← Chapters

အခန်း ၁၆၁၇

Vol. 108 Ch. 1617

အခန်း ၁၆၁၇

Vol. 108 Ch. 1617

အခန်း (၁၆၁၇) ထူးဆန်းသောကလေးများ။

ချင်ယွင် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။ အချိန်ဆယ်ရက်လောက် ကြာသွားခဲ့ပြီ။

"ဒီနေရာက ဘယ်နေရာလဲ။ ငါ ဘာလို့ ဒီမှာ ရောက်နေတာလဲ" ချင်ယွင်၏ မျက်လုံးများက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရင်း ပြူးကျယ်သွားသည်။ သို့သော် သူမြင်နိုင်သမျှမှာ အနက်ရောင် လှိုဏ်ဂူတစ်ခု ဖြစ်သည်။ အဝေးမှ တောက်ပသော အလင်းရောင်ကိုသာ သူ မြင်နိုင်သည်။

ချင်ယွင်သည် မတ်တပ်ထရပ်ရန် ရုန်းကန်ကြည့်ချင်သော်လည်း သူ လှုပ်ရှားလိုက်သော အခါတွင်, သူ့ခန္ဓာကိုယ်မှ အရိုးများဖောက်ထွက်ကာ နာကျင်လာသည်။

"အား…" ချင်ယွင်က သနားစဖွယ် စူးစူးရှရှ အော်ဟစ်လိုက်ပြီး၊ ခုနက မြှောက်ထားသည့် သူ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် ပြန်ကျသွားသည်။

ကူရာမဲ့စွာဖြင့်, ချင်ယွင်သည် မတ်တပ်ရပ်လိုသောဆန္ဒကို စွန့်လွှတ်ကာ သူ၏နတ်ဘုရား အာရုံကို ပြောင်းလဲအသုံးပြုရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ချင်ယွင် မကြည့်မိတာမှ အဆင်ပြေပါဦးမည်။ သူ မြင်ရသည့် မြင်ကွင်းကြောင့် ချက်ချင်း ထိတ်လန့်သွားရသည်။

ယခုအချိန်မှာ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတွေ မရှိတော့သလောက်ပင်။ သူ့နတ်ဘုရား ခန္ဓာကိုယ်ရှိ ဆဲလ်များသည် ပြင်းထန်စွာ ပျက်စီးသွားခဲ့သည်။ အသက်သစ်ပင်သည် သူ့ခန္ဓာကိုယ်ကို ပြုပြင်ရန် အသက်စွမ်းအားကို အဆက်မပြတ် ထုတ်လွှတ်နေသော်လည်း၊ ၎င်းသည် သူ့ခန္ဓာကိုယ်ကိုသာ ထိန်းသိမ်းထားနိုင်ခဲ့သည်။

တစ်နည်းဆိုရသော် သူ့ခန္ဓာကိုယ်သည် ပြိုကျလုနီးပါး ဖြစ်နေခဲ့ပြီး၊ ၎င်းကို ပြန်လည် ပြုပြင် လိုပါက, အလွန်ခက်ခဲသော အလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော် ချင်ယွင်ကို အမှန်တကယ် ပြိုလဲသွားစေသည်က ဤအကြောင်းရင်းကြောင့် မဟုတ်ပေ။ ချင်ယွင်ကို တကယ် ပြိုလဲသွားအောင် ခံစားရစေသည်က သူ့ဒန်တန်အတွင်း, ကနဦးစကြဝဠာထဲက အနက်ရောင် တွင်းနက်ကြီးအပြင်, နတ်ဆိုးနတ်ဘုရား အမြုတေ သည်လည်း ရာနှင့်ချီအောင် အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခဲ့ခြင်းကြောင့် ဖြစ်သည်။

နတ်ဆိုးနတ်ဘုရား အမြုတေသည် အစိပ်စိပ်မွှာမွှာ ပြိုကွဲသွားခဲ့သည်။ အကယ်၍, ဤနေရာမှာ အခြား နတ်ဆိုးနတ်ဘုရားများ ဖြစ်ပါက၊ ၎င်းတို့သည် ကြာမြင့်စွာကတည်း က သေဆုံးသွားကြလိမ့်မည်။

ချင်ယွင်သည် သူ၏စိတ်ဝိညာဉ်က ကနဦးစကြာဝဠာနှင့် အချိန်ကြာမြင့်စွာ ပေါင်းစည်း ထားခြင်းကြောင့်သာ ရှင်သန်နိုင်ခဲ့သည်။ သို့သော်၊ ဤအရာကြောင့် သူ၏ နတ်ဆိုး နတ်ဘုရား ကျင့်ကြံမှုအခြေခံသည် လုံးဝ ဆုံးရှုံးသွားခဲ့သည်။

အကယ်၍ သူ့တွင် နတ်ဆိုးနတ်ဘုရား ကျင့်ကြံမူ အခြေခံ မရှိတော့ပါက၊ သူ့ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာလျှင်ပင်, သူသည် အများဆုံး ချီသန့်စင်ခြင်းလမ်းစဉ်သာ ကျင့်ကြံ နိုင်တော့မည်။ သူ၏ အစောပိုင်း မြေကမ္ဘာနတ်ဘုရား ကျင့်ကြံခြင်းနယ်ပယ်ဖြင့်၊ သူသည် နည်းလမ်းအမျိုးမျိုးကို အသုံးပြုခဲ့လျှင်ပင်၊ အစောပိုင်း ကောင်းကင်ဘုရားနယ်ပယ် ကျွမ်းကျင်သူများနှင့်သာ နှိုင်းယှဉ်နိုင်တော့မည်။ ဤအရာက ချင်ယွင်၏ ခွန်အားကို အဆပေါင်း ရာနှင့်ချီပြီး အားနည်းသွားစေခြင်းနှင့် အတူတူပ်။

"ဒါက ဘယ်လို ဖြစ်ရတာလဲ?" ချင်ယွင်က သူ့ကိုယ်သူ အံ့သြစွာ ရေရွတ်လိုက်သည်။

'"ဒါက ဘယ်လိုဖြစ်ရမှာလဲ။ မင်းက သွေးလွတ်မြောက်ခြင်း လျှို့ဝှက်ပညာရပ်ကို အဆုံးစွန်ထိ အတင်းအကြပ် အသုံးမပြုခဲ့ဘူးလား။ ဒါကြောင့် မင်းရဲ့ နတ်ဆိုးနတ်ဘုရား အမြုတေက လုံးဝ ပြိုကွဲသွားခဲ့တာပေါ့။ နောက်ပြီး၊ အဲဒီလူရဲ့ နောက်ဆုံး လက်သီးချက်က အကန့်အသတ် မရှိဘူး။ မင်းရဲ့ နတ်ဆိုးနတ်ဘုရားအမြုတေကို တိုက်ရိုက် ကွဲအက်သွား စေခဲ့တယ်။ အဲဒါကြောင့် ဒီလို ဖြစ်နေတာ။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ထိုစကားကို ကြားသောအခါတွင် ဟုန်လဲ့ တိုက်ခိုက်သည့် မြင်ကွင်းကို သတိရသွားပြီး၊ သူ့မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်က တောက်ပလာခဲ့ သည်။

ထိုအချိန်တွင် သူသည်လည်း ကူကယ်ရာမဲ့ ဖြစ်နေခဲ့ပြီး တစ်ခုခုလုပ်ရန် အတင်းအကြပ် တွန်းအားပေးခံရသည်။ သွေးလွတ်မြောက်ခြင်း လျှို့ဝှက်ပညာရပ်ဖြင့် သူ့ခွန်အားကို အပြည့်အဝ အသုံးချခြင်းဖြင့်သာ သူသည် ရှင်သန်ရန် အခွင့်အလမ်း ရှိလိမ့်မည်။ ထိုသို့ မဟုတ်လျှင်, သေခြင်းတရားက သူ့ကို စောင့်ကြိုနေလိမ့်မည်။

"နောက်ဆုံးတော့ မင်းရဲ့ကနဦးစကြာဝဠာက အရမ်းကို နိမ့်ကျနေသေးတယ်။ တကယ်လို့ မင်းရဲ့ကနဦးစကြာဝဠာကသာ ယင်ယန်နယ်ပယ်ထဲ ဝင်ရောက်နိုင်ခဲ့ရင်၊ ဒါမှမဟုတ်, ထိုက်ကျိနယ်ပယ်ရဲ့ အထွတ်အထိပ်အထိ ရောက်ရှိနေရင်တောင်, မင်းအနေနဲ့ မင်းရဲ့ ကနဦးစကြာဝဠာထဲမှာ တိုက်ရိုက် ပုန်းအောင်းနေနိုင်တယ်။ မင်း ဒီလိုဝမ်းနည်းစရာ ကောင်းတဲ့ အခြေအနေမျိုး ရှိနေဖို့ မလိုတော့ဘူး။ မင်း သူ့ကိုသတ်ဖို့တောင် ကနဦး စကြာဝဠာရဲ့ စွမ်းအားကို အသုံးပြုနိုင်သေးတယ်။" လျှိုဘို၏အသံက ထပ်ပြီး ထွက်ပေါ် လာသည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် ခါးသီးဖွယ် အပြုံးကို ထုတ်ဖော်လိုက်ပါသည်။

လျှိုဘိုက အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်။ အကယ်၍ သူသည် ကနဦးစကြဝဠာထဲ တွင် ပုန်းနေပါက၊ သူ့ကို ဟုန်လဲ့က သေချာပေါက် ရှာတွေ့နိုင်မည် ဖြစ်သည်။ ဤနည်းအား ဖြင့်၊ ကနဦးစကြဝဠာကြီးသည် ဟုန်လဲ့ကြောင့် ပျက်ဆီးသွားနိုင်လောက်သည်။ ထိုသို့ဆို လျှင်, သူသည် အမှန်တကယ် အဆုံးသတ်သွားလိမ့်မည်။

သို့သော်, ချင်ယွင်၏ ကနဦးစကြဝဠာသည် အထွက်အထိပ် ထိုက်ကျိနယ်ပယ် သို့မဟုတ် ယင်ယန်နယ်ပယ်သို့ ရောက်ရှိသွားပါက၊ ဟုန်လဲ့သည် ကနဦးစကြာဝဠာ၏သဲလွန်စကို ခံစားနိုင်လျှင်ပင် သူ့ကို ဘာမှ မလုပ်နိုင်မည်မှာ သေချာပါသည်။

သူ၏ကနဦးစကြဝဠာသည် အဆက်မပြတ် ကျယ်ပြန့်လာသော်လည်း သူကျင့်ကြံမှု အမြန်နှုန်းက နှေးကွေးလွန်းလှသည်။ ယခု သူသည် ထိုက်ကျိနယ်ပယ်၏ အလယ်လတ် တွင်သာ ရှိနေသေးသည်။ သူသည် နှောင်းပိုင်း ထိုက်ကျိနယ်ပယ်နှင့် အမြဲတမ်း ခြေတစ်လှမ်းမှာသာ ရှိနေခဲ့ပါသည်။

"ငါတို့ ဘာဆက်လုပ်ရမလဲ။ ဒီနတ်ဆိုးနတ်ဘုရားအမြုတေကို ပြုပြင်ဖို့ရော ဖြစ်နိုင်ချေရှိ လား။ ချင်ယွင်သည် အလွန်အမင်း စဉ်းစားမနေဘဲ လျှိုဘိုထံသို့ အသံထုတ်လွှင့်မှုကို ဆက်လက် ပေးပို့လိုက်သည်။

'"ယုတ္တိကျကျ ပြောရရင်၊ နတ်ဆိုးနတ်ဘုရားအမြုတေ ပြိုကွဲသွားတဲ့အခါ၊ ပြန်လည်ကုစား ဖို့က ဖြစ်နိုင်ခြေ မရှိဘူး။ မင်းတစ်သက်လုံး ပြန်လည်ပေါင်းစည်းရင်တောင် မဖြစ်နိုင်တော့ ဘူး။ ဒါပေမယ့် မင်း ဒီနေရာကို ပြုတ်ကျလာတဲ့အတွက် လုံလောက်အောင် ကံကောင်းနေ ပုံရတယ်။ ဒီနေရာမှာ အံ့ဖွယ်တစ်ခု ဖန်တီးဖို့ ဖြစ်နိုင်ခြေ ရှိကောင်းရှိနိုင်သလို မင်းရဲ့ ခွန်အားကလည်း တခြားအဆင့်တစ်ခုထိ မြင့်တက်သွားနိုင်လောက်တယ်။" အသံထုတ်လွှင့်မှုမှတစ်ဆင့် လျှိုဘိုက ပြောသည်။

"ဒီနေရာလား၊ ဒီနေရာက ဘယ်လိုနေရာမျိုးလဲ" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

"တစ်ယောက်ယောက် လာနေပြီ၊ ငါထွက်တော့မယ်" သို့သော် ချင်ယွင်သည် ဆက်လက် မေးမြန်းနေချိန်တွင် လျှိုဘိုသည် စကားတစ်ခွန်းကို ချန်ထားခဲ့ကာ ပျောက်ကွယ်သွားခဲ့ သည်။

"လူလား?" ချင်ယွင် အလွန်မင်း အံ့သြသွားသည်။ လျှိုဘိုသည် သူ့စိတ်ထဲတွင် ရှိနေသည်။ သူသည် အခြားသူများ ရှာဖွေတွေ့ရှိမည်ကို မည်သို့ ကြောက်ရမည်နည်း။ ဘိုးဘေး နတ်ဘုရားတွေ ကိုယ်တိုင်ကပင် သူ့ကို မစူးစမ်းနိုင်ခဲ့ပေ။ သူ့ဖြစ်တည်မှုထက် မည်သူက သာလွန်နေသနည်း။

သို့သော် ချင်ယွင် နားမလည်ခင်မှာ ဂူပေါက်ဝမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"ဟေ့ ဖက်တီး၊ ဒီလူ နိုးနေပြီကွ"

ထိုအသံကိုကြားတော့ ချင်ယွင်သည် ခေါင်းကို အနည်းငယ်မော့ပြီး ဂူပေါက်ဝကို ကြည့်လိုက်သည်။

ဂူအဝင်ဝမှာ ပိန်ပိန်ပါးပါး ကလေးတစ်ယောက် ရပ်နေသည်ကို သူ သတိထားမိသည်။ ကလေးက ခုနစ်နှစ် ရှစ်နှစ်ပဲ ရှိဉီးမည်။

သို့သော်၊ သူ့ရှေ့ရှိ ကလေးသည် သာမန်ကလေး မဟုတ်ကြောင်း အကြည့်တစ်ချက်ဖြင့် ချင်ယွင် ပြောနိုင်သည်။ အဘယ့်ကြောင့်ဆိုသော်, ထိုကလေး၏ မျက်ခုံးကြားတွင် ထူးဆန်းသော ပုံစံတစ်ခု ရှိနေပြီး၊ ထိုပုံစံတစ်ဝိုက်တွင် ထူးဆန်းသော ပုံစံလေးခု ရှိနေသော ကြောင့်ပင်။

"ဥပဒေသကွင်းဆက်တွေလား? တကယ်ကို ဥပဒေသ ကွင်းဆက်တွေပဲ" ချင်ယွင်သည် ချက်ခြင်း ထိတ်လန့်သွားသည်။

သူ့ရှေ့က ကလေး၏ မျက်ခုံးကြားက မှော်သင်္ကေတပုံစံများသည် သာမန် မှော်သင်္ကေတ ပုံစံများ မဟုတ်ပါဘူး။ ယင်းအစား၊ ၎င်းတို့သည် ကောင်းကင်နတ်ဘုရားများ နားလည် သဘောပေါက်ရန် အသဲအသန် ကြိုးစားနေကြသည့် ဉပဒေသ ကွင်းဆက်များ ဖြစ်ပါသည်။ အရေးအကြီးဆုံးမှာ၊ ဤမှော်သင်္ကေတများသည် ကိုယ်တိုင် လေ့လာဆည်းပူးပြီးမှ ရရှိထားခြင်း မဟုတ်ဘဲ သဘာဝ မှော်သင်္ကေတပုံစံများနှင့် ပိုတူပါသည်။

"သဘာဝဥပဒေသ ကွင်းဆက်တစ်ခု၊ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။" ချင်ယွင်သည် ထိုကလေး၏ ကျင့်ကြံမှုကို စူးစမ်းလေ့လာရန် သူ၏နတ်ဘုရားအာရုံကို အလျင်အမြန် ထုတ်လွှတ်ရင်း သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက်သည်။

သို့သော်၊ ရလာဒ်က ချင်ယွင်ကို အလွန်အံ့အားသင့်စေသည်၊ အကြောင်းမှာ သူသည် ထိုကလေး၏ ကျင့်ကြံမှု အခြေခံကို မမြင်နိုင်ကြောင်း သူ တွေ့ရှိခဲ့သည်။ သူ့မျက်လုံးထဲ မှာတော့ ထိုကလေးသည် သာမန်ကလေးတစ်ယောက်နှင့် အတူတူပင်။

သို့သော် ချင်ယွင်သည် ဤကလေး၏ ခန္ဓာကိုယ်အတွင်း ကြီးမားသော စွမ်းအင်ပမာဏကို ခံစား သိရှိနိုင်သေးသည်။

"နိုးပြီပြီလား။ တကယ်ကြီးလား?"

ချင်ယွင် အံ့သြနေစဉ်မှာ ဂူအပြင်ဘက်က အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းပင် ဖက်တီးကလေးတစ်ယောက် ပြေးဝင်လာသည်။ သူ့မျက်လုံးကြီး တစ်စုံက ချင်ယွင်ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်သည်။ ချင်ယွင် မျက်လုံးပွင့်နေသည်ကို မြင်တော့, သူ့မျက်နှာက အံ့သြမှုများဖြင့် ပြည့်နှက်သွားရသည်။

ချင်ယွင်လည်း ဖက်တီးကလေးအား အံ့သြစွာ ကြည့်နေသည်။ ဖက်တီးကလေးသည် ပိန်ပိန်ပါးပါး ကလေးနှင့် အတူတူပဲဆိုသည်ကို သူ တွေ့ရှိခဲ့ရသည်။ သူ့မျက်နှာပေါ်တွင် သဘာဝ ဉပဒေသကွင်းဆက်တစ်ခုလည်း ရှိနေခဲ့ပြီး၊ ၎င်းသည် ပိန်ပိန်ပါးပါး ကလေးထက် အနည်းငယ် ပိုရှည်ပုံရသည်။

"သဘာဝတရားရဲ့ ဉပဒေသ ကွင်းဆက်တစ်ခုပဲ။ ဒီကလေးနှစ်ယောက်ရဲ့ ကိုယ်ရေးအချက် လက်က အတိအကျ ဘာလဲ။ ဒီကလေးနှစ်ယောက်ကြောင့် လျှိုဘို ပုန်းနေတာလား။" ချင်ယွင်က သူ့ကိုယ်သူ အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး သူ့နှလုံးသားက ပို၍ပင် အံ့သြသွား သည်။

သို့သော်လည်း ချင်ယွင်က ပဟေဠိဖြစ်နေချိန်မှာ ပိန်ပိန်ပါးပါးကလေးနှင့် ဖက်တီးကလေး နှစ်ယောက်စလုံးသည် ချင်ယွင်ဆီသို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်လှမ်းလာကာ သူ့ကို စူးစူးစိုက်စိုက် ကြည့်နေကြသည်။

ချင်ယွင်သည်လည်း ကလေးနှစ်ယောက်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။ နှစ်ဘက်စလုံး စကားတစ်ခွန်းမှ မပြောကြပေ။

နောက်ဆုံးတွင် ဖက်တီးကလေးသည် သူ့စိတ်ထဲမှ သံသယကို ခံနိုင်ရည်ရှိပုံ မပေါ်ချေ။ သူသည် ချင်ယွင်၏အနားကို တိုးလာပြီး ချင်ယွင်ကို လက်ညိုးဖြင့် ထိုးကာ မေးလိုက်သည် "ဟေ့…. လူသား၊ မင်း ဒဏ်ရာက အရမ်းဆိုးနေတယ်။ မင်းက အခုထိ ​​မသေသေးဘူး။ မင်း ဘယ်လိုလုပ်လိုက်တာလဲ။ ပြီးတော့, မင်းရဲ့ခန္ဓာကိုယ်မှာ နဂါးအငွေ့အသက်က ဘယ်လိုလုပ် ရှိနေရတာလဲ။"

ထိုစကားကို ကြားတော့ ချင်ယွင်လည်း အနည်းငယ် ထိတ်လန့်သွားသည်။ တကယ်လည်း, ထိုကလေးသည် သူ့ကို လူသားဟု ခေါ်နေသည်။ ဆိုတော့, သူ့ရှေ့မှ ဤကလေးနှစ်ယောက် သည် လူသားမဟုတ်ဟု ဆိုလိုရာမရောက်ပေဘူးလား။

"ဒါပေမယ့်, သူတို့က လူသားမဟုတ်ဘူးရင်, ဘာတွေဖြစ်မလဲ။ သူတို့ခန္ဓာကိုယ် အစစ်အမှန်ကို ဘာကြောင့် မမြင်နိုင်ရတာလဲ။" ချင်ယွင်က ပို၍ပင် ဝေခွဲမရဖြစ်သွားသော် လည်း သူ မေးမြန်းလိုက်ပါသေးသည် "ဒီနေရာက ဘယ်နေရာလဲ”။

All Chapters