အခန်း ၁၆၀၉
Vol. 108 Ch. 1609
အခန်း (၁၆၀၉) ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်များ။
ချင်ယွင်သည် သူ့စိတ်ထဲတွင် ခန့်မှန်းနေချိန်မှာ, သွယ်လျပြီး ဂုဏ်သိက္ခာကြီးမားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် သူတို့ရှေ့ ခန်းမထဲမှ လျှောက်ထွက်လာခဲ့ သည်။
ယုထန်းနူနှင့် အခြားလူများတို့သည် ထိုလူလတ်ပိုင်းအရွယ် အမျိုးသားကို မြင်သောအခါ တွင် သူတို့၏ အမူအရာများက ချက်ချင်းပင် ရိုသေလေးစားလာခဲ့သည်။
"ဆရာကြီး"
…
သူတို့ငါးယောက်စလုံး တညီတညွတ်တည်း အော်ခေါ်လိုက်သည်။ လူလတ်ပိုင်းအရွယ် အမျိုးသားက အနည်းငယ် ခေါင်းညိတ်ပြသည်။ သူ ဝူဒေါင်ဇီနှင့် အခြားလူများကို ကြည့်လိုက်ပြီးနောက်၊ သူ့အကြည့်တွေက ပြုံးရင်း ချင်ယွင်ထံသို့ ကျရောက်လာခဲ့သည်။
"ကောင်းလိုက်တာ။ နတ်ဆိုးနတ်ဘုရားကျင့်ကြံမှုကို အစောပိုင်း ကောင်းကင်နတ်ဆိုး နတ်ဘုရားအဆင့်အထိ မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ခဲ့တယ်။ အဲဒီကလေးရဲ့ တပည့်နဲ့ သားဖြစ်သူ လျှန်ဖန်ကိုတောင် သတ်ပစ်လိုက်တယ်။ ဟား…၊ ဟား…၊ အဲဒါက ငါ့ကို မျက်နှာအများကြီး ပေးခဲ့တာပဲ။" လေဟာနယ် ဘိုးဘေးနတ်ဘုရားက ချင်ယွင်ကို ကြည့်ကာ ချီးမွမ်းသည်။
"ဆရာကြီးက ကျွန်တော့်ကို ချီးကျူးလွန်နေတာပါ။ အဲဒါက ကျွန်တော် မထင်မှတ်ဘဲ ကံကောင်းသွားလို့ပါ။ မထင်မှတ်ထားတဲ့ ကံကောင်းမူသာ မရှိခဲ့ရင်, ကျွန်တော်က ယွမ်ဟန်အတွက် ပြိုင်ဘက်ဖြစ်မှာတောင် မဟုတ်ဘူး။" ချင်ယွင်က အမှန်အတိုင်း ပြောလိုက်သည်။
"ကောင်းလိုက်တာ။ မာန်မာနမကြီးဘူး။ စိတ်ဓာတ်ကျတာလည်း မရှိဘူး။ ငါ မင်းကို မျှော်လင့်ချက်ကြီးကြီး ထားနေတာ အလကား မဟုတ်ဘူးပဲ" လေဟာနယ်ဘိုးဘေး နတ်ဘုရား၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ပီပြင်လာပြီး ချင်ယွင်ကို ကြည့်နေသည့် သူ့အကြည့်တွေက ပို၍ပင် သဘောကျလာခဲ့သည်။
ချင်ယွင်က ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။ ခုနက သူပြောခဲ့သည့် စကားတွေက အမှန်တရားဖြစ်သည်။ အကယ်၍, လျှိုဘိုသာ သူ့ကို မကူညီခဲ့ဘူးဆိုရင်, လျှို့ဝှက်ပညာ ရပ်ကို သင်ပေးပြီး ပန်ဂုမဟာနတ်ဘုရား၏ သွေးတစ်စက်ကို ပံ့ပိုးမပေးခဲ့ဘူးဆိုရင်, သူသည် ယွမ်ဟန်ကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။ သို့သော်၊ သူသည် ဤစကားများကို လေဟာနယ် ဘိုးဘေးနတ်ဘုရားအား သဘာဝအတိုင်း မပြောပြနိုင်ပေ။ လျှိုဘို၏ တည်ရှိမှုသည် ချင်ယွင်၏ကြီးမားသော လျှို့ဝှက်ချက်များထဲမှ တစ်ခုဖြစ်သည်။
“ဒါပေမယ့် မင်း ရှေးခေတ်နတ်ဘုရားကမ္ဘာ သွားတဲ့အခါ သတိထားရမယ်။ မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်မှ ကျောက်စိမ်းဓားဧကရာဇ်ကို သူကိုယ်တိုင် လှုပ်ရှားမူကို လက်မခံနိုင်ကြောင်း ငါ သတိပေးထားပြီးဖြစ်ပေမယ့် သူက ဒီတစ်ကြိမ်မှာ မင်းကို လိုက်လံရှာဖွေဖို့ ကျွမ်းကျင်သူတွေကို စေလွှတ်လိမ့်မယ်။ အဲဒီအချိန်မှာ ငါကိုယ်တိုင် မင်းကို ကာကွယ်ဖို့က မဖြစ်နိုင်ဘူး။ ကိုယ့်ကံကြမ္မာပေါ်မှာပဲ မူတည်လိမ့် မယ်။ သေချာတာက, မင်းရဲ့ စီနီယာ အစ်ကိုတွေနဲ့ စီနီယာအစ်မကတော့ မင်းကို အကာအကွယ် ပေးဦးမှာပါ။” လေဟာနယ်ဘိုးဘေးနတ်ဘုရားက ပြောသည်။
"မှန်တယ်။ ဂျူနီယာ ညီလေး၊ မင်းကို သတ်ဝံ့တဲ့ ဘယ်သူမဆို, ငါ့ယုထန်းနူကို အရင်ဆုံး ရှင်းပစ်နိုင်မှရလိမ့်မယ်။ ငါ သူ့ကို အနိုင်မယူနိုင်ရင်တောင်မှ စီနီယာအစ်ကိုကြီး ရှိနေတုန်း ပဲ။ သူ့အစွမ်းက ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်ထဲမှာ ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက်ထဲ ပါဝင်တယ်” ယုထန်းနူက ပြောသည်။
"ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်လား? အဲဒါက ဘာလဲ။" ချင်ယွင်က စိတ်ဝင်တစား မေးသည်။
"အီယာ…၊ မင်းကို ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်တွေ ရှိနေတာကို ရှင်းပြဖို့ ငါ မေ့နေခဲ့တာ" ယုထန်းနူက သူ့နဖူးကို ပုတ်ပြီး အနည်းငယ် စိတ်ပျက်သွားပုံရသည်။
ဤအရာက ချင်ယွင်ကို ပို၍ပင် အံ့သြသွားစေသည်။ ယုထန်းနူ၏ အမူအရာမှတဆင့်၊ ဤ ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်သည် အလွန်အရေးကြီးကြောင်း သူ ပြောပြနိုင်သည်။
"မင်းကို ငါပြောပြမယ်။ နောက်ဆုံးတော့ မင်း ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ် ချက်တွေနဲ့ ထိတွေ့ခွင့်ဖို့အတွက် မင်း ရှေးခေတ်နတ်ဘုရားကမ္ဘာကို သွားရမှာ။" လေဟာနယ် ဘိုးဘေးနတ်ဘုရားက အပြုံးနှင့် ပြောသည်။
ချင်ယွင်က လေဟာနယ်ဘိုးဘေးနတ်ဘုရားကို ချက်ချင်းကြည့်ပြီး ဂရုတစိုက် နားထောင် လိုက်သည်။
"အဲဒီအချိန် ကောင်းကင်ဘုံတန်ခိုးက ရှေးခေတ်နတ်ဘုရားကမ္ဘာကို ဖန်တီးခဲ့တုန်းက အဆင့်သတ်မှတ်ချက်တစ်ခုလည်း ဖန်တီးခဲ့တယ်။ ဒီအဆင့်သတ်မှတ်ချက်ကတော့ ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်ပဲ။ ဒီအဆင့်သတ်မှတ်ချက်က ရှေးခေတ် ကတည်းက တည်ရှိခဲ့ပြီး စကြာဝဠာတစ်ခုလုံးမှာ တရားဝင်မူ အရှိဆုံး အဆင့်သတ်မှတ် ချက် ဖြစ်တယ်။" လေဟာနယ် ဘိုးဘေးနတ်ဘုရားက ပြောသည်။
"ရှေးခေတ်နတ်ဘုရားကမ္ဘာနဲ့အတူ မွေးဖွားခဲ့တဲ့ အဆင့်သတ်မှတ်ချက်လား?" ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။ ရှေးခေတ်နတ်ဘုရားကမ္ဘာတွင် ထိုကဲ့သို့ အဆင့်သတ်မှတ်မျိုးရှိနေရန် သူ မမျှော်လင့်ခဲ့ပေ။
"ဒါဆို ဒီအဆင့်သတ်မှတ်က အတိအကျ ဘာကို မှတ်တမ်းတင်တာလဲ။" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။
လေဟာနယ် ဘိုးဘေးနတ်ဘုရားက ပြုံးပြီး ပြောသည် "ဒီ ကောင်းကင်ဘုံတန်ခိုး အဆင့် သတ်မှတ်ချက်ကို ရှေးခေတ်နတ်ဘုရားကမ္ဘာတစ်ခုလုံးမှာရှိတဲ့ သက်ရှိသတ္တဝါ အားလုံးရဲ့ စွမ်းအားကို မှတ်တမ်းတင်ဖို့ အသုံးပြုတယ်။ အဆင့်သတ်မှတ်ချက်ထဲ ဝင်ရောက်နိုင်တဲ့ လူတိုင်းက ပါရမီရှင်တွေပဲ။ အဲဒီအထဲမှာ ကောင်းကင်နတ်ဘုရားအဆင့်သတ်မှတ်ချက်နဲ့ ဘိုးဘေးနတ်ဘုရားအဆင့်သတ်မှတ်ချက်ဆိုပြီး ခွဲခြားထားတယ်။" ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်က ဘိုးဘေးနတ်ဘုရားနယ်ပယ်အောက်ရှိ ကျွမ်းကျင်သူများအတွက် အဆင့်သတ်မှတ်ချက်တွေဖြစ်ပြီး ဘိုးဘေးနတ်ဘုရား အဆင့်သတ်မှတ်ချက်ကတော့ ဘိုးဘေးနတ်ဘုရားနယ်ပယ် ပညာရှင်တွေအတွက် ဖြစ်သည်။
"ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်နဲ့ ဘိုးဘေးနတ်ဘုရား အဆင့်သတ်မှတ် ချက်လား?" ချင်ယွင်က အံ့သြသွားပြီး ဆက်မေးသည် "ဒါဆို ဒီအဆင့်သတ်မှတ်ချက်က စွမ်းအားကို ဘယ်လိုလုပ် အခြေခံနိုင်မှာလဲ။ ကောင်းကင်ဘုံတန်ခိုးက လူတိုင်းရဲ့ စွမ်းအား ကို သိလို့လား"
'"သေချာပေါက် သိတာပေါ့။ ဒီကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်ကို တန်ခိုးကြီး တဲ့ ကောင်းကင်တောင်ရဲ့ ကောင်းကင်ဘုံတန်ခိုးကျောက်ပြားပေါ်မှာ ရေးထွင်းထားတာ။ ရှေးခေတ်နတ်ဘုရားကမ္ဘာ တစ်ခုလုံးမှာရှိတဲ့ သက်ရှိသတ္တဝါအားလုံးရဲ့ ခွန်အားကို ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်မှာ ရှာဖွေတွေ့ရှိနိုင်တယ်။ ဒါကြောင့် မင်းရဲ့ ခွန်အားတွေ တိုးမြင့်လာပြီး ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်မှာ မင်းရှေ့က လူတွေထက် သာလွန်နေသရွေ့ တိုက်ခိုက်စရာမလိုဘဲ ပြောင်းလဲသွားလိမ့်မယ်။ အပြောင်း အလဲက အလွန်ကို တိကျတယ်။ လေဟာနယ် ဘိုးဘေးနတ်ဘုရားက ရှင်းပြသည်။
ချင်ယွင်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ကောင်းကင်ဘုံတန်ခိုးသည် ဤစကြဝဠာ တစ်ခုလုံးကို တာဝန်ယူထားသည်။ ထုံးစံအတိုင်း သူသည် လူတိုင်း၏ ခွန်အားကို သိရှိနိုင် သည်။ ထုံးစံအတိုင်း၊ လူတိုင်း၏ စွမ်းအားပြောင်းလဲမှုများကို ဖုံးကွယ်၍ မရပါ။ ထို့ကြောင့် ဤကောင်းကင်ဘုံတန်ခိုးသည် အမှန်ပင် အလွန်တရားဝင်လှပေ၏။
ဟုတ်ပါသည်, ခြွင်းချက်လည်း ရှိနေခဲ့ပါသည်။ ဥပမာအားဖြင့်၊ ချင်ယွင်သည် ကနဦး စကြဝဠာ၊ ကြေးဝါအပိုင်းအစများနှင့် နတ်ဆိုးနတ်ဘုရားကမ္ပည်းပြားတို့ကို ပိုင်ဆိုင်ထား သည်။ ဤအရာများသည် ဤစကြာဝဠာကို ကျော်လွန်၍ ချင်ယွင်၏ ခွန်အားအပေါ် အချိန်မရွေး သက်ရောက်မှုရှိစေသော တည်ရှိမှုများ ဖြစ်သည်။ ထို့ကြောင့်၊ ကောင်းကင်ဘုံ တန်ခိုး အဆင့်သတ်မှတ်ချက်သည် သူ၏ အစစ်မှန် ခွန်အားကို အမှန်တကယ် တိုင်းတာ၍ မရနိုင်ပေ။
သို့သော်လည်း ချင်ယွင်သည် ကောင်းကင်ဘုံတန်ခိုး၏ ရည်ရွယ်ချက်ကို နားမလည်ခဲ့ပေ။ သူသည် ကောင်းကင်တောင်တန်းကို ဖန်တီးခြင်းနှင့် ကောင်းကင်ဘုံတန်ခိုး အဆင့် သတ်မှတ်ချက်ကို တည်ထောင်ရာမှာ သူ့ကိုယ်ပိုင် ရည်ရွယ်ချက် ရှိရမည်။ သို့သော် ချင်ယွင်သည် ဤရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ပေ။
"ဆရာကြီး၊ ကျွန်တော် ရှေးခေတ်နတ်ဘုရားကမ္ဘာကို သွားတဲ့အခါ ကောင်းကင်နတ်ဘုရား အဆင့် သတ်မှတ်ချက်တွေနဲ့ ထိတွေ့ခွင့်ရမယ်လို့ ပြောခဲ့တယ် မဟုတ်လား။ ကျွန်တော်က အဆင့်သတ်မှတ်ချက်အတွက် ယှဉ်ပြိုင်ဖို့များ ဖြစ်နေနိုင်မလား" ချင်ယွင်သည် လေဟာနယ် ဘိုးဘေးနတ်ဘုရားကို ရုတ်တရက် ကြည့်လိုက်ပြီး မေးလိုက်သည်။
“မှန်တယ်ကွ, အဘိုးကြီးက သူ့ကိုတွေ့ချင်ရင်၊ မင်းက ကောင်းကင်နတ်ဘုရား အဆင့် သတ်မှတ်ချက်ရဲ့ ထိပ်တန်းဆယ်ယောက်ထဲ ဝင်ရမယ်တဲ့။ မဟုတ်ရင် သူက မင်းကို တွေ့မှာ မဟုတ်ဘူး။” လေဟာနယ်ဘိုးဘေးနတ်ဘုရားက ပြောသည်။
"ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်းဆယ်ယောက်၊ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။" ယုထန်းနူနှင့် ပတ်ဝန်းကျင်ရှိ အခြားလူများသည် ချက်ချင်း မျက်လုံး ပြူးကာ အေးစက်စက် လေကို ရှုရှိုက်လိုက်ကြသည်။ အမြဲတမ်း မည်သည့်ခံစားချက်ကိုမှ ထုတ်မပြတတ်သည့် ဝူဒေါင်ဇီပင်လျှင် ထိတ်လန့်တုန်လှုပ်သော အမူအရာ ရှိနေလေသည်။ ထင်ရှားသည်မှာ၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ထဲမှ ထိပ်တန်း ဆယ်ယောက်အတွက် လိုအပ်ချက်များသည် မနိမ့်ကျလှပေ။
"ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်းဆယ်ယောက်ထဲ ပါဝင်ဖို့ လား။ ဒါက အလွန်ခက်ခဲလို့လား။ ချင်ယွင်က ယုထန်းနူနဲ့ တခြားသူတွေကို ကြည့်ပြီး မေးသည်။
"ခက်ခဲရုံတင်မကဘူး၊ အဲဒါက ငရဲအဆင့်အခက်အခဲလို့ ပြောလို့ရတော့မှာပဲ။ ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်းဆယ်ယောက်က ဘာကိုဆိုလိုသလဲ မင်း သိရဲ့လား။ ဆိုလိုတာက မင်းဟာ ဘိုးဘေးနတ်ဘုရားနယ်ပယ်အောက်မှာ အသန်မာဆုံး ဆယ်ယောက်ထဲက တစ်ယောက် ဖြစ်လာပြီလို့ ဆိုလိုတာပဲ။ ရှေးခေတ်နတ်ဘုရားကမ္ဘာမှာ မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေအပြင် ရုပ်ကြွင်းအဆင့် ပုဂ္ဂိုလ်အချို့လည်း ရှိကောင်း ရှိနေနိုင်တယ်။ ဒီလူတွေဟာ သာမာန် သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေး နတ်ဘုရားတွေထက်တောင် ပိုစွမ်းထက်ကောင်း ထွက်နိုင်တယ်။” ယုထန်းနူက စိတ်လှုပ်ရှားစွာ ပြောသည်။
"ဒီလောက်ခက်တာလား?" ချင်ယွင်လည်း မှင်သက်သွားခဲ့သည်။
ယုထန်းနူသည် သူ့ရှင်းပြချက်မလုံလောက်ဟု ထင်နေပုံရသည်။ သူက ဝူဒေါင်ဇီကို အလျင်စလို ညွှန်ပြပြီး ပြောသည် "ဂျူနီယာညီငယ်, စီနီယာအစ်ကိုကြီး တိုက်ခိုက်တာကို မင်း တစ်ခါမှ မမြင်ဖူးပေမယ့် စီနီယာအစ်ကိုကြီးဟာ ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်မှာ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ မင်း သိထားသင့်တယ်။ ဒါပေမယ့် စီနီယာ အစ်ကိုကြီးက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့်ဘယ်လောက်ရှိလဲဆိုတာ မင်း သိလား.."
"ဘယ်လောက်လဲ? ငါးဆယ်လား?" ချင်ယွင် ကြိုးစားပြီး မှန်းဆကြည့်လိုက်သည်။
ဝူဒေါင်ဇီက ရှိုက်ကြီးတငင် ပြုံးပြီး ပြောသည် "ကောင်းကင်နတ်ဘုရား အဆင့် သတ်မှတ်ချက်မှာ အဆင့် ၁၂၀ ရှိတယ်။ ငါ့ရဲ့အဆင့်က ၁၁၉ ပဲ။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ရဲ့ အောက်ခြေကနေဆို ဒုတိယမြောက်ပေါ့။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ရဲ့ အဆင့် ၅၀ မြောက်လူက ငါ့ကို တိုက်ရိုက် ရိုက်သတ်နိုင်မယ်လို့ ငါ ခန့်မှန်းထားတယ်။ ငါ့မှာ တုန့်ပြန်ဖို့ ခွန်အားတောင် မရှိနိုင်ဘူး။"
ဝူဒေါင်ဇီ၏စကားကို ကြားသောအခါ ချင်ယွင် မှင်သက်သွားခဲ့ရပြန်သည်။
ဝူဒေါင်ဇီ၏ စွမ်းအားကို သူ ရှင်းရှင်းလင်းလင်း မသိသော်လည်း သူသည် သာမန် လူမဟုတ်ကြောင်း သေချာပါသည်။ သို့သော်၊ ထိုသို့သော ကျွမ်းကျင်သူသည် ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အောက်ဆုံးကနေ ရေတွက်လျှင် ဒုတိယအဆင့်သာ ရှိသည်။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင်ရှိသော ရွှေများ၏သန့်စင်မူ သည် သူ့ကို အမှန်တကယ် တုန်လှုပ်စေပါသည်။ (ဤနေရာ၌ ရွှေများ၏သန့်စင်မူဟူသည် တင်စား၍ ပြောဆိုခြင်း ဖြစ်ပါသည်။ ကောင်းကင်နတ်ဘုရားအဆင့် ကျွမ်းကျင်သူများထဲမှ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင်သူများကို သန့်စင်သောရွှေနှင့် တင်စား ထားခြင်း ဖြစ်ပါသည်။)
"ဘယ်လိုလဲ၊ ဂျူနီယာညီငယ်၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး ဆယ်ယောက်က ဘယ်လိုမျိုးတည်ရှိမူမျိုးလဲဆိုတာ မင်း သိပြီးလား။" ယုထန်းနူက ပြုံးပြီး ပြောသည်။
လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် ချင်ယွင် မည်သို့တုံ့ပြန်မည်ကို သိလိုသည့်အတိုင်း ချင်ယွင်ကို စေ့စေ့စပ်စပ် ကြည့်နေသည်။
ခဏလောက် စဉ်းစားပြီးနောက် ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးပြသည်။
"အချိန်ဘိုးဘေးနတ်ဘုရားက ကျွန်တော့်ကို ဒီလောက်အထင်ကြီးနေဖို့ မမျှော်လင့်ထား ဘူး။ ဒီလိုဆိုမှတော့ ကျွန်တော်ချင်ယွင်ကလည်း သူ့ကို သေချာပေါက် စိတ်မပျက်စေရပါ ဘူး။ ရှေးခေတ်နတ်ဘုရားကမ္ဘာမှာ ကျွန်တော့်ကိုတွေ့ဖို့ စောင့်နေပါ။ အဲဒီနေ့ကလည်း သိပ်ဝေးမှာ မဟုတ်ပါဘူး"
ချင်ယွင်က သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ထားပြီး သူ့မျက်လုံးတွေမှာ အဆုံးမဲ့ တိုက်ခိုက်လိုက်စိတ်များဖြင့် ပြည့်နေခဲ့သည်။