အခန်း ၁၆၃၆
Vol. 110 Ch. 1636
အဓိပတိအင်မော်တယ်သခင် စာစဉ် (၁၁၀)
ဘာသာပြန်သူ နေဇင်။
အခန်း (၁၃၃၆) နတ်ဆိုးအမြုတေကို လွှဲပြောင်းပေးပါ။
"နန်းတော်သခင်တို့၊ ကြည့်ရတာ, မင်းတို့က မင်းတို့ရဲ့ရတနာတွေကို လွှဲပြောင်း မပေးချင် ဘူးထင်တယ်" အုပ်စိုးရှင် ကောင်းကင်နန်းတော်နှင့် နတ်ဆိုးကောင်းကင်နန်းတော်၏ နန်းတော်သခင်တို့၏ မျက်နှာများပေါ်မှ ချီတုံချတုံ အမူအရာများကို မြင်လိုက်ရသောအခါ ပင်လယ်နတ်ဆိုးဘုရင်က ချက်ချင်းပင် ဖိအားပေးလိုက်သည်။
အုပ်စိုးရှင် ကောင်းကင်နန်းတော်၏ နန်းတော်သခင်နှင့် ဒွမ်ဟွန်ချန်တို့သည် ထိုစကားကို ကြားသောအခါ ပို၍ပင် မျက်မှောင်ကြုတ်သွားကြသည်။
ပင်လယ်နတ်ဆိုးဘုရင်၏ ဖိအားကို သူတို့ ခံစားနိုင်သည်။ သူတို့ မပေးချင်ဟု ထုတ်ပြောဝံ့ သည်နှင့် နောက်အခိုက်အတန့်မှာ သူတို့သည် အထွတ်အထိပ် ထိုကောင်းကင်နတ်ဘုရား နယ်ပယ် ကျွမ်းကျင်ပညာရှင်ကဲ့သို့ မီးသွေးအဖြစ် ပြောင်းသွားလိမ့်မည်။
"ငါက ကောင်းကင်ဘုံလျှပ်စီးသစ်သီးကို ပေးဖို့ဆန္ဒရှိပါတယ်။" အုပ်စိုးရှင် ကောင်းကင် နန်းတော်၏ နန်းတော်သခင်က ပြောသည်။ ထို့နောက် သူက အနက်ရောင်သေတ္တာကို ထုတ်ယူလိုက်သည်။ ထိုသေတ္တာသည် လျှပ်စီးများကို အနှိုင်းမဲ့ ထူထဲစွာ ထုတ်လွှတ်နေ သည်။
"ဟား…၊ ဟား…၊ အုပ်စိုးရှင်ကောင်းကင်နန်းတော်ရဲ့ နန်းတော်သခင်က တကယ်ကို ဉာဏ်ကောင်းတယ်။ နတ်ဆိုးကောင်းကင်ဘုံနန်းတော်ရဲ့ နန်းတော်သခင်ကော။" နတ်ဆိုး ကောင်းကင်နန်းတော်၏ နန်းတော်သခင် ဒွမ်ဟွန်ချန်ကို တိုက်ရိုက်ကြည့်ရင်း ပင်လယ် နတ်ဆိုးဘုရင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
နတ်ဆိုးကောင်းကင်နန်းတော်၏ နန်းတော်သခင်သည် မလိုလားသော်လည်း သူလုပ်နိုင်သည့်အရာ ဘာမှမရှိဘူးဆိုသည်ကို သူ သိသည်။ ထို့ကြောင့် သူu “ငါလည်း နတ်ဆိုးကောင်းကင်နန်းတော်ရဲ့ ရတနာဖြစ်တဲ့ နတ်ဘုရားနှင်းကျောက်စိမ်းဂျင်ဆင်းကို အရှင်ပင်လယ်နတ်ဆိုးဘုရားအား ပေးလိုပါတယ်” ဟု ကူကယ်ရာမဲ့သာ ပြောနိုင်ပါသည်။
"ဟား…၊ ဟား….၊ ကောင်းတယ်" ပင်လယ်နတ်ဆိုးဘုရား ဟက်ဟက်ပက်ပက် ရယ်မော လိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် အဝေးက လင်ဒေါင်ကို လှမ်းကြည့်ရင်း အဝေးက လင်ဒေါင် ကို ယူဆောင်တော့မည်။
ဘန်း…။
ပင်လယ်နတ်ဆိုးဘုရင်သည် သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်ပြီး လင်ဒေါင်၏ခန္ဓာကိုယ်ကို တိုက်ရိုက် သက်ရောက်လာသည့် စုပ်ယူခြင်း စွမ်းအားတစ်ခုက ချက်ချင်း ရောက်ရှိလာ သည်။ ထို့နောက် လင်ဒေါင်ကို ဆွဲစုပ်ယူတော့မည်။
"ဆရာကြီး၊ ကယ်ပါဦး...ကယ်ပါဦး"
လင်ဒေါင်က ထိတ်လန့်စွာ အော်ဟစ်ခဲ့သော်လည်း ဒွမ်ဟွန်ချန်က သူ့ကို မမြင်ဖူးသလို လျစ်လျူရှုထားခဲ့သည်။
လင်ဒေါင်၏ မျက်နှာသည် စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်နေသည်။ သူသည် ပင်လယ် နတ်ဆိုးဘုရင်နှင့် ပြိုင်ဘက်မဟုတ်ပေ။ ဤအခိုက်အတန့်တွင် ပင်လယ်နတ်ဆိုးဘုရင်၏ လက်ထဲ၌ သူ့အတွက် ခုခံရန်နေရာ မရှိပေ။
သူသည် အတိတ်က ချစ်လှစွာသော ဆရာသခင်ကို လှမ်းကြည့်လိုက်သည်။ သို့သော် သူ့ဆရာသည် စိတ်ခံစားချက်ကင်းမဲ့ပြီး မည်သည့် စာနာစိတ်မျှ မပြခဲ့ပေ။ ဤအရာက သူ့နှလုံးသားကို ဓားနှင့်ထိုးခွဲသလို ခံစားရစေသည်။ သူ့စိတ်ထဲမှ စိတ်ပျက်အားငယ်မှုက နီးကပ်လာသော သေဆုံးတရားထက် ပို၍ပင် အေးစက်နေပါသည်။
ဘန်း…။
သို့သော် ဤအခိုက်တွင် ပြင်းထန်သော အလင်းတန်းတစ်ခု လင်းလက်လာသည်။ ထို့နောက် လင်ဒေါင်၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားတန်ခိုးစွမ်းအားသည် ပြတ်တောက် သွားသည်။ ပင်လယ်နတ်ဆိုးဘုရင်၏ ဆွဲငင်ခြင်းကို ခံရတော့မည့် လင်ဒေါင်သည် မြေပေါ်သို့ ပြန်လဲကျသွားသည်။
"ဘယ်သူလဲ?" ပင်လယ်နတ်ဆိုးဘုရင်က ခက်ထန်သော မျက်လုံးတစ်စုံဖြင့် ထောင့် တစ်နေရာကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။
ခန်းမထဲက လူတွေအားလုံးလည်း အံ့သြသွားကြသည်။ အားလုံးက ခန်းမ၏ ထောင့်တစ်နေရာကို ကြည့်လိုက်ကြသည်။ ဤအချိန်တွင် ပင်လယ်နတ်ဆိုးဘုရင်နှင့် ပတ်သက်ပြီး အဆိုးများကြားတွင် အကျိုးကျေးဇူးကို ရှာဖွေရန်အတွက် အမှန်တကယ် ရပ်တည်ဝံ့သူက မည်သူလဲဆိုသည်ကို သူတို့ အလွန်သိချင်နေပါသည်။
ရွှဲ့ခိုင်လည်း ခန်းမထောင့်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ မူလက သူသည် ဒီနေ့ ဒီနေရာကိုရောက်သည့်အခါ ပင်လယ်နတ်ဆိုးဘုရင်ကို တိုက်ရိုက် စိန်ခေါ်နိုင်မည်ဟု သူ ထင်ခဲ့သည်။ သို့သော်၊ ပင်လယ်နတ်ဆိုးဘုရင်သည် သူ့လက်ထဲတွင် တုနှိုင်းမရအောင် အစွမ်းထက်သော အစီအရင်ဝင်္ကပါတစ်ခု ရှိနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့် ထားပေ။ ဤအရာက သူ့နှလုံးသားကို ထိတ်လန့်စေခဲ့သည်။ ထို့ကြောင့် မည်သူမဆို ပင်လယ်နတ်ဆိုးဘုရင်ကို ခုခံရင်ဆိုင်ရန် သတ္တိရှိသရွေ့၊ ၎င်းတို့သည် သူ၏မဟာမိတ်များ ဖြစ်နိုင်သည်။
လင်ဒေါင်လည်း အနည်းငယ် အံ့သြသွားသည်။ သူ့ကို ကယ်တင်ခဲ့သူကို ကြည့်လိုက်တော့ သူ့မျက်နှာမှာလည်း အံ့သြသည့် အမူအရာ ပေါ်လာသည်။
ချင်ယွင်က ထောင့်စွန်းနေရာမှ ဖြည်းညှင်းစွာ ထွက်သွားပြီး နှိမ့်ချခြင်းလည်းမရှိ မောက်မာခြင်းကင်းသော မျက်လုံးများဖြင့် ပင်လယ်နတ်ဆိုးဘုရင်ကို ကြည့်လိုက်သည်။
"ခင်ဗျား သူ့ကို မထိရဘူး။" ချင်ယွင်က သူ့လေသံတွင် မငြင်းဆန်နိုင်သည့် ဘုန်းအာနုဘော် ဖြင့် စကားတစ်လုံးချင်း ပြောလိုက်သည်။
ပင်လယ်နတ်ဆိုးဘုရင်က ချင်ယွင်ကို ဂရုတစိုက် ကြည့်ရင်း သူ့မျက်လုံးတွင် အထင်အမြင် သေးမှု အရိပ်အယောင် ပေါ်လာသည်.
ထိုပုဂ္ဂိုလ်သည် လျှို့ဝှက်ကျွမ်းကျင်ပညာရှင်အချို့ဟု သူထင်ခဲ့သော်လည်း ၎င်းသည် အလယ်အလတ် မြေကမ္ဘာနတ်ဘုရားတစ်ပါး ဖြစ်နေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
မြေကမ္ဘာနတ်ဘုရားအဆင့်ကို မဆိုထားနှင့်၊ သူသည် သာမန် အထွက်အထိပ် ကောင်းကင် နတ်ဘုရားတောင်မှ သေသည်အထိ တိုက်ရိုက် ချေမွပစ်နိုင်သည်။ မြေကမ္ဘာနတ်ဘုရား အဆင့် ပုရွက်ဆိတ်ဆိုလျှင် စကားထဲပင် ထည့်ပြောစရာ မလိုပေ။
လူအုပ်ထဲတွင် ရပ်နေသော ယောင်ဖုန်းလည်း အနည်းငယ် အံ့သြသွားသည်။ ယခုအချိန်မှာ ချင်ယွင် ထွက်ပေါ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားပါဘူး။
အမှန်တကယ်ဆိုရင်လည်း ချင်ယွင်သည် မူလက ဤမျှမြန်မြန် မထွက်ပေါ်ချင်သော်လည်း လင်ဒေါင် သတ်ခံရမည်ကို သူ သည်းမခံနိုင်ပေ။ ထို့ကြောင့် သူသည် ယခုအချိန်မှာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့ရသည်။
"ဟမ့်, ကောင်စုတ်လေး၊ မင်း ဘယ်သူနဲ့ပြောနေလဲဆိုတာ သိရဲ့လား" ပင်လယ်နတ်ဆိုး ဘုရင်က ချင်ယွင်ကို စိုက်ကြည့်နေသည်။ မြေကမ္ဘာနတ်ဘုရားတစ်ပါးသည် အမှန်တကယ် ပင် သူ့ကို ဤကဲ့သို့ ပြောဆိုဝံ့သည်။ သူသည် အမှန်တကယ် သေခြင်းတရားကို တောင်းခံ နေခြင်း ဖြစ်သည်။
ရွှဲ့ခိုင်သည် မြေကမ္ဘာနတ်ဘုရားတစ်ပါး ရှေ့ထွက်လျှောက်လာသည်ကို မြင်သောအခါ စိတ်ပျက်သွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။
"ကျုပ် ဘယ်သူနဲ့ပြောနေလဲဆိုတာ သေချာပေါက် ကျုပ် သိတာပေါ့။ မဟာနတ်ဆိုး နတ်ဘုရားအကျဉ်းထောင်ရဲ့ နဂါးချောက်နက်ပင်လယ်ပြင်မှာ အစွမ်းထက်ဆုံး ပင်လယ် နတ်ဆိုးဘုရင်ဖြစ်တဲ့ မျက်လုံးပြာ နဂါးနက်ဝေလငါးနဲ့လေ။ သူ့ရဲ့စွမ်းအားက ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၂၀ နောက် ဒုတိယမြောက် နေရာမှာ ရှိသင့် တယ်။" ချင်ယွင်က တည်ငြိမ်စွာ ပြန်ဖြေသည်။
"မင်းက သိနေတာတောင် အပြင်ထွက်လာပြီး အသေခံရဲတယ်ပေါ့။" ပင်လယ်နတ်ဆိုး ဘုရင်က ခက်ထန်စွာ အော်ငေါက်လိုက်ပြီး ချင်ယွင်ကို ပြင်းထန်သော ဖိအားတစ်ခုဖြင့် တိုက်ရိုက် ဖိအားပေးလိုက်သည်။
သို့သော် ချင်ယွင်သည် လုံးဝ သက်ရောက်မူရှိပုံမပေါ်ဘဲ သူ့ပါးစပ်ထောင့်တွင် အပြုံးမပျက် ခိုတွဲထားသည်။
"အစ်ကို ချင်ယွင်၊ မြန်မြန် ပြေးတော့၊ ငါ့အတွက် တာဝန်မယူနဲ့။ ဒီအတိုင်းဆက်သွားရင် မင်း သေလိမ့်မယ်။" ချင်ယွင်က ပင်လယ်နတ်ဆိုးဘုရင်ကို အမှန်တကယ် တိုက်ခိုက်နေ ခြင်း ဖြစ်ကြောင်း လင်ဒေါင် မြင်လိုက်ရသောကြောင့်၊ သူက ချင်ယွင်အား အလျင်အမြန် ပြောလိုက်သည်။
ချင်ယွင်၏စိတ်နှလုံးသည် နွေးထွေးလာသည်။ ဤလင်ဒေါင်သည် တကယ်ကို ကြင်နာပြီး၊ မာကျောသောနှလုံးသားကို ပိုင်ဆိုင်ထားသည်။ ယခုအချိန်မှာတောင် သူ့ကို ဆွဲမခေါ်ချင် သေးပါဘူး။
သို့သော် ယခုအချိန်သည် အလွန်နောက်ကျသွားခဲ့ပြီ။ အခုအချိန်မှာ သူ ထွက်သွားချင်လျှင် ပင် ပင်လယ်နတ်ဆိုးဘုရင်က သူ့ကို လွယ်လွယ်နှင့် သေချာပေါက် ထွက်သွားခွင့် ပြုမည် မဟုတ်တော့ပေ။
"ငါ့အတွက် စိတ်မပူနဲ့။ မင်းဘေးကနေ ကြည့်နေပါ။ မင်းကို ဘယ်သူမှ မထိခိုက်စေနဲ့" ချင်ယွင်က ပြုံးပြီး ပြောလိုက်သည်။ ထို့နောက် သူက ပင်လယ်နတ်ဆိုးဘုရင်ကို လှမ်းကြည့်ရင်း "တကယ်တော့ ကျုပ်က ပစ္စည်းတစ်ကိုရှာဖို့ ဒီနေရာကို ရောက်လာခဲ့တာ" ပြုံးပြုံးလေး ပြောလိုက်သည်။
"အဲဒါ ဘာလဲ?" ပင်လယ်နတ်ဆိုးဘုရင်က မသိစိတ်က မေးထွက်သွားသည်။
"ပင်လယ်နတ်ဆိုးဘုရင်ရဲ့ နတ်ဆိုးအမြုတေ" ချင်ယွင်က တည်ငြိမ်စွာ ပြန်ဖြေသည်။
သို့သော် ထိုစကား ပြောပြီးသည်နှင့် လူတိုင်းက အေးစက်သည့် လေကို ရှုရှိုက်လိုက်ကြ သည်။
ဒီကောင်လေး ရူးနေလား။
ပင်လယ်နတ်ဆိုးဘုရင်၏ နတ်ဆိုးအမြုတေကို ရှာဖွေရန်လာသည်ဟု သူ တကယ် ပြောခဲ့ သည်။ ယင်းက သူ ဤနေရာကိုလာရသည့် သူ့ရည်ရွယ်ချက်က ပင်လယ်နတ်ဆိုးဘုရင်ကို သတ်ဖြတ်ရန်ဟု ဆိုလိုခြင်း မဟုတ်ပေဘူးလား။
ထိုစကားကို ရွှဲ့ခိုင်ကြားတော့ သူလည်း မှင်သက်သွားသည်။ သူက ချင်ယွင်ကို တခဏမျှ ဂရုတစိုက် ကြည့်လိုက်မိသည်။ သူ့ရှေ့က ဤလူငယ်သည် အဓိပ္ပါယ်မဲ့ ပြောနေခြင်း မဟုတ်ဘဲ သူ့မှာ တကယ်ကို ထိုစွမ်းရည်မျိုး ရှိနေသည်ဟု သူ လိုလို ခံစားမိလာသည်။ သို့သော်လည်း အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက်၊ ချင်ယွင် ဖုံးကွယ်ထားသည့် ခွန်အားကို သူ မမြင်တွေ့နိုင်ခဲ့ပေ။
"မင်းက ငါ့နတ်ဆိုးအမြုတေကို လိုချင်တာလား၊ ဟား....၊ ဟား...၊ ဒီစကားက ငါအရင်က ကြားဖူးပြီးသား ဟာသကြီးတစ်ခုပဲ" ပင်လယ်နတ်ဆိုးဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
မြေကမ္ဘာနတ်ဘုရားတစ်ပါးက သူ့ရှေ့မှာပင် သူ့နတ်ဆိုးအမြုတေကို ဖယ်ထုတ်လိုသည်ဟု ပြောနေခြင်းသည် မည်သို့မျှ ရယ်စရာကောင်းလိုက်သနည်း။
"အရှင်ပင်လယ်နတ်ဆိုးဘုရင်၊ ဒီကောင်စုတ်က မသိတတ်ဘူး။ ဆိုတော့, ကျွန်တော့်ကို သူ့ကိုဖယ်ရှားဖို့ ကူညီခွင့်ပြုပါ" ကျောက်စိမ်းကောင်းကင်နန်းတော်မှ ဝမ်တုံက မတ်တပ် ထရပ်ပြီး ပြောလိုက်သည်။
"ကောင်းပြီ၊ ငါ မင်းကို လှုပ်ရှားခွင့်ပေးမယ်။ သူက ငါ့နတ်ဆိုးအမြုတေကို ယူဖို့ ဘယ်လို အရည်အချင်းရှိလဲ ငါ ကြည့်ချင်တယ်" ပင်လယ်နတ်ဆိုးဘုရင်က ပြုံးပြီး ပြောသည်။
"ဟုတ်ကဲ့အရှင်။" ကျောက်စိမ်းကောင်းကင်နန်းတော်မှ ဝမ်တုံက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သူပြောပြီးသည်နှင့် သူသည် အေးစက်သော အပြုံးဖြင့် ချင်ယွင်ကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်ကို ပေါ်လွင်စေခဲ့ သည်။
ဤသည်မှာ ပင်လယ်နတ်ဆိုးဘုရင် သူ့ကို သဘောကျနှစ်သက်စေရန် အခွင့်အရေးကောင်း တစ်ခု ဖြစ်သည်။ သူသည် ပင်လယ်နတ်ဆိုးဘုရင်နှင့် ပူးပေါင်းရန် ဆုံးဖြတ်ထားပြီးသား ဆိုကတည်းက ပင်လယ်နတ်ဆိုးဘုရင်က သူ့တန်ဖိုးကို သဘာဝအတိုင်း မြင်စေချင်သည်။ ထို့အပြင်၊ မြေကမ္ဘာနတ်ဘုရား ကျွမ်းကျင်သူတစ်ဦးကို သတ်ဖြတ်ခြင်းသည် သူ့အတွက် အသေးဖွဲ့ ကိစ္စတစ်ခု ဖြစ်သည်။ ထိုကဲ့သို့ အခွင့်အရေးမျိုးကို သူ မည်သို့ လက်လွတ်ခံမည် နည်း။
ချင်ယွင်သည် ဝမ်တုံကို အေးစက်စွာ ကြည့်နေခဲ့ပြီး သူ့မျက်လုံးများတွင် သနားသည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
မူလက သူသည် ဤလူတွေအတွက် ပြဿနာမများချင်သော်လည်း ဝမ်တုံက သူ့ကို လောဘဇော တိုက်ပြီး၊ နှိုးဆော်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ထိုအခြေအနေမျိုး တွင်၊ ရက်စက်ကြမ်းကြုတ်ပြီး ကရုဏာမဲ့သည့်အတွက် သူ့ကို အပြစ်မတင်သင့်ပေ။
"ကောင်စုတ်လေး၊ မင်းရဲ့သေခြင်းတရားကို လက်ခံလိုက်ပါ။ မင်း ငါ့ကို အပြစ်တင်ချင်ရင် သခင်ပင်လယ်နတ်ဆိုးဘုရင်ကို မရိုမသေလုပ်မိတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက်ပါ။" ဝမ်တုံက ကျယ်လောင်စွာ အော်ငေါက်လိုက်ပြီး လေထဲသို့ လက်သီးတစ်ချက် ထိုးလိုက် သည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားမီးလျှံတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့ ပြီး ချင်ယွင်ဆီသို့ ပစ်လွှတ်သွားလေသည်။
သို့သော် ချင်ယွင်သည် အလွန်မင်း လျင်မြန်သော အရှိန်ဟုန်ဖြင့် ရောက်ရှိလာသော နတ်ဘုရားမီးလျှံကို မည်သို့မျှ မထူးခြားဟန်ဖြင့် ကြည့်နေသည်။ သူသည် ရှောင်တိမ်းရန် ရည်ရွယ်ချက် နည်းနည်းလေးမှ မရှိပါဘူး။