← Chapters

အခန်း ၁၆၁၉

Vol. 108 Ch. 1619

အခန်း ၁၆၁၉

Vol. 108 Ch. 1619

အခန်း (၁၆၁၉) မှော်နက်ငါး

ချင်ယွင်သည် တကယ်ကို ထိတ်လန့်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုကလေးနှစ်ဦး ပြသသည့် အမြန်နှုန်းက သူ့ကို အထူးအဆန်း ဖြစ်စေသည်ဟု ခံစားရသောကြောင့်ပင်။

"ဟုတ်တယ်၊ ငါ့ခန္ဓာကိုယ်က နည်းနည်းတော့ ပြန်ကောင်းလာပြီ။ အခြေခံအားဖြင့် ငါ လမ်းတော့ လျှောက်နိုင်ပြီ။ ဒါပေမယ့် အတိတ်က အထွတ်အထိပ်အထိ ရောက်ဖို့ အချိန် တစ်ခုတော့ ယူရဦးမယ်။" ချင်ယွင်က ပြန်ဖြေသည်။

ဖက်တီးနှင့် ပိန်ပိန်ပါးပါး ကလေးက ခေါင်းညိတ်သည်။

ရုတ်တရက် ဖက်တီးကလေး၏ မျက်လုံးများက တောက်ပလာပြီး ပြောသည် "သွားကြရ အောင်။ ငါတို့ ငါးကင်ထားတယ်။ အရမ်းအရသာရှိတယ်။ မင်း မြည့်စမ်းကြည့်ပေါ့"။

ချင်ယွင် ငြင်းဆန်သည်ကို မစောင့်တော့ဘဲ၊ သူသည် ချင်ယွင်ကို မြစ်တစ်ဆီသို့ ဆွဲခေါ်ပြီး၊ ငါးကင် အနည်းငယ်ရှိသည့်နေရာသို့ ရောက်လာကြသည်။ ဖက်တီးကလေးသည် ချင်ယွင် အား ငါးကင်တစ်ခုကို ပေးရင်း ပြောသည် "လာ…၊ စားကြည့်စမ်း၊ အရမ်းအရသာရှိတယ်”။

ချင်ယွင် ဂရုစိုက်မနေတော့ပေ။ သူက ငါးကင်ကို လှမ်းယူပြီး မြည်းစမ်းကြည့်သည်။

သို့သော် ချင်ယွင်သည် သူ ပထမဆုံး ကိုက်လိုက်သည့်အခါ လုံးဝကို မှင်သက်သွားခဲ့ရ သည်။

ပထမဆုံး ငါးအသား သူ့ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားပြီးနောက်တွင်၊ ငါးအသားမှ ထွက်ပေါ်လာသည့် ထူးခြားသော စွမ်းအားကို သိသိသာသာ ခံစားရပြီး၊ ၎င်းစွမ်းအားသည် သူ၏ သွေးကြောများတစ်လျှောက် ဖြတ်သန်းကာ သူ့ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးသို့ စီးဆင်းသွားသည်။

ဤစွမ်းအင်များ စီးဆင်းလာသည်နှင့်အမျှ ချင်ယွင်သည် သူ့တစ်ကိုယ်လုံး ပူနွေးလာသည် ကို တွေ့ရှိလိုက်ရသည်။ ထိုမျှတင်မကပဲ၊ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများသည် ထိုစွမ်းအင် အောက်မှာ ဖြည်းဖြည်းချင်း ပြန်ကောင်းလာခဲ့သည်။

"ဒီငါးက ဒဏ်ရာတွေကို တကယ်ပဲ ကုသပေးနိုင်တာလား" ချင်ယွင်သည် အလွန်မင်း အံ့သြသွားခဲ့သည်။

အစောပိုင်းက ထိုငါးအသားတစ်လုတ်၏ အကျိုးသက်ရောက်မှုသည် သူ၏ကျင့်ကြံမူ ပညာရပ်ကို သုံးရက်ဆက်တိုက် ဖြန့်ကျက်ခြင်းဖြင့် ရရှိနိုင်သော အကျိုးသက်ရောက်မှုနှင့် ညီမျှနေသည်။ အခု, ငါးအသားတစ်လုတ်သာ ရှိပါသေးသည်။ သူ မည်သို့ မတုန်လှုပ်ဘဲ နေမည်နည်း။

"ဘယ်လိုလဲ၊ ငါမင်းကို ပြောခဲ့ပါတယ်။ ဒီငါးကင်က အရသာရှိတယ်လို့။ မှန်တယ်မလား" ချင်ယွင်၏ ထိတ်လန့် တုန်လှုပ်သော အမူအရာကို မြင်သောအခါ ဖက်တီးကလေးက ပြုံးလိုက်သည်။

ပိန်ပိန်ပါးပါး ကလေးသည် သူ့မျက်နှာပေါ်တွင် အထင်သေးသည့် အမူအရာဖြင့် "လှီးဖြတ် ပြီး ငါ ကင်ထားတာ မဟုတ်လား" ဟု တီးတိုးရေရွတ်လိုက်၏။

"ဒါ​ပေမယ့်​ ငါးက ငါ ဖမ်းတာလေ​" ဖက်တီးကလေးက လက်မခံနိုင်စွာ တုန့်ပြန်လိုက်သည်။

ကလေးနှစ်ယောက်ကြား စကားနိုင်လုနေကြချိန်မှာ ချင်ယွင်သည် အထိတ်တလန့် ဖြစ်နေရာမှ လန့်နိုးလာပြီး အလောတကြီး မေးလိုက်သည် "ဒါက ဘယ်လို ငါးမျိုးလဲ"

"ငါ မသိဘူး၊ ဘာပဲဖြစ်ဖြစ်, ဒီငါးတွေက ဟိုကမြစ်ထဲက ဖမ်းခဲ့တာ။ ကင်တဲ့အခါ အရသာရှိလွန်းလို့ ငါတို့ကတော့ သင့်ရနံ့ငါးလို့ ခေါ်တယ်။" ဖက်တီးကလေးက ပြုံးပြီး ပြန်ဖြေသည်။

"ဟိုက အနက်ရောင်ရေရှိတဲ့ မြစ်ကိုဆိုလိုတာလား။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

ဖက်တီးကလေးက လေးလေးနက်နက် ခေါင်းညိတ်ပြသည်။

ချင်ယွင်သည် ပို၍ပင် အံ့သြသွားသည်။ အနက်ရောင်ရေထဲမှာ သက်ရှိအရာ မရှိဟု သူ ထင်ခဲ့သော်လည်း ထိုအထဲမှာ ယခုလိုငါးမျိုး ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ကြည့်ရတာ, ငါ့ရဲ့ခန္ဓာကိုယ်နဲ့ ကျင့်ကြံမှု အခြေခံ မြန်မြန်ဆန်ဆန် ပြန်ကောင်းချင်ရင် ဒီငါးတွေကို များများဖမ်းဖို့ လိုမယ့်ပုံပဲ" ချင်ယွင်သည် ငါးကင်ကို ပါးစပ်အလုတ်ပြည့် စားရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ချင်ယွင်သည် သူ့ဒဏ်ရာများ တစ်ကြိမ်ပြီးတစ်ကြိမ် သက်သာလာသည်ကို တွေ့ရှိခဲ့ရ သည်။ သူ၏ခွန်အားမှာလည်း ယခင်နှင့်ယှဉ်လျှင် များစွာ တိုးလာခဲ့သည်။

"ဟုတ်ပါပြီ။ ဒါက ပစ္စည်းကောင်းပဲ။ ဒါပေမယ့် ငါးကင်နည်းစနစ်က အရမ်း ညံ့လွန်းတယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

တကယ်တော့, သူသည် အခုန ငါးကင်ကိုစားသည့်အခါ, ထိုပိန်ပိန်ပါးပါး ကလေး၏ ငါးကင်က တကယ့်ကို ရိုးရိုးရှင်းရှင်းပဲဆိုသည်ကို သိလိုက်ရသည်။ အနည်းငယ်ပင် မီးကျွမ်းနေသည်။ ငါးကင်က အရသာရှိနေရသည့် အကြောင်းရင်းမှာလည်း ငါးအသားက အရမ်းကို အရသာရှိနေ၍ ဖြစ်သည်။ အကယ်၍, သူသာ ကင်ခဲ့လျှင်၊ သူသည် ကမ္ဘာပေါ်ရှိ အကောင်းဆုံး ဟင်းပွဲများထဲမှ တစ်ခုကို သေချာပေါက် ဖန်တီးနိုင်ပါလိမ့်မည်။

ချင်ယွင်သည် ငါးကိုစားနေချိန်မှာ, ကလေးနှစ်ယောက်လည်း စိတ်မပျော်ရွှင်စွာဖြင့် ကျန်ငါးကင်များကို သန့်ရှင်းစွာ စားနေကြသည်။

တစ်ဖက်တွင် ချင်ယွင်သည် အနက်ရောင်ရေ မြစ်ဘက်သို့ ရောက်ရှိလာပြီး သူ့ကိုယ်တိုင် ငါးကင်ရန်အတွက် နောက်ထပ် ငါးအနည်းငယ်ကို ဖမ်းရန် ကြိုးစားကြည့်လိုသည်။

သို့သော် ချင်ယွင် မြစ်ကမ်းနားသို့ ရောက်သောအခါ ဤအရာအားလုံးသည် သူတွေးထားသ လောက် မရိုးရှင်းကြောင်း သူ သဘောပေါက်လိုက်သည်။

အနက်ရောင်ရေ မြစ်ထဲမှာ ကူးခတ်နေသည့် ငါးများ၏ အရှိန်ဟုန်က မနှိုင်းယှဉ်နိုင် လောက်အောင် မြန်ဆန်သည်။ ၎င်းတို့ တစ်ကောင်ချင်းစီသည် လျှပ်စီးများကဲ့သို့ပင် လျင်မြန်လှသည်။ ဒဏ်ရာရနေချိန်ကို မဆိုထားနှင့် သူ့အထွတ်အထိပ် အခြေနေမှာတောင် သူ၏အရှိန်ဟုန်က အနက်ရောင်ရေ မြစ်ထဲက ငါးတွေနှင့် ယှဉ်လို့မရသေးပါဘူး။

ထိုမျှသာမကပေ။ ထိုအနက်ရောင်ရေသည် သူ့နတ်ဘုရားအာရုံကို ဖုံးကွယ်ထားသည့် လုပ်ဆောင်ချက်များ ပါ၀င်သည်ကို ချင်ယွင် တွေ့ရှိရသည်။ တစ်နည်းဆိုရသော် သူသည် ဤငါးများကို ဖမ်းလိုလျှင် ပကတိမျက်စိကို အားကိုးခြင်းဖြင့် စောင့်ကြည့်ရမည် ဖြစ်သည်။ ထို့အပြင် ဤရေသည် အနှိုင်းမဲ့ နက်မှောင်နေပြီး ငါးတွေကိုယ်တိုင်လည်း မည်းနေပါသည်။ ငါး၏တည်နေရာကို လေ့လာရန် အလွန်ခက်ခဲသည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် ချင်ယွင်သည် မြစ်ကမ်းနားတွင် ငါးဖမ်းနေသည်မှာ အချိန်အတော်ကြာခဲ့သော် လည်း ငါးတစ်ကောင်မျှ မဖမ်းမိခဲ့ပေ။ သူသည် ကံကောင်းထောက်မပြီး ငါးအမြီးကို ထိတွေ့မိသော်လည်း, ထိုငါးအမြီးရိုက်ခတ်မူကြောင့် သူသည် တိုက်ရိုက် လွင့်ထွက်သွားရ သည်။ သူသည် ပေရာနှင့်ချီအကွာသို့ လွင့်ပျံသွားပြီး ဒဏ်ရာရလုနီးပါး ဖြစ်ခဲ့ရပြန်သည်။

"ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ငါးလဲ။ ဒီငါးမျိုးက ဉာဏ်ရည်မမီပေမယ့် ကြောက်စရာကောင်းတဲ့ အမြန်နှုန်းနဲ့ အစွမ်းကို ပိုင်ဆိုင်ထားတယ်။ ရှေးခေတ်နတ်ဘုရား ကမ္ဘာလို့ခေါ်ဖို့ တကယ်ကို ထိုက်တန်ပါတယ်။" ချင်ယွင်သည် မြစ်ကမ်းနားတွင် ထိုင်ကာ သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

နေ့တစ်ဝက် စမ်းသပ်ပြီးနောက် သူသည် မြစ်ထဲဆင်းပြီး ငါးဖမ်းရန် စိတ်ကူးကို စွန့်လွှတ် လိုက်ရသည်။

မြစ်ထဲဆင်းပြီး ငါးဖမ်းခြင်းက သူ ငါးဖမ်းနိုင်ခြင်း ရှိမရှိ မသေချာသော်လည်း, ငါတွေက တော့ သူ့ကို ဖမ်းသွားနိုင်သည်။

သို့သော် ချင်ယွင်သည် ထိုကဲ့သို့ အရှုံးမပေးလိုသည်မှာ သဘာဝအတိုင်းပင်။ ဤငါးသည် သူ၏ပြန်လည်ကုစားမူအတွက် အထောက်အကူများစွာ ပေးစွမ်းနိုင်သောကြောင့် ငါးများ ပိုမိုရရှိရန် နည်းလမ်းကို သဘာဝကျကျ တွေးတောနေခဲ့ရသည်။ ချင်ယွင်ကို ကူညီနိုင်သည့် လူများမှာလည်း ထိုကလေးနှစ်ယောက်သာ ဖြစ်သည်။

ထို့ကြောင့် ချင်ယွင်သည် ကလေးနှစ်ယောက်ကို တိုက်ရိုက် တွေ့ဆုံပြီး ဤကမ္ဘာပေါ်တွင် အရသာအရှိဆုံးငါးကို ကင်နိုင်ကြောင်း ပြောပြခဲ့သည်။

အစပိုင်းမှာတော့ ပိန်ပိန်ပါးပါး ကလေးသည် မယုံကြည်သေးသော်လည်း ဖက်တီးကလေး က ငါးနှစ်ကောင်ကို ဖမ်းလာခဲ့ပြီး၊ ချင်ယွင်ကိုယ်တိုင် ကင်သည့်အခါ ကလေးနှစ်ယောက် သည် ချင်ယွင်၏ ငါးကင်နည်းလမ်းကြောင့် လုံးဝကို ရှုံးနိမ့်သွားခဲ့ရသည်။

ရလာဒ်အနေဖြင့် ကလေးနှစ်ဦးသည် ချင်ယွင်အတွက် နောက်ထပ် ရက်အနည်းငယ်ကြာ ငါးဖမ်းပေးနေခဲ့သည်။ ချင်ယွင်သည် သူ၏ဒဏ်ရာများ လုံးဝ ပျောက်ကင်းစေရန် ထိုငါးကင်များကို အသုံးပြုခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည်လည်း သူ၏ ကျင့်ကြံမှု အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာသည်ကို တွေ့ရှိခဲ့ရသည်။ တစ်ချိန်တည်းဆိုသ လို, သူသည် အလယ်လတ် မြေကမ္ဘာနတ်ဘုရားနယ်ပယ်သို့လည်း ဖြတ်ကျော်ဝင်ရောက်ခဲ့ သည်။

နတ်ဆိုးနတ်ဘုရားအမြုတေ၏ အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားခြင်းကြောင့် နတ်ဆိုး နတ်ဘုရားကျင့်ကြံမှုကို ယာယီအနေဖြင့် ပြန်လည် မရရှိနိုင်သေးပေ။

"ဘုန်း…"

ချင်ယွင်သည် အပြင်းအထန် ထိုးနှက်ပြီး ကျောက်နံရံကို ရိုက်ခွဲလိုက်ရာ ကျောက်နံရံပေါ် တွင် လက်ဖဝါးအရွယ် အက်ကွဲကြောင်း အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။

ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ ဝမ်းသာအားရ ပြုံးပြသည်။

"အားနည်းလွန်းတယ်"

သို့သော် ဘေးတွင်ရပ်နေသော ကလေးနှစ်ယောက်က ခေါင်းယမ်းကြသည်။

ချင်ယွင် ဂရုမစိုက်။ သူ့အတွက်၊ နှစ်လမပြည့်မီတွင် သူ၏ကျင့်ကြံမှုအဆင့်သို့ ပြန်လည် ရောက်ရှိနိုင်သည်မှာ အံ့ဖွယ်တစ်ခု ဖြစ်နေပြီ ဖြစ်သည်။

ကလေးနှစ်ယောက်အတွက်မူ, ဤအချိန်အတွင်းမှာ သူတို့ မည်မျှ အစွမ်းထက်လဲဆိုသည် ကို သူ တွေ့ရှိခဲ့ရပါသည်။

ဖက်တီးကလေးငယ်သည် သူ့မျက်လုံးများဖြင့် မြင်ခဲ့ရပြီး လူနှစ်ယောက်စာ မြင့်သော ကျောက်တုံးကြီးကို လက်သီးတစ်ချက်ဖြင့် ရိုက်ခွဲလိုက်ရာ ကြေမွသွားသည်ကို သူ့မျက်လုံး ဖြင့် မြင်တွေ့ခဲ့ရသလို ပိန်ပိန်ပါးပါး ကလေးသည်လည်း ကျောက်တုံးများကို ရွှံ့ညွှန်ကဲ့သို့ ကြေမွအောင် ထုရိုက်နိုင်သည်ကိုလည်း သူ တွေ့မြင်ခဲ့ရသည်။

ဤနေရာရှိ ကျောက်တုံးများ၏ မာကျောမှုသည် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းလှ သည်။ အကယ်၍ လူတစ်ဦးသည် ကျောက်တုံးများကို လက်သီးတစ်ချက်တည်းဖြင့် ဖြိုခွင်းလိုပါက၊ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အစွမ်းမရှိဘဲ ထိုသို့ ပြုလုပ်ရန် မဖြစ်နိုင်ပေ။ တစ်နည်းဆိုရသော် သူရှေ့ရှိ ကလေးနှစ်ယောက်၏ ခွန်အားသည် အနည်းဆုံး ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်အောက် မရောက်ပေ။ သူတို့ မည်မျှ အစွမ်းထက်ကိုသည်ကို စုံစမ်းရန် လိုအပ်နေသေးသည်။

"အခုတော့ ငါ့ဒဏ်ရာတွေ အပြည့်အဝ ပြန်ကောင်းလာပြီ။ တားမြစ်နတ်ဘုရားတောအုပ်ရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေဖို့၊ နတ်ဘုရားနတ်ဘုရားအမြုတေကို တတ်နိုင်သမျှ အမြန်ဆုံး ပြုပြင်ပြီး ဟုန်လဲ့ကို လက်စားချေနိုင်ဖို့အတွက် ခွန်အားတွေ တိုးလာဖို့ပဲ လိုတော့တယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ထိုအကြောင်းကို တွေးတောရင်း ချင်ယွင်၏ မျက်လုံးများက ပြင်းထန်သော သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နှက်သွားသည်။

ဟုန်လဲ့နှင့် ပိုင်ချန်ဇီတို့ကြောင့်သာ မဟုတ်ပါက၊ သူသည် နတ်ဘုရားများနှင့် တစ္ဆေသရဲ များ၏ တားမြစ်နယ်မြေထဲသို့ ကျရောက်လိမ့်မည် မဟုတ်သလို, ထိုမျှပြင်းထန်သော ဒဏ်ရာများကိုလည်း ခံစားခဲ့ရမည် မဟုတ်ပေ။

"ဟုန်လဲ့၊ နောက်တစ်ကြိမ်ဆုံရင်၊ အနောက်ဘက် ကောင်းကင်ဘုံမှာ မင်း သေရမယ့်နေ့ ဖြစ်လာလိမ့်မယ်" ချင်ယွင်က သူ့လက်သီးတွေကို တင်းကြပ်စွာ ဆုပ်ထားပြီး သူ့မျက်လုံးတွေက တုနှိုင်းမရသည့် စိတ်ပိုင်းဖြတ်ထားမူနှင့် ပြည့်နေခဲ့သည်။

ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူအချို့အတွက်မူ, တစ်နေ့တွင်၊ သူသည် ဤကောင်းကင်ဘုရားအဆင့်သတ်မှတ်ချက်ပေါ်တွင် ခြေလှမ်းပြီး၊ တစ်ယောက်ချင်းစီကို နင်းချေပစ်မည်။

All Chapters