← Chapters

အခန်း ၁၆၂၈

Vol. 109 Ch. 1628

အခန်း ၁၆၂၈

Vol. 109 Ch. 1628

အခန်း (၁၆၂၈) မထင်မှတ်ထားသည့် လူတစ်ယောက်။

နဂါးချောက်နက်ပင်လယ်သည် ပင်လယ်ရေပြင်အောက် မီတာတစ်သိန်း အောက်ခြေတွင် တည်ရှိသည်။ ထိုနေရာ၌ အနှိုင်းမဲ့ ကြီးမားသော နန်းတော်တစ်ခု တည်ရှိနေသည်။ ထိုနန်းတော်ကြီးသည် နတ်ဘုရားအလင်းရောင်များဖြင့် တဖိတ်ဖိတ် တောက်ပနေပါ သည်။ နန်းတော်တစ်ခုလုံးအား အားကောင်းသော အကာကွယ်အစီအရင်တစ်ခုဖြင့် ဖုံးအုပ် ထားသည်။ အကာကွယ် အစီအရင်သည် အစွမ်းထက်သော နတ်ဘုရားတန်ခိုးစွမ်းအားကို ထုတ်လွှတ်နေသည့် စွမ်းအင်အတက်အကျလှိုင်း ဖြစ်ပေါ်နေပြီး၊ ကြီးမားကျယ်ပြောသည့် မယုံကြည်နိုင်ဖွယ် ခံစားမူကို ပေးစွမ်းသည်။

ထိုအချိန်တွင် နန်းတော်သည် အလွန်မင်း သက်ဝင်လှုပ်ရှားနေပါသည်။ ရံဖန်ရံခါ၊ ကျွမ်းကျင်သူများသည် ပျံသန်းလာကြသည်။ သိသာထင်ရှားသည်မှာ၊ သူတို့အားလုံးသည် နတ်ဘုရားတစ်ရာ ညစာစားပွဲဟု ခေါ်တွင်သည့် ညစာစားပွဲ၌ ပါဝင်ရန် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။

ချင်ယွင်၏ရုပ်အသွင်သည်လည်း နန်းတော်ရှေ့တွင် ပေါ်လာသည်။ စွမ်းအင်အတက်အကျ လှိုင်းတွေနှင့် ပြည့်နေသည့် နန်းတော်ကြီးကို ကြည့်လိုက်ရင်း သူ့မျက်လုံးတွေက အံ့သြသည့်အမူမရာ ပေါ်လာသည်။

"ဒါက နတ်ဆိုးဘုရင်နန်းတော်ပဲ ဖြစ်သင့်တယ် မဟုတ်လား။ သိပ်ကို ကြီးကျယ် ခမ်းနား လွန်းတယ်။ တကယ်ဆို လေဟာနယ်ဘိုးဘေးနတ်ဘုရား တည်ရှိရာ နတ်ဘုရားနန်းတော် ထက်တောင် ပိုခမ်းနားနေတယ်။" ချင်ယွင်သည် ဧရာမသားရဲတစ်ကောင်ကဲ့သို့ ပင်လယ်ကြမ်းပြင်ပေါ်တွင် တွားသွားထွက်ပေါ်နေသည့် နန်းတော်ကြီးကို ကြည့်ရင်း သူ့ကိုယ်သူ ပြောလိုက်သည်။

သူ့ရှေ့က နန်းတော်ကြီးသည် အရမ်းကို ကြီးမားလွန်းသည်။ နန်းတော်တစ်ခုလုံးသည် ကီလိုမီတာ ရာနှင့်ချီ၍ ရှည်လျားပြီး ရွှေရောင်အလင်းတန်းများက တဖျပ်ဖျပ်ခတ်ကာ တောက်ပနေသည်။

"ဝင်ဖို့အကြောင်း အရင်ပြောရအောင်။ အရမ်းနောက်ကျနေပြီ။ လင်ဒေါင်ရဲ့ ကိုယ်ရေး ချက်လက်ကို ရှာတွေ့သွားရင် သူ ဒုက္ခရောက်လိမ့်မယ်။" ချင်ယွင်က သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက်သည်။ သူပြောပြီးသည်နှင့် ပင်လယ်နတ်ဆိုးဘုရင်နန်းတော် အဝင်ပေါက်ဆီသို့ ပြေးသွားလေသည်။

"ရပ်"

သို့သော် ချင်ယွင်သည် ဝင်ပေါက်သို့မလှမ်းနိုင်ခင် ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင် ထားသော နတ်ဘုရားစစ်သည်တော်နှစ်ဉီးက တားဆီးလိုက်သည်။

ဤငွေရောင်သံချပ်ကာဝတ် နတ်ဘုရားစစ်သည်တော်နှစ်ဉီးစလုံးသည် အစောပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ အစောပိုင်း ကောင်းကင် နတ်ဘုရားနယ်ပယ် ကျင့်ကြံသူများသည် နတ်ဘုရားကမ္ဘာတွင် အနှိုင်းမဲ့ မြင့်မားသော အဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်နိုင်သော်လည်း ရှေးခေတ်နတ်ဘုရားကမ္ဘာနှင့် မဟာ နတ်ဆိုးနတ်ဘုရား အကျဉ်းထောင်တွင် ၎င်းတို့ကို အဆင့်နိမ့်ပုဂ္ဂိုလ်များဟုသာ ယူဆနိုင် သည်။ ထို့ကြောင့်၊ တံခါးကို စောင့်ကြပ်နေသော အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ် ငွေရောင်သံချပ်ကာဝတ် နတ်ဘုရားစစ်သည်တော်နှစ်ဉီးနှင့် ပတ်သက်၍ ထူးခြားသောအရာ မရှိပေ။

"ဘာလို့ သူတို့ကျ ဝင်​နိုင်ပြီး​ ငါ ဝင်လို့မရတာလဲ" ချင်ယွင်သည် တားဆီးခံရသည့်အတွက် ထိုနေရာ၌ ဒေါသမပေါက်ကွဲခဲ့ပေ။ ယင်းအစား၊ သူက ခုနက ဝင်သွားသည့် ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ အနည်းငယ်ကို ထောက်ပြလိုက်သည်။

"သူတို့မှာ ဖိတ်စာတွေ ပါတယ်။ ဒါပေမယ့် မင်းမှာ မပါဘူးလေ။" ငွေရောင်သံချပ်ကာ နတ်ဘုရားစစ်သည်တော်က တင်းမာစွာ ပြောလိုက်သည်။

"ဖိတ်စာလား၊ ဘာဖိတ်စာလဲ? ချင်ယွင်က မသိသလို ဟန်ဆောင်ပြီး မေးသည်။

"အဲဒါက ငါတို့ နတ်ဆိုးဘုရင်နန်းတော်ရဲ့ ဖိတ်စာပေါ့။ ကောင်စုတ်၊ တကယ်လို့, မင်းဟာ နတ်ဘုရားတစ်ရာညစာစားပွဲမှာ ပါဝင်ဖို့ ဒီနေရာကို ရောက်လာတာ မဟုတ်ဘူးဆိုရင်, မင်းက အစွမ်းထက်တဲ့ သူတစ်ယောက်ဖြစ်ရမယ်။ မင်းက အဲဒီအစွမ်းထက်ပုဂ္ဂိုလ်တွေထဲ က ဘယ်တစ်ယောက်လဲဆိုတာ တစ်ချက်လောက် ပြောပြစမ်းပါ။ ဒီလိုမှမဟုတ်ရင်, မင်း ဒီကနေ အမြန်ဆုံး ထွက်သွားတာ ပိုကောင်းမယ်။ မင်းကို ကြိုးကွင်းစွပ်ပြီး သတ်ပစ်ရ အောင် မလုပ်နဲ့" ငွေရောင်သံချပ်ကာဝတ် ကောင်းကင်နတ်ဘုရားတစ်ဉီးက အေးစက်စွာ ပြောလိုက်သည်။ သူ့လေသံက အေးစက်ပြီး လေးနက်သည်။ သူသည် ချင်ယွင်နှင့် အချိန် မဖြုန်းလိုသည်မှာ ထင်ရှားသည်။

ချင်ယွင်သည် အဖြစ်အပျက်ကို ချက်ချင်း သဘောပေါက်ပြီး ပြုံးပြသည်။

"ဖိတ်စာမရှိဘူးလို့ ဘယ်သူ ပြောတာလဲ။ ချင်ယွင်က မောက်မာစွာ ပြောသည်။

ငွေရောင်သံချပ်ကာဝတ် လူငယ်နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်စွာ ကြည့်နေကြသည်။ အရင်စကားပြောဖူးသည့် ငွေရောင်သံချပ်ကာဝတ်လူငယ်က “မင်းမှာ ဖိတ်စာရှိတယ်လို့ ပြောလိုက်တာလား။ ဒါဆို မင်းရဲ့ဖိတ်စာက ဘယ်မှာလဲ” သံသယရှိစွာ မေးလိုက်သည်။

ချင်ယွင်သည် ထိုစကားကိုကြားသောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် ပီပြင်လာ သည်။ သူက လက်ဖဝါးကို ဖွင့်ပြီး ပြောသည် "ကြည့်စမ်း၊ ဒါက ငါ့ဖိတ်စာ မဟုတ်ဘူးလား"

ငွေရောင်သံချပ်ကာဝတ် နတ်ဘုရားစစ်သည်တော်နှစ်ဉီးသည် ချင်ယွင်၏လက်ဖဝါးကို စူးစူးစိုက်စိုက် ကြည့်လိုက်ရာ ချင်ယွင်၏လက်ဖဝါးမှာ ဗလာဖြစ်နေကြောင်း သိလိုက်ရ သည်။ လက်ဖဝါးထဲမှာ ဘာမှ မရှိပေ။ ချင်ယွင်က သူတို့နှင့် ကစားနေသည်ဟု ထင်သွားပြီး ဒေါသထွက်ခါနီးမှာ ချင်ယွင်၏ လက်ဖဝါးထဲမှာ ရုတ်တရက် မျက်လုံးတစ်လုံး ပွင့်လာသည် ကို တွေ့လိုက်ရသည်။

ငွေရောင်သံချပ်ကာဝတ် နတ်ဘုရားစစ်သည်တော်နှစ်ဉီး၏ မျက်လုံးများ မှုန်ဝါးလာသည်။

"ငါ့ဖိတ်​စာကို ​တွေ့ပြီလား" ချင်ယွင်က ပြုံးပြုံးလေး မေးလိုက်သည်။

"ငါ မြင်ပြီ။ မင်း ဝင်လို့ရပြီ" ငွေရောင်သံချပ်ကာဝတ် နတ်ဘုရားစစ်သည်တော်နှစ်ဉီးက တညီတညွတ်တည်း ပြောကြသည်။

ချင်ယွင်သည် ထိုစကားကိုကြားလိုက်သောအခါတွင် သူ့ပါးစပ်ထောင့်က နတ်ဆိုးဆန်ဆန် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည်။ သို့သော် သူသည် နတ်ဆိုး နတ်ဘုရားနန်းတော်၏ တံခါးဝသို့ ရင်ကော့ကာ ဝင်ရောက်သွားခဲ့ပါသည်။

ငွေရောင်သံချပ်ကာဝတ် နတ်ဘုရားစစ်သည်တော်နှစ်ဉီးသည် ဝေခွဲမရဖြစ်ပြီး ကျန်ရစ်ခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူတို့၏ ခန္ဓာကိုယ်များက ဆတ်ခနဲ တုန်ခါပြီး နိုးလာကြသည်။

"ဘာဖြစ်နေတာလဲ၊ ငါ ဘာလို့ အိပ်ပျော်သွားတာလဲ" ငွေရောင်သံချပ်ကာဝတ် နတ်ဘုရား စစ်သည်တော်တစ်ဉီးက အံ့သြစွာ မေးသည်။

"ငါလည်းအတူတူပဲ။ ထူးဆန်းလိုက်တာ။ အယ်, ဒီမြေကမ္ဘာနတ်ဘုရားက ဘယ်ရောက် သွားလဲ” ငွေရောင်သံချပ်ကာတတ် နတ်ဘုရားစစ်သည်တော် နောက်တစ်ဉီးက ပြောနေ ရင်း လမ်းတစ်ဝက်တွင် တစ်ခုခုလွဲနေပြီဟု သူ သဘောပေါက်သွားသည်။

"လခွမ်း..၊ ငါတို့ လှည့်စားခံလိုက်ရပြီ။ အခုနက ငါတို့ အိပ်ပျော်သွားတာ မဟုတ်ဘူး။ အဲဒီကောင်စုတ်ရဲ့ ပုံရိပ်ယောင်တိုက်ခိုက်မူ ခံလိုက်ရတာ။ အခု သူခိုးဝင်သွားမှာ ငါ ကြောက်မိတယ်။" ပထမဆုံး စကားပြောခဲ့သည့် ငွေရောင်သံချပ်ကာဝတ် နတ်ဘုရား စစ်သည်တော်က သူ့နဖူးကိုရိုက်ပြီး သူ့မျက်လုံးများတွင် အမျက်ဒေါသနှင့်အတူ မကျေနပ် မူများဖြင့် ပြည့်နှက်နေသည်။

"သွားကြစို့ စစ်သူကြီးကို သတင်းပို့ရအောင်" ငွေရောင်သံချပ်ကာဝတ် နတ်ဘုရားစစ်သည် တော်တစ်ဉီးက ချက်ချင်း ပြောလိုက်သည်။

သို့သော်, သူ့အဖော်က သူ့ကို ဖမ်းဆွဲပြီး "ငါတို့ စစ်သူကြီးကို ပြောလို့ မရဘူး။ ငါတို့က အပြင်လူကို ဝင်ခွင့်ပေးလိုက်မှန်းသိသွားရင် စစ်သူကြီးက ငါတို့ကို သေချာပေါက် သတ်ပစ်လိမ့်မယ်" လေးနက်စွာ ပြောလိုက်သည်။

"ဒါဆို ဒီကောင်စုတ်ကိုရော, သူ အထဲမှာ ပြဿနာရှာရင် ဘယ်လိုလုပ်မလဲ။ ဒါဆို ငါတို့ သေတာထက် ပိုဆိုးမှာ စိုးရတယ်။" ငွေရောင်သံချပ်ကာဝတ် နတ်ဘုရားစစ်သည်တော် တစ်ဉီးက ချက်ချင်းပင် ပြန်ပြောလိုက်သည်။

"သူလို မြေကမ္ဘာနတ်ဘုရားတစ်ပါးက ဘယ်လိုမုန်တိုင်းမျိုးကို ဖြစ်စေနိုင်မှာလဲ။ တကယ်လို့, ငါတို့ အဲဒီကောင်ကိုတွေ့ရင် ဖမ်းကြတာပေါ့။ မတွေ့ရင်လည်း ဘာမှမဖြစ်သ လို ဟန်ဆောင်နေလိုက်ကြအောင်။" သူ့အဖော်က ပြန်ပြောသည်။

ငွေရောင်သံချပ်ကာဝတ် ထိုနတ်ဘုရားစစ်သည်တော်လည်း ခေါင်းညိတ်ကာ နောက်ဆုံး တွင် သဘောတူကြောင်း ခေါင်းညိတ်မပြခင် တခဏလောက် စဉ်းစားနေခဲ့သည်။

သို့သော် ချင်ယွင်ကို ဖမ်းမိသည်နှင့် သေချာပေါက် သင်ခန်းစာပေးမည်ဟု တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။

ဟုတ်ပါသည်၊ ချင်ယွင်သည် စတင်ခြင်းဝိညာဉ်မျက်လုံး၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့ပါသည်။ သူ့အတွက်၊ အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူ နှစ်ဦးကို ပုံရိပ်ယောင်ဖြင့်တိုက်ခိုက်ရန် လွယ်ကူလှသည်။ ထို့အပြင်, ငွေရောင်သံချပ်ကာ ဝတ် နတ်ဘုရားစစ်သည်တော်နှစ်ဉီးသည် နောက်ပိုင်း နိုးလာလျှင်ပင် ဘာမှမဖြစ်ခဲ့ဟု သေချာပေါက် ဟန်ဆောင်မည်ဟု သူ ယုံကြည်ထားသည်။ ထို့ကြောင့်, သူကို ရှာဖွေတွေ့ရှိ သွားမည်ကို သူ မစိုးရိမ်ပေ။

နတ်ဆိုးဘုရင်နန်းတော်ထဲသို့ ခိုးဝင်ပြီးနောက် ချင်ယွင်သည် နတ်ဆိုးဘုရင်နန်းတော်ဆီသို့ တိုက်ရိုက် လျှောက်သွားခဲ့သည်။

သူနှင့်မဝေးလှသော နန်းတော်ကြီးထဲတွင် လူတစ်ရာထက်မနည်းသော လူများစွာ စုဝေးနေသည်ကို သူ၏ နတ်ဘုရားအာရုံက သိရှိထားပြီး ဖြစ်သည်။

၎င်းတို့ထဲမှ အများစုမှာ အလယ်လတ် ကောင်းကင်နတ်ဘုရားနယ်ပယ်နှင့် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ခုနစ်ဦးသာ ရှိသည်။

ချင်ယွင်သည် နန်းတော်ဆီသို့ လျှောက်လှမ်းလာစဉ်၊ သူသည် ထိုလူခုနစ်ဦးတွင် မည်သူက ပင်လယ်နတ်ဆိုးဘုရင် ဖြစ်မည်ကို သိရှိလိုစိတ်ဖြင့် အထွက်အထိပ် ကောင်းကင် နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူခုနစ်ဦးကို တစ်ဦးပြီးတစ်ဉီး ကြည့်ရှုရန် သူ၏ နတ်ဘုရားအာရုံကို အသုံးပြုခဲ့သည်။

သို့သော် နောက်ဆုံးရလာဒ်က ချင်ယွင်ကို အလွန်စိတ်ပျက်စေခဲ့သည်။ ဤလူခုနစ်ဦးတွင် တစ်ဦးတစ်ယောက်မျှ ပင်လယ်နတ်ဆိုးဘုရင် မဟုတ်ကြောင်း သူတွေ့ရှိခဲ့သည်။ အကြောင်းမှာ ၎င်းတို့ပတ်ပတ်လည်တွင် ဥပဒေသကွင်းဆက်များ၏ စွမ်းအင်အတက် အကျလှိုင်းများ မည်သူ့ထံမှာမှ မရှိသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ, ဤအထွတ် အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူခုနစ်ဉီး ဉပဒေသများ၏ အစစ်မှန် အဓိပ္ပာယ်ကို နားလည်ထားခြင်း မရှိဟု ဆိုလိုသည်။ သူတို့သည် သာမာန် အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများသာ ဖြစ်သည်။

"ကြည့်ရတာ ဒီပင်လယ်နတ်ဆိုးဘုရင်က ထွက်မလာသေးဘူးထင်တယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးလိုက်သည်။ ယခုအချိန်တွင် သူသည် နတ်ဘုရားများစုဝေးရာ ခန်းမဆီသို့ လျှောက်လှမ်းနေပြီ ဖြစ်သည်။

ဤခမ်းနားကြီးကျယ်သော ခန်းမကြီးသည် လူပေါင်း သောင်းနှင့်ချီအပြည့် နေနိုင်လောက် အောင် ကြီးမားလှသည်။ ဤနေရာ၌ လူတစ်ရာမျှသာ ရှိသည်။ ထို့ကြောင့် ခန်းမကြီး တစ်ခုလုံးသည် အနှိုင်းမဲ့ ကျယ်ဝန်းပါသည်။

ဤအခိုက်အတန့်တွင် ခန်းမတွင်းရှိ လူတိုင်းသည် နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စု စကားစမြည် ပြောရန် စုစည်းနေကြပြီး ချင်ယွင်သည် ခန်းမထဲသို့ လျှောက်သွားသည်ကို မည်သူမျှ သတိမထားမိကြပေ။

သို့သော် ထိုအချိန်တွင် ချင်ယွင်၏အကြည့်သည် ခန်းမအတွင်းရှိ လူတစ်ဦးဆီသို့ ရောက်ရှိ သွားပြီး အံ့သြသော အမူအရာတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။

"အဲဒါ သူမပဲ။ သူမက နတ်ဘုရားကမ္ဘာမှာ မဟုတ်ဘူးလား။ သူမ ဘာလို့ ဒီကို ရောက်နေ တာလဲ" ချင်ယွင်သည် လှုပ်ရှားနေသော ပုံရိပ်တစ်ခုကို ကြည့်ကာ အံ့သြစွာ မေးခွန်းလိုက် သည်။

နတ်ဘုရားကမ္ဘာ၌ ရှိနေသင့်သောလူသည် ဤနေရာတွင် အမှန်တကယ် ပေါ်လာခဲ့သည်။ ယင်းက ချင်ယွင်မှာ အနည်းငယ်မျှပင် မျှော်လင့်မထားသည့်အရာ ဖြစ်သည်။

ပုံရိပ်ပိုင်ရှင်သည် ချင်ယွင်ကို သတိပြုမိသွားပြီး၊ သူမမျက်နှာပေါ်တွင် အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။

All Chapters