← Chapters

အခန်း ၁၆၁၀

Vol. 108 Ch. 1610

အခန်း ၁၆၁၀

Vol. 108 Ch. 1610

အခန်း (၁၆၁၀) ရှေးခေတ်နတ်ဘုရားကမ္ဘာ။

'ကောင်းပြီ၊ ငါ မင်းကို ပြောစရာရှိတာ ပြောပြီးသွားပြီ။ မင်းမှာ သံသယတွေ ရှိနေသေးရင်, မင်း ရှေးခေတ်နတ်ဘုရားကမ္ဘာကို ရောက်လာတဲ့အခါ သဘာဝကျကျ သိလာလိမ့်မယ်။ မင်းတို့ကို အခုပဲ ရှေးခေတ်နတ်ဘုရားကမ္ဘာကို ပို့တော့မယ်။ မင်းတို့ အဲဒီကနေ တစ်ခုခု ရနိုင်မလားဆိုတာ မင်းတို့ရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်လိမ့်မယ်။" လေဟာနယ် ဘိုးဘေး နတ်ဘုရားက ပြုံးပြီး ပြောသည်။

ချင်ယွင်က ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ လေဟာနယ်ဘိုးဘေးနတ်ဘုရား သည် သူ့ကို အဘယ့်ကြောင့် ဤမျှလောက် ကူညီပေးခဲ့လဲဆိုသည်ကို သူ မသိသော်လည်း လေဟာနယ်ဘိုးဘေးနတ်ဘုရားက သူ့အပေါ် ဆိုးရွားသည့် မည်သည့်ရည်ရွယ်ချက်မှ မရှိဟု သူ ခံစားရသည်။ လေဟာနယ်ဘိုးဘေးနတ်ဘုရားက သူ့ကို သူ့စိတ်နှလုံး အောက်ခြေကနေ ကူညီပေးနေချင်သည်ဟု ခံစားရသည့်အတွက် ချင်ယွင်လည်း လေဟာနယ်ဘိုးဘေးနတ်ဘုရားကို သူ့စိတ်နှလုံး အောက်ခြေကနေ လေးစားခဲ့ပါသည်။

ဘန်း…။

လေဟာနယ် ဘိုးဘေးနတ်ဘုရားသည် သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်စဉ်, ထူးဆန်းသော လှိုင်းလုံးကြီးတစ်ခုသည် သူ့ဝတ်စုံလက်မောင်းမှ ထွက်ပေါ်လာကာ၊ ချင်ယွင်နှင့် အခြားအရာများ၏ နောက်ကွယ်မှ လေဟာနယ်ကို ထိမှန်သွားခဲ့သည်။ ချက်ခြင်းပင်၊ ချင်ယွင်နှင့် အခြားလူများ၏ နောက်မှာ လေဟာနယ်တံခါးတစ်ခု ပေါ်လာသည်။

ချင်ယွင်နှင့် အခြားသူများသည် လှည့်ကြည့်လိုက်သောအခါတွင် ထူထပ်သော ရှေးဟောင်း အငွေ့အသက်တစ်ခုသည် သူတို့၏မျက်နှာဆီသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ ဤအငွေ့အသက်သည် နတ်ဘုရားကမ္ဘာ၏ ရှေးဦးအငွေ့အသက်ထက်ပင် ပို၍ ရှေးကျပါ သည်။

"ဒါက ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ အငွေ့အသက်လား။ ကနဦးစကြာဝဠာရဲ့ တောကန္တာရ အငွေ့အသက်နဲ့ ဆင်တူတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ရှေးခေတ်နတ်ဘုရားကမ္ဘာမှ ဆင်းသက်လာသော အငွေ့အသက်သည် သူ ကနဦးစကြဝဠာ ကို စတင်ဖွဲ့စည်းခဲ့စဉ်က သူရရှိခဲ့သော အငွေ့အသက်နှင့် အလွန်ဆင်တူလှသည်။ ၎င်းသည် စကြာဝဠာမှ ကျန်ရစ်ခဲ့သော ရှေးဦးအငွေ့အသက် ဖြစ်သည်။

"ဂျူနီယာ ညီလေး၊ မင်း ရှေးခေတ်နတ်ဘုရားကမ္ဘာကို ဝင်တဲ့အခါ သတိထားရမယ်။ မင်းက အခုလောလောဆယ် လိုက်လျောညီထွေ မဖြစ်နိုင်သေးဘူး" လျှိုဖန်းဟွာသည် ချင်ယွင်၏ နံဘေးသို့ လျှောက်သွားပြီး၊ အပြုံးနှင့်အတူ သူ့ပုခုံးကို ပုတ်လိုက်သည်။

"အိုး? ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ မြေဆွဲငင်အားက နတ်ဘုရားကမ္ဘာထက် ပိုပြင်းထန်လို့ လား" ချင်ယွင် မှန်းဆလိုက်သည်။

လျှိုဖန်းဟွာက ပြုံးပြီး ပြောသည် "သွားကြစို့။ ငါတို့ အထဲဝင်တဲ့အခါ မင်း သိလာလိမ့်မယ်"

ထိုစကားကို ပြောပြီးနောက် ဝူဒေါင်ဇီနှင့် အခြားလူများသည် လေဟာနယ် တံခါးဝသို့ လျှောက်သွားကာ ချင်ယွင်လည်း သံသယဖြင့် လိုက်ပါလာခဲ့သည်။

ဘန်း…။

သူသည် လေဟာနယ်တံခါးထဲသို့ ခြေချလိုက်သည်နှင့် တပြိုင်နက် ချင်ယွင်သည် သူ့ခန္ဓာကိုယ်မှ ပြင်းထန်သော ဆုတ်ဖြဲခြင်းစွမ်းအားကို ခံစားလိုက်ရသည်။ ထိုခံစားချက်က ဧရာမဘီလူကြီးတစ်ကောင်က သူ့လက်တွေနှင့် ခြေထောက်တွေကို ဆုပ်ကိုင်ပြီး အသဲအသန် ဆုတ်ဖြတ်လိုက်သည့်အတိုင်းပင်။ ယင်းက ပြင်းထန်သော နာကျင်မှုကို ခံစားရစေသည်။

ကံကောင်းထောက်မစွာ၊ ထိုနာကျင်မှုသည် ပျောက်ကွယ်မသွားမီ တခဏမျှသာ ကြာမြင့်ခဲ့ သည်။

သို့သော် ချင်ယွင်သည် စိတ်သက်သာရာရပြီး သက်ပြင်းတစ်ချက် မချနိုင်ခင်မှာ, ပြင်းထန် သော ဖိနှိပ်မှု ခံစားချက်တစ်ခုက အစားထိုးဝင်ရောက်ခဲ့သည်။ ထိုပြင်းထန်သော ဖိနှိပ်မူခံစားချက်က ဧရာမလက်ကြီးတစ်ဖက်က အပြင်းအထန် ဖိနှိပ်နေသည့်အလား အရပ်မျက်နှာအသီးသီးမှ ထွက်ပေါ်လာခဲ့ပြီး၊ သူ့ကို အသက်မရှူနိုင်အောင် ဖြစ်စေခဲ့သည်။

"ဝှီး…”

ချင်ယွင်သည် အသက်ပြင်းပြင်းရှူပြီး နတ်ဆိုးနတ်ဘုရား ကောင်းကင်ဘုံ လွှမ်းမိုးခြင်း ပညာရပ်ကို ဖြန့်ကျက်လိုက်သည်။ ထိုအခါမှသာ ဖိအားတွေ အများကြီး လျော့သွားခဲ့ သည်။

"ဘယ်လိုလဲ၊ ဂျူနီယာညီငယ်၊ ရှေးခေတ်နတ်ဘုရားကမ္ဘာက ဖိအားတွေက တော်တော် လေး ခံစားလို့ကောင်းတယ် မဟုတ်လား" လျှိုဖန်းဟွာက ချင်ယွင်ကို ကြည့်ကာ ပြုံးလိုက် သည်။ သူသည် ထိုဖိနှိပ်မှု လုံးဝ မခံရစားအလား စိတ်အေးလက်အေး သက်တောင့် သက်သာရှိနေသည်။

"ရှေးခေတ်နတ်ဘုရားကမ္ဘာက ဖိအားတွေက ဒီလောက်ပြင်းထန်လိမ့်မယ်လို့ ငါ တကယ် ကို မျှော်လင့်မထားခဲ့ဘူး။ နတ်ဘုရားတစ်ပိုင်း ကျွမ်းကျင်သူတောင်မှ အသားပြားအဖြစ် ကြိတ်ချေခံရမှာ ကြောက်မိတယ်။ ကြယ်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတောင်မှ ခံနိုင်ရည်ရှိဖို့ ခက်ခဲ့လိမ့်မယ်။" ချင်ယွင်က အပြင်းထန် အသက်ရူရင်း မောဟိုက်နေသည့် အသံဖြင့် ပြောလိုက်သည်။ သူ့မျက်လုံးထဲမှာ အံ့အားသင့်နေသည့် အမူအရာ ပေါ်လာ သည်။ အစောပိုင်းက အဲဒီခံစားချက်က အတော်ကို အဆင်မပြေလှပေ။ ထိုဖိအားအဆင့် သည် သူတစ်ခါမှ မကြုံဖူးသော အရာဖြစ်သည်။

"ဟား…၊ ဟား…၊ ဒါတော့ အမှန်ပဲ။ ဒီဖိအားက နတ်ဘုရားကမ္ဘာထက် အဆ ၁၀၀၀၀၀ ပို များတယ်။ ဒီမှာ ရှေးဉီးစွမ်းအင်က နတ်ဘုရားကမ္ဘာထက်ထက် အဆ ၁၀၀၀၀၀ ပိုသိပ်သည်းတဲ့အတွက်ကြောင့် အခုလို ဖိအားတွေ မြင့်မားနေရတာပဲ။" လျှိုဖန်းဟွာ ရယ်ပြီး ရှင်းပြသည်။

"အဆတစ်သိန်း?" ချင်ယွင်သည် အလွန်အံ့အားသင့်သွားသည့် အမူအရာကို ထုတ်ပြလိုက် သည်။ အဆ ၁၀၀၀၀၀ သိပ်သည်းဆသည် သူ၏ကျင့်ကြံမှု အရှိန်ကိုလည်း အဆ ၁၀၀၀၀၀ တိုးမြင့်လာနိုင်သည်ဟု ဆိုလိုသည်။ ထိုပါရမီရှင်များသည် ရှေးခေတ် နတ်ဘုရားကမ္ဘာတွင် နေလိုကြသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။

ချင်ယွင်သည် သူ့စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုကို ထိန်းထားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

ဤသည်မှာ လှိုင်းထနေသော တောင်တန်းများဖြင့် ဝန်းရံထားသည့် ရှေးဟောင်း တောအုပ် တစ်ခု ဖြစ်သည်။ တောင်ကျောက်တုံးများသည် နေရာတိုင်းတွင် ပြန့်ကျဲနေပြီး ထိုကျောက်များသည် အလွန်တရာမှ မာကျောသော အနက်ရောင် နတ်ဘုရားကျောက်တုံး များ ဖြစ်သည်။

အနက်ရောင် နတ်ဘုရားကျောက်တုံးများသည် နတ်ဘုရားကမ္ဘာတွင် ရှားပါးသော်လည်း ၎င်းတို့သည် ရှေးခေတ်နတ်ဘုရားကမ္ဘာတွင် သာမန်အရှိဆုံး ကျောက်များ ဖြစ်သည်။

ထိုမျှသာမကပေ။ ပတ်ဝန်းကျင်ရှိ တောင်များအားလုံးသည် ကောင်းကင်ယံရှိ တိမ်များ ပေါ်သို့ ကျော်တက်နေကာ နတ်ဘုရားကမ္ဘာထက် များစွာမြင့်မားသည်။

ကောင်းကင်ထက်မှာ နေတစ်စင်းသာ ရှိသည်မဟုတ် နေဆယ်စင်း ရှိနေသည်။ ဤနေလုံးကြီးများသည် ရထားဘီးများကဲ့သို့ ကြီးမားသောကြောင့် ပတ်ဝန်းကျင် အပူချိန် သည် အလွန်တရာ ပူပြင်းသောအဆင့်သို့ ရောက်ရှိသွားစေသည်။

"ရှေးခေတ်နတ်ဘုရားကမ္ဘာက နေ့ဘက်မှာ အလွန်ကို ပူပြင်းတယ်။ ဒီမီးလျှံ ကြယ် ဆယ်လုံးက စကြာဝဠာတစ်ခုလုံးမှာ အကြီးမားဆုံး မီးလျှံကြယ်ဆယ်လုံးပဲ။ ၎င်းတို့ရဲ့ အလင်းရောင်က ရှေးခေတ် နတ်ဘုရားကမ္ဘာတစ်ခုလုံးကို တောက်ပစေနိုင်တယ်။ တစ်ချိန်တည်းမှာပဲ၊ ညဘက်မှာဆို လကြယ်ကြီးဆယ်လုံး ရှိနေလိမ့်မယ်။ ဒါ့ကြောင့် အောက်တိုဘာလ ကောင်းကင်ယံဟာ ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ ထူးခြားတဲ့ မြင်ကွင်းတစ်ခု ဖြစ်တယ်။" လျှိုဖန်းဟွာသည် ချင်ယွင်၏ အံ့သြမှုကို မြင်ပြီး ရှင်းပြသည်။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်လုံးများသည် သိနားလည်သည့် အမူအရာ ကို ပေါ်လွင်စေသည်။

အင်မော်တယ်ကမ္ဘာ၊ နတ်ဘုရားကမ္ဘာ၊ သို့မဟုတ် ရှေးခေတ်နတ်ဘုရားကမ္ဘာ ဖြစ်ပါစေ၊ ၎င်းတို့အားလုံးတွင် ၎င်းတို့၏ကိုယ်ပိုင် မီးလျှံကြယ်များနှင့် လကြယ်များ ရှိမည်ဖြစ်သည်။ ၎င်းတို့သည် ဤဂြိုလ်များကို လှည့်ပတ်ကာ နေ့ရောညပါ တလှည့်စီ ဖြစ်ပေါ်လာသည်။ ရှေးခေတ်နတ်ဘုရားကမ္ဘာတောင်မှ ဤအချက်အတွက် ခြွင်းချက် မရှိပေ။ သို့သော်လည်း, မီးလျှံကြယ်ဆယ်လုံးသည် ကောင်းကင်တွင် စုဝေးနေသည့် မြင်ကွင်းမျိုးသည် ရှေးခေတ် နတ်ဘုရားကမ္ဘာသာ ရှိကောင်းရှိနိုင်သည်။

"ဒီရှေးခေတ်နတ်ဘုရားကမ္ဘာက ဘယ်လောက်ကြီးလဲ။" ချင်ယွင် လှည့်ပတ်ကြည့်ကာ မေးသည်။

လျှိုဖန်းဟွာ ပြုံးပြီး ပြန်မဖြေ။ တစ်ဖက်မှ၊ ရှောင်ယုက ရှင်းပြသည် "ရှေးခေတ်နတ်ဘုရား ကမ္ဘာက မင်းထင်ထားတာထက် ပိုကြီးတယ်။ တကယ်လို့ မင်း မေးတဲ့အတွက် ပြောရမယ် ဆိုရင်တော့ နတ်ဘုရားကမ္ဘာရဲ့ အဆတစ်ထောင်လောက်အထိ ကြီးနိုင်တယ်"

"အဆင်တစ်ထောင်?" ချင်ယွင်သည် မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်သော အမူအရာဖြင့် ပြောသည် "ဒါဆို ဒီနေရာက ဘယ်လိုနေရာမျိုးလဲ၊ တန်ခိုးကြီးတဲ့ ကောင်းကင်တောင်ကိုရောက်ဖို့ ဘယ်လောက်ကြာမှာလဲ"။

"ဒါက ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ အပြင်ဘက်ကျဆုံး ဒေသတစ်ခုပဲ။ ရှေးခေတ် နတ်ဘုရားကမ္ဘာရဲ့ အလယ်ဗဟိုမှာရှိတဲ့ တန်ခိုးကြီးတဲ့ ကောင်းကင်တောင်ကို ရောက်ဖို့ သုံးနှစ်လောက် အချိန်ယူရလိမ့်မယ်။" ရှောင်ယုက ဆက်ပြောသည်။

"သုံးနှစ်?" ချင်ယွင်သည် ချက်ချင်းပင် စကားမပြောနိုင်။

ရှေးခေတ်နတ်ဘုရားကမ္ဘာသည် ဤမျှကြီးမားမည်ဟု သူ မမျှော်လင့်ထားပေ။ သူ၏ အရှိန်ဟုန်ဖြင့်၊ သူသည် တစ်လအတွင်း နတ်ဘုရားကမ္ဘာတစ်ခုလုံးကို လှည့်ပတ်နိုင်မည် မဟုတ်ပေ။ အခုက ပိုတောင် ကောင်းနေသေးတယ်။ ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ အစွန်းကျဆုံး နေရာကနေ ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ အလယ်ဗဟိုကို ခရီးထွက်ဖို့ အချိန် သုံးနှစ်ကြာမည်။ ရှေးခေတ်နတ်ဘုရားကမ္ဘာသည် မည်မျှကြီးမားသည်ကို တွေးကြည့်နိုင်သည်။

"ဘာမှားလို့လဲ၊ ငါတောင် ကြောက်သွားတယ်။ စိတ်မပူပါနဲ့၊ ငါတို့ ရှေးခေတ် နတ်ဘုရား ကမ္ဘာမှာ အကြာကြီး နေရမှာပါ။ ဂျူနီယာ ညီငယ်လေး။ အချိန်ဘိုးဘေးနတ်ဘုရားက မင်း သူ့ကိုတွေ့နိုင်ဖို့ဆို ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်း ဆယ်ယောက်ထဲ ရောက်ဖို့လိုတယ်လို့ မပြောခဲ့ဘူးလား။ မင်းက ပါရမီရှင်တစ်ယောက် ဆိုရင်တောင် နှစ်တစ်သောင်း အချိန်မယူဘဲ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက် မှာ ထိပ်တန်းဆယ်ယောက်ထဲ ဝင်ဖို့က မဖြစ်နိုင်လောက်ဘူး။” ယုထန်းနူက ပြုံးပြီး ပြောသည်။

ဝူဒေါင်ဇီနှင့် အခြားသူများသည်လည်း ယုထန်းနူ၏စကားကို သဘောတူခဲ့ကြသည်။ ချင်ယွင်သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်းဆယ်ဦး စာရင်း ဝင်ရန် အလားအလာရှိသည်ဟု သူတို့ ယုံကြည်ထားသော်လည်း အချိန်ကြာမြင့်နေဦးမည် ဖြစ်သည်။ နောက်ဆုံးတွင်, ချင်ယွင်၏ လက်ရှိအင်အားဖြင့်ဆို, အဆင့်သတ်မှတ်ချက်တွေ ထဲက လက်ရွေးစင် ကျွမ်းကျင်သူအားလုံးကို မဆိုထားနှင့်, အဆင့်သတ်မှတ်ချက်အတွင်း ဝင်ရောက်ရန်ပင် အလှမ်းဝေးနေပါသေးသည်။ ထို့ကြောင့် နှစ်တစ်သောင်းသည် ချင်ယွင် အတွက် အမြင့်ဆုံး အကဲဖြတ်မှု ဖြစ်နေပါပြီ။

သို့သော် ချင်ယွင်က ဘာမှ မပြောပေ။ ယင်းအစား သူ တိတ်ဆိတ်သွားခဲ့သည်။

အနှစ်တစ်သောင်းလား..?

အနှစ်တစ်သောင်းသည် သူ့အတွက် ရှည်လျားလွန်းလှသည်။ အနှစ်တစ်သောင်း မဆိုထားနှင့်, နှစ်တစ်ထောင်ဆိုလျှင်ပင်, သူ လက်မခံနိုင်ပေ။

သေချာသည်မှာ၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွေက သူထင်ထားသ လောက် မရိုးရှင်းဘူးဆိုသည်ကိုလည်း သူနားလည်ပါသည်။ အဆင့်သတ်မှတ်ချက်အတွင်း ဝင်ရောက်နိုင်သူများသည် သေချာပေါက် အံ့ဖွယ်အဆင့် ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ ထိုအထွက်အထိပ် ကျွမ်းကျင်သူများကြားတွင် ထင်ပေါ်ကျော်ကြားရန်မှာ သူ့အတွက် အမှန်တကယ်ပင် ခက်ခဲပါသည်။

သို့သော် ပိုခက်ခဲလေ၊ ချင်ယွင်သည် ပို၍ ရဲရင့်လေဖြစ်သည်။ သူသည် မည်သည့် အခက်ခဲမျိုးကို ​ကြောက်​ဖူးလို့လဲ။

"အနှစ်တစ်ရာ၊ အနှစ်တစ်ရာအတွင်း ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်းဆယ်ဦး စာရင်းဝင်ရမယ်။" ချင်ယွင်က သူ့စိတ်ထဲမှာ ပြတ်ပြတ်သားသား ပြောလိုက်ပြီး၊ သူ့မျက်လုံးတွေက အနှိုင်းမဲ့ ထက်ရှသည့် အလင်းရောင်တွေနှင့် တောက်ပနေခဲ့သည်။

အကယ်၍, ဝူဒေါင်ဇီနှင့် တခြားသူတွေသာ ချင်ယွင် တွေးနေသည့်အရာကို သိခဲ့မည်ဆို လျှင်, သူတို့ မည်သို့ ခံစားရမလဲဆိုတာ သူ မသိပါဘူး။

All Chapters