← Chapters

အခန်း ၁၆၂၇

Vol. 109 Ch. 1627

အခန်း ၁၆၂၇

Vol. 109 Ch. 1627

အခန်း (၁၆၂၇) ဖြူစင်သောလင်ဒေါင်။

နဂါးချောက်နက်ပင်လယ်ပြင်သည် မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်၏ အရှေ့ဘက်ကျဆုံးဒေသမှာ တည်ရှိနေသည်။ ဤဒေသတွင် မရေမတွက်နိုင်သော နတ်ဆိုး မျိုးနွယ်များ နေထိုင်ခဲ့ကြပြီး၊ ၎င်းတို့တွင် တန်ခိုးကြီးသော ကောင်းကင်နတ်ဘုရား အချို့ လည်း ရှိကြသည်။ ၎င်းတို့အထဲတွင် ပင်လယ်နတ်ဆိုးဘုရင်သည် ကောင်းကင် နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ် ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်ပြီး၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ဝင်ရောက်လုနီးပါး ဖြစ်သည်။ သူသည် နဂါးချောက်နက်ပင်လယ်၏ အုပ်စိုးသူတစ်ဦးလည်း ဖြစ်သည်။

မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်တွင် မျိုးနွယ်စုများစွာ မရှိပေ။ အစပိုင်းတွင်, ၎င်းတို့သည် အပြစ်ရှိသော အကျဉ်းသားအချို့ကိုသာ ထောင်ချထားသည်။ နောက်ပိုင်းတွင် တားမြစ်နယ်မြေများထဲသို့ ဝင်ရောက်လာသည့် လူဉီးရေက ပိုများလာခဲ့ပြီး၊ ထိုအကျဉ်းသားများ၏ သားစဉ်မြေးဆက်များ မျိုးပွားလာသည်နှင့်အမျှ မဟာနတ်ဆိုး နတ်ဘုရားအကျဉ်းထောင်ရှိ လူသားများနှင့် မျိုးနွယ်စုအရေအတွက်လည်း တဖြည်းဖြည်း တိုးလာခဲ့သည်။

သို့သော်၊ ဤကမ္ဘာသည် ဉပဒေသများ၏ အစစ်မှန် အဓိပ္ပါယ်ကို နားမလည်နိုင်သော ကြောင့် မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်တစ်ခုလုံးတွင် ဘိုးဘေးနတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများ မရှိခဲ့ပေ။ ဘိုးဘေးနတ်ဘုရားက ဝင်ရောက်လာခဲ့လျှင်ပင်, အမှောင်နတ်ဆိုးနဂါးကဲ့သို့ သူ့တို့အသိစိတ်ကို တိုက်ရိုက် ရှင်းလင်းသုတ်သင်ပစ်လိမ့်မည်။ ထို့ကြောင့်၊ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်တစ်ခုလုံးရှိ အစွမ်းထက်ဆုံး ကျွမ်းကျင်သူသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင်သာ ရှိခဲ့သည်။

ဟုတ်ပါသည်။ ဤကမ္ဘာကြီးထဲကို ဝင်ရောက်လာသူများတွင် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှ ကျွမ်းကျင်သူအချို့လည်း ရှိခဲ့ပါသည်။ သူတို့၏ စွမ်းအားက ဒီထက်ပိုပြီး တိုးတက်မလာနိုင်သော်လည်း တစ်ဖက်ပြိုင်ဘက်ကို လွှမ်းမိုးနိုင်ပြီး၊ တစ်ဖက်လူ၏ အုပ်စိုးရှင်တစ်ဦး ဖြစ်လာနိုင်ရန်အတွက် သူတို့၏ ကိုယ်ပိုင်စွမ်းအားက သေချာပေါက် လုံလောက်ပါသည်။

ဤပင်လယ်နတ်ဆိုးဘုရင်သည် ၎င်းတို့အထဲမှ တဦးဖြစ်သည်။

ချင်ယွင်သည် နဂါးချောက်နက်ပင်လယ်ကြီးသို့ ရောက်ရှိရန် အချိန်သုံးရက် ကြာခဲ့သည်။

ကီလိုမီတာတစ်သန်းမျှ ကျယ်ပြန့်သော ပင်လယ်ပြင်ကြီးကို ကြည့်လိုက်ရင်း ချင်ယွင်၏ စိတ်နှလုံးသည် စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ဤနဂါးချောက်နက် ပင်လယ်ကြီးသည် သေမျိုးကမ္ဘာ၏ မြင်ကွင်းကို အမှတ်ရစေသည်။ အရာအားလုံးက မနေ့ကမှ ဖြစ်ပျက်သွားခဲ့သလိုပင်။

"ဒီပင်လယ်နတ်ဆိုးဘုရင်က ဒီပင်လယ်ရဲ့ နက်ရှိုင်းတဲ့ဒေသမှာ နေထိုင်သင့်တယ်။ ဒါပေမယ့် ဒီပင်လယ်နတ်ဆိုးဘုရင်ရဲ့ ပုံစံအစစ်အမှန်က ဘာလဲဆိုတာ ငါ သိချင်မိသား။" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်ပြီး၊ အဖြစ်ပျက်တွေကို သိရှိနိုင်ရန် ပင်လယ်ကြမ်းပြင်ထဲ ကို ငုပ်လျှိုးသွားတော့မည်။

"ဝှီး…”

သို့သော် ဤအခိုက်အတန့်တွင် အဝေးမှ လေးတိုးသံနှစ်ချက် ရုတ်တရက် ထွက်ပေါ်လာ သည်။ ချင်ယွင် လှည့်ကြည့်လိုက်တော့ ကောင်းကင်ယံမှ ချက်ခြင်း ဖြတ်သန်းလာသည့် ပုံရိပ်နှစ်ခုကို တွေ့လိုက်ရပြီး နောက်အခိုက်အတန့်မှာပင် သူ့ရှေ့မှာ ပေါ်လာခဲ့သည်။

"ဘယ်လောက် မြန်လိုက်လဲ၊ အနည်းဆုံးတော့၊ လူတစ်ယောက်ရဲ့ ခွန်အားက အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့်မှာ ရှိတယ်။" ချင်ယွင်သည် သူ့စိတ်ထဲတွင် သက်ပြင်းချကာ ရုတ်တရက် ပေါ်လာသော လူနှစ်ယောက်ကို ကြည့်လိုက်မိသည်။

လူငယ်နှစ်ယောက် ဖြစ်သည်။ သူတို့ထဲမှ တစ်ယောက်က အရပ်ပိုရှည်သည်။ သူက အနည်းငယ် ချောမောပုံရပြီး သူ၏စွမ်းအားက အလယ်လတ် ကောင်းကင်နတ်ဘုရား အဆင့်မှာ ရှိနေသည်။

သို့သော်, ထိုလူသည် အနည်းငယ် မာနကြီးမှန်း သိသာပါသည်။ ချင်ယွင်ကို ကြည့်လိုက် ရင်း သူ့အကြည့်မှာ အထင်အမြင်သေးမှုက ပြင်းထန်စွာ ရှိနေခဲ့သည်။ ချင်ယွင်၏ ကျင့်ကြံမှု နိမ့်ပါးလွန်းသည်ဟု သူခံစားခဲ့ရပြီး သူ့နှလုံးသားထဲတွင် အထင်မြင်သေးမူကို ခံစားလိုက်ရ ခြင်းဖြစ်သည်။

အခြားလူငယ်က အရပ်ပုပြီး ဝဖြိုးသည်။ သူ၏ ကျင့်ကြံမှုကလည်း အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့်မှာ ဖြစ်သည်။ သို့သော် သူက ချင်ယွင်ကို အထင်သေးခြင်း မရှိပေ။ ယင်းအစား သူက ချင်ယွင်ကို ကြင်နာစွာ ပြုံးပြသည်။

"တဆိတ်လောက်, မင်းရော ပင်လယ်နတ်ဆိုးဘုရင်ရဲ့ နတ်ဘုရားတစ်ရာ ညစာစားပွဲမှာ ပါဝင်ဖို့ ဒီကိုရောက်လာတာလား။" ဖက်တီးက ချင်ယွင်ကိုကြည့်ကာ မေးသည်။

"နတ်ဘုရားတစ်ရာညစာစားပွဲ၊ အဲဒါက ဘာလဲ။" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"လင်ဒေါင်၊ မင်း ဘာတွေပြောနေတာလဲ။ သူက ပင်လယ်နတ်ဆိုးဘုရင်ရဲ့ နတ်ဘုရား တစ်ရာညစာစားပွဲမှာ ပါဝင်ဖို့ ဘယ်လိုလုပ် အရည်အချင်း ပြည့်မီနိုင်မှာလဲ။ မင်း အချိန်မဖြုန်းတာ ပိုကောင်းလိမ့်မယ်။ မဟုတ်လို့, ဆရာကြီးရဲ့ပွဲအကြီးကြီးကို လွဲချော်ခဲ့ရင်, ငါတို့နှစ်ယောက်လုံး ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။" ပိန်ပိန်လူက အေးစက်စွာ ပြောလိုက် သည်။

ဖက်တီးသည် ချင်ယွင်၏ စကားကို ကြားသောအခါ၊ သူသည် လူမှားမေးမိကြောင်း သိလိုက်ရသည်။ တောင်းပန်တဲ့အသုံးအနှုန်းဖြင့် သူက ပြောသည် "စိတ်အနှောင့်အယှက် ပေးမိတာ တောင်းပန်ပါတယ်"။

ထိုစကားကို ပြောပြီးနောက် ထွက်ခွာရန် ပြင်ဆင်လိုက်ပါသည်။

"ခဏနေပါဦး။ အခုလေးတင် မင်းပြောခဲ့တဲ့ ပင်လယ်နတ်ဆိုးဘုရင်ရဲ့ နတ်ဘုရားတစ်ရာ ညစာစားပွဲဆိုတာက ပင်လယ်နတ်ဆိုးဘုရင်က ကျင်းပတာလား။” ချင်ယွင်က ဖက်တီးကို အမြန်မေးလိုက်သည်။

"ဟုတ်တယ်၊ နတ်ဘုရားတစ်ရာညစာစားပွဲကို ပင်လယ်နတ်ဆိုးဘုရင်က တည်ခင်းတဲ့ပွဲပဲ။ ပင်လယ်နတ်ဆိုးဘုရင်က နှစ်တစ်ရာပြည့်တိုင်း နတ်ဘုရားတစ်ရာညစာစားပွဲ ကျင်းပလေ့ ရှိတယ်။ ပတ်ဝန်းကျင်က အင်အားစုတွေ အားလုံးက နဂါးချောက်နက်ပင်လယ်ထဲကို သွားပြီး ဂါရဝပြုကြတယ်။ ဟိုတုန်းကဆို ငါတို့ရဲ့ဆရာသခင်က နှစ်တိုင်းလာနေကျ။ ဒီတစ်ခါတော့ သူ့မှာ လုပ်စရာတွေရှိလို့ ငါတို့ကိုပဲ လွှတ်လိုက်တာ။ ဒါပေမယ့်, ငါတို့လည်း ပင်လယ်နတ်ဆိုးနန်းတော်ကို ဘယ်လိုသွားရမှန်းဘူး။ မူလကတော့ ငါတို့က မင်းလည်း နတ်ဘုရားတစ်ရာ ညစာစားပွဲကို သွားမယ်ထင်ပြီး မင်းကို မေးမလို့။ ပြီးတော့ မင်းနောက် ကနေ လိုက်မလို့ပေါ့” ဖက်တီးက အမှန်အတိုင်း ရှင်းပြပါသည်။

ချင်ယွင်၏စိတ်ထဲ ရုတ်တရက် နားလည်သွားသည်။ နတ်ဘုရားတစ်ရာညစာစားပွဲနှင့် ပတ်သက်ပြီး သူလည်း အကြမ်းဖျင်း သိသွားခဲ့သည်။

သို့သော် ဖက်တီး၏ ရိုးသားက သူ့ကို အမှန်တကယ် အံ့အားသင့်စေခဲ့သည်။ သူသည် ကောင်းကင်နတ်ဘုရားအဆင့်တွင် ရှိသော်လည်း သူ၏နှလုံးသားသည် အလွန်ရိုးရှင်းပါ သည်။ သူနှင့် ပထမဆုံး စတွေ့ချင်းမှာ သူ့ကို စကားအများကြီး ပြောပြဖို့က တကယ်ကို ရှားပါသည်။

"လင်ဒေါင်, မင်း ဘာလို့ ဒီလောက်အများကြီး ပြောနေတာလဲ။ ငါ မင်းကို အကြိမ်ကြိမ် မပြောခဲ့ဖူးလား။ မင်း အပြင်ကလူတွေကို သတိထားရမယ်။ အပြင်မှာ လူဆိုးတွေ အများကြီးရှိတယ်။" ပိန်ပိန်လူက ချက်ချင်းပင် အေးစက်စွာ ဟစ်အော်လိုက်ပြီး ချင်ယွင်ကို ကြည့်သည့် အကြည့်တွေမှာလည်း ဖော်ရွေမှု မရှိပေ။

"ဒါပေမယ့် သူက လူဆိုးတစ်ယောက်လို မဟုတ်ဘူး" ဖက်တီးက ဆက်ပြောသည်။

ပိန်ပိန်လူသည် ပြောစရာစကားမဲ့သွားပြီး၊ ဤမိုက်မဲသော သူ့ဂျူနီယာညီအား မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။

ချင်ယွင်လည်း ရယ်ချင်လာသည်။ သူ့ရှေ့မှ လင်ဒေါင်ဟုခေါ်သည့် ဤဖက်တီးသည် ရိုးရှင်းပြီး ချစ်စရာကောင်းသည်။ သူ အဝေးကို ထွက်ဖူးသည်မှာ, အခုက ပထမဆုံး အကြိမ် ဟု ထင်ရသည်။

သူသည် အလယ်လတ် ကောင်းကင်နတ်ဘုရားအဆင့်၌ ရှိသော်လည်း၊ သူသည် အဝေးသို့ မရောက်ဖူးပေ။ သူ ဤလောကအကြောင်းကို မည်သို့ သိနိုင်မည်နည်း။

သို့သော်လည်း လင်ဒေါင်၏ စိတ်နေစိတ်ထားသည် ဤရက်စက်ကြမ်းကြုတ်သော ကမ္ဘာတွင်သာ အနိုင်ကျင့်ခံရနိုင်သည်။

"လင်ဒေါင် သွားရအောင်" ပိန်ပိန်လူက ဖက်တီးကို အမိန့်ပေးလိုက်သည်။

ပိန်ပိန်လူ၏ စကားကြားတော့ လင်ဒေါင်သည် ခေါင်းညိတ်ပြသော်လည်း သူ မထွက်ခွာမီ ချင်ယွင်ကို လက်ယမ်းနှုတ်ဆက်ရန် မမေ့ခဲ့ပေ။

ချင်ယွင်လည်း ပြုံးပြပြီး သူ့လက်ကို ဝှေ့ယမ်းကာ ရိုးရှင်းသော ဖက်တီးကို သူ့နှလုံးသားက စိတ်စေတနာ အပြည့်ဖြင့် နှုတ်ဆက်ပါသည်။

သို့သော် ပိန်ပိန်လူသည် ချင်ယွင်ကို တိုက်ရိုက် စိုက်ကြည့်ပြီးနောက် ဖက်တီးလင်ဒေါင်ကို ဆွဲခေါ်လိုက်သည်။

ချင်ယွင်သည် မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားသော ဖက်တီးကြည့်ပြီး ပြုံးလိုက်မိ သည်။ "ဘယ်လောက် ရယ်စရာကောင်းတဲ့ကောင်လဲ။ ငါတို့ သိပ်မကြာခင် ပြန်ဆုံကြမှာ ပါ”

"ကောင်စုတ်လေး၊ ဒီဖက်တီးရဲ့ အစစ်မှန်ပုံစံကို အခုနက မင်း မမြင်လိုက်ဘူးလား" သို့သော်, ထိုအချိန်တွင် လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"အစစ်မှန် ခန္ဓာကိုယ်လား" ချင်ယွင် အနည်းငယ် မှင်သက်သွားခဲ့သည်။ အစောပိုင်းက သူသည် ဖက်တီး၏ အစစ်မှန်ပုံစံကို သတိပြုရန် မေ့သွားခဲ့သည်။ လျှိုဘိုပြောသည်ကို ကြားသောအခါ ဖက်တီးသည် လူသားမဟုတ်မှန်း သူ သိလိုက်သည်။

"ကောင်စုတ်လေး၊ မင်းက တကယ်ကို မိုက်မဲနေတုန်းပဲ၊ အဲဒီဖက်တီးက နှစ်သန်းပေါင်း ဆယ်ချီကြာက ပေါက်ဖွားခဲ့တဲ့ ပြိုင်ဘက်ကင်း နတ်ဘုရား နှင်းကျောက်စိမ်းဂျင်ဆင်း ဆိုတာ ထင်ရှားပါတယ်။ မင်း အဲဒါကို တကယ် ရှာမတွေ့ခဲ့ဘူး။ မင်းမျက်လုံးတွေကနေ အဝေးကို ထွက်သွားခွင့်ပြုခဲ့တယ်" လျှိုဘိုက မုန်းတီးစွာ ပြောသည်။

"နှစ်ထောင်သန်းပေါင်းများစွာ သက်တမ်းရှိတဲ့ နတ်ဘုရား နှင်းကျောက်စိမ်း ဂျင်ဆင်းလား? ချင်ယွင်က အံ့သြသည့်အမူအရာဖြင့် သူ့မျက်လုံးများက ပြူးကျယ်သထက် ပြူးကျယ်သွား ခဲ့သည်။

ဖက်တီး၏ နှလုံးသားက အရမ်းဖြူစင်သညါဟု သူခံစားရတာ အံ့သြစရာ မရှိတော့ပါဘူး။ သူ့စိတ်ခံစားချက်တွေက ထိုနတ်ဘုရားဆေးပင်က ထွက်ပေါ်လာခြင်း ဖြစ်သည်။ နောက်ပြီး၊ ထိုဖက်တီး၏ မွှေးကြိုင်ပြီး ထူးဆန်းသည့် ရနံ့တစ်ခုကို သူ ရရှိခဲ့သည်။ သို့သော်, သူ့ရနံ့က သိသိသာသာကို မွှေးပျံ့နေခြင်း မရှိပါဘူး။ သူ့ခန္ဓာကိုယ်ကို ဂရုတစိုက် မလေ့လာ ခဲ့လျှင်, ရှာတွေ့ရန်မှာ အရမ်းကို ခက်ခဲပါလိမ့်မည်။

“လခွမ်း…၊ သူက အရမ်းကို အန္တရာယ်များနေပြီး မဟုတ်ဘူးလား?" ချင်ယွင်က ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက် သည်။

"သူ့ဆရာသခင်မှာ ရည်ရွယ်ချက်ဆိုးရှိနေတာ သေချာတယ်။ ဒီလို အနှိုင်းမဲ့ နတ်ဘုရား ဆေးပင်က လူသားပုံစံအဖြစ်တောင် ပြောင်းလဲနိုင်နေပြီ။ ၎င်းရဲ့တန်ဖိုးက ထိပ်တန်းအဆင့် နတ်ဘုရားဆေးလုံးတစ်လုံးနဲ့ သေချာပေါက် ညီမျှနေပြီ။ သူက နယ်ပယ်ပေါင်းများစွာကို တောင် ရောက်ရှိနေပြီ။ သူက ဒီလိုရတနာမျိုးကို အမှန်တကယ် ဖုံးကွယ်မထားဘူးဆို တော့, သူက နတ်ဘုရားတစ်ရာညစာစားပွဲမှာ ပါဝင်ဖို့ သူ့ကို တမင်တကာ လွှတ်လိုက်တာ ဖြစ်ရမယ်။ ဒါက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ သိသာပါတယ်။" လျှိုဘို၏ အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

ချင်ယွင်၏မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်နေသည်။ လျှိုဘို၏ စကားများသည် သူထင်ထားသည်အတိုင်းပင်။ လင်ဒေါင်သည် သူ့ဆရာသခင်က ပင်လယ်နတ်ဆိုးဘုရင်အား ဆက်သရန်ရတနာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူကိုယ်တိုင်ကတော့ ဤအကြောင်းကို လုံးဝ မသိရှိသေးပေ။

ချင်ယွင်သည် အစောပိုင်းက လင်ဒေါင်၏ ရိုးရှင်းသော အပြုံးကို ပြန်တွေးကြည့်စဉ်, မျက်နှဖုံးစွပ်မထားသော လင်ဒေါင်၏ဆရာသခင်ဆိုသူနှင့်ပတ်သက်ပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို သူ ခံစားလိုက်ရသည်။

All Chapters