်ခုလုံး ပျက်သုဉ်း သွားမည့် အရိပ်အယောင်တွေ ပေါ်လာပါသည်။
အကယ်၍, သူသာ ဤသဲကျောက်ဘီလူးကြီး၏ ရိုက်ချက်ကို ခံလိုက်ရလျှင်, ဒဏ်ရာ အပြင်းအထန် ရလိမ့်မည်ဟု ချင်ယွင် သေချာသိနေပါသည်။ သို့သော် ချင်ယွင်သည် တဖက်လူ၏ လွှမ်းမိုးမူကို ခံယူရန် စိတ်ဆန္ဒမရှိပေ။ အခုအခါ, သူ့ခွန်အားတွေက ကြီးကြီး မားမား တိုးမြင့်လာခဲ့ပြီ။ သူ့ကို သတ်ဖြတ်ရန်မှာ လွယ်ကူသည့်အလုပ် မဟုတ်တော့ပါဘူး။
"ချိုးဖျက်လိုက်စမ်း.."
ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး သူ့တစ်ကိုယ်လုံးရှိ နတ်ဘုရားတန်ခိုး စွမ်းအားများကို ချက်ချင်း လောင်ကျွမ်းလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ် တစ်ခုလုံး သည် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခု သယ်ဆောင်ထားရင်း ဧရာမ သဲလက်ဝါးဆီသို့ တိုက်ရိုက် တိုးဝင်သွားခဲ့သည်။
"ဘုန်း..."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး ထိုလက်ဖဝါးကြီး နှင့် ထိမိသွားသည်။ ထို့နောက် ကြီးမားသော သဲလက်ဖဝါးကြီးသည် ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို အပိုင်းပိုင်း ရိုက်ခွဲပစ်သည်။
"ဟမ့်၊ ဒါက အဆုံးသတ်လို့ မင်းထင်လား။ ငါ့အတွက် အသေခံလိုက်စမ်း"
သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်ယံ၌ သဲကျောက်ဘီလူးကြီးသည် ရုတ်တရက် နှာခေါင်းရှုံ့သံ ထွက်ပေါ်လာသည်။ ထို့နောက် သူ့တစ်ကိုယ်လုံး လုံးဝ ပုံပျက်သွားသည်။ သူ၏ကြီးမားလှသော ခန္ဓာကိုယ်ကြီးသည် ချင်ယွင်ကို ချက်ချင်း ရစ်ပတ်ကာ ကြီးမားသော သဲနှင့်ကျောက်လုံးကြီးတစ်ခု ဖြစ်သွားခဲ့သည်။
ချင်ယွင်သည် ထိုဧရာမသဲကျောက်လုံးကြီးကို ဖောက်ခွဲပြီး ထွက်မြောက်ချင်သော်လည်း သူသည် ဘာမှမတတ်နိုင်သည်ကို တွေ့လိုက်ရသည်။
"ဟမ့်၊ မင်း ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ, ဉပဒေသကွင်းဆက်တွေကနေ ပေါင်းစည်းထားတဲ့ ငါ့မြေကမ္ဘာလှောင်အိမ်ထဲကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ငါ့နောက်လိုက်ပြီး ဒီသဲကျောက်တုံးကမ္ဘာကြီးထဲမှာ သေလိုက်တော့။ ဟား… ဟား…"
ယွမ်ဟန်၏ ရူးသွပ်နေသော အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာပြီးနောက် သူ့ခန္ဓာကိုယ်တွင် ရစ်ပတ်နေသော ဧရာမသဲကျောက်လုံးကြီး၏ ကြောက်မက်ဖွယ် စွမ်းအားကို သူ ခံစားလိုက်ရသည်။
"မကောင်းတော့ဘူး၊ သူကိုယ့်သူ ဖောက်ခွဲတော့မယ်"
ထိုမှသာ ချင်ယွင်သည် ယွမ်ဟန်၏ ရည်ရွယ်ချက်အမှန်ကို သိရှိသွားပြီး သူ့မျက်နှာတွင် ထိတ်လန့်သော အမူအရာတစ်ခု ပေါ်လာသည်။
သို့သော် သူ နောက်ကျသွားခဲ့ပြီ။ ဤအခိုက်အတန့်တွင် ချင်ယွင်သည် ဧရာမ သဲကျောက် လုံးကြီး၏ ချုပ်နှောင်ထဲမှ လွတ်မြောက်နိုင်ခြင်း မရှိတော့ပေ။ နှောင်းပိုင်း ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ မိမိကိုယ်ကို ဖောက်ခွဲဖျက်ဆီးခြင်း၏ စွမ်းအားသည် မည်မျှ ထိတ်လန့်စရာကောင်းမည်ကို ချင်ယွင်ပင် စိတ်မကူးရဲဝံ့ပေ။
အဝေးရှိ ကြယ်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များသည်လည်း လုံးဝ မှင်သက် သွားကြသည်။ ဤနှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်သည် ချင်ယွင်နှင့်အတူ မိမိကိုယ်ကို ဖျက်ဆီးပြီး အရာအားလုံး ပျက်သုဉ်းရန် အမှန်တကယ် ရွေးချယ်လိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ကြပေ။
နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ မိမိကိုယ်ကို ဖောက်ခွဲ ဖျက်ဆီးခြင်းသည် အချင်းဝက် ကီလိုမီတာ ရာဂဏန်းကို မဆိုထားနှင့် အချင်းဝက် ကီလိုမီတာ တစ်သောင်းရှိ မြေပြင်ကိုတောင် ချက်ချင်း ဖြိုခွဲသွားနိုင်သည်။ သူတို့၏ ခွန်အားဖြစ်ဆိုပါက, သူတို့သည် ထိုကြောက်စရာကောင်းသည့် ဖောက်ခွဲဖျက်ဆီးခြင်း တိုက်ခိုက်မှုကို တွန်းလှန်ရန်မှာ လုံးဝ မဖြစ်နိုင်ပါဘူး။
"ပြီးသွားပြီ၊ ပြီးသွားပြီ"
အဝေးမှ ကြယ်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများ အားလုံးသည် သူတို့ အဆုံးသတ် သွားပြီဟု ထင်မြင်ကာ စိတ်ပျက်လက်ပျက် ထုတ်ဖော်ပြောဆိုကြသည်။
ယခုအချိန်တွင် ချင်ယွင်လည်း အလွန်မင်း စိုးရိမ်နေပါသည်။ အကယ်၍၊ ယွမ်ဟန်သာ ကိုယ်တိုင် ဖောက်ခွဲလိုက်လျှင် သူ အသက်ရှင်နေနိုင်သော်လည်း အဝေးမှ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ အသက်ရှင်မှာ မဖြစ်နိုင်ပေ။
ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ ယခုလို သေဆုံးသွားမည့်အရေးကို ချင်ယွင်သည် ကူကယ်ရာ မဲ့ ကြည့်မနေနိုင်ပေ။
"ဟား ဟား၊ မင်းတို့အားလုံး ငရဲသွားကြတော့"
ယွမ်ဟန်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် လုံးဝ အသက်သွင်းလိုက်တော့ သည်။ နောက်အခိုက်အတန့်မှာ ဧရာမ သဲကျောက်လုံးကြီးသည် လုံးဝ ပေါက်ကွဲတော့ မည်။
ဤအရေးကြီးသော အခိုက်အတန့်တွင် ချင်ယွင်၏မျက်လုံးများက အလင်းတန်းတစ်ခုနှင့် အတူ လင်းလက်သွားခဲ့သည်။ ထို့နောက် သူသည် အတွေးတစ်ချက်ဖြင့် ဧရာမ အနက်ရောင် တွင်းနက်ကြီးတစ်ခုသည် ဧရာမသဲကျောက်လုံးကြီးကို ဝါးမြိုသွားလေသည်။
"ဘုန်း..."
အနက်ရောင် တွင်းနက်ကြီးသည် ဧရာမသဲကျောက်လုံးကြီးကို ဝါးမျိုလိုက်သည်နှင့် တပြိုင်နက် တွင်းနက်ကြီးအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။
ကနဦးစကြာဝဠာထဲတွင်၊ ကြီးမားသော ကြယ်စနစ်၏ ဧရိယာတစ်ခုလုံးသည် လုံးဝ ပျောက်ကွယ်သွားပြီး၊ ဤပေါက်ကွဲမှုကြောင့် အရာအားလုံး ပျက်သုဉ်းသွားခဲ့သည်။
မှန်ပါသည်။ ထိုနောက်ဆုံးအခိုက်အတန့်တွင် ချင်ယွင်သည် ကနဦးစကြဝဠာ၏ စွမ်းအား ကို အသုံးပြု၍၊ ရှောင်ဘိုင်နှင့်ရှောင်ကျင်းတို့ ထိခိုက်မှုမှ ကာကွယ်ရန် ယွမ်ဟန်၏ ပေါက်ကွဲမှု တည်နေရာကို ကနဦးစကြဝဠာထဲသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။
အပြင်က နတ်ဘုရားတွေ အားလုံး ဆွံအသွားကြပါသည်။ သူတို့သည် ပျောက်ကွယ်သွား သော ဧရာမသဲကျောက်လုံးကြီးကို ကြည့်လိုက်ကြသည်။ အစောပိုင်းက ဖြစ်ပျက်တွေကို သူတို့ နားမလည်ကြသော်လည်း သူတို့သည် ဤဘေးဆိုးကြီးကနေ လွတ်မြောက်သွား သည့်အတွက် ဝမ်းသာနေကြသည်။