အခန်း ၁၆၁၈
Vol. 108 Ch. 1618
အခန်း (၁၆၁၈) တားမြစ်နတ်ဘုရားတောအုပ်။
ဖက်တီးကလေးသည် ချင်ယွင်၏ အမေးကို ကြားသောအခါ၊ "ဒါက တားမြစ်နတ်ဘုရား တောအုပ်ပဲ" ဟု မဖြေမီ တစ်ခဏမျှ တုံ့ဆိုင်းသွားသေးသည်။
"တားမြစ်နတ်ဘုရားတောအုပ်လား?" ချင်ယွင်သည် အံ့အားတသင့် ထပ်ခါတလဲလဲ ရေရွတ်လိုက်မိသည်။
ထိုနာမည်ကို ကြားလိုက်ရုံဖြင့် သူ့ဆံပင်တွေက အဆုံးထိ ထောင်မတ်သွားခဲ့သည်။ လျှိုဘို က သူ့အား အစောပိုင်းက ပြောခဲ့သည့် အချက်များအပြင်၊ ဤနေရာသည် သာမန်နေရာ မဟုတ်ဟု သူ ယောင်ဝါးဝါး ထင်မြင်လာမိသည်။
အရင်က, သူသည် သွေးလွတ်မြောက်ခြင်း လျှို့ဝှက်ပညာရပ်ကို အသုံးပြုခဲ့ချိန်မှာ, သူ့အသိစိတ်က အနည်းငယ် ဝေဝါးနေခဲ့ပြီး ထွက်ပြေးရန် လမ်းကြောင်းကို မရွေးချယ်နိုင် ခဲ့ပါဘူး။ သူသည် ထွက်ပြေးရန်သာ သိတော့သည်။ ဤထူးဆန်းသော ကောင်လေး နှစ်ယောက်ရှိနေသည့် ဤနေရာသို့ ပြေးဝင်မိလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။
"မင်း ငါတို့ကို မပြောရသေးဘူး။ မင်းက လူလား နဂါးလား။ မင်းက လူသားလို့ ငါခံစားရ တယ်။ ဒါပေမယ့်, ဒီလူပိန်လေးက မင်းကို နဂါးလို့ ပြောနေတယ်" ဖက်တီးက ထပ်ပြော သည်။
ချင်ယွင်သည် ဖက်တီးကလေး၏ စကားကို ကြားသောအခါ၊ သူသည် သူ့အတွေးများကို ထိန်းချုပ်ပြီး တုန့်ပြန်လိုက်သည် "ငါက လူသားပါ"
"ဒါဆို မင်းမှာ ဘာလို့ နဂါးရဲ့အငွေ့အသက်တွေ ရှိနေရတာလဲ" ပိန်ပိန်ပါးပါး ကလေးငယ် က ကမန်းကတန်း ကြားဖြတ်ပြောသည်။
"ငါ့ခန္ဓာကိုယ်မှာ နဂါးနတ်ဘုရားရဲ့ စိတ်ဝိညာဉ်ရှိနေလို့ ငါ့မှာလည်း နဂါး အငွေ့အသက် ရှိနေတာ။ ဒါပေမယ့် ငါက လူသားတစ်ယောက်ပါ။" ချင်ယွင်က ပြန်ဖြေသည်။
ပိန်ပိန်ပါးပါး ကလေးနှင့် ဖက်တီးကလေးတို့သည် ထိုစကားကြားမှသာ သက်ပြင်းကိုယ်စီ ချလိုက်ကြပါသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရလျှင်, သူ့စိတ်ထဲမှာ ချက်ချင်းပင် ကောက်ချက် ချလိုက်ပါသည်။ သူ့ရှေ့မှ ကလေးများသည် နဂါးများကို အလွန်ကြောက်ပုံရသည်။
သို့သော် သူ မမေးခဲ့ပေ။ ဤကလေးနှစ်ယောက်သည် သူ့အပေါ် ဒေါသထွက်သည့် အမူအရာ မပြသော်လည်း ဤကလေးနှစ်ယောက်သည် အရမ်းကို ထူးဆန်းလွန်းသည်။ ချင်ယွင်သည် သတိထားရမည်။ နောက်ဆုံးတွင်၊ ဤနေရာသည် ရှေးခေတ်နတ်ဘုရား ကမ္ဘာ၏ နယ်မြေဖြစ်ပြီး၊ အချိန်မရွေး ဘာမဆို ဖြစ်သွားနိုင်သည်။
"မင်းက လူသားဆိုမှတော့, ငါတို့က မင်းကို မသတ်တော့ပါဘူး။ မင်း ဒီမှာ အေးအေး ဆေးဆေးနေပါ။ စိတ်မပူပါနဲ့။ ဒီတားမြစ်နတ်ဘုရားတောအုပ်ထဲမှာ ငါနဲ့ လူပိန်လေး နှစ်ယောက်ပဲ ရှိတယ်။ မင်းကို ဘယ်သူမှ နှောင့်ယှက်မှာ မဟုတ်ဘူး။" ဖက်တီးက ပြောသည်။
ထိုသို့ပြောပြီးနောက်, သူသည် ပိန်ပိန်ပါးပါး ကလေးကို ဂူထဲမှ တိုက်ရိုက် ဆွဲခေါ်ထုတ် သွားသည်။ ကလေးနှစ်ယောက် ထွက်သွားသည်ကို မြင်တော့ ချင်ယွင်သည် တခြားဘာမှ မပြောတော့ဘဲ သူ့ဒဏ်ရာတွေကို ကုစားရန် သူ၏နတ်ဘုရားတန်ခိုးစွမ်းအားကို စုစည်းရန် ကြိုးစားပါတော့သည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ နတ်ဆိုးနတ်ဘုရား ကျင့်ကြံမှုအခြေခံသည် လုံးဝ မရှိတော့ပေ။ သူ၏ နတ်ဆိုးနတ်ဘုရား ရုပ်ခန္ဓာကိုယ်သည် ပို၍ပင် ဆိုးဆိုးရွားရွား ပျက်ဆီးသွားခဲ့သည်။ ထို့အပြင်၊ သူ့ခန္ဓာကိုယ်အတွင်းမှာ ဟုန်လဲ့၏ အပြင်းအထန် တိုက်ခိုက်ခဲ့သော ကြွင်းကျန် စွမ်းအားများက အလွန်မင်း ရက်စက်ကြမ်းကြုတ်လွန်းလှသည်။ သူ့ခန္ဓာကိုယ်ကို ပြန်လည် ပြုပြင်ရန် သူ၏အသက်တန်ခိုးစွမ်းအားနှင့် နတ်ဘုရားတန်ခိုးစွမ်းအားကို အားကိုးလိုလျှင် ပင်, သူ့အမြန်နှုန်းသည် ယခင်ကထက် များစွာ နှေးကွေးသွားမည် ဖြစ်သည်။ သို့သော် လည်း သူသည် ယခုအခါ ဖြည်းဖြည်းချင်း ပြန်လည်ကုစားနိုင်ပြီး အလျင်စလို ဖြစ်စရာမလို ပေ။
နတ်ဆိုးနတ်ဘုရားအမြုတေကို ပြန်လည်ရရှိရန်အတွက်မူ, ချင်ယွင်သည် သူ၏ခန္ဓာကိုယ် ပြန်လည် ကောင်းမွန်လာရန် စောင့်ဆိုင်းရဦးမည်။ အနည်းဆုံး, သူသည် အရင်ဆုံး လှုပ်ရှားနိုင်အောင် လုပ်ဆောင်ရဉီးမည်။
ဤနည်းအတိုင်းပင်၊ ချင်ယွင်သည် လှိုဏ်ဂူထဲတွင် တစ်လပြည့်အောင် လဲလျောင်းနေခဲ့ပြီး၊ ဟုန်လဲ့၏ သူ့ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းထားသည့် နတ်ဘုရားတန်ခိုးစွမ်းအားကို ဖယ်ရှား ကာ၊ သူ့ခန္ဓာကိုယ်ကို အနည်းငယ် ပြန်လည်ကောင်းမွန်လာစေသည်။
ချင်ယွင်သည် ဂူထဲမှ အပြင်ထွက်နိုင်သောအခါ၊ သူ့ရှေ့က မြင်ကွင်းကြောင့် သူ အံ့ဩသွားသည်။
သူကြည့်လိုက်သည့် နေရာတိုင်းက အနက်ရောင်ချည်း ဖြစ်နေသည်။ မီးခိုးရောင် ကောင်းကင်ကြီးမှလွဲ၍ ပတ်ဝန်းကျင်ရှိ ကျောက်ဆောင်များ၊ သစ်ပင်များနှင့် ရေများပင် မည်းမှောင်နေပါသည်။
ဤအရာက ချင်ယွင် တုန်လှုပ်သွားရသည့် အကြောင်းရင်း မဟုတ်ပါဘူး။ သူ့အား အမှန်တကယ် ထိတ်လန့်စေသည့်အရာမှာ ကောင်းကင်ယံတွင် ဖုံးအုပ်ထားသည့် အစွမ်းထက် စွမ်းအင်ဒိုင်းတစ်ခု ရှိနေခြင်းပင် ဖြစ်သည်။ ဤအကာကွယ်ဒိုင်းသည် အနက်ရောင် ဖျော့ဖျော့ ဖြစ်သည်။ ဤအကာကွယ်ဒိုင်းကြောင့် ကောင်းကင်ကြီးသည် မီးခိုးရောင် ဖြစ်နေခြင်း ဖြစ်သည်။
"ဒါက ဘယ်လိုနေရာမျိုးလဲ။ ဘာလို့ ဒီနေရာက အလုံပိတ်လို့ ခံစားရတာလဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
"ကောင်စုတ်လေး၊ မင်းရဲ့ ခန့်မှန်းချက်က မှန်တယ်ကွ။ ဒီနေရာက တကယ်ကို အလုံပိတ် နေရာတစ်ခုပဲ။ ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ ကြီးကျယ်ခမ်းနားတဲ့ လျှို့ဝှက်ဆန်းကြယ် နေရာတွေထဲက တစ်ခုလည်း ဖြစ်တယ်။ ဒီကလေးနှစ်ယောက်က ဒီနေရာကို တားမြစ် နတ်ဘုရားနယ်မြေလို့ ပြောကြတယ်။ တကယ်တော့ ဒီနေရာက နောက်ထပ် နာမည် တစ်မျိုး ရှိသေးတယ်။ အဲဒါကတော့ မေ့လျော့ခံနယ်မြေပဲ" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
"မေ့လျော့ခံနယ်မြေ၊ ဒါက ဘာကိုဆိုလိုတာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက် သည်။
“တကယ်တော့ မေ့လျော့ခံနယ်မြေလို့ ခေါ်ရတာက ဘယ်သူပဲဖြစ်ဖြစ် အထဲကို ဝင်ရောက် လာခဲ့ရင် အသက်ရှင် လွတ်မြောက်ဖို့ လမ်းမရှိလို့ပဲ။ ဒါကြောင့် ဒီနေရာကို အပြင်လူတွေက တားမြစ်နတ်ဘုရားနယ်မြေလို့ ခေါ်ကြတာ။ ဒီနေရာက နတ်ဘုရားတွေရဲ့ မေ့လျော့ခြင်း ခံထားရတဲ့နေရာပဲ။ ဟိုတစ်ချိန်တုန်းက ကျွမ်းကျင်ပညာရှင်တစ်ယောက် ရှိခဲ့ဖူးတယ်။ သူ မသေဆုံးခင်, အဲဒီပညာရှင်က ဒီနေရာမှာ လျှို့ဝှက်ချက်တစ်ခု ချန်ထားရစ်ခဲ့သည်။ အဲဒီလျှို့ဝှက်ချက်ကို ရရှိတဲ့လူဟာ အနှိုင်းမဲ့ တန်ခိုးရှင် ဖြစ်လာလိမ့်မယ်လို့ ဆိုကြတယ်။ ဒါပေမယ့် အဲဒီပညာရှင်ရဲ့ လုပ်ရပ်ကြောင့် ဒီနေရာဟာ နတ်ဘုရားတွေရဲ့ တဖြည်းဖြည်းနဲ့ မေ့လျော့ခံနေရာ ဖြစ်လာခဲ့ရတယ်” လျှိုဘိုက အသံလွှင့်ကာ ရှင်းပြသည်။
“ဒါဆို, အဲဒီပညာရှင် မသေဆုံးခင်, သူက ဒီနေရာကို စည်းတံဆိပ် ခတ်ထားခဲ့လို့လား” ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
“မဟုတ်ဘူး။ ဒီနေရာက စည်းတံဆိပ်က ဟိုရှေးခေတ်ကတည်းက တည်ရှိနေခဲ့တာ။ ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနဲ့ ပြီးပြည့်စုံသော ကောင်းကင် ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတွေတောင် ဘယ်သူမှ မချိုးဖျက်နိုင်ကြဘူး”။
“ဒါဆို အဲဒီပညာရှင်က ဒီနေရာမှာ မွေးဖွားတယ်လို့ မင်း ပြောချင်တာ မဟုတ်လား။ ဒါဆို သူကရော ဒီနေရာကနေ ဘယ်လို ထွက်သွားတာလဲ” ချင်ယွင်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။
လျှိုဘို၏ စကားများသည် လုံးဝ ရှေ့နောက် မညီပေ။ ယခင်က သူသည် ဤနေရာသို့ ဝင်ရောက်လာသူတိုင်း မည်သည့်အခါမှ ထွက်ခွာသွားနိုင်မည် မဟုတ်ကြောင်း ပြောခဲ့သော် လည်း၊ ယခင်က တစ်စုံတစ်ယောက်သည် ဤနေရာမှ ထွက်ခွာသွားခဲ့ကြောင်း ပြောနေပြန် သည်။ ချင်ယွင်သည် အလွန် စိတ်ရှုပ်ထွေးသွားရသည်။
“ဒီနေရာကနေ အဲဒီကျွမ်းကျင်ပညာရှင် ဘာကြောင့် ထွက်သွားနိုင်းစွမ်း ရှိလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ သမိုင်းတစ်ခုလုံးမှာ သူက ဒီနေရာက နေ ထွက်ခွာသွားနိုင်တဲ့ တစ်ဦးတည်းသောလူပဲ။ ဒါ့အပြင်၊ သူထွက်နိုင်တာကလည်း သူပြောခဲ့တဲ့ လျှို့ဝှက်ချက်နဲ့ တစ်ခုခုတော့ ဆက်စပ်နေတယ်လို့ ငါ သံသယ ဖြစ်မိတယ်" လျှိုဘိုက အသံထုတ်လွှင့်မှုကနေ ရှင်းပြပါသည်။
ချင်ယွင်က ထပ်မမေးတော့ဘဲ ခဏကြာသည်အထိ လေးလေးနက်နက် တွေးနေခဲ့သည်။ အချိန်အတော်ကြာ တွေးတောပြီးနောက် သူက ထပ်မေးလိုက်သည် "ဒါဆို မင်း စောစော က ပြောခဲ့တဲ့ ငါ့ရဲ့နတ်ဆိုးနတ်ဘုရားအမြုတေ ပြန်လည်ကောင်းမွန်အောင် ကူညီပေးနိုင် တဲ့အရာက ဒီနေရာက အဲဒီလျှို့ဝှက်ချက်နဲ့များ သက်ဆိုင်နေမလား"။
"မှန်တာပေါ့။ ဒီကမ္ဘာမှာ မင်းရဲ့ နတ်ဆိုးနတ်ဘုရားအမြုတေ ပြန်ကောင်းလာအောင် ကူညီပေးနိုင်တဲ့အရာ တစ်ခုခုရှိခဲ့ရင် အဲဒီအရာက ဒီနေရာက လျှို့ဝှက်ချက်ပဲ ဖြစ်နိုင်လိမ့် မယ်။” လျှိုဘိုက ဆက်ပြောသည်။
“မင်း ဘာလို့ ဒီလောက် သေချာနေရတာလဲ။ ဒီလျှို့ဝှက်ချက်က ဘာလဲ မင်းသိရဲ့လား" ချင်ယွင်က မေးသည်။
"ငါ မသိဘူး။ ဘာကြောင့်ဖြစ်နိုင်လဲဆိုတော့ ဒီနေရာကနေ ထွက်သွားနိုင်တဲ့ အဲဒီ ကျွမ်းကျင်ပညာရှင်ကလည်း နတ်ဆိုးနတ်ဘုရားကျင့်ကြံသူတစ်ဦး ဖြစ်နေတာကြောင့်ပဲ။ အဲဒီတုန်းက သူလည်း တစ်စုံတစ်ယောက်ရဲ့ အစိတ်စိတ်မွှာမွှာ ရိုက်နှက်ခံခဲ့ရပြီး၊ ပြန်လည် ကောင်းမွန်လာခဲ့တယ်။ နောက်ပြီး သူက ပိုတောင် သန်မာလာခဲ့တယ်။ အဲဒါကြောင့် ငါ ဒီလိုပြောရဲတာပဲ။" လျှိုဘိုက ပြောသည်။
ချင်ယွင်သည် ထိုစကားကို ကြားသောအခါတွင် သူသည် ချက်ချင်းပင် တော်တော်များများ နားလည်သွားသည်။ သူက မေးမြန်းလိုက်ပြန်သည် “ဒါဆို ဒီလျှို့ဝှက်ချက်ကို ဘယ်လိုရှာ ရမလဲ။ ကြည့်ရသလောက်ဆို, ဒီတားမြစ် နတ်ဘုရားနယ်မြေက သေးသေးလေး မဟုတ် ဘူး။ နည်းနည်းချင်း ရှာကြည့်ဖို့ လိုမလား။ ဒါဆို အချိန်ဘယ်လောက် ကြာမလဲ”။
"ဒီလောက် ဒုက္ခခံနေစရာ မလိုပါဘူး။ ဒီတားမြစ်နယ်မြေရဲ့ လျှို့ဝှက်ချက်ကို ရှာချင်ရင် အဖြေက အဲဒီကလေးနှစ်ယောက်မှာ ရှိနေတယ်။" လျှိုဘိုက ဆက်ပြောသည်။
"ကလေးတွေလား ..သူတို့ရဲ့ ကိုယ်ရေးအချက်လက်ကိုရော သိလို့လား?" ချင်ယွင်က စိတ်ရှုပ်ထွေးသော အမူအရာကို ထပ်မံ ထုတ်ဖော်လိုက်သည်။
"ငါ မသိဘူး၊ ဒါပေမယ့် ဒီကလေးနှစ်ယောက်က ဒီနေရာရဲ့ လျှို့ဝှက်ချက်တွေနဲ့ တစ်ခုခု ပတ်သက်နေတယ်ဆိုတာ သေချာပါတယ်။ ဘာလို့ဆို ဒီကလေးနှစ်ယောက်က သာမန် ကလေးတွေ မဟုတ်လို့ပဲ။" လျှိုဘိုက ပြန်ပြောသည်။
ချင်ယွင်သည် ပြောစရာစကားမဲ့သွားရသည်။ ဤကလေးနှစ်ယောက်သည် သာမန်ကလေး များ မဟုတ်ကြောင်း သူ သိသည်။ ထိုသို့မဟုတ်လျှင်, သူတို့သည် အဘယ့်ကြောင့် အခုလို အုံ့မှိုင်းနေသည့်နေရာမျိုးမှာ ရှိနေရမည်နည်း။
လျှိုဘိုသည် စိတ်လှုပ်ရှားဖွယ် အကြောင်းအရာများကို အချိန်အတော်ကြာအောင် ပြောဆို နေသော်လည်း အသုံးဝင်သော အချက်အလက်ကိုမူ မပေးနိုင်ခဲ့ပေ။
"ကြည့်ရတာ, ငါ နည်းနည်းချင်း စူးစမ်းကြည့်ရမယ်ထင်တယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
ယခုအချိန်တွင် သူသည် သူ၏လှုပ်ရှားနိုင်စွမ်းကို ပြန်လည်ရရှိလာပြီ ဖြစ်သော်လည်း အလွန် အားနည်းနေသေးသည်။ အခု, သာမန်ကလေးတစ်ယောက်တောင်မှ သူ့ကို တွန်းချ နိုင်သည်။ ထို့ကြောင့်, အခုချိန်မှာ အကယ်၍, သူ တစ်ခုခု လုပ်ချင်သည်ဆိုလျှင်ပင် တစ်ဆင့်ပြီးတစ်ဆင့် ဖြည်းဖြည်းချင်း လုပ်ဆောင်ရလိမ့်မည်။
"ဟေး၊ မင်း ထနိုင်ပြီလား.."
ချင်ယွင်သည် ရှေ့ဆက် ဘာဆက်လုပ်ရမလဲ စီစဉ်နေချိန်မှာ, ရုပ်အသွင်နှစ်ခုက ရုတ်တရက် သူ့ဘေးမှာ တိတ်တဆိတ် ပေါ်လာသည်။
"ဒီလောက်မြန်လား.." ချင်ယွင်၏ သူငယ်အိမ်များသည် ချက်ခြင်း ကျုံ့သွားကာ သူ့မျက်လုံးများတွင် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။
အစောပိုင်းက ထိုကလေးနှစ်ယောက် ပြသခဲ့သော အမြန်နှုန်းသည် ဟုန်လဲ့ထက် ဘယ်လိုမှ အားမနည်းနိုင်ပေ။ ပို၍ပင် မြန်နေသည်။