← Chapters

အခန်း ၁၆၁၆

Vol. 108 Ch. 1616

အခန်း ၁၆၁၆

Vol. 108 Ch. 1616

အခန်း (၁၆၁၆) ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူလက်မှ လွတ်မြောက်ခြင်း။

အချိန်က ရပ်တန့်သွားသည်။

ချင်ယွင်သည် သူ၏ မွေးရာပါ နတ်ဘုရား စွမ်းရည်ကို ချက်ချင်း အသုံးချပြီး၊ လေဟာနယ် တစ်ခုလုံး ချက်ချင်း အေးခဲသွားသည်။

ဟုန်လဲ့၏ ခန္ဓာကိုယ်သည် လေထဲတွင် တောင့်တောင့်ကြီးဖြစ်နေပြီး သူ့လက်သီးက ချင်ယွင်၏ မျက်နှာနှင့် တစ်လက်မမျှသာ ကွာဝေးတော့သည်။ အကယ်၍, ချင်ယွင်သာ နှောင့်နှေးသွားပါက, ဟုန်လဲ့၏လက်သီးက သူ့ခေါင်းကို ထိမှန်ပြီး သူ့ခေါင်းသည် လုံးဝ ပေါက်ကွဲသွားလိမ့်မည်။

"အတော်နီးကပ်လွန်းတယ်" ချင်ယွင်လည်း အံ့ဩဘနန်း ရေရွတ်လိုက်သည်။ သူသည် အချိန်မီ တုံ့ပြန်နိုင်ခဲ့သည့်အတွက် ဝမ်းသာနေမိသည်။

"မြန်မြန်လုပ်၊ အရမ်း နောက်ကျသွားလိမ့်မယ်။ မင်းရဲ့အချိန်ရပ်တန့်ခြင်း နတ်ဘုရား စွမ်းရည်နဲ့ သူ့ကို အကြာကြီး ဖမ်းထားနိုင်မှာ မဟုတ်ဘူး။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်သည် လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လျှိုဘိုင် သင်ပေးထားသည့် နည်းလမ်းအတိုင်း သွေးလွတ်မြောက်ခြင်း လျှို့ဝှက်ပညာရပ်ကို စတင်ကြိုးစားလိုက်သည်။ သူ၏ အချိန် ရပ်တန့်ခြင်း နတ်ဘုရားစွမ်းရည်သည် ဟုန်လဲ့၏ခွန်အားဖြင့်ဆိုပါက, အချိန်ကို တစ်စက္ကန့် မျှ ရပ်တန့်အောင် မစွမ်းဆောင်နိုင်ပေ။ သူသည် သူ၏ အချိန်ရပ်တန့်ခြင်း နတ်ဘုရား စွမ်းရည်မှ တစ်စက္ကန့်အတွင်းမှာ လွတ်မြောက်သွားမည် ဖြစ်သည်။ အဆုံးတွင် သူတို့ကြား က ခွန်အားက ကွာခြားလွန်းပါသည်။

ဘန်း…။

ချင်ယွင်၏ လျှို့ဝှက်နည်းပညာရပ် ပျံ့နှံ့သွားသောအခါ၊ ချင်ယွင်၏ နတ်ဆိုးနတ်ဘုရား အမြုတေမှ ပြင်းထန်သော သွေးနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ထိုအချိန်တွင်၊ ဟုန်လဲ့သည် အချိန်ရပ်တန့်ခြင်းမှ လွတ်မြောက်လာပြီး သူ့လက်သီးသည် ချင်ယွင်ဆီသို့ တိုက်ရိုက် တိုးဝင်သွားသည်။

"ဒီလောက်မြန်တာလား.."

ချင်ယွင်သည် အနှိုင်းမဲ့ ထိတ်လန့်သွားသည်။ သူသည် ရှောင်တိမ်းရန် သွေးလွတ်မြောက် ခြင်း လျှို့ဝှက်ပညာရပ်ကို အသုံးပြု၍ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ သို့သော် သူသည် ခြေတစ်လှမ်း ပိုနှေးနေပါသေးသည်။ ဟုန်လဲ့၏လက်သီးက သူ့ရင်ဘတ်ကို ထိမှန်ပြီး သူသည် ပြင်းထန်စွာ လဲကျသွားခဲ့သည်။ သူသည် လေထဲတွင် အလွန်မင်း လျင်မြန်သော မျဉ်းဖြောင့်တစ်ခုကို ရေးဆွဲသွားခဲ့သည်။ နောက်ဆုံးတွင် သူသည် အဝေးမှ တောင်နံရံကို ရိုက်ချိုးပြီး ခပ်အုပ်အုပ် ပေါက်ကွဲအသံတစ်ချက် ထွက်ပေါ်လာသည်။

"အယ်?" ဟုန်လဲ့လည်း တစ်ခုခုမှားယွင်းနေသည်ကို သိလိုက်သည်။ သူသည် ချင်ယွင်၏ ဉီးခေါင်း၏ အရေးကြီးသည့် အစိတ်အပိုင်းကို ရှင်းရှင်းလင်းလင်း အပြင်းအထန် တိုက်ခိုက် ခဲ့သည်။ သူ မည်သို့ ရှောင်တိမ်းသွားခဲ့သနည်း။

"ဖူး…."

ချင်ယွင်သည် သူ့နောက်က တောင်နံရံကို ပစ်ရိုက်ပြီး၊ ပါးစပ်ထဲက သွေးများ အန်ထုတ် လိုက်ရသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် ချက်ချင်းပင် ပို၍ပြင်းထန်လာသည်။

သို့သော် ချင်ယွင်က လက်မလျှော့ပေ။ ယခင်က သူ အသုံးပြုခဲ့သော သွေးလွတ်မြောက် ခြင်း လျှို့ဝှက်ပညာရပ်သည် ဟုန်လဲ့ကြောင့် ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး၊ ယခုအခါ ပြန်လည် စတင်ရန် လိုအပ်နေပြီ။

ဘန်း…။

ချင်ယွင်သည် သွေးလွတ်မြောက်ခြင်း လျှို့ဝှက်ပညာရပ်ကို တိတ်တဆိတ် ဖြန့်ကျက်ပြီး နတ်ဆိုးနတ်ဘုရားအမြုတေသည် ချင်ယွင်၏ ခန္ဓာကိုယ်ဆီသို့ ပြန်ရောက်သွားခဲ့သည်။ ၎င်းသည် ချင်ယွင်၏ခန္ဓာကိုယ်အတွင်းမှာ လျင်မြန်စွာ လှည့်ပတ်သွားပြီး ချင်ယွင်၏ ရင်ဘတ်မှ ပြင်းထန်သော သွေးအလင်းတန်းများ ထွက်ပေါ်လာကာ အနိုင်မဲ့ အားကောင်း သော စွမ်းအင်အတက်အကျလှိုင်းကို ထုတ်လွှတ်လိုက်သည်။

"မ​ကောင်းတော့ဘူး၊ သူ ထွက်​ပြေးချင်နေ​တယ်​" ဟုန်လဲ့သည် ပြင်းထန်သော သွေးအလင်း တန်းသည် သတိပြုမိပြီး၊ တစ်ခုခုမှားနေကြောင်း ချက်ချင်း သိလိုက်ရသည်။ သူသည် ချင်ယွင်ဆီသို့ အမြန်ပြေးသွားခဲ့သည်။

ချင်ယွင်သည် သူ့ဆီသို့ အပြေးအလွှား ပြေးဝင်လာနေသော ဟုန်လဲ့ကို ကြည့်လိုက်သော် လည်း ရက်စက်မှု အရိပ်အယောင်က သူ့မျက်လုံးထဲမှာ တောက်ပလာခဲ့သည်။

"ဟုန်လဲ့၊ မှတ်ထားပါ။ ဒီနေ့ ရန်ငြိုးအတွက် နောင်အနာဂတ်မှာ သေချာပေါက် နှစ်ဆ ပြန်ပေးဆပ်ရမယ်" ချင်ယွင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ့ရုပ်အသွင်က ချက်ချင်း ပေါက်ကွဲထွက်ကာ သူ့အမြန်နှုန်းက ချက်ချင်းဆိုသလို အဆုံးစွန်ထိ မြင့်တက်လာခဲ့သည်။

"တကယ်လို့ မင်း ထွက်ပြေးချင်ရင်တောင်, နည်းလမ်းမရှိဘူး"

ဟုန်လဲ့၏ မျက်လုံးများတွင် အထင်အမြင်သေးမှု အရိပ်အယောင် ပေါ်လာသည်။ သူသည် လေဟာနယ်ပေါ်ကို လှမ်းတက်လိုက်သည်နှင့် သူ့အရှိန်က ချက်ချင်း တိုးမြင့်လာခဲ့သည်။ သူသည် ထွက်ပြေးသွားသော ချင်ယွင်နောက်သို့ ဆက်လက် လိုက်ပါသွားခဲ့သည်။ သူ့ အမြန်နှုန်းကလည်း ချင်ယွင်ထက် အားမနည်းပါဘူး။

"မင်း မလွတ်နိုင်ဘူးလို့ ငါ ပြောခဲ့သားပဲ" ဟုန်လဲ့သည် ကြယ်ခုနစ်ပွင့်ပေါ် တက်လှမ်းပြီး မကြာမီ ချင်ယွင်ကို ထပ်မံ မှီတော့မည်။

ဤမြင်ကွင်းကို မြင်သောအခါ ချင်ယွင်သည် မျက်မှောင်ကြုတ်သွားသည်။ ဟုန်လဲ့၏ အမြန်နှုန်းက ဤမျှလောက် မြန်ဆန်လိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။ သူသည် သွေးလွတ်မြောက်ခြင်းကို အသုံးပြုထားပြီး၊ သူ၏အမြန်နှုန်းသည် ယခင်ကထက် နှစ်ဆ တိုးမြင့်လာခဲ့သည်။ တကယ်ကို သူ့ကို ဟုန်လဲ့က မှီသွားခဲ့သည်။

"ငရဲကိုသွားလိုက်တော့.." ဟုန်လဲ့က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ ကြယ်ခုနစ် ပွင့်ပုံစံသည် သူ့လက်သီးပေါ်တွင် အမှန်တကယ် ပေါ်လာပြီး ချင်ယွင်ဆီသို့ ပစ်လွှတ်လိုက် သည်။ ကြယ်ခုနစ်ပွင့်ပုံစံအတွင်း ပါရှိသော စွမ်းအားသည် ယခင်တိုက်ခိုက်မှု အားလုံးထက် ပိုကြောက်စရာကောင်းသည်။

"အားလုံးထွက်လာစမ်း…"

ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် အကယ်၍, သူသာ ဤတိုင်း ဆက်သွားနေမည် ဆိုလျှင်, သူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုသည်ကို သိလိုက်ရသည့်အတွက် သူ့မျက်လုံးထဲမှာ ပြတ်သားသည့် ဆုံးဖြတ်ချက် အရိပ်အယောင်တစ်ခု ထင်ဟပ်လာပြီး၊ သွေးလွတ်မြောက်ခြင်းလျှို့ဝှက်ပညာရပ်ကို အဆုံးစွန်ထိ အသက်ဝင်စေခဲ့သည်။

"ကောင်စုတ်၊ မင်းက သေချင်နေတာလား။ ဒီအတိုင်းဆို မင်းရဲ့ နတ်ဆိုးနတ်ဘုရား ကျင့်ကြံ မူ အခြေခံအုတ်မြစ် ပျက်ဆီးသွားလိမ့်မယ်။" လျှိုဘိုသည် ချင်ယွင်၏ ရူးသွပ်သော လုပ်ရပ် ကို သတိပြုမိပြီး ချက်ချင်းပင် အထိတ်တလန့် အော်ပြောလိုက်သည်။

သို့သော် ချင်ယွင်သည် ဂရုမစိုက်နိုင်ပေ။ အကယ်၍, ဤအတိုင်းသာ ဆက်သွားနေမည် ဆိုလျှင်, သူ အသတ်ခံရလိမ့်မည်။ သွေးလွတ်မြောက်ခြင်း လျှို့ဝှက်ပညာရပ်ကို အဆုံးစွန် အထိ အသက်သွင်းခြင်းဖြင့်သာ သူ ရှင်သန်လွတ်မြောက်နိုင်မည် ဖြစ်သည်။

သေချာပါသည်။ ချင်ယွင်သည် သွေးလွတ်မြောက်ခြင်း လျှို့ဝှက်ပညာရပ်ကို အထွတ်အထိပ် ရောက်အောင် အသက်သွင်းလိုက်ချိန်မှာတော့ ချင်ယွင်၏ နတ်ဆိုးနတ်ဘုရားအမြုတေမှာ သိပ်သည်းသည့် အက်ကွဲကြောင်းတွေ ပေါ်လာပါသည်။ တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ အလင်းဝင်ပေါက် ခုနစ်ပေါက်ခုမှ သွေးများ စီးထွက် လာကာ၊ ထိုပြင်းထန်သော ဟုန်လဲ၏လက်သီးချက်က ချင်ယွင်၏ ခန္ဓာကိုယ်ကို ထိမှန်သွား သည်။

"ဘုန်း…"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ ခန္ဓာကိုယ်သည် သွေးရောင် အလင်းတန်းအဖြစ်သို့ ပြောင်းလဲသွားကာ မိုးကုတ်စက်ဝိုင်းသို့ ပျောက်ကွယ်သွားခဲ့သည်။

"လခွမ်း.."

ဟုန်လဲ့သည် ဤမြင်ကွင်းကို မြင်သောအခါ ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာ သည်။ နောက်ဆုံးတွင် ချင်ယွင် လွတ်မြောက်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဒါပေမယ့် မင်း မသေရင်တောင် ငါ့ရဲ့လက်သီးချက်ကြောင့် မင်း လုံးဝကို သုံးစားမရ ဖြစ်သွားလိမ့်မယ်။ တကယ်လို့, မင်းက အဲဒီလျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီး ထွက်ပြေးနိုင် ရင်တောင် မင်းကိုယ့်မင်း ထိခိုက်မှု ကြီးကြီးမားမား ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီအတိုင်းဆို, မင်းက လုံးဝနီးပါး ဒုက္ခိတတစ်ယောက် ဖြစ်သွားလိမ့်မယ်။ မင်းကို သတ်ပစ်နိုင်ဖို့ကတော့ အနှေးနဲ့အမြန် ဖြစ်လာမှာပဲ။ ဒါ့အပြင်၊ ရှေးခေတ်နတ်ဘုရားကမ္ဘာမှာ နေရာတိုင်းက အန္တရာယ်တွေချည်းပဲ။ မင်း တစ်နေရာရာမှာ သေသွားနိုင်တယ်။" ဟုန်လဲ့က အေးစက်စွာ အော်ဟစ်လိုက်ပြီး ချင်ယွင် ထွက်ပြေးသွားသည့် လမ်းကြောင်းအတိုင်း ချင်ယွင်နောက်ကို ဆက်လက် လိုက်ပါသွားခဲ့သည်။

ချင်ယွင် သေဆုံးသွားသည့်တိုင် သူသည် သူ့အလောင်း သို့မဟုတ် ချင်ယွင်နှင့်ပတ်သက်ပြီး သက်သေပြနိုင်သည့် အရာတစ်ခုခုကို ရှာဖွေရပါဉီးမည်။ ဤနည်းဖြင့်သာ သူသည် သက်သေအဖြစ် တင်ပြနိုင်စွမ်း ရှိပါလိမ့်မည်။

...

ချင်ယွင်သည် သွေးလွတ်မြောက်ခြင်းကို အသုံးပြု၍ ထွက်ပြေးရာအရပ်မှ ကီလိုမီတာ ဆယ်ဘီလီယံလောက် ဝေးကွာသည့် ရှေးဟောင်းသစ်တောများနှင့် ထူထပ်သော သစ်တောများဝန်းရံထားသည့် မြစ်ကမ်းဘေးတစ်ခုတွင် ကစားနေသည့် ကလေးငယ် စုံတွဲ တစ်တွဲ ရှိနေသည်။

"ဘုန်း….”

အနီရောင်အလင်းတန်းတစ်ခုသည် ကောင်းကင်ယံ၌ ရုတ်တရက် လင်းလက်သွားပြီး နောက် တစ်စုံတစ်ခုသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ထိုရိုက်ခတ်မှုသည် မြေပြင်ပေါ်ရှိ နက်ရှိုင်းသော တွင်းနက် တစ်ခုကို တိုက်ရိုက် ဖန်တီးခဲ့ပြီး မြေပြင်သည် ပြင်းထန်စွာ တုန်ခါသွားသည်။

"ဟင်, ဖက်တီး အဲဒါ ဘာလဲ" ပိန်ပိန်ပါးပါး ကလေးတစ်ယောက်က အသံ၏အရင်းအမြစ်ဆီ သို့ ညွှန်ပြပြီး အံ့သြတကြီး မေးလိုက်သည်။

"လူတစ်ယောက် ဖြစ်ပုံရတယ်" ဖက်တီးကလေးက ပြန်ဖြေသည်။

"လူလား သွားကြည့်ရအောင်" ပိန်ပိန်ပါးပါး ကလေးငယ်၏ မျက်လုံးများက တောက်ပ လာပြီး သူက တိုက်ရိုက် ပြောလိုက်သည်။ သူပြောပြီးသည်နှင့် ခုန်ချကာ အနက်ရောင် တွင်းနက်ဆီသို့ ပြေးသွားလေသည်။

တောင်တက်လမ်းများနှင့် ကျောက်ဆောင်များစွာရှိသော်လည်း ပိန်ပိန်ပါးပါး ကလေးငယ် ၏ ခြေလှမ်းများသည် အလွန်ပေါ့ပါးသည်။ မီတာရာနှင့်ချီဝေးသော တွင်းနက်ကြီးဆီသို့ သူ မရောက်မီ ခြေလှမ်းအနည်းငယ်သာ လှမ်းလိုက်ရသည်။

သူတစ်ယောက်တည်း မဟုတ်ပေ။ ဖက်တီးလည်း အရမ်းပျော့ပြောင်းလှသည်။ သူ့တစ်ကိုယ်လုံး ရိပ်ခနဲရိပ်ခနဲ လင်းလက်သွားပြီး၊ သူသည် နက်ရှိုင်းသော တွင်းနက်ကြီး အနီးတွင် တိုက်ရိုက် ပေါ်လာသည်။

သူတို့ တွင်းဝကြီးဆီသို့ ရောက်သောအခါ တွင်းနက်ထဲတွင် သွေးစွန်းနေသော လူတစ်ဦး လဲလျှောင်းနေသည်ကို တွေ့လိုက်ရသည်။ သူ့တစ်ကိုယ်လုံးရှိ အစိတ်ပိုင်းများသည် နဂိုနေရာအတိုင်း မရှိသလောက်ပင်။

"ဖက်တီး၊ လူတွေက ဒီလိုပုံစံမျိုးလား" ပိန်ပိန်ပါးပါးကလေးငယ်က မျက်တောင်ခတ်ပြီး သူ့ဘေးနားက ဖက်တီးကလေးကို မေးသည်။

"မဟုတ်ဘူး၊ ဒီလိုပုံစံမျိုး မဖြစ်သင့်ဘူး။ ဒီလူ ဒီလောက်အထိ ရိုက်နှက်ခံရတာ ဖြစ်သင့် တယ်။ အတိအကျပြောရရင် သူ့ကို လူသေလို့ သတ်မှတ်သင့်တယ်။" ဖက်တီးက ပြန်ဖြေသည်။

"လူသေလား။ သေတဲ့လူက အရသာ ဘယ်ရှိတော့မလဲ။ မူလက လူသားအရသာကို မြည်းစမ်းကြည့်ချင်ပေမယ့် အခုလိုပုံစံမြင်ရတော့ စားချင်စိတ်တောင် ပျောက်သွားပြီ။" ပိန်ပိန်ပါးပါး ကလေးငယ်က ခေါင်းကို ဆတ်ဆတ် ခါလိုက်သည်။

သို့သော် ဖက်တီးကလေးသည် ပိန်ပိန်ပါးပါးကလေး၏ မေးခွန်းကို မဖြေခဲ့ပေ။ သူသည် တွင်းနက်ထဲမှ သွေးစွန်းလူသားကို မျက်လုံးများဖြင့် ကြည့်နေသည်။

"ဖက်တီး၊ မင်း ဘာကြည့်နေတာလဲ" ပိန်ပိန်ပါးပါး ကလေးသည် သူ့ကို လျစ်လျူရှုသည်ကို မြင်သောအခါ ကမန်းကတန်း လှည့်၍ မေးသည်။

ဖက်တီးက "ဒီလူက သေပုံ မပေါ်သေးဘူး။ ဒါတင်မကဘူး၊ သူ့မှာ နဂါးအငွေ့အသက် ရှိနေ တယ်" ပြန်မဖြေခင်မှာ ဖက်တီးသည် မှင်သက်နေခဲ့သည်။

"နဂါးလား?" ပိန်ပိန်ပါးပါး ကလေးငယ်သည် ထိုစကားကို ကြားသောအခါ၊ သူ၏ သူငယ်အိမ်များသည် ကျုံ့သွားခဲ့ပြီး မသိစိတ်မှ ခြေတစ်လှမ်း အလိုလို နောက်ဆုတ်သွားခဲ့ သည်။

All Chapters