← Chapters

အခန်း ၁၆၂၅

Vol. 109 Ch. 1625

အခန်း ၁၆၂၅

Vol. 109 Ch. 1625

အခန်း (၁၆၂၅) စမ်းသပ်မှုကြီးသုံးခု။

"ဒီစမ်းသပ်မှုက အတိအကျ ဘာလဲ။ ချင်ယွင်က မတတ်နိုင်ဘဲ မေးလိုက်သည်။

နတ်ဆိုးကျောက်ရုပ်ထုကြီး ဟွန်ထျန်းက ဖျတ်ခနဲ ပြုံးလိုက်သည်။ နောက်ဆုံးတွင် ချင်ယွင်၏ ဆာလောင်မွတ်သိပ်မူ မြင့်မားလာသည်ကို တွေ့လိုက်ရသဖြင့် သူက ပြောလိုက် သည် "ဒီစမ်းသပ်မှုအတွက် မင်းအနေနဲ့ အရာသုံးခုကို တကယ်လုပ်ဖို့ လိုအပ်တယ်ကွ"

"သုံးခုလား။ အဲဒီသုံးခုက ဘာတွေလဲ" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

"ပထမဆုံး, မင်းက နဂါးချောက်နက်ပင်လယ်ကို သွားပြီး၊ ပင်လယ်နတ်ဆိုးဘုရင်ကို သတ်ပြီး နတ်ဆိုးအမြုတေကို ယူလာနိုင်ရမယ်။" ဟွန်ထျန်းက ပြန်ဖြေသည်။

"အဲဒီပင်လယ်နတ်ဆိုးဘုရင်က ဘယ်လောက် တန်ခိုးကြီးလဲ။" ချင်ယွင်က ကမန်းကတန်း မေးလိုက်သည်။

"အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်၊ သူ့ရဲ့စွမ်းအားက ကောင်းကင်နတ် ဘုရား အဆင့်သတ်မှတ်ချက်မှာဆို ၁၂၀ ဝန်းကျင်ပဲ ရှိလိမ့်မယ်။" ဟွန်ထျန်းက ပြုံးပြီး ပြောလိုက်သည်။

ဤပင်လယ်နတ်ဆိုးဘုရင်၏ စွမ်းအားသည် လဲ့ဟုန်ထက် အနည်းငယ် အားနည်းသင့် သည်ဟု ချင်ယွင် သိထားသော်လည်း၊ ၎င်းသည် များစွာ အားနည်းနေမည် မဟုတ်ပေ။ ယခု ချင်ယွင်အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်သည်။

"မဟုတ်သေးပါဘူး၊ ဒီပင်လယ်နတ်ဆိုးဘုရင်က ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ အထွတ်အထိပ်မှာပဲ ရှိတာလေ။ ဒါဆို အဲဒီဘိုးဘေးနတ်ဘုရားတွေက ဘာလို့ စမ်းသပ်မှုကို မပြီးမြောက်ခဲ့တာလဲ။" ချင်ယွင်က သူ့သံသယတွေကို ထုတ်ဖော်လိုက်ပါသည်။

ဟွန်ထျန်းက ပြုံးပြီး ပြောသည် "လူတိုင်းရဲ့ မစ်ရှင်တွေက မတူကြဘူးကွ။ ပန်ဂုမဟာ နတ်ဆိုးနတ်ဘုရားက လူတစ်ယောက်ချင်းစီရဲ့ ခွန်အားတွေအရ, ကိုယ်ပိုင်မစ်ရှင်တွေကို ပုံဖော်ပေးထားတာ။ မင်းရဲ့မစ်ရှင်ကလည်း ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား ပုံဖော်ထားတဲ့ မင်းနဲ့ အံဝင်ခွင်ကျဖြစ်မယ့် မစ်ရှင်ပါပဲ”။

ချင်ယွင်၏ ပါးစပ်ထောင့်က ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ အခြေအနေက ယခုလိုမျိုး ဖြစ်နေခဲ့သည်။ ထိုဘိုးဘေးနတ်ဘုရားများသည် စမ်းသပ်မှုကို မအောင်မြင်ခဲ့ သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ စမ်းသပ်မူ၏ အခက်အခဲက တကယ့်ကို ထူးထူးခြားခြားပင်။

ယခုအချိန်တွင်၊ ချင်ယွင်၏ နတ်ဆိုးနတ်ဘုရားအမြုတေသည် ပြိုကွဲသွားခဲ့ပြီ။ သူ့စွမ်းအား သည် အများဆုံး အလယ်လတ် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် ဖြစ်သည်။ သူသည် ကောင်းကင်နတ်ဘုရားနယ်ပယ် အထွတ်အထိပ်အဆင့်နှင့် အဆင့် နှစ်ဆင့် ကွာခြားနေသေးသည်။ ပင်လယ်နတ်ဆိုးဘုရင်ကို သတ်ဖြတ်ဖို့က သူ့အတွက် အမှန်တကယ် မဖြစ်နိုင်ပါဘူး။

ဤစမ်းသပ်မှုက မည်မျှခက်ခဲမည်ကို တွေးကြည့်နိုင်ပါသည်။ အဓိကချက်က ထိုစမ်းသပ်မူ သည် ပထမဆုံးတစ်ခု ဖြစ်နေဆဲဖြစ်ပြီး၊ နောက်နှစ်ခုက ပို၍ပင် ခက်ခဲပေလိမ့်မည်။

"ဒီဒုတိယကိစ္စကရော ဘာလဲ" ချင်ယွင်က ဆက်မေးသည်။

"ဒုတိယတစ်ခုကတော့ ကောင်းကင်နတ်ဆိုးသစ်သီးကို ရယူဖို့ ကောင်းကင်လေပြင်း ချောက်ကမ်းပါးကို သွားရမယ်။" ဟွန်ထျန်းက ပြောသည်။

"ကောင်းကင်နတ်ဆိုးသစ်သီးလား.." ချင်ယွင် အနည်းငယ် အံ့သြသွားသည်။

ကောင်းကင်နတ်ဆိုးသစ်သီးကို သူ ကြားဖူးသည်။ ၎င်းသည် ဒဏ္ဍာရီလာ အဆင့်မြင့် နတ်ဘုရားသစ်သီး ဖြစ်သည်။ ၎င်းကို စားသုံးပြီးသည်နှင့် အချိန်တိုအတွင်း နတ်ဆိုးနတ်ဘုရားအဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး အလွန်မင်း ကြောက်စရာကောင်းသည့် စွမ်းအားအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထို့အပြင် ၎င်းသည် မည်သည့်ဘေးထွက် ဆိုးကျိုးမှ မရှိပေ။ တစ်ခုတည်းသော အားနည်းချက်မှာ ၎င်းစွမ်းအားက ကြာရှည်မခံပေ။

တစ်ချိန်က အထွက်အထိပ် ကောင်းကင်နတ်ဘုရားတစ်ပါးသည် ကောင်းကင်နတ်ဆိုး သစ်သီးကို စားသုံးပြီး၊ သေးငယ်သော ကောင်းကင်ဘုံအဆင့် ဘိုးဘေးနတ်ဘုရား တစ်ပါးကို သတ်ဖြတ်ဖူးသည်ဟု ဆိုကြသည်။ ကောင်းကင်နတ်ဆိုးသစ်သီးသည် မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင်ပါသည်။

သို့ရာတွင်၊ ကောင်းကင်နတ်ဆိုးသစ်သီးကို ရယူခြင်းသည် လွယ်ကူသောအလုပ် မဟုတ် ပေ။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်ဆိုးသစ်ပင်သည် အသီးသီးသည်နှင့် တစ်ပြိုင်နက် ၎င်းကိုလုယက်ရန် လူအများအပြားကို ဆွဲဆောင်နိုင်လိမ့်မည်။ ထိုအချိန် တွင်၊ ၎င်းသည် ပြင်းပြင်းထန်ထန် ကြေကွဲဖွယ် တိုက်ပွဲကြီးများ ဖြစ်လာမည်မှာ သေချာပါ သည်။

"တတိယတစ်ခုကရော" ချင်ယွင်က ဆက်မေးသည်။

"တတိယတစ်ခုကတော့ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား ချန်ထားခဲ့တဲ့ ဉပဒေသရဲ့ အစစ်မှန် အဓိပ္ပါယ်ကို နားလည်သဘောပေါက်ဖို့ပဲ။ မင်း ကနဦးအဆင့်ကို ဖြတ်ကျော်နိုင်တာနဲ့, မင်းက အောင်မြင်ပြီလို့ ယူဆလို့ရတယ်။" ဟွန်ထျန်းက ပြောသည်။

"ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား ချန်ထားခဲ့တဲ့ ဉပဒေသရဲ့ အစစ်မှန် အဓိပ္ပါယ်ကို နားလည် ဖို့လား။ ဒါပေမယ့်, ငါတို့က အဲဒါကို ဘယ်လို ဆင်ခြင်ရမှာလဲ” ချင်ယွင်က စိတ်ရှုပ်ထွေး စွာဖြင့် မေးလိုက်သည်။

သာမာန်အားဖြင့်, ဥပဒေသများ၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည်ဆင်ခြင်ရန် နည်းလမ်း နှစ်ခုသာ ရှိသည်။ တစ်ခုမှာ ကောင်းကင်နှင့်မြေကြီး၏ လျှို့ဝှက်ဆန်းကြယ်သော အရာများ ကို ဆင်ခြင်ရန်နှင့် ဥပဒေသများ၏ အစစ်မှန် အဓိပ္ပာယ်ကို နားလည်လာစေရန် ဖြစ်သည်။ နောက်တစ်ချက်မှာ အစစ်မှန် အဓိပ္ပာယ်ကို အမွေဆက်ခံခြင်းအားဖြင့် ဥပဒေသ ကွင်းဆက်များကို တိုက်ရိုက် နားလည်သဘောပေါက်ပြီး, ကိုယ်နှင့်သက်ဆိုင်သည့် ဥပဒေသကွင်းဆက်များကို ပေါင်းစည်းနိုင်ရန် ဖြစ်သည်။

သို့သော်၊ ချင်ယွင်သည် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ ဥပဒေသ၏ အစစ်မှန် အဓိပ္ပာယ် ကွင်းဆက်သည် မည်သည့်နေရာတွင် ရှိနေမှန်းပင် မသိသောကြောင့် ၎င်းကို မည်သို့ နားလည်နိုင်မည်နည်း။

ဟွန်ထျန်းသည် ချင်ယွင်၏ ဆိုလိုသည့်သဘောကို နားလည်သည်။ သူက ပြုံးပြီး ပြောသည် "ဒီပန်ဂုမဟာနတ်ဆိုးနတ်ဘုရားကိုယ်တိုင် နားလည်ထားတဲ့ ဉပဒေသရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်က မင်း အခုလက်ရှိနေတဲ့ ကမ္ဘာပဲ။ မင်းအပေါ် ထူးဆန်းတဲ့ စွမ်းအားတစ်ခု အမြဲတမ်း သက်ရောက်နေတယ် မဟုတ်လား။ ဒါက မင်း ဉပဒေသတွေရဲ့ ကွင်းဆက်တွေ ကို နားမလည်နိုင်ရတဲ့ အကြောင်းအရင်းပဲ။ ဒါကြောင့်, မင်းအနေနဲ့ ပန်ဂုမဟာနတ်ဆိုး နတ်ဘုရား နေထိုင်ရာ ဒီကမ္ဘာထဲမှာ ဥပဒေသရဲ့ကွင်းဆက် အသစ်တွေကို နားလည်နိုင်မှာ မဟုတ်ဘူး။ မင်း ဒီတားမြစ်နယ်မြေထဲကနေ ထွက်ခွာချင်ရင်, မင်းအနေနဲ့ ဥပဒေသတွေရဲ့ အစစ်မှန် အဓိပ္ပါယ်ကို နားလည်မှရမယ်”။

“အဖြစ်ပျက်က ဒီလိုလား။ ဥပဒေသကွင်းဆက်ကို ဘာလို့ ပေါင်းစည်းလို့မရမှန်း ငါ တွေးတောနေခဲ့တာ။ ပန်ဂုရဲ့ အစစ်မှန် အဓိပ္ပာယ် ဥပဒေသ အလုပ်လုပ်နေခြင်းကြောင့် ဖြစ်ပုံရတယ်။ ဘယ်လောက် ကြောက်စရာကောင်းတဲ့ အစစ်မှန် ဥပဒေသလဲ။ တိုက်ခိုက်အတွင်းမှာ ဒီအစစ်မှန် အဓိပ္ပာယ် ဥပဒေသကို အသုံးပြုလိုက်ပါက ရန်သူဟာ သူ့ အစစ်မှန် ဥပဒေသတွေရဲ့ ကောင်းချီးပေးမူကို တခဏချင်း ဆုံးရှုံးသွားလိမ့်မယ်။ ဒါက ရန်သူအတွက်တော့ ကြောက်စရာကောင်းတဲ့ အားနည်းချက်တစ်ခုပဲ။" ချင်ယွင်သည် စိတ်ထဲကနေ သက်ပြင်းချလိုက်မိပါသည်။

တားမြစ်နတ်ဘုရားတောအုပ် တစ်ခုလုံးသည် လွတ်လပ်သည့်ကမ္ဘာတစ်ခု ဖြစ်လာခဲ့ပြီး၊ မရေမတွက်နိုင်သည့် ကျွမ်းကျင်သူတွေကို အကျဉ်းချထားနိုင်ကာ၊ ဒီနေရာကနေ မထွက်နိုင်အောင် တားဆီးထားခြင်းက ပန်ဂု၏ အစစ်မှန် အဓိပ္ပာယ် ဉပေဒသကြောင့်ဆို တာ အတိအကျပင်။

“ဒါဆို ဒီနေရာကနေ ထွက်ခွာနိုင်ခဲ့တဲ့ ကျွမ်းကျင်ပညာရှင်ဟာ ပန်ဂုမဟာနတ်ဆိုး နတ်ဘုရားရဲ့ ဉပဒေသရဲ့ အစစ်မှန် အဓိပ္ပါယ်ကို ကနဦးအဆင့်အထိ နားလည်သွားလို့ လား” ချင်ယွင်က မေးလိုက်သည်။

ကျွမ်းကျင်ပညာရှင်တစ်ဦးသည် ဤတားမြစ်နယ်မြေထဲကနေ ထွက်ခွာနိုင်သည်ဟု လျှိုဘို က သူ့ကို ပြောခဲ့ဖူးသည်။ အခု ထိုကျွမ်းကျင်ပညာရှင်သည် ပန်ဂုမဟာနတ်ဆိုး နတ်ဘုရား ရဲ့ ဉပဒေသရဲ့ အစစ်မှန် အဓိပ္ပါယ်ကို နားလည်သွားပုံရသည်။

မျှော်လင့်ထားသည့်အတိုင်းပင်, ဟွန်ထျန်းက ပြောသည် “မှန်တယ်။ ဒီပုဂ္ဂိုလ်က ပန်ဂုရဲ့ အစစ်မှန် အနှစ်သာရကို နားလည်သဘောပေါက်ခဲ့သည်။ ကံမကောင်းစွာပဲ၊ သူက မစ်ရှင်သုံးခုကို မပြီးမြောက်ခဲ့ဖူး. နောက်ပိုင်းမှာ, သူလည်း သူ့ အစစ်မှန် အနှစ်သာရ ပြိုကွဲသွားတဲ့အတွက်၊ သူ့အသိစိတ်လည်း ပျောက်ဆုံးပြီး စိတ်ဆင်းရဲစွာနဲ့ သေဆုံးသွားခဲ့ တယ်”။

“ဒီဥပဒေသရဲ့ အစစ်မှန် အဓိပ္ပာယ်က အရမ်းကို အန္တရာယ်များတာလား” ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။

ဉပဒေသ၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည်ဆင်ခြင်ရင်း အသိစိတ် ပျောက်ဆုံးသွားသည် ဆိုသည့်စကားကို သူ ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်သည်။

"ယေဘုယျအနေနဲ့ အစစ်မှန် အဓိပ္ပါယ်သုံးမျိုးသုံးစား ရှိတယ်ကွ။ အဆင့်တစ်ကတော့ အမြင့်ဆုံးပေါ့။ ဒါပေမယ့် အထူးခြွင်းချက်လည်း ရှိနေသေးတယ်။ ဥပမာ, ပန်ဂုမဟာ နတ်ဆိုးနတ်ဘုရား နားလည်ထားတဲ့ အစစ်မှန် အဓိပ္ပါယ်က အဆင့်သတ်မှတ်လို့ မရတဲ့ အစစ်မှန် အဓိပ္ပါယ် ဖြစ်နေတယ်။ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားကတော့ ဒီအစစ်မှန် အဓိပ္ပာယ်ကို နတ်ဘုရားအဆင့် အစစ်မှန် အဓိပ္ပာယ်ဆိုပြီး အမည်ပေးထားတယ်။ ဒီနတ်ဘုရားအဆင့် အစစ်မှန် အဓိပ္ပါယ်ရဲ့ အဆင့်က အဆင့်တစ် အစစ်မှန် အဓိပ္ပါယ်ထက် သေချာပေါက် ပိုမြင့်တယ်" ဟွန်ထျန်းက ပြောသည်။

ချင်ယွင် ခေါင်းညိတ်လိုက်သည်။ အစစ်မှန် အဓိပ္ပါယ် ဉပဒေသအားလုံးကို ပိတ်ဆိုးထားနိုင် သည့် အစစ်မှန် အဓိပ္ပါယ်သည် အဆင့်တစ် အစစ်မှန် အဓိပ္ပာယ်ထက် သေချာပေါက် ပိုအစွမ်းထက်ပါသည်။ ထို့ကြောင့်၊ ၎င်းကို နတ်ဘုရားအဆင့် အစစ်မှန် အဓိပ္ပါယ်ဟု ခေါ်ဆိုခြင်းက အလွန်အကျွံပြောဆိုခြင်း မဟုတ်ပေ။

“ဒီသုံးခုစလုံးက တော်တော်ခက်တယ်။ ဒါတွေကို ပြီးမြောက်အောင်လုပ်ဖို့ မလွယ်ဘူး။” ချင်ယွင်က သူ့စိတ်ထဲမှာ သက်ပြင်းချလိုက်ပါသည်။

သို့သော်လည်း အနီးနားရှိ ဟွန်ထျန်းက ရုတ်တရက် ပြောလိုက်သည် "ငါပြောတာ မပြီးသေးဘူး။ ဒီသုံးခုစလုံးကို တစ်နှစ်အတွင်း ပြီးအောင်လုပ်ရမှာ။ အဲဒါတွေ မပြီးဆုံးခဲ့ရင်, ငါကိုယ်တိုင် တိုက်ရိုက် ဖျက်ဆီးပစ်ရလိမ့်မယ်"

"ဖျက်ဆီးပစ်မှာလား?" ချင်ယွင်၏ သူငယ်အိမ်များသည် ချက်ချင်းပင် ကျယ်လာခဲ့ပြီး၊ သူ့နှလုံးခုန်သံများ ရုတ်တရက် မြန်ဆန်လာပါသည်။

တစ်နည်းဆိုရသော် သူသည် ရှင်သန်လိုပါက စမ်းသပ်မှုကို တစ်နှစ်အတွင်း အပြီးသတ်ရမည် ဖြစ်သည်။ ထိုသို့မဟုတ်လျှင်, သူ အသက်ရှင်ရန် အခွင့်အလမ်း ရှိမှာ မဟုတ်ပါဘူး။ သူသည် ဟွန်ထျန်းကို ရင်ဆိုင်ခုခံနိုင်စွမ်း လုံးဝ မရှိပါဘူး။

"ကောင်လေး, မင်း အစွမ်းကုန်ကြိုးစားပါ။ မင်း ဒီစမ်းသပ်မှုတွေကို ပြီးမြောက်နိုင်ဖို့ ငါမျှော်လင့်တယ်။ ဒါဆို ငါလည်း စိတ်သက်သာရာ ရနိုင်တယ်။" ဟွန်ထျန်းက ပြုံးပြီး ပြောလိုက်သည်။

ချင်ယွင်၏ နှုတ်ခမ်းများသည် ခါးသီးသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။ တစ်နှစ်အတွင်း ဤစမ်းသပ်မူသုံးခုကို ပြီးမြောက်ရန် မလွယ်ကူပါ။ ဒုတိယနှင့် တတိယ စမ်းသပ်မူကို မဆိုထားနှင့်, ပထမစမ်းသပ်မူကပင် ခက်ခဲလွန်းနေပါပြီ။ ဟုတ်ပါသည်, သူသည် ပေါ့ပေါ့တန်တန် လက်လျော့တတ်သည့်လူမျိုးတော့ မဟုတ်ပါဘူး။

အကယ်၍ သူသည် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အမွေနှစ်ကို ရယူနိုင်ခဲ့ပါက၊ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှက်ချက်တွင် ထိပ်ဆုံးဆယ်ဦးသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် ဤစမ်းသပ်မှုသည် သူ့အတွက် အလွန်အရေးကြီးပါသည်။

"ဒီလိုဆိုမှတော့, စလိုက်ရုံပေါ့။ သုံးခုပဲ မဟုတ်လား။ ငါချင်ယွင်က မကြောက်ပါဘူး။ ဒါပေမယ့် ဒီစမ်းသပ်မူတွေ မလုပ်ခင်, မင်း တစ်ခုကို လက်ခံပေးရမယ်။" ချင်ယွင်သည် အဝေးက တိမ်ပင်လယ်ပြင်တွင် လှုပ်ရှားနေသော အနက်ရောင်နဂါးကြီးကို ကြည့်ပြီး သူ့မျက်လုံးများက တောက်ပစွာ လင်းလက်နေသည်။

All Chapters