← Chapters

အခန်း ၁၆၃၇

Vol. 110 Ch. 1637

အခန်း ၁၆၃၇

Vol. 110 Ch. 1637

အခန်း (၁၆၃၇) နတ်ဘုရားသားရဲသုံးကောင်

"ဘန်း…"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရား မီးလျှံသည် ချင်ယွင်၏ လက်သီးချက်ဖြင့် တိုက်ရိုက် ပေါက်ကွဲသွားသည်။

ထိုအချိန်တွင်၊ သူသည် အမှောင်နတ်ဆိုးနဂါးကိုယ်ပွားနှင့် သူ့အစစ်မှန် ခန္ဓာကိုယ်ကြား ပြောင်းလဲပြီးဖြစ်နေခဲ့ပြီ။ ဤနတ်ဘုရားမီးလျှံသည် ကြောက်မက်ဖွယ်ကောင်းသော် လည်း၊ ၎င်းသည် အမှောင်နတ်ဆိုးနဂါးကိုယ်ပွားကို ခြိမ်းခြောက်မှု မပြုနိုင်ခဲ့ပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ပတ်ဝန်းကျင်မှ လူတွေအားလုံး အံ့သြသွားကြသည်။

ဝမ်တုံလည်း အနည်းငယ် အံ့သြသွားသည်။ သူ၏ နတ်ဘုရားမီးလျှံသည် သာမန် တိုက်ခိုက်မှုတစ်ခုမျှသာ ဖြစ်သော်လည်း၊ သာမန်နှောင်းပိုင်း ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူများပင် ၎င်းတို့ကို ခုခံရန် အလွန်မင်း ခက်ခဲပါသည်။ ယခုအခါ အလယ်လတ်အဆင့် မြေကမ္ဘာနတ်ဘုရားသည် သူ၏တိုက်ခိုက်မှုကို လက်သီးတစ်ချက် ဖြင့် ဖြိုခွဲနိုင်ခဲ့သည်။ ဤအရာက သူ့ကို အနည်းငယ် အံ့သြသွားစေသည်။

"ဟမ့်၊ မင်း ငါ့တိုက်ခိုက်အများပြားကို ထပ်မံ ပိတ်ဆို့နိုင်ဦးမလား ငါ ကြည့်ချင်မိတယ်" ဝမ်တုံက အေးစက်စွာ ဟစ်အော်လိုက်သည်။ သူပြောပြီးသည်နှင့် သူ့လက်များက တုနှိုင်းမရအောင် ပူပြင်းသော နတ်ဘုရားမီးလျှံများနှင့်အတူ တစ်ဖန် တောက်လောင်လာခဲ့ သည်။ သူ့လက်များသည် ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားကာ သူ့လက်ဖဝါးအလယ်တွင် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော မီးနဂါးတစ်ကောင်အဖြစ် ပေါင်းစပ်သွားသည်။

မီးနဂါးသည် ဟိန်းဟောက်သံတစ်ချက် ထုတ်ဖော်လိုက်ပြီး ချင်ယွင်ဆီသို့ တိုက်ရိုက် ရိုက်ချ လိုက်သည်။ ခန်းမတစ်ခုလုံး ချက်ချင်းပင် ပူလောင်လာသည်။ မီးနဂါးသည် နတ်ဘုရား ကျောက်တုံးဖြင့် ပြုလုပ်ထားသော ကျောက်တိုင်တစ်ခုကို ထိုးဖောက်ပြီး ထိုကျောက်တိုင် သည် ချက်ချင်း အရည်ပျော်သွားသည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများ အားလုံးသည် ကြောက်ရွံ့သွားသည့် အမူအရာကိုယ်စီကို ထုတ်ဖော်လာကြသည်။ ဤနတ်ဘုရားမီးလျှံမှ ပြင်းထန်သော ခြိမ်းခြောက်မှုကို သူတို့ ခံစားရနိုင်သည်။ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံသာ သူတို့ကို ထိမှန်သွားခဲ့လျှင် သူတို့သည် ချက်ခြင်း ပြာအဖြစ်သို့ ပြောင်းလဲသွားပေ လိမ့်မည်။

ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် ဤတိုက်ခိုက်မှုကို မတားဆီးနိုင်ဟု သူတို့ ယုံကြည် ကြသည်။ ထို့ကြောင့် ချင်ယွင်အား ၎င်းတို့၏ အကြည့်များက သနားသည့် အမူအရာ ဖြစ်လာကြသည်။

သို့သော်လည်း အောက်ပါနောက်ဆက်တွဲ မြင်ကွင်းက သူတို့ကို အနှိုင်းမဲ့ ထိတ်လန့်သွား စေခဲ့သည်။ ချင်ယွင်၏ရုပ်အသွင်သည် ဖျတ်ခနဲတောက်ပသွားပြီး အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော မီးနဂါးဆီသို့ တိုက်ရိုက် တိုးဝင်သွားသည်။

"အရေးမပါတဲ့ ပညာလေးနဲ့"

ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး အမှောင်နတ်ဆိုးနဂါး ကိုယ်ပွားက လက်သီး တစ်ချက် ထိုးထုတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော မီးနဂါးကြီးသည် ချက်ခြင်း ကွဲအက်သွားပြီး မီးပွားများက နေရာအနှံ့ ပြန့်ကျဲသွားသည်။

"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" ဝမ်တုံက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ ဤမြေကမ္ဘာနတ်ဘုရားအဆင့် လူသားသည် သူ့တိုက်ခိုက်မှုကို အလွယ်တကူ တားဆီး နိုင်မည်ဟု သူ မယုံခဲ့မိသည်မှာ ထင်ရှားသည်။

"မဖြစ်နိုင်ဘူးလို့ မင်းထင်တဲ့အရာတွေ ဆက်ဖြစ်လာဦးမယ်"

သို့သော် ယခုအချိန်တွင် ဝမ်တုံ၏နားထဲသို့ အေးစက်ပြီး လွှမ်းမိုးနိုင်စွမ်းကြီးမားသော အသံတစ်ခု ဝင်ရောက်လာသည်။

ဝမ်တုံသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် သိလိုက်ရပြီး ရုတ်တရက် ခေါင်းကို လှည့်လိုက်ချိန်မှာ, မည်သည်အချိန်ကတည်းမှန်းမသိ ချင်ယွင်သည် သူ့နောက် ကွယ်မှာ ပေါ်လာခဲ့သည်ကို သိလိုက်ရသည်။

သူ မတုံ့ပြန်ခင် ချင်ယွင်က တိုက်ရိုက် လက်သီးဖြင့် ထိုးလိုက်သည်။

ဤလက်သီးချက်သည် ရိုးရှင်းပြီး စိတ်ကူးဆန်ယဉ်မှု မရှိဘဲ ဝမ်တုံ၏ခါးကို တိုက်ရိုက် ထိမှန်သွားသည်။

"ဒိုင်း"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ဝမ်တုံ၏ တစ်ကိုယ်လုံး သွေးစွန်းနေသော အခိုးအငွေ့များအဖြစ်သို့ ပြောင်းသွားခဲ့သည်။

“ဒါ…”

လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်တော့ သက်ပြင်းကိုယ်စီ ချမိကြသည်။

လူအုပ်ထဲမှာ ရပ်နေသည့် ယောင်ဖုန်းလည်း အံ့သြသည့် အမူအရာကို ဖော်ပြလာသည်။ ချင်ယွင်သည် အလွန်သန်မာမည်ဟု သူမ မျှော်လင့်ထားသော်လည်း ထိုမျှသန်မာမည်ဟု သူမ မမျှော်လင့်ထားပေ။ ကောင်းကင်နတ်ဘုရားနယ်ပယ် အထွတ်အထိပ် ကျွမ်းကျင်သူ တစ်ဦးသည် အမှန်တကယ်ပင် သူ့ရှေ့တွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်းပင် မရှိပေ။

ခန်းမဆောင်ကြီးထဲမှာ ထိုင်နေသည့် ပင်လယ်နတ်ဆိုးဘုရင်သည် ထိုမြင်ကွင်းကို အေးစက်သည့် အကြည့်များဖြင့် ကြည့်နေခဲ့သည်။ ချင်ယွင်၏ တိုက်ခိုက်ရေးစွမ်းအားသည် သူ့အား အဆုံးမရှိ ထိတ်လန့်စေခဲ့ပြီး၊ ယင်းကြောင့် ချင်ယွင်အား ပြန်လည်စစ်ဆေးကြည့်မိ သည်။

"အမှောင်နတ်ဆိုးနဂါးလား။ သူ့ရဲ့အဓိကခန္ဓာကိုယ်က အမှောင်နတ်ဆိုးနဂါး ဖြစ်ကောင်း ဖြစ်နေမလား။ ဒါပေမယ့် ဘာလို့ သူ့ကျင့်ကြံမူနယ်ပယ်ကို မမြင်ရတာလဲ?" ပင်လယ်နတ်ဆိုးဘုရင် သူ့ကိုယ်သူ တွေးနေမိသည်။

ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်လာသော အမှောင်နတ်ဆိုးနဂါး၏ အငွေ့အသက်ကို သူ ခံစားနိုင်သော်လည်း ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားတန်ခိုး စွမ်းအင်အတက်အကျ လှိုင်း အနည်းငယ်မျှကိုပင် သူ မခံစားနိုင်သလို သူ့နယ်ပယ်ကိုလည်း သူ မမြင်နိုင်ပေ။

အစောပိုင်းက ချင်ယွင်၏ တိုက်ခိုက်မှုသည် သူ့ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကိုသာ အသုံးပြုခဲ့ သည်။ သူ့ရုပ်ခန္ဓာကိုယ်တစ်ခုတည်းကပင် အထွက်အထိပ် ကောင်းကင်နတ်ဘုရားကို သတ်ပစ်နိုင်သည်။ သူ့ရုပ်ခန္ဓာကိုယ်က မည်မျှ အဆင့်မြင့်မားနေပြီလဲ။

"ဟား…, ဟား…၊ ကောင်းတယ်၊ မင်းက ဒီလောက် အသက်ငယ်ငယ်လေးနဲ့ တကယ်ကို အရည်အချင်းရှိတာပဲ။ ဒီညီလေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုခွန်အားမျိုး ပိုင်ဆိုင်ထားတာ တကယ်ကို အံ့သြစရာပဲ" ရွှဲ့ခိုင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူသည် မူလက ချင်ယွင်ကို အလွန်စိတ်ပျက်ခဲ့သော်လည်း ယခု ချင်ယွင်တွင် ထိုကဲ့သို့ တိုက်ခိုက်ရေး စွမ်းအားများ ပိုင်ဆိုင်ထားသည်ကို မြင်လိုက်ရသောကြောင့် ချင်ယွင်ကို မဟာမိတ်အဖြစ် ဆွဲခေါ်ရန် ချက်ခြင်းပင် တွေးလိုက်သည်။

"စီနီယာရွှဲ့ခိုင်က ကျွန်တော့်ကို အထင်ကြီးနေတာပါ" ချင်ယွင်က ပြုံးပြီး ပြန်ဖြေသည်။

ဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါကို ပိုင်ဆိုင်သော ပင်လယ်နတ်ဆိုးဘုရင်ကို ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူမည် မဟုတ်ကြောင်း သူသိထားသောကြောင့် ရွှဲ့ခိုင်၏ ရည်ရွယ်ချက်ရှိရှိ အဖွဲ့ဝင်အသစ် စုဆောင်းခြင်းကို ငြင်းပယ်ခဲ့ခြင်း မရှိပေ။ အကယ်၍, သူသာ ရွှဲ့ခိုင်၏စွမ်းအားကို ငှားရမ်းနိုင်ခဲ့လျှင်, သဘာဝအတိုင်း သူလည်း အရမ်းပျော်ရွှင်ရ လိမ့်မည်။

"ဟား…၊ ဟား…၊ ငါပင်လယ်နတ်ဆိုးဘုရင်ရဲ့ကံက ဒီလောက်ကောင်းနေမယ်လို့ ငါ မထင်ထားခဲ့ဘူး။ ရတနာတွေ အများကြီးရခဲ့ရုံတင်မကဘူး၊ အလွန်မင်း ရှားပါးတဲ့ နတ်ဘုရားသားရဲသုံးကောင်ဖြစ်တဲ့ ပေါက်ကွဲသွေးခြင်္သေ့၊ အမှောင်နတ်ဆိုးနဂါးနဲ့ နတ်ဘုရားရေခဲဖီးနစ်တို့ကိုလည်း ပေးလာခဲ့တယ်။ မင်းတို့ သုံးကောင်စလုံးကို ငါ ဝါးမျို လိုက်ရင်, ငါပင်လယ်နတ်ဆိုးဘုရင်က နောက်တဆင့်မတက်နိုင်မှာ ပူနေစရာ မလိုတော့ ဘူး။" ပင်လယ်နတ်ဆိုးဘုရင် ရုတ်တရက် ရယ်မောလိုက်သည်။

ထို့နောက် သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး ကြောက်မက်ဖွယ် လျှပ်စီးပိုက်ကွန် တစ်ခုက ခန်းမတစ်ခုလုံးကို ချက်ချင်း ဖုံးအုပ်သွားကာ ခန်းမတစ်ခုလုံး၏ လမ်းကြောင်း များ အားလုံးကို ပိတ်ပစ်လိုက်သည်။

ခန်းမအတွင်းရှိ ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများအားလုံး အံ့သြ ထိတ်လန့်သွားသည့် အမူအရာများကို ထုတ်ဖော်လာခဲ့ကြပြီး၊ နတ်ဘုရားသားရဲသုံးကောင် က မည်သူများဖြစ်မည်ကို အားလုံးက ခန့်မှန်းနေကြသည်။

ပထမနှစ်ယောက်က ခန့်မှန်းရလွယ်ပါသည်။ ထုံးစံအတိုင်း၊ သူတို့သည် ရွှဲ့ခိုင်နှင့် ချင်ယွင် တို့ ဖြစ်သည်။ ဒါဆို ဒီနတ်ဘုရားရေခဲဖီးနစ်က ဘယ်သူလဲ။

လူစုလူဝေးကြားတွင် ရပ်နေသော ယောင်ဖုန်းသည် ပင်လယ်နတ်ဆိုးဘုရင်၏ စကားကို ကြားသောအခါ ပင်လယ်နတ်ဆိုးဘုရင်က သူမ၏ကိုယ်ရေးအချက်လက်ကို ရှာဖွေတွေ့ရှိ ထားပြီးဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။ သူမကိုယ်သူမ ဖုံးကွယ်တော့ဘဲ တိုက်ရိုက် ရှေ့ထွက်လာခဲ့သည်။

"ပင်လယ်နတ်ဆိုးဘုရင်၊ ဖန်လုံမှတ်စုကို လွှဲပေးပါ။ ရှင့်အသက်ကို ချမ်းသာပေးမယ်" ယောင်ဖုန်းက အေးစက်စွာ ပြောသည်။ သူမပြောပြီးသည်နှင့်၊ အနှိုင်းမဲ့ ထက်ရှသော နတ်ဘုရားဓားတစ်ချောင်းက သူမ၏လက်ထဲတွင် ပေါ်လာသည်။ ခန်းမတစ်ခုလုံး၏ အပူချိန်လည်း သိသိသာသာ ကျဆင်းသွားသည်။

"ဟား…၊ ဟား…၊ စိတ်ဝင်စားစရာပဲ။ စိတ်ဝင်စားစရာပဲ။ နတ်ဘုရားတစ်ရာညစာစားပွဲက တော်ဝင်နတ်ဘုရားသားရဲ ၃ ကောင်ကို တစ်ပြိုင်နက် ဆွဲဆောင်နိုင်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ကောင်းကင်ဘုံက ငါ့ကို တကယ်ပဲ ကူညီပေးနေသလိုပဲ။ မင်းအားလုံးကို ငါဝါးမျိုပြီးရင် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်အထိ တက်လှမ်းဖို့အသာ ထား၊ ထိပ်တန်း ၁၀၀ ထဲတောင် ဝင်ရောက်နိုင်မယ်။ တစ်နေ့မှာ ငါပင်လယ်နတ်ဆိုး ဘုရင်က မဟာနတ်ဆိုးနတ်ဘုရားအကျဉ်းထောင် အုပ်စိုးနိုင်လိမ့်မယ်" ပင်လယ်နတ်ဆိုး ဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ့အသံမှာ ရူးသွပ်မှုအပြည့်နှင့်ပင်။

မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင် တစ်ခုလုံးကို အုပ်ချုပ်ခြင်း၊ ဒီလို ရည်မှန်းချက် မျိုး၊

လူတိုင်းက လေစားမူစွာဖြင့် သက်ပြင်းချကြသည်။ သို့သော် သူတို့စိတ်ထဲတွင် မဖြစ်နိုင် ပေ။ အကယ်၍, ပင်လယ်နတ်ဆိုးဘုရင်သည် တော်ဝင်နတ်ဘုရားသားရဲသုံးကောင်၏ သွေးမျိုးဆက်များကို အမှန်တကယ် စုပ်ယူလိုက်မည်ဆိုလျှင်၊ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်တွင် နံပါတ်တစ်ပုဂ္ဂိုလ်ကို တွန်းလှန်ရန်မှာ မဖြစ်နိုင်သေးပေ။

"ဟမ့်၊ ပင်လယ်နတ်ဆိုးဘုရင်, မင်းက မဖြစ်နိုင်တာကို စိတ်ကူးယဉ်နေတာပဲ။ ဟိုတုန်းက ငါဟာ မင်းရဲ့လှည့်စားမှုနဲ့ မင်းရဲ့သစ္စာဖောက်မှုကြောင့် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတယ်။ ငါ့မိန်းမနဲ့ ကလေးတွေလည်း သေကုန်ပြီ။ ဒီနှစ်တွေအတွင်း မင်းက ငါ့ကိုလိုက်ရှာဖို့ မင်းလူတွေကိုလည်း စေလွှတ်ခဲ့တယ်။ ဒီနေ့ မင်းကို သေချာပေါက် သတ်ပစ်ပြီး အပိုင်းပိုင်း ဆွဲဆုတ်ပစ်မယ်" ရွှဲ့ခိုင်က အေးစက်စွာ ဟစ်အော်လိုက်သည်။ သူ့မျက်လုံးတွေက နီရဲလာပြီး သူ့နှလုံးသားထဲမှာ ပြင်းထန်သည့် သတ်ပစ်ချင်စိတ်များ ဖြစ်ပေါ်လာသည်။

"ဟား...၊ ဟား...၊ ကလဲ့စားချေမယ် ဟုတ်လား။ ရွှဲ့ခိုင်၊ မင်းက ခွေးလေခွေးလွင့်တစ်ကောင် ပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မင်းကို ငါမသတ်ခဲ့တာ ကံကောင်းတယ်မှတ်။ မင်းက ငါ့ကို လာရှာဖို့ အစပြုရဲတဲ့အထိ တကယ်ကို သတ္တိကောင်းနေဖို့ ငါ မမျှော်လင့်ထားဘူး။ ဒီလိုဖြစ်လာပြီဆိုမှတော့ ငါ့အာဟာရ ဖြစ်လာဖို့ စောင့်နေလိုက်တော့" ပင်လယ်နတ်ဆိုး ဘုရင်က အထင်သေးစွာ ပြောလိုက်သည်။ သူပြောပြီးသည်နှင့်၊ အနှိုင်းမဲ့အားကြီးသော ဖရိုဖရဲနတ်ဘုရားလျှပ်စီးက သူ့လက်ဖဝါးပေါ်သို့ ပျံတက်သွားသည်။ ထို့နောက် သူသည် နတ်ဘုရားလျှပ်စီးကို ဝှေ့ယမ်းကာ ချင်ယွင်နှင့် အခြားသူများကို အပြင်းအထန် တိုက်ခိုက်တော့မည်။

ဤမြင်ကွင်းကို ချင်ယွင် မြင်လိုက်သောအခါတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်က သူ့မျက်လုံးထဲသို့ တိုးဝင်လာခဲ့သည်။

သူသည် အနာဂတ်တွင် သေသည်အထိ တိုက်ပွဲဝင်ရဦးမည်ကို သိထားသော်လည်း၊ အခု မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်မှ လွတ်မြောက်ပြီး သူ့ကိုယ်သူ သန်မာစေရန် အတွက် သေသည်အထိ တိုက်ပွဲဝင်ရပါဦးမည်။ ထို့အပြင်၊ သူ့ရှေ့မှ ဤပင်လယ်နတ်ဆိုး ဘုရင်သည် လုံးဝ လူကောင်းမဟုတ်ပေ။

တစ်ဖက်တွင် ယောင်ဖုန်းသည် နတ်ဘုရားဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး၊ အစွမ်းကုန် တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သည်။

All Chapters