← Chapters

အခန်း ၁၆၁၅

Vol. 108 Ch. 1615

အခန်း ၁၆၁၅

Vol. 108 Ch. 1615

အခန်း (၁၆၁၅) ကြေကွဲဖွယ်။

ချင်ယွင်၏ စကားတွေက မြေပြင်ပေါ်သို့ ပြိုဆင်းလာသော မိုးခြိမ်းသံကဲ့သို့ ကျယ်လောင် ပြီး၊ သူ့မျက်လုံးတွေက ခိုင်မာသည့် အလျှော့မပေးသောဆန္ဒများဖြင့် ပြည့်နှက်နေပါသည်။

"အရည်အချင်း မပြည့်မီဘူးလား။ ငါ့မှာ အရည်အချင်း ရှိမရှိ မင်း မြင်စေရမယ်။" ဟုန်လဲ့ သည် ချင်ယွင်၏စကားကို ကြားသောအခါ သူ့မျက်လုံးများတွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ခမ်းနားထည်ဝါသော အငွေ့အသက် တစ်ခု ကောင်းကင်နှင့်မြေကြီးအနှံ့ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်။

သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် နောက်ဆုံးအဆင့်၌သာ ရှိနေသော်လည်း၊ သူ့စွမ်းအားသည် သာမန် အထွတ်အထိပ် ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်သည့်အရာ မဟုတ်သည်မှာ သေချာပါသည်။ ထို့အပြင်, သူ့ရှေ့မှာ ဤကောင်စုတ်လေးသည် အစောပိုင်း ကောင်းကင်နတ်ဆိုး နတ်ဘုရားနယ်ပယ်မှာသာ ရှိသေးတယ်။ သူသည် အထွက်အထိပ် ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများအောက်ပင် နိမ့်ကျသေးသည်။ သူကများ သူ့ကို အရည်အချင်း မပြည့်မှီဟု အမှန်တကယ် ပြောရဲသည်။ သူ့ယုံကြည်မှုက မည်သည့်နေရာက လာမှန်း သူ တကယ် မသိတော့ပေ။

"ဘုန်း…"

လေထဲတွင် ဟုန်လဲ့၏ခန္ဓာကိုယ်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထုတ်လွှတ် လိုက်ပြီး၊ သူ့တစ်ကိုယ်လုံးသည် အနက်ရောင်မျဉ်းကြောင်းတစ်ခုအဖြစ် တိုက်ရိုက် ဆွဲထုတ်သွားကာ ချင်ယွင်ဆီသို့ ချက်ချင်း ပြေးဝင်သွားခဲ့သည်။

နဂါးတစ်ပိုင်း အခြေအနေသို့ ဝင်ရောက်ရင်း ချင်ယွင်၏ သူငယ်အိမ်များသည် ချက်ခြင်း ကျုံ့သွားသည်။ သူ၏ခန္ဓာကိုယ်ရှိ နတ်ဆိုးနတ်ဘုရားတန်ခိုးစွမ်းအားသည် ချက်ချင်း လောင်ကျွမ်းသွားပြီး သူ၏ခန္ဓာကိုယ်သည် ပုံမှန်ထက် ကျော်လွန်သော အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ချင်ယွင်သည် ဤအရာအားလုံးကို ပြီးဆုံးသည်နှင့်တပြိုင်နက် ဟုန်လဲ့၏ ပြင်းထန်သော ခန္ဓာကိုယ်က ချက်ချင်း ရောက်ရှိလာခဲ့သည်။

"ဘုန်း…"

ချင်ယွင် မတုံ့ပြန်နိုင်ခင်မှာ သူ့ရင်ဘတ်ထဲမှ ကျယ်လောင်သည့် ပေါက်ကွဲအသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ချင်ယွင်၏တစ်ကိုယ်လုံးသည် မြေပေါ်သို့ နောက်ပြန် လွင့်ထွက်သွားကာ သူ့ရင်ဘတ်ပေါ်ရှိ အကြေးခွံများလည်း ပေါက်ကွဲသွားပြီး အသွေး အသားစများဖြင့် ရွှဲနစ်သွားသည်။

သို့သော်လည်း ချင်ယွင် မြေပြင်ပေါ် မကျဆင်းခင်မှာ သူ့နောက်မှာ ပုံရိပ်တစ်ခု ပြန်ပေါ် လာသလို ခံစားလိုက်ရပြီး၊ ကောင်းကင်နှင့် မြေကြီးကို ဖြိုခွဲရန် လုံလောက်သည့် နောက်ထပ် လက်သီးတစ်ချက်က လိုက်ပါလာခဲ့သည်။

ချင်ယွင်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ချက်ခြင်းဆိုသလို မြေပြင်ပေါ်သို့ အပြင်းအထန် ပစ်ကျသွားပြီး၊ အနှိုင်းမဲ့ မာကျောသော မြေပြင်ပေါ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ကျောက်တောင်တွေ တုန်ခါပြီး၊ ပဲ့တင်ထပ်အသံက ကောင်းကင်ယံကိုပင် တုန်လှုပ်စေ၏။

ချင်ယွင်သည် ကမ္ဘာကြီး ချာချာလည်ပတ်နေပြီဟု ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး အလွန်မင်း နာကျင်နေပါသည်။ သူ့တစ်ကိုယ်လုံး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။ သူ့ခန္ဓာကိုယ်တွင် မပျက်ဆီးသည့် အစိတ်ပိုင်းဟူ၍ မရှိပေ။

"မင်း ဘယ်လိုထင်လဲ။ ငါအရည်အချင်း မပြည့်သေးဘူးလို့ မင်း ထင်နေသေးလား" ဟုန်လဲ့သည် သူ့မျက်လုံးများတွင် ကျီစယ်လှောင်ပြောင်သော အမူအရာဖြင့် မြေပြင်ပေါ် တွင် လဲလျောင်းနေသော ချင်ယွင်ကို ငုံ့ကြည့်နေသည်။

ချင်ယွင်ကို ကိုင်တွယ်ရန် သူ့ခွန်အား၏ ဆယ်ပုံတစ်ပုံကိုပင် သူ အသုံးမပြုခဲ့ပေ။ သူ့ရှေ့မှ ဤကောင်စုတ်ကို ချေမွပစ်ရန်မှာ လုံးဝ လွယ်ကူလွန်းသည်ဟု ပြော၍ရပါသည်။

"မလောက်ဘူး"

ချင်ယွင်က အရှုံးမပေးဟန်ဖြင့် အော်ပြောလိုက်သည်။ သူ့လည်ချောင်းမှာ သွေးတွေရွှဲနေ ပြီး၊ သူ့မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်မူများဖြင့် ပြည့်နေခဲ့သည်။

ဟုန်လဲ့၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် ပေါ်လာသည်။ သူသည် ချင်ယွင်၏ နဂါးအမြီးကို တိုက်ရိုက် ဆွဲကိုင်လိုက်ပြီး အစွမ်းရှိသမျှ ယမ်းလိုက်သည်။

"ဘုန်း…၊ ဘုန်း…၊ ဘုန်း…၊ ဘုန်း…."

ချင်ယွင်၏ ခန္ဓာကိုယ်သည် သဲအိတ်တစ်အိတ်ကဲ့သို့ ဖြစ်နေခဲ့သည်။ ဤပြင်းထန်သော ခွန်အားကြောင့် အပြန်ပြန် အလှန်လှန် ပစ်ချခံနေရသည်။ သူ့မျက်နှာက အနှိုင်းမဲ့ မာကျောသော မြေပြင်ပေါ်သို့ ပစ်ရိုက်ခံရပြီး တုန်ခါသံများ တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာသည်။

ဟုန်လဲ့ ရပ်တန့်မသွားခင် ထိုပြင်းထန်သော တုန်ခါသံများ အကြိမ်ပေါင်းများစွာ ထွက်ပေါ်နေသည်။

ဟုန်လဲ့သည် ချင်ယွင်၏ နဂါးအမြီးကို မြှောက်လိုက်ပြီး အေးစက်သော အပြုံးဖြင့် သူ့ကို ကြည့်လိုက်သည်။ သူက “အခုရော လုံလောက်ပြီလား” ထပ်မေးသည်။

ယခုအချိန်တွင် ချင်ယွင်သည် သေလုမျောပါး ဖြစ်နေခဲ့ပြီ။ သူ့မျက်နှာတစ်ခုလုံး လုံးဝ ပုံပျက်သွားခဲ့ပြီ။ သူသည် အနှိုင်းမဲ့ သနားစရာကောင်းလွန်းနေပြီဟုသာ ပြောနိုင်ပါတော့ သည်။ ထိုရက်စက်ကြမ်းကြုတ်သော မြင်ကွင်းရှေ့မှာ သူသည် လုံးဝ အရုပ်တစ်ရုပ်လိုပင်။

"ဒီနေ့ မင်း ငါ့ကိုလုပ်ခဲ့သမျှ တစ်နေ့ နှစ်ဆ ပြန်ပေးဆပ်ရမယ်။" ချင်ယွင်က အလျော့မပေး သော အကြည့်ဖြင့် ပြောလိုက်သည်။

ဟုန်လဲ့၏လုပ်ရပ်များသည် သူ့နှလုံးသားအတွင်းမှ ဂုဏ်သိက္ခာကို နှိုးဆွပေးခဲ့ပြီး ကြီးမားသော ဒေါသလှိုင်းကြီးက သူ့နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

"နှစ်ဆ ပြန်ပေးဆပ်ရမှာလား? မင်းမှာ အဲဒီနေ့မျိုး မရှိတော့မှာ ငါ ကြောက်မိတယ်။ ဘာလို့ဆို ဒီနေ့ကို မင်း သေချာပေါက် အသက်ရှင်လျှက် မဖြတ်သန်းနိုင်တော့လို့ပဲ" ဟုန်လဲ့က အေးစက်စွာ ရယ်မောပြီး လက်သီးဖြင့် ထိုးလိုက်ပြန်သည်။

ဤတစ်ကြိမ်တွင် သူ့လက်သီးမှာ တုနှိုင်းမရအောင် ပြင်းထန်သော နတ်ဘုရားတန်ခိုး စွမ်းအားများ ပါ၀င်နေခဲ့ပြီး၊ ထိုတန်ခိုးစွမ်းအားက အရင်ကထက် ပိုကြောက်စရာကောင်း သည်။

"ဘုန်း.."

ထိုလက်သီးချက်ကြောင့် ချင်ယွင်၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် ပုံသဏ္ဍာန် ပျက်ယွင်း သွားခဲ့သည်။ သူ့ခန္ဓာကိုယ်သည် အလွန်လျင်မြန်သော အရှိန်ဖြင့် နောက်ပြန် လွင့်သွားကာ၊ သူ့ရင်ဘတ်မှာ အနှိုင်းမဲ့ကြီးမားသည့် သွေးထွက်သံယို အပေါက်ကြီးတစ်ခု ပေါ်လာသည်။

ချင်ယွင်သည် သူ့ခေါင်းထဲ ပြင်းထန်စွာ မူးဝေခြင်းကို ခံစားခဲ့ရသည်။ ပြင်းထန်သော နာကျင်မှုသည် သူ့ဦးနှောက်အနှံ့ ပြည့်နေပြီး သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်မှု လုံးဝ ဆုံးရှုံးသွား စေသည်။

"ငရဲကိုသွားလိုက်တော့.."

ဟုန်လဲ့က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ သူသည် ကြယ်ခုနစ်စင်းပေါ် ခြေနင်းလိုက်သည်နှင့် သူ့ပုံရိပ်က ချင်ယွင်၏ နောက်သို့ အမှန်တကယ် လိုက်ပါသွားပြန် သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော လက်သီးချက်သည် ချင်ယွင်၏ မျက်ခုံးနှစ်ခု ကြား နေရာဆီသို့ အညှာအတာမဲ့စွာ တိုးဝင်လာလေသည်။

ထိုလက်သီး၏ အစွမ်းက အကန့်အသတ်မရှိ ဖြစ်နေပြီ။ အကယ်၍ ချင်ယွင်၏ ခန္ဓာကိုယ် သည် ထိုလက်သီးချက်သာ ထိမှန်ခံရပါက, လုံးဝ ပျက်စီးသွားမည်ဖြစ်ပြီး၊ ဟုန်လဲ့သည် ချင်ယွင်၏ ကနဦးစကြာဝဠာကို မြင်တွေ့သွားမည် ဖြစ်သည်။ ထိုအချိန်တွင် ချင်ယွင်သည် အမှန်တကယ် သေဆုံးသွားပေလိမ့်မည်။

ဘန်း….။

သို့သော် ထိုအချိန်တွင် ချင်ယွင်၏ မျက်ခုံးကြားမှ ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ဟုန်လဲ့၏ ကျဆင်းလာသော လက်သီးချက်မှ သူ့ကို အတင်းကြပ် တွန်းထုတ်လိုက်သည်။

ချင်ယွင်သည် ထိုစွမ်းအားကို ခံစားမိပြီး သူ့ပါးစပ်ထောင့်မှ သနားစဖွယ် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

"လျှိုဘို၊ မင်း နောက်ဆုံးတော့ လှုပ်ရှားပြီပေါ့။" ချင်ယွင်သည် လျှိုဘိုထံသို့ အသံထုတ် လွှင့်မှုပေးပို့ခဲ့ပြီး သူ့ခန္ဓာကိုယ်သည် ထိုတန်ပြန်ရိုက်ချက်နှင့်အတူ အဝေးသို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့သည်။

"ဟမ့်၊ ငါ လှုပ်ရှားချင်တယ်လို့များ မင်း ထင်နေလား။ တကယ်လို့, ငါ မလှုပ်ဘူးဆိုရင် မင်းရဲ့ရုပ်ခန္ဓာကိုယ်က ပျက်ဆီးသွားလိမ့်မယ်။ အဲဒီအချိန်မှာ မင်းရဲ့ လျှို့ဝှက်ချက်အားလုံး ဖော်ထုတ်ပြီးသာ ဖြစ်သွားလိမ့်မယ်။" လျှိုဘို၏ မကျေမနပ်အသံက ချင်ယွင်၏စိတ်ထဲ တွင် ထွက်ပေါ်လာသည်။

ထိုစကားကိုကြားတော့ ချင်ယွင်က ခါးသီးဖွယ် အပြုံးကို ထုတ်ဖော်လိုက်မိပါသည်။

လျှိုဘို ပြောသည်မှာ မှန်ပေသည်။ သူ၏ဒန်တန်သည် ကနဦးစကြဝဠာနှင့် ချိတ်ဆက်ရန် အဓိကသော့ချက် ဖြစ်သည်။ အကယ်၍ သူ့ခန္ဓာကိုယ် ပြိုကွဲသွားပါက သူ၏ ကနဦး စကြာဝဠာလမ်းကြောင်းသည် လေထဲတွင် ပေါ်လွင်နေပေလိမ့်မည်။ ဟုန်လဲ့၏ အစွမ်းဖြင့်၊ သူသည် ထိုလမ်းကြောင်း၏ တည်နေရာကို သေချာပေါက် ရှာဖွေတွေ့ရှိ နိုင်မည် ဖြစ်ပြီး ချင်ယွင်၏ အသက်အန္တရာယ်သည် အမှန်တကယ်ပင် ခြိမ်းခြောက်ခံရလိမ့်မည်။

“လျှိုဘို၊ ဒီလူကို ဘယ်လိုနည်းနဲ့ အနိုင်ယူရမလဲ။” ချင်ယွင်က အသံထုတ်လွှင့်မှုမှတဆင့် ဆက်မေးသည်။

"အနိုင်ယူဖို့လား။ စိတ်ကူးယဉ်တာ ရပ်လိုက်စမ်းပါ။ မင်းရဲ့ လက်ရှိအင်အားနဲ့ ဒီလူကို အနိုင်ယူဖို့ မဖြစ်နိုင်ဘူး။ အခု မင်းတွေးရမယ့် တစ်ခုတည်းသောအရာက ထွက်ပြေးဖို့ပဲ။ ထွက်ပြေး လွတ်မြောက်မှပဲ မင်း အသက်ရှင်ဖို့ အခွင့်ရေးရှိမယ်။" အသံထုတ်လွှင့်မှုမှ တစ်ဆင့် လျှိုဘိုက ပြောသည်။

"ဘယ်လိုပြေးရမှာလဲ?" ချင်ယွင်က ဆက်မေးသည်။

ဤရက်စက်ကြမ်းကြုတ်သောလူ၏ မျက်နှာရှေ့မှောက်တွင် သူသည် ကနဦးစကြာဝဠာထဲ သို့ လုံးဝ မဝင်နိုင်ပါ။ ထိုသို့မဟုတ်လျှင်, ဟုန်လဲ့သည် ကနဦးစကြာဝဠာကို သေချာပေါက် ရှာဖွေတွေ့ရှိသွားလိမ့်မည်။ ထို့ကြောင့် သူ ထွက်ပြေးရန် အခြားနည်းလမ်းတစ်ခုကိုသာ စဉ်းစားနိုင်လိမ့်မည်။

"နည်းလမ်းတစ်ခုတော့ ရှိတယ်။ ဒါပေမယ့် မင်း တန်ဖိုးကြီးကြီးပေးရမယ်။" လျှိုဘိုက လေးလေးနက်နက် ပြောသည်။

"ဘာတန်ဖိုးလဲ?" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

"တန်ဖိုးကတော့ မင်းရဲ့ နတ်ဆိုးနတ်ဘုရားကျင့်ကြံမူ အခြေခံ ကျဆင်းသွားတော့မယ်။ နတ်ဆိုးနတ်ဘုရားအမြုတေကို လောင်ကျွမ်းပြီး သွေးလွတ်မြောက်ခြင်း လျှို့ဝှက် ပညာရပ်ကို အသုံးပြုဖို့ပဲ။ ဒီနည်းနဲ့သာ မင်း ဒီလူရဲ့လက်ကနေ လွတ်မြောက်နိုင်လိမ့်မယ်" လျှိုဘိုကို စိတ်ပိုင်းဆိုင်ရာဖြင့် ပို့လိုက်သည်။

"ကောင်းပြီ၊ ဒီသွေးလွတ်မြောက်ခြင်း လျှို့ဝှက်ပညာရပ်ကို ငါ့ကို သင်ပေးပါ။" ချင်ယွင်က မဆိုင်းမတွ ပြောလိုက်သည်။

နတ်ဆိုးနတ်ဘုရား ကျင့်ကြံမှုအခြေခံနှင့် နှိုင်းယှဉ်လျှင် အသက်သည် ပိုအရေးကြီးပါသည်။ အကယ်၍ သူသည် အသက်ဆုံးရှုံးသွားခဲ့ပါက နတ်ဆိုးနတ်ဘုရား ကျင့်ကြံမူကို မည်သို့ အသုံးပြုနိုင်မည်နည်း။ ထို့အပြင်, နတ်ဆိုးနတ်ဘုရား၏ ကျင့်ကြံမှု အခြေခံ ပျက်ဆီးသွားပါ က၊ သူသည် ထပ်မံ လေ့ကျင့်နိုင်သေးသည်။

"အင်း!"

လျှိုဘိုက ချက်ချင်း ပြန်ဖြေပြီး သွေးလွတ်မြောက်ခြင်း လျှို့ဝှက်ပညာရပ်ကို ချင်ယွင်၏ ဦးနှောက်ထဲကို ချက်ခြင်း ပို့လိုက်သည်။

ချင်ယွင်သည် သူ့ဦးနှောက်ထဲသို့ ကြီးမားသော သတင်းအချက်အလတ်လှိုင်းများ စိမ့်ဝင် လာသည်ကို ချက်ချင်း ခံစားလိုက်ရပြီး သွေးလွတ်မြောက်ခြင်း လျှို့ဝှက်ပညာရပ်ကို မည်သို့ အသုံးပြုရမည်ကို ချက်ချင်း နားလည်လာသည်။

အဝေးမှာရှိနေသည့် ဟုန်လဲ့သည် သူ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းထားပြီး ဖြစ်သည်။ သူက ချင်ယွင်ကို အံ့သြစွာ ကြည့်လိုက်သည်။ ချင်ယွင်သည် သူ့လက်သီးချက် ကို အမှန်တကယ် တားဆီးနိုင်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"ဒီကလေးက ထူးဆန်းတယ်။ သူ့ကို ရှင်သန်ခွင့် ပေးလို့မရဘူးနဲ့တူတယ်" ဟုန်လဲ့၏ မျက်လုံးများတွင် အေးစက်မူ အရိပ်မြွက်များ ဖြတ်သန်းသွားပြီးနောက် သူ့ခန္ဓာကိုယ်မှ အနှိုင်းမဲ့ အားကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

"ဒီတစ်ခါ မင်း ငါ့လက်သီးချက်ကို တားဆီးနိုင်ဉီးမလား ငါ ကြည့်ဦးမယ်။ သေလိုက်တော့"

ဟုန်လဲ့က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ ထို့နောက် သူ့ရုပ်အသွင်သည် နောက်ဆက်တွဲ ပုံရိပ်အဖြစ်သို့ ပြောင်းလဲသွားပြီး ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ သူ့အရှိန်ဟုန်က အရင်ကထက်ပင် ပိုမြန်လာသည်။

ဘန်း….။

ချင်ယွင်သည် သူ့ရှေ့ရှိ လေဟာနယ်က ချက်ချင်း ဖြတ်တောက်ခံလိုက်ရသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ၏ ခက်ထန်သော ရုပ်အသွင်တစ်ခုက ချင်ယွင်၏ ရှေ့မှာ ပေါ်လာသည်။ ကြောက်စရာကောင်းသော လက်သီးသည် ချင်ယွင်၏ မျက်နှာဆီသို့ ထပ်မံ ထိုးနှက်လာလေသည်။ ၎င်း၏စွမ်းအားက အရင်ကထက် ပိုကြောက်စရာကောင်းသည်။

"အခု" ချင်ယွင်၏ မျက်လုံးများက ခရမ်းရောင်ဆန္ဒ အရိပ်အမြွက်ဖြင့် တောက်ပလာပြီး နောက် အချိန်လှိုင်းလုံးသည် သူ့ပတ်ဝန်းကျင်မှာ တခဏချင်း ထွက်ပေါ်လာသည်။

All Chapters