အခန်း ၁၆၂၀
Vol. 108 Ch. 1620
အခန်း (၁၆၂၀) ထူးထူးဆန်းဆန်း စွမ်းအား
တစ်ရက်ပြီးတစ်ရက်, ချင်ယွင်သည် ဤလျှို့ဝှက်ဆန်းကြယ်သော အနက်ရောင်ငါးများကို စားသုံးပြီး ကျင့်ကြံခြင်းအပြင် သူ၏ကျန်ရှိသော အချိန်များကို တားမြစ် နတ်ဘုရားတော အုပ်တစ်ဝိုက်တွင် လှည့်လည်ကြည့်ရှုခဲ့သည်။
ပထမအနေဖြင့်၊ သူသည် တားမြစ်နတ်ဘုရားတောအုပ်၏ လျှို့ဝှက်ချက်များကို ရှာဖွေလို ပြီး ဒုတိယအနေဖြင့် သူသည် ဤနေရာမှ မည်သို့ ရုန်းထွက်ရမည်ကို သိရှိလိုသည်။
သို့သော် ချင်ယွင်သည် တားမြစ်နတ်ဘုရားတောအုပ်ထဲတွင် တစ်လလုံး လှည့်လည်နေခဲ့ ပြီး၊ သူသည် တားမြစ်နတ်ဘုရားတောအုပ်တစ်ခုလုံးကို ရှာဖွေပြီးလုနီးပါး ဖြစ်သော်လည်း တားမြစ်နတ်ဘုရားတောအုပ်၏လျှို့ဝှက်ချက်ကို ရှာမတွေ့ခဲ့ပေ။
သူ့ကိုယ်တိုင် မျက်ကန်း ရှာဖွေမှုအပြင်, ချင်ယွင်သည် ကလေးနှစ်ယောက်ကို လှည့်စားပြီး၊ ကြိုးစားရှာဖွေခဲ့သော်လည်း နောက်ဆုံးရလာဒ်က ချင်ယွင်ကို အလွန်စိတ်ပျက်စေခဲ့သည်။
ကလေးနှစ်ယောက်ကရော အဘယ့်ကြောင့် ဤနေရာကို ရောက်နေရသနည်း။ သူတို့ မည်သည့် နေရာကလာမှန်း သူတို့ကိုယ်တိုင်ပင် မသိခဲ့ကြပါဘူး။ ထို့ကြောင့် သူတို့သည် မွေးကတည်းက ဤနေရာကနေ တစ်ခါမျှ မထွက်ခွာဖူးသလို တားမြစ်နတ်ဘုရား တောအုပ်အတွင်းမှ လျှို့ဝှက်ချက်ဟု ခေါ်ဝေါ်သည်အရာကိုလည်း တစ်ခါမှ မကြားဖူးခဲ့ပေ။
...
ချင်ယွင်သည် တားမြစ်နတ်ဘုရားတောအုပ်၏ အမြင့်ဆုံးတောင်ထိပ်တွင် ထိုင်နေပါသည်။ သူသည် ဟိုဟိုဒီဒီ ကြည့်နေပြီး, အရာအာလုံးက မည်းမှောင်နေသည်။
ကျောက်တုံးများက အနက်ရောင်ဖြစ်သလို သစ်ပင်များကလည်း မည်းမှောင်နေပြီး၊ အနက်ရောင်မှ လွဲ၍ အခြားအရောင် မရှိပေ။
"ငါက တစ်သက်လုံး ဒီအမှောင်ကမ္ဘာထဲမှာ နေရတော့မှာလား။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
လွန်ခဲ့သည့်လအနည်းငယ်အတွင်းမှာ, သူသည် နည်းလမ်းများစွာကို ကြိုးစားခဲ့သော်လည်း ဤတောအုပ်ထဲမှ မထွက်နိုင်သေးပေ။
သစ်တောအတွင်းမှာ ထူးဆန်းပြီး အားကောင်းသော စွမ်းအင်စက်ကွင်းတစ်ခု ရှိနေပုံရ သည်။ တောအုပ်စပ်သို့ ချဉ်းကပ်လိုက်သည်နှင့် ဤထူးဆန်းပြီး အစွမ်းထက်သော စွမ်းအင်ဖြင့် ချည်နှောင်ခံရပြီး သူသည် လွတ်မြောက်ရန် မဖြစ်နိုင်ခဲ့ပေ။
ဤထူးဆန်းသော စွမ်းအင်သည် လေဟာနယ်စွမ်းအားနှင့် အလွန်ဆင်တူပုံရသော်လည်း ထိုသို့ဖြစ်ပုံမပေါ်ပါ။ အတိုချုပ်ပြောရလျှင် ချင်ယွင်သည် မည်သည့်နည်းလမ်းကို အသုံးပြု သည်ဖြစ်စေ ဤစွမ်းအား၏ ချုပ်နှောင်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။
ဟုတ်ပါသည်၊ ချင်ယွင်ကို ထိတ်လန့်စေသည့် အရာကတော့ သူ့ခန္ဓာကိုယ်သည် ကနဦး စကြဝဠာထဲကို မ၀င်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူ ကနဦးစကြဝဠာထဲကို ဝင်ရန် ကြိုးစစားကြည့်တိုင်း သူ့ခန္ဓာကိုယ်ကို မမြင်နိုင်သည့် လက်တစ်ဖက်က ဖမ်းဆုပ်ထားပုံ ရပြီး၊ သူ့ကို ဤနေရာမှ ထွက်သွားရန် တားဆီးထားပါသည်။
မဟုတ်ပါက၊ သူသည် လေဟာနယ်လမ်းကြောင်းတစ်ခုဖန်တီးရန် ကနဦးစကြဝဠာကို အသုံးပြုနိုင်ပါသည်။ သို့သော် တားမြစ်နတ်ဘုရားတောအုပ်ထဲတွင်မူ သူသည် ထိုသို့ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။
"ဒီစွမ်းအားက အတိအကျ ဘာလဲ၊ ဘာကြောင့် ဒီလောက်တောင် တန်ခိုးကြီးနေတာလဲ။" ချင်ယွင် ဝေခွဲမရဖြစ်နေသည်။
ဤထူးဆန်းသော စွမ်းအင်သည် သူထိန်းချုပ်ထားသည့် လေဟာနယ် စွမ်းအင်နှင့် အလွန် ဆင်တူသည်ဟု သူခံစားရသော်လည်း ၎င်းမှာ သဘာဝအားဖြင့် ကွဲပြားသည်။ အတိုချုပ် ပြောရလျှင် ၎င်းသည် သူ့အား ဖော်မပြနိုင်သော ခံစားချက်ကို ပေးသည်။
"မေ့လိုက်ပါ၊ မင်း အပြင် မထွက်နိုင်မှတော့, ဘာလို့ ဒီနေရာမှာ လေဟာနယ်ကိုယ်ပွားရဲ့ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ဖို့ မကြိုးစားရတာလဲ။" ချင်ယွင်သည် အလွန်အမင်း တွေးတောမနေဘဲ တောင်ထိပ်ပေါ်တွင် တင်ပျဉ်ခွေကာ တိုက်ရိုက် ထိုင်လိုက်သည်။
လေဟာနယ်ကိုယ်ပွား၏ စစ်မှန်သော အဓိပ္ပါယ်ကို လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေး နတ်ဘုရားက သူ့အား လွှဲပြောင်းပေးခဲ့သော်လည်း၊ သူသည် ၎င်းကို နားလည်ဆင်ခြင်ရန် အချိန်မရှိခဲ့ပေ။
ဤတိုက်ပွဲကာလ တစ်လျှောက်တွင်၊ ချင်ယွင်သည် သူ၏တိုက်ခိုက်ရေး နည်းလမ်းများ သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ရှိ ကျွမ်းကျင်သူများနှင့် လုံးဝ အမှီလိုက်နိုင်စွမ်း မရှိကြောင်း တွေ့ရှိခဲ့သည်။
ဥပမာအနေဖြင့်၊ ဟုန်လဲ့သည် တိုက်ပွဲဝင်ရန် သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားကို အားကိုး အားထားပြုသော ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ထို့အပြင်၊ ဟုန်လဲ့သည် တိုက်ပွဲနှင့် ပတ်သက်ပြီး စစ်မှန်သော အဓိပ္ပါယ် နိယာမများကို နားလည်သဘောပေါက်ထားသည်။ ထို့ကြောင့် သူသည် ထူးထူးခြားခြား အစွမ်းထက်လှသည်။
ချင်ယွင်သည် သိုင်းပညာ၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်သော်လည်း၊ သူသည် အခြေခံအကျဆုံး ကနဦးအဆင့်တွင် ရှိနေဆဲဖြစ်ပြီး ဟုန်လဲ့နှင့် အဆင့်တူ မဟုတ်ပေ။
ယေဘုယျအားဖြင့် ပြောရလျှင် စစ်မှန်သော အဓိပ္ပါယ်ကို နားလည် သဘောပေါက်ခြင်း သည် ကနဦးအဆင့်, အလယ်လတ်အဆင့်, အဆင့်မြင့်အဆင့်နှင့် ပြီးပြည့်စုံခြင်းအဆင့် ဟူ၍ အဆင့်လေးဆင့် ခွဲခြားနိုင်သည်။
စစ်မှန်သော အဓိပ္ပါယ်ကို ပြီးပြည့်စုံခြင်း နယ်ပယ်အထိ နားလည်သဘောပေါက်မှသာ ဘိုးဘေးနတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
တစ်နည်းဆိုရသော်, ဘိုးဘေးနတ်ဘုရားနယ်ပယ်သို့ ရောက်လိုလျှင် စစ်မှန်သော အဓိပ္ပါယ် ကို ပြီးပြည့်စုံသော နယ်ပယ်အထိ နားလည်ရန် လိုအပ်သည်။
ဟုတ်ပါသည်၊ စစ်မှန်သော အဓိပ္ပါယ်ကိုလည်း အဆင့်သုံးဆင့် ခွဲခြားထားပါသည်။ စစ်မှန်သော အဓိပ္ပာယ် အဆင့်သုံး၊ စစ်မှန်သော အဓိပ္ပာယ်အဆင့်နှစ်နှင့် စစ်မှန်သော အဓိပ္ပာယ်အဆင့်တစ်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားပြန်သည်။ (ဤအရာက အစစ်မှန် အဓိပ္ပာယ်၏ အဆင့်တန်းကို ခွဲခြားထားခြင်း ဖြစ်သည်။ နားမလည်သဘောပေါက်မူနှင့် မသက်ဆိုင်ပေ။)
၎င်းတို့အနက် ချင်ယွင် နားလည်ထားသော သိုင်းတာအို အနှစ်သာရသည် အဆင့်နှစ် ဖြစ်သည်။ ကျိုးဟုန်ရွှဲ့ ယခင်ကရရှိခဲ့သော စိမ်းပြာနှင်းရေခဲအနှစ်သည် အဆင့်သုံး ဖြစ်ပြီး ကျိုးလင်ရရှိသော အသုရာအနှစ်သာရမှာလည်း အဆင့်နှစ် ဖြစ်သည်။ လျှို့ဝှက် ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား ချင်ယွင် သင်ပေးခဲ့သော လေဟာနယ်ကိုယ်ပွား အနှစ်သာရသည် အဆင့်တစ် ဖြစ်သည်။
စစ်မှန်သော အဓိပ္ပါယ်ကို အဆင့်သုံးဆင့်သာ ခွဲခြားထားသော်လည်း ၎င်းတို့ကြားတွင် ကြီးမားသော ကွာဟချက်ကြီး ရှိနေပါသည်။
အခြေခံကျဆုံး ကနဉီးအဆင့် အစစ်မှန် အနှစ်သာရတစ်ခုလည်း ဖြစ်သော်လည်း၊ အဆင့်တစ် အစစ်မှန် အနှစ်သာရ၏ စွမ်းအားသည် အဆင့်နှစ် အစစ်မှန် အနှစ်သာရထက် များစွာ ကြီးမားပါသည်။
အစစ်မှန် အဓိပ္ပါယ်များကို မည်သို့ခွဲခြားထားစေကာမူ ပြီးပြည့်စုံခြင်းနယ်ပယ်သို့ ရောက်သည်နှင့် ၎င်းသည် သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပါလိမ့်မည်။ သို့သော်လည်း သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားတို့၏ကြားမှာပင် စွမ်းအားကွာခြားချက်က ရှိနေပါသေးသည်။
အဆင့်တစ် အစစ်မှန်အဓိပ္ပာယ်ကို နားလည်ထားသည့် သေးငယ်သော ကောင်းကင်ဘုံ အဆင့် ဘိုးဘေးနတ်ဘုရားသည် အဆင့်နှစ် အစစ်မှန်အဓိပ္ပာယ်ကို နားလည်ထားသည့် သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားထက် ပိုသန်မာပါသည်။
သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားသည် ကြီးမြတ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားနယ်ပယ်သို့ မည်သို့ တက်လှမ်းရမလဲ ဆိုသည် ကိုတော့ ချင်ယွင်လည်း မသိတော့ပေ။ သူ ဘိုးဘေးဘုရားနယ်ပယ်သို့ ရောက်သောအခါ သဘာဝအတိုင်း သိနိုင်လာပါလိမ့်မည်။
ထို့ကြောင့်, ယခုအချိန်တွင်, ချင်ယွင်အတွက် အရေးကြီးဆုံးအရာမှာ ဤ လေဟာနယ် ကိုယ်ပွား၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ရန်ဖြစ်သည်။ ဤနည်းဖြင့်သာ သူသည် သူ၏ ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်မည် ဖြစ်သည်။
သိုင်းတာအို၏ အစစ်မှန် အဓိပ္ပါယ်မှာ သန်မာသော ခန္ဓာကိုယ်အပေါ် အခြေခံထားသည်။ ယခုအချိန်တွင်, ချင်ယွင်၏ နတ်ဆိုးနတ်ဘုရားခန္ဓာကိုယ်သည် သုံးစားမရဖြစ်သွားခဲ့ပြီး၊ သိုင်းတာအို၏ အစစ်မှန် အဓိပ္ပာယ်ကို ပြသရန် သူ့အတွက် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် လေဟာနယ်ကိုယ်ပွား၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည် ဆင်ခြင်ခြင်းသည် အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
သေချာပါသည်၊ အဆင့်တစ် အစစ်မှန် အဓိပ္ပာယ်တစ်ခုအနေဖြင့်, လေဟာနယ်ကိုယ်ပွား အစစ်မှန် အဓိပ္ပါယ်သည် သဘာဝအတိုင်း အလွယ်တကူ နားလည်နိုင်သည့်အရာ မဟုတ်ပါဘူး။ ထိုသို့မဟုတ်ပါက၊ လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရား၏ အစစ်မှန် အဓိပ္ပါယ်သည် နတ်ဘုရားကမ္ဘာရှိ ထိပ်တန်းသုံးမျိုးတွင် အဆင့်သတ်မှတ်ခံရမည် မဟုတ်ပေ။
ဘန်း…။
ချင်ယွင်သည် သူ့မျက်လုံးများကို မှိတ်ထားပြီး သူ့စိတ်ထဲတွင် အိပ်မောကျနေသော ဥပဒေသ ကွင်းဆက်များကို လှုပ်လှုပ်ရှားရှား ဖြစ်လာစေရန် သူ၏နတ်ဘုရားအာရုံကို ချက်ချင်း အသက်သွင်းလိုက်သည်။
ထိုဥပဒေသကွင်းဆက်များသည် လျှို့ဝှက်ဆန်းကြယ်သော ဘိုးဘေးနတ်ဘုရားက သူ၏ အသိစိတ်ပင်လယ်ထဲသို့ အတင်းအကျပ် လောင်းထည့်ခဲ့သည့် ဉပဒေသကွင်းဆက်များ ဖြစ်သည်။ ချင်ယွင်ကိုယ်တိုင် နားလည်ထားသော ဉပဒေသကွင်းဆက်များ မဟုတ်သော ကြောင့် ၎င်းတို့သည် သူ့နှင့်မသက်ဆိုင်ပေ။ အခု ချင်ယွင် လုပ်ဆောင်ရန် လိုအပ်သည်မှာ ဤဥပဒေသ ကွင်းဆက်များ၏ အစစ်မှန် အဓိပ္ပါယ်ကို ခွဲခြမ်းစိပ်ဖြာပြီး သူ့ကိုယ်ပိုင်အဖြစ် ပြန်လည်သတ်မှတ်ရန်ဖြစ်သည်။
ဘန်း…။
ချင်ယွင်သည် သူ၏နတ်ဘုရားအာရုံကို အသက်သွင်းလိုက်သောအခါ၊ မူလက ရှင်းလင်း ပြတ်သားမူမရှိသော ဉပဒေသကွင်းဆက်များသည် ချင်ယွင်၏စိတ်ထဲတွင် ချက်ချင်း ပေါ်လာပြီး၊ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ဝိုက်တွင် စက်ဝိုင်းကွင်းအနေဖြင့် လှည့်ပတ်နေကာ၊ သူ့ပတ်ဝန်းကျင်မှာ အနှိုင်းမဲ့ ပြင်းထန်သော လေဟာနယ် စွမ်းအင်အတက်အကျလှိုင်းကို ဖြစ်ပေါ်စေသည်။
ချင်ယွင်သည် သူ့မျက်လုံးတွေကို တင်းတင်း မှိထားလိုက်ပြီး သူ့နတ်ဘုရားအာရုံက လေဟာနယ် ဉပဒေသကွင်းဆက်၏ နက်ရှိုင်းသော အရာတွေကို ဖြည်းညှင်းစွာ မွှေနှောက် ရှာဖွေနေပါသည်။
ဤလုပ်ငန်းစဉ်သည် ရှည်လျားပြီး ခက်ခဲသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ထို့အပြင်, အစွမ်းထက်သော အစစ်မှန် အဓိပ္ပါယ်ကို နားလည်လိုပါက တစ်ကိုယ်တော် ကျင့်ကြံပြီး ရှည်လျားသော လုပ်ငန်းစဉ်ကို ဖြတ်သန်းရလိမ့်မည်။
ထို့ကြောင့် ချင်ယွင်သည် ဤနေရာတွင် သုံးလကြာ ထိုင်နေခဲ့သည်။ ဤသုံးလအတွင်းမှာ သူသည် လုံးဝ မလှုပ်ခဲ့ပါဘူး။ သူ့တစ်ကိုယ်လုံးက ပန်းပုရုပ်တစ်ခုလိုပင်။
သို့သော်၊ ချင်ယွင်၏စိတ်သည် မည်သည့်အခါမှ ရပ်တန့်ခြင်းမရှိဘဲ အရှိန်အဟုန်ဖြင့် အဆက်မပြတ် လည်ပတ်နေကာ လေဟာနယ်ဉပဒေသကွင်းဆက်ရှိ သင်္ကေတတိုင်း၏ လေးနက်သော အဓိပ္ပာယ်ကို အဆက်မပြတ် အဓိပ္ပာယ်ဖွင့်ဆိုနေသည်။
သို့သော် ချင်ယွင်၏ တရားထိုင်ခြင်းက ကလေးနှစ်ယောက်ကို အလွန်အမင်း စိုးရိမ်စေ သည်။
သူတို့သည် ချင်ယွင်ကင်သော ငါးကင်ကို စားလေ့စားထ ရှိနေသောကြောင့် သူတို့ ကိုယ်တိုင် ကင်ထားသောငါးကင်းကို စားရခြင်းက သူတို့အတွက် အလွန်အရသာဆိုးလှ သည်။ ထို့ကြောင့် ချင်ယွင်၏ သုံးလကြာ ကျင့်ကြံနေချိန်မှာ သူတို့သည် အလွန်ဆင်းရဲ သော အခြေအနေသို့ ရောက်ရှိနေခဲ့သည်ဟု ဆိုနိုင်သည်။ သူတို့ အားလပ်သည်နှင့် တောင်ခြေကို သွားကြည့်ကြပြီး၊ ချင်ယွင်သည် သူ့နားလည်ဆင်ခြင်မူရာကနေ နိုးထလာ မည်ဟု မျှော်လင့်ထားသော်လည်း အချိန်တိုင်း အလွန် စိတ်ပျက်စရာဖြစ်နေသည်။
သို့သော် ကလေးနှစ်ယောက်သည် ချင်ယွင် နိုးထမည့်အချိန်ကို မစောင့်နိုင် ဖြစ်နေချိန်မှာ ငြိမ်သက်နေသော ချင်ယွင်သည် နောက်ဆုံးတွင် သူ့မျက်လုံးများကို ဖွင့်လိုက်သည်။
"ဘာဖြစ်နေတာလဲ၊ အောင်မြင်ခါနီးတိုင်း တစ်ခုခုမှားနေတယ်လို့ ဘာလို့ အမြဲခံစားနေရ တာလဲ။" ချင်ယွင် မျက်လုံးဖွင့်ကာ ရေရွတ်လိုက်သည်။
ဤသုံးလအတွင်း၊ သူသည် အစစ်မှန် အဓိပ္ပါယ်၏ ကနဦးအဆင့်သို့ ဆယ်ကြိမ်ထက် မနည်း ကျော်ဖြတ်လုနီးပါး ဖြစ်ခဲ့သည်။ ကနဦးအဆင့်သို့ ရောက်လုနီးပါးဖြစ်ခဲ့သော်လည်း နောက်ဆုံးတွင် သူ မအောင်မြင်ခဲ့ပေ။ အခုလေးတင် သူသည် နောက်တစ်ကြိမ် ကျရှုံးခဲ့ပြန် သည်။ ယင်းက ချင်ယွင်ကို အလွန်အံ့အားသင့်စေခဲ့သည်။
"ဒီနေရာက ထူးဆန်းတဲ့ စွမ်းအားနဲ့များ ပတ်သက်နေမလား" ချင်ယွင်က သူ့စိတ်ထဲမှာ မှန်းဆလိုက်သည်။
စာစဉ် (၁၀၈) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။