အခန်း ၁၆၂၁
Vol. 109 Ch. 1621
အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၀၉)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၆၂၁) အနက်ရောင်ရေကန်။
ချင်ယွင်သည် အကြိမ်အနည်းငယ် ထပ်မံကြိုးစားကြည့်သော်လည်း နောက်ဆုံးရလာဒ်မှာ အတူတူပင် ဖြစ်ပါသည်။ ချင်ယွင်သည် မည်မျှပင် ကြိုးစားအားထုတ်နေပါစေ၊ အဆုံးတွင် ဥပဒေသကွင်းဆက်အသစ်ကို သိပ်သည်းနိုင်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
အဆုံးတွင်၊ ချင်ယွင်သည် တားမြစ်နတ်ဘုရားတောအုပ်၏ ထူးဆန်းသော စွမ်းအင်၏ ဝင်ရောက်နှောင့်ယှက်မှုကြောင့် ဥပဒေသကွင်းဆက်အသစ်ကို သိပ်သည်းနိုင်ခြင်း မရှိခဲ့ ကြောင်း ကောက်ချက်ချခဲ့သည်။
"ဒါက ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းအားမျိုးလဲ။ ကောင်းကင်ဘုံရဲ့ ဉပဒေသတွေကိုတောင် သက်ရောက်မှုရှိနိုင်လား" ချင်ယွင်က သူ့ကိုယ်သူ အံ့ဩစွာ ရေရွတ်လိုက်သည်။
ဥပဒေသကွင်းဆက်များသည် ကောင်းကင်ဘုံဉပဒေသများ၏ ပြယုဂ်များ ဖြစ်ကြပါသည်။ ဥပဒေသကွင်းဆက်များသည် အတိုင်းအတာတစ်ခုအထိ၊ ဥပဒေသများ၏ သရုပ်ပြခြင်းကို ကိုယ်စားပြုသည်။
ဥပဒေသကွင်းဆက်များ၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ ကွဲပြားကြသည်။ ကျင့်ကြံသူများ၏ နားလည်မှုအရ၊ ၎င်းတို့ကိုယ်တိုင် နားလည်သဘောပေါက်မူမှတဆင့်, ၎င်းတို့ နားလည် နားလည်ထားသော ဥပဒေသကွင်းဆက်များ၏ အသွင်ပြင်များ ဖွဲ့စည်းရန် ဉပဒေသများ၏ အခြေခံအစိတ်ပိုင်းများကို ထိန်းချုပ်နိုင်ကြသည်။ ထို့ကြောင့် ထိုဉပဒေသ ကွင်းဆက်များကို သူတို့ကိုယ်တိုင်သာ အသုံးပြုနိုင်ကြပါသည်။
မတူကွဲပြားသော နားလည်မှုအဆင့်များအရ, မတူကွဲပြားသော ဥပဒေသကွင်းဆက်များ ဖြစ်ပေါ်လာသည်။
ယခုအခါ သူသည် ဤကမ္ဘာကြီး၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကြောင့် နှောင့်ယှက်မူ ခံနေရပြီး လေဟာနယ်ကိုယ်ပွား၏ ဥပဒေသကွင်းဆက်ကို သိပ်သည်းနိုင် အောင် မစွမ်းဆောင်နိုင်ခဲ့ပါ။ အားကိုးရာမဲ့စွာ၊ ချင်ယွင်သည် စွန့်လွှတ်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
ထို့အပြင်, သူသည် တားမြစ်နတ်ဘုရားတောအုပ်မှ မထွက်နိုင်ခဲ့သည့်အပြင် တားမြစ် နတ်ဘုရားတောအုပ်၏ လျှို့ဝှက်ချက်ကိုလည်း ရှာမတွေ့ခဲ့ပေ။ အခုအချိန်မှာတော့ သူသည် ဥပဒေသကွင်းဆက်ကိုတောင် သိပ်သည်းနိုင်စွမ်း မရှိတော့ပါဘူး။ ဤအရာက ချင်ယွင်ကို ခေါင်းအကြီးကျယ် ကိုက်စေပြီး၊ သူဘာဆက်လုပ်ရမှန်းတောင် မသိတော့ပါ ဘူး။
"မင်း အစောက ဘာလုပ်နေတာလဲ" ချင်ယွင် ခေါင်းကိုက်နေချိန်မှာ သူ့နောက်ကနေ နူးညံ့သည့် အသံတစ်ခု ထွက်လာသည်။
ချင်ယွင် လှည့်ကြည့်လိုက်တော့ သူ့အနောက်မှာ ရပ်နေသည့် ဖက်တီးကောင်လေးနှင့် ပိန်ပိန်ကောင်လေးတို့ နှစ်ယောက်ကို တွေ့လိုက်ရပါသည်။ အစောပိုင်းက စကားပြောသူ က ဖက်တီးကောင်လေးဖြစ်ပြီး၊ သူ့ကို သိလိုစိတ်ပြင်းပြစွာဖြင့် ကြည့်နေသည်။
"အခုနက, ငါ ဥပဒေသကွင်းဆက်တွေကို ဆင်ခြင်နေတာ။ မင်းတို့ရော မသိဘူးလား။" ချင်ယွင်က ပြောသည်။
သို့သော် ကလေးနှစ်ယောက်စလုံး ခေါင်းယမ်းပြကြသည်။ ပိန်ပိန်ကောင်လေးက “ဥပဒေသကွင်းဆက်ဆိုတာ ဘာလဲ” ဟုပင် မေးလိုက်သေးသည်။
ချင်ယွင် ချက်ချင်း အံ့သြသွားသည်။ သူ့ရှေ့က ကလေးနှစ်ယောက်သည် ဥပဒေသ ကွင်းဆက်များအကြောင်းကို မသိကြပေ။ ထိုသို့ဆိုလျှင်, သူတို့ နဖူးပေါ်က ဥပဒေသ ကွင်းဆက်များသည် မည်သည့်နေရာက ရောက်လာရသနည်း။
"ဥပဒေသကွင်းဆက်ဆိုတာ မင်းတို့နဖူးပေါ်က ပုံစံတွေလေ။ မင်းတို့ မသိဘူးလား။" ချင်ယွင်က ကမန်းကတန်း ရှင်းပြသည်။
"ဒါကို ဆိုလိုတာလား။" ဖက်တီးကောင်လေးသည် ကမန်းကတန်း နဖူးကို ညွှန်ပြပြီး မေးသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး သူ့စိတ်ထဲမှာ ပို၍အံ့သြသွားသလို ခံစားလိုက်ရသည်။ ကလေးနှစ်ယောက်သည် ဥပဒေသကွင်းဆက်များကို အမှန်တကယ် သိရှိပုံမပေါ်ချေ။
ဖက်တီးကောင်လေး၏ နောက်စကားက ချင်ယွင်၏ ထင်မြင်ယူဆချက်ကို အတည်ပြုပေးခဲ့သည်။
"ဒီပုံစံတွေက အလိုလို ပေါက်ထွက်လာတာ မဟုတ်ဘူးလား။ ဒီပုံစံက တစ်နှစ်ထက် တစ်နှစ် ပိုရှည်လာမယ်လေ။ ဆိုတော့, ဒီပုံစံတွေကို ဥပဒေသကွင်းဆက်လို့ ခေါ်တာလား။" ဖက်တီးကောင်လေးသည် နဖူးကို ပွတ်ကာ ပြောလိုက်သည်။
"အဲဒါက ထွက်လာတာလား?" ချင်ယွင်သည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရ သည်။ သူတို့သည် ဥပဒေသကွင်းဆက်များကို စူးစူးစိုက်စိုက် ဆင်ခြင်ကြရသည်။ အချို့ ကောင်းကင်နတ်ဘုရားများသည် ဥပဒေသကွင်းဆက်များ၏ ကနဦးအဆင့်သို့ပင် မတက်လှမ်းနိုင်ဘဲ သူတို့ဘဝတစ်ခုလုံးကို ကုန်ဆုံးခဲ့ရသည်။ သို့သော် သူရှေ့က ဤကောင်လေး နှစ်ယောက်သည် ဥပဒေသကွင်းဆက်များ အလိုလို ပေါက်ဖွားနိုင် လောက်အောင် အမှန်တကယ် ကံကောင်းကြသည်။
သို့သော် ကွာခြားချက်မှာ ကောင်လေးနှစ်ဦး၏ နဖူးပေါ်ရှိ ဥပဒေသကွင်းဆက်များသည် သာမာန်ဥပဒေသကွင်းဆက်များနှင့် ကွဲပြားနေခြင်း ဖြစ်သည်။
သာမာန်ဥပဒေသကွင်းဆက်များသည် အစွန်းနှစ်ဘက်သာရှိကာ၊ ဆန့်ကျင်ဘက် လမ်းကြောင်းနှစ်ခုအတွင် အတိုင်းဆမရှိ ကျယ်ပြန့်လာလိမ့်မည်။ သို့သော် ကောင်လေး နှစ်ယောက်၏ နဖူးပေါ်ရှိ ဥပဒေသကွင်းဆက်များသည် အစွန်းဘေးဘက် ရှိသည်။ ၎င်းက ဥပဒေသကွင်းဆက်နှစ်ခုသည် တပြိုင်နက် ကြက်ခြေခတ် ဖြတ်ကျော်သွားသည့် အတိုင်းပင်။ ၎င်းက အရမ်းကို ထူးဆန်းလွန်းပါသည်။
သို့သော် ရှာဖွေတွေ့ရှိမှုအရ, ဥပဒေသကွင်းဆက်၏ အရှည်ကိုကြည့်လျှင်, သူ့ရှေ့ရှိ ကောင်လေးနှစ်ယောက်၏ ဥပဒေသကွင်းဆက်အဆင့်သည် ကနဦးအဆင့်တွင်သာ ရှိသင့်သည်။ သို့သော် ချင်ယွင်သည် ဥပဒေသကွင်းဆက်၏ အဆင့်ကို မဆုံးဖြတ်နိုင်ပေ။
ထို့အပြင်, သူ့ရှေ့ရှိ ကလေးနှစ်ယောက်၏ နဖူးပေါ်ရှိ ဥပဒေသကွင်းဆက်များသည် အဆင့်တစ် ဉပဒေသကွင်းဆက်များ ဖြစ်သင့်သည်ဟု ချင်ယွင် သေချာသည်။ ထိုသို့ မဟုတ်လျှင်, သူတို့သည် ဟုန်လဲ့ထက် အားမနည်းသည့် အမြန်နှုန်းနှင့် ခွန်အားကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။
"ဒီကလေးနှစ်ယောက်က တားမြစ်နတ်ဘုရားတောအုပ်ရဲ့ လျှို့ဝှက်ချက်နဲ့ တစ်ခုခု ပတ်သက်နေတယ်လို့ လျှိုဘိုက ပြောဖူးတယ်။ ဒါပေမယ့် သူတို့ကြား ဘယ်လို ပတ်သက်မူ မျိုး ရှိနေလဲဆိုတာတော့ သူလည်း မသိဘူး။ သူတို့ နဖူးပေါ်က ဥပဒေသကွင်းဆက်တွေနဲ့ များ တစ်ခုခုပတ်သက်နိုင်မလား။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
သူသည် ကောင်လေးနှစ်ယောက်၏ နဖူးပေါ်ရှိ ဥပဒေသကွင်းဆက်များကို ဂရုတစိုက် ကြည့်စဉ်, ကောင်လေးနှစ်ယောက်၏ နဖူးပေါ်က ဥပဒေသကွင်းဆက်များသည် ဆင်တူသည်ဟု ထင်ရသော်လည်း ကွဲပြားနေသည်ကို သူ တွေ့ရှိခဲ့ရသည်။
ချင်ယွင်သည် ထိုဥပဒေသကွင်းဆက်အတွင်းမှ ပြင်းထန်ပြီး ထူးဆန်းသောစွမ်းအားကို ခံစားခဲ့ရသည်။ ဤစွမ်းအားသည် ဤကမ္ဘာကြီးရှိ တန်ခိုးစွမ်းအားနှင့် အလွန်တူသော်လည်း ကွဲပြားပါသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ၊ ဒီနေရာက လျှို့ဝှက်ချက်တွေက ဒီထူးဆန်းတဲ့ ဥပဒေသ ကွင်းဆက်တွေနဲ့များ ဆက်စပ်နေတာ ဖြစ်နိုင်မလား"
ချင်ယွင်သည် ဤအကြောင်းကို ပိုတွေးလေ၊ နားမလည်နိုင်လေ ဖြစ်ရသည်။ ဤထူးဆန်း သော ဥပဒေသကွင်းဆက်များ၊ ဤထူးဆန်းသော စွမ်းအားနှင့် သူ့ရှေ့တွင် ရှိနေသော ကလေးနှစ်ယောက်ကြားတွင် ဆက်စပ်မှုရှိနေသည်ဟု သူ အမြဲတမ်း ခံစားမိသည်။ ဤချိတ်ဆက်မှုသည် တားမြစ်နတ်ဘုရားတောအုပ်၏ လျှို့ဝှက်ချက်များ၏ သဲလွန်ကို ရှာဖွေရာမှာ ကူညီပေးနိုင်ဖွယ် ရှိသည်။
သို့သော် ထိုသုံးမျိုးကြားတွင် မည်သို့ ဆက်နွှယ်မှုရှိနေကြောင်း သူ နားမလည်နိုင်သေးပေ။
"စကားမစပ်၊ မင်းတို့ အရင်က နဂါးတွေအကြောင်း ကြားဖူးပြီး၊ နဂါးတွေကို ကြောက်နေပုံ ရတယ်။ အရင်က နဂါးတွေကို မင်းတို့ မြင်ဖူးလား။" ချင်ယွင်က ထပ်မေးသည်။
ပိန်ပိန်ကောင်လေးနှင့် ဖက်တီးကောင်လေးတို့သည် ချင်ယွင်၏စကားကိုကြားသည့်အခါ သူတို့မျက်နှာတွေက ချက်ချင်း ပြောင်းသွားတယ်။ သူတို့က ထိတ်လန့်သော အမူအရာဖြင့် ပြောသည် “ဟုတ်တယ်၊ ငါတို့ အရင်က ဒီမှာ နဂါးတစ်ကောင်ကို တွေ့ဖူးတယ်။ အဲဒါက အလွန်ကို အစွမ်းထက်တယ်။ ဒီနေရာကို ဝင်လာတဲ့သူတိုင်းကို အဲဒီနဂါးက စားပစ်တာ။ ဒါကြောင့် တားမြစ်နတ်ဘုရားတောအုပ်မှာ ဘယ်သူမှ မရှိဘူး”။
ချင်ယွင်လည်း အနည်းငယ် မှင်သက်သွားသည်။ သူ အမြဲတမ်း သိချင်နေခဲ့သည်။ တားမြစ်နတ်ဘုရားတောအုပ်မှ မထွက်နိုင်ရင်တောင်မှ တခြားတစ်ယောက်ယောက်တော့ ရှိနေသင့်သည်။ ယခုမူ ဤကောင်လေးနှစ်ယောက်မှလွဲ၍ မည်သူမှ မရှိရသနည်း။ အစွမ်းထက်သော နဂါးတစ်ကောင်က ၎င်းတို့ကို စားပစ်လိုက်ခြင်းကြောင် ဖြစ်နေသည်။
"အဲဒီနဂါးရော" ချင်ယွင် ခဏလောက်စဉ်းစားပြီး တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသည့် အတွက် ဆက်မေးကြည့်သည်။
အကယ်၍, နဂါးက လူတိုင်းကို စားခဲ့လျှင်ပင်, ထိုနဂါးက ဤနေရာတွင် ရှိပြီးသားဖြစ်နေပြီ။ သို့သော် ချင်ယွင်သည် တားမြစ်နတ်ဘုရားတောအုပ်တစ်ခုလုံးကို ရှာဖွေခဲ့ရာ မည်သည့် နဂါးမှ မတွေ့ခဲ့ရပေ။
"သေပြီ" ကလေးနှစ်ယောက်က ပြန်ဖြေသည်.
"သေပြီလား၊ ဘယ်လိုသေတာလဲ" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။
"အဲဒီနဂါးကြီးက အစွမ်းထက်လွန်းတယ်။ သူက လူတိုင်းကို စားပြီးတာတောင် ငါတို့ နှစ်ယောက်ကို စားချင်နေတုန်းပဲ။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ငါတို့ကို မျိုချလိုက်ပြီး ရုတ်တရက် သေဆုံးသွားတယ်။ သူသေပြီးတဲ့နောက်မှာ ငါတို့က သူ့အစာအိမ်ထဲကနေ တွားသွားထွက်လာခဲ့တာ" ကလေးနှစ်ယောက်က ကြောက်ရွံ့သည့် အကြည့်ဖြင့် ပြန်ဖြေသည်။
ချင်ယွင် အံ့သြသွားသည်။ ဧရာမ နဂါးကြီးက ရုတ်တရက် သေဆုံးသွားသလား။
"ဒီနဂါးက အကြောင်းပြချက်မရှိဘဲ သေချာပေါက် မသေနိုင်ဘူး။ ၎င်းရဲ့သေဆုံးမူက ဒီကလေးနှစ်ယောက်နဲ့ ဆက်နွယ်နေရမယ်။ ဒီကလေးနှစ်ယောက်မှာ ဘာလျှို့ဝှက်ချက် များရှိနေပါလိမ့်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်ရင်း ထိုကလေးနှစ်ယောက်သည် ထူးခြား လွန်းသည်ဟု ခံစားရသည်။
"အဲ့ဒီနဂါးကြီးရဲ့အလောင်းကရော ဘယ်လိုဖြစ်သွားလဲ။" ချင်ယွင်က ထပ်မေးသည်။
“အို၊ အဲမှာလေ။ နဂါးကြီး သေပြီးနောက် အဲဒီနေရာမှာ ပြုတ်ကျသွားတယ်။” ကလေးနှစ်ယောက်က အဝေးကို လက်ညိုးထိုးပြပြီး တညီတညွတ်တည်း ပြောကြသည်။
ချင်ယွင်သည် ကောင်လေးနှစ်ယောက်၏ လက်ချောင်းများအတိုင်း လှမ်းကြည့်လိုက်ရာ ကောင်လေးနှစ်ယောက်သည် အနက်ရောင်ရေအိုင်ကို ရည်ညွှန်းနေကြောင်း တွေ့ရှိရ သည်။
"အယ်၊ အနက်ရောင်ရေအိုင်လား" ချင်ယွင် ရုတ်တရက် တုန်ခါသွားပြီး သူ့မျက်လုံးတွေကတောက်ပလာသည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် စိတ်အားတက်ကြွသည့် အမူအရာ တစ်ခု ပေါ်လာသည်။
"ဘာပဲဖြစ်ဖြစ်၊ တစ်ခုခုကို လွတ်နေတယ်လို့ ငါ အမြဲခံစားနေရတယ်။ ငါ ဒီနေရာကို လွတ်သွားပုံရတယ်။ အနက်ရောင်ရေအိုင်၊ အနက်ရောင်ရေအိုင်၊ မှန်တယ်၊ ဒီအနက်ရောင် ရေအိုင်က အရမ်းကြီးတယ်။ တားမြစ်နတ်ဘုရားတောအုပ်ရဲ့ လျှို့ဝှက်ချက်တွေက ဒီ အနက်ရောင်ရေအိုင် အောက်မှာ ရှိနေသင့်တယ်။" ချင်ယွင်က သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး သူ့မျက်လုံးတွေက တောက်ပနေသည်။
သူသည် တားမြစ်နတ်ဘုရားတောအုပ် တစ်ခုလုံးကို ရှာဖွေခဲ့သော်လည်း အနက်ရောင် ရေအိုင်၏ အောက်ခြေကို စူးစမ်းခြင်း မပြုခဲ့ဖူးပေ။