← Chapters

အခန်း ၁၆၂၄

Vol. 109 Ch. 1624

အခန်း ၁၆၂၄

Vol. 109 Ch. 1624

အခန်း (၁၆၂၄) အဆုံးစွန်သောလျှို့ဝှက်ချက်

"ငါ... ငါဘယ်မှာလဲ" ချင်ယွင်သည် အလွန်လေးလံနေသော သူ့ဦးခေါင်းကို နှိပ်နယ်ရင်း၊ သူသည် ကြီးမားသော ကျောက်ရုပ်ထုကြီး၏ လက်ဖဝါးပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်သည် မြူများဖြင့် ထူထပ်နေပြီး အောက်ဘက်တွင် အောက်ခြေမရှိသည့် ကြီးမားလှသော ချောက်ကမ်းပါးတစ်ခု ရှိနေသည်။

ချင်ယွင်က တစ်ချက်ကြည့်လိုက်သည်။ ဤကျောက်ရုပ်ထုကြီးသည် ပေ ၁၀၀,၀၀၀ ခန့် မြင့်ပြီး ချင်ယွင်၏တည်နေရာသည် ဧရာမကျောက်ရုပ်ထုကြီး၏ ရင်ဘတ်ရှေ့တွင် ဖြစ်သည်။

"ဒီနေရာက ဘယ်မှာလဲ။ ငါ ဘာလို့ ဒီမှာ ပေါ်လာတာလဲ။ နဂါးနက်ကြီးက ငါ့ကို မျိုချခဲ့တာ မဟုတ်ဘူးလား။ ကျန်တဲ့ကလေးနှစ်ယောက်ရော ဘယ်ရောက်သွားတာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

တားမြစ်နတ်ဘုရားတောအုပ်တွင် ဤကျောက်ရုပ်တုကြီး လုံးဝ မရှိသောကြောင့် ဤနေရာ သည် တားမြစ်နတ်ဘုရားတောအုပ်နှင့် လုံးဝ မတူပေ။ ထို့အပြင်၊ ဤအချိန်တွင် ကောင်းကင်ကြီးသည် ပြာလဲ့နေပြီး၊ တားမြစ်နတ်ဘုရားတောအုပ်၏ ကောင်းကင်သည် မီးခိုးရောင် ဖြစ်နေသည်။

သို့သော်လည်း ချင်ယွင်သည် သူ့ခန္ဓာကိုယ်တွင် ချုပ်နှောင်ထားသော စွမ်းအားများ ပျောက်ကွယ်မသွားသေးသည့်အပြင် ပို၍ပင် အားကောင်းလာသည်ကို ခံစားလိုက်ရသည်။

"ဒါက မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ပဲ။" ချင်ယွင် ဝေခွဲမရဖြစ်နေစဉ်မှာ, ကျယ်လောင်ပြီး ဂုဏ်သိက္ခာရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်၏ နှလုံးသားသည် တုန်လှုပ်သွားကာ ပတ်ဝန်းကျင်ကို လှမ်းကြည့်သော်လည်း လူတစ်ဦးတစ်ယောက်မျှ မတွေ့ခဲ့ရပေ။

"ဘယ်သူလဲ, ဘယ်သူ စကားပြောနေတာလဲ" ချင်ယွင်က သတိကြီးစွာဖြင့် မေးလိုက် သည်။

ထိုအချိန်တွင် မူလက မလှုပ်မယှက်ဖြစ်နေသည့် ကျောက်ရုပ်ထုကြီးသည် ဦးခေါင်းကို အနည်းငယ် ငုံ့လာသည်။ အနှိုင်းမဲ့ကြီးမားသော မျက်လုံးနှစ်လုံးက ချင်ယွင်ကို ထိုကဲ့သို့ ငုံ့ကြည့်နေသည်။ ကျောက်ရုပ်ထုကြီး၏ ပါးစပ်ထောင့်က လူသားဆန်သည့် အပြုံးတစ်ခု ပေါ်လာသည်။

ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ကြီးမားသော ကျောက်ရုပ်ထုကြီးကို ကြည့်ရန် သူ့ခေါင်းကို မော့လိုက်သည်။ ကျောက်ရုပ်ထုကြီးသည် အမှန်တကယ် အသက်ရှင်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ဤအခိုက်အတန့်တွင် ဧရာမ နတ်ဆိုးကျောက်ရုပ်ထုကြီးက သူ့ကို ပြင်းထန်သော ဖိနှိပ်ခြင်း ခံစားမှုကို ပေးစွမ်းနေသည်။ ဧရာမ နတ်ဆိုးကျောက်ရုပ်ထုကြီး မည်မျှ ကြောက်စရာကောင်းသည်ကို သူ ခံစားနိုင်သည်။ တစ်ဖက်လူက ဆန္ဒရှိသရွေ့ သူ့ကို အလွယ်တကူ အသေသတ်ပစ်နိုင်သည်။

"မင်းက ဘယ်သူလဲ။ ဒီမဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ဆိုတာကရော အတိအကျ ဘာလဲ။" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

"လူသား၊ ငါက နတ်ဆိုးအကျဉ်းထောင်ရဲ့ အုပ်ထိန်းသူ ဟွန်ထျန်းပါ။ မဟာနတ်ဆိုး နတ်ဘုရား အကျဉ်းထောင်ဆိုတာက ရှေးဦီးခေတ်က မဟာနတ်ဆိုးနတ်ဘုရား ပန်ဂု ကိုယ်တိုင် ဖန်တီးထားတဲ့ ကမ္ဘာတစ်ခုပဲ။ နတ်ဘုရားကမ္ဘာရဲ့ မကောင်းဆိုးဝါး တပည့်တွေ ကို ထောင်ချဖို့အတွက် အထူးအသုံးပြုထားတယ်။" ကျောက်ရုပ်ထုကြီးက ပြန်ဖြေသည်။

"ပန်ဂုကိုယ်တိုင် ဖန်တီးထားတဲ့ ကမ္ဘာလား?" ချင်ယွင်သည် အလွန်တုန်လှုပ်သွားသည်။ မဟာနတ်ဆိုးနတ်ဘုရားပန်ဂု ဖန်ဆင်းထားသည့် ကမ္ဘာကို သူ အမှန်တကယ် ရောက်လာ လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါဘူး။

သို့သော်လည်း ချင်ယွင်သည် ဤနေရာတွင် သူ အဘယ့်ကြောင့် ပေါ်လာသည်ကို နားမလည်နိုင်သေးပေ။ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်သည် အမှောင်နတ်ဆိုး နဂါးကြီး၏ ဝမ်းဗိုက်ထဲတွင် တည်ရှိနေခြင်းများ ဖြစ်နိုင်မလား။

ချင်ယွင်၏ သံသယများကို မြင်နိုင်ပုံရပြီး၊ ဧရာမ နတ်ဆိုးကျောက်ရုပ်ထုကြီးက အဝေးကို လက်ညိုးထိုးပြသည်။

ချင်ယွင်သည် ထိုလက်ညှိုး၏ ဦးတည်ရာဆီသို့ ကြည့်လိုက်ရာ အဝေးက တိမ်ပင်လယ်ထဲ တွင် ကြီးမားသော နဂါးနက်ကြီးက လှုပ်ခတ်နေသည်ကို တွေ့လိုက်ရသည်။ ထိုနဂါးသည် ချင်ယွင်ကို သူ့ဗိုက်ထဲသို့ မျိုချလိုက်သော အမှောင်နတ်ဆိုးနဂါးမှလွဲ၍ အခြားမဟုတ်ပေ။

"ငါ့ကို ဒီနေရာကို ပို့ဆောင်ဖို့အတွက် သူက ငါတို့ကို သူ့ဗိုက်ထဲ မျိုချခဲ့တာများလား။" ချင်ယွင်က တစ်စုံတစ်ခုကို နားလည်ပုံရပြီး ပြောလိုက်သည်။

"မှန်တယ်၊ ငါ မင်းကို ဒီနေရာကို ခေါ်လာခိုင်းလိုက်တာ။" ဧရာမ နတ်ဆိုး ကျောက်ရုပ်ထု ကြီးက ဆိုသည်။

ချင်ယွင်သည် ဖြစ်ပျက်နေသည့်အရာကို ချက်ချင်း သဘောပေါက်သွားသည်။ တစ်ချိန်တည်းမှာ ပင် သူ့ရင်ထဲတွင် အလွန်မင်း ကြောက်စရာကောင်းသော အတွေးတစ်ခု ရှိနေခဲ့သည်။ ထိုခန့်မှန်းချက်က သူ့နှလုံးကို အခုန်မြန်စေသည်။

"မင်းရဲ့ ခန့်မှန်းချက်က မှန်တယ်။ အနက်ရောင်ရေကန်မှာ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား ရဲ့ နတ်ဆိုးနတ်ဘုရားအမြုတေ ပါ၀င်နေတယ်။ ဒီတားမြစ်နတ်ဘုရားတောအုပ် တစ်ခုလုံး ကို ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားရဲ့ မျက်လုံးနဲ့ ဖွဲ့စည်းထားထာ။ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ရဲ့ တည်နေရာကတော့ နတ်ဆိုးနတ်ဘုရားအမြုတေထဲမှာပဲ။" ဟွန်ထျန်း က ပြောလိုက်သည်။ သူ၏ကြီးကျယ်ခမ်းနားသော အသံက တစ်ကမ္ဘာလုံးတွင် ပဲ့တင်ထပ် နေသည်။

ချင်ယွင်သည် အလွန်မင်း တုန်လှုပ်သွားသည်။ မဟာနတ်ဆိုးနတ်ဘုရားပန်ဂု၏ နတ်ဆိုး နတ်ဘုရားအမြုတေကို ဤရေကန်အောက်ခြေမှာ မြှုပ်နှံထားလိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့ပါဘူး။

ပန်ဂုက ဘယ်သူလဲ။

သူသည် ကမ္ဘာပေါ်တွင် ပထမဆုံး နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်ပြီး၊ ဤစကြာဝဠာကြီး မွေးဖွားပြီးကတည်းက အစွမ်းထက်ဆုံး နတ်ဆိုးနတ်ဘုရားတစ်ပါးလည်း ဖြစ်သည်။

ပန်ဂု မည်သည့်နေရာ ရောက်သွားမှန်း မည်သူမှ မသိသလို၊ ပန်ဂု အသက်ရှင်နေသေးလား သို့မဟုတ် သေဆုံးသွားပြီလား ဆိုသည်ကိုလည်း မည်သူမှ မသိကြပါဘူး။ ပန်ဂုမဟာ နတ်ဆိုးနတ်ဘုရားသည် တန်ခိုးကြီးသော ကောင်းကင်တောင်ကို လှုပ်ခါခဲ့ကာ၊ နောက်ဆုံးတွင် တန်ခိုးကြီးသော ကောင်းကင်တောင်တန်း၏ ကောင်းကင်ဘုံတန်ခိုး အောက်၌ သေဆုံးသွားကြောင်း ကောလဟာလများသာ ထွက်ပေါ်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်း ပြိုကွဲသွားခဲ့ပြီး၊ ရှေးခေတ်နတ်ဘုရားကမ္ဘာတစ်ခုလုံး ပြန့်ကျဲသွားခဲ့သည်ဟု ဆိုကြသည်။

ယခု ထိုကောလာဟလသည် အမှန်ဖြစ်နေပုံရပြီး၊ တားမြစ်နတ်ဘုရားတောအုပ်သည် မဟာနတ်ဆိုးနတ်ဘုရားပန်ဂု၏ မျက်လုံးရှိရာဖြစ်သလို၊ မဟာနတ်ဆိုးနတ်ဘုရားပန်ဂု၏ နတ်ဘုရားနတ်ဘုရားအမြုတေ ရှိသည့်နေရာလည်း ဖြစ်နေသည်။

မဟာနတ်ဆိုးနတ်ဘုရားပန်ဂု၏ နတ်ဆိုးနတ်ဘုရားအမြုတေ။

ချင်ယွင်၏နှလုံးသည် မထင်မှတ်ဘဲ စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်သွားခဲ့သည်။ ထိုအချိန်တုန်းက သူသည် ပန်ဂု၏သွေးအနှစ်သာရတစ်စက်ကို အသုံးပြုခဲ့ပြီး မြေကမ္ဘာ နတ်ဆိုးနတ်ဘုရား အလယ်အလတ်အဆင့်မှ အစောပိုင်း ကောင်းကင် နတ်ဆိုးနတ်ဘုရား အဆင့်အထိ တိုက်ရိုက် ဖြတ်ကျော်နိုင်ခဲ့သည်။ သူသည် နယ်ပယ်သုံးခုကို ဖြတ်ကျော်ခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင်၊ မဟာနတ်ဆိုးနတ်ဘုရားပန်ဂု၏ နတ်ဆိုးနတ်ဘုရားအမြုတေသည် ဤနေရာတွင် ရှိနေပါသည်။ အကယ်၍, သူသာ ရယူနိုင်ခဲ့မည်ဆိုလျှင်, နတ်ဆိုနတ်ဘုရား အမြုတေ၏စွမ်းအား တစ်ထောင်ပုံ တစ်ပုံဖြစ်နေလျှင်ပင်, သူ့ နတ်ဆိုးနတ်ဘုရား အမြုတေကို ပြုပြင်ရန် လုံလောက်ပါလိမ့်မည်။

"လူသားကောင်စုတ်လေး၊ မင်း အစမ်းသပ်ခံဖို့ စီစဉ်နေတာလား။" နတ်ဆိုး ကျောက်ရုပ်ထုကြီး ဟွန်ထျန်းက ပြောသည်။

"စမ်းသပ်ဖို့..၊ ဘာကို စမ်းသပ်မှာလဲ" ချင်ယွင်က မေးသည်။

"ပန်ဂု မသေခင် ငါ့ကို ဖန်ဆင်းခဲ့တယ်။ ရည်ရွယ်ချက်က သူ့အတွက် ဆက်ခံသူကို ရှာဖွေဖို့ပဲ။ မင်း သူ့ဆက်ခံသူ ဖြစ်လာတာနဲ့, မင်းက ကျန်ရစ်ခဲ့တဲ့ သူ့အမွေနှစ်ကို ရနိုင်လိမ့်မယ်။ မင်းက ရှေးခေတ်နတ်ဆိုးနတ်ဘုရားရဲ့ မျိုးဆက်တောင် ဖြစ်လာနိုင်တယ်။ မင်းခန္ဓာကိုယ်ထဲမှာ နတ်ဆိုးနတ်ဘုရားရဲ့ သွေးမျိုးဆက်ရှိနေတာကို ငါလည်း မြင်နိုင်ပါ တယ်။ မင်းရဲ့ နတ်ဆိုးနတ်ဘုရားအမြုတေ ပြိုကွဲသွားပေမယ့်, မင်းက ရှင်သန်နိုင်စွမ်း ရှိနေမှတော့, မင်းရဲ့ကိုယ်ပိုင်အရည်အချင်းက ထူးချွန်နေရမယ်။ မင်း ကြိုးစားကြည့်ဖို့ ဆန္ဒရှိမရှိ ငါသိချင်တယ်” နတ်ဆိုးကျောက်ရုပ်ထုကြီး ဟွန်ထျန်းက ကလေးငယ် တစ်ယောက်ကို လှည့်စားနေသည့် ဦးလေးဆိုးတစ်ယောက်၏ လေသံဖြင့် ပြောလိုက်ပါ သည်။

"ဒီစမ်းသပ်မှုက အရမ်းခက်ခဲတယ် မဟုတ်လား?" ချင်ယွင်သည် ဟွန်ထျန်း၏ ထူးဆန်းသော အမူအရာကို သတိပြုမိပြီး မေးလိုက်သည်။

"ဒါက နည်းနည်းတော့ ခက်တယ်ကွ။ ဒါပေမယ့် မင်း စဉ်းစားကြည့်ပါ။ ဒါက ရှေးခေတ် မဟာနတ်ဆိုးနတ်ဘုရားတစ်ပါးရဲ့ အမွေအနှစ်တစ်ခုလုံးလေ။ စွန့်စားရတာ ထိုက်တန်ပါ တယ်ကွာ။" ဟွန်ထျန်းက ပြောသည်။

ချင်ယွင် နားထောင်လေလေ ပိုထူးဆန်းလေလေ ဖြစ်လာသည်။ ဤဟွန်ထျန်းသည် သူ စမ်းသပ်မူတွင် ပါဝင်လာရန် စိတ်အားထက်သန်နေပုံရသည်။

"အရင်က ဒီစမ်းသပ်မှုမှာ လူဘယ်နှစ်ယောက် ပါဝင်ဖူးပြီလဲ။" ချင်ယွင်က အလွန်ရှုပ်ထွေး သော မေးခွန်းကို တိုက်ရိုက် မေးလိုက်ပါသည်။

"နှစ်သန်းပေါင်း ဆယ်ဂဏန်းမှာ, မင်းအပါဝင်ဆိုရင် သန်း ၁၀၀ တိတိ ရှိသွားပြီ" ဟွန်ထျန်း က ပြုံးပြီး ပြန်ဖြေသည်။

ချင်ယွင်သည် တံတွေးတစ်စွတ်ကို တိုက်ရိုက် မျိုချလိုက်သည်။ အကယ်၍ လူသန်း ၁၀၀ သည် ဤစမ်းသပ်မှုတွင် ပါဝင်ခဲ့ပါက, ၎င်းသည် သူ့ရှေ့တွင် လူသန်း ၁၀၀ ကျရှုံးခဲ့ပြီဟု ဆိုလိုရာမရောက်ပေးဘူးလား။

"ဒါဆို စမ်းသပ်မူမှာ ကျရှုံးခဲ့ရင်ရော ဘာဖြစ်မလဲ။" ချင်ယွင်က ကမန်းကတန်း မေးလိုက် သည်။

"ဒါဆို မင်းက မဟာနတ်ဆိုးနတ်ဘုရားပန်ဂုရဲ့ အမြုတေဖြစ်လာပြီး၊ မင်းရဲ့အသိစိတ်က ဖယ်ရှားခံရလိမ့်မယ်။ မင်းက မဟာနတ်ဆိုးနတ်ဘုရားပန်ဂု အကျဉ်းထောင်ရဲ့ ရုပ်သေးရုပ် တစ်ခု ဖြစ်လာလိမ့်မယ်။ အိုး…၊ ဟုတ်သားပဲ။ ဟိုဘိုးဘေးနတ်ဘုရားအဆင့်ရှိတဲ့ အမှောင် နဂါးကလည်း စမ်းသပ်မှုမှာ ကျရှုံးခဲ့တယ်လေ။ အဲဒါကြောင့် သူ့အသိစိတ်လည်း ဖျက်ဆီးခံလိုက်ရတာ" ဟွန်ထျန်းက အမှန်အတိုင်း ဖြေသည်။

ချင်ယွင်သည် အေးစက်စက်လေကို ရှုရှိုက်မိပြန်သည်။ ယခုတော့ ဤအမှောင်နတ်ဆိုး နဂါးကြီး အဘယ့်ကြောင့် အသိစိတ်ကင်းသည့် သက်ရှိတစ်ယောက် ဖြစ်လာရသည်ကို သူ နောက်ဆုံး သိသွားခဲ့ပါပြီ။ သူသည် စမ်းသပ်မှုတွင် ကျရှုံးခဲ့ပုံရသည်။

ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင် ကျဆုံးခဲ့ရသည့် ထိုစမ်းသပ်မှုသည် မည်မျှ ကြောက်စရာကောင်းမည်နည်း။ ချင်ယွင်သည် အမှန်ပင် စိတ်မကူးနိုင်တော့။

သို့သော်၊ ချင်ယွင်သည် နတ်ဆိုးနတ်ဘုရားအမြုတေကို ပြုပြင်ရန် ဤနေရာသို့ ရောက်လာခဲ့ခြင်း မဟုတ်ပါလော။ အခုအချိန်မှာ အခွင့်အရေးက သူ့ရှေ့မှာ ရှိနေသည်။ အကယ်၍ သူ လွဲချော်သွားခဲ့ပါက၊ သူသည် သူ့နတ်ဆိုးနတ်ဘုရားအမြုတေကို သူ့တစ်သက်တာလုံး ပြန်လည်ရရှိရန် မျှော်လင့်ချက်ရှိမည် မဟုတ်တော့ပေ။ ဤနည်းအား ဖြင့်, သူသည် ဟုန်လဲ့နှင့် အခြားသူများကို လက်စားချေရန် အခြားမည်သည့်အရာကို အသုံးပြုနိုင်မည်နည်း။

"မေ့လိုက်ပါ၊ အဆိုးဆုံးကတော့ ငါချင်ယွင်ဟာ သေမင်းဆိုတဲ့ စကားလုံးကို ကြောက်ရွံ့ခဲ့ ရင်တောင်, ဒီစမ်းသပ်မှုမှာ ငါ သေချာပေါက် ပါဝင်ရလိမ့်မယ်။" ချင်ယွင်၏ မျက်လုံးများ သည် အနှိုင်းမဲ့ ပြတ်သားသော မီးလျှံများဖြင့် တောက်ပနေခဲ့ပြီး၊ သူ့လက်သီးတွေက တင်းတင်းကြပ်ကြပ် ဆုပ်ထားကာ သူ့အသံက ကမ္ဘာအနှံ့ ပဲ့တင်ထပ်သွားသည်။

All Chapters