← Chapters

အခန်း ၁၆၂၉

Vol. 109 Ch. 1629

အခန်း ၁၆၂၉

Vol. 109 Ch. 1629

အခန်း (၁၆၂၉) ဖန်လုံမှတ်စု

ဤပုဂ္ဂိုလ်သည် ဓားမြုပ်နှံခြင်းတောင်တန်းတွင် ချင်ယွင် တွေ့ခဲ့ဖူးသော ကောင်းကင် နတ်ဘုရားမ ယောင်ဖုန်းမှလွဲ၍ အခြားသူမဟုတ်ပေ။

ဓားမြှုပ်နှံခြင်းတောင်တန်းမှ ထွက်လာပြီးနောက် ယောင်ဖုန်းနှင့် ချင်ယွင်တို့ လမ်းခွဲခဲ့ကြ သည်။ နောက်ပိုင်း တစ်ယောက်နှင့်တစ်ယောက် ထပ်မတွေ့ကြတော့ပါဘူး။ အခု ဤနေရာမှာ ဆုံတွေ့ရမည်ဟု မည်သူက ထင်ထားမည်နည်း။

ထိုမျှသာမကပေ။ ယောင်ဖုန်းသည် အမှန်တကယ်ပင် အထွက်အထိပ် ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်နေကြောင်းကို ချင်ယွင်သည် အံ့ဩစွာ တွေ့လိုက်ရသည်။ သို့သော်, သူမသည် အထွက်အထိပ် ကောင်းကင်နတ်ဘုရား ခုနစ်ပါး တွင် တစ်ဉီးအပါဝင် မဟုတ်ပေ။ ယခုအချိန်တွင် သူမ၏ ကျင့်ကြံမှုသည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်တွင်သာ ရှိသေးသည်။ သူမသည် သူမ၏ ကျင့်ကြံမှုကို ဖုံးကွယ်ရန်အတွက် အစွမ်းထက်သော လျှို့ဝှက်ပညာရပ်အချို့ကို အသုံးပြုထားခဲ့သည်။

အကယ်၍, ချင်ယွင်သည် အမှောင်နတ်ဆိုးနဂါး၏ ဘိုးဘေးနတ်ဘုရားအဆင့် စိတ်ဝိညာဉ် ကို ပိုင်ဆိုင်ထားခြင်းသာ မရှိပါက, သူမ၏ကျင့်ကြံမှု အစစ်အမှန်ကို သူ ပြောပြနိုင်မည် မဟုတ်ပေ။

"သူမရဲ့ ကျင့်ကြံမှုက မြန်မြန်ဆန်ဆန် တိုးတက်လာတာပဲ။ အဲဒီတုန်းက သူမရရှိခဲ့တဲ့ ဖီးနစ်ဘိုးဘေးနတ်ဘုရားရဲ့ အနှစ်သာရက သူမအတွက် အများကြီး အထောက်အကူ ဖြစ်ခဲ့ပုံပဲ။" ချင်ယွင်က သူ့နှလုံးသားထဲမှာ သက်ပြင်းချလိုက်သည်။

ယောင်ဖုန်းသည် မူလက ကောင်းကင်နတ်ဘုရားနယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ သို့သော်၊ သူမ၏ ရုပ်ခန္ဓာသည် ပျက်စီးသွားခဲ့ပြီး သူမ၏ စွမ်းအားများ အလွန်မင်း ပျက်စီးသွားသောကြောင့်၊ သူမသည် ဓားမြှုပ်နှံခြင်း တောင်တန်း တွင် ပေါ်လာခဲ့သည်။ ထို့နောက် သူမသည် ဖီးနစ်ဘိုဘေးနတ်ဘုရား အနှစ်သာရကို ရရှိခဲ့ ပြီး သူမ၏ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ခဲ့သည်။ သဘာဝအတိုင်း၊ သူမသည် သူမ၏ကျင့်ကြံမှုကို ပြန်လည်ရရှိခဲ့သည်။ ဖီးနစ်ဘိုးဘေးနတ်ဘုရား အနှစ်သာရကို ထည့်တွက်ပါက, သူမအနေဖြင့်, နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော်နိုင်ခြင်းသည် ကျိုးကြောင်းဆီလျော်ပါသည်။ သို့သော် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ဝင်ရောက်နိုင်ခြင်းက ချင်ယွင်ကို အံ့အား သင့်စေခဲ့သည်။

"ဒီအချိန်အတောတွင်းမှာ, သူမဟာ တခြားကံကောင်းတွေ တွေ့ခဲ့ပုံရတယ်။ မဟုတ်ရင်, ဒီလောက် မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူမကရော ဘာလို့ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ထဲမှာ ပေါ်လာရတာလဲ။ နတ်ဘုရားတစ်ရာ ညစာစားပွဲမှာတောင် သူမ ပါဝင်လာခဲ့တယ်။" ချင်ယွင် အံ့ဩသွားသည်။

ထိုအချိန်တွင် ယောင်ဖုန်းလည်း အလွန်အံ့သြသွားသည်။ ချင်ယွင်၏ ထွက်ပေါ်လာမူက သူမကို အလွန်မင်း အံ့သြစေခဲ့သည်။

"ချင်ယွင်, နင် ဘာလို့ ဒီကိုရောက်နေတာလဲ" ယောင်ဖုန်းက ချင်ယွင်၏ နံဘေးကို လျှောက်လာရင်း မေးသည်။

"ငါ ဒီကမ္ဘာထဲကို မတော်တဆ ၀င်ရောက်သွားမိပြီး၊ ဒီကနေ မထွက်နိုင်တော့ တွေ့လိုက်ရ တယ်။ ဒါဆို မင်းကရော ဘာလို့ ဒီမှာ ပေါ်လာတာလဲ။" ချင်ယွင်က ပန်ဂုမဟာနတ်ဆိုး နတ်ဘုရား စမ်းသပ်မူအကြောင်းကို ဘာမှ မပြောဘဲ ပြန်ဖြေသည်။

"နင့်လိုပဲ၊ ငါလည်း ရှေးခေတ်နတ်ဘုရားကမ္ဘာမှာ မစ်ရှင်တစ်ခု လုပ်နေတုန်း အနက်ရောင် လေဝဲကြီးတစ်ခုထဲ မတော်တဆ ဝင်ရောက်မိသွားခဲ့တယ်။ နောက်ဆုံးတော့ ငါလည်း မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ထဲ ရောက်ရှိလာတာပဲ။ ဒီနေရာကို ဝင်လာတဲ့ သူတိုင်း ဒီနေရာကနေ ပြန်မထွက်နိုင်တော့ဘူး။" ယောင်ဖုန်းက ဝမ်းနည်းစွာ ပြောသည်။

ချင်ယွင် ခေါင်းညိတ်လိုက်သည်။ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်သို့ ဝင်ပေါက် သည် တစ်ခုထက်မက ရှိနေကြောင်း သူ သိသည်။

ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏အလောင်း ပြုတ်ကျသွားခဲ့သည့် နေရာအားလုံးတွင် ဤနေရာသို့ ဝင်ပေါက်ရှိနေသည်။ တားမြစ်နတ်ဘုရားတောအုပ်အတွင်းရှိ အနက်ရောင် ရေကန်သည် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ မျက်လုံးကြောင့် ဖြစ်ပေါ်ခြင်း ဖြစ်သည်။ ယောင်ဖုန်းသည် ဝင်ပေါက်များထဲမှ တစ်ခုခုဖြင့် ဤကမ္ဘာထဲသို့ မတော်တဆ ဝင်ရောက် လာခဲ့ခြင်း ဖြစ်နိုင်သည်။

"ဒါဆို မင်း ဒီကမ္ဘာထဲမှာ ဘယ်လောက်ကြာကြာ နေခဲ့ပြီးပြီလဲ" ချင်ယွင်က ဆက်မေးသည်။

"တစ်နှစ်ခွဲ၊ ဒီကမ္ဘာထဲကနေ ထွက်သွားနိုင်ဖို့ လမ်းစရှာနေတာ တစ်နှစ်ခွဲလောက်ရှိပြီ။ ဒါပေမယ့် နောက်ဆုံးမှာ ရှာမတွေ့ခဲ့ဘူး။ ဒါပေမယ့် နှစ်ဝက်လောက် စူးစမ်းရှာဖွေမှုက ငါ့ကို သဲလွန်စတစ်ခု ပေးခဲ့တယ်" ယောင်ဖုန်းက အမှန်အတိုင်း ပြန်ဖြေသည်။

"ဘာသဲလွန်စလဲ?" ချင်ယွင်က မေးသည်။

"ရှေးခေတ်နတ်ဘုရားကမ္ဘာရဲ့ သမိုင်းတစ်လျှောက်လုံးမှာ၊ ဒီမဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ကနေ ထွက်လာနိုင်တဲ့ လူတစ်ယောက်ပဲ ရှိတယ်။ အဲဒီလူကို ဖန်လုံလို့ ခေါ်တယ်။ နောက်ပိုင်း, သူမသေခင်မှာ သူ့ကိုယ်ပိုင်မှတ်စုတစ်ခုကို ချန်ထားခဲ့တယ်။ အဲဒီမှတ်စုမှာ အဲဒီနေရာကနေ ထွက်သွားနိုင်တဲ့ နည်းလမ်းကို မှတ်သားထားခဲ့တယ်" ယောင်ဖုန်းက ပြန်ဖြေသည်။

"ဖန်လုံလား…၊ မှတ်စုလား…" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။ ဖန်လုံသည် မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ဒေသမှ ထွက်ခွာနိုင်ခဲ့သည့် လူဖြစ်ကြောင်း လျှိုဘိုပြောစကားအရ သူသိထားသော်လည်း ဤလူသည် အမှန်တကယ် မှတ်စုတစ်ခု ချန်ထားခဲ့လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ထွက်ခွာဖို့နည်းလမ်းကို မှတ်စုမှာ မှတ်တမ်းတင်ထားတယ်။ ဒီပုဂ္ဂိုလ်က ပန်ဂု၏ အစစ်မှန် အဓိပ္ပါယ် ဥပဒေသေကို သူမှတ်စုထဲမှာ ချန်ထားခဲ့တယ်လို့ ဆိုလိုရာမရောက်ဘူးလား” ချင်ယွင်၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။

အကယ်၍ သူသည် ဤလောကမှ ထွက်ခွာလိုပါက ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ ဉပဒေသ၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည်ရမည် ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်သည် မှတ်စုတစ်ခုကို ချန်ထားခဲ့သောကြောင့်၊ ၎င်းသည် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ ဉပဒေသအပေါ် သူ့နားလည်သဘောပေါက်မူကို မှတ်တမ်းတင်ထားဖွယ်ရှိသည်။

"ဒါဆို မင်းက ဒီမှတ်စုကြောင့် နတ်ဘုရားတစ်ရာညစာစားပွဲကို လာခဲ့တာလား။" ချင်ယွင်က ဆက်မေးသည်။

"မှန်တယ်။ ဒီမှတ်စုက ပင်လယ်နတ်ဆိုးဘုရင်ရဲ့ လက်ထဲမှာ ရှိတယ်လို့ ပြောကြတယ်။ သူက နတ်ဘုရားတစ်ရာညစာစားပွဲမှာ ဒီရတနာကို လေလံဆွဲပြီး လဲလှယ်ပေးမှာ ဖြစ်တယ်။ တစ်စုံတစ်ယောက်က သူကျေနပ်တဲ့ ရတနာကို ထုတ်ပေးနိုင်သရွှေ့, သူက ဒီမှတ်စုကို အဲဒီလူနဲ့ လဲလှယ်လိမ့်မယ်။ ဒါကြောင့် ပညာရှင်တော်တော်များများက ဒီနတ်ဘုရားတစ်ရာညစာစားပွဲဆီကို ရောက်လာကြလိမ့်မယ်။" ယောင်ဖုန်းက ပြန်ဖြေ သည်။

"လဲလှယ်မှာလား…၊ ဒီမှတ်စုက ဒီကမ္ဘာကြီးကနေ ထွက်ခွာနိုင်တဲ့ လျှို့ဝှက်ချက်ကြီးနဲ့ ဆက်စပ်နေတာလေ။ သူက ဘာလို့ ထုတ်ပေးဖို့ ဆန္ဒရှိရတာလဲ" ချင်ယွင်သည် သူ့စိတ်ထဲ မှာ သံသယတွေ မြင့်တက်လာခဲ့သည်။

"ဘာလို့လဲဆိုတော့ သူက အဲဒီမှတ်စုကို လုံး၀ နားမလည်နိုင်လို့ပဲ။ သူက ဒီမှတ်စုကို နားလည်သဘောအောင် လေ့လာနေတာ နှစ်တစ်သိန်းမက ရှိခဲ့ပြီး၊ လျှို့ဝှက်ချက်ကို နားမလည်သေးဘူးလို့ ပြောကြတယ်။ ဒါကြောင့်, သူက တိုက်ရိုက် စွန့်လွှတ်ပြီး သူ့အတွက် အကျိုးပြုမယ့် ရတနာတွေနဲ့ လဲလှယ်ဖို့ ရွေးချယ်ခဲ့တာတဲ့" ယောင်ဖုန်းက ပြန်ဖြေသည်။

ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ စီနီယာဖန်လုံ၏ ချန်ထားခဲ့သော မှတ်စုသည် နားလည် ရန် အလွန်ခက်ခဲမည်မှာ သေချာပါသည်။ အကယ်၍, ၎င်းမှတ်စုသည် နားလည်ရ လွယ်ကူ သည်ဆိုလျှင်, ဤမျှအချိန်ကြာအောင် မည်သူမှ ဤကမ္ဘာကြီးထဲကနေ ထွက်ခွာနိုင်ခြင်း မရှိဘူးဆိုသည်မှာ မဖြစ်နိုင်ပေ။

"ကျွမ်းကျင်သူတွေ အများကြီးရောက်နေပြီလို့ မင်း ပြောခဲ့တယ်။ ဒါဆို ငါ အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ပညာရှင်ခုနစ်ယောက်ကိုပဲ ဘာလို့ တွေ့ရတာလဲ။ မင်း ပါဝင်ရင်တောင် ရှစ်ယောက်ပဲ ရှိသေးတယ်။" ချင်ယွင်က လှည့်ပတ်ကြည့်ကာ မေးသည်။

ယောင်ဖုန်းသည် အနည်းငယ် မှင်သက်သွားခဲ့သည်။ ချင်ယွင်သည် သူမ၏ ဖုံးကွယ်ထား သော ကျင့်ကြံမူအခြေခံကို အမှန်တကယ် မြင်နိုင်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။ သို့သော် ချင်ယွင်မှာ သူမ မမြင်နိုင်သော နေရာများစွာ ရှိနေသည်ဟု သူမတွေးမိရင်း စိတ်သက်သာ ရာ ရသွားခဲ့သည်။ ပညာရှင်တော်တော်များများ ရောက်လာကြပေမယ့် အများစုကတော့ အမှောင်အရိပ်ထဲမှာ ပုန်းနေကြတယ်။ အဲဒီအလယ်အလတ်နဲ့ နှောင်းပိုင်း ကောင်းကင် နတ်ဘုရားတွေရဲ့ နောက်ကွယ်မှာ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်စီ ရှိကောင်း ရှိနေနိုင်တယ်” ယောင်ဖုန်းက ရှင်းပြသည်။

ချင်ယွင် ခေါင်းညိတ်လိုက်သည်။ ယောင်ဖုန်း ပြောသည်မှာ ယုတ္တိမတန်ခြင်း မဟုတ်ပေ။ ထိုကျွမ်းကျင်ပညာရှင်များသည် အချင်းချင်း အတော်လေး သိကျွမ်းမူရှိကြသည်။ ၎င်းတို့၏ နောက်ခံကို မဖော်ထုတ်နိုင်စေရန်အတွက်၊ ၎င်းတို့ကိုယ်စား ရောင်းဝယ်ဖောက်ကားရန် အခြားသူကို ရွေးချယ်မည် ဖြစ်သည်။ မထင်မှတ်သည့်အရာ တစ်ခုခုဖြစ်လာခဲ့မှသာ သူတို့ ထွက်ပေါ်လာကြလိမ့်မည်။

"ကြည့်ရတာ, လေလှိုင်းတွေက တကယ်ကို တဟုန်ထိုး ရိုက်ခတ်လာမယ့်ပုံပဲ။ ဒါပေမယ့် အခြေအနေက ပိုပြီးရှုပ်ထွေးလေ၊ ငါ့အတွက် ပိုကောင်းလေပဲ။ ဒီနည်းနဲ့, ပြဿာဆိုတဲ့ ရေထဲမှာ ငါ ငါးရှာလို့ရတယ်။" ချင်ယွင်က ရယ်မောလိုက်သည်။

ဤနေရာကိုလာရသည့် သူ၏ အဓိကရည်ရွယ်ချက်က ထိုလူတွေနှင့် မတူပေ။ သူသည် ပင်လယ်နတ်ဆိုးဘုရင်ကိုသတ်ရန် ဤနေရာကိုလာခဲ့ပြီး၊ လင်ဒေါင်နှင့် ဖန်လုံမှတ်စုက တော့ သူ့ပါးစပ်အဝသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ယခုတစ်ကြိမ် ကျွမ်းကျင်သူတွေ ပိုများလာလေ တိုက်ပွဲက ပိုပြင်းထန်လေ ဖြစ်လိမ့်မည်။ သို့မှသာ, သူသည် ပင်လယ် နတ်ဆိုးဘုရင်ကို သတ်ဖြတ်ရန် ဤအခွင့်အရေးကို ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။

အခုတော့ လင်ဒေါင်၏ဆရာသခင်သည် သူ့ကို ဤနေရာကို လာရောက်ဖို့ အဘယ့်ကြောင့် ခွင့်ပြုခဲ့ရလဲဆိုသည်ကို နောက်ဆုံးတွင် သူ နားလည်သွားခဲ့ပြီ။ စိတ်ခံစားမှုအရဆို, သူသည် လင်ဒေါင်ကို အရောင်းအဝယ်အတွက် ချစ်ပ်တစ်ခုအဖြစ် အသုံးပြုလိုခြင်း ဖြစ်သည်။ လင်ဒေါင်၏ဆရာသခင်သည်လည်း သူ့နောက်မှ လိုက်ပါလာသည်မှာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ အခု သူသည် အမှောင်ထဲမှာ ပုန်းအောင်းနေတာ ဖြစ်ကောင်းဖြစ်နိုင် သည်။

"အို…၊ ဟုတ်သားပဲ။ နင်က ဒီမှတ်စုကိုတောင် မသိဘူး။ ဒါဆို နင်ရောက် ဘာလို့ နတ်ဘုရားတစ်ရာ ညစာစားပွဲသို့ လာတာလဲ။" ယောင်ဖုန်းသည် တစ်စုံတစ်ခုကို ရိပ်မိသွား ပုံရပြီး ချင်ယွင်ကို အံ့သြသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

ချင်ယွင်က ပြုံးပြီး ယောင်ဖုန်း၏မေးခွန်းကို တိုက်ရိုက် မဖြေပါဘူး။ ယင်းအစား သူက "ဒီပင်လယ်နတ်ဆိုးဘုရင်က ဘာလဲ" ဟု မေးလိုက်သည်။

"ဟုတ်ပြီ၊ ဒီပင်လယ်နတ်ဆိုးဘုရင်ရဲ့ အစစ်မှန်ပုံစံလား" ယောင်ဖုန်းက သိပ်မစဉ်းစားဘဲ တိုက်ရိုက်ဖြေရင်း စကားတစ်ဝက်မှာပင် သူမ အံ့ဩသွားခဲ့သည်။ ထို့နောက် သူမသည် ချင်ယွင်ကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်ကာ "နင် …ကြိုးစားချင်တာ..."

ချင်ယွင်၏ ပါးစပ်ထောင့်က အပြုံးမပျက် ပြန်ပေါ်လာကာ ဖြည်းညှင်းစွာ ပြောသည် "မင်း ခန့်မှန်းတာ မှန်တယ်။ ဒါကြောင့် ငါ့ရည်ရွယ်ချက်က မင်းတို့နဲ့မတူဘူး"

ယောင်ဖုန်းသည် ချင်ယွင်၏ ခေါင်းညိတ်ပြဟန်ကို နားလည်ပြီး ချက်ချင်းပင် သူမပါးစပ်က ပွင့်သွားခဲ့သည်။

ပင်လယ်နတ်ဆိုးဘုရင်၏ ခွန်အားကား အဘယ်နည်း။

မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင် တစ်ခုလုံးတွင်၊ ၎င်းသည် ထိပ်တန်းတည်ရှိမှု ငါးဦးအနက်မှ တစ်ဦးဖြစ်သည်။ မြေကမ္ဘာနတ်ဘုရားနယ်ပယ် အလယ်အလတ်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ဦးဖြစ်သူ ချင်ယွင်သည် အမှန်တကယ်ပင် သူ့ကို သတ်ပစ်ချင်ခဲ့ သည်။ အကယ်၍, ဤအကြောင်းကို ဖြန့်လိုက်လျှင်, တခြားသူတွေက သူ့ကို အရူးဟု ထင်ကြလိမ့်မည်။

ယောင်ဖုန်း အံ့အားသင့်သွားသော်လည်း သူမရှေ့ရှိ ဤလူသည် ၎င်းကို အမှန်တကယ် လုပ်နိုင်လိမ့်မည်ဟု သူမ ဖျတ်ခနဲ ခံစားလိုက်ရသည်။ ဤမျက်ကန်း ယုံကြည်မှုက မည်သည့်နေရာက ရောက်လာမှန်း သူမ မသိပါဘူး။

All Chapters