အခန်း ၁၆၁၄
Vol. 108 Ch. 1614
အခန်း (၁၆၁၄) မင်းက အရည်အချင်း မပြည့်မီဘူး။
"မင်းတို့ သုံးယောက်ထဲနဲ့ ငါ့ကိုတားဖို့ ကြိုးစားချင်တာလား။ အနက်ရောင် ချပ်ဝတ် တန်ဆာဝတ်လူက နောက်ဆုံးတွင် စကားပြောလာခဲ့ပြီး၊ သူ့လေသံက မထီမဲ့မြင်ပြုသည့် အရိပ်အမြွက်ကို သယ်ဆောင်လာသည်။
ထိုသို့ပြောပြီးသည်နှင့်, သူက တောင်ထိပ်ပေါ်ကနေ ခုန်ဆင်းလိုက်ပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ ကျယ်လောင်သော မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာပြီး သူ့ခြေဖဝါးအောက်ရှိ ကျောက်တုံးများသည် ပင့်ကူမျှင်များကဲ့သို့ ပြန့်ကျဲသွားလေသည်။
ယုထန်းနူနှင့် အခြားသူများသည် ဤမြင်ကွင်းကို မြင်သောအခါ မျက်ခုံးပင့်သွားကြသည်။ ဤအနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် သူတို့ကို ပြင်းထန်သည့် ဖိအားများ ပေးနေခဲ့သည်။ ဤအနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူ၏ ခန္ဓာကိုယ်အပေါ်မှ လွှမ်းမိုး ကြီးစိုးနေသော အငွေ့အသက်ကို သူတို့ ခံစားနိုင်သည်။
"ဟမ့်၊ ငါတို့သေရင်တောင်, မင်းတို့က မင်းကို ဂျူနီယာညီငယ်ကို သေချာပေါက် ထိခိုက် အောင်လုပ်ခွင့် မပြုနိုင်ဘူး" ယုထန်းနူက အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့မျက်လုံးများ က အနှိုင်းမဲ့ ပြတ်သားလာသည်။
သူတင်မကပေ။ လျှိုဖန်းဟွာနှင့် ရှောင်ယုတို့လည်း သူတို့၏ လက်နက်တွေကို တိုက်ရိုက် ထုတ်လိုက်ကြပြီး တိုက်ခိုက်ရန် အသင့်အနေအထား ပြင်ဆင်လိုက်ကြပါသည်။
"ဒါဆို မင်းတို့အားလုံး သေရလိမ့်မယ်" ဟုန်လဲ့၏ မျက်လုံးများတွင် အထင်မြင်သေးသည့် အရိပ်အယောင် ပေါ်လာသည်။ ထို့နောက် သူသည် မြေပြင်ပေါ် ခြေဆောင့်နင်းလိုက်ပြီး လျှပ်စီးလက်သလို ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
"ဂျူနီယာ ညီငယ်၊ ပြေးတော့"
ဟုန်လဲ့သည် သူတို့ထံသို့ ဦးတည်ပြေးဝင်လာသည်ကို ယုထန်းနူ မြင်သောအခါ၊ သူသည် တိုက်ရိုက် ရင်ဆိုင်ရန် တွန့်ဆုတ်မနေခဲ့ပေ။ တစ်ချိန်တည်းမှာပင်၊ သူသည် ချင်ယွင်ထံသို့ အသံပို့လွှတ်ရန်လည်း မမေ့ခဲ့ပေ။
လျှိုဖန်းဟွာနှင့် ရှောင်ယုတို့သည် သူတို့ဓားရှည်များကို ထုတ်ပြီး ဟုန်လဲ့ဆီသို့ တဟုန်ထိုး ပြေးသွားကြသည်။
"ကောင်းပြီ!"
ချင်ယွင်သည် အနည်းငယ် မလိုလားသော်လည်း သူ့စိတ်ထဲမှာ အရှုံးပေးလိုခြင်း မရှိသေး ပေ။ သို့သော် သူသည် အကူညီမပေးနိုင်သည့်အပြင် ယုထန်းနူနှင့် တခြားသူတွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမည်ကို သူ သိပါသည်။
ထို့အပြင်၊ ယုထန်းနူနှင့် အခြားသူများသည် လေဟာနယ်ဘိုးဘေးနတ်ဘုရား၏ တပည့် များ ဖြစ်သည်။ ဤဟုန်လဲ့သည် တခြားရွေးချယ်စရာ ရှိခဲ့လျှင် သူတို့ကို သေချာပေါက် သတ်ပစ်မည် မဟုတ်ပေ။
ထို့ကြောင့် ချင်ယွင်သည် တုန့်ဆိုင်းမနေတော့ဘဲ သူ၏ရုပ်အသွင်က နောက်ကွယ်မှ ပုံရိပ် အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။
ယုထန်းနူနှင့် အခြားသူများ တားဆီးခြင်းခံထားရသော ဟုန်လဲ့သည် ချင်ယွင် ထွက်ပြေး သွားသည်ကို တွေ့လိုက်ရပြီး သူ့မျက်လုံးများက ဒေါသထွက်သည့်အသွင်ကို ပေါ်လွင်စေ သည်။
"မင်းတို့က ငါ့ကို တားချင်နေတာက သေချင်နေလို့ပဲ"
ဟုန်လဲ့က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး လက်သီးဖြင့် ထိုးလိုက်သည်။ သူ့လက်သီးမှ ထွက်ပေါ်လာသော စွမ်းအားသည် ယုထန်းနူနှင့် အခြားသူများကို ချက်ချင်း လွင့်ထွက် သွားစေသည်။
ဟုန်လဲ့သည် ယုထန်းနူနှင့် တခြားလူတွေကို လက်သီးတစ်ချက်ဖြင့် တွန်းထုတ်လိုက် သည်။ ထို့နောက် သူသည် တုန့်ဆိုင်းမနေဘဲ အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ၊ ချင်ယွင်နောက်သို့ လိုက်ပါသွားခဲ့သည်။
သို့သော်၊ ယုထန်းနူနှင့် အခြားသူများသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့ သည်။ သူတို့သည် သူတို့ရင်ဘတ်တွေကို ဖုံးအုပ်ထားပြီး ပါးစပ်ထဲမှ သွေးများ အန်ထုတ် လိုက်ရသည်။ ချင်ယွင်ထွက်ပြေးသွားသည့် ဦးတည်ရာအရပ်သို့ လှည့်ကြည့်လိုက်ရင်း တီးတိုးရေရွတ်လိုက်ကြသည် "ဂျူနီယာ ညီငယ်ရေ၊ ငါတို့လည်း မင်းကို ဒီလောက်ပဲ ကူညီနိုင်တယ်။ ကျန်တာတော့ မင်းရဲ့ ကံကြမ္မာပေါ်မှာပဲ မူတည်တယ်"။
ဟုန်လဲ့သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး၊ နောက်ဆုံးတွင် သူသည် သူတို့ပင် ဆန့်ကျင်နိုင်သည့် အရာမဟုတ်ပေ။
နောက်ဆုံးတွင် ယုထန်းနူနှင့် ရှောင်ယုတို့၏ ကျင့်ကြံမှုသည် နှောင်းပိုင်း ကောင်းကင် နတ်ဘုရားအဆင့်တွင်သာ ရှိသေးပြီး၊ လျှိုဖန်းဟွာသည် အလယ်လတ် ကောင်းကင် နတ်ဘုရားအဆင့်မှာပင် ရှိသေးသည်။ သူတို့ကြားက ခွန်အားကွာခြားချက်က အရမ်းကို ကြီးမားလွန်းနေသည်။
ယခုအချိန်တွင်၊ သူတို့သည် ချင်ယွင်တစ်ယောက် ဤဘေးဆိုးကြီးမှ လွတ်မြောက်ရန် ဆုတောင်းရုံသာ တတ်နိုင်ပါတော့သည်။
…
ချင်ယွင်သည် စိတ်ပျက်အားငယ်စွာဖြင့် တောင်ဘက်အရပ်သို့ ဦးတည်ကာ ရှေ့သို့ တိုးလာခဲ့သည်။
ယုထန်းနူနှင့် အခြားသူများ၏ ခွန်အားဖြင့်ဆိုပါက, သူတို့သည် ဟုန်လဲ့ကို အကြာကြီး တားဆီးနိုင်မည် မဟုတ်ကြောင်း သူ သိသောကြောင့် သူသည် တတ်နိုင်သမျှ ထွက်ပြေးခဲ့ရ သည်။
"ကောင်စုတ်လေး၊ မင်း မလွတ်မြောက်နိုင်ဘူး။ မင်း သေခြင်းတရားကို နာခံပြီး စောင့်စားလိုက်တော့”
သို့သော် ချင်ယွင်သည် အကြာကြီး မပြေးရသေးခင်မှာ သူ့နောက်မှ ကျယ်လောင်သော အော်သံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် အခြေအနေ မကောင်းကြောင်း ချက်ချင်း သဘောပေါက်လိုက်သည်။ ဟုန်လဲ့ သူ့ကိုအမီလိုက်နိုင်သည့်အချိန်က သူ မျှော်လင့်ထားသည့် အချိန်ထက် အများကြီး ပိုမြန်နေသည်။
"နဂါးအတောင်ပံ၊ ငါ့အတွက် ပွင့်လာစမ်း.."
ချင်ယွင်သည် တွန့်ဆုတ်မနေတော့ပေ။ သူသည် နဂါးအတောင်ပံများကို တိုက်ရိုက် အသုံးပြုပြီး ပုံရိပ်ယောင်အသွင်ပြောင်းခြင်းနတ်ဘုရားစွမ်းရည်ကို တစ်ပြိုင်နက် အသုံးပြု ခဲ့သည်။ သူ့အရှိန်ဟုန်က ရုတ်တရက် နှစ်ဆတိုးလာပြီး ဟုန်လဲ့နှင့် အကွာအဝေးတစ်ခုကို တစ်ဖန် ပြန်ဖွင့်လိုက်သည်။
"အယ်?" ချင်ယွင်ကို ဖမ်းမိတော့မည်ဟု မူလက ထင်နေခဲ့သော ဟောင်လီသည် ချင်ယွင်၏ အရှိန်ဟုန်က ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို တွေ့လိုက်ရလျှင် သူ့မျက်လုံးများက အံ့အားသင့်ဟန် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သို့သော် ထိုအံ့သြမှုက ဆော့ကစားလိုသည့်အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
"စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီသားကောင်က သာမန်မဟုတ်ဘူးလို့ ထင်ရတယ်။ မူလက မကြာခင် အဆုံးသတ်တော့မယ်လို့ ငါထင်ခဲ့ပေမယ့် ဒီလောက် စိတ်ဝင်စားစရာ ကောင်းမယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဒါပေမယ့်, တကယ်လို့ မင်းသာ ဒီလိုပုံစံမျိုးနဲ့ ငါ့လက်ဖဝါးကနေ လွတ်မြောက်သွားခဲ့ရင် ငါဟုန်လဲ့က ကောင်းကင်နတ်ဘုရား အဆင့် သတ်မှတ်ချက်ဝင်ဖြစ်ဖို့ မထိုက်တန်ဘူး။" ဟုန်လဲ့၏ ပါးစပ်ထောင့်စွန်းများက အနည်းငယ် လှုပ်ခါသွားကာ သူ့မျက်လုံးများက ရုတ်တရက် အေးစက်သွားခဲ့သည်။ ထို့နောက်, သူသည် လေဟာနယ်ထဲ ခြေချောင်းများဖြင့် ထောက်လိုက်သည်။
ရုတ်တရက် လျှို့ဝှက်ဆန်းကြယ်သော ပုံစံတစ်ခု ထွက်ပေါ်လာပြီးနောက် အမြန်နှုန်း စွမ်းအားက နှစ်ဆတိုးမြင့်လာခဲ့သည်။
ရလာဒ်အနေနှင့်၊ ချင်ယွင်နှင့် အမြန်နှုန်း ကွာခြားချက်ကြားကို ခုန်တက်သွားခဲ့ပြီး၊ ကွာဟချက်အကန့်သတ်က ကျဉ်းမြောင်းသွားခဲ့သည်။
"အယ်?" ချင်ယွင်သည် သူ့နောက်မှ ပြင်းထန်သော အငွေ့အသက်တစ်ခု ထပ်မံ ချဉ်းကပ် လာသည်ကို ခံစားလိုက်ရပြီး သူ့မျက်နှာမှာ အံ့အားသင့်သည့် အမူအရာ ပေါ်လာသည်။
သူသည် ပုံရိပ်ယောင်အသွင်ပြောင်းခြင်း နတ်ဘုရားစွမ်းရည်နှင့်အတူ နဂါးအတောင်ပံများ ကို ဖော်ထုတ်ခဲ့သော်လည်း သ့်အမြန်နှုန်းသည် ကောင်းကင်နတ်ဘုရား အဆင့် သတ်မှတ် ချက်ဝင် ကျွမ်းကျင်သူများထက် အားနည်းနေသေးသည်။ သို့သော်လည်း သူသည် ထိုပြင်းထန်သော စွမ်းအားကို မတွန်းလှန်နိုင်သေးပေ။ ယင်းအစား, သူ့အနားကို တဖြည်းဖြည်း မှီလာခဲ့သည်။ ဤအချက်မှတဆင့်, ကောင်းကင်နတ်ဘုရား အဆင့် သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူများသည် အချည်းနှီးမဟုတ်ကြောင်း ရှုမြင်နိုင်သည်။
"ကောင်စုတ်လေး၊ မင်း ငါ့ရဲ့ လက်ငါးချောင်းတောင်တန်းကြီးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလို့ ငါ ပြောခဲ့ပါတယ်။ မင်းရဲ့သေခြင်းတရားကို နာခံမှုရှိရှိနဲ့ လက်ခံလိုက်ပါ။"
ရုတ်တရက် ချင်ယွင်၏ နောက်ကနေ ကျယ်လောင်သည့် ရယ်မောသံတစ်ခု ထွက်ပေါ်လာ သည်။ ထို့နောက် ချင်ယွင်သည် သူ့နောက်ကျောကို အရူးအမူး တိုက်ခိုက်လာသည့် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရပြီး သူ့နောက်ကျောမှ ဆံပင်များ လှုပ်ခါသွားခဲ့သည်။
"မကောင်းတော့ဘူး"
တုန့်ဆိုင်းခြင်းမရှိဘဲ ချင်ယွင်က ပြန်လှည့်ပြီး လက်သီးတစ်ချက် ပစ်ထိုးလိုက်သည်။
“ဘုန်း…"
ကောင်းကင်ကြီး တုန်လှုပ်သွားသည့် ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ လက်သီးသည် ဟုန်လဲ့၏ လက်သီးချက်ကို တိုက်ရိုက် ထိမှန်သွားခဲ့သည်။
"ဖျစ်...."
ချင်ယွင်၏ လက်မောင်းတစ်ဘက်လုံး ချက်ချင်း ကွဲကြေသွားကာ ကောင်းကင်ယံ အပြည့် သွေးမှုန်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် ကြွေကျနေသော ဥက္ကာပျံတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျကာ မြေပြင်ပေါ်တွင် နက်ရှိုင်း သော တွင်းနက်ကြီးတစ်ခု ဖန်တီးလိုက်သည်။
ရှေးခေတ်နတ်ဘုရားကမ္ဘာ၏ ကျောက်ဆောင်များသည် အနှိုင်းမဲ့မာကျောပြီး၊ မာကျောမူ အရာမှာ အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်းများနှင့် ယှဉ်နိုင်သည်။ ချင်ယွင်၏ ခန္ဓာကိုယ်သည် မြေကြီးပေါ်တွင် တွင်းနက်ကြီးတစ်ခုကို ဖြိုခွဲလိုက်ခြင်းကြောင့် ဟုန်လဲ့၏ လက်သီးသည် မည်မျှ အစွမ်းထက်ကြောင်း ပြသရန် လုံလောက်ပါသည်။
"အလွန်ပြင်းထန်တယ်။ ဒီလက်ချက်က ဘာလို့ ဒီလောက်တောင် ပြင်းထန်ရတာလဲ" ချင်ယွင်သည် တွင်းနက်ကြီးထဲမှ ကုန်းထရန် ရုန်းကန်လိုက်ရသော်လည်း သူ့ခန္ဓာကိုယ် တစ်ဝက်ကျော်မှာ ပြင်းထန်စွာ ပျက်စီးသွားသည်ကို တွေ့လိုက်ရသည်။
သူ့လက်ရှိခန္ဓာကိုယ်သည် အစောပိုင်း ကောင်းကင်နတ်ဆိုးနတ်ဘုရား နယ်ပယ်ကို ဖြတ်ကျော်သွားပြီဖြစ်ကြောင်း တစ်စုံတစ်ယောက်သည် သိထားရမည်။ ကာယကြံ့ခိုင်မှု အရ၊ သူ့ခန္ဓာကိုယ်သည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းတစ်ခုနှင့် ယှဉ်နိုင်သည်ဟု ဆိုနိုင်သည်။ သို့သော် သူ့ရှေ့မှထိုလူ၏ ပြင်းထန်သော လက်သီးချက်ကြောင့် သူ့ခန္ဓာကိုယ် သည် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့ပြီး လက်တစ်ဖက်ပင် ကျိုးကြေသွားခဲ့သည်။ သူ့ကို ထိုကဲ့သို့ ပျက်ဆီးအောင်လုပ်နိုင်သည့် ထိုလက်သီးချက်သည် မည်မျှ ပြင်းထန်လိုက် သနည်း။
ထို့အပြင်၊ ဟုန်လဲ့သည် သူ့ခွန်အားကို အပြည့်အ၀ အသုံးပြုခဲ့ပုံမရချေ။ သူ့ခွန်အား၏ တစ်ဝက်ကိုပင် အသုံးချခဲ့ပုံမပေါ်ချေ။
"ခွန်အားကွာခြားချက်က အရမ်းကြီးလွန်းတယ်။ သူက ငါ့အတွက် လုံးဝကို ပြိုင်ဘက် မဟုတ်ဘူး။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။ သူ့ရှေ့က ဤဟုန်လဲ့သည် အစွမ်းထက်လွန်းပြီး သူ ဆန့်ကျင်ဘက်ပြုနိုင်သည့် တည်ရှိမူမဟုတ်သည်မှာ သေချာပါ သည်။ ထို့ကြောင့်, အကယ်၍, သူသာ ဆက်လက် တိုက်ခိုက်နေမည်ဆိုပါက သေခြင်း တရားက သူ့ကို စောင့်ကြိုနေလိမ့်မည်။
သို့သော် သူထွက်ပြေးချင်လျှင်ပင် ထွက်ပြေးနိုင်စွမ်း မရှိပေ။ ထိုဟုန်လဲ့၏ အရှိန်သည် သူ့ထက်ပင် ပိုမြန်နေသည်။ ချင်ယွင်သည် ကနဦးစကြဝဠာထဲမှာ ပုန်းအောင်းချင်သော် လည်း, သူသည် အရွှေ့ကို မလှုပ်ရှားချင်ပေ။ နောက်ဆုံးတွင်၊ ဟုန်လဲ့သည် သူ၏ ကနဦး စကြာဝဠာ တည်ရှိမှုကို ရှာဖွေတွေ့ရှိမည် မဟုတ်ကြောင်း သူ အာမခံဝံ့ခြင်း မရှိပေ။
"မင်းရဲ့စွမ်းအားက အရမ်းအားနည်းလွန်းတယ်။ ခုခံတာကို စွန့်လွှတ်ဖို့ ငါ အကြံပေးချင် တယ်။ ငါ မင်းကိုသတ်ချင်ရင် အလွယ်လေးလို့ ပြောလို့ရတယ်။" ဟုန်လဲ့က လေဟာနယ် ရပ်နေပြီး အောက်မှာရှိသည့် ယုန်တစ်ကောင်ကို ငုံ့ကြည့်နေသော လင်းယုန်ငှက်ကဲ့သို့ ချင်ယွင်ကို ငုံ့ကြည့်နေသည်။ သူသည် အနိုင်ရမည်ဟု ယုံကြည်မူ အပြည့်ရှိသည်။
ချင်ယွင်သည် ထိုစကားကို ကြားသောအခါ သူ့မျက်လုံးများတွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။ တွင်းနက်ကြီးထဲမှ မတ်တပ်ထရပ်ရန် ကြိုးစားရုန်းကန်ရင်း၊ မောက်မာခြင်း မရှိသလို နှိမ့်ချခြင်းမရှိသည့် မျက်လုံးများဖြင့် ကောင်းကင်ယံမှ ဟုန်လဲ့ကို ကြည့်လိုက် သည်။ သူက စကားတစ်လုံးချင်း ပြောလိုက်သည် "မင်းရဲ့ ခွန်အားက ငါ့ထက် သန်မာနေ တာ ငါ ဝန်ခံပါတယ်။ ဒါပေမယ့် မင်းငါချင်ယွင်ကို သတ်ဖို့တော့ အရည်အချင်း မရှိသေး ဘူး၊”