← Chapters

အခန်း ၁၆၀၈

Vol. 108 Ch. 1608

အခန်း ၁၆၀၈

Vol. 108 Ch. 1608

အခန်း (၁၆၀၈) ရှေးခေတ်နတ်ဘုရားကမ္ဘာသို့ သွားရောက်ရန် ပြင်ဆင်ခြင်း။

ထိုနောက် ချင်ယွင်သည် ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့အား လျှပ်စီးပြိုလဲခြင်း နတ်ဘုရား စွမ်းရည်နှင့် ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်တို့ကို သင်ကြားပေးခဲ့ သည်။ သူတို့နှစ်ဦးသည် အလွန်နားလည်သဘောပေါက်လွယ်သောကြောင့် ချင်ယွင်သည် နောက်ဆုံးတွင် နတ်ဘုရားစွမ်းရည်နှစ်ခုကို သူတို့ ဖမ်းဆုပ်နိုင်စေရန် အချိန်နှစ်ရက်သာ အသုံးပြုခဲ့သည်။ နောက်ပိုင်းမှာတော့ သူတို့၏ ကိုယ်ပိုင်နားလည်မူအပေါ်မှာ အားကိုးရ လိမ့်မည်။

သုံးရက်တာ အချိန်ကာလသည် လျင်မြန်စွာ ကုန်လွန်သွားသဖြင့် ချင်ယွင်သည် ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့ကို ဤစမ်းသပ်မှုကမ္ဘာမှ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။

ယုထန်းနူနှင့် အခြားသူများသည် ချင်ယွင် ပြန်လာသည်ကို မြင်သောအခါ စိတ်သက်သာရာ ရသွားကြသည်။

ချင်ယွင်သည် စမ်းသပ်မူကမ္ဘာထဲသို့ ဝင်ရောက်သွားကြောင်းကို သိရှိပြီးနောက်၊ ချက်ချင်း ဆိုသလို ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် လေဟာနယ် ဘိုးဘေး နတ်ဘုရားထံ သတင်းစကားတစ်ခု ပေးပို့ခဲ့သည်။ ထို့ကြောင့်၊ လေဟာနယ် ဘိုးဘေး နတ်ဘုရားသည် ချင်ယွင်ကို အစကတည်းက အာရုံစိုက်ခဲ့ပြီး ချင်ယွင်၏စွမ်းဆောင်မှုက သူတို့ကို ထိတ်လန့်စေခဲ့သည်။

လွင့်မျောနှင်းမြို့တော်သို့ ပြန်လာပြီးနောက် ချင်ယွင်သည် ယုထန်းနူနှင့် လျှိုဖန်းဟွာ တို့နှင့်အတူ လေဟာနယ်ဘိုးဘေးနတ်ဘုရား ဖန်တီးထားသည့် စကြဝဠာသို့ မပြန်မီ, ကျိုးလင်၊ ရှောင်ကျင်းနှင့် ရှောင်ဘိုင်တို့နှင့်အတူ လဝက်ကျော်ကြာအောင် နေထိုင်ခဲ့သည်။

ချင်ယွင်သည် ရှောင်ဘိုင်၊ ရှောင်ကျင်းနှင့် ကျိုးလင်တို့နှင့် ခွဲခွာရန် တွန့်ဆုတ်နေသော် လည်း, အခုအခါ, သူသည် ရှေးခေတ်နတ်ဘုရားကမ္ဘာသို့ သွားရမည့်အချိန် ဖြစ်သည်။ သူ့မိဘတွေ ရှိနေသည့်နေရာကို အချိန်ဘိုးဘေးနတ်ဘုရားတစ်ပါးသာ သိနိုင်ပါသည်။ ထို့ကြောင့် သူ သွားခဲ့ရပါသည်။

ထို့အပြင်၊ ဤရှေးခေတ်နတ်ဘုရားကမ္ဘာခေါ်သည့် နေရာသည် မည်သည့်နေရာမျိုး ဖြစ်သနည်း၊ နတ်ဘုရားကပ်ဘေးဒုက္ခဟုခေါ်ဆိုသည့်အရာက အဘယ်နည်း။ ၎င်းကို လူပေါင်းများစွာက အဘယ့်​ကြောင့် ​အရမ်းကို ​ကြောက်​လန့်နေကြသနည်း။ ဤအကြောင်း အရာများကို သူ အလွန်သိချင်နေခဲ့သည်။ ဤအရာအားလုံးအတွက် အဖြေသည် ရှေးခေတ် နတ်ဘုရားကမ္ဘာမှာ ရှိသည်။

ဟုတ်ပါသည်။ အခြားအကြောင်းပြချက်တစ်ခုလည်း ရှိနေခဲ့ပါသည်။ ထိုအရာက လျှိုဘိုက သူ့ကို ပြောပြခဲ့ခြင်း ဖြစ်သည်။ ဤရှေးခေတ်နတ်ဘုရားကမ္ဘာသည် စကြဝဠာတစ်ခုလုံး၏ အစစ်မှန် အမာခံနယ်မြေဖြစ်ပြီး၊ ထိုနေရာတွင် သူ၏ ကနဦးစကြာဝဠာ၏ နယ်ပယ်သည် ကြီးကြီးမားမား တိုးတက်လာမည် ဖြစ်သည်။

ထို့ကြောင့်၊ သူသည် မည်သည့်ရူထောင့်မှမဆို ရှေးခေတ်နတ်ဘုရားကမ္ဘာသို့ သွားကို သွားရပါမည်။

…

ဤအခိုက်အတန့်တွင်၊ လေဟာနယ်ဘိုးဘေးနတ်ဘုရား ဖန်ဆင်းထားသော စကြာဝဠာ၏ အလယ်ဗဟိုရှိ နတ်ဘုရားခန်းမတစ်ခု၏ ရင်ပြင်ပေါ်တွင် လူငါးဦးရပ်နေပါသည်။ ဤလူငါးဦးသည် လေဟာနယ် ဘိုးဘေးနတ်ဘုရားနှင့် သူ၏တရားဝင် တပည့်လေးဉီးနှင့် ချင်ယွင်လွဲ၍ အခြားလူများ မဟုတ်ကြပေ။ ယနေ့သည် ရှေးခေတ်နတ်ဘုရားကမ္ဘာသို့ ထွက်ခွာသွားမည့်နေ့ ဖြစ်သည်။

"ဟား…၊ ဟား…၊ နောက်ဆုံးတော့ ငါတို့ ရှေးခေတ်နတ်ဘုရားကမ္ဘာကို ပြန်သွားနိုင်ပြီပေါ့။ အဲဒီကောင်တွေ အခု ဘယ်လိုနေလဲလို့ ငါ သိချင်မိတယ်။" ယုထန်းနူက ဟက်ဟက် ပက်ပက် ရယ်မောပြီး သူ့လေသံမှာ စိတ်လှုပ်ရှားတက်ကြွမှု အပြည့်နှင့်ပင်။

"ဟမ့်၊ ငါတို့ ဘာလုပ်နိုင်မှာလဲ။ သူတို့က ငါတို့ကို တွေ့တာနဲ့ ကြောင်တစ်ကောင်ကို မြင်တဲ့ ကြွက်တွေလို ဖြစ်သွားမှာပဲ မဟုတ်လား။ ဟိုရောက်လို့, စီနီယာအစ်ကိုကြီး ရပ်နေအချိန် မှာ ရှေ့ကို ခြေလှမ်းဝံ့တဲ့လူ ဘယ်နှစ်ယောက်ရှိမှာလဲ" လျှိုဖန်းဟွာက လှောင်ပြောင် ပြောလိုက်သည်။

"ဟား…၊ ဟား… ဟုတ်တယ်။ စီနီယာ အစ်ကိုကြီးက နတ်ဘုရားနန်းတော်ကြီး လေးခုမှာ ဂုဏ်သိက္ခာအရ ကျော်ကြားတယ်။ အဲဒီကောင်တွေလည်း အဲဒီတုန်းက စီနီယာအစ်ကိုကြီး ကို မရှုံးခဲ့ပါဘူး။ ဒါပေမဲ့, ဒီအချိန်က မတူတော့ဘူး။ ငါတို့မှာ ပါရမီရှင် ဂျူနီယာ ညီငယ် တစ်ယောက်ရှိနေပြီ။ အဲဒီအချိန်ရောက်ရင် အဲဒီကောင်တွေ တုန်လှုပ်သွားကြမှာ သေချာတယ်။" ယုထန်းနူက ချင်ယွင်၏ ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။

ဘေးဘက်တွင်၊ ဝူဒေါင်ဇီနှင့် ရှောင်ယုတို့သည် ချင်ယွင်ကို အမှတ်တမဲ့ ကြည့်နေကြပြီး သူတို့၏ မျက်လုံးများက အံ့အားသင့်နေသည့် အမူအရာများ ပေါ်လွင်နေသည်။

ချင်ယွင်၏ နတ်ဆိုးနတ်ဘုရားကျင့်ကြံမှု အခြေခံသည် အစောပိုင်း ကောင်းကင်နတ်ဆိုး နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်သွားသည့်အချက်ကို သူတို့၏ မျက်လုံးများမှ သဘာဝအတိုင်း ဖုံးကွယ်ထား၍ မရပေ။ ထို့အပြင်၊ ယုထန်းနူနှင့် အခြားသူများ ပြန်လာ ပြီးနောက်၊ စမ်းသပ်မူကမ္ဘာတွင် ယွမ်ဟန်ကို သတ်ခဲ့သည့် ကိစ္စကိုလည်း ပြောပြခဲ့သည်။ ဤသည်မှာ ချင်ယွင်သည် ယခုအခါ သာမန် နှောင်းပိုင်း ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏အစွမ်းကို ပိုင်ဆိုင်ထားကြောင်း သက်သေပြရန် လုံလောက်ပါသည်။

ချင်ယွင်သည် လူတိုင်း၏အကြည့်များကို သတိပြုမိပြီး ကူကယ်ရာမဲ့ ပြုံးပြီး ပြောလိုက်ရ သည် "ဟုတ်ပါပြီ၊ ဒုတိယ စီနီယာအစ်ကို၊ ရှေးခေတ်နတ်ဘုရားကမ္ဘာဆိုတာ အတိအကျ ဘယ်လိုနေရာမျိုးလဲ။ ရှေးခေတ်နတ်ဘုရားကမ္ဘာက အရမ်းအန္တရာယ်များတယ်လို့ မင်းတို့ မပြောခဲ့ကြဘူးလား။ မင်းရဲ့လေသံအရ, ရှေးခေတ်နတ်ဘုရားကမ္ဘာထဲကို ဝင်ရတာ ဘာလို့ အရမ်းကို စိတ်လှုပ်ရှားနေတဲ့ပုံ ပေါ်နေရတာလဲ။" သူက မေးလိုက်သည်။

ထိုမေးခွန်းက သူ အမြဲတမ်း ဝေခွဲမရဖြစ်နေခဲ့သည့် မေးခွန်းတစ်ခု ဖြစ်ပါသည်။ ရှေးခေတ် နတ်ဘုရားကမ္ဘာသည် အလွန်အန္တရာယ်များသည်ဆိုကတည်းက, ယုထန်းနူနှင့် အခြား သူများသည် ရှေးခေတ်နတ်ဘုရားကမ္ဘာထဲသို့ ဝင်ရမည်ဟု ပြောသောအခါ အဘယ်ကြောင့် အလွန်စိတ်လှုပ်ရှား နေရသနည်း။ ထို့အပြင်၊ သူတို့သည် ရှေးခေတ် နတ်ဘုရားကမ္ဘာတွင် ပြိုင်ဘက် အနည်းငယ် ရှိနေပုံရသည်။

ဝူဒေါင်ဇီနှင့် အခြားသူများသည် ချင်ယွင်၏မေးခွန်းကို ကြားသောအခါ ချက်ချင်း ရယ်မော လိုက်ကြသည်။ ဝူဒေါင်ဇီက ယုထန်းနူကို တစ်ချက်ကြည့်လိုက်ပြီး ရှင်းပြရန် အချက်ပြ လိုက်သည်။

ယုထန်းနူက တွန့်ဆုတ်မနေဘဲ ပြောသည် "ဂျူနီယာ ညီငယ်၊ မင်း ဒီမေးခွန်းကို မေးမယ်ဆို တာ ငါတို့ သိထားပြီးသား။ ရှေးခေတ်နတ်ဘုရားကမ္ဘာအကြောင်း အရင်က မင်းကို ဘာမှ မပြောခဲ့တာက ဆရာကြီးရဲ့ မိန့်မှာချက်ကြောင့်ပဲ။ အခု မင်းက ရှေးခေတ်နတ်ဘုရား ကမ္ဘာထဲ ဝင်ရောက်တော့မှာမို့၊ ရှေးခေတ်နတ်ဘုရားကမ္ဘာက ဘယ်လိုနေရာမျိုးလဲဆိုတာ မင်း နားလည်ဖို့ အချိန်တန်ပြီ။"

ချင်ယွင်၏ အမူအရာမှာ လေးနက်ပြီး ယုထန်းနူ၏ ရှင်းပြချက်ကို ဆက်လက် နားထောင်နေပါသည်။

"ရှေးခေတ်နတ်ဘုရားကမ္ဘာဆိုတာက ဒီစကြာဝဠာရဲ့ စစ်မှန်တဲ့ နတ်ဘုရားကမ္ဘာပဲ။ ဒါကို မင်း သိပြီးပြီလို့ ငါယုံတယ်။ ဒါကြောင့် ဒီရှေးခေတ် နတ်ဘုရားကမ္ဘာဟာ အချိန် ဘယ်လောက် ကြာပြီလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဒါပေမယ့်, သေချာတာတစ်ခု တော့ ရှိတယ်။ ဒီရှေးခေတ်နတ်ဘုရားကမ္ဘာမှာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့အပြင်၊ အဆုံးမဲ့အခွင့်အရေးတွေလည်း ရှိနေတယ်။" ယုထန်းနူက ပြုံးပြီးပြောသည်။

"အန္တရာယ်နဲ့ အခွင့်အလမ်း၊ ဘာအခွင့်အလမ်းလဲ။" ချင်ယွင်က စိတ်ဝင်တစား မေးသည်။

"ရှေးခေတ်နတ်ဘုရားကမ္ဘာက အချိန်အတော်ကြာအောင် တည်ရှိနေခဲ့တယ်။ အထဲမှာ ဧရာမနတ်ဘုရားဂူသင်္ချိုင်းတွေ သို့မဟုတ် ဘိုးဘေးနတ်ဘုရားတွေရဲ့ ဂူသင်္ချိုင်းတွေ အများ အပြားရှိနေပြီး၊ ဒီဂူသင်္ချိုင်းတွေထဲမှာ အဆုံးမဲ့ အခွင့်အလမ်းတွေနဲ့ ပြည့်နှက်နေတယ်။ အမွေနှစ်တစ်ခု ရလိုက်တာနဲ့ မင်းက ကောင်းကင်ယံတိုင် ပျံတက်သွားနိုင်ပြီး၊ ဘိုးဘေး နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ပါးတောင် ဖြစ်လာနိုင်ပါတယ်။" ယုထန်းနူက ပြောသည်။

"ဧရာမ နတ်ဘုရားဂူသင်္ချိုင်းတွေလား?" ချင်ယွင် ခေါင်းညိတ်လိုက်သည်။ ရှေးခေတ် နတ်ဘုရားကမ္ဘာသည် အချိန်အတော်ကြာအောင် တည်ရှိခဲ့သည်။ အမွေနှစ်တွေကို ချန်ထားရစ်ခဲ့သည့် နတ်ဘုရားအဆင့် ကျွမ်းကျင်ပညာရှင်တွေ အများပြား ရှိနေပါလိမ့် မည်။ ထိုကျွမ်းကျင်ပညာရှင်အချို့တွင် ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်များပင် ပါကောင်းပါနိုင်သည်။ ထိုကဲ့သို့ ကျွမ်းကျင်ပညာရှင်များ၏ အမွေနှစ်ကို ရယူနိုင်သည်နှင့် ကောင်းကင်ယံတိုင် ပျံတက်သွားနိုင်ခြင်းက သူတို့အတွက် ပုံမှန်ပင် ဖြစ်သည်။

"ဒါပေမယ့် ဒီဂူသင်္ချိုင်းတွေက မင်းတို့ကို ဆွဲဆောင်ဖို့ မလုံလောက်သေးဘူး မဟုတ်ဘူး လား။" ချင်ယွင်က သူ့သံသယတွေကို ထုတ်ဖော်ပြီး မေးမြန်းလိုက်သည်။ ယုထန်းနူနှင့် ဝူဒေါင်ဇီတို့ကဲ့သို့ ကျွမ်းကျင်သူများသည် ဧရာမ နတ်ဘုရားဂူသင်္ချိုင်းများက စိတ်လှုပ်ရှား စေရန် မလုံလောက်ကြောင်း သူခံစားခဲ့ရသည်။

"ဂျူနီယာညီငယ်က တကယ်ကို ထက်မြက်ပါတယ်။ မှန်တယ်၊ ဒီအခွင့်အရေးဟာ အဲဒီဧရာမနတ်ဘုရားဂူသင်္ချိုင်းတွေရဲ့ အမွေနှစ်တွေ မဟုတ်ဘူး။ လူတိုင်းကို တကယ် ဆွဲဆောင် နိုင်တဲ့အရာက တန်ခိုးကြီးတဲ့ ကောင်းကင်တောင်ပဲ။" ယုထန်းနူက ပြုံးပြီး ပြောသည်။

"ကောင်းကင်တောင်။ အဲဒါက ဘာလဲ?" ချင်ယွင်က အံ့သြစွာ မေးလိုက်သော်လည်း သူ့စိတ်ထဲမှာ မှန်းဆချက်အချို့ ရှိနေပါသည်။

ကောင်းကင်တောင်သည် ကောင်းကင်ဘုံနှင့် ဆက်စပ်နေနိုင်ပါသလား။

"တန်ခိုးကြီးတဲ့ ကောင်းကင်တောင်လို့ခေါ်တဲ့ တောင်ကတော့ ရှေးခေတ် နတ်ဘုရား ကမ္ဘာရဲ့ အလယ်ဗဟိုမှာ တည်ရှိပြီး အနှိုင်းမဲ့ ကြီးမားတဲ့ နတ်တောင်ကြီး တစ်ခုပဲ" ဒီနတ်တောင်ကြီးက ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ ကောင်းကင်နဲ့ မြေကြီးကို ဆက်သွယ် ပေးထားတယ်။ ကောင်းကင်ဘုံတန်ခိုးရဲ့ ကိုယ်ပွားတစ်ခုလို့ ဆိုကြတယ်။ အဲဒီတောင်ကြီး က ဒီစကြာဝဠာကြီးတစ်ခုလုံးရဲ့ အစီအစဉ်တွေကို ထိန်းချုပ်ထားပြီး မရေမတွက်နိုင်တဲ့ ဉပဒေသကွင်းဆက်တွေနဲ့ ဖုံးအုပ်ထားတယ်။ စကြဝဠာတစ်ခုလုံးရဲ့ အဓိကလျှို့ဝှက်ချက် ကို ဒီနတ်တောင်ကြီးမှာ ဝှက်ထားတယ်လို့ ဆိုကြတယ်။ အဲဒီလျှို့ဝှက်ချက်ကို ရယူနိုင်တဲ့ ဘယ်သူမဆို ဘိုးဘေးနတ်ဘုရားနယ်ပယ်ကို ကျော်လွန်ပြီး အုပ်စိုးရှင် နတ်ဘုရား ဧကရာဇ် နယ်ပယ်ကို ရောက်နိုင်လိမ့်မယ်" ယုထန်းနူက ပြောလိုက်ပါသည်။

ချင်ယွင်သည် ပါးစပ်အဟောင်းသား မဖြစ်ဘဲမနေနိုင်တော့။ သူ့စိတ်နှလုံးထဲမှာ အံ့ဩခြင်း များဖြင့် ပြည့်နှက်နေပါသည်။

“ကောင်းကင်တောင်လား?”

ယုထန်းနူ၏ စကားများက သူ့ကို ထိတ်လန့်စေသလို တစ်ချိန်တည်းမှာပင်၊ ၎င်းသည် ချင်ယွင်အား ရှေးခေတ်နတ်ဘုရားကမ္ဘာအပေါ် အခြေခံနားလည်မှုတစ်ခု ပေးစွမ်းခဲ့သည်။

အုပ်စိုးရှင် နတ်ဘုရားဧကရာဇ် နယ်ပယ်လား? ဒါက ဘိုးဘေးနတ်ဘုရားနယ်ပယ်က ကျွမ်းကျင်သူတွေကို ဆွဲဆောင်ရခြင်းရဲ့ တကယ့်အကြောင်းရင်း ဖြစ်နိုင်တယ်။" ချင်ယွင် က သူ့ကိုယ်သူ မှန်းဆလိုက်သည်။

ရှေးခေတ် ဘိုးဘေးနတ်ဘုရားများသည် သူတို့၏ ကြီးကျယ်ခမ်းနားသော နတ်ဘုရား စွမ်းရည်များကို အသုံးပြုပြီး အခြားနတ်ဘုရားကမ္ဘာတစ်ခုကို ဖန်တီးခဲ့သည်မှာ အံ့သြစရာ မရှိတော့ပါဘူး။ သူတို့၏ရည်ရွယ်ချက်က အုပ်စိုးရှင် နတ်ဘုရားဧကရာဇ် နယ်ပယ်၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားရန်ပင် မဟုတ်ပါလား။

“ဒါဆို နတ်ဘုရားကပ်ဘေးဒုက္ခဆိုတဲ့အရာကရော ကောင်းကင်တောင်နဲ့ တစ်ခုခုများ ပတ်သက်နေလား?" ချင်ယွင်က တစ်ခုခုကို တွေးမိသွားပုံရပြီး ဆက်မေးသည်။

"ဉာဏ်ကြီးရှင်ပဲ။ ဒီနတ်ဘုရားကပ်ဘေးဒုက္ခက တကယ်ပဲ တန်ခိုးကြီးတဲ့ ကောင်းကင် တောင်နဲ့ ဆက်စပ်နေတယ်။ ဒါပေမယ့်၊ ဒီနတ်ဘုရားကပ်ဘေးဒုက္ခ အတိအကျ ဘာလဲ။ ရှေးခေတ်နတ်ဘုရားကမ္ဘာကို ရောက်တဲ့အခါ ငါတို့ သိလာလိမ့်မယ်။" ယုထန်းနူက ပြုံးပြီး ရှင်းရှင်းလင်းလင်း မရှင်းပြခဲ့ပေ။

ချင်ယွင်သည် မျက်မှောင်ကြုတ်ပြီး သူ့စိတ်ထဲမှာ မှန်းဆချက်တချို့ ရှိနေခဲ့ပါသည်။

All Chapters