← Chapters

အခန်း ၁၆၁၃

Vol. 108 Ch. 1613

အခန်း ၁၆၁၃

Vol. 108 Ch. 1613

အခန်း (၁၆၁၃) ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူ။

ဝှီး..။

လေတိုးသံတစ်ချက် ထွက်ပေါ်လာပြီးနောက်၊ ချင်ယွင်နှင့် အခြားလူများ၏ အထက် ကောင်းကင်ယံ၌ ရုပ်အသွင်တစ်ခု ပေါ်လာသည်။

ဤသည်မှာ ဆံပင်ဖြူရောင်၊ ချောမောသော ရုပ်ရည်အသွင်အပြင်၊ အဖြူရောင်ဝတ်ရုံနှင့် ပြေပြစ်သော အငွေ့အသက်ရှိသည့် လူငယ်တစ်ဦး ဖြစ်သည်။

သို့သော် သူ့အကြည့်က စူးရှလွန်းသည်။ ၎င်းသည် ချင်ယွင်နှင့် အခြားသူများ၏ ခန္ဓာကိုယ် အနှံ့ ဖြတ်တောက်သွားသည့် ထက်ရှသော ဓားတစ်စင်းနှင့် တူ၏။ အဆုံးတွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက် ရောက်ရှိသွားပြီး အပေါ်အောက် စုန်ဆန် ကြည့်လိုက်သည်။

ချင်ယွင်လည်း ထိုလူငယ်ကို ကြည့်နေသည်။ သူသည် သူ့ရှေ့က ဆံပင်ဖြူလူငယ်ကို သိရှိခြင်းမရှိကြောင်း သူသိသော်လည်း၊ ထိုလူငယ်က သူ့ကို သိရှိပုံရသည်။

"သူလား?"

တစ်ဖက်တွင်၊ လျှိုဖန်းဟွာက ထိတ်လန့်စွာ အသံထွက် ရေရွတ်လိုက်ပြီး သူ့မျက်နှာတွင် အံ့သြသည့် အမူအရာ ပေါ်လာသည်။

သူတင်မဟုတ်ပေ၊ ယုထန်းနူ၊ ရှောင်ယုနှင့် ဝူဒေါင်ဇီတို့လည်း သူတို့မျက်နှာပေါ်မှာ အံ့သြသည့် အမူအရာတွေ ဖြစ်ပေါ်နေသည်။ ရှင်းရှင်းပြောရလျှင်, ကောင်းကင်ပေါ်က ဆံပင်ဖြူဖြူလူငယ်ကို သူတို့အားလုံး သိကြပါသည်။

"သူက ဘယ်သူလဲ?" ချင်ယွင်က လျှိုဖန်းဟွာကို အသံထုတ်လွှင့်ကာ မေးလိုက်သည်။

"သူ့နာမည်က ပိုင်ချန်ဇီတဲ့။ သူက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်တယ်။ သူ့အဆင့်က စီနီယာအစ်ကိုကြီးရဲ့အထက်မှာ ရှိတယ်။ သူက အဆင့် ၁၁၅ မှာပဲ။ သူက တန်ခိုးကြီးတဲ့ ကောင်းကင်တောင်မှာ ကျင့်ကြံနေတာ မဟုတ်ဘူးလား။ သူဘာလို့ ဒီမှာ ပေါ်လာရတာလဲ" လျှိုဖန်းဟွာက အသံထုတ်လွှင့်မှုမှ တစ်ဆင့် ပြန်ကြားလိုက်သည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် ထိုအဖြူရောင်ဝတ်လူငယ်ကို သိရှိခြင်းမရှိကြောင်း ပို၍ပင် သေချာသွားပါပြီ။ သို့သော်လည်း တစ်ဖက်လူ၏ အကြည့်များသည် အစကတည်း က သူ့ခန္ဓာကိုယ်ပေါ်ကနေ ရွှေ့လျားခြင်း မရှိခဲ့ပေ။

"ပိုင်ချန်ဇီ, မင်း ဒီကို ဘာလာလုပ်တာလဲ" စကားပြောသည့်သူက ဝူဒေါင်ဇီ ဖြစ်သည်။ သို့သော်, သူ့မျက်လုံးတွေက သတိအပြည့်နှင့်ပင်။

ပိုင်ချန်ဇီဟုခေါ်သော ဆံပင်ဖြူလူငယ်သည် ဝူဒေါင်ဇီ၏စကားကို ကြားသောအခါ၊ နောက်ဆုံးတွင်, သူသည် ချင်ယွင်ထံမှ အကြည့်လွှဲလိုက်ပြီး ဝူဒေါင်ဇီထံ ကျရောက်သွား သည်။

"လူတစ်​​ယောက်​ကိုသတ်​ဖို့ ​ကောင်းကင်ဘုံတန်ခိုး သလင်း​​ကျောက်​တစ်​သိန်းကို တစ်​စုံတစ်​​ယောက်​က ငါ့ကို​ပေးခဲ့တဲ့အတွက် ဒီကို ရောက်လာခဲ့တာပဲ။ ဒါက မင်းနဲ့မဆိုင်​ပါဘူး။ ဝူဒေါင်ဇီ, မင်း ဝင်​မစွက်​ဖက်​ရင်​ ပို​ကောင်းမယ်​။" ပိုင်ချန်ဇီသည် ဝူဒေါင်ဇီကိုကြည့်ကာ အနှိုင်းမဲ့ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

ချင်ယွင်က မျက်မှောင်ကြုတ်လိုက်သည်။ ပိုင်ချန်ဇီ ပြောသည့်လူက သူပဲဆိုတာ သိသာပါ သည်။

ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်တစ်သိန်း။ သူ့ကိုသတ်ရန် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူများကို တောင်းဆိုခြင်း။ ထိုလူသည် သူ့ကို တကယ် ကို အထင်ကြီးပြီး၊ ဤမျှကြီးမားသည့် တန်ဖိုးကို ပေးချေချင်သည်။ ထိုလူသည် မြင့်မြတ်သော ကောင်းကင်ဘုံ နတ်ဘုရားနန်းတော်၏ ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေး နတ်ဘုရားဖြစ်မှန်း ချင်ယွင်အနေဖြင့် ခန့်မှန်းနေစရာပင် မလိုပါချေ။

ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် လေဟာနယ်ဘိုးဘေးနတ်ဘုရား၏ သဘောတူညီချက်ကြောင့် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားနိုင်ခြင်း မရှိပေ။ ထို့ကြောင့်၊ သူ့ကိုသတ်ရန် တစ်စုံတစ်ဦးကို ဖိတ်ကြားခြင်းသည် သင့်လျော်ပါသည်။

သို့သော် ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရား တိုက်ခိုက်လာသည့် အချိန်မှာပင် ကောင်းကင်ဘုံတန်ခိုး သလင်းကျောက်တုံးပေါင်း တစ်သိန်းဖြစ်လာမည်ဟု ချင်ယွင် မမျှော်လင့်ခဲ့ပေ။ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူ များကို လှုပ်ရှားရန် တောင်းဆိုခဲ့သည်။

အကယ်၍, ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူများ တိုက်ခိုက် လာပါလျှင်၊ ချင်ယွင်သည် အမှန်တကယ် အသက်ရှင်ရန် အခွင့်အလမ်း မရှိနိုင်တော့ပေ။

"ပိုင်ချန်ဇီ ၊ မင်း ထွက်သွားသင့်တယ်။ ချင်ယွင်က ငါ့ရဲ့ဂျူနီယာညီလေးပဲ။ ငါ ဒီမှာ ရှိနေသရွေ့, သူ့ကို သတ်ခွင့်မပေးနိုင်ဘူး။" ပိုင်ချန်ဇီသည် ချင်ယွင်ကို သတ်ဖြတ်ချင်နေ ကြောင်း ဝူဒေါင်ဇီက ရှင်းရှင်းလင်းလင်း သိသောကြောင့် အေးစက်စွာ ပြောလိုက်သည်။

"ဟမ့်၊ ငါ လူတစ်ယောက်ကို သတ်ချင်ရင်, မင်း ငါ့ကို တားနိုင်စွမ်းမရှိမှာ ငါ ကြောက်မိ တယ်" ပိုင်ချန်ဇီသည် အေးစက်စွာ ဟစ်အော်လိုက်ပြီး နောက်ကွယ်မှာ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။

ချင်ယွင်သည် အဖြူရောင် အလင်းတန်းတစ်ခုကိုသာ မြင်လိုက်ရသည်။ သူ့နှင့် ပေတစ်သောင်းအကွာတွင်ရှိနေသော ပိုင်ချန်ဇီသည် သူ့ရှေ့တွင် ပေါ်လာပြီး၊ လက်ဖဝါး တစ်ဖက်က ချင်ယွင်၏ မျက်နှာဆီသို့ တိုက်ရိုက် ရိုက်ချလာခဲ့သည်။

သူ့အရှိန်ဟုန်က မယုံနိုင်လောက်အောင် မြန်ဆန်လွန်းသဖြင့် ချင်ယွင်သည် မတုံ့ပြန်နိုင်ခဲ့ ပေ။ ထို့အပြင်၊ ပိုင်ချန်ဇီ၏ လက်ဖဝါးအတွင်းမှ စွမ်းအင်အတက်အကျလှိုင်းများသည် အလွန်မင်း ကြောက်မက်ဖွယ်ကောင်းပြီး သူ့ကို ချက်ချင်း သတ်ပစ်နိုင်လောက်သည်အထိ ကြောက်မက်ဖွယ်ကောင်းနေသည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်တဲ့ အရှိန်ဟုန်လဲ။ ဒါက ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတွေရဲ့ ခွန်အားပဲလား။" ချင်ယွင်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ သူ့မျက်နှာဆီသို့ လက်ဖဝါးတဖက် ရိုက်ခတ်လိုက် သည်နှင့် သူသည် ကူကယ်ရာမဲ့ စောင့်ကြည့်နေရုံသာ တတ်နိုင်ခဲ့ပြီး၊ သူ့ခန္ဓာကိုယ်က တုန့်ပြန်နိုင်စွမ်း မရှိခဲ့ပေ။

ကံကောင်းထောက်မစွာ, ပိုင်ချန်ဇီ၏လက်ဖဝါးက ချင်ယွင်၏မျက်နှာကို ထိခါနီးတွင်, ဝူဒေါင်ဇီက အချိန်မီပေါ်လာပြီး ပိုင်ချန်ဇီကို တားဆီးလိုက်ပါသည်။ ထို့နောက် သူတို့ နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြတော့သည်။

ချင်ယွင်သည် နောက်ဆုံး တုံ့ပြန်နိုင်စွမ်းမရှိခင်အထိ သူတို့နှစ်ယောက်သည် လေထဲတွင် တိုက်ပွဲပေါင်းများစွာ ဖလှယ်ပြီးသွားခဲ့ပြီ။ ချင်ယွင်၏ မျက်လုံးတွေက အံ့ဩဘနန်း ကောင်းကင်ယံကို စိုက်ကြည့်နေသည်။

ထိုအခိုက်အတန့်တွင် သူသည် သေလုမျောပါးအခြေအနေမှ လွတ်မြောက်ခဲ့သည်။ အကယ်၍, ထိုလက်ဖဝါးရိုက်ချက်သာ သူ့ခန္ဓာကိုယ်ကို ရိုက်မိခဲ့ပါက, သူ့တစ်ကိုယ်လုံး ကြေမွသွားမည် ဖြစ်သည်။ ၎င်းသည် သူ့ကနဦးစကြာဝဠာ၏ အရင်းမြစ်ကိုပင် ထိခိုက် စေနိုင်သော်လည်း, သူသည် ပိုင်ချန်ဇီ၏ရှေ့တွင် လက်တုံ့ပြန်ရန် ခွန်အားအနည်းငယ်မျှပင် မရှိခဲ့ပေ။

"ယုထန်းနူ၊ အမြန်ဆုံး ချင်ယွင်ကို ခေါ်သွားလိုက်ပါ။ ငါက သူ့အတွက် ပြိုင်ဘက် မဟုတ် ဘူး။ ငါ သူ့ကို အချိန်အကြာကြာ ထိန်းထားရုံပဲ တတ်နိုင်တယ်။" ချင်ယွင်သည် သူ့စိတ်ထဲ တွင် ထိတ်လန့်နေချိန်မှာ, ဝူဒေါင်ဇီ၏ အသံက သူတို့လေးယောက်၏ စိတ်ထဲမှာ ထွက်ပေါ် လာပါသည်။

ဝူဒေါင်ဇီသည် ပိုင်ချန်ဇီထက် အဆင့်လေးခုသာ နိမ့်ကျသော်လည်း ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦးစီကြားတွင် ကွာဟချက်က ကြီးကြီးမားမား ရှိနေခဲ့သည်။ ထို့ကြောင့်၊ ဝူဒေါင်ဇီသည် ပိုင်ချန်ဇီ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။

"ကောင်းပြီ" ယုထန်းနူသည် ဝူဒေါင်ဇီ၏အသံကို ကြားလိုက်သောအခါ၊ သူသည် ချက်ချင်း သဘောတူလိုက်သည်။ ထို့နောက် သူက ချင်ယွင်ဘက်သို့ တိုက်ရိုက် သွားပြီး "ဂျူနီယာ ညီငယ်၊ သွားကြစို့၊ စီနီယာ အစ်ကိုကြီးက ကြာကြာမထိန်းနိုင်လောက်ဘူး၊ ငါတို့ အမြန်ဆုံး ထွက်သွားရမယ်" ပြောလိုက်သည်။

"ကောင်းပြီ" ချင်ယွင်က ခေါင်းညိတ်ပြပြီး၊ ယုထန်းနူနှင့် အခြားလူများ၏ ဦးတည်ရာ နောက်သို့ လိုက်မသွားခင် ဝူဒေါင်ဇီကို ကျေးဇူးတင်စွာဖြင့် လှည့်ကြည့်လိုက်သည်။

ချင်ယွင် ထွက်ခွာသွားသည်ကို မြင်လိုက်ရတော့ ပိုင်ချန်ဇီ၏ မျက်လုံးတွေက အုန့်မှိုင်းလာခဲ့ သည်။ သူသည် ဝူဒေါင်ဇီ၏ တိုက်ခိုက်မှုများကို အရူးအမူး ဖယ်ရှားနေပြီး၊ ဝူဒေါင်ဇီလည်း အနည်းငယ်မျှပင် ဖြတ်ကျော်ခွင့်ပြုရန် ဆန္ဒမရှိပေ။ သူသည် ပိုင်ချန်ဇီကို အသည်းအသန် တိုက်ခိုက်ပြီး သူ့ကို နည်းမျိုးစုံဖြင့် တားဆီးထားသည်။

"ဟမ့်၊ ဝူဒေါင်ဇီ မင်းက မင်းရဲ့ဂျူနီယာညီကို ဒီလိုအနေထားမျိုးနဲ့ ကာကွယ်ပေးနိုင်မယ်လို့ ထင်နေတာလား။ မင်း စိတ်ကူးယဉ်နေတာ ရပ်တန့်လိုက်ဖို့ ငါ မင်းကို ပြောချင်တယ်။ ဒီတစ်​ခါ သူ့ကိုလာတိုက်​တဲ့လူက ငါတစ်​​ယောက်​တည်း မဟုတ်​ဘူး" ပိုင်ချန်ဇီက ​အေးစက်​စွာ ဟစ်​​အော်​လိုက်​ပြီး သူ့မျက်​လုံး​တွေထဲ ​အေးစက်​​နေသည့် အပြုံးတစ်​ပွင့် ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။

ထိုစကားကိုကြားတော့ ဝူဒေါင်ဇီသည် မှင်သက်သွားခဲ့ပြီး ချင်ယွင်အတွက် စိတ်ပူစ ပြုလာ သည်။

...

ချင်ယွင်နှင့် အခြားသူများသည် အရှေ့အရပ်သို့ တလျှောက်လုံး လျှောက်လာခဲ့ကြသော် လည်း၊ မကြာမီတွင် အနက်ရောင် တိုက်ပွဲဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသည် မဝေးသော တောင်ထိပ်တစ်ခုပေါ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသော ကြောင့် သူတို့ ရပ်တန့်လိုက်ကြသည်။

"လခွမ်း၊ သူလည်း တကယ်ကို ရောက်လာတာပဲ" ယုထန်းနူသည် မလှမ်းမကမ်း တောင်ထိပ်ပေါ်ရှိ လူကို လှမ်းကြည့်ရင်း သူ့မျက်ခုံးများက တွန့်သွားခဲ့သည်။

ရှောင်ယုနှင့် လျှိုဖန်းဟွာတို့သည်လည်း သူတို့၏မျက်နှာပေါ်တွင် လေးနက်သော အမူအရာများ ရှိနေကြသည်။ အဝေးကလူက သူတို့ကို ပြင်းထန်သည့် ဖိအားများ ပေးနေသည်မှာ ထင်ရှားပါသည်။

"သူကရော ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဉီးများ ဖြစ်နိုင်မလား။" ချင်ယွင်က အသံလွှင့်ကာ မေးလိုက်သည်။

ယုထန်းနူသည် ချင်ယွင်၏အသံကို ကြားသောအခါ၊ သူက ခေါင်းညိတ်ပြီး တုန့်ပြန်သည် "မှန်တယ်၊ ဒီလူကလည်း ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူ တစ်ဉီးပဲ။ ဒါပေမယ့်၊ သူ့အဆင့်က စီနီယာအစ်ကိုကြီးထက် တစ်ဆင့်နိမ့်တယ်။ သူက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ နောက်ဆုံးအဆင့် ဖြစ်တယ်။ သူ့နာမည် က ဟုန်လဲ့တဲ့။"

"ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ နောက်ဆုံးနေရာလား?" ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက်မိပါသည်။

ကျောက်စိမ်းဓားဧကရာဇ် ဘိုးဘေးနတ်ဘုရားသည် သူ့ကိုသတ်ဖြတ်ရန် ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင်သည့် ကျွမ်းကျင်သူနှစ်ယောက်ကို စေလွှတ်မည်ဟု သူ မထင်ထားခဲ့ပါဘူး။ သူသည် တကယ်ပဲ သူ့ကို အထင်ကြီးနေခဲ့သည်။

"ဂျူနီယာ ညီငယ်၊ ငါတို့သုံးယောက်ကတော့ ဒီဟုန်လဲ့ကို တားဆီးဖို့ အတူတူ ပူးပေါင်းရ လိမ့်မယ်။ မင်းတစ်ယောက်တည်း ဒီနေရာကနေ ထွက်သွားပေတော့။ ဒါပေမယ့်, ငါတို့ လည်း သူ့ကို ခဏလောက်တောင် တားဆီးနိုင်မလားပဲ။ မင်း လွတ်မြောက်နိုင်စွမ်း ရှိမရှိက တော့ မင်းရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်တော့တယ်။" ယုထန်းနူက ချင်ယွင်ကို အသံပို့လွှတ် မူမှတစ်ဆင့် ပြောကြားလိုက်သည်။

"ဒုတိယ စီနီယာ အစ်ကို၊ ငါဒီမှာနေပြီး မင်းတို့နဲ့ အတူတူတိုက်ခိုက်ကြမယ်လေ" ချင်ယွင် က ပြောသည်။

"မဟုတ်ဘူး၊ မင်း ထွက်သွားရမယ်။ သူတို့ရဲ့ပစ်မှတ်က မင်းပဲ။ မင်းထွက်သွားတာက အကောင်းဆုံး နည်းလမ်းပဲ။ မဟုတ်ရင် စီနီယာအစ်ကိုကြီးတွေက မင်းကို ဂရုမစိုက်နိုင်ရင် မင်း သေရုံတင်မကဘူး၊ ငါတို့လည်း ဒုက္ခရောက်လိမ့်မယ်။" စကားပြောသူမှာ ရှောင်ယု ဖြစ်ပြီး သူမ၏လေသံမှာ ပြင်းပြင်းထန်ထန် အမိန့်ပေးသည့်သဘောကို သယ်ဆောင်ထား သည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် သူ့ရင်ထဲမှာ ရုတ်တရက် စိတ်လှုပ်ရှားမူကို ခံစားလိုက်ရသည်။ ခဏလောက် စဉ်းစားပြီးနောက် သူက ခေါင်းညိတ်ပြလိုက်သည်။

ချင်ယွင် ခေါင်းညိတ်ပြသည်ကို မြင်တော့ ရှောင်ယုနှင့် တခြားလူများသည် သူတို့၏ စိတ်နှလုံးထဲတွင် သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ ထိုမှသာ သူတို့သည် အဝေးမှ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူကို လှည့်ကြည့်လိုက်ကြသည်။

All Chapters