← Chapters

အခန်း ၁၆၂၂

Vol. 109 Ch. 1622

အခန်း ၁၆၂၂

Vol. 109 Ch. 1622

အခန်း (၁၆၂၂) နဂါးနက်။

ချင်ယွင်သည် အနက်ရောင်ရေအိုင် အထက်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။ အပေါ်စီးမှ ဆို, အနက်ရောင်ရေအိုင်သည် အနှိုင်းမဲ့ ကြီးမားသော တွင်းနက်ကြီးတစ်ခုနှင့် တူသည်။

ထိုအချိန်တွင် ချင်ယွင်သည် အနက်ရောင်ရေကန်၏ ပုံသဏ္ဍာန်သည် တိကျသေချာသော ပုံစံဖြင့် ဖွဲ့စည်းထားခြင်းကြောင်း တွေ့ရှိခဲ့ရသည်။ ၎င်းသည် လုံးဝကို ဝိုင်းစက်နေသည့် စက်ဝိုင်းတစ်ခုလိုပင်။

အနက်ရောင်ရေအိုင်၏ ဧရိယာသည် အလွန်ကျယ်ဝန်းသည်။ ကီလိုမီတာ ထောင်ပေါင်း များစွာ ရှည်လျားခဲ့သည်။ ချင်ယွင်သည် အနက်ရောင်ရေအိုင်ထက်တွင် သေးငယ်သော အစက်လေး တစ်ခုကဲ့သို့ လွင့်မျောနေသည်။

"မင်း အနက်ရောင် ရေအိုင်အောက်ခြေကို ဝင်ချင်တာလား" ချင်ယွင်၏ အတွေးတွေကို မြင်ပုံရပြီး၊ ဖက်တီးကောင်လေးက မျက်တောင်ခတ်ပြီး မေးလိုက်သည်။

"တစ်ခုခုမှားနေလို့လား?" ချင်ယွင်က မေးသည်။ သူ့ရှေ့က ကလေးနှစ်ယောက်၏ အမူအရာတွေက အနက်ရောင် ရေအိုင်အောက်ခြေကို ကြောက်နေသလိုမျိုး အနည်းငယ် ထူးဆန်းနေသည်ဟု သူ ခံစားမိလိုက်သည်။

"အနက်ရောင်ရေအိုင်ရဲ့ အောက်ခြေကို မဝင်တာ ပိုကောင်းပါတယ်။ အနက်ရောင်ရေအိုင် ရဲ့ အောက်ခြေက အရမ်းကို အန္တရာယ်များတယ်။" ဖက်တီးကောင်လေးက ပြောသည်။

"အန္တရာယ်လား" ချင်ယွင်၏ မျက်လုံးများက တောက်ပလာသည်။ အကယ်၍ အနက်ရောင် ရေအိုင်၏ အောက်ခြေသည် အမှန်တကယ် အန္တရာယ်ရှိနေပါက၊ တားမြစ်နတ်ဘုရား တောအုပ်၏ လျှို့ဝှက်ချက်သည် အနက်ရောင်ရေအိုင်၏ အောက်ခြေတွင် ပို၍ပင် ဖြစ်နိုင်ချေရှိသည်။

"အနက်ရောင်ရေအိုင်ရဲ့ အောက်ခြေက တကယ်ပဲ အရမ်းကို အန္တရာယ်များတယ်။ အရင်က ငါ ဆင်းဖူးပြီး ပြန်မတက်နိုင်လုနီးပါးပဲ။ ရေကန်ရဲ့ အောက်ခြေမှာ အားကောင်းတဲ့ စွမ်းအားတစ်ခု ရှိနေတယ်။ ပိုပြီး နက်နက်သွားခဲ့ရင် အဲဒီစွမ်းအားက စုပ်ယူသွားလိမ့်မယ်" ချင်ယွင်က သူ့ကို မယုံမှာကို အရမ်းကြောက်သွားအတိုင်း ပိန်ပိန်ကောင်လေးက ကမန်းကတန်း ပြောလိုက်သည်။

ထိုစကားကိုကြားတော့ ချင်ယွင်သည် အနက်ရောင်ရေအိုင်က တားမြစ်နတ်ဘုရား တောအုပ်၏ အဓိကအချက်ဟု ပိုပြီး သေချာလာခဲ့ပါသည်။

"ကောင်စုတ်လေး၊ အနက်ရောင်ရေအိုင်က တားမြစ်နတ်ဘုရားတောအုပ်ရဲ့ အဓိကအချက် ဖြစ်တယ်လို့ ငါလည်း ခံစားနိုင်တယ်။ ဒါ့အပြင်၊ ပထဝီဝင်အနေအထားအရ, အနက်ရောင် ရေအိုင်က တားမြစ်နတ်ဘုရားတောအုပ်ရဲ့ အလယ်ဗဟို ဖြစ်နိုင်တယ်" လျှိုဘို၏ အသံက ချင်ယွင်၏ စိတ်ထဲတွင် တစ်ချိန်တည်း ထွက်ပေါ်လာသည်။

ချင်ယွင်သည် ခဏတာ မှင်သက်သွားခဲ့သည်။ လျှိုဘိုသည် တားမြစ်နတ်ဘုရား တောအုပ်၏ပုံစံသည် မျက်လုံးတစ်လုံးနှင့် အလွန်ဆင်တူပြီး၊ ဤအနက်ရောင်ရေကန်သည် ထူးဆန်းသော ခံစားချက်ကိုထုတ်လွှတ်သော မျက်လုံး၏သူငယ်အိမ်ဖြစ်ကြောင်း မပြောခဲ့ပါက, သူ တကယ်ကို သတိထားမိမည် မဟုတ်ပေ။

"ကောင်စုတ်လေး၊ အနက်ရောင်ရေအိုင်က မရိုးရှင်းဘူးကွ။ မင်း ဆင်းသွားရင်တော့ သတိထားသင့်တယ်။ ဒီစွမ်းအားက အားကောင်းလွန်းတယ်။ ဘိုးဘေးနတ်ဘုရား အဆင့်ရှိတဲ့ ကျွမ်းကျင်သူတစ်ယောက် ရောက်လာရင်တောင် အလွယ်တကူ ဝင်မဝံ့ရဲဘူး လို့ ငါ ခံစားရတယ်။ နောက်ပြီး မင်းရဲ့အသက်ကို ကယ်တင်ဖို့ ကနဦး စကြာဝဠာထဲကို လည်း ဝင်လို့မရဘူး။ ဒါကြောင့် မင်း အထူးသတိထားရမယ်။" လျှိုဘို၏အသံက ထပ်ပြီး ထွက်ပေါ်လာသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ဤစကားကို သူလည်း သဘောပေါက်ပါသည်။

သူ့ရှေ့က ကောင်လေးနှစ်ယောက်သည် သူ့ထက် သန်မာသည်။ သူတို့ပင် အလွန်မင်း အန္တရာယ်များသည်ဟု ခံစားရသောကြောင့် အနက်ရောင်ရေအိုင်၏ အောက်ခြေသည် အလွန် အန္တရာယ်ရှိသင့်သည်။

သို့သော် အန္တရာယ်ရှိလျှင်ပင် သူ သွားရပါဦးမည်။ သူသည် တစ်သက်လုံး တားမြစ် နတ်ဘုရားတောအုပ်ထဲမှာ မနေနိုင်ပေ။

သူ့နတ်ဆိုးနတ်ဘုရားအမြုတေကိုလည်း ပြုပြင်လိုသေးသည်။ တားမြစ် နတ်ဘုရား တောအုပ်၏ လျှို့ဝှက်ချက်သည် သူ၏တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။ ထိုသို့ မဟုတ်လျှင်, နတ်ဆိုးနတ်ဘုရားခန္ဓာကိုယ် သန့်စင်မှုမှာ သူ့အောင်မြင်မှုတွေက လုံးဝကို သုံစားမရ ဖြစ်သွားပါလိမ့်မည်။

"ငါ့ကို ဒီမှာစောင့်။ ငါ ဆင်းသွားကြည့်မယ်။" ချင်ယွင်က ကလေးနှစ်ယောက်ကို ပြောသည်။

"မင်း တကယ် ဆင်းမှာလား" ကလေးနှစ်ယောက်က သိသိသာသာ အံ့သြသွားသည်။ ချင်ယွင်သည် ဤနေရာက အလွန်မင်း အန္တရာယ်များကြောင်း သိပြီးနောက် အမှန်တကယ် ဆင်းသွားလိုကြောင်း သူတို့ မမျှော်လင့်ထားပေ။

ချင်ယွင်က လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူ့မှာ မဆင်းနိုင်ရန် အကြောင်းပြချက် မရှိပေ။

ကောင်လေးနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်ပြီး လွန်ဆွဲနေပုံရသည်။ အချိန်အတော်အတန်ကြာပြီးနောက်၊ နောက်ဆုံးတွင် ဖက်တီးကောင်လေးက ပြေသည် "တကယ်တော့ လူပိန်လေးနဲ့ ငါလည်း အောက်ကိုဆင်းပြီး ကြည့်ချင်နေတာ။ ဒါပေမယ့် ငါတို့က ဆင်းရမှာကို အမြဲကြောက်နေခဲ့တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ မင်းနဲ့လိုက်ဖို့ စီစဉ်ထားတယ်"။

“ဟုတ်တယ်၊ ငါတို့ကို မျိုချလိုက်တဲ့ နဂါးကြီးက ရေကန်အောက်ခြေကို ပြုတ်ကျသွား တယ်။ အဲဒါက ရေကန်အောက်ခြေမှာ ရှိနေလားဆိုတာ ငါတို့ တကယ်ပဲ ကြည့်ချင်မိတယ်” ပိန်ပိန်ကောင်လေးက သူ့စိတ်ထဲ ဆုံးဖြတ်ပြီးသည့်အလား ပြောလိုက်သည်။

ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။ ဤကောင်လေးနှစ်ယောက်ကို သူနှင့်အတူ လိုက်ပါရန် မမျှော်လင့်ထားသော်လည်း၊ လျှိုဘိုက သူတို့သည့် တားမြစ်နတ်ဘုရား တောအုပ်၏ သော့ချက်ဖြစ်သောကြောင့် သူတို့နှစ်ယောက်ကို အတူခေါ်သွားခြင်းက အကောင်းဆုံးဟု ပြောခဲ့ပါသည်။

"ကောင်းပြီလေ, ဒါဆိုလည်း အတူတူဆင်းရအောင်" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောသည်။

ချင်ယွင်၏ စကားကိုကြားသောအခါ ကောင်လေးနှစ်ယောက်က ချက်ချင်း ပြုံးပြီး ခေါင်းညိတ်ကြသည်။

ချင်ယွင်သည် တုံ့ဆိုင်းမနေဘဲ ရေကန်ထဲသို့ တိုက်ရိုက် ထိုးဆင်းသွားခဲ့သည်။ ​ကောင်​​လေးနှစ်​​ယောက်​သည် တခဏမျှ တုန့်ဆိုင်းနေပြီးနောက် သူ့​နောက်​ကို လိုက်​​ပါလာခဲ့ သည်။

အနက်ရောင်ရေကန်တွင် နတ်ဘုရားအာရုံကို ကွယ်ကာထားသည့် လုပ်ဆောင်ချက်များ ပါရှိနေပြီး၊ ကန်ရေသည် မူလကမည်းနေသောကြောင့် သူ၏ အမြင်အာရုံနယ်ပယ်သည် အလွန်သေးငယ်သည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် ရေကန်အောက်ခြေသို့ ဝင်ရောက်ပြီး နောက် ချင်ယွင်သည် သတိထားကာ တဖြည်းဖြည်း ငုပ်ဆင်းလာခဲ့သည်။

ချင်ယွင်သည် ရေကန်အောက် မီတာတစ်ထောင်သို့ မြုပ်ဆင်းသွားသောအခါတွင် မည်သည့် မူမမှန်မှု သို့မဟုတ် မည်သည့်အန္တရာယ်ကိုမှ မခံစားရပေ။ မှော်နက်ငါး အနည်းငယ်သည် ချင်ယွင်နှင့် အခြားသူများ ပေါင်းစည်းထားသည့် အကာကွယ် အလင်းဒိုင်းကို ရံဖန်ရံခါ တိုးဝင်ထိတွေ့ရုံသာ ကြုံတွေ့ရသည်။

ကောင်လေးနှစ်ယောက်၏ ပုံရိပ်များသည်လည်း တဖြည်းဖြည်း ကျဆင်းလာရင်း သူတို့၏ အမူအရာများက ပို၍ လေးနက်လာသည်။

ဘန်း…။

သို့သော်လည်း ချင်ယွင်နှင့် အခြားသူများ ဆက်လက် ငုပ်ဆင်းနေစဉ်တွင်၊ ချင်ယွင်နှင့် အခြားသူများသည် ၎င်းတို့အပေါ် ကျရောက်လာသည့် တွန်းအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး ၎င်းတို့အား ရေကန်၏ အနက်ပိုင်းသို့ ဆွဲခေါ်သွားသည်။

ကံကောင်းထောက်မစွာ၊ ဤစွမ်းအားသည် အင်အားကြီးမားသော်လည်း ချင်ယွင်နှင့် အခြားသူများသည် ခုခံနိုင်ဆဲ ဖြစ်သည်။

"ဟုတ်တယ်။ ဒီစွမ်းအားပဲ။ ငါတို့ ဒီကို ဆင်းခဲ့တုန်းက ဒီစွမ်းအားကို ခံစားရတယ်။ ဒီထက်ပို ပြီးငုပ်သွားရင် ဒီစွမ်းအားက ပိုအားကောင်းလာလိမ့်မယ်။ အဲဒီအချိန်ရောက်ရင်, ငါတို့ကို ရေကန်ရဲ့အောက်ခြေကို ဆွဲခေါ်သွားလိမ့်မယ်။" ပိန်ပိန်ကောင်လေးက အလွန်လေးနက် သော အမူအရာဖြင့် ပြောသည်။

ဖက်တီးကောင်လေး၏ အမူအရာက ပိုကောင်းနေခြင်း မရှိပေ။ အခုအချိန်မှာတော့ သူတို့သည် ရေငုပ်ဆင်းခြင်းကို ရပ်လိုက်ပါပြီ။

ချင်ယွင်လည်း အနည်းငယ် ဝေခွဲမရဖြစ်သွားသည်။ ဤစွမ်းအားသည် သူ့အား ချုပ်နှောင် ထားပြီး၊ ကနဦးစကြဝဠာထဲသို့ မ၀င်ရောက်နိုင်အောင် တားဆီးထားသည့် စွမ်းအား ဖြစ်ကြောင်း သူ ခံစားနိုင်သည်။ သို့သော် ရေကန်၏ အောက်ခြေတွင် ပို၍ပင် ထင်ရှားနေပေလိမ့်မည်။

"ခဏလောက်ရပ်ရအောင်။ ပြီးရင်, အောက်ခြေမှာ ဘာတွေရှိလဲ ငါ သွားကြည့်လိုက်မယ်။" ချင်ယွင်က ကလေးနှစ်ယောက်ကို ပြောသည်။

သူပြောပြီးသည်နှင့်၊ သူသည် ချက်ချင်းပင် သူ၏ နတ်ဘုရားတန်ခိုးစွမ်းအားကို စတင် အသက်သွင်းလိုက်ပြီး၊ စွမ်းအားအားလုံးကို သူ့ညာဖက်လက်ဖဝါးထဲသို့ လောင်းထည့်လိုက် သည်။ မူလက ပိတ်နေသော မျက်လုံးသည် ဖြည်းညှင်းစွာ ပွင့်လာပြီး အားကောင်းသော စွမ်းအင်အတက်အကျလှိုင်းကို ထုတ်လွှတ်သည်။

စင်တင်ခြင်းမျက်လုံးမှတဆင့် ချင်ယွင်သည် ရေကန်၏ နက်ရှိုင်းရာဆီသို့ လှမ်းကြည့်လိုက် သည်။

စင်တင်ခြင်းမျက်လုံးသည် ပုံရိပ်ယောင်များကို ဖြိုခွဲနိုင်ပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သော အရာများကို မြင်နိုင်စွမ်းရှိသည်။

ချင်ယွင်၏ ရည်ရွယ်ချက်ကတော့ စင်တင်ခြင်းမျက်လုံးဖြင့် အောက်ခြေမှာရှိနေသည့် အရာတွေကို တွေ့မြင်နိုင်ရန် ဖြစ်သည်။

သို့သော်လည်း ချင်ယွင်သည် စင်တင်ခြင်းမျက်လုံးမှ သူ့စိတ်ထဲသို့ လွှဲပြောင်းပေးခဲ့သော ပုံရိပ်များကို မြင်လိုက်ရသောအခါ မှင်သက်သွားခဲ့ရသည်။ သူသည် ရေအိုင်ထဲတွင် ငြိမ်သက်စွာ မျောနေသည့် အနက်ရောင် နဂါးကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ၎င်း၏ကြီးမားသော ကိုယ်ထည်သည် ကီလိုမီတာရာနှင့်ချီ၍ ပျံ့နှံ့နေခဲ့ပြီး နဂါးကြီး၏ အောက်တွင် အနက်ရောင်အကွက်များရှိနေကာ ရေကန်၏အောက်ခြေကို လုံးဝ မမြင်နိုင်ပေ။

"ဘိုးဘေး…ဘိုးဘေးနတ်ဘုရားအဆင့် နဂါးနက်ရုပ်အလောင်း ဘယ်လိုဖြစ်နိုင်မှာလဲ…" ချင်ယွင်သည် သူ့မျက်လုံးများကို ပြူးကျယ်ကာ အံ့ဩသွားသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိသည်။

ရေကန်ထဲမှာ လွင့်မျောနေသည် နဂါးနက်ရုပ်အလောင်းသည် ဘိုးဘေးနတ်ဘုရားအဆင့် ဖြစ်နေသည်။ ဒဏ္ဍာရီလာ ဘိုးဘေးနတ်ဘုရားအဆင့်နဂါးတစ်ကောင်။

ဤအဆင့်ရှိ နဂါးတစ်ကောင်သည် ဤနေရာတွင် အမှန်တကယ် သေဆုံးသွားခဲ့ပြီး ချင်ယွင်၏နှလုံးက ရုတ်တရက် အေးခဲသွားလေသည်။

"ဒီနဂါးကြီးက ကောင်လေးနှစ်ယောက်ပြောနေတဲ့ နဂါးကြီးများ ဖြစ်နိုင်မလား။ ကောင်လေးနှစ်ယောက် ကြောက်နေတာ အံ့သြစရာ မရှိတော့ပါဘူး။ ဒါက ဘိုးဘေး နတ်ဘုရားအဆင့်ပဲ” ချင်ယွင်က ရုတ်တရက် သူ့စိတ်ထဲမှာ ပြောလိုက်သည်။

ရုတ်တရက် ချင်ယွင်သည် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား တုန်လှုပ်သွား သည်။ စင်တင်ခြင်းမျက်လုံးသည် နဂါးကြီးခန္ဓာကိုယ်ကို စိုက်ကြည့်နေစဉ် ချင်ယွင်၏ စိတ်နှလုံးကို တုန်လှုပ်သွားစေသည်။

"ဒီနဂါးကြီး မသေသေးဘူးလား" ချင်ယွင်၏ နှလုံးသားထဲတွင် ကြောက်မက်ဖွယ်ရာ အတွေးတစ်ခု ပေါ်လာခဲ့သည်။

All Chapters