← Chapters

အခန်း ၁၆၃၀

Vol. 109 Ch. 1630

အခန်း ၁၆၃၀

Vol. 109 Ch. 1630

အခန်း (၁၆၃၀) မျက်လုံးပြာ နဂါးနက်ဝေလငါး။

"အယ်၊ မင်းရော ဒီမှာပါလား။" လင်းဒေါင်က အံ့သြစွာ မေးလိုက်သည်။

ချင်ယွင်နှင့် လင်ဒေါင်တို့သည် တစ်ယောက်နှင့်တစ်ယောက် မခွဲခွာမီ တိုတိုတုတ်တုတ် စကားပြောခဲ့ကြသည်။ တစ်ဖက်တွင် ချင်ယွင်သည် ပင်မခန်းမ၏ ထောင့်တစ်နေရာသို့ ရောက်လာသည်။ လင်ဒေါင်နှင့် သူ့စီနီယာအစ်ကို ဤမှာ တွေ့ရလိမ့်မည်ဟု သူ မမျှော်လင့်ထားဘူး။

လင်ဒေါင်သည် ချင်ယွင်ကို မြင်သောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး သူ့စီနီယာ အစ်ကိုကမူ ချင်ယွင်ကို ရန်လိုသည့်အမူအရာဖြင့် ကြည့်နေသည်။

ချင်ယွင်က ပြုံးပြီး ပြန်ပြောသည် "မှန်တယ်၊ ငါလည်း နတ်ဘုရားတစ်ရာ ညစာစားပွဲကို တက်ဖို့ ဒီကို ရောက်လာခဲ့တာ"

သူသည် လင်ဒေါင်၏ ရိုးရှင်းသော စိတ်သဘောထား အမြဲနှစ်သက်ခဲ့ပြီး လင်ဒေါင်၏ ကိုယ်ရေးအချက်လက်ကို သိသောအခါတွင် ပို၍ပင် သနားမိသွားခဲ့သည်။

လင်ဒေါင်၏ အဓိကခန္ဓာကိုယ်သည် နတ်ဘုရားဆေးပင် ဖြစ်သည်။ သူသည် လူသားတစ်ဦး အသွင်သဏ္ဍာန်သို့ ပြောင်းလဲပြီးနောက် ကျင့်ကြံမှုတွင် သာမန်လူသားများထက် ကြီးမားသော အားသာချက်ဖြင့် မွေးဖွားလာခဲ့သည်။ ထို့အပြင်၊ သူ၏ဆရာသခင်သည် သူ့ကို တမင်တကာ ပြုစုပျိုးထောင်ပေးခဲ့ပြီး သူ၏ကျင့်ကြံမှုကို အဆက်မပြတ် တိုးတက် စေခဲ့သည်။ ထို့ကြောင့်၊ သူသည် သူ၏ဆရာသခင်မှ တမင်တကာ ပြုစုပျိုးထောင်ခဲ့သည့် အတိုင်းအတာအရ, အလယ်လတ် ကောင်းကင်နတ်ဘုရားကျင့်ကြံမူ အခြေခံကို ပိုင်ဆိုင်နိုင်ခဲ့သည်။

အနှစ်တစ်သန်းကျော် သက်တမ်းရှိသည့် နတ်ဘုရားဆေးပင်တစ်ပင်သည် မူလကတည်း က အလွန်မင်း တန်ဖိုးရှိနေခဲ့ပြီး၊ နှောင်းပိုင်း ကောင်းကင်နတ်ဘုရားအဆင့်အထိ ကျင့်ကြံနိုင်ပါက ၎င်း၏တန်ဖိုးသည် ပို၍ပင် မြင့်မားလာမည် ဖြစ်သည်။

လင်ဒေါင်ဆရာသခင်၏ ရည်ရွယ်ချက်မှာ လင်ဒေါင်၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ဖြစ်သည်။ ထို့နောက် အချိန်စေ့သောအခါ သူသည် လင်ဒေါင်ထံမှ အဖိုးမဖြတ်နိုင်သော နတ်ဘုရားဆေးပင်ကို ခူးယူလိမ့်မည်။ တုံးအသော လင်ဒေါင်သည် ထိုအကြောင်းကို ဘာမှ မသိသေးဘဲ သူ့ဆရာသခင်နှင့် သူ့စီနီယာအစ်ကိုကို ဆွေမျိုးများအဖြစ် ဆက်ဆံနေခဲ့သည်။

"အခွင့်အရေးရှိရင် ဒီကောင်လေးကို ကယ်ဦးမှပါ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

လင်ဒေါင်သည် နတ်ဘုရားဆေးပင်တစ်ပင် ဖြစ်နေသော်လည်း၊ သူသည် လူသားအသွင်သို့ ပြောင်းလဲသွားပြီး သူ၏ကိုယ်ပိုင်အသိဉာဏ်ကို ပိုင်ဆိုင်ထားသည်။ အရေးကြီးဆုံးက သူ့စိတ်က ဖြူစင်လွန်းသည်။ မည်သို့ပင်ဖြစ်စေ, ချင်ယွင်က သူ့ကို ဂရုမစိုက်ပါဘူး။ သူ့ကို ကူညီနိုင်ခြင်း ရှိမရှိကတော့ သူ့ကိုယ်ပိုင်ကံကြမ္မာအပေါ်မှာဘဲ မူတည်ပါသည်။

လင်ဒေါင်၏ဆူဖြိုးသောမျက်နှာက ဝေခွဲမရဖြစ်ဟန် ပေါ်လာရင်း မေးလိုက်သည် "မင်းလည်း နတ်ဘုရားတစ်ရာ ညစာစားပွဲမှာ ပါဝင်ဖို့ လာခဲ့တာလား။ နတ်ဘုရားတစ်ရာ ညစာစားပွဲဆိုတာကိုတောင် မင်း မသိဘူးမဟုတ်လား?"

"နတ်ဘုရားတစ်ရာ ညစာစားပွဲအကြောင်း ငါမသိဘူးလို့ မပြောခဲ့ပါဘူး။ မင်းပြောတာကို ငါ မသိဘူးလို့ ပြောခဲ့တာပါ။ ဒါပေမယ့် ငါကိုယ်တိုင် မသိဘူးလို့ မပြောခဲ့ဘူးလေ" ချင်ယွင် ရယ်လိုက်သည်။

"အဲလိုလား.." လင်ဒေါင်သည် ချင်ယွင်၏ စကားကြောင့် မျက်စိလည်သွားကာ သူ့မျက်နှာ သည် တွေးခေါ်စဉ်းစားသည့် အမူအရာ ပေါ်လာသည်။

ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်က ကူကယ်ရာမဲ့ ခေါင်းယမ်းမိသည်။

ဤလင်ဒေါင်၏ဆရာသခင်သည် လင်ဒေါင်အား ပြင်ပလူများနှင့် ထိတွေ့ခြင်းမှ တားဆီး ပိတ်ပင်ထားရပေမည်။ မဟုတ်ပါက၊ အလယ်လတ် ကောင်းကင်နတ်ဘုရားတစ်ပါးသည် ဤကဲ့သို့ ဖြူစင်သော စိတ်ထားကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။

သို့သော် ချင်ယွင်သည် လင်ဒေါင်ကို လှည့်စားခဲ့နိုင်သော်လည်း လင်ဒေါင်၏ စီနီယာ အစ်ကိုကို မလှည့်စားနိုင်ပေ။

ပိန်ပိန်လူက ချင်ယွင်ကို ရန်လိုသည့် အမူအရာဖြင့် ကြည့်သည်။ "မင်း ငါ့ဂျူနီယာညီနဲ့ ဝေးဝေးနေပါ။ သူက ငယ်ငယ်ကတည်းက အပြင်လူတွေနဲ့ ထိတွေ့မှု နည်းတယ်။ ဒါပေမယ့် မင်း သူ့ကို လှည့်စားနိုင်ပေမယ့်, မင်း ငါ့ကို လှည့်စားလို့မရဘူး။"

ထိုစကားကိုကြားတော့ ချင်ယွင်က ရယ်မောလိုက်သည်။ အခုလေးတင်, စောင့်ကြည့် လေ့လာပြီး စကားစမြည်ပြောခြင်းမှတဆင့် လင်ဒေါင်၏ စီနီယာအစ်ကိုသည်လည်း လင်ဒေါင်၏ အစစ်မှန် အသွင်အပြင်ကို သိနေသည်ကို အခြေခံအားဖြင့် သူ သေချာသွားပါ ပြီ။ လင်ဒေါင်၏ စီနီယာအစ်ကိုသည်လည်း သူ့ဆရာသခင်နှင့် အတူတူပင်။ လင်ဒေါင်ကို ကာကွယ်ပေးခြင်းသည် ချင်ယွင်မှ လင်ဒေါင်၏ ကိုယ်ရေးအချက်လက်ကို ရှာဖွေတွေ့ရှိ ခြင်းမှ ကာကွယ်ရန်နှင့် သူတို့အစီအစဉ် ပေါက်ကြားသွားခြင်းမှ တားဆီးရန်သာ ဖြစ်သည်။

ချင်ယွင်သည် လင်ဒေါင်၏စီနီယာအစ်ကို ဖြစ်သူအား လျစ်လျူရှုကာ လင်ဒေါင်ကို ကြည့်နေသည်။ "ဒီတစ်​ခါ​တော့ ငါဆရာ​သခင်​ရဲ့ အမိန့်​အရ နတ်ဘုရားတစ်ရာ ညစာစားပွဲ​​မှာ ပါဝင်​ဖို့ လာခဲ့တာ။ ငါ့ဆရာ​သခင်​က ငါ့​ကို အလွန်​အဖိုးတန်​တဲ့ ရတနာတစ်​ခု ယူသွား​ပေးဖို့​တောင်​ ​တောင်းဆိုခဲ့တယ်​။"

"ငါလည်း အတူတူပဲ။ ငါ့ဆရာသခင်ကလည်း အရမ်း အဖိုးတန်တဲ့ ရတနာတစ်ခုကို ယူသွားခိုင်းတယ်။ ဒါပေမယ့် အဲဒီရတနာက ဘာလဲဆိုတာ ငါတောင် မသိဘူး။ အဲဒီရတနာကို ကောင်းကောင်း ထိန်းသိမ်းနိုင်ဖို့ စီနီယာအစ်ကိုကြီးနဲ့ အတူထားရမယ်လို့ ငါ့ဆရာသခင်က ပြောတယ်။" လင်ဒေါင်က စိတ်လှုပ်ရှားပြီး ပဲ့တင်ထပ် အသံဖြင့် ကမန်းကတန်း ပြောလိုက်သည်။

ထိုစကားကို ကြားတော့ ချင်ယွင်သည် သူ့နှလုံးသားထဲမှာ ရှိုက်ကြီးတငင် ပြုံးလိုက်ပါ သည်။

ဤလင်ဒေါင်က တကယ်ကို နှလုံးကြေကွဲစရာပင်။ ရတနာက ဘာလဲဆိုတာ သူ မသိသေး ဘူးလား။ ရတနာက သူကိုယ်တိုင်ဖြစ်နေသည်ကို ရှင်းရှင်းလင်းလင်း သိနိုင်သော်လည်း ကံမကောင်းစွာပဲ၊ သူသည် ၎င်းကို လုံးဝ မသိခဲ့ပါ။

"ဟေ့ ငါ မင်းကို ပြောပြမယ် ငါ့ဆရာသခင်က..."

"ပါးစပ်ပိတ်ထား"

လင်ဒေါင်သည် တစ်ခုခု ပြောချင်နေပုံရသော်လည်း သူ့စီနီယာအလုပ်သင်အစ်ကိုက တားဆီးလိုက်သည်။ လင်ဒေါင်၏လည်ပင်းက ကျုံ့သွားပြီး ဘာမှပြန်မပြောဘဲ ချင်ယွင်ကို မျက်တောင် ခတ်ပြလိုက်သည်။

ချင်ယွင်က ပြုံးပြီး လင်ဒေါင်နှင့် စကားပြန်မပြောတော့ဘဲ သူ့စိတ်ထဲမှာ မေးခွန်းတစ်ခုကို တွေးနေခဲ့သည်။

လင်ဒေါင်၏ ဖြူစင်သော စိတ်နေစိတ်ထားသည် ကျွမ်းကျင်သူများသာ လေးစားခံရသော ဤကမ္ဘာကြီးတွင် မှန်လားမှားလား သူ တွေးနေခြင်း ဖြစ်သည်။

အဆုံးတွင် လင်ဒေါင်သည် မမှားကြောင်း သူ ကောက်ချက်ချလိုက်ပါသည်။ မှားယွင်းနေ သည်က ဤကမ္ဘာကြီးပင်။

သို့သော် လူတစ်ဦးသည် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော ကမ္ဘာတွင် နေထိုင်လိုပါက၊ သူသည် ရက်စက်ကြမ်းကြုတ်စွာ ပြုမူရဦးမည်။ ကြမ်းတမ်းစွာ ပြုမူခြင်းဖြင့်သာ သူသည် အဆက်မပြတ် သန်မာလာပြီး သူ့ချစ်မြတ်နိုးသူများကို ကာကွယ်နိုင်စွမ်း ရှိလိမ့်မည်။

သူ့အခြေခံမူတွေကို ဖောက်ဖျက်ခြင်းမရှိသရွေ့, သူ့ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်က မည်သည့်အမှားယွင်းမှ မရှိပါဘူး။

"အဖေ, အမေ၊ တစ်နေ့တော့, သား အဖေအမေတို့ကို ရှာတွေ့ပြီး အမှန်တရားကို ရှာတွေ့နိုင်မှာပါ၊ အဲဒီအချိန်ရောက်ရင် သားက အဖေအမေနဲ့ မိန်းကလေးတွေကို သားတို့ လိုချင်တဲ့ အေးချမ်းတဲ့ ဘဝလေးမှာ ထားပေးပါ့မယ်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ် လိုက်ပြီး သူ၏နဂိုက ရှုပ်ထွေးနေသည့် အကြည့်တွေက ပို၍ပင် ပြတ်သားလာခဲ့သည်။

သူ့ချစ်ရသူနှင့် သူ့ကိုချစ်ခင်ကြသည့်လူတွေကို တည်ငြိမ်သည့် ဘဝတစ်ခုကို ပိုင်ဆိုင်ခွင့် ရစေဖို့က သူ့နှလုံးသားထဲမှာ မည်သည့်အခါမှ မယိမ်းယိုင်ခဲ့သည့် ယုံကြည်ချက်တစ်ခု ဖြစ်သည်။ ထိုယုံကြည်ချက်ကို ဖြည့်ဆည်းပေးချင်သည်ဆိုလျှင်, သူ့ကိုယ်သူ အနှိုင်းမဲ့ သန်မာအောင် ပြုလုပ်ရမည်။ မဟုတ်ပါက တစ်နေ့တွင် သူတို့ကြုံတွေ့ရမည့် ဘေးဆိုးကြီး ကို တွန်းလှန်ရန် ခွန်အားမရှိနိုင်ပေ။

"မြန်မြန်၊ ပင်လယ်နတ်ဆိုးဘုရင် ထွက်လာပြီ"

ချင်ယွင်သည် သူ့စိတ်ထဲမှာ အကောင်းအဆိုးများအကြောင်းကို တွေးတောနေချိန်မှာပင် ခန်းမထဲကနေ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလိုပင်, ခန်းမထဲက လူတွေအားလုံး အသံကြားရာဆီကို လှမ်းကြည့်လိုက်ကြသည်။

ချင်ယွင်လည်း ခေါင်းမော့ပြီး ခန်းမရှေ့ကို လှမ်းကြည့်လိုက်သည်။

အနက်ရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော ဂုဏ်သိက္ခာရှိသော အမျိုးသားတစ်ဦးသည် ခန်းမအပြင်ဘက်သို့ ထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်သည် အနှိုင်းမဲ့ ဂုဏ်သိက္ခာကြီးမား သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ဘုန်းအာနုဘော်သည် အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူ များကိုပင်လျှင် ပြင်းထန်သော ဖိအားကို ခံစားရစေခဲ့သည်။

"ဥပဒေသရဲ့ အစစ်မှန် အဓိပ္ပာယ်။ ကြည့်ရတာ, ပင်လယ်နတ်ဆိုးဘုရင်က ဉပဒေသရဲ့ အစစ်မှန် အဓိပ္ပာယ် နားလည်မူမှာ အလယ်အလတ်အဆင့်ကို ရောက်နေပြီလို့ ထင်ရ တယ်။ သူနားလည်ထားတဲ့ ဥပဒေသရဲ့ အစစ်မှန် အဓိပ္ပါယ်က ဘယ်အဆင့် ရောက်နေလဲ ဆိုတာ အတိအကျ မသိနိုင်ဘူး။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။

ပင်လယ်နတ်ဆိုးဘုရင်၏ ဖိအားကိုလည်း သူလည်း ခံစားခဲ့ရပြီး၊ ဤဖိအားသည် သူ့အနေဖြင့် အလွန်ရင်းနှီးသည်။ ၎င်းသည် ဥပဒေသ၏ အစစ်မှန် အဓိပ္ပာယ်မှ ဆင်းသက် လာခြင်း ဖြစ်သည်။

ထိုဉပဒေသ၏ အစစ်မှန် အဓိပ္ပါယ်သည် ဖရိုဖရဲကောင်းကင်တာအို၏ ဉပဒေသများနှင့် သက်ဆိုင်ပါသည်။ သဘောပေါက်ပြီးသည်နှင့် ဖရိုဖရဲကောင်းကင်တာအို၏ ဉပဒေသများမှ ဖြစ်ပေါ်လာသော ထိုဖိအားသည် နားလည်သဘောပေါက်သူ အပေါ်တွင်သာ တည်ရှိနေ မည် ဖြစ်သည်။ နားလည်မှု နက်ရှိုင်းလာသည်နှင့်အမျှ နားလည်သူ၏ အပြောအဆိုနှင့် အပြုအမူများသည် ဥပဒေသ၏ တုနှိုင်းမရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဘုန်းအာနုဘော်တစ်ရပ်ကို ထွက်ပေါ်လာစေသည်။

ဤသည်မှာ ဘိုးဘေးနတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များသည် သန်မာနေရခြင်း ၏ အကြောင်းရင်းဖြစ်သလို သူတို့စကားများကို ငြင်းဆန်ခြင်းမရှိ လိုက်နာလိုရခြင်း၏ အကြောင်းရင်းလည်း ဖြစ်ပါသည်။

အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားသည် ခန်းမထဲသို့ဝင်ပြီးနောက် ခန်းမရှေ့ရှိ ပလ္လင်တစ်ခု ပေါ်တွင် တိုက်ရိုက် ထိုင်လိုက်၏။ ထို့နောက် သူ၏ အပြာရောင် မျက်ဝန်းတစ်စုံက ကမ္ဘာကြီးကို မထီမဲ့မြင်ပြုသည့် အကြည့်ဖြင့် ခန်းမတစ်ခုလုံးကို ဝှေ့ကြည့်လိုက်သည်။

ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး လေထုသည် ထူးထူးခြားခြား ဖိအားများလာသည်။

အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားက သူ့အကြည့်တွေကို လှည့်ပတ်ကြည့်ရင်း အထင်အမြင်သေးသည့် ဟန်ပန်ကို ထုတ်ဖော်လိုက်သည်။

အနက်ရောင်ဝတ်ရုံဝတ် အမျိုးသားသည် ခန်းမထဲမှ လူစုလူဝေးကို ကြည့်ရူစစ်ဆေးနေချိန် မှာ ချင်ယွင်သည်လည်း ပင်လယ်နတ်ဆိုးဘုရင်ကို စစ်ဆေးနေပါသည်။ စတင်ခြင်း မျက်လုံးမှတဆင့် ချင်ယွင်သည် နောက်ဆုံးတွင် ပင်လယ်နတ်ဆိုးဘုရင်၏ အစစ်မှန် ခန္ဓာကိုယ်ကို မြင်တွေ့ခဲ့ရသည်။

"တကယ်ကို ဒီကောင်က ရှေးခေတ်နတ်သားရဲ၊ မျက်လုံးပြာနဂါးနက် ဝေလငါးပါလား”။ ဒီနတ်သားရဲက မျိုးသုဉ်းသွားခဲ့ပြီ မဟုတ်လား။ တကယ်ကို အသက်ရှင်ကျန်ရစ်သူ ရှိနေဦး လိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။" ချင်ယွင် စိတ်ထဲတွင် အံ့သြသွားသည်။ ပင်လယ် နတ်ဆိုးဘုရင်၏ အစစ်မှန် အသွင်ပြင်ကြောင့် သူ အံ့အားသင့်သွားသည်။

All Chapters