← Chapters

အခန်း ၁၆၃၄

Vol. 109 Ch. 1634

အခန်း ၁၆၃၄

Vol. 109 Ch. 1634

အခန်း (၁၆၃၄) ဖန်လုံ၏မှတ်စု

"ငါ့ရတနာက ကောင်းကင်ဘုံလျှပ်စီးသစ်သီးထက် နိမ့်ကျပေမယ့် အဲဒါကလည်း အနှိုင်းမဲ့ ရှားပါး ရတနာတစ်ခုပါပဲ" ဒွမ်ဟွန်ချန် ရယ်မောလိုက်သည်။

"ဟမ့်၊ ဒါဆို ငါ့ကိုပြောစမ်းပါဦး။ ငါ့ရဲ့ ကောင်းကင်ဘုံလျှပ်စီးသစ်သီးထက် ဘယ်ရတနာက ပိုအသုံးဝင်လဲဆိုတာ ငါ ကြည့်ချင်တယ်" အုပ်စိုးရှင်ကောင်းကင်နန်းတော်၏ နန်းတော် သခင်က မယုံကြည်ဟန်ဖြင့် ပြောလိုက်သည်။

ရုတ်တရက် အားလုံးလည်း ဒွမ်ဟွန်ချန်ကို ကြည့်လိုက်ကြပြီး ပင်လယ်နတ်ဆိုးဘုရင်သည် ပင် စူးစမ်းလိုသည့် အမူအရာကို ဖော်ပြလာသည်။

ဒွမ်ဟွန်ချန်၏မျက်နှာက အပြုံးများဖြင့် ပြည့်နှက်နေသေးပြီး ပြောလိုက်ပါသည် "ဒီအချိန် ငါယူလာခဲ့တဲ့ ငါတို့နတ်ဆိုးကောင်းကင်နန်းတော်ရဲ့ ရတနာက နှစ်ပေါင်း တစ်သိန်းမက သက်တမ်းရှိတဲ့ နတ်ဘုရားဆေးပင်တစ်မျိုးပဲ"။

"နှစ်ပေါင်းတစ်သိန်းမက သက်တမ်းရှိတဲ့ နတ်ဘုရားဆေးပင်လား။ ဟင့်အင်း၊ ဒါဆို ငါ့ရဲ့ ကောင်းကင်ဘုံလျှပ်စီးသစ်သီးနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ။" အုပ်စိုးရှင် ကောင်းကင် နန်းတော်၏ နန်းတော်သခင်က အထင်သေးစွာ ပြောလိုက်သည်။

ပင်လယ်နတ်ဆိုးဘုရင်၏ မျက်လုံးများက စိတ်ပျက်သွားသည့် အမူအရာကို ဖော်ထုတ် လိုက်သည်။ သို့သော် ထောင့်စွန်းမှ ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ဒွမ်ဟွန်ချန် ပြောနေသည့် ရတနာသည် သူ့ကိုပြောနေမှန်း သူကိုယ်တိုင်ပင် မသိသေးသည် လင်ဒေါင်ကို ကြည့်လိုက်မိသည်။

ဒွမ်ဟွန်ချန်သည် ပတ်ဝန်းကျင်မှ လူများ၏အမူအရာကြောင့် မအံ့သြပေ။ သူက ပြုံးပြီး ဆက်ပြောသည် "ဒါက အနှစ်တစ်သိန်းမက သက်တမ်းရှိတဲ့ နတ်ဘုရားဆေးပင်ပဲဆိုရင် တော့ ကြီးကြီးမားမား မဟုတ်ဘူးပေါ့။ ဒါပေမယ့် ဒီနတ်ဘုရားဆေးပင်က လူသားပုံစံအဖြစ် ပြောင်းလဲနိုင်ပြီး ကောင်းကင်နတ်ဘုရားနယ်ပယ်ရဲ့ အလယ်လတ်အဆင့်ကို ရောက်သွား ခဲ့ပြီးဆိုရင်ကော။"

"အယ်၊ လူသားပုံစံ ဝိညာဉ်ဆေးပင်လား" လူတိုင်းက ထိတ်လန့်စွာ အော်ဟစ်ကြသည်။

ပင်လယ်နတ်ဆိုးဘုရင်လည်း စိတ်ဝင်တစား အမူအရာကို ဖော်ပြလာပြီး “ဒါဆို မင်းရဲ့ နတ်ဘုရားဆေးပင် နာမည်က ဘာလဲ” ဟု မေးလိုက်ပါသည်။

ဒွမ်ဟွန်ချန်က ပြုံးပြီး “နတ်ဘုရားနှင်းကျောက်စိမ်းဂျင်ဆင်း"

ထိုစကားတွေ ပြောပြီးသည်နှင့် ထောင့်နားမှာရှိနေသည့် လင်ဒေါင်သည် ထိတ်လန့် သွားပါသည်။ သူက ဒွမ်ဟွန်ချန်ကို မယုံကြည်နိုင်သည့် အရိပ်မြွက်ဖြင့် ကြည့်နေသည်။

နတ်ဘုရားနှင်းကျောက်စိမ်းဂျင်ဆင်းလား…။

သူ၏ အဓိကကိုယ်ထည်က နတ်ဘုရားနှင်းကျောက်စိမ်းဂျင်ဆင်း မဟုတ်လား။

လူသားပုံစံ နတ်ဘုရားဆေးပင်နှင့် အလယ်လတ် ကောင်းကင်နတ်ဘုရား နယ်ပယ်သည် သူ့အတွက် လုံး၀ လိုက်ဖက်ပါသည်။

လင်ဒေါင်သည် သူ့နားကိုပင် မယုံနိုင်တော့။ သူ၏ချစ်လှစွာသော ဆရာသခင်သည် သူ့ကို အရောင်းအ၀ယ်အဖြစ် အမှန်တကယ် အသုံးပြုလိုပါသလား။ သူသည် ကမ္ဘာကြီးတစ်ခုလုံး ပြိုလဲသွားသလို ခံစားလိုက်ရပါသည်။

“မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး၊ စီနီယာ အစ်ကိုကြီး၊ ဆရာပြောနေတာက အမှန်မဟုတ်ဘူး မလား” လင်ဒေါင်လည်း စိတ်လှုပ်ရှားနေခဲ့ပြီ။ သူသည် သူ၏စီနီယာ အလုပ်သင် အစ်ကို ဖြစ်သူကို သူ့အနား အမြန်ဆွဲပြီး မေးလိုက်သည်။

သို့သော် သူ့စီနီယာအစ်ကိုက သူ့ဝတ်စုံလက်မောင်းကို ခါယမ်းပြီး ပြောလိုက်သည် "မင်းက နဂိုကတည်းက ဆရာကြီး ပြုစုပျိုးထောင်ခဲ့တဲ့ နတ်ဘုရားဆေးပင်ပဲလေ။ အခုအချိန်မှာ ရင့်မှည့်လာတော့ ဆရာကြီးက သဘာဝအတိုင်း လာပြီး စုဆောင်းမှာပဲ။ မင်းက မွေးလာက တည်းက နတ်ဘုရားဆေးပင်အဖြစ် မွေးလာခဲ့ပြီး မင်းရဲ့တန်ဖိုးကို တခြားသူတွေကို ပေးကမ်းဖို့ပဲလေ။ ဒါက မင်းရဲ့ကံကြမ္မာပဲ”။

လင်ဒေါင်သည် လျှပ်စီးထိမှန်သွားအတိုင်း မသိစိတ်မှ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက် သည်။

သူ့စီနီယာအစ်ကို၏ အကြည့်တွေက သူ့အား မကြုံစဖူး အေးစက်မှုနှင့် ရက်စက် ကြမ်းကြုတ်မှုကို ခံစားရစေပြီး သူ့စိတ်ကို လွတ်သွားစေခဲ့သည်။

ချင်ယွင်သည် မျက်ခုံးပင့်သွားသည်။ အရာအားလုံးက သူမျှော်လင့်ထားသည့် အတိုင်းပင်။ ဤလင်ဒေါင်၏ ဆရာသခင်သည် လင်ဒေါင်ကို အရောင်းအ၀ယ်အဖြစ် အသုံးပြုရန် စီစဉ်နေသည်။

လင်ဒေါင်၏ မျက်နှာတွင် မျက်ရည်များဖြင့် ပြည့်နေပြီး စိတ်လှုပ်ရှားမှုကြောင့် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

သူ့စိတ်ထဲတွင် ဆရာကြီးသည် သူ့အား ပြန်လည်မွေးဖွားပေးခဲ့သည့် မိဘသဖွယ် ဖြစ်သော် လည်း၊ သူ့ဆရာသခင်သည် သူ့အား ကြီးပြင်းလာစေပြီး ကျင့်ကြံနိုင်ရန် ပြုစုပျိုးထောင်ပေး ကာ သူ့တန်ဖိုးမြင့်တက်လာသည်အထိ စောင့်ဆိုင်းနေမည်ဟု သူ ဘယ်တော့မှ မတွေး ထားခဲ့ပေ။

လင်ဒေါင်ထံမှ ရုန်းရင်းဆန်ခတ်ဖြစ်မူက ခန်းမအတွင်းရှိ လူတိုင်း၏စိတ်အာရုံကို သဘာဝ အတိုင်း ဆွဲဆောင်သွားခဲ့သည်။ အားလုံးက လင်ဒေါင်၏ ဦးတည်ရာဆီကို ကြည့်နေကြ သည်။

ပင်လယ်နတ်ဆိုးဘုရင်လည်း လင်ဒေါင်ကို စိုက်ကြည့်ရင်း ဂရုတစိုက် ကြည့်နေခဲ့သည်။ "သူက နတ်ဘုရားဆေးပင်လား"

"မှန်တယ်။ ဒီနတ်ဘုရားဆေးပင်ကို ငါရှာဖွေတွေ့ရှိခဲ့ပြီး၊ သက်တမ်းက အနှစ်ပေါင်း တစ်သောင်းမက ရှိနေပြီ။ နောက်ပိုင်းမှာ ငါက သူ့ကို လူသားအသွင်ပြောင်းပြီး ကျင့်ကြံနိုင် အောင် ကူညီပေးခဲ့တယ်။ အခုဆို နှစ်ပေါင်း တစ်သိန်းမက ရှိသွားပြီ။ ဒီနတ်ဘုရားဆေးပင် ရဲ့တန်ဖိုးက အနှိုင်းမဲ့ အဖိုးတန်တဲ့အဆင့်ကို ရောက်သွားပြီလို့ ပြောလို့ရတယ်။ ဒီနတ်ဘုရားဆေးပင်ကို ငါသောက်သုံးလိုက်တာနဲ့ ငါက အရှင်ပင်လယ်နတ်ဆိုးဘုရင်ရဲ့ ကျင့်ကြံမူအဆင့်အထိ သေချာပေါက် မြင့်တက်နိုင်စွမ်းရှိတယ်” ဒွမ်ဟွန်ချန်က ပြောသည်။

ပင်လယ်နတ်ဆိုးဘုရင်က ခေါင်းညိတ်ပြပြီး လင်ဒေါင်ကို တောက်လောင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူတို့သည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေကြပြီး၊ သူတို့၏ကျင့်ကြံမှုအဆင့်သည် တိုးတက်လာရန် ခက်ခဲသော်လည်း၊ တိုးတက်ရန်အတွက် နေရာရှိနေပါသေးသည်။

ဤနတ်ဘုရားဆေးပင်ကို သောက်သုံးနိုင်သရွေ့ သူ့ကျင့်ကြံမူအခြေခံက တိုးမြင့်လာကာ၊ သူ့ခန္ဓာကိုယ်ရှိ နတ်ဆိုးတန်ခိုးစွမ်းအားမှာလည်း ပိုမိုခိုင်မာလာမည် ဖြစ်သည်။ သူ၏ စွမ်းအားက အဆင့်သစ်တစ်ခုကို သေချာပေါက် ရောက်ရှိပါလိမ့်မည်။

ဤနတ်ဘုရားနှင်းကျောက်စိမ်းဂျင်ဆင်းသည် မူလကတည်းက နူးညံ့သိမ်မွေ့သော နတ်ဘုရားဆေးပင်တစ်မျိုး ဖြစ်သောကြောင့် စုပ်ယူရန် ပိုမိုလွယ်ကူမည် ဖြစ်သည်။

"မဆိုးဘူး၊ မဆိုးပါဘူး၊ နတ်ဘုရားနှင်းကျောက်စိမ်းဂျင်ဆင်းက ကောင်းကင်ဘုံ လျှပ်စီး သစ်သီးထက် တကယ်ကို လက်တွေ့ကျပါတယ်။" ပင်လယ်နတ်ဆိုးဘုရင်က ခေါင်းညိတ်လိုက်သည်။

ရှေးဟောင်းကောင်းကင်ဘုံ လျှပ်စီးသစ်သီးသည် အဖိုးတန်သော်လည်း စုပ်ယူ၍ မရပေ။ ၎င်းကို မည်သို့ အသုံးပြုရမည်နည်း။ ၎င်းသည် နတ်ဘုရားနှင်းကျောက်စိမ်းဂျင်ဆင်း လောက် လက်တွေ့မကျပေ။

ထိုစကားကိုကြားတော့ အုပ်စိုးရှင်ကောင်းကင်နန်းတော် နန်းတော်သခင်၏ မျက်နှာသည် ချက်ချင်းပင် ဖြူဖျော့သွားကာ၊ သူ့မျက်နှာမှာ မနေကျပ်စိတ်များ ပြည့်နေခဲ့သည်။

တစ်ဖက်တွင်မူ၊ ဒွမ်ဟွန်ချန်သည် သူ့မျက်နှာပေါ်တွင် ဆိုးသွမ်းသော လှောင်ပြောင်မှု တစ်ခုကို ဖော်ပြနေခဲ့ပြီး၊ သူ အလွန်ပျော်ရွှင်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစား၍ ရသည်။

"မင်း ငါ့ကို မစားရဘူး" လင်ဒေါင်က မကျေမနပ် အော်ဟစ်လိုက်ပြီး သူ့မျက်နှာမှာ မျက်ရည်တွေ စီးကျနေဆဲ။

သူသည် သူ့စီနီယာအစ်ကို ရှီဇွန်ကို သူ့မိသားစုအဖြစ် အမြဲတမ်း ဆက်ဆံခဲ့သော်လည်း၊ သူတို့က သူ့ကို နတ်ဘုရားဆေးပင်အဖြစ် ဆက်ဆံနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူတို့၏ အန္တိမရည်မှန်းချက်က သူ့ကို စားဖို့ဖြစ်သည်။ ဤအရာက သူ့နှလုံးသားကို နာကြည်းမှု အပြည့်နှင့် ပြည့်စေခဲ့သည်။

"ဟမ်၊ တပည့်ဆိုး၊ ဒါက မင်းကိစ္စမဟုတ်ဘူး" ဒွမ်ဟွန်ချန်က အေးစက်စွာ ဟစ်အော်လိုက် သည်။ ထို့နောက် သူသည် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ရာ တန်ခိုးကြီးသော နတ်ဘုရားတန်ခိုးစွမ်းအားက ပါးလွှာသော ချည်မျှင်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက် လင်ဒေါင်ကို အခိုင်အမာ လှောင်ပိတ်ထားလိုက်သည်။ သူ မည်မျှပင် ခက်ခက် ခဲခဲ ရုန်းကန်လှုပ်ရှားပါစေ မမလွတ်မြောက်နိုင်ခဲ့ပေ။

"ငါ့ကိုလွှတ်၊ ငါ့ကိုလွှတ်၊ မင်းတို့အားလုံး လူလိမ်တွေ" လင်ဒေါင်သည် အသည်းအသန် ရုန်းကန်နေသော်လည်း ဒွမ်ဟွန်ချန်၏ နတ်ဘုရားတန်ခိုးဖြင့် ဖွဲ့စည်းထားသော ကြိုးသည် ပိုမိုတင်းကျပ်လာပြီး လင်ဒေါင်၏ တစ်ကိုယ်လုံး နာကျင်စွာ ညီးညူသွားစေသည်။

ဒွမ်ဟွန်ချန်သည် ဤမြင်ကွင်းကို မြင်သောအခါ လှောင်ပြောင် ရယ်မောလိုက်သည်။ ထို့နောက် သူက ပင်လယ်နတ်ဆိုးဘုရင်ကို ကြည့်ကာ ပြောလိုက်သည် "အရှင်ပင်လယ် နတ်ဆိုးဘုရင်၊ ဒီနတ်ဘုရားနှင်းကျောက်စိမ်းဂျင်ဆင်းကို မင်း ကျေနပ်ပါရဲ့လား ငါ သိချင် မိတယ်"

"ကျေနပ်ပါတယ်၊ ကျေနပ်ပါတယ်။ ဒီနတ်ဘုရားနှင်းကျောက်စိမ်းဂျင်ဆင်းက ငါ လိုချင်တဲ့ အရာ အတိအကျပါပဲ။" ပင်လယ်နတ်ဆိုးဘုရင်က ဝမ်းသာအားရ ခေါင်းညိတ်သည်။

ဤနတ်ဘုရားနှင်းကျောက်စိမ်းဂျင်ဆင်းသည် သူ၏ဉပဒေသနှင့် အစစ်မှန် အဓိပ္ပာယ်ကို ကျင့်ကြံရာတွင် အထောက်အကူ မဖြစ်စေသော်လည်း၊ ၎င်းသည် ဘိုးဘေးနတ်ဘုရား တစ်ပိုင်းနှင့် နီးကပ်သော နယ်ပယ်တစ်ခုသို့ သူ၏နတ်ဘုရားတန်ခိုးစွမ်းအားကို သေချာ ပေါက် ရောက်ရှိစေနိုင်သည်။ ဤနည်းအားဖြင့်၊ သူသည် ကောင်းကင်နတ်ဘုရား အဆင့် သတ်မှတ်ချက်သို့လည်း တက်လှမ်းနိုင်လိမ့်မည်။

ဒွမ်ဟွန်ချန်သည် ပင်လယ်နတ်ဆိုးဘုရင်၏စကားကို ကြားသောအခါ သူ့မျက်နှာပေါ်ရှိ အပြုံးက ပို၍ ပီလာသည်။

"ဒီလိုဆိုမှတော့, ဖန်လုံမှတ်စုအတွက် ပင်လယ်နတ်ဆိုးဘုရင်နဲ့ အရောင်းဝယ်လုပ်ဖို့ ဒီ နတ်ဘုရားနှင်းကျောက်စိမ်းဂျင်ဆင်းကို အသုံးပြုမယ်။ အရှင်အနေနဲ့ သဘောတူမတူ မေးလို့ရမလား" ဒွမ်ဟွန်ချန်က ထပ်မေးသည်။

"သဘောတူတယ်" ပင်လယ်နတ်ဆိုးဘုရင်က ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။ သူ့လက်ကို လှန်လိုက်သည်နှင့် သူ့လက်ထဲတွင် ရွှေရောင်စာအုပ်တစ်အုပ် ပေါ်လာပြီး ရွှေရောင်တဖိတ်ဖိတ် တောက်ပနေသည်။

ထိုရွှေရောင်မှတ်စုစာအုပ်ကို စက္ကူဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပေ။ ယင်းအစား ၎င်းကို ရွှေရောင်သတ္တုအလွှာများဖြင့် ပြုလုပ်ထားသည်။ မျက်နှာပြင်သည် ထူးထူးခြားခြား နူးညံ့သည်။ စက္ကူနှင့်ထူးမခြားနားပေ။ ထို့အပြင်, ထိုရွှေသတ္တုသည် နတ်ဘုရားအာရုံကို အကာအကွယ်ပေးသည့် လုပ်ဆောင်ချက်တစ်ခု ရှိနေခဲ့သည်။

"ဒါက စီနီယာဖန်လုံ ကျန်ရစ်ခဲ့တဲ့ မှတ်စုလား။ ဒီမဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင် ကနေ ထွက်ခွာနိုင်ဖို့ လျှို့ဝှက်ချက်လား။"

ခန်းမအတွင်းရှိ လူတိုင်းသည် ရွှေရောင်မှတ်စုစာအုပ်ကို စူးစူးစိုက်စိုက် ကြည့်နေရင်း သူတို့၏မျက်နှာများတွင် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။

ဒွမ်ဟွန်ချန်၏ မျက်လုံးများသည် ရွှေရောင်စာအုပ်ကို တည့်တည့်စိုက်ကြည့် နေပြီး သူ့မျက်လုံးများက ပြင်းထန်သော လောဘနှင့် ပြည့်နှက်နေသည်။

ချင်ယွင်လည်း ရွှေရောင်စာအုပ်ကို ကြည့်ပြီး အံ့သြသွားသည်။ တစ်ခုခုမှားယွင်းနေသည်ဟု သူ ဘာကြောင့် ခံစားမိနေမှန်း မသိပေ။

"ဟား…၊ ဟား…၊ ပင်လယ်နတ်ဆိုးဘုရင်က တကယ်ကို တော်ပါပေတယ်။ သူက ဖန်လုံ မှတ်စုစာအုပ်ကို အတုထုတ်လုပ်ပြီး အစွမ်းထက် ရတနာတွေ အများကြီးနဲ့ လဲလှယ်ချင်နေ တယ်၊ တကယ်ကို လေးစားစရာပဲ။"

အားလုံးက သိချင်စိတ်ပြင်းပြနေချိန်မှာ ခန်းမအပြင်ဘက်က နောက်ထပ် ကျယ်လောင် သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အတုလား" ဤစကားကိုကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

All Chapters