အခန်း ၁၆၂၆
Vol. 109 Ch. 1626
အခန်း (၁၆၂၆) အမှောင်နတ်ဆိုးနဂါးကိုယ်ပွား။
ချင်ယွင်သည် ဟွန်ထျန်း၏လက်ဖဝါးမှ ပျံသန်းသွားကာ အဝေးမှ အမှောင်နတ်ဆိုးနဂါးဆီ သို့ ပျံသန်းသွားခဲ့သည်။
သူသည် ဤအမှောင်နတ်ဆိုးနဂါးကို ထိန်းချုပ်ချင်သည်။ ထိုမှသာ ပင်လယ်နတ်ဆိုးဘုရင် ကို သတ်ပြီး သူ၏နတ်ဆိုးအမြုတေကို သိမ်းပိုက်ရန် အခွင့်အလမ်း ပိုများလိမ့်မည်။
သို့သော် အမှောင်နတ်ဆိုးနဂါးကို ထိန်းချုပ်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ အမှောင်နတ်ဆိုးနဂါးသည် ယခုအချိန်မှာ အသိစိတ်ကင်းနေသော်လည်း သူ့အလိုလိုဗီဇမှာ ရှိနေသေးသည်။ ယခု၊ သူသည် အနှိုင်းမဲ့ အစွမ်းထက်သော သားရဲတစ်ကောင် ဖြစ်နေသေး သည်။ အကယ်၍, သူသည် ၎င်းကို သူ့ကိုယ်ပွားအဖြစ် ပြောင်းလဲလိုပါက, ၎င်းကို ဦးစွာ ထိန်းချုပ်နိုင်ရမည်။
သို့သော် ချင်ယွင်၏ လက်ရှိအင်အားဖြင့် ဤအမှောင်နတ်ဆိုးနဂါးခေါင်းကို ထိပ်တိုက် ရင်ဆိုင်ပြီး ထိန်းချုပ်ရန်မှာ မဖြစ်နိုင်ပေ။
“ကြည့်ရတာ, ငါ သူ့ရဲ့ အသိဉာဏ်ချို့ယွင်းခြင်း အားနည်းချက်ကို ဆုပ်ကိုင်ထားရမယ့်ပုံပဲ” ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။
သို့သော်၊ အကယ်၍, သူသည် အသိဉာဏ်ကင်းမဲ့နေသည့် စွမ်းအားကြီး နတ်ဆိုး နဂါးတစ်ကောင်ကို နာခံမှုရှိရှိဖြင့် ထိန်းချုပ်လိုလျှင် သူ မည်သို့ လုပ်ဆောင်သင့်သနည်း။
"ကောင်းပြီ, ဒီအတိုင်းလုပ်ကြည့်ရမယ်" အကြံကောင်းတစ်ခုကို တွေးမိရင်း ချင်ယွင်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။ ရလာဒ်အနေဖြင့် သူသည် ပြီးပြည့်စုံသော နဂါးအသွင်ပြောင်းသည့် အခြေအနေသို့ တိုက်ရိုက် ဝင်ရောက်လိုက်သည်။
"အောင်း…"
ချင်ယွင်၏ ရုပ်အသွင်သည် ပေထောင်ပေါင်းများစွာမြင့်သော ခရမ်းရောင်နဂါးကြီး အဖြစ် သို့ ပြောင်းလဲသွားသည်။ သူက ဟိန်းဟောက်လိုက်ပြီး အမှောင်နတ်ဆိုးနဂါးဆီသို့ ပြေးသွားခဲ့သည်။
"အောင်း.."
အမှောင်နတ်ဆိုးနဂါးသည် ချင်ယွင်၏ ချဉ်းကပ်လာမှုကို သတိပြုမိပြီး ဟိန်းဟောက်သံ ထုတ်ဖော်လိုက်သည်။ သူ့မျက်လုံးများက ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။
ချင်ယွင်က မချဉ်းကပ်တော့ခဲ့။ ယင်းအစား၊ သူသည် ရံဖန်ရံခါ ခင်မင်ရင်းနှီးသော ဟိန်းဟောက်သံများကို ထုတ်ဖော်ပြီး၊ အမှောင်နတ်ဆိုးနဂါး၏ တည်နေရာလေးခုအထက် တွင် ဆက်လက် ပျံသန်းနေခဲ့သည်။
အမှောင်နတ်ဆိုးနဂါးသည် ချင်ယွင်က သူ့နှင့် မျိုးနွယ်တူဖြစ်ကြောင်း တွေ့ရှိခဲ့ရပုံရပြီး၊ သူ၏သတိထားမှုမှာလည်း လျော့ကျသွားခဲ့သည်။ သို့သော်, သူသည် ချင်ယွင်ထံ ချဉ်းကပ်ရန် စတင်မလုပ်သေးပေ။
ချင်ယွင်က အရှုံးမပေးခဲ့ပါဘူး။ သူ့မှတ်ဉာဏ်တွေအရ, အမှောင်နတ်ဆိုးနဂါးသည် လျှပ်စီးကို နှစ်သက်ပြီး လျှပ်စီးကို မျိုသိပ်ရသည့် ဝါသနာရှိနေသည်ကို သိထားသည်။
ထို့ကြောင့် ချင်ယွင်သည် အမှောင်နတ်ဆိုးနဂါးကို သွေးဆောင်ရန်အတွက် ရှေးဟောင်း အဖြူရောင်ကျောက်စိမ်းနတ်ဘုရားလျှပ်စီးကို ဆင့်ခေါ်ခဲ့သည်။
သေချာပါသည်၊ အမှောင်နတ်ဆိုးနဂါးသည် ချင်ယွင်၏ ရှေးဟောင်း အဖြူရောင် ကျောက်စိမ်းနတ်ဘုရားလျှပ်စီးကို မြင်လိုက်ရသည့်အခါ အနှိုင်းမဲ့ စိတ်လှုပ်သွားသည့် ဟိန်းဟောက်သံတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။
ထို့နောက် ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
ချင်ယွင်အနေဖြင့်, သူသည် လျှပ်စီးလုံးတွေကို တစ်လုံးပြီးတစ်လုံး ဆက်တိုက်ဆိုသလို ပစ်လွှတ်နေပြီး အမှောင်နတ်ဆိုးနဂါးကို ဝါးမျိုစေခဲ့ပါသည်။
အမှောင်နတ်ဆိုးနဂါးသည် လျှပ်စီးအလုံးအချို့ကို ဝါးမျိုပြီးနောက်တွင် ရင်ခုန်စိတ်လှုပ်ရှား သွားသည်။ ၎င်းသည် ချင်ယွင်အပေါ် ကြီးကြီးမားမား အကောင်းမြင်သွားကာ၊ ချင်ယွင်ကို ဝန်းရံလှည့်ပတ်ရန် အမှန်တကယ် အစပြုလာခဲ့သည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် သူ့ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိသွားပြီဆို သည်ကို သိလိုက်ပါပြီ။ ထို့ကြောင့်၊ သူသည် သူ၏ဒုတိယမြောက် မွေးရာပါ နတ်ဘုရား စွမ်းရည်ကို ချပြရန်အတွက် သူ့နဂါးခန္ဓာကိုယ်ကို တိုက်ရိုက် အသုံးပြုရန် တွန့်ဆုတ်မနေ တော့ပေ။
ခရမ်းရောင် နဂါးမျက်လုံးများသည် အနှိုင်းမဲ့ ထက်မြက်သော တောက်ပမှုဖြင့် ပွင့်လန်းလာ သည်။ ချင်ယွင်၏ နဂါးခြေသည်းများမှ တုနှိုင်းမရအောင် အင်အားကြီးမားသော စွမ်းအား တစ်ခု ထွက်ပေါ်လာခဲ့သည်။
ချင်ယွင်၏ နဂါးခြေသည်းများသည် အမှောင်နတ်ဆိုးနဂါး၏ နဂါးခေါင်းပေါ်သို့ တိုက်ရိုက် ဖိချလိုက်ပြီး အစွမ်းထက်သော စွမ်းအင်အတက်အကျလှိုင်းက အမှောင်နတ်ဆိုးနဂါး၏ နဂါးခေါင်းထဲသို့ ချက်ချင်း စိမ့်ဝင်သွားသည်။
အမှောင်နတ်ဆိုးနဂါးသည် တစ်ခုခု မှားနေပြီဟု ခံစားရပုံပေါ်ပြီး၊ အလိုလို ရုန်းကန်စ ပြုလာသည်။ သို့သော်လည်း ချင်ယွင်၏ ဒုတိယမြောက် မွေးရာပါနတ်ဘုရားစွမ်းရည်၏ စွမ်းအားသည် ၎င်းကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားပြီး၊ သူ မည်မျှပင် ရုန်းကန်စေကာမူ လွတ်မြောက်နိုင်စွမ်း မရှိတော့ပေ။
သုံးစက္ကန့်လောက်ကြာတော့ အမှောင်နတ်ဆိုးနဂါးလည်း တဖြည်းဖြည်း ငြိမ်ကျသွားသည်။
ထိုအချိန်တွင် ချင်ယွင်၏ စိတ်ဝိညာဉ်သည် အမှောင်နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်ထဲမှာ လုံးဝ နစ်မြုပ်သွားခဲ့သည်။
အမှောင်နတ်ဆိုးနဂါး၏ စိတ်ဝိညာဉ်သည် ယခင်ကတည်းက တည်ရှိနေခဲ့ပြီး သူ့ကိုယ်ပိုင် အသိစိတ် မရှိတော့သောကြောင့် ချင်ယွင်၏စိတ်ဝိညာဉ်သည် အရင်းမြစ်စိတ်ဝိညာဉ် အနည်းငယ်မျှဖြင့် အမှောင်နတ်ဆိုးနဂါး၏ စိတ်ဝိညာဉ်ကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ သည်။
"ဘယ်လောက်တန်ခိုးကြီးတဲ့ နတ်ဘုရားစိတ်ဝိညာဉ် အရင်းမြစ်လဲ။ ဒါက ဘိုးဘေး နတ်ဘုရားအဆင့် နတ်ဘုရားစိတ်ဝိညာဉ်လား။ ဘိုးဘေးနတ်ဘုရားတွေ ဒီလောက် တန်ခိုးကြီးတာ မဆန်းတော့ပါဘူး။" ချင်ယွင်သည် အမှောင်နတ်ဆိုးနဂါး ပိုင်ဆိုင်သော နီဝမ်နန်းတော်ထဲသို့ ဝင်ရောက်ပြီး၊ အမှောင်နတ်ဆိုးနဂါး၏ စိတ်ဝိညာဉ်ကို သိမ်းပိုက်ပြီး နောက်၊ အမှောင်နတ်ဆိုးနဂါး၏ စိတ်ဝိညာဉ်အနှစ်သာရ၏ စွမ်းအားကို ချက်ချင်း ခံစားခဲ့ရ သည်။
ဤစွမ်းအားမျိုးသည် ချင်ယွင်၏ အရင်းမြစ် စိတ်ဝိညာဉ်စွမ်းအား ဆယ်ဆ သို့မဟုတ် အဆတစ်ရာပင် အားကောင်းနေသည်။ ချင်ယွင်၏ အရင်းမြစ် စိတ်ဝိညာဉ်သည် ကနဦး စကြဝဠာနှင့် ချိတ်ဆက်ထားခြင်းကြောင့်သာ မဟုတ်ပါက၊ ၎င်းသည် အမှောင်နတ်ဆိုး နဂါး၏ နတ်ဘုရားစိတ်ဝိညာဉ်နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။
အမှောင်နတ်ဆိုးနဂါး၏ နတ်ဘုရားစိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်ပြီးနောက်၊ ချင်ယွင်၏ နတ်ဘုရားစိတ်ဝိညာဉ်သည် သူ၏ဒုတိယမြောက် မွေးရာပါနတ်ဘုရားစွမ်းရည်၏ အကူအညီဖြင့် နတ်ဘုရားစိတ်ဝိညာဉ်တစ်ခုလုံးကို ချက်ချင်း စုပ်ယူသွားခဲ့သည်။ ဤနည်းဖြင့် ချင်ယွင်သည် အမှောင်နတ်ဆိုးနဂါး၏ခန္ဓာကိုယ်ကို လုံးဝ ထိန်းချုပ်နိုင်ပြီး အမှောင်နတ်ဆိုးနဂါးကို သူ၏ကိုယ်ပွားအဖြစ်သို့ လုံးလုံး ပြောင်းလဲသွားနိုင်သည်။
ဘန်း…။
အမှောင်နတ်ဆိုးနဂါးကိုယ်ပွားသည် သူ့ခန္ဓာကိုယ်ကို လှုပ်ခါပြီးနောက် အနက်ရောင် သံချပ်ကာဝတ် လူငယ်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့အသွင်အပြင်က ချင်ယွင်နှင့် အတူတူပင်။
"ဘုန်း…"
အမှောင်နတ်ဆိုး နဂါးကိုယ်ပွား၊ ချင်ယွင်သည် လေထဲသို့ လက်သီးတစ်ချက် ထိုးထုတ်လိုက်ပြီး အနှိုင်းမဲ့ အားကောင်းသော မုန်တိုင်းတစ်ခုက လေထဲမှာ ချက်ချင်း ရိုက်ခတ်သွားသည်။ ဤမုန်တိုင်းသည် တိမ်ပင်လယ်ကြီးတစ်ခုလုံးကို ဖြတ်သန်း တိုက်ခတ်ပြီး တိမ်တိုက်ပင်လယ်ပြင်ထဲတွင် မိုင်တစ်သောင်းရှည်လျားသော လေဟာနယ် အရာကြီးတစ်ခု ဖြစ်ပေါ်လာသည်။
"ဘယ်လောက်တောင် အစွမ်းထက်တဲ့ ရုပ်ခန္ဓာကိုယ်ကြီးလဲ။ ငါ နတ်ဘုရားတန်ခိုး စွမ်းအားကို အသုံးမချခဲ့တာတောင် ဒီလောက် ကြောက်စရာကောင်းတဲ့ တန်ခိုးကို ပိုင်ဆိုင် ထားတယ်။ ဘိုးဘေးနတ်ဘုရားအဆင့် နတ်ဘုရားနဂါးလို့ ခေါ်ဖို့ တကယ်ကို ထိုက်တန်ပါ တယ်။" ချင်ယွင်သည် သူ့စိတ်ထဲတွင် ပြင်းပြင်းထန်ထန် သက်ပြင်းချလိုက်သည်။
အမှောင်နတ်ဆိုးနဂါး၏ ဘိုးဘေးနတ်ဘုရားတန်ခိုးတော်သည် လုံး၀ ကုန်ဆုံးသွားသော် လည်း သူ့ခန္ဓာကိုယ်သည် အနှိုင်းစာလောက်အောင် အစွမ်းထက်နေသေးသည်။ ဤရုပ်ခန္ဓာကိုယ်ကို အားကိုးရုံမျှဖြင့် အနှိုင်းမဲ့ ပြင်းထန်သော တိုက်တိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်သည်။
ထိုမျှတင်မကသေးပေ။ အမှောင်နတ်ဆိုးနဂါး၏ ခုခံမှုကလည်း ကြောက်စရာကောင်းသည့် အဆင့်ကို ရောက်ရှိနေပြီဟု ပြော၍ရပါသည်။ သာမာန်အားဖြင့်၊ အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များသည် သူ့ကို အနည်းငယ်မျှပင် ဒုက္ခပေးနိုင်မည် မဟုတ်ပေ။ အစွမ်းထက်သော ဉပဒေသများ၏ အစစ်မှန် အဓိပ္ပါယ်ကို ကောင်းစွာ ဆုပ်ကိုင်ထားသော အထွက်အထိပ် ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူများလောက်သာ သူ့အား ခြိမ်းခြောက်နိုင်တော့မည်။
"ဒီရုပ်ခန္ဓာကိုယ်ရဲ့ ခွန်အားက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက် ကျွမ်းကျင်သူ တစ်ယောက်နဲ့ နီးစပ်နေပြီလို့ ခန့်မှန်းရမှာပဲ။ ဟုန်လဲ့ထက် အနည်းငယ် အားနည်းနေ ရင်တောင်၊ သိပ်ပြီး အားနည်းနေမှာ မဟုတ်တော့ဘူး။" ချင်ယွင်သည် သူ၏ လက်သီးများ ကို တင်းတင်းဆုပ်ထားကာ သူ့မျက်လုံးများက အနှိုင်းမဲ့ တောက်ပနေသော အလင်းတန်း များဖြင့် လင်းလက်နေသည်။
ဤနည်းအားဖြင့်၊ သူသည် ပင်လယ်နတ်ဆိုးဘုရင်နှင့် ရင်ဆိုင်ရာမှာ အခွင့်အလမ်း ပိုများ လာလိမ့်မည်။ ထိုသို့မဟုတ်ရင်, သူ့ကိုယ်ပိုင် ခွန်အားကို အားကိုးပြီး ပင်လယ်နတ်ဆိုးဘုရင် ကို သွားရှာခြင်းက သေခြင်းတရားကို အမှန်တကယ် သွားတောင်းဆိုခြင်း ဖြစ်ပေလိမ့်မည်။
ထို့နောက် ချင်ယွင်သည် အမှောင်နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်ကို နက်ရှိုင်းစွာ လေ့လာခဲ့ သည်။ နောက်ဆုံးတွင်၊ အမှောင်နတ်ဆိုးနဂါး၏ နတ်ဆိုးအမြုတေသည် သာမန်နတ်ဘုရား တန်ခိုးကို စုပ်ယူနိုင်စွမ်းမရှိကြောင်း သူတွေ့ရှိခဲ့သည်။ ၎င်းသည် ဘိုးဘေးနတ်ဘုရား တန်ခိုးတော်ကိုသာ စုပ်ယူနိုင်ပြီး၊ ပြီးပြည့်စုံခြင်းအဆင့် ဉပဒေသများကို အသုံးပြုခြင်းဖြင့် သာ ဘိုးဘေးနတ်ဘုရားတန်ခိုးတော်ကို စုပ်ယူနိုင်မည် ဖြစ်သည်။ ထို့ကြောင့်၊ ချင်ယွင်၏ ကိုယ်ပွားသည် နတ်ဘုရားတန်ခိုးစွမ်းအားနှင့် ဘိုးဘေးနတ်ဘုရားတန်ခိုးတော်ကို အမှန်တကယ် အသုံးမပြုနိုင်ခဲ့ပေ။
ကံကောင်းထောက်မစွာ၊ ချင်ယွင်သည် အမှောင်နတ်ဆိုးနဂါးကိုယ်ပွားသည် လျှပ်စီးများကို ဝါးမြိုနိုင်ပြီး ၎င်းကို သူ့ကိုယ်ပိုင် စွမ်းအားအဖြစ် ပြောင်းလဲနိုင်သည်ကို တွေ့ရှိခဲ့ရသည်။ တစ်ချိန်တည်းမှာပင် သူသည် ဥပဒေသများ၏ အစစ်မှန် အဓိပ္ပာယ်စွမ်းအားကို အသုံးချနိုင် သည်။
ရလာဒ်အနေဖြင့် ချင်ယွင်၏ ကိုယ်ပွား၏ တိုက်ခိုက်ရေး စွမ်းအားသည် အတော်လေး အားကောင်းသည်ဟု ဆိုနိုင်သည်။
ဟုတ်ပါသည်။ အကယ်၍, သူသည် ဤကိုယ်ပွားကို ဆက်လက်ကြီးထွားစေချင်သည်ဆို လျှင်, ဥပဒေသကွင်းဆက်ကို နားလည်ရန်သာ လိုအပ်ပါသည်။ ချင်ယွင်သည် အမှောင် နတ်ဆိုးနဂါး၏ ခန္ဓာကိုယ်ပေါ်တွင် ဤအမှောင်နတ်ဆိုးနဂါးကိုယ်တိုင် နားလည်ထားသော ဉပဒေသ၏ အစစ်မှန် အဓိပ္ပါယ်ကိုလည်း တွေ့ရှိခဲ့ရသည်။
ဤသည်မှာ အစွမ်းထက်သော အဆင့်တစ် ဥပဒေသ၏ အစစ်မှန် အဓိပ္ပါယ်ဖြစ်ပြီး၊ လျှပ်စီးနှင့် ပတ်သက်ပါသည်။ ၎င်းကို အမှောင်လျှပ်စီးဟု ခေါ်သည်။
အမှောင်လျှပ်စီး အစစ်မှန် အဓိပ္ပာယ်သည် အလွန်ပြင်းထန်သော အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ၎င်းသည် အစစ်မှန် တိုက်ခိုက်ရေး အမျိုးအစား လျှပ်းစီးဉပဒေသ အစစ်မှန် အဓိပ္ပာယ် ဖြစ်သည်။ အသုံးပြုလိုက်သည်နှင့် သေချာပေါက် ပြင်းထန်စွာ ထိခိုက်သွားမည် ဖြစ်သည်။
အမှောင်လျှပ်စီး၏ အနှစ်သာရကို ရှာဖွေတွေ့ရှိခြင်းသည် ချင်ယွင်၏စိတ်နှလုံးကို အဆုံးမရှိ တုန်လှုပ်စေခဲ့သည်။ သူဖမ်းဆုပ်နိုင်ခဲ့သော သိုင်းတာအိုအနှစ်သာရ သို့မဟုတ် သူနားလည်ခါနီးဖြစ်သော လေဟာနယ်ကိုယ်ပွား အနှစ်သာရ ဖြစ်ပါစေ၊ ၎င်းတို့နှစ်ခုစလုံး သည် အဆုံးစွန်သော တိုက်ခိုက်ရေး အမျိုးအစား အစစ်မှန် အနှစ်သာရများ မဟုတ်ကြပေ။ ဤအမှောင်လျှပ်စီး အနှစ်သာရသည် သူ၏တိုက်ခိုက်မှုတွင် ချို့ယွင်းချက်များအတွက် ဖန်တီးပေးထားသလိုပင်။
သို့သော်လည်း ယခုအချိန်တွင်, ၎င်းကို နားလည်ရန် မဖြစ်နိုင်ပေ။ ပန်ဂုမဟာနတ်ဆိုး နတ်ဘုရား၏ ဉပဒေသ၏ သက်ရောက်မှုကြောင့်၊ ချင်ယွင်သည် ယခုအချိန်မှာ နားလည် သဘောပေါက်ပင်လျှင်, ဉပဒေသကွင်းဆက်များကို မပေါင်းစည်းနိုင်ပါ။ ထို့ကြောင့်၊ ချင်ယွင်သည် အမှောင်လျှပ်စီး၏ အစစ်မှန် အဓိပ္ပါယ်ကို ဆင်ခြင်ရန် သူ၏ ပြင်းပြသော စိတ်ဆန္ဒကို ထိန်းချုပ်ထားခဲ့ရသည်။
"အရင်ဆုံး နဂါးချောက်နက်ပင်လယ်ကို သွားပြီး ပင်လယ်နတ်ဆိုးဘုရင်ကို သွားတွေ့ကြ စို့" ချင်ယွင်၏နှလုံးက တစ်ချက်ခုန်သွားသည်။ အမှောင်နတ်ဆိုးနဂါး ကိုယ်ပွားက သူ့ဒန်တန်ထဲကို ထိုးဖောက်ဝင်ရောက်ပြီးနောက်, သူသည် အဝေးကို အလျင်အမြန် ပျံသန်းသွားခဲ့သည်။