အခန်း ၁၆၁၂
Vol. 108 Ch. 1612
အခန်း (၁၆၁၂) ဘေးအန္တရာယ်ကျရောက်လာခြင်း။
ခဏတဖြုတ် အနားယူပြီးနောက် ချင်ယွင်နှင့် အခြားသူများသည် တန်ခိုးကြီးသော ကောင်းကင်တောင်သို့ ခရီးစတင်ခဲ့ကြပြန်သည်။ မကြာခင်မှာဘဲ လျှိုဖန်းဟွာ စောစောက ပြောခဲ့သည့် အသုရာဒေသကို ရောက်ရှိလာခဲ့ကြသည်။
အသုရာဒေသသို့ ဝင်ရောက်ပြီးနောက်၊ ချင်ယွင်သည် အသုရာဒေသသည် အမှန်တကယ် ပင် သတ်ဖြတ်ခြင်းအငွေ့အသက်ကို ထုတ်လွှတ်ကြောင်း တွေ့ရှိရသည်။ ပတ်ဝန်းကျင်ရှိ တောတောင်များနှင့် သစ်တောများထဲမှ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက် ကြမ်းကြုတ်သည့် သားရဲများ ရံဖန်ရံခါ တွားသွားထွက်လာတတ်သည်။
သို့သော် ထိုရက်စက်ကြမ်းကြုတ်သော သားရဲများသည် အရိပ်ထဲမှာပင် ရှိနေကြပြီး၊ သူတို့ကို မတိုက်ခိုက်ခဲ့ပေ။ နောက်ဆုံးတွင်၊ ၎င်းတို့အားလုံးသည် ထက်မြက်သော ဉာဏ်ရည်ရည်သွေးကို ပိုင်ဆိုင်ထားကြပြီး၊ ချင်ယွင်နှင့် သူ့အဖွဲ့သည် မပျော့ညံ့ကြောင်း သူတို့ ခံစားနိုင်ကြသည်။
သေချာသည်မှာ, သေခြင်းတရားကို မကြောက်ကြသည့် သူတွေလည်း ရှိနေခဲ့ပါသည်။ ဥပမာအားဖြင့်၊ ချင်ယွင်နှင့် အခြားသူတို့သည် တောင်တန်းတစ်ခုသို့ ရောက်သောအခါ လူတစ်စုက သူတို့ကို တားဆီးကြသည်။
ဤအဖွဲ့တွင် စုစုပေါင်း လူဆယ့်ခြောက်ယောက်ရှိပြီး ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ အားမနည်းကြပေ။
၎င်းတို့ထဲမှ အားနည်းဆုံးသူများသည် အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေခဲ့ပြီး၊ အစွမ်းထက်ဆုံးမှာ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
၎င်းတို့ ရင်ဘတ်ပေါ်ရှိ အဝတ်အစားများတွင် ခရမ်းရောင် မီးတောက်သင်္ကေတတစ်ခုစီ ရှိနေကြသည်။ ၎င်းတို့သည် အုပ်စုတစ်စုဖြစ်ကြောင်း မြင်နိုင်သည်။
"ခရမ်းရောင်မီးတောက်အဖွဲ့၊ ဒီနေရာမှာ တွေ့ဆုံဖို့ မျှော်လင့်မထားဘူး။" လျှိုဖန်းဟွာသည် သူ့ရှေ့မှ လူဆယ့်ခြောက်ယောက်ကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်သည်။
ချင်ယွင်သည် သူ့ရှေ့မှ လူဆယ့်ခြောက်ယောက်ကို စူးစူးစိုက်စိုက် ကြည့်ရင်း အနည်းငယ် အံ့အားသင့်သွားသည်။
ဤလမ်းခရီးတစ်လျှောက်တွင် ခရမ်းရောင်မီးတောက်အဖွဲ့အကြောင်းကို လျှိုဖန်းဟွာ၏ မိတ်ဆက်စကားမှတဆင့် သူကြားထားပြီး ဖြစ်သည်။
အသုရာဒေသတွင် မရေမတွက်နိုင်သော အုပ်စုငယ်များ ရှိနေခဲ့သည်။ ၎င်းတို့သည် ကြီးကျယ်မြင့်မြတ်သော နတ်ဘုရားနန်တော်ကြီးလေးခုနှင့် မပတ်သက်ပေ။ ၎င်းတို့ အနက်မှ အကျော်ကြားဆုံးမှာ အသုရာအဖွဲ့အစည်း ဆယ့်နှစ်ဖွဲ့ဖြစ်ပြီး၊ ဤခရမ်းရောင် မီးတောက်အဖွဲ့သည် ၎င်းအဖွဲ့အစည်း ၁၂ ခုထဲမှ နောက်ဆုံးအဖွဲ့တစ်ခု ဖြစ်သည်။
ခရမ်းရောင်မီးတောက်အဖွဲ့သည် အဖွဲ့အစည်း ၁၂ ခုတွင် အဆင့် ၁၂ တွင် သတ်မှတ်ခံရ သော်လည်း ၎င်း၏အင်အားကို လျှော့တွက်၍ မရပေ။ အမှန်တကယ်တွင် ကောင်းကင်နတ် ဘုရားနယ်ပယ်မှ ထိပ်တန်းကျွမ်းကျင်သူနှစ်ဦးနှင့် နှောင်းပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူခြောက်ဦးတို့ ရှိနေခဲ့သည်။ ကျန်ဆယ်ယောက်မှာ ကောင်းကင် နတ်ဘုရားနယ်ပယ် အလယ်အလတ် ကျွမ်းကျင်သူများ ဖြစ်သည်။
နတ်ဘုရားကမ္ဘာတွင်၊ ၎င်းသည် တုနှိုင်းမရလောက်အောင် ကြောက်စရာကောင်းသော အင်အားစုတစ်ခု ဖြစ်မည်မှာ သေချာသည်။ သို့သော် ရှေးခေတ်နတ်ဘုရားကမ္ဘာတွင်၊ ၎င်းသည် အဖွဲ့အစည်း ၁၂ ခုတွင် အားအနည်းဆုံး ဖြစ်နေသည်။
သာမန် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များသည် အသုရာအဖွဲ့ အစည်း ၁၂ အနက်မှ တစ်ဖွဲ့ဖွဲ့နှင့် ကြုံတွေ့ရပါက လုယက်ခြင်း ခံရမည်ဖြစ်သည်။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူများ မဟုတ်ပါက၊ ကြီးမြတ်သော နတ်ဘုရားနန်းတော်ကြီး လေးခု၏အဖွဲ့ဝင်များပင် ရွေးချယ်စရာ မရှိပေ။
"လူတစ်ယောက်ကို ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်တစ်ထောင်၊ မဟုတ်ရင်, ဒီနေရာကနေ ဘယ်သူမှ အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူး။" လူ ၁၆ ယောက် ထဲမှ ထိပ်ပြောင်အမျိုးသားက ရှေ့ထွက်လာကာ ချင်ယွင်နှင့် အခြားလူများကို အေးစက် သော အပြုံးဖြင့် လှမ်းကြည့်လိုက်သည်။ သူ့လေသံက မောက်မာမှု အပြည့်နှင့်ပင်။
ချင်ယွင်သည် ထိပ်ပြောင်အမျိုးသားကို တစ်ချက်ကြည့်လိုက်သည်။ ထိပ်ပြောင်အမျိုးသား သည် အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူနှစ်ဦးထဲမှ တစ်ဦး ဖြစ်ကြောင်း သူ တွေ့ရှိရသည်။
သူ့နောက်တွင် ထွားကျိုင်းသန်မာပြီး မဟူရာအသားရေနှင့် အမျိုးသားတစ်ဦး ရပ်နေသည်။ သူသည် လက်နှစ်ဖက်ပိုက်ကာ ရပ်နေပြီး တူညီစွာပင် ကျီစားလိုသည့် ဟန်ပန်အမူအရာ ရှိနေသည်။ သူ့ခန္ဓာကိုယ်က မမြင်နိုင်သည့် လွှမ်းမိုးကြီးစိုးနိုင်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ဤလူသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ် ကျွမ်းကျင်သူ နောက်တစ်ယောက် ဖြစ်သည်။
အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင် နှစ်ဦးသည် ပူပေါင်းခြင်းဖြင့်, ယခင်ကဆို ဖိနှိပ်နိုင်ပြီး၊ လမ်းသွားလမ်းလာ ကျွမ်းကျင်သူ အများအပြား ကို ကြောက်ရွှံ့စေပြီး နာခံမှုရှိရှိဖြင့် ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်များကို လွှဲပြောင်းပေးရန် သေချာပေါက် ဖိနှိပ်နိုင်ပါလိမ့်မည်။ သို့သော် ချင်ယွင်နှင့် အခြားသူများ သည် သာမန်လူများ မဟုတ်ကြပေ။
"မင်းနာမည်က လူတောင် မဟုတ်လား" ဟုတ်ပါသည်, ထိုအချိန်မှာ အမြဲတမ်း တိတ်ဆိတ်နေသည့် ဝူဒေါင်ဇီက ထိပ်ပြောင်အမျိုးသားကို ကြည့်ပြီး ပြောလိုက်သည်။
'"မင်း ငါ့ကိုသိလို့လား။ ဒါလည်း ကောင်းပါတယ်။ ငါ မင်းတို့ကို ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်တွေကို နာခံမှုရှိရှိ လွှဲပေးဖို့ အကြံပေးလိုက်မယ်။ သိပ်အများကြီးလည်း မဟုတ်ပါဘူး။ လူတစ်ယောက်မှ တစ်ထောင်တည်းပါ။ ဒါဆို မင်းတို့လည်း ဘေးကင်းစွာ ထွက်သွားနိုင်ပြီ။ မင်း ငါတို့ကို မတိုက်ခိုက်ဖို့ ငါ ပြောထားချင်တယ်။ မင်းက ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီဆိုပေမယ့် ငါတို့မှာ ကောင်းကင်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်ပုဂ္ဂိုလ် နှစ်ယောက် ရှိတယ်။ အရေတွက် အရဆိုရင်လည်း မင်းတို့ဘက်မှာ ငါတို့လောက် မများဘူး။ ဒါကြောင့် မင်းတို့ မလွတ်မြောက်နိုင်ဘူး” ချင်ယွင်နှင့် အခြားလူများကို ဝါးစားလိုသည့်အလား ထိပ်ပြောင် အမျိုးသားက အထင်သေးစွာ ပြောလိုက်သည်။
သာမန် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသည် အချင်းချင်းကြားမှာ ကွာခြားမှု များစွာမရှိပေ။ ၎င်းတို့သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူများ မဟုတ်ပါက၊ အခြေခံအားဖြင့် မည်သည့်ကျွမ်းကျင်သူကမှ ကျွမ်းကျင်သူ နှစ်ဦးကို အနိုင်မယူနိုင်ပေ။
သို့သော် ကံမကောင်းစွာဖြင့်၊ သူတို့သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက် ဝင် ကျွမ်းကျင်သူတစ်ဦးနှင့် တွေ့ဆုံနေခဲ့သည်။
"မင်းက သေခြင်းတရားကို တောင်းခံနေတာဘဲ"
ဝူဒေါင်ဇီသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး ထိပ်ပြောင်အမျိုးသား ရှေ့တွင် ဖျတ်ခနဲ ပေါ်လာသည်။
"မကောင်းတော့ဘူး" ထိပ်ပြောင်အမျိုးသားသည် ထိတ်လန့်သွားသည်။ သူသည် အလျင် အမြန် နောက်ဆုတ်ချင်လာသည်။ ထိုလူသည် သူ့ရှေ့မှာ မည်သို့မည်ပုံ ပေါ်လာလဲဆိုသည် ကို သူ မမြင်လိုက်ရသည့်အတွက် အံ့သြသွားသည်။
"ဘုန်း…"
သို့သော် ထိပ်ပြောင်အမျိုးသားသည် နောက်မဆုတ်နိုင်ခင်မှာ ဝူဒေါင်ဇီသည် ထိပ်ပြောင် အမျိုးသား၏ ရင်ဘတ်ကို ရိုက်ချလိုက်ပြီး လွင့်ထွက်သွားလေသည်။
ထိပ်ပြောင်အမျိုးသား၏ ခန္ဓာကိုယ်သည် နောက်ပြန် လွင့်ထွက်သွားကာ သူ့နောက်ဘက်မှ ကြီးမားသောတောင်ကြီးတစ်ခုသို့ တိုက်ရိုက် ဝင်တိုက်ပြီး အနှိုင်းမဲ့ မာကျောသော တောင်နံရံပေါ်မှာ နက်ရှိုင်းသော တွင်းနက်ကြီးတစ်ခုကို ဖန်တီးလိုက်လေသည်။
နဂိုက မောက်မာနေသည့် လူအုပ်ကြီးသည် အဝေးမှ ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး၊ အလွန်မင်း တုန်လှုပ်သွားသည့် အမူအရာ ကိုယ်စီ ဖြစ်ပေါ်လာကြသည်။ လက်ပိုက်ရပ်နေသည့် လူထွားကြီးပင်လျှင် နှိုင်းစာ၍ မရသည့် လေးနက်သောအမူအရာကို ဖော်ပြနေသည်။
"မင်းက...ဘယ်သူလဲ?"
ထိပ်ပြောင်အမျိုးသားသည် တွင်းနက်ကြီးထဲမှ တွားသွားတက်လာကာ အဝေးမှာ ဝင့်ကြွားစွာရပ်နေသော ဝူဒေါင်ဇီကို ကြည့်လိုက်သည်။ သူက ကြောက်ရွံ့သော အမူအရာဖြင့် မေးလိုက်သည်။
"ငါ့နာမည် ဝူဒေါင်ဇီ" ဝူဒေါင်ဇီက သူ့နာမည်ကို ချက်ချင်း ကြေငြာလိုက်ပါသည်။
"မင်းက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၁၉ ရှိတဲ့ တာအို ရောင်း ရင်းဝူလား။" ထိပ်ပြောင်အမျိုးသား၏ သူငယ်အိမ်များသည် ချက်ခြင်း ကျုံ့သွားပြီး သူ့မျက်လုံးများတွင် ထိတ်လန့်သော အကြည့်များ ပေါ်လွင်လာသည်။
အခြားသော ခရမ်းရောင်မီးတောက် အဖွဲ့ဝင်များသည် ထိုစကားကို ကြားသောအခါတွင် သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သည့် အမူအရာများကို ဖော်ပြလာကြသည်။
သူတို့သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦးကို အမှန်တကယ် လုယက်မိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"မှန်တယ်၊ ငါပဲ။ ငါတို့ ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်တွေ လွှဲပေးဖို့ လိုသေးလား" ဝူဒေါင်ဇီက အေးစက်စွာ ပြောလိုက်သည်။
"မလိုဘူး၊ မလိုပါဘူး၊ ထိုက်တောင်ကြီးကို သတိမမူမိဘဲ သခင်ဝူကို စော်ကားမိတာ" ထိပ်ပြောင်အမျိုးသားက ဆောလျင်စွာ တောင်းပန်လိုက်သည်။
"ထွက်သွားစမ်း၊ ဝူဒေါင်ဇီက အေးစက်စွာ အော်ပြောလိုက်သည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ" ထိပ်ပြောင်အမျိုးသားသည် လွတ်ငြိမ်းချမ်းသာခွင့် ရသွားပြီး၊ ဝူဒေါင်ဇီက သူ့စကား ပြန်ရုတ်သိမ်းမည်ကို ကြောက်နေသည့်အလား သူ့အဖွဲ့နှင့်အတူ အဝေးသို့ ပျံသန်းသွားလေသည်။
ချင်ယွင်က စိတ်ပျက်လက်ပျက် ပျံသန်းသွားကြသည့် ခရမ်းရောင်မီးတောက်အဖွဲ့သားတွေ ကို ကြည့်လိုက်ပြီး စိတ်လှုပ်ရှားမူများ ပြည့်နှက်နေသည်။
မူလက သူသည် နောက်ထပ် တိုက်ပွဲကြီးတစ်ခုဖြစ်လာမည်ဟု ထင်ထားခဲ့သော်လည်း ဝူဒေါင်ဇီက သူတို့ကို ဤမျှလွယ်လွယ်ဖြင့် ကိုင်တွယ်နိုင်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ စီနီယာ အစ်ကိုကြီးဆုံးဖြစ်သူ ဝူဒေါင်ဇီ၏စွမ်းအားသည် ဤမျှအားကောင်းလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ခဲ့သော်လည်း ထိုထိပ်ပြောင်အမျိုးသားသည် ဝူဒေါင်ဇီ၏ လှုပ်ရှားမှုတစ်ကွက်တည်းကို ပင် မယှဉ်နိုင်ခဲ့ပေ။
"ဘယ်လိုလဲ? အကြီးဆုံး စီနီယာ အစ်ကိုကြီးက အရမ်းလွှမ်းမိုးနိုင်စွမ်း ရှိတယ်လို့ မင်း မထင်ဘူးလား။ ငါ မင်းကို ပြောပြမယ်။ အစ်ကိုကြီးရဲ့ ခွန်အားနဲ့ဆို သူတစ်ယောက်တည်းနဲ့ တောင် သူတို့ကိုအားလုံးကို သတ်ပစ်နိုင်တယ်။ ဒါ့ကြောင့်၊ သူတို့က စီနီယာအစ်ကိုကြီး လေတောင်မလည်ဝံ့တာ သဘာဝပဲ။ ဒါက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက် ဝင် ကျွမ်းကျင်သူတွေရဲ့ ခွန်အားပဲ”။ လျှိုဖန်းဟွာက ချင်ယွင်၏ ပခုံးကို ပုတ်ပြီး ပြုံးလိုက် သည်။
ထိုစကားကို ကြားတော့ ချင်ယွင်လည်း သူ့စိတ်ထဲ မကျေမနပ် ဖြစ်သွားသည်။
ဝူဒေါင်ဇီသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၁၉ သာရှိသော် လည်း ၎င်းတွင် ကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့် ခြိမ်းခြောက်နိုင်စွမ်းတို့ကို ပိုင်ဆိုင်ထားသည်။ အကယ်၍, သူသာ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်၏ ထိပ်တန်း ၁၀ ယောက်မှာ အဆင့်သတ်မှတ်ခံရပါက, သူ့မှာ မည်မျှ ကြီးကျယ်ခမ်းနားသည့် ခွန်အားမျိုး ရှိလာလိမ့်မည်နည်း။
"ကြည့်ရတာ, ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်းဆယ်ယောက် ဝင်ရမယ်ဆိုတဲ့မစ်ရှင်က တကယ်ကို ခက်ခဲပုံပဲ။ ဒါပေမယ့် ဒါက စိတ်ဝင်စားစရာကောင်း တယ်။" ချင်ယွင်က သူ့ကိုယ်သူ သူ့စိတ်ထဲမှာ ရေရွတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှု မရှိရုံသာမက သူ့နှလုံးသားထဲမှ တိုက်ခိုက်လိုစိတ်က ပို၍ပင် ပြင်းထန်လာခဲ့ သည်။
"အားလုံး သတိထားကြပါ။ ငါတို့ဆီ အရှိန်ဟုန်ပြင်းစွာ ပြေးဝင်လာတဲ့ အငွေ့အသက်တစ်ခု ကို ငါ ခံစားရတယ်။ အဲဒါက သေချာပေါက် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက် ဝင် ကျွမ်းကျင်သူတစ်ဦးပဲ။ ငါတို့အတွက် လာနေပုံရတယ်။"
သို့သော် ချင်ယွင်သည် သူ့စိတ်ထဲတွင် သက်ပြင်းချနေချိန်တွင် ဝူဒေါင်ဇီက ရုတ်တရက် ပြောလိုက်ပြီး သူ၏အမူအရာက အလွန်မင်း လေးနက်လာသည်။
ထိုစကားကို ကြားတော့ လူတိုင်း အံ့ဩသွားကြသည်။ သူတို့သည် ချက်ချင်း သဘော ပေါက်သွားသည်။ ဝူဒေါင်ဇီသည် လူတောင်နှင့် တခြားသူတွေကို အလွယ်တကူ ထွက်သွားခွင့် ပေးလိုက်ခြင်းက အံ့သြစရာ မရှိတော့ပါဘူး။ ပို၍ပင် အန္တရာယ်များသော ရန်သူတစ်ဦး ရောက်ရှိလာခြင်းကြောင့် ဖြစ်ပုံပေါ်သည်။
သို့သော် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူသည် မည်သူ ဖြစ်မည်နည်း။ သူကရော အဘယ့်ကြောင့် သူတို့နောက်ကို လိုက်လာရသနည်း။