← Chapters

အခန်း ၁၆၃၉

Vol. 110 Ch. 1639

အခန်း ၁၆၃၉

Vol. 110 Ch. 1639

အခန်း (၁၆၃၉) ပြင်းထန်သောတိုက်ပွဲ

"ဘုန်း…."

ဤကြောက်စရာကောင်းသော စွမ်းအင်ကြောင့် ခန်းမတစ်ခုလုံး ပြိုကျသွားသည်။ ထပ်မံ တိုက်ခိုက်ခြင်း မပြုရန် တားမြစ်ခြင်းမရှိပါက, ခန်းမတစ်ခုလုံးပင် ပြိုကျသွားမှာ စိုးရိမ်ရပါ သည်။

ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များသည်လည်း ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကြောင့် သက်ရောက်ခံခဲ့ရသည်။ သူတို့ အားလုံး ခြေလှမ်းပေါင်းများစွာ နောက်ပြန် ဆုတ်သွားကြသည်။ အားနည်းသူများသည် လွင့်ထွက်သွားပြီး၊ သူတို့နောက်က ခန်းမထဲကို ဝင်တိုက်ကာ ပါးစပ်ထဲက သွေးများ လွင့်စင်သွားကြသည်။

"ယောင်ဖုန်း၊ ငါ့ကိုကူညီပြီး လင်ဒေါင်ကို စောင့်ရှောက်ထားပါ" ချင်ယွင်က ယောင်ဖုန်းထံ သို့ အသံထုတ်လွှင့်မှုတစ်ခု ပေးပို့လိုက်သည်။

"ကောင်းပြီ သတိထားပါ" ယောင်ဖုန်းက အသံထုတ်လွှင့်မှုမှတစ်ဆင့် ပြန်ကြားခဲ့သည်။

အကယ်၍, သူမ ရှေ့တိုးခဲ့လျှင်ပင် သူမ ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ကြောင်းနှင့် ယင်းအစား, ချင်ယွင်ကို ဒုက္ခများစေမည်ကို သူမ သိသည်။ ထိုသို့ရှေ့တိုးခြင်းထက် သူမ လုပ်နိုင်သည့်တစ်ခုခုကို လုပ်ဆောင်ရုံသာ တတ်နိုင်ပါသည်။

ရွှဲ့ခိုင်လည်း ထိုအတိုင်း ရပ်မနေခဲ့ပါဘူး။ သူသည် ချင်ယွင်နှင့် ပင်လယ်နတ်ဆိုးဘုရင်တို့ ပြင်းထန်စွာ တိုက်ခိုက်နေချိန်မှာ ပင်လယ်နတ်ဆိုးဘုရင်ကို တချက်တည်းဖြင့် ထိထိ ရောက်ရောက် တိုက်ခိုက်နိုင်မည့် အချိန်ကောင်းကို ရှာဖွေရင်း ဘေးတစ်ဖက်မှ စောင့်ကြည့်နေသည်။

ယခုအချိန်တွင် ချင်ယွင်သည် ပင်လယ်နတ်ဆိုးဘုရင်နှင့် တိုက်ရိုက် တိုက်ခိုက်နေပါသည်။ ပင်လယ်နတ်ဆိုးဘုရင်သည် ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါကို သူ့လက်နှစ်ဘက်ဖြင့် ထိန်းချုပ်ရင်း ချင်ယွင်ကို ဆက်တိုက် တိုက်ခိုက်နေခဲ့သည်။ ကြောက်စရာကောင်းသော ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားလျှပ်စီးများသည် ဧရာမမြွေကြီးများအလား ချင်ယွင်ဆီသို့ အဆက်မပြတ် ရိုက်ခတ်နေသည်။

ကံကောင်းထောက်မစွာ၊ ချင်ယွင်၏ တုံ့ပြန်မှုသည် သွက်လက်ပြီး၊ သူသည် ထိုရှေးဟောင်း ဖရိုဖရဲ နတ်ဘုရားလျှပ်စီးကို အဆက်မပြတ် ရှောင်တိမ်းရန် သူ၏လျင်မြန်လက်သွက်သော ခန္ဓာကိုယ်ကို အားကိုးနေခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီးသည် ခန်းမ၏ ကြမ်းပြင်နှင့် နံရံများပေါ်သို့ ကျရောက်သွားပြီး အနှိုင်းမဲ့ မာကျောသော နတ်ဘုရား ကျောက်နံရံများတွင် နက်ရှိုင်းသော အပေါက်များ ကျန်ရစ်ခဲ့သည်။

တခဏလေးအတွင်းမှာပဲ ခန်းမတစ်ခုလုံး ပြိုကျလုနီးပါး ဖြစ်သွားခဲ့သည်။

ချင်ယွင်က အရှုံးမပေးခဲ့ပါဘူး။ သူ့လက်သီးချက်တွေက ကြောက်စရာကောင်းသည့် စွမ်းအားနှင့်အတူ ပင်လယ်နတ်ဆိုးဘုရင်ကို ဆက်လက် တိုက်ခိုက်နေသည်။

ချင်ယွင်၏လက်သီးချက်များသည် အလွန်ပြင်းထန်သည်။ ပင်လယ်နတ်ဆိုးဘုရင်တောင်မှ အတင်းအကြပ် မခုခံဝံ့ပါဘူး။ အကယ်၍, သူသာ ချင်ယွင်၏လက်သီးချက်များ မတော် တဆ ထိမှန်သွားပါက သူ့ခန္ဓာကိုယ်သည် ပေါက်ကွဲသွားမည်မှာ သေချာပါသည်။ ထို့ကြောင့်, ပင်လယ်နတ်ဆိုးဘုရင်သည် ချင်ယွင်ကို ထိပ်ထိုက်ရင်ဆိုင် တိုက်ခိုက်ရန် မရွေးချယ်ခဲ့ပေ။ ယင်းအစား၊ သူသည် တိုက်ခိုက်ရန် ရှေးဟောင်း ဖရိုဖရဲနတ်ဘုရား လျှပ်စီးကို အသုံးပြုခဲ့သည်။

ထိုကဲ့သို့ပင် သူတို့နှစ်ယောက်သည် အဆက်မပြတ် တိုက်ခိုက်နေခဲ့ကြသည်။ ရံဖန်ရံခါတွင် ပင်လယ်နတ်ဆိုးဘုရင်၏ ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားလျှပ်စီးတစ်ခု, နှစ်ခုသည် ချင်ယွင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားတတ်သည်။ သို့သော်၊ ဤရှေးဟောင်း ဖရိုဖရဲ နတ်ဘုရားလျှပ်စီးရိုက်ချက်သည် ချင်ယွင်ကို မထိခိုက်စေခဲ့ပေ။ ယင်းအစား ချင်ယွင်၏ ခန္ဓာကိုယ်အပြင်ပိုင်းကို ဖုံးအုပ်ထားသည့် အနက်ရောင်အကြေးခွံအလွှာက စုပ်ယူသွားခဲ့ သည်။

"ဘယ်လောက် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ကြီးလဲ။ ဒီခန္ဓာကိုယ်က မင်းကိုယ်ပိုင် မဖြစ်သင့်ဘူး မဟုတ်လား။ ဒီအနေထားကို ကြည့်ခြင်းအားဖြင့် မင်းရဲ့ခန္ဓာကိုယ်အဆင့်က ဘိုးဘေး နတ်ဘုရားနယ်ပယ်ကို ရောက်နေလောက်ပြီ။ မဟုတ်ရင် မင်းအနေနဲ့ ငါ့ရဲ့ ဖရိုဖရဲ နတ်ဘုရားလျှပ်စီးကို တွန်းလှန်နိုင်မှာ မဟုတ်ဘူး။" ပင်လယ်နတ်ဆိုးဘုရင်သည် များများ တိုက်ခိုက်လေ, သူသည် ပို၍ အံ့သြရလေ ဖြစ်သည်။

ချင်ယွင်၏ခန္ဓာကိုယ်သည် သူထင်ထားသည်ထက် ပို၍ အစွမ်းထက်နေသည်။ ဘိုးဘေး နတ်ဘုရားအဆင့် ကျွမ်းကျင်သူ၏ ရုပ်ခန္ဓာသည်သာ ဤမျှထိတ်လန့်ဖွယ် အဆင့်သို့ ရောက်ရှိနိုင်သည်ဟု သူ သေချာပြောနိုင်သည်။

"အဲဒီတော့ ဘာဖြစ်သလဲ?" ချင်ယွင်က ပင်လယ်နတ်ဆိုးဘုရင်၏ တိုက်ခိုက်မှုကို ရင်ဆိုင် ရင်း အေးစက်စွာ မေးလိုက်သည်။

သူ့ကိုယ်ပွား၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထား၍ မရဘူးဆိုသည်ကို သူ သိသည်။ ထို့ကြောင့် ၎င်းကို ဖုံးကွယ်ထားစရာ မလိုပါဘူး။

"ဟား..., ဟား...၊ ဒီလိုပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်က မင်းလို မြေကမ္ဘာနတ်ဘုရားတစ်ပါးရဲ့ လက်ထဲမှာ တကယ်ကို ဖြုန်းတီးမူသက်သက်ပဲ။ အခု ဒီခန္ဓာကိုယ်ကို ငါပင်လယ်နတ်ဆိုး ဘုရင်က ပိုင်ဆိုင်ရလိမ့်မယ်။" ပင်လယ်နတ်ဆိုးဘုရင်သည် ချင်ယွင်၏တုန့်ပြန်သံကို ကြားသောအခါ၊ သူက ဟက်ဟက်ပက်ပက် ရယ်မောပြီး တုနှိုင်းမရအောင် စိတ်လှုပ်ရှားနေ သည့် အမူအရာကို ထုတ်ဖော်လိုက်သည်။

"ဟမ့်၊ မင်း ကျုပ်ခန္ဓာကိုယ်ကို လိုချင်ရင်, မင်းမှာ အစွမ်းအစမျိုး ရှိမရှိပေါ်မှာပဲ မူတည် တယ်။ ခင်ဗျား ကျုပ်ကို သတ်ခွင့်ပေးပြီး ခင်ဗျားရဲ့နတ်ဆိုးအမြုတေကို ယူသွားခွင့် မပေးမိ စေနဲ့ဦး” ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောပြီး သူ့လေသံက အနှိုင်းမဲ့ အေးစက်ပြီး မောက်မာနေသည်။

"ဟား…၊ ဟား….၊ ဟား..၊ ကောင်စုတ်လေး, မင်းက အရူးပဲ။ ငါပင်လယ်နတ်ဆိုးဘုရင်က နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့ပေမယ့် ငါ့ကို ဒီလိုစကားမျိုး ဘယ်သူမှ မပြောရဲဖူး ဘူး။ မင်းက ပထမဆုံးနဲ့ နောက်ဆုံးပဲ။" ပင်လယ်နတ်ဆိုးဘုရင်က စကားပြောနေစဉ် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ့မျက်လုံးများက သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်။

သူ့လက်ထဲက ဖရိုဖရဲလျှပ်စီးကြောင်းတွေက တောက်ပနေသည်။ အနက်ရောင်ဆံပင်များ က သူ့နောက်ကျောတွင် ရိုင်းစိုင်းစွာ ကခုန်နေပြီး၊ သူ့အပြာရောင်မျက်လုံးများက အနှိုင်းမဲ့ တောက်ပနေသော အလင်းရောင်များဖြင့် လင်းလက်နေသည်။

"ဒါက ခင်ဗျားအတွက် တကယ့် နောက်ဆုံးပဲ။ ဘာလို့ဆို ခင်ဗျားက မကြာခင် သေတော့မှာ မို့လို့ပဲ" ချင်ယွင်က အေးစက်စွာ ပြောပြီး သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။

အနက်ရောင်ချပ်ဝတ်တန်ဆာသည် သူ့ခန္ဓာကိုယ်မှ လှိမ့်ထွက်လာခဲ့ပြီး ကြမ်းတမ်းပြီး နက်မှောင်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ချင်ယွင်၏ခန္ဓာကိုယ်ထဲတွင် အဆုံးမဲ့ လျှပ်စီးပင်လယ်ကြီးတစ်ခု ထွက်ပေါ်လာသကဲ့သို့ သူ့ခန္ဓာကိုယ်မှ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

"မင်းက သေချင်နေတာပဲ"

ပင်လယ်နတ်ဆိုးဘုရင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး၊ လက်တစ်ဖက်ဖြင့် လေဟာနယ်ထဲကို ဆုပ်ကိုင်လိုက်သည်။ ချက်ခြင်းပင်၊ ရှေးဟောင်းဖရိုဖရဲနတ်ဘုရား လျှပ်စီးများနှင့် လုံးလုံးလျားလျား သိပ်သည့်ထားသည့် သုံးထောင့်လှံတစ်ချောင်းက သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။

"သေလိုက်တော့" ပင်လယ်နတ်ဆိုးဘုရင်သည် သူ၏သုံးထောင့်လှံကို ဆွဲကိုင်းရင်း၊ အဆုံးမဲ့ပြင်းထန်သော မိုးခြိမ်းသံများဖြင့် ချင်ယွင်ဆီသို့ ရိုက်ချလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများသည် ကောင်းကင်ကို ဖျက်ဆီးပြီး၊ ခန်းမတစ်ခု လုံးကို တခဏချင်း ဖြိုခွဲကာ၊ ခန်းမခေါင်မိုးနှင့် မြေပြင်ပေါ်ကို ရိုက်မိပြီး အနှိုင်းမဲ့ ကြီးမားသည့် လျှိုမြောင်ကြီးတစ်ခုကို ဖြိုခွဲပစ်လိုက်သည်။

အကယ်၍, ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးနဂါးတစ်ကောင်ဆိုပါက, ၎င်းသည် ချင်ယွင်ဆီသို့ တဟုန်ထိုး ပြေးသွားပြီး၊ သူ့ကို ဝါးမျိုချသွားသည့်အတိုင်းပင်။

ပတ်ဝန်းကျင်ရှိ လူအချို့သည် ရှောင်တိမ်းရန် အချိန်မရှိခဲ့ပေ။ လျှပ်စီးထိမှန်ခံရသည့် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများသည် ထိုလျှပ်စီးများအောက်တွင် ပြာအဖြစ်သို့ ချက်ချင်း ပြောင်းသွားကြသည်။ သနားစရာ အော်ဟစ်သံတွေက တစ်ခုပြီး တစ်ခု ထွက်ပေါ်လာကြသည်။ သူတို့အတွက်ကတော့ ယခုလိုတိုက်ပွဲမျိုးက ကမ္ဘာကြီး၏ အဆုံးသတ်အတိုင်းပင်။ သို့သော် သူတို့မှာလည်း အခြားနည်းလမ်း မရှိခဲ့ပေ။ ပတ်ပတ်လည်ကို ကြီးကျယ်ခမ်းနားသော အစီအရင်ဝင်္ကပါဖြင့် စည်းတံဆိပ်ခတ်ထားပြီး ဖြစ်သည်။ သူတို့ ထွက်ပြေးချင်လျှင်ပင် ထွက်ပြေးနိုင်စွမ်း မရှိပေ။ သူတို့သည် ဤကြီးကျယ်ခမ်းနားသော အစီအရင်ဝင်္ကပါထဲတွင် သေဆုံးရမည့်အချိန်ကို စောင့်ဆိုင်း နေရုံသာ တတ်နိုင်ခဲ့ပါသည်။

ချင်ယွင်သည် တဟုန်ထိုး လင်းလက်တောက်ပနေသော လျှပ်စီးများကို ကြည့်လိုက်ရင်း သူ့မျက်လုံးများတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင် ပေါ်လာသည်။ သူက သူ့လက်သီး ကို တင်းတင်းဆုပ်လိုက်ပြီး မြေပြင်ပေါ်သို့ ထိုးချလိုက်သည်။

"ဘုန်း.."

မြေကြီးတုန်ခါသွားသည့် ပေါက်ကွဲသံက ထွက်ပေါ်လာပြီး မြေပြင်သည် ချက်ချင်း ကွဲအက်သွားသည်။ တုနှိုင်းမရအောင် မာကျောသည့် နတ်ဘုရားကျောက်တုံးများသည် တစ်ခုပြီးတစ်ခု ပျံတက်သွားကြသည်။

"သွား.."

ချင်ယွင်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ ထောင်နှင့်ချီသော လက်သီးရိပ်များက ကြောက်မက်ဖွယ် လျှပ်စီးများနှင့် တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

လက်သီးရိပ်များဖြင့် ပုံဖော်ထားသည် လက်သီးအရိပ်နံရံသည် ကြောက်မက်ဖွယ်ကောင်း သည့် လျှပ်စီးများနှင့် အပြင်းအထန် တိုက်မိသွားပြီး၊ ကောင်းကင်တုန်လှုပ်သွားသည့် နောက်ထပ် ပေါက်ကွဲအသံတစ်ခု ထွက်ပေါ်လာသည်။

"ဘုန်း…"

ခန်းမတစ်ခုလုံးသည် ပြာအဖြစ်သို့ ပြောင်းလဲသွားသည်။ အလယ်အလတ် ကောင်းကင် နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများအားလုံး လွင့်ထွက်သွားကြသည်။ သူတို့သည် ပင်လယ်နတ်ဆိုးဘုရင် တည်ထောင်ထားသည့် လျှပ်စီးအစီအရင်ဝင်္ကပါနှင့် အပြင်းအထန် တိုက်မိပြီး ၎င်းတို့၏ခန္ဓာကိုယ်များသည် ပြာများအဖြစ်သို့ ပြောင်းလဲသွားကြသည်။ သူတို့သည် အလွန်မင်း သနားစရာကောင်းသည်ဟု ဆိုနိုင်သည်။

လင်ဒေါင်သည် ယောင်ဖုန်း၏ အကာအကွယ်ကို ရရှိထားသောကြောင့် သူသည် ဤကြောက်မက်ဖွယ် စွမ်းအင်ကြောင့် သက်ရောက်မူမခံခဲ့ရပေ။ သို့သော် သူ့စီနီယာ အစ်ကိုသည် ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်မုန်တိုင်းထဲ ကျရောက်သွားခဲ့ပြီး ၎င်း၏တစ်ကိုယ်လုံး အပြင်းအထန် တိုက်ခိုက်မှုကြောင့် အပိုင်းပိုင်း ကွဲသွားခဲ့သည်။

စောစောက သူ နှိမ့်ချအထင်သေးခဲ့သည့် မြေကမ္ဘာနတ်ဘုရားသည် ပင်လယ်နတ်ဆိုး ဘုရင်ကို လက်ရည်တူ တိုက်ခိုက်နိုင်မည်ဟု သူ မယုံနိုင်ရဲဖြစ်နေခဲ့ပြီး၊ ပြည့်လျှံစွာ ပေါက်ကွဲထွက်လာသည့် စွမ်းအင်မုန်တိုင်းက သူ့ကို အမှန်တကယ် ရှင်းလင်းပစ်ခဲ့သည်။

တိုတောင်းသော အခိုက်အတန့်လေးအတွင်းမှာ၊ မူလက လူရာပေါင်းများစွာရှိသော ခန်းမထဲတွင် အထွက်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူ အနည်းငယ် နှင့် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ် ကျွမ်းကျင်သူအနည်းငယ်သာ ကျန်ရှိတော့ သည်။ ကျန်သူများမှာ အခြေခံအားဖြင့် သေဆုံးသွားခဲ့ကြသည်။

ထိုနှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများသည် အနှိုင်းမဲ့ ကြောက်လန့်နေကြသည်။ သူတို့သည် ကံကောင်းထောက်မစွာ တိုက်ခိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော လှိုင်းတံပိုးအချို့ကို ပိတ်ဆို့နိုင်ခဲ့သော်လည်း၊ ချင်ယွင်နှင့် ပင်လယ် နတ်ဆိုးဘုရင်တို့ ဆက်လက် တိုက်ခိုက်နေသမျှ ၎င်းတို့သည် ဤတိုက်ပွဲ၏ နောက်ဆက်တွဲရိုက်ခတ်မူကြောင့် အနှေးနှင့်အမြန် သေဆုံးသွားကြလိမ့်မည်။

ထိုအခိုက်တန့်တွင်, ဒွမ်ဟွန်ချန်နှင့် အခြားသူများလည်း ရှက်ရွှံ့နေကြသည်။ ချင်ယွင်နှင့် ပင်လယ်နတ်ဆိုးဘုရင်ကြား တိုက်ပွဲက သူတို့အား အဆုံးမရှိ ထိတ်လန့်စေခဲ့သည်။

"ဘုန်း…" ချင်ယွင်သည် သူ၏တိုက်ခိုက်မှုကို အမှန်တကယ် တားဆီးနေသည်ကို မြင်လိုက် ရလျှင်, ပင်လယ်နတ်ဆိုးဘုရင်သည် သူ၏လက်ထဲတွင် သုံးထောင့်လှံကို ထပ်မံ ဝှေ့ယမ်း ကာ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးပစ်သည့် စွမ်းအားဖြင့် ချင်ယွင်ကို တိုက်ခိုက်လိုက် ပြန်သည်။

ချင်ယွင်သည် သူ၏ ပုံရိပ်ယောင်အသွင်ပြောင်းခြင်းနတ်ဘုရားစွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်ပြီး၊ ထိုတိုက်ခိုက်မှုကို ကျဉ်းမြောင်းစွာ ရှောင်ရှားသွားခဲ့သည်။

သို့သော်လည်း သုံးထောင့်လှံသည် ပင်လယ်ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားသောအခါ ပင်လယ်ကြမ်းပြင်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခုကို ဖြိုခွဲလိုက်သေးသည်။ ကြောက်မက်ဖွယ် ချော်ရည်များသည် အက်ကွဲရာထဲမှ ထွက်လာပြီး ပတ်ဝန်းကျင် အပူချိန်သည် လွန်စွာ မြင့်တက်လာခဲ့သည်။

All Chapters