အခန်း ၁၆၂၃
Vol. 109 Ch. 1623
အခန်း (၁၆၂၃) အမှောင်နတ်ဆိုးနဂါး။
ချင်ယွင်၏ နှလုံးခုန်သံက မြန်လာပြီး သူ့နှလုံးက တုန်ခါသွားသည်။
အကယ်၍, ဤနဂါးကြီးသာ အမှန်တကယ် မသေသေးဘူးဆိုလျှင်, သူတို့သည် ကြောက်စရာကောင်းသည့် အခြေအနေမှာ ရှိနေလိမ့်မည်။ ဤသည်မှာ ဘိုးဘွားဘုရား အဆင့် နတ်ဘုရားနဂါး ဖြစ်သည်။ ၎င်းသာ အမှန်တကယ် နိုးထလာပါက, ချင်ယွင်နှင့် အခြားသူများအတွက် ကြီးမားသော ကပ်ဘေးဒုက္ခတစ်ခု ဖြစ်လာမှာ သေချာပါသည်။
"မဟုတ်ဘူး၊ ဒီနဂါးက တကယ်သေသွားပြီ။ ဒါပေမယ့် သူ့စိတ်ဝိညာဉ်က အသက်ရှင်နေ သေးတယ်။ ဒါပေမယ့် သူ့အသိစိတ်ကတော့ ပျောက်ကွယ်သွားခဲ့ပြီ။ တစ်နည်း ပြောရရင်တော့ ဒါက တကယ်သေတာနဲ့ ထူးမခြားနားဘူး” ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ယခင် တုန်လှုပ်ချောက်ခြားမှုက ပျောက်ကွယ်သွားပြီး အလွန်ပြင်းထန်သော စိတ်လှုပ်ရှားမူများ အစားထိုး ဝင်ရောက်လာခဲ့သည်။
အသိစိတ်ကင်းမဲ့နေသော စိတ်ဝိညာဉ်နှင့် ဘိုးဘေးနတ်ဘုရားအဆင့် ဘိုးဘေးနတ်ဘုရား နဂါး, ၎င်းသည် အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်သည်။ ချင်ယွင်သည် သူ၏ ဒုတိယမြောက် မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီးသည်နှင့်, သူသည် ဤဘိုးဘေးနတ်ဘုရားအဆင့် ဘိုးဘေးနတ်ဘုရားနဂါးကို ထိန်းချုပ်နိုင်ပြီး၊ ၎င်းသည် သူ၏ ဒုတိယခန္ဓာကိုယ် ဖြစ်လာမည် ဖြစ်သည်။
ထိုအခြေအနေမျိုးတွင် ချင်ယွင်၏ စွမ်းအားသည် ကြောက်မက်ဖွယ်အဆင့်အထိ တိုးမြင့်လာမည် ဖြစ်သည်။
သူသည် ဘိုးဘေးနတ်ဘုရားတစ်ပါး၏ ကျင့်ကြံမှုအခြေခံကို မပိုင်ဆိုင်နိုင်သော်လည်း၊ ဘိုးဘေးနတ်ဘုရားအဆင့် နတ်ဘုရားနဂါး၏ ခန္ဓာကိုယ်သည် မည်မျှ အစွမ်းထက်မည်ကို စဉ်းစားရန်ပင် မလိုအပ်ချေ။
"ကောင်စုတ်လေး၊ မင်းတော့ ဒီတစ်ခါ တော်တော်ထောသွားပြီ။ ဘိုးဘေးနတ်ဘုရားအဆင့် ဘိုးဘေးနတ်ဘုရားနဂါးရဲ့ ခန္ဓာကိုယ်။ ဒါ့အပြင်၊ နတ်ဘုရားစိတ်ဝိညာဉ်ရဲ့အဆင့်ကလည်း ဘိုးဘေးနတ်ဘုရားအဆင့်မှာပဲ ရှိနေသေးတယ်။ ဒါက အနိမ့်ဆုံးအဆင့်ဖြစ်တဲ့ သေးငယ် သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရားဖြစ်ပေမယ့်၊ ဘိုးဘေးနတ်ဘုရား အဆင့်မှာ ရှိနေသေးတယ်။ သေချာတာက, သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီးတာနဲ့ မင်း တခြား ဘာမှလုပ်စရာ မလိုတော့ဘူး။ ဘိုးဘေးနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာဖို့ မင်းလုပ်ရမှာက အဲဒီဥပဒေသကွင်းဆက်တွေရဲ့ ဥပဒေသတွေကို နားလည်ဖို့ပဲ။ ဒီနဂါးနက် နားလည်ထားတဲ့ ဥပဒေသကွင်းဆက်က ဘယ်အဆင့်လဲဆိုတာ ငါ သိချင်မိ တယ်" လျှိုဘိုအသံက ချင်ယွင်စိတ်ထဲမှာ ပေါ်လာပါသည်။
ချင်ယွင်၏ပါးစပ်ထောင့်က အပြုံးမှာလည်း မထင်မရှား အပြုံးတစ်ခု ပေါ်လွင်နေသည်။ ဒီနဂါးခန္ဓာကိုယ်၏ တည်ရှိမှုက သူ့ကို အံ့အားသင့်စေခဲ့ပါသည်။ ဒီနဂါးခန္ဓာကိုယ်ဖြင့်ဆို, ချင်ယွင်၏ ခွန်အားတွေ တိုးမြင့်လာရုံသာမက, သူသည် ဒုတိမြောက်အသက်တစ်ခု ရရှိခြင်းနှင့် ညီမျှသည်။
ဤနဂါးနက်၏ ခန္ဓာကိုယ်မှာ ရှိနေသည့် ဉပဒေသကွင်းဆက်က မည်သည့်အဆင့်ဖြစ်သည် ကို ချင်ယွင် ဂရုမစိုက်ပေ။ ဟုတ်ပါသည်, အဆင့်တစ်ဖြစ်လျှင် အကောင်းဆုံးဖြစ်သည်။
“ဒါပေမယ့်, ဒီနဂါးကြီးရဲ့ခန္ဓာကိုယ်ကို ရယူဖို့က လွယ်ကူမဲ့ပုံမပေါ်ဘူး။ ဒီကြောက်မက်ဖွယ် စုပ်ယူမှုစွမ်းအားက နဂါးကြီးရဲ့ခန္ဓာကိုယ်ပေါ် သက်ရောက်မူရှိနေတယ်။ အလွယ်တကူ ထိန်းချုပ်လို့ မလောက်ဘူး။ ဒီစုပ်ယူအားက ဒီနဂါးကြီးရဲ့ခန္ဓာကိုယ်ကို အောက်ကို ဘယ်လို စုပ်ယူနိုင်လဲဆိုတာ ငါ တကယ် မသိတော့ဘူး။ ဒါ့အပြင်၊ ဒီစွမ်းအားက ဘိုးဘေးနတ်ဘုရား အဆင့် နတ်ဘုရားနဂါးရဲ့ နဂါးစိတ်ဝိညာဉ်ရဲ့ အသိစိတ်ကို ဖျက်ဆီးပစ်ခဲ့ပြီး ပြီးပြည့်စုံတဲ့ နဂါးစိတ်ဝိညာဉ်ကို ထိန်းသိမ်းထားနိုင်တယ်။ ဒါက ဘယ်လိုတန်ခိုးမျိုးလဲ"။
ချင်ယွင်သည် သူ့ရှေ့မှ ကြီးမားသော အကျိုးကျေးဇူးများကြားတွင် မှိန်းမောသွားခြင်း မရှိဘဲ၊ ဆန့်ကျင်ဘက်အနေနှင့် ထူးထူးခြားခြား တည်ငြိမ်နေပါသည်။
ဘိုးဘေးနတ်ဘုရားအဆင့် နတ်ဘုရားနဂါးကြီးသည် ဤနေရာတွင် သေဆုံးသွားပါက၊ သူကဲ့သို့ မြေကမ္ဘာနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးသည် ပို၍ ခြိမ်းခြောက်ခံရနိုင်ခြေ ရှိသည်ကို သူ သိပါသည်။
"အစ်ကိုချင် မင်း ဘာကိုမြင်တာလဲ။" ဖက်တီးကောင်လေးက မေးသည်။ ပိန်ပိန် ကောင်လေး၏ မျက်လုံးများသည်လည်း စူးစမ်းလိုစိတ်များဖြင့် တောက်ပနေသည်။
လအတော်ကြာ ပေါင်းသင်းပြီးနောက် ချင်ယွင်နှင့် သူတို့ကြား ဆက်ဆံရေးက အလွန် ကောင်းမွန်လာခဲ့သည်။ ချင်ယွင်၏ ငါးကင်အရသာ သွေးဆောင်မှုအောက်တွင်, သူတို့ သည် ချင်ယွင်ကို အစ်ကိုကြီးဟု ခေါ်ကြသည်။ တကယ်ဆို, ဒီကလေးနှစ်ယောက်သည် ချင်ယွင်၏ ဘိုးဘေးများဖြစ်ရန်ပင် လုံလောက်အောင် အသက်ရှည်စွာ နေထိုင်ခဲ့ပြီးပြီ။
"စောစောက မင်းတို့ပြောခဲ့တဲ့ နဂါးကြီးကို ငါတွေ့ခဲ့တယ်။ ဒါပေမယ့် စိတ်မပူပါနဲ့၊ သူက သေနေပြီ" ချင်ယွင်က ပြောသည်။
ကလေးနှစ်ယောက်သည် ထိုစကားကို ကြားတော့ အသက်ပြင်းပြင်း ရှူလိုက်ကြသည်။ ထိုအချိန်တုန်းက ဧရာမနဂါးကြီးက သူတို့ကို မျိုချခဲ့ပြီး၊ ယင်းက သူတို့စိတ်နှလုံးထဲမှာ ဖျောက်ဖျက်မရနိုင်သည့် အရိပ်တစ်ခုအဖြစ် ကျန်နေခဲ့သည်။ ထို့ကြောင့် ရေကန်၏ နက်ရှိုင်းသောအရပ်မှာ ထိုနဂါးကြီးရှိနေမည်ကို သူတို့ အလွန်ကြောက်နေကြဆဲ ဖြစ်သည်။
"ရေကန်ရဲ့ အောက်ခြေမှာကော။ ရေကန်အောက်ခြေမှာ အတိအကျ ဘာတွေရှိနေလဲ" ပိန်ပိန်ကောင်လေးက ကမန်းကတန်း မေးသည်။
ချင်ယွင်က ခေါင်းခါလိုက်ပြီး "ရေကန်ရဲ့အောက်ခြေကို ငါ မမြင်ရဘူး။ အနက်ရောင် ရေကန်က ငါတို့ထင်ထားတာထက် ပိုနက်နေတယ်"။
ချင်ယွင်သည် သူ့နှလုံးသားထဲတွင် အကန့်သတ်မဲ့ သက်ပြင်းချနေမိသည်။ သူ၏ စတင်ခြင်းမျက်လုံးသည် ရေကန်အောက် မီတာတစ်သောင်းအထိ မြင်နိုင်သော်လည်း, သူသည် ရေကန်၏အောက်ခြေကို မမြင်နိုင်သေးပေ။ ထို့ကြောင့် အနက်ရောင် ရေကန်သည် မည်မျှနက်မည်ကို တွေးကြည့်ရန် လွယ်ကူပါသည်။
ကလေးနှစ်ယောက်လည်း ပါးစပ်ဖွင့်ပြီး၊ သူတို့မျက်နှာတွေက တုန်လှုပ်ခြင်းများဖြင့် ပြည့်နေခဲ့သည်။
"သွားကြစို့, ဆက်သွားကြည့်ရအောင်။" ချင်ယွင်က ပြောသည်။
ကလေးနှစ်ယောက်လည်း ခေါင်းညိတ်ပြပြီး သုံးယောက်သား အောက်ကို ဆက်ပြီး ဆင်းသွားကြသည်။
သူတို့သည် ပိုမိုနက်ရှိုင်းစွာ ငုံ့ဆင်းလာသည်နှင့်အမျှ, သူတို့ခန္ဓာကိုယ်ကို ဖိနှိပ်ထားသည့် စွမ်းအားကလည်း ပိုမိုပြင်းထန်ပြီး အားကောင်းလာသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင်၊ ချင်ယွင်နှင့် အခြားသူများသည် သူတို့၏စိတ်ဝိညာဉ်များကို ဓားဖြင့် ထိုးစိုက်သလို ခံစားလာရသည်။ ၎င်းသည် အလွန်ပြင်းထန်ခြင်း မရှိသော်လည်း၊ ယင်းက ချင်ယွင်နှင့် အခြားသူများကို စိတ်နှလုံးအောက်မှ စိုးရိမ်သွားစေသည်။
ထိုကဲ့သို့ ဓားဖြင့်ထိုးစိုက်သလို နာကျင်ရသည့် ဝေဒနာမျိုးအတွက် အကြောင်းပြချက် မရှိပါဘူး။ သူတို့၏ စိတ်ဝိညာဉ်များ အဘယ်ကြောင့် ဓားဖြင့်ထိုးစိုက်သလို နာကျင်ရသည် ကို သူတို့ မသိနိုင်ခဲ့ပေ။ ဤအချက်ကြောင့် ချင်ယွင်သည် ပို၍ပင် ကြောက်စရာကောင်း သည်ဟု အတိအကျ ခံစားရသည်။
"ဒီနဂါးကြီးကို ငါ တကယ်တွေ့ချင်မိတယ်" ရုတ်တရက် ပိန်ပိန်ကောင်လေးက အချက်ပေးသံဖြင့် အော်ပြောလိုက်သည်။
"ဟုတ်တယ်, ငါလည်း မြင်တယ်။" ဖက်တီးကောင်လေးက တုန်လှုပ်ချောက်ချားစွာ ငုံ့ကြည့်ရင်း ပြောသည်။
ချင်ယွင်လည်း အောက်ကိုငုံ့ကြည့်လိုက်ပြီး၊ သူ့မျက်နှာမှာလည်း အံ့သြသွားသည့် အမူအရာ ပေါ်လာသည်။ အကြောင်းမှာ ဧရာမနဂါးကြီးသည် ရေမျက်နှာပြင်ဆီသို့ ဆွဲငင်ခံရသည့်အလား ဖြည်းညှင်းစွာ လွင့်မျောတက်လာသည်ကို သူ တွေ့လိုက်ရသော ကြောင့်ပင်။
"အတိအကျ ဘာတွေ ဖြစ်နေတာလဲ။ ဒါက ဘယ်လိုဖြစ်ရတာလဲ။ ဒီနဂါးကြီးက ဒီထူးဆန်း တဲ့ စွမ်းအားနဲ့ ချည်နှောင်မခံရဘူးလား” ချင်ယွင်သည် ပို၍ပင် ဝေခွဲမရ ဖြစ်သွားသည်။
သူတို့သည် ထိုတန်ခိုးကြီးသော စွမ်းအားကို အစွမ်းကုန် တွန်းလှန်နေရသော်လည်း၊ ၎င်းသည် နဂါးကြီး၏ အလောင်းကို လုံးဝ ချည်နှောင်ထားခြင်း မရှိပေ။
"မေ့လိုက်ပါ၊ ဒီနဂါးရုပ်အလောင်းကို အရင်ယူရအောင်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ထို့နောက်, သူ့မျက်လုံးထဲမှာ စူးရှသည့် အကြည့်တစ်ချက် ပေါ်လာသည်။ သူသည် သူ့ခန္ဓာကိုယ်မှ စွမ်းအားအများစုကို တိုက်ရိုက် ထုတ်ယူလိုက်သည်။ ဤနည်းဖြင့် သူ၏ ခန္ဓာကိုယ်သည် အောက်သို့ လျင်မြန်စွာ ကျဆင်းသွားသည်။
ချင်ယွင်၏ ခန္ဓာကိုယ်သည် ပြုတ်ကျရုံသာမကဘဲ ချင်ယွင်သည် ဧရာမနဂါးကြီး၏ ရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ဤအခိုက်အတန့်တွင် ချင်ယွင်သည် ဤနဂါးကြီး၏ မျက်နှာအစစ်အမှန်ကို နောက်ဆုံးတွင် မြင်လိုက်ရသည်။ ၎င်းသည် အနှိုင်းမဲ့ အစွမ်းထက်သော အမှောင်နတ်ဆိုးနဂါးတစ်ကောင် ဖြစ်သည်။
ချင်ယွင်သည် စိတ်ဝိညာဉ်နဂါး၏ နဂါးဝိညာဉ်ကို ပိုင်ဆိုင်ထားပြီး နဂါးမျိုးနွယ်နှင့် ပတ်သက်သော လျှို့ဝှက်ချက်အချို့ကို သိရှိထားသည်။ ၎င်းတို့အနက်မှ အမှောင်နတ်ဆိုး နဂါးသည် အလွန်မင်း အစွမ်းထက်သော နတ်ဆိုးနဂါးတစ်ကောင် ဖြစ်သည်။ ၎င်း၏ ခွန်အားသည် အနှိုင်းမဲ့ အစွမ်းထက်သည်။ အထူးသဖြင့် ၎င်း၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် ဖြစ်သည်။ ၎င်း၏ရုပ်ခန္ဓာကိုယ်သည် နဂါးမျိုးနွယ်တစ်ခုလုံးတွင် သေချာပေါက် ထိပ်တန်း (၃) ခုထဲ စာရင်းဝင်သည်။
ဧရာမနဂါးကြီး၏ အသွင်အပြင်ကို မြင်လိုက်ရတော့ ချင်ယွင်မှာ စိတ်မလှုပ်ရှားဘဲ မနေနိုင်တော့ပေ။
ဤအခိုက်အတန့်တွင် သူသည် တုံ့ဆိုင်းမနေတော့ဘဲ သူ၏ဒုတိယမြောက် မွေးရာပါ နတ်ဘုရား စွမ်းရည်ဖြစ်သော စိတ်ဝိညာဉ်ဝါးမျိုခြင်းကို အသုံးပြုရန် တိုက်ရိုက် ကြိုးစားလိုက်သည်။
အမှောင်နတ်ဆိုးနဂါး၏ စိတ်ဝိညာဉ်ကို မျိုချလိုက်သည်နှင့်၊ နတ်ဘုရားနဂါး၏ ခန္ဓာကိုယ်သည် ချင်ယွင်၏ အစွမ်းထက်သော ကိုယ်ပွားတစ်ခု ဖြစ်လာမည်ဖြစ်သည်။
ဘန်း….။
ချင်ယွင်၏ မျက်လုံးများက အနှိုင်းမဲ့ အစွမ်းထက်သော ခရမ်းရောင် အလင်းတန်းများဖြင့် ပွင့်လန်းလာခဲ့သည်။ ချင်ယွင်၏ ခန္ဓာကိုယ်မှ တုနှိုင်းမရလောက်အောင် အားကောင်းသော စိတ်ဝိညာဉ် အတက်အကျလှိုင်းတစ်ခု ထွက်ပေါ်လာပြီးနောက် ချင်ယွင်၏ လက်ဖဝါးသည် နဂါးဦးခေါင်းပေါ်သို့ ဖိလုတော့မည်။
ထိုလက်ဖဝါးသည် နဂါးကြီး၏နဖူးပေါ်ကို သုံးစက္ကန့်ကြာ ဖိလိုက်သည်နှင့်၊ အသိစိတ် ကင်းနေသည့် ဘိုးဘေးနတ်ဘုရားနဂါးသည် ချင်ယွင်၏အပိုင် ဖြစ်လာတော့မည်။
သို့သော်၊ ချင်ယွင်၏လက်ဖဝါးသည် အမှောင်နတ်ဆိုးနဂါး၏ နဖူးပေါ်ကို ဖိချပြီး စိတ်ဝိညာဉ်ဝါးမျိုခြင်း နတ်ဘုရားစွမ်းရည်ကို အသုံးပြုခါနီးတွင်၊ မူလက အသက်မဲ့နေသော အမှောင်နတ်ဆိုးနဂါးကြီးသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းအောင် ပြင်းထန်သော အလင်းတန်းတစ်ခုက သူ့မျက်လုံးထဲတွင် ပွင့်လန်းလာခဲ့ သည်။
“မကောင်းတော့ဘူး…”
ချင်ယွင်သည် သူ့စိတ်ထဲမှာ တစ်ချက်သာ တွေးနိုင်လိုက်သည်။ ဧရာမနဂါးကြီးသည် ရုတ်တရက် ၎င်း၏ပါးစပ်ကြီးကို ဖွင့်လိုက်ပြီး ချင်ယွင်ကို တိုက်ရိုက် မျိုချလိုက်သည်။ အဝေးမှ ကလေးနှစ်ယောက်ပင် ချမ်းသာမပေးခဲ့ပေ။ ၎င်းတို့ကို အမှောင်နတ်ဆိုး နဂါးကြီးက စုပ်ယူသွားခဲ့ပြီး သူ့ဗိုက်ထဲသို့ တိုက်ရိုက် မျိုချခဲ့သည်။