← Chapters

အခန်း ၁၆၀၅

Vol. 107 Ch. 1605

အခန်း ၁၆၀၅

Vol. 107 Ch. 1605

အခန်း (၁၆၀၅) ချင်ယွင်၏စိုးမိုးမှုအငွေ့အသက်။

"သူတို့အားလုံး သေသွားကြပြီလား?"

လူတိုင်းက အပျက်အစီးတွေကို ကြည့်ပြီး စိတ်ထဲမှာ သံသယတွေနှင့် ပြည့်နှက်နေသည်။

အစောပိုင်းက ဖြစ်ပျက်တွေကို သူတို့ နားမလည်ကြပါဘူး။ ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူသည် အဘယ်ကြောင့် ကိုယ့်ကိုယ်ကို ဖျက်ဆီးပြီး ရုတ်တရက် ပျောက်ကွယ်သွားသနည်း။ ပြီးတော့ သူတို့နှစ်ယောက်စလုံး သေသွားကြပြီလား။

ရှောင်ဘိုင်သည် လူအုပ်ကြားတွင် ရပ်နေရင်း မျက်မှောင်ကြုတ်သွားသည်။ သူသည် ချင်ယွင်၏ နတ်ဘုရားသားရဲ ဖြစ်သောကြောင့် သူမသေကြောင်း သေချာသည်။ ချင်ယွင် သေဆုံးပြီးသည်နှင့် သူနှင့်ရှောင်ကျင်းတို့လည်း ပျောက်ကွယ်သွားကြရမည်။ ယခု သူ အသက်ရှင်နေသေးသည်။ ယင်းက ချင်ယွင် အသက်ရှင်နေသေးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့သော် ချင်ယွင်၏ အငွေ့အသက်ကို သူ မခံစားနိုင်ခဲ့ပေ။ ဤအရာက ချင်ယွင်အတွက် သူ့ကို စိတ်ပူစေသည်။

"ဟား...၊ ဟား...၊ အားလုံးသေပြီ၊ အားလုံး သေပြီကွ"

အဝေးတွင် ရပ်နေသော မာကျိသည် လူအုပ်ကြီးထံမှ ကြည့်ရင်း ကျယ်လောင်စွာ ရယ်မောကာ သူ့မျက်နှာက စိတ်လှုပ်ရှားမှု အပြည့်နှင့်ပင်။

ချင်ယွင် သေဆုံးပြီးသည်နှင့် မည်သူမျှ သူ့ကို ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။ ရှောင်ဘိုင် ၏ခွန်အားက သူနှင့် အနီးဆုံး လက်ရည်တူသာ ရှိသည်။ သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ် ပေ။ ထို့ကြောင့်, အကယ်၍, သူထွက်သွားချင်သည်ဆိုလျှင် မည်သူမျှ သူ့ကို ထိန်းထားနိုင် မည် မဟုတ်ပေ။ ထိုကြောင့် သူ အရမ်းကို ပျော်သွားခဲ့သည်။

သို့သော် နောက်အခိုက်အတန့်တွင် ပုံရိပ်တစ်ခုသည် အဝေးမှ လေထဲတွင် တိတ်တဆိတ် ထွက်ပေါ်လာသည်ကို သတိပြုမိသောကြောင့် သူ့ရယ်မောသံက ရုတ်ခြည်း ရပ်တန့်သွားခဲ့ သည်။

“ဒါ…ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ ဘယ်လိုမှ မသေနိုင်ဘူးလား” မာကျိသည် အဝေးသို့ လှမ်းကြည့်ကာ သူ့မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ, မယုံနိုင်သည့် အမူအရာများဖြင့် ပြည့်နေခဲ့သည်။

အဝေးက လူတိုင်းလည်း ထိုအသံကို သတိထားမိသွားကြသည်။ သူတို့ အံ့သြလွန်းသဖြင့် ပါးစပ်တွေ ကျယ်လောင်စွာ ဖွင့်ပြီး စကားပင် မပြောနိုင်တော့ပေ။

"နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦးရဲ့ မိမိကိုယ်ကို ဖောက်ခွဲဖျက်ဆီးခြင်းပင် သူ့ကို မသတ်နိုင်ခဲ့ဘူး။ သူက ဘယ်သူလဲ။" အဝေးမှ လူတိုင်း သူတို့စိတ်ထဲမှာ ကိုယ့်ကိုယ်ကို ရေရွတ်လိုက်ကြပြီး အဝေးမှ ထိုရုပ်အသွင်ကို ငေးကြည့် ရင်း အနှိုင်းမဲ့ အံ့သြထိတ်လန့်သွားကြသည်။

မှန်ပါသည်၊ ထိုပုံရိပ်ပိုင်ရှင်ကတော့ ချင်ယွင်ပါ။

ထိုအချိန်တွင် ချင်ယွင်သည်လည်း သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်ရင်း သူ့မျက်လုံးများက ခါးသီးသည့် အရိပ်အယောင် ပေါ်လွင်နေသည်။

ယွမ်ဟန်၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲဖျက်ဆီးလိုက်သည့် အချိန်တွင် သူသည် ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို ကာကွယ်ရန်အတွက် ယွမ်ဟန်နှင့်သူ့ကို ကနဦးစကြဝဠာသို့ အတင်းအကျပ် လွှဲပြောင်းရန် ကနဦစကြဝဠာ၏စွမ်းအားကို အသုံးပြုခဲ့သည်။

သို့သော်လည်း ယွမ်ဟန်နှင့် သူ့ကို ကနဦးစကြဝဠာသို့ လွှဲပြောင်းပေးနေစဉ် ယွမ်ဟန်၏ ခန္ဓာကိုယ်က လုံးဝ ပေါက်ကွဲသွားခဲ့သည်။ ချင်ယွင်၏ ကနဦးစကြာဝဠာပင်လျှင် နှောင်ပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ မိမိကိုယ်ကို ဖောက်ခွဲဖျက်ဆီး ခြင်းကို မရပ်တန့်နိုင်ခဲ့ပေ။

အဆုံးတွင်၊ ချင်ယွင်၏ မူလခန္ဓာနှင့် ကနဦးစကြဝဠာ၏ ကြယ်အပိုင်းအစများစွာသည် ချက်ချင်းဆိုသလို ပေါက်ကွဲသွားခဲ့ပြီး ချင်ယွင်၏ သွေးအသားခန္ဓာကိုယ်သည်လည်း ဤပေါက်ကွဲမှုအတွင်းမှာ ပျောက်ကွယ်သွားခဲ့သည်။

ကံကောင်းထောက်မစွာ၊ ချင်ယွင်သည် ကနဦးစကြဝဠာကို အုပ်စိုးသူဖြစ်သည်။ ရုပ်ခန္ဓာကိုယ်အသစ်တစ်ခုကို ပေါင်းစည်းရန် သူ့အတွက် လွယ်ကူပါသည်။ ထို့အပြင်၊ ချင်ယွင်၏ နတ်ဆိုးနတ်ဘုရားအမြုတေသည် ကျိုးပဲ့ပျက်ဆီးသွားခြင်း မရှိသဖြင့် ရုပ်ခန္ဓာကိုယ်အသစ်တစ်ခုကို သိပ်သည်းရန် ပိုမိုလွယ်ကူပါသည်။

'"ဘယ်လောက် အန္တရာယ်များလိုက်လဲ။ နှောင်းပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူတစ်ဦးရဲ့ ကိုယ့်ကိုယ်ကို ဖောက်ခွဲမှုက ကနဦးစကြဝဠာရဲ့ အရင်းမြစ်ကို တောင် ထိခိုက်လုနီးပါးပဲ။ တကယ်လို့ ကြေးဝါအပိုင်းအစက ကနဦးစကြဝဠာကို အကာကွယ် ပေးမထားဘူးဆိုလျှင်, ယွမ်ဟန်၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲခြင်းက ကနဦး စကြဝဠာကို တကယ်ကို ပြိုကျစေလိမ့်မယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

အစောပိုင်းက ယွမ်ဟန်၏ ကိုယ့်ကိုယ်ကို ဖောက်ခွဲချိန်မှာ ကနဦးစကြဝဠာထဲသို့ သွင်းခေါ်ခြင်းက တကယ်ကို အန္တရာယ် များလှသည်။ အကယ်၍, ကနဦးစကြဝဠာသည် ဤစွမ်းအားကို မခုခံနိုင်ပါက, သူသည် ဤကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားကောင်း သွားနိုင်ပါသည်။

ကနဦးစကြာဝဠာသည် ချင်ယွင်၏ အရင်းမြစ်တည်ရှိမှုအားလုံး၏ တည်ရှိရာ ဖြစ်သည်။ အကယ်၍, ကနဦးစကြဝဠာကြီး ပြိုသွားခဲ့လျှင်, ချင်ယွင်လည်း ပျောက်ကွယ်သွားလိမ့် မည်။ အသက်ရှင်သန်ရန် အခွင့်အလမ်း လုံးဝ မရှိနိုင်တော့ပေ။

ကံကောင်းထောက်မစွာ၊ ကြေးဝါအပိုင်းအစများသည် သူ့ကနဦးစကြာဝဠာကို ကာကွယ် ပေးခဲ့ပြီး ယခင်ကထက်ပင် ပိုမိုအားကောင်းလာခဲ့သည်။

"ကြည့်ရတာ, အခုချိန်မှာ ငါ ကနဦးစကြဝဠာ ကျင့်ကြံမူအဆင့် မြင့်တက်လာဖို့ ရှေးခေတ် နတ်ဘုရားကမ္ဘာသို့ သွားရမယ့်ပုံပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

သူ့ကနဦးစကြဝဠာ ကျင့်ကြံမှုသည် ထိုက်ကျိနယ်ပယ် အလယ်လတ်အဆင့်တွင် ရှိနေ သေးသည်။ ထိုက်ကျိနယ်ပယ် ပြီးဆုံးပြီးနောက် ယင်ယန်နယ်ပယ်နှင့် အနန္တနနယ်ပယ်များ တည်ရှိနေသေးသည်။ ကနဦးစကြဝဠာ၏ ကျင့်ကြံမူအခြေခံ တိုးတက်မှု အမြန်နှုန်းသည် သူကိုယ်တိုင် ကျင့်ကြံခြင်းထက် များစွာ နှေးကွေးနေသည်။

သို့သော် ချင်ယွင်သည် နှောင်းပိုင်း ထိုက်ကျိနယ်ပယ်နှင့် အလှမ်းမဝေးတော့ပေ။ သူသည် နှောင်းပိုင်း ထိုက်ကျိနယ်ပယ်သို့ ဖြတ်ကျော်ရန် အခွင့်အရေးတစ်ခုသာ လိုအပ်သည်။

သူသည် နှောင်းပိုင်း ထိုက်ကျိနယ်ပယ်ကို ဖြတ်ကျော်ပြီးသည်နှင့် သူ၏ နားလည်နိုင်စွမ်း နှင့် ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ တိုးမြင့်လာလိမ့်မည်။ ထိုအချိန်တွင် သူသည် ပို၍ပင် အားကောင်းလာလိမ့်မည်။

လျှိုဘိုက သူ ယင်ယန်နယ်ပယ်ကို ဖြတ်ကျော်ပြီးသည်နှင့် သူ့ကနဦးစကြဝဠာ၏ စွမ်းအား သည် ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ယှဉ်နိုင်လိမ့်မည်ဟု ပြောခဲ့ဖူးသည်။ တကယ်ဆို, သူသည် ကနဦးစကြဝဠာ ကျင့်ကြံမူအဆင့် ခုန်ကျော်ပြီး အနန္တနယ်ပယ်သို့ ရောက်ရှိလာသည့်အခါ စစ်မှန်သည့် အုပ်စိုးရှင်တစ်ပါး ဖြစ်လာနိုင်ပါသည်။

ဤရာက ချင်ယွင်၏ အတွေးသက်သက်သာ ဖြစ်ပါသည်။ အခုချိန်မှာတော့ သူ့အတွက် အရမ်းကို လှမ်းကွာဝေးနေပါသေးသည်။ ကနဦးစကြဝဠာ၏ အဆင့်မြင့်တင်မူသည် နေ့ချင်းညချင်း ပြီးဆုံးနိုင်သည့်အရာ မဟုတ်ပေ။ ကနဦးစကြဝဠာကြီးသည် စကြဝဠာ ပင်လယ်ထဲမှ စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေသော်လည်း၊ ဤအမြန်နှုန်းသည် အလွန်မင်း နှေးကွေးနေသေးသည်။

"မေ့လိုက်ပါ၊ တစ်ကြိမ်ဆို ခြေတစ်လှမ်းခြင်းပဲ လှမ်းနိုင်မှာပါ။" ချင်ယွင်သည် သူ့စိတ်ကို ချုပ်တည်းကာ သိပ်ပြီး မစဉ်းစားတော့ပေ။

ရုတ်တရက် သူသည် တစ်ခုခုကို တွေးမိသွားပုံရပြီး ရှေ့ကိုမျှော်ကြည့်ရန် သူ့ခေါင်းကို ရုတ်တရက် မြှောက်လိုက်သည်။

လူအုပ်ထဲတွင် ရပ်နေသော မာကျိသည် ရုတ်တရက် တုန်လှုပ်သွားသည်။ ချင်ယွင်၏ အကြည့်ကို သူတွေ့လိုက်ရသောကြောင့် သူ့တစ်ကိုယ်လုံး အေးစက်သွားသည်။

မာကျိ၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသော်လည်း နောက်အခိုက်အတန့်တွင် သူသည် လုံးဝ မှင်သက်သွားခဲ့ရသည်။ သူ့ရှေ့မှာ ရုတ်တရက် ပေါ်လာသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ရတော့ သူ့နှလုံးသားက တဆတ်ဆတ် ခုန်သွားခဲ့သည်။

"ကောင်းလိုက်တာ... ဘယ်လောက်‌တောင် မြန်ဆန်လိုက်လဲ"

မာကျိက ထိတ်လန့်တကြား ပြောလိုက်သည်။ လွန်ခဲ့သည့်အခိုက်အတန့်က သူနှင့် ကီလို မီတာပေါင်းများစွာ ဝေးကွာသော ချင်ယွင်သည် သူ့စိတ်ထဲမှ အတွေးတစ်ချက်ဖြင့်ပင် သူ့ရှေ့မှာ ပေါ်လာခဲ့ပြီ။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းသည် သူ့အတွက် လုံးဝ မထင်မှတ်နိုင်စရာပင်။

ပို၍ ကြောက်စရာကောင်းသည်မှာ ချင်ယွင်၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် အငွေ့အသက်က သူ့ခန္ဓာကိုယ်အပေါ်သို့ ဧရာမတောင်ကြီးတစ်ခု တိုက်ရိုက် သက်ရောက် နေသည့်အလား သူ့ကို အသက်ရှူမဝသလို ခံစားရစေပြီး၊ သူ့တစ်ကိုယ်လုံးလည်း ရွှံညွှန်ဗွက်အိုင်ထဲ ကျရောက်သွားအတိုင်း မလှုပ်ရှားနိုင်တော့ပေ။

"မလုပ်နဲ့...ငါ့ကို မသတ်ပါနဲ့"

မာကျိသည် သနားညှာတာပေးရန် ဆောလျင်စွာ တောင်းပန်လိုက်ရင်း သူ့မျက်လုံးများ သည် သေခြင်းတရားကို ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေသည်။

ချင်ယွင်သည် မာကျိ၏ ထိတ်လန့်နေသော မျက်နှာကို ကြည့်လိုက်သော်လည်း သူ့ပါးစပ် ထောင့်မှ အပြုံးမပျက် ပေါ်လာပြီး သူ့မျက်လုံးများတွင် အထင်သေးသည့် အရိပ်မြွက်တစ်ခု ပေါ်လာသည်။

သူသည် နည်းနည်းမှ တုန့်ဆိုင်းမနေဘဲ သူ့လက်ဖဝါးကို ဆန့်တန်းပြီး မာကျိ၏ခေါင်းကို ပုတ်လိုက်သည်။

ချက်ခြင်းပင်၊ ချင်ယွင်၏ လက်ဖဝါးရိုက်ချက်ကြောင့် မာကျိ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်း ကွဲထွက်သွားသည်။ သေချာသည်မှာ, သူ့တစ်ကိုယ်လုံး လုံးဝ မတည်ရှိတော့ပါဘူး။ မာကျိသည် သနားစရာကောင်းသည့် အော်သံကိုပင် မအော်နိုင်ခဲ့ပေ။ သူသေဆုံးချိန်၏ နောက်ဆုံး အခိုက်အတန့်တွင်, သူသည် ရှောင်ဘိုင်နှင့် အခြားသူများကို ရန်စမိသည့် အတွက် အမှန်ပင် နောင်တရမိပါသည်။

အဝေးက လူတိုင်းလည်း ဆွံအသွားကြသည်။ သို့သော်, သူတို့စိတ်ထဲမှာ မာကျိအတွက် စာနာစိတ် မရှိခဲ့ပေ။ သူတို့အမြင်တွင် မာကျိသည် ထိုကဲ့သို့ တည်ရှိနေသော ပညာရှင်ကို ရန်စမိသောကြောင့် ရှင်သန်ရန် အခွင့်အလမ်း လုံးဝ မရှိပေ။ ထို့ကြောင့် မာကျိသည် ဤကဲ့သို့ အဆုံးသတ်သွားသည်ကို သူတို့ မအံ့သြကြပေ။ သူတို့ အမှန်တကယ် ထိတ်လန့် သွားသည်မှာ ချင်ယွင်၏ သတ်ဖြတ်ခြင်း နည်းလမ်းများပင် ဖြစ်သည်။ အထွတ်အထိပ် ကြယ်နတ်ဘုရားတစ်ပါးကို သတ်ခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို သတ်ခြင်းထက်ပင် ပိုလွယ်ကူနေသည်။

ချင်ယွင်သည် မာကျိ ပျောက်ကွယ်သွားသည့်နေရာကို မကြည့်တော့ပေ။ ယင်းအစား, သူသည် အဝေးမှ ရှောင်ဘိုင်နှင့် ရှောင်ကျင်းတို့ကို လှည့်ကြည့်လိုက်သည်။

မာကျိသည် ရှောင်ကျင်းကို နာကျင်စေခဲ့သည်မှာ သေချာသည်။ ထို့ကြောင့် သူ မည်သို့ပင် ပြောစေကာမူ ချင်ယွင်က သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။

"မင်းတို့အားလုံး လူစုခွဲသင့်တယ်။ မင်းတို့ရဲ့စမ်းသပ်မှုတွေကို ဆက်လုပ်ကြပါ။ မင်းတို့ရဲ့ ကိစ္စတွေကို ငါ ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းတို့ထဲက တစ်ယောက်ကမှ သူတို့ကို ထိခွင့်မပေးနိုင်ဘူး။ သူတို့ခန္ဓာကိုယ်ပေါ်က အမွှေးတစ်ချောင်းကို ထိဝံ့တဲ့ ဘယ့်သူမဆို ငါချင်ယွင်ရဲ့ ရန်သူဖြစ်လိမ့်မယ်။"

ချင်ယွင်က လူအုပ်ကို အေးစက်စွာ ကြည့်လိုက်ပြီး၊ သူ့အသံက အေးစက်နေပြီး လွှမ်းမိုးကြီးစိုးနေသည်။

ချင်ယွင်၏ စကားကို အနီးနားရှိလူတိုင်း ကြားသောအခါ သူတို့အားလုံးက ကြောက်ရွံ့စွာ ခေါင်းညိတ်ပြကြသည်။ သူတို့သည် ချင်ယွင်ကို နက်ရှိုင်းစွာ လေးစားနေခဲ့ကြပြီး၊ တစ်ယောက်ပြီးတစ်ယောက် ထိုနေရာမှ ထွက်ခွာသွားကြသည်။ ချင်ယွင်သည်လည်း ရှောင်ဘိုင်နှင့်ရှောင်ကျင်း နံဘေးကို လျှောက်သွားသည်။

စာစဉ် (၁၀၇) ပြီးပါပြီ။

ဘာသာပြန်သူ နေဇင်။

All Chapters