အခန်း ၁၆၃၁
Vol. 109 Ch. 1631
အခန်း (၁၆၃၁) ရှေးဦးလျှပ်စီးအရင်းအမြစ်
မျက်လုံးပြာ နဂါးနက်ဝေလငါးသည် ရှေးခေတ်က အလွန်မင်း အစွမ်းထက်သည့် နတ်ဘုရားသားရဲ ဖြစ်သည်။ ၎င်းသည် နဂါးများနှင့်ပင် ယှဉ်နိုင်သည့် အလွန်မင်း အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသည်။
သို့သော်လည်း မျက်လုံးပြာ နဂါးနက်ဝေလငါး အရေအတွက်သည် အလွန်ရှားပါးပြီး လွန်ခဲ့သော နှစ်သန်းရာပေါင်းများစွာက မျက်လုံးပြာ နဂါးနက်ဝေလငါးသည် နတ်ဘုရား ကမ္ဘာတွင် မျိုးသုဉ်းသွားခဲ့ပြီ ဖြစ်သည်။ ချင်ယွင်သည် ဤမျက်လုံးပြာ နဂါးနက်ဝေလငါးကို ဤနေရာတွင် တွေ့ရမည်ဟု မမျှော်လင့်ခဲ့ပေ။
"ဒါက နည်းနည်းတော့ ဒုက္ခရောက်လိမ့်မယ်။ ရေထဲမှာရှိတဲ့ မျက်လုံးပြာ နဂါးနက်ဝေလ ငါးရဲ့ တိုက်ခိုက်ရေး စွမ်းအားက ကုန်းမြေမှာထက် အများကြီး သာလွန်တယ်။ သူနဲ့ ရင်ဆိုင် ဖို့က လွယ်ကူမှာ မဟုတ်ဘူး။" ချင်ယွင်က စိတ်ထဲတွင် တွေးလိုက်မိသည်။
ယခုအချိန်တွင်၊ ချင်ယွင်သည် အမှောင်နတ်ဆိုးနဂါးကိုယ်ပွားကို အသုံးပြုခဲ့လျှင်ပင်၊ ဤမျက်လုံးပြာ နဂါးနက်ဝေလငါးကို သတ်နိုင်မည် မဟုတ်သောကြောင့် တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းနိုင်ပါတော့မည်။
ပင်လယ်နတ်ဆိုးဘုရင်သည် လူအုပ်ကြီးကို ငေးကြည့်ပြီးနောက်တွင် သူ့အကြည့်များက လင်ဒေါင်၏ ခန္ဓာကိုယ်ပေါ်တွင် ခဏတာမျှ တမင်တကာလား ရည်ရွယ်ချက်၍လားမသိ စိုက်ကြည့်ပြီးနောက် သူ့မျက်လုံးများက အလင်းရောင်များ တဖျပ်ဖျပ် တောက်လာသည်။
"စိတ်ဝင်စားစရာပဲ။ ဘိုးဘေးနတ်ဘုရားဖီးနစ်သွေး၊ ဒါက ရှေးခေတ်က ရှားပါးတဲ့ ကြီးမြတ်ဆုံးပစ္စည်းတစ်ခုပဲ။ ငါ့ဆီ တကယ် ရောက်လာလိမ့်မယ်လို့ မျှော်လင့်မထားဘူး။" ပင်လယ်နတ်ဆိုးဘုရင်သည် သူ့မျက်လုံးထဲတွင် တောက်လောင်နေသာ လောဘ အရိပ်မြွက်ဖြင့် သူ့စိတ်ထဲမှာ လှောင်ရယ်လိုက်မိသည်။
ပင်လယ်နတ်ဆိုးဘုရင်၏ ပူလောင်သော အကြည့်ကို ခံစားလိုက်ရသော ယောင်ဖုန်းသည် မသိစိတ်မှ မျက်မှောင်ကြုတ်ကာ သူမစိတ်ထဲတွင် သတိထားသည့် အရိပ်အယောင်များ ပေါ်လာသည်။
ပင်လယ်နတ်ဆိုးဘုရင်လည်း တောက်လောင်နေသော သူ့အကြည့်ကို ထိန်းထားလိုက် သည်။ သူက တိုက်ရိုက်ပင် ပြောလိုက်သည်"ဟား..၊ ဟား..၊ ပင်လယ်နတ်ဆိုးနန်းတော်မှ ကြိုဆိုပါတယ်" လူတိုင်းက ငါပင်လယ်နတ်ဆိုးဘုရင်ကို သိပြီးဖြစ်မယ်လို့ ငါ ယုံကြည်ပါ တယ်။ နောက်ပြီး မင်းတို့ ဒီကို ဘာလို့ ရောက်နေလဲဆိုတာ လူတိုင်း သိပြီးဖြစ်ပါလိမ့်မယ်။ အဲ့ဒါကြောင့် ငါ မင်းတို့ကို ရှည်ရှည်ဝေးဝေး ပြောမနေတော့ဘူး။ ငါ့ စီနီယာဖန်လုံ ချန်ထားခဲ့တဲ့ မှတ်စုတစ်ခုရှိတယ်။ ဒီမှတ်စုမှာ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်က နေ ထွက်ခွာနိုင်မယ့်နည်းလမ်းနဲ့ မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်နဲ့ ပတ်သက်ပြီး လျှို့ဝှက်ချက်တွေ ပါဝင်နေတယ်။"
ပင်လယ်နတ်ဆိုးဘုရင် ထိုစကားကို ပြောပြီးသည်နှင့် လူတိုင်း၏ ပါးစပ်တွေက အံ့ဩမူနှင့် အတူ ဖွင့်ဟသွားကြပါသည်။ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ကနေ ထွက်ခွာနိုင် မယ့်နည်းလမ်းနှင့် မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်နှင့် ပတ်သက်သည့် လျှို့ဝှက် ချက်များသည် လူတိုင်း လိုချင်နေသည့်အရာများ ဖြစ်ကြသည်။
ထိုဖန်လုံမှတ်စုသည် ပင်လယ်နတ်ဆိုးဘုရင်၏ လက်ထဲတွင် ရှိနေသည်ဟူသော ကောလဟလများ ထွက်ပေါ်နေသော်လည်း, ထိုကောလာဟလများက အမှန်ဟုတ်မဟုတ်၊ မည်သူမှ မသိသလို၊ ဤလောကမှ ထွက်ခွာနိုင်မည့် လျှို့ဝှက်ချက်များ ထိုဖန်လုံမှတ်စုတွင် မှတ်တမ်းတင်ထားခြင်း ရှိမရှိကိုလည်း မည်သူမှ မသိနိုင်ကြပေ။
အခု ပင်လယ်နတ်ဆိုးဘုရင်မှ အစပြုပြောဆိုလာသောအခါ လူများစွာသည် အလွန် အံ့သြနေကြဆဲ ဖြစ်သည်။
ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။ ဤမဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင် မှ ထွက်မြောက်နိုင်ရန်အတွက် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ ဉပဒေသ၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည်ရန် လိုအပ်ကြောင်း သူသိထားသော်လည်း ထိုဉပဒေသ၏ အစစ်အမှန် အဓိပ္ပါယ်က အဘယ်အရာဖြစ်သည်ကိုပင် သူ မသိခဲ့ပေ။ ထို့အပြင်၊ ထိုအစစ်အမှန် အဓိပ္ပါယ်ကို နားလည်ဆင်ခြင်ပြီး ထိုအစစ်အမှန် အဓိပ္ပာယ်၏ ကနဦး အဆင့်သို့ ရောက်ရှိခြင်းမှာလည်း သူ၏ တတိယမြောက် စမ်းသပ်မှု ဖြစ်သည်။
သူသည် ထိုမစ်ရှင်ကို မပြီးမြောက်နိုင်ခဲ့လျှင်, သူ တိုက်ရိုက် ချေမှုန်းခံရလိမ့်မည်။
နတ်ဆိုးကျောက်ရုပ်ထုကြီးသည် ထိုစွမ်းရည်မျိုး ပိုင်ဆိုင်ခြင်းနှင့် ပတ်သက်၍မူ သူ သံသယ မရှိပါဘူး။ ပန်ဂုသည် သူမသေဆုံးခင် သူ့ကို ဖန်ဆင်းခဲ့ပြီး၊ ဤလောကကြီးကို အုပ်စိုးခွင့် ပြုခဲ့သည်။ တစ်နည်းအားဖြင့် သူသည် ဤလောကကြီးကို အုပ်စိုးသူ ဖြစ်သည်။
နတ်ဆိုးကျောက်ရုပ်ထုကြီးက သူ့ကို သတ်ချင်သည်ဆိုလျှင်, မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ထဲမှာ ချင်ယွင်သည် ကနဦးစကြဝဠာကို ပိုင်ဆိုင်ထားလျှင်ပင်, နောက်ဆုံး မှာ သူ သေရလိမ့်မည်။
ထို့ကြောင့် ဖန်လုံသည် သူ့မှတ်စုတွင် မည်သည့်အရာများ မှတ်တမ်းတင်ထားသည်ကို သူ အမှန်တကယ် သိချင်နေခဲ့သည်။ ထိုမှတ်စုထဲမှ စာကြောင်းတစ်ကြောင်းကပင်လျှင် သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်မည်။
လူတိုင်း၏ ထိတ်လန့်တုန်လှုပ်သွားတေသာ အမူအရာကို မြင်လိုက်ရတော့ ပင်လယ် နတ်ဆိုးဘုရင်က ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ ပတ်ဝန်းကျင်ရှိ လူအုပ်၏ တုံ့ပြန်မှုသည် သူ့မျှော်လင့်ချက်ထက် မပိုခဲ့ပေ။
"လူတိုင်း, ငါ အရင်က ပြောခဲ့သလိုပဲ။ နတ်ဘုရားတစ်ရာညစာစားပွဲမှာ ငါ့နှလုံးသားကို ခုန်စေလောက်တဲ့ တစ်စုံတစ်ခုကို ထုတ်ပေးနိုင်သရွှေ့, ဒီဖန်လုံမှတ်စုကို ငါ ပေးလိုက် မယ်။" ပင်လယ်နတ်ဆိုးဘုရင်က ဆက်ပြောရင်း သူ့ပါးစပ်ထောင့်မှာ ယုံကြည်မှုအပြည့်နှင့် အတူ လှောင်ပြောင်သရော်ဟန် ရှိနေတုန်းပင်။
ထိုစကားကို ကြားတော့ အားလုံးက ဆွေးနွေးကြသည်။
ချင်ယွင်လည်း အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့သည်။ ပင်လယ်နတ်ဆိုးဘုရင်သည် အဘယ့်ကြောင့် ယခုလို လုပ်ခဲ့ရလဲဆိုသည်ကို သူ စဉ်းစားနေမိသည်။
သူကိုယ်တိုင် ဤကမ္ဘာကြီးကနေ မထွက်ချင်ဘူးဟု လာမပြောနဲ့။ ဖန်လုံ၏ မှတ်စုကဲ့သို့ အရေးကြီးသော အရာကို အဘယ်ကြောင့် ရောင်းဝယ်ဖောက်ကားရန် ဆန္ဒရှိရသနည်း။
"ကျွန်တော်က ကျောက်စိမ်းကောင်းကင်နန်းတော်က ဝမ်တုံပါ။ ဒီတစ်ခါမှာတော့ ကျောက်စိမ်းကောင်းကင်နန်းတော်က ရှေးဦးကောင်းကင်ဘုံကျောက်တုံးကို တမင်တကာ ယူဆောင်လာခဲ့ပါတယ်။ ဒီကျောက်တုံးက တန်ခိုးကြီးတဲ့ နတ်ဘုရားတန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ ဒီကျောက်တုံးကို လက်ထဲမှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထား သရွေ့ အဲဒီလူရဲ့ ပုံမှန်တိုက်ခိုက်ရေးစွမ်းအားရဲ့ ၁၀ ရာခိုင်နှုန်းကျော်ကို ပြသနိုင်မှာပါ။”
တိုက်ခိုက်ရေးစွမ်းအားရဲ့ ၁၀ ရာခိုင်နှုန်းကျော်လား။
လူတိုင်း အံ့ဩသွားသည့် အမူအရာကိုယ်စီကို ထုတ်ဖော်လိုက်ကြပါသည်။
သူတို့အဆင့်မှာဆို, သူတို့၏ တိုက်ခိုက်ရေးစွမ်းအား ၁၀ ရာခိုင်နှုန်း တိုးမြင့်လာမည်ကို မဆိုထားနှင့်, အနည်းငယ် နိမ့်ကျနေလျှင်ပင်, တိုက်ပွဲအခြေအနေကို အဆုံးအဖြတ် ပေးနိုင် မည်ကို သိထားရပါမည်။
ပင်လယ်နတ်ဆိုးဘုရင်လည်း အနည်းငယ် အံ့သြသွားကာ သူ့မျက်နှာက ပျော်ရွှင်သည့် အမူအရာကို ထုတ်ဖော်ပြရင်း ပြုံးလိုက်ပါသည် “ရှေးဦးကောင်းကင်ဘုံ ကျောက်တုံးက စကြာဝဠာ အစကတည်းက တည်ရှိခဲ့တဲ့အရာလို့ ဆိုရမှာပဲ။ ၎င်းက အနှိုင်းမဲ့ တန်ခိုးကြီးတဲ့ နတ်ဘုရားတန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ဒါက တကယ်ကို ရှားပါးတဲ့ ရတနာ တစ်ခုပဲ”။
ဝမ်တုံအမည်ရှိ ထိုအထွက်အထိပ် ကောင်းကင်နတ်ဘုရားသည် ထိုစကားကို ကြားသော အခါတွင်, လူအုပ်ကြီးကို မထီမဲ့မြင်ပြုကာ ဂုဏ်ယူဝင့်ကြွားဟန် အပြုံးတစ်ခု ပေါ်လာ သည်။
"ဟမ့် မင်းရဲ့ ရှေးဦးကောင်းကင်ဘုံ ကျောက်တုံးက ဘယ်လို အဖိုးတန်ရတနာမျိုးလဲ။ ငါတို့ရဲ့ ကောင်းကင်ဘုံအမှတ်နန်းတော်က တုနှိုင်းမရအောင် အစွမ်းထက်တဲ့ ဘိုးဘေး နတ်ဘုရားပစ္စည်းအတု နတ်ဘုရားဓားတစ်လက်ကို ပိုင်ဆိုင်ထားတယ်။ ဒီဓားက အနှိုင်းမဲ့ လောင်ကျွမ်းခြင်း မီးလျှံစွမ်းအားကို ပိုင်ဆိုင်ထားတယ်။ ဒီဓားက မင်းရဲ့ တိုက်ခိုက်ရေး စွမ်းအားကို တိုက်ရိုက် နှစ်ဆမြင့်တင်နိုင်တယ်။ ဒါက မင်းရဲ့ ရှေးဦးကောင်းကင်ဘုံ ကျောက်တုံးထက် ဆယ်ဆ ပိုကောင်းတာပေါ့။" နှုတ်ခမ်းမွေးနှင့် နောက်ထပ် အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးက မထီမဲ့မြင်ပြု သော အမူအရာဖြင့် ပြောသည်။
"ဘိုးဘေးနတ်ဘုရားပစ္စည်းအတု၊ ၎င်း၏တိုက်ခိုက်ရေးစွမ်းအား နှစ်ဆတိုးမြင့်နိုင်တာ လား?"
လူတိုင်းသည် အေးစက်စက်လေကို ရှုရှိုက်လိုက်ကြသည်။
ဤမဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်အတွင်းမှာ, ဘိုးဘေးနတ်ဘုရားပစ္စည်းအတု ကို မဆိုထားနှင့်, နတ်ဘုရားပစ္စည်းများပင် အလွန်အမင်း အသုံးဝင်ပါသည်။
သာမာန် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများသည် ဘိုးဘေးနတ်ဘုရား ပစ္စည်းများကို ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်ကို ပိုင်ဆိုင်ထားခြင်းမရှိပါက ၎င်းတို့ကို အမှန်တကယ် အသုံးမပြုနိုင်ပါ။ သို့သော်၊ ဘိုးဘေးနတ်ဘုရားပစ္စည်းအတုသည် ကွဲပြားပါ သည်။ ဘိုးဘေးနတ်ဘုရားပစ္စည်းအတုသည် ကောင်းကင်နတ်ဘုရား၏ တန်ခိုးဖြင့် တိုက်ရိုက် အသက်သွင်းနိုင်သည့် ဘိုးဘွားနတ်ဘုရားအဆင့် ပစ္စည်းထက် အားနည်းသော ဗားရှင်းတစ်ခု ဖြစ်သည်။ ထို့ကြောင့်၊ ဤမဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်တွင် ဘိုးဘေးနတ်ဘုရားပစ္စည်းအတုတစ်ခု၏တန်ဖိုးသည် လုံးဝ အကြီးမြတ်ဆုံး ဖြစ်သည်။
ပင်လယ်နတ်ဆိုးဘုရင်သည် ထိုစကားကိုကြားသောအခါ သူ၏မျက်လုံးများက တောက်ပလာခဲ့သည်။
ယခုအချိန်တွင်၊ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၂၀ သို့ တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းသာ ဝေးတော့သည်။ သို့သော်၊ အကယ်၍, သူသည် ဤဘိုးဘေးနတ်ဘုရားပစ္စည်းအတုကို ပိုင်ဆိုင်သည်နှင့် တစ်ပြိုင်နက်၊ သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင်သည်အထိ အမီလိုက်နိုင် မည် ဖြစ်ပြီး ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ထဲသို့ပင် ဝင်ရောက်သွားနိုင် သည်။
ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်သည် စကြာဝဠာတစ်ခုလုံးကို လွှမ်းခြုံထား သည်။ ဤစကြဝဠာအတွင်းရှိ မည်သည့်သက်ရှိမဆို ကောင်းကင်ဘုံအဆင့် သတ်မှတ်ချက် များဖြင့် မှတ်တမ်းတင်ထားနိုင်သည်။ ထို့ကြောင့် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင်မှ ကျွမ်းကျင်သူများပင် ခြွင်းချက် မရှိပေ။ ၎င်းတို့ သည်လည်း ကောင်းကင်ဘုံတန်ခိုး အဆင့်သတ်မှတ်ချက်၏ အဆင့်များတွင် ပါဝင်ကြ သည်။
"မင်းရဲ့ ဘိုးဘေးနတ်ဘုရားပစ္စည်းအတုက အရမ်း အစွမ်းထက်ပါတယ်။ ဒါပေမယ့် အရှင် ပင်လယ်နတ်ဆိုးဘုရင်က မီးကျင်ကြံသူ မဟုတ်ဘူး။ ဒါကြောင့် အရှင်ပင်လယ်နတ်ဆိုး ဘုရင်ရဲ့လက်ထဲမှာ မင်းရဲ့ဘိုးဘေးနတ်ဘုရားပစ္စည်းအတုက သူ့တိုက်ခိုက်ရေး စွမ်းအား ကို အများဆုံး ၅၀ ရာခိုင်နှုန်းပဲ တိုးပေးနိုင်တယ်။ မင်းပြောတဲ့အတိုင်း နှစ်ဆ တိုးနိုင်ဖို့က မဖြစ်နိုင်ဘူး။" ဒီအချိန်မှာပင် မျက်ခုံးရှည်ရှည် မျက်လုံးကျဉ်းကျဉ်းနှင့် အဘိုးကြီး တစ်ယောက်က ပြောသည်။
"မင်းက အယုတ်တမာအိုကြီးပဲ" နှုတ်ခမ်းမွှေး အဘိုးအိုက ချက်ချင်း ထိုလူကို စိုက်ကြည့် လိုက်သည်။ တစ်စုံတစ်ယောက်က သူ့ပစ္စည်းနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြသခဲ့သည့် အတွက် ယင်းက သူ့ကို အလွန်ဒေါသထွက်စေခဲ့သည်မှာ သိသာထင်ရှားပါသည်။
မျက်လုံးကျဉ်းကျဉ်း အဖိုးအိုက အေးစက်စွာ ပြုံးလိုက်ပါသည်။ မုတ်ဆိတ်မွေး အဘိုးကြီး၏ အကြည့်တွေကို သူ လုံးဝ ဂရုမစိုက်ပါဘူး။ ယင်းအစား၊ သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးကာ ပင်လယ်နတ်ဆိုးဘုရင်အား ပြောသည် "အရှင်ပင်လယ်နတ်ဆိုးဘုရင်၊ ကျွန်ုပ်နှင့် အတူ ယူဆောင်လာသော ရတနာက သင့်ကို သေချာပေါက် စိတ်ကျေနပ်စေမှာပါ။ ဒီရတနာက ရှေးဦးကောင်းကင်ဘုံကျောက်တုံးထက်ဖြစ်စေ, ဘိုးဘေးနတ်ဘုရားပစ္စည်း အတုထက်ဖြစ်စေ, ဆယ်ဆ ဒါမှမဟုတ် အဆတစ်ရာ သာလွန်မှာ သေချာပါတယ်။"
"အိုး? အဲဒါဘာလဲ?" ပင်လယ်နတ်ဆိုးဘုရင်လည်း သိလိုစိတ်ပြင်းပြသည့် အမူအရာကို ထုတ်ပြလိုက်ပါသည်။
မျက်လုံးကျဉ်းကျဉ်းနှင့် အဖိုးအိုက ပြုံးပြီး ပြောသည်။"ရှေးဦီးလျှပ်စီးအရင်းအမြစ်"
"ရှေးဦီးလျှပ်စီးအရင်းအမြစ်လား" ပင်လယ်နတ်ဆိုးဘုရင်၏ မျက်လုံးများက ပြူးကျယ် သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ထောင့်စွန်းတနေရာမှ ချင်ယွင်သည်လည်း အံ့အားသင့်သည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။