← Chapters

အခန်း ၁၆၃၂

Vol. 109 Ch. 1632

အခန်း ၁၆၃၂

Vol. 109 Ch. 1632

အခန်း (၁၆၃၂) ရှေးဦီးကောင်းကင်ဘုံလျှပ်စီးသစ်သီး

ရှေးဦီးလျှပ်စီးအရင်းအမြစ်သည် စကြာဝဠာ၏အစတွင် မွေးဖွားခဲ့သည့် အနှိုင်းမဲ့ စွမ်းအားကြီးမားသော လျှပ်စီးအရင်းမြစ်တစ်ခု ဖြစ်သည်။

ဤလျှပ်စီးအမျိုးအစားသည် အလွန်ရှားပါးပြီး ထူးဆန်းသော်လည်း ၎င်း၏စွမ်းအားမှာ အလွန်မင်း အစွမ်းထက်ပါသည်။ ၎င်းသည် ရှေးဟောင်းဖရိုဖရဲလျှပ်စီး အထက်မှာပင် ဖြစ်နိုင်သည်။

ဤလျှပ်စီးအမျိုးအစားသည် အစပိုင်းမှာ အားကောင်းခြင်း မရှိသော်လည်း ၎င်းတွင် ထူးခြားသော သွင်ပြင်တစ်ခု ပါရှိသည်။ ဆိုလိုသည်မှာ ၎င်းတွင် ကိုယ်ပိုင်ဉာဏ်ရည် ဉာဏ်သွေးကို ပိုင်ဆိုင်သောကြောင့် ရှေးဦီးလျှပ်စီးအရင်းအမြစ်ကို လျှပ်စီးသတ္တဝါဆန်း ဟုလည်း ခေါ်ဆိုခဲ့ကြသည်။

တစ်နည်းအားဖြင့်၊ ၎င်းသည် သက်ရှိပုံစံသစ်ကို ဖန်ဆင်းနိုင်သောကြောင့် ရှေးဦီးလျှပ်စီး အရင်းအမြစ်လည်း ကြီးထွားနိုင်ခြင်း သဘောသဘာဝလည်း ရှိသည်။

ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီးသည် အခြားလျှပ်စီးများကို ဝါးမျိုခြင်းဖြင့် သူ့ကိုယ်သူ တောက်လျှောက် ကြံ့ခိုင်သန်မာစေနိုင်သည်။ ထို့ကြောင့် ဤလျှပ်စီးသည် တုနှိုင်းမရ လောက်အောင် အစွမ်းထက်သော လျှပ်စီးတစ်ခုအဖြစ်သို့ အလွယ်တကူ ပေါက်ရောက်နိုင် သည်။ ထို့ကြောင့်၊ ရှေးဦီးလျှပ်စီးအရင်းအမြစ်သည် လျှပ်စီးစွမ်းရည်ကို ကျင့်ကြံသူများ အတွက် အထွက်အထိပ် ရတနာတစ်ခု ဖြစ်သည်။

ချင်ယွင် ရှေးဟောင်းဖရိုဖရဲလျှပ်စီး၏ ဉပဒေသနှင့် ပေါင်းစပ်ထားသည့် အနက်ရောင် လျှပ်စီးနဂါးငယ်လေးသည် တကယ်တော့ လျှပ်စီးအရင်းအမြစ်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုနဂါးငယ်လေးသည် မွေးစကတည်းက ကိုယ်ပိုင်ဉာဏ်ရည် ဉာဏ်သွေး ရှိနေခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် အခြားလျှပ်စီးများကို ဝါးမျိုခြင်းဖြင့်လည်း သူ့ကိုယ်သူ အားကောင်းလာစေနိုင်သည်။

ချင်ယွင်သည် နတ်ဘုရားကမ္ဘာထဲသို့ ဝင်ရောက်ပြီးနောက် လျှပ်စီးနဂါးငယ်၏ မူလဇစ်မြစ် ကို အချိန်အတော်ကြာမှ သိရှိခဲ့သည်။

ဤလျှပ်စီးသတ္တဝါဆန်း အမျိုးအစားကို စကြာဝဠာတွင် မတွေ့နိုင်ဟု မူလက သူ ထင်ထားခဲ့သော်လည်း ဤလျှပ်စီးသတ္တဝါဆန်း အမျိုးအစားကို ဤနေရာတွင် ထပ်မံ ကြုံတွေ့ရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ယခုအချိန်တွင်၊ ချင်ယွင်၏ လျှပ်စီးသတ္တဝါဆန်းလေးသည် အဆင့်မတက်နိုင်ဘဲ ပိတ်ဆို့နေ ပြီဖြစ်သည်။ သူ့လျှပ်စီးစွမ်းအားသည် ရှေးဟောင်းဖရိုဖရဲလျှပ်စီးနှင့် ယှဉ်နိုင်သော်လည်း အခြေခံအားဖြင့် ချင်ယွင်အတွက် များစွာအထောက်အကူ မဖြစ်တော့ပေ။ အကယ်၍, ရှေးဦီးလျှပ်စီးအရင်းအမြစ်ဖြင့် တစ်ဖန်အဆင့်မြင့်တင်နိုင်ပါက, ချင်ယွင်၏ တိုက်ခိုက်ရေး စွမ်းအားသည် အလွန်ကြီးမားသော အဆင့်တစ်ခုအထိ တိုးမြင့်လာမည် ဖြစ်သည်။

ပင်လယ်နတ်ဆိုးဘုရင်သည် မျက်လုံးကျဉ်း အဘိုးအို၏ စကားကိုကြားသောအခါ သူ၏မျက်နှာက အသည်းအသန် စိတ်ဝင်စားသည့် အမူအရာ ပေါ်လာသည်။ ထင်ရှားသည် မှာ၊ သူကိုယ်တိုင်လည်း လျှပ်စီးကျင့်ကြံသူတစ်ဦး ဖြစ်သည်။

မျက်လုံးပြာ နဂါးနက်ဝေလငါးသည် မူလကတည်းက တန်ခိုးကြီးသည့် လျှပ်စီးစွမ်းရည် ပိုင်ဆိုင်သော ရှေးဦးနတ်ဘုရားသားရဲ ဖြစ်သည်။ ၎င်းသည် လျှပ်စီးစွမ်းရည်အရာမှာ ထူးကဲသော ပါရမီဖြင့် မွေးဖွားလာခဲ့ပြီး၊ လျှပ်စီး၏ချစ်လှစွာသော သားတော် ဖြစ်ခဲ့သည်။ ချင်ယွင်၏ ကိုယ်ပွားဖြစ်သည့် အမှောင်နတ်ဆိုးနဂါးနှင့် တူညီသော သွေးမျိုးဆက်ရှိသည် ဟု ဆိုနိုင်သည်။

သူတို့၏အဆင့်တွင်၊ သာမန်နတ်ဘုရားလျှပ်စီးများသည် သူတို့၏ကျင့်ကြံမှုအပေါ် အနည်းငယ်မျှပင် အကျိုးသက်ရောက်မှု မရှိတော့ပေ။ ရှေးဟောင်းဖရိုဖရဲနတ်ဘုရား လျှပ်စီးနှင့် ရှေးဦီးလျှပ်စီးအရင်းအမြစ်ကဲ့သို့ အနှိုင်းမဲ့ ပြင်းထန်သော လျှပ်စီးများကသာ ၎င်းတို့အတွက် အကူအညီ ဖြစ်ပါလိမ့်မည်။ သို့သော်၊ လူတစ်ဦးသည် ရှေးဦီးလျှပ်စီး အရင်းအမြစ်နှင့် ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီး အရင်းမြစ်နှစ်ခုစလုံးကို ကြုံတွေ့ ရနိုင်ပြီး၊ ရှေးဦီးလျှပ်စီးအရင်းအမြစ်ကို အမှန်တကယ် ပိုင်ဆိုင်ရန် မမျှော်လင့်ထားပေ။

"မင်းရဲ့ ရှေးဦီးလျှပ်စီးအရင်းအမြစ်က ဘယ်လောက်အထိ ပြုစုပျိုးထောင်ပြီးပြီလဲ။" ပင်လယ်နတ်ဆိုးဘုရင်က ကမန်းကတန်း မေးလိုက်သည်။

မျက်လုံးကျဉ်း အဖိုးအိုသည် သူ၏ ရှည်လျားသော မျက်ခုံးမွှေးများကို ထိလိုက်ပြီး ပြုံးကာ ပြောသည် "သူက ဖရိုဖရဲနတ်ဘုရားလျှပ်စီးအဆင့်ကို ကျော်လွန်ပြီး အကြီးမြတ်ဆုံး ဖရိုဖရဲနတ်ဘုရားလျှပ်စီးအဆင့်ကို ရောက်ရှိနေပြီ"

"အကြီးမြတ်ဆုံး ဖရိုဖရဲနတ်ဘုရားလျှပ်စီးလား။ တကယ်လို့, ငါသာ ဒီရှေးဦီးလျှပ်စီး အရင်းအမြစ်ကို မျိုချလိုက်နိုင်ရင်၊ ငါ့ခန္ဓာကိုယ်ကို ဘိုးဘေးနတ်ဘုရားအဆင့်အထိ ထက်မြက်အောင် လုပ်ဆောင်နိုင်မှာ မဟုတ်ဘူးလား။ အဲဒီအချိန်မှာ၊ ငါ့ရဲ့ခွန်အားက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ထဲ သေချာပေါက် ဝင်ရောက်နိုင်လိမ့်မယ်” ဒါမှမဟုတ် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်း ၁၀၀ ကိုတောင် ဝင်နိုင်လောက်တယ်။" ပင်လယ်နတ်ဆိုးဘုရင်က သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ပြောသည်။

အမှန်အတိုင်းပြောရလျှင် သူသည် စိတ်လှုပ်ရှားသွားရသည်။ ဤရှေးဦီးလျှပ်စီး အရင်းအမြစ်သည် သူ့အတွက် အလွန်အထောက်အကူ ဖြစ်လိမ့်မည်။ ဤရှေးဦီးလျှပ်စီး အရင်းအမြစ်ကို သူရရှိသရွေ့၊ သူ၏ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်သည် အရည်အသွေးတစ်ခု အနေဖြင့် ခုန်ပျံကျော်လွှား မြင့်တက်သွားနိုင်လိမ့်မည်။

နတ်ဆိုးကျင့်ကြံသူများနှင့် နတ်ဆိုးနတ်ဘုရားကျင့်ကြံသူများသည် သူတို့၏ခန္ဓာကိုယ်ကို အာရုံစိုက်ကြသည်။ သို့သော်, နတ်ဆိုးနတ်ဘုရားကျင့်ကြံသူများသည် သူတို့၏ ရုပ်ခန္ဓာ ကိုယ်ကို နတ်ဆိုးနတ်ဘုရားရုပ်ခန္ဓာကိုယ်အထိ ရောက်ရှိအောင် မြင့်တင်ပေးရုံ သက်သက် သာဖြစ်သည်။ သို့သော် နတ်ဆိုးကျင့်ကြံသူများက ခြားနားကြပါသည်။ ယေဘုယျအားဖြင့် သူတို့သည် သူတို့၏ရုပ်ခန္ဓာနှင့် နတ်ဆိုးတန်ခိုးစွမ်းအား နှစ်မျိုးစလုံးကို ကျင့်ကြံသည်ဟု ဆိုနိုင်ပါသည်။ သူတို့သည် အတွင်းပိုင်းနှင့် အပြင်ပိုင်းပါ ကျင့်ကြံကြသည်ဟု ပြော၍ရပါ သည်။ ထို့ကြောင့် အဆင့်တူ နတ်ဆိုးကျင့်ကြံသူများသည် များသောအားဖြင့် အလွန် အစွမ်းထက်ကြသည်။

ချင်ယွင်သည်လည်း အနည်းငယ် အံ့ဩသွားသည်။ သူ့ရှေးဦီးလျှပ်စီးအရင်းအမြစ်သည် အခုမှ ဖရိုဖရဲနတ်ဘုရားလျှပ်စီးအဆင့်အထိသာ ကြီးထွားလာခဲ့သော်လည်း တဖက်လူ၏ ရှေးဦီးလျှပ်စီးအရင်းအမြစ်သည် ဖရိုဖရဲနတ်ဘုရားလျှပ်စီးအဆင့်ကို ကျော်လွန်ပြီး၊ အကြီးမြတ်ဆုံး ဖရိုဖရဲနတ်ဘုရားလျှပ်စီးအဆင့်သို့ ရောက်ရှိနေလိမ့်မည်ဟု သူ မမျှော်လင့် ခဲ့ပေ။

ထိုအကြီးမြတ်ဆုံး ဖရိုဖရဲနတ်ဘုရားလျှပ်စီးသည် မည်မျှ အစွမ်းထက်လဲဆိုသည်ကို သူ သိကောင်းမှသိပေလိမ့်မည်။

သာမန် ဖရိုဖရဲနတ်ဘုရားလျှပ်စီးသည် အများဆုံး အစောပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများကို သတ်ပစ်နိုင်ပြီး၊ တစ်ခါတစ်ရံ ၎င်းတို့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိစေနိုင်သော်လည်း၊ လက်မထူရှိသော ဖရိုဖရဲနတ်ဘုရားလျှပ်စီးသည် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူကို တိုက်ရိုက် သတ်ပစ်နိုင်သည်။ ဤအရာ မှတဆင့်၊ ဤပြိုင်ဘက်ကင်း ဖရိုဖရဲနတ်ဘုရားလျှပ်စီးသည် မည်မျှ အစွမ်းထက်မည်ကို တွေ့မြင်နိုင်သည်။

"ငါ့ရဲ့လျှပ်စီးနဂါးငယ်လေးက ဒီလူရဲ့ လျှပ်စီးအနှစ်သာရကို ဝါးမျိုစားနိုင်ခဲ့ရင်, ငါ့ရဲ့လျှပ်စီး နဂါးလေး ဘယ်လောက်အထိ ကြီးထွားလာမလဲဆိုတာ ငါ သိချင်မိတယ်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး သူ့နှလုံးသားက မျှော်လင့်ချက်များဖြင့် ပြည့်နေခဲ့သည်။

ပတ်ဝန်းကျင်က ပညာရှင်တွေလည်း အံ့ဩသွားကြသည်။ ဤအဘိုးအို၏ ရှေးဦီးလျှပ်စီး အရင်းအမြစ်၏ ကြီးထွားမှုကြောင့် သူတို့အားလုံး အံ့ဩသွားကြသည်။

"ဒီထက် အစွမ်းထက်တဲ့ ရတနာကို ထုတ်ပေးနိုင်သူ ရှိသေးလား။ မဟုတ်ရင် ဒီဖန်လုံမှတ်စု က မိုးကြိုးကောင်းကင်နန်းတော်က ပိုင်ဆိုင်လိမ့်မယ်" ပင်လယ်နတ်ဆိုးဘုရင်က ထပ်ပြောသည်။

ခန်းမတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားကာ မည်သူမှ စကားမပြောကြပေ။

မိုးကြိုးကောင်းကင်နန်းတော်မှ အဖိုးအိုအနေဖြင့်, သူသည် မောက်မာစွာ လှည့်ပတ်ကြည့် ရင်း သူ့နှာခေါင်းပေါက်များက မြင့်တက်လာခဲ့သည်။ သူ့ကိုယ်သူ အရမ်းကို ဂုဏ်ယူနေ သည်မှာ ထင်ရှားပါသည်။

အရပ်ပုပုအဘိုးအိုနှင့် မုတ်ဆိတ်ရှည် အဘိုးအိုတို့သည် ခဏတာ စိတ်ဓာတ်ကျသွားခဲ့ပြီး၊ ပြောစရာစကား မရှိတော့ပေ။ သူတို့သည် တိတ်တိတ်လေး သက်ပြင်းချရုံသာ တတ်နိုင်ခဲ့သည်။

ဤမြင်ကွင်းကို အနီးနားရှိ လူတိုင်း မြင်ကြပြီး၊ ယခုတစ်ကြိမ် ဖန်လုံမှတ်စုသည် မိုးကြိုး ကောင်းကင်နန်းတော်သို့ ပါသွားတော့မည်ဟု တွေးထင်နေခဲ့ကြသည်။ သို့သော် ထောင့် တစ်နေရာတွင် ရပ်နေသော ချင်ယွင်သည် ဘာမှပြန်မပြောပေ။ နတ်ဘုရားတစ်ရာ ညစာ စားပွဲသည် ဤကဲ့သို့ အဆုံးသတ်လိမ့်မည်ဟု သူ မထင်ပေ။ ဤအရာအားလုံးက အခုမှ အစပင် ရှိပါသေးသည်။ တကယ့်ပညာရှင်တွေက ထွက်မလာသေးပါဘူး။

"ဟား..၊ ဟား…၊ ရှေးဦီးလျှပ်စီးအရင်းအမြစ်က ဘာမှမဟုတ်ဘူး။ မင်းဟာက ငါ့ရဲ့ ကောင်းကင်ဘုံလျှပ်စီးသစ်သီးနဲ့ ယှဉ်နိုင်ပါ့မလား"

သေချာပါသည်၊ ထိုအချိန်မှာပင် ခန်းမထဲမှာ ကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာ သည်။

ထို့နောက် ထွားကျိုင်းသန်မာသော အမျိုးသားတစ်ဦးသည် ခန်းမအပြင်ဘက်မှ လျှောက်ဝင်လာကာ အနှိုင်းမဲ့ ဂုဏ်သိက္ခာကြီးမားသည့် အငွေ့အသက်ကို ထုတ်လွှတ်နေ သည်။

"အုပ်စိုးရှင်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်၊ သူက တကယ်ကို ကိုယ်တိုင်လာခဲ့ တာလား..။"

ပတ်ဝန်းကျင်တစ်ခုလုံး တုန်လှုပ်ချောက်ချားစွာ အော်ဟစ်သံများဖြင့် ပြည့်နှက်နေပြီး ရောက်ရှိလာသူ၏ အမည်နာမကြောင့် အားလုံး တုန်လှုပ်သွားကြသည်။

ချင်ယွင်သည်လည်း လူထွားကြီးကို စူးစူးစိုက်စိုက် ကြည့်ရင်း သူ့မျက်လုံးများတွင် စူးစမ်းလိုစိတ်တစ်ခု ပေါ်လာသည်။

သူ့ရှေ့မှ ဤလူထွားကြီးသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်တွင် ထင်ရှားနေပြီး ဉပဒေသ၏ အစစ်မှန် အဓိပ္ပာယ်ကို နားလည်ထားပုံရသည်။ သို့သော်၊ သူ၏ အငွေ့အသက်သည် ပင်လယ်နတ်ဆိုးဘုရင်လောက် မပြင်းထန်သော်လည်း၊ သာမာန် အထွက်အထိပ် ကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူများထက်လည်း များစွာ ပြင်းထန်သည်။

ယောင်ဖုန်းသည် နဂါးချောက်နက်ပင်လယ် အနီးတစ်ဝိုက်တွင် အဓိကအင်အားစုကြီး ခုနစ်ခုရှိကြောင်း အကြမ်းဖျင်း ပြောပြထားပြီး ဖြစ်သည်။ ၎င်းတို့မှာ ကျောက်စိမ်း ကောင်းကင်နန်းတော်၊ မိုးရေစက်ကောင်းကင်နန်းတော်၊ မိုးကြိုးကောင်းကင်နန်းတော်၊ ထျန်းဟန်နန်းတော်၊ အုပ်စိုးရှင်ကောင်းကင်နန်းတော်၊ ဟွန်ထျန်းနန်းတော်နှင့် နတ်ဆိုး ကောင်းကင်နန်းတော်တို့ ဖြစ်သည်။

ယခင် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်ပညာရှင် ခုနစ်ဦးသည် ကောင်းကင်ဘုံ နန်းတော်ခုနစ်ခုမှ ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သို့သော်, သူတို့သည် အုပ်စိုးရှင် ကောင်းကင်နန်းတော်၏ နန်းတော်သခင်သည် ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာမည်ဟု မမျှော်လင့်ခဲ့ကြပေ။

"ရှေးဟောင်းကောင်းကင်ဘုံ လျှပ်စီးသစ်သီးလား။ အုပ်စိုးရှင်ကောင်းကင်နန်းတော်က ရှေးဟောင်းကောင်းကင်ဘုံ လျှပ်စီးသစ်သီးကို တကယ်ကို ပိုင်ဆိုင်ထားတာပဲ။ လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အလန့်တကြား တုန့်ပြန်ပြောလိုက်သည်။ ထိုမှသာ လူအုပ်ကြီးသည် အုပ်စိုးရှင်ကောင်းကင်နန်းတော် နန်းတော်သခင်၏ စကားကို ပြန်သတိရသွားကြသည်။ သူတို့အားလုံး တုန်လှုပ်သွားကြပြန်သည်။

ပင်လယ်နတ်ဆိုးဘုရင်လည်း မှင်သက်သွားပြီး၊ အံ့သြသွားသည့် အမူအရာတစ်ခုကို ထုတ်ဖော်လိုက်သည်။

"ရှေးဟောင်း ကောင်းကင်ဘုံလျှပ်စီးသစ်သီး၊ အဲဒါက ဘာလဲ" ချင်ယွင်က စိတ်ရှုပ်ထွေးစွာ ရေရွတ်လိုက်သည်။

သူသည် ဤရှေးဟောင်းကောင်းကင်ဘုံလျှပ်စီးသစ်သီးအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့ ပေ။

“ကောင်စုတ်လေး၊ မင်း ဒါကို မသိဘူးလား။ ဒီရှေးဟောင်းကောင်းကင်ဘုံလျှပ်စီး သစ်သီးက ပစ္စည်းကောင်းပဲကွ။ အဲဒီရှေးဦးလျှပ်စီးအရင်းအမြစ်ထက် ဆယ်ဆပိုပြီး တန်ဖိုးရှိတယ်။" လျှိုဘို၏အသံက ချင်ယွင်၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"အိုး…၊ အရမ်းအဖိုးတန်​တာလား…" ချင်ယွင် အံ့သြစွာ​ ပြောလိုက်​သည်​။

All Chapters