အခန်း ၁၆၄၀
Vol. 110 Ch. 1640
အခန်း (၁၆၄၀) နတ်ဘုရားမိုးကြိုးဆေဘာ။
ပင်လယ်ကြမ်းပြင်သည် အက်ကွဲသွားပြီး ချော်ရည်များ တဟုန်ထိုး ပျံ့နှံ့လာခဲ့ကာ၊ ပင်လယ်နတ်ဆိုးနန်းတော်တစ်ခုလုံးသည် ချက်ချင်းပင် ငရဲခန်းတစ်ခုအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။
သို့သော်, သူတို့ပတ်ဝန်းကျင်ရှိ အစီအရင်ဝင်္ကပါမှ လျှပ်စီးကြောင်းများသည် ပြိုပျက်သွား ခြင်းမရှိသောကြောင့် နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများ အားလုံးသည် ထိတ်လန့်ခြောက်ခြားနေသော ငှက်များကဲ့သို့ပင်။ ချင်ယွင်နှင့် ပင်လယ် နတ်ဆိုးဘုရင်တို့ကြား တိုက်ပွဲကြောင့် သူတို့၏ကိုယ်အင်္ဂါအစိတ်ပိုင်း အနည်းမျှ ထိခိုက်ခြင်းကို မဆိုတော့ပေ။ နောက်ဆုံးရလာဒ်က သနားစဖွယ် သေဆုံးခြင်းပင် ဖြစ်နေခဲ့သည်။
"ဘုန်း.."
နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ပင်လယ်နတ်ဆိုးဘုရင် ၏ လက်ထဲက လျှံစီးသုံးထောင့်လှံသည် တစ်ဖန် ပေါက်ကွဲသွားပြန်သည်။ ကြောက်မက် ဖွယ်လျှပ်စီးများသည် ကောင်းကင်ဘုံထောက်တိုင်တစ်ခုကဲ့သို့ ချင်ယွင်ဆီသို့ တိုက်ရိုက် တိုက်ခတ်လာသည်။
အကယ်၍, ကြောက်မက်ဖွယ်ကောင်းသော ထိုလျှပ်စီးသုံးထောင့်လှံသာ ထိုးဖောက်သွားပါ က၊ သူသည် ချက်ခြင်း သေသွားလိမ့်မည်။ ကံကောင်းထောက်မစွာ၊ ချင်ယွင်၏တုံ့ပြန်မှု သည် အချိန်မီခဲ့ပြီး ဤပြင်းထန်သော ထိုးနှက်ချက်ကို သူ တိုက်ရိုက် ရှောင်ရှားနိုင်ခဲ့သည်။
ချင်ယွင်သည် အရှုံးမပေးဘဲ ပင်လယ်နတ်ဆိုးဘုရင်ကို တိုက်ခိုက်ရန် သတ်ဖြတ်ခြင်း နည်းတစ်ထောင်ကို စတင်အသုံးပြုလိုက်သည်။
ယခုဆိုလျှင် ချင်ယွင်၏သိုင်းပညာသည် ကနဦးအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်။ သတ်ဖြတ်ခြင်းနည်းတစ်ထောင်ကို အသုံးပြုခြင်း၏ စွမ်းအားသည် ယခင်က ထက် များစွာကြီးမားသည်။ ယခုအချိန်တွင် သူ၏လက်များနှင့် ခြေထောက်များသည် အလွန်မင်း အစွမ်းထက်သော လက်နက်များ ဖြစ်သည်။ အကယ်၍, သူ့တိုက်ခိုက်မူ ထိမှန်ခံရသည်နှင့် ဒဏ်ရာအပြင်းအထန် ရသွားနိုင်သလို, သနားစဖွယ် သေဆုံးကောင်း သေဆုံးသွားနိုင်သည်။
"ဘုန်း.."
ချင်ယွင်၏ တိုက်ခိုက်မှုသည် အလွန်မင်း ပြင်းထန်သည်။ ပင်လယ်နတ်ဆိုးဘုရင် မတုံ့ပြန် နိုင်ခင်မှာ, သူသည် ပင်လယ်နတ်ဆိုးဘုရင်၏ရင်ဘတ်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက် သည်။
ပင်လယ်နတ်ဆိုးဘုရင်၏ ရင်ဘတ်သည် ချက်ခြင်း ပေါက်ကွဲသွားပြီး သူ၏တစ်ကိုယ်လုံး သည် ချက်ချင်း နောက်ပြန် ဆုတ်သွားကာ ကြောက်မက်ဖွယ်ကောင်းအောင် လောင်မြိုက် နေသော ချော်ရည်ပူထဲသို့ တိုက်ရိုက် ကျရောက်သွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ပတ်ဝန်းကျင်က လူတွေအားလုံး အံ့သြသွားကြသည်။ သူတို့ရှေ့က ဤလူငယ်သည် အစွမ်းထက်လွန်းပြီး ပင်လယ်နတ်ဆိုးဘုရင်တောင် သူ့ကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပါဘူး။
အဝေးမှဦ လင်ဒေါင်ကို စောင့်ရှောက်နေသော ယောင်ဖုန်းသည်လည်း အံ့အားသင့်သော အမူအရာကို ထုတ်ပြမိသည်။ အစောပိုင်းက ချင်ယွင်၏ တိုက်ခိုက်မှုသည် တကယ့်ကို ပြင်းထန်လွန်းပါသည်။ ၎င်းသည် သာမာန် ရုပ်ခန္ဓာကိုယ် နည်းပညာရပ်တစ်ခုကဲ့သို့ ထင်ရ သော်လည်း၊ သူ့ခန္ဓာကိုယ်အပေါ် ကျွမ်းကျင်ပိုင်နိုင်စွာ လှုပ်ရှားနိုင်မူသည် အနိုင်းယှဉ်နိုင် အောင် ထူးကဲသောအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းသည် ထိုတန်ခိုးကြီးသော နတ်ဘုရားစွမ်းရည်များထက် အားနည်းမည် မဟုတ်ပေ။
ချင်ယွင်သည် လေဟာနယ်ထဲတွင် ရပ်နေကာ သူ့စိတ်နှလုံးကတော့ စိတ်လက်သာ ဖြစ်မူ မရှိပေ။ ပင်လယ်နတ်ဆိုးဘုရင်၏ အငွေ့အသက်က အားနည်းသွားခြင်း မရှိဘဲ၊ ပိုမို အားကောင်းလာသည်ဟု ခံစားရသောကြောင့် သူသည် ခံစစ်အနေအထားကို ထိန်းသိမ်း ထားခဲ့သည်။
"ဘုန်း.."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီး ဟားဘတ်လ်တစ်ချောင်းက ချော်ရည်အိုင်ကို ထိုးဖွင့်ပြီး ချင်ယွင်ကို အပြင်းအထန် တိုက်ခိုက်လာသည်။ (ဟားဘတ်လ်-ဟူသည် လှံနှင့်တိုက်ပွဲဝင်ပုဆိန်နှစ်မျိုးစလုံး အသုံးပြုထားသော လက်နက်ရှည်ဖြစ်သည်)။
သူ့အရှိန်ဟုန်က မယုံနိုင်လောက်အောင် မြန်ဆန်နေခဲ့ပြီး၊ သိပ်မကြာခင် ချင်ယွင်၏ခေါင်း ကို ထိုးဖောက်သွားတော့မည်။
ချင်ယွင်လည်း ထိတ်လန့်သွားသည်။ သူသည် သူ့ခန္ဓာကိုယ်ကို အနည်းငယ် စောင်းကာ လေဟာနယ်ကို ထိုးဖောက်လာသည့် ထိုဟားဘတ်လ်ကို ကျဉ်းမြောင်းစွာ ရှောင်လိုက် သည်။ သို့သော်၊ လျှပ်စီးဟားဘတ်လ်၏ ချွန်ထက်သောအသွားက ချင်ယွင်၏ အနက်ရောင် အကြေးခွံများကို ဖြတ်တောက်သွားဆဲ ဖြစ်ပြီး ချင်ယွင်၏မျက်နှာပေါ်တွင် သွေးထွက် ဒဏ်ရာ အပေါက်တစ်ခု ကျန်ရစ်နေသေးသည်။
နတ်ဘုရားမိုးကြိုးဆေဘာလား။
ချင်ယွင် အံ့သြသွားသည်။ လျှပ်စီးအသွင်ပြောင်း နတ်ဘုရားမိုးကြိုးဆေဘာသည် အလွန်မင်း အစွမ်းထက်သည့် လျှပ်စီးအနှစ်သာရ ဥပဒေသတစ်ခု ဖြစ်သည်။ ၎င်းသည် အဆင့်နှစ်၏ အထွတ်အထိပ် အစစ်မှန် အဓိပ္ပာယ် အမျိုးအစားတွင် ပါဝင်နေသည်။ ၎င်းသည် လျှပ်စီးကို အနှိုင်းမဲ့ ချွန်ထက်သော ဓားသွားအဖြစ် သိပ်သည်းနိုင်သည်။ ဤချွန်ထက်မှုသည် ထိပ်တန်းအဆင့် နတ်ဘုရားပစ္စည်းများကို ထိုးဖောက်ရန် လုံလောက်သည်။
ချင်ယွင်၏ကိုယ်ခန္ဓာသည် ဘိုးဘေးနတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ ဘိုးဘေး နတ်ဘုရားအဆင့် လက်နက်များကသာ သူ့အား ပျက်စီးစေနိုင်သော်လည်း၊ ပင်လယ် နတ်ဆိုးဘုရင်၏ ဖရိုဖရဲနတ်ဘုရားလျှပ်စီး ပေါင်းစပ်ထားသော ချွန်ထက်သော ဓားသွား သည် ဘိုးဘေးနတ်ဘုရားနယ်ပယ်နှင့် လုံးဝ သက်ဆိုင်ခြင်း မရှိပေ။ ထို့ကြောင့်၊ ချင်ယွင်၏ အမှောင်နတ်ဆိုးနဂါးချပ်ဝတ်ကိုဖြတ်ကျော်ရန်မှာ မဖြစ်နိုင်သေးပေ။
"ငရဲကိုသွားလိုက်တော့..."
ချင်ယွင် ထိတ်လန့်နေချိန်မှာ ပင်လယ်နတ်ဆိုးဘုရင်၏ ရုပ်အသွင်သည် ချင်ယွင်၏ နောက်ကွယ်၌ ရုတ်တရက် ပေါ်လာသည်။ သူ့လက်ထဲမှာ ပေါင်းစည်းထားပြီးဖြစ်သည့် တုနှိုင်းမရအောင် အစွမ်းထက်သော နတ်ဘုရားမိုးကြိုးဆေဘာက ချင်ယွင်ဆီကို ပြင်းပြင်း ထန်ထန် ခုတ်ပိုင်းလာခဲ့သည်။
နတ်ဘုရားမိုးကြိုးဆေဘာမှ ထုတ်လွှတ်သော စူးရှသော အငွေ့အသက်သည် လူတို့ကို ကြောက်ရွံ့စေခဲ့သည်။ တစ်မီတာအကွာဝေးမှပင် ဆေဘာ၏ချွန်ထက်မှုကြောင့် နာကျင် ကိုက်ခဲမှုကို ခံစားနိုင်ကြသည်။
ချင်ယွင်သည် လျစ်လျူမရှုဝံ့ပေ။ ပင်လယ်နတ်ဆိုးဘုရင်၏ လျှပ်စီးအသွင်ပြောင်း ဆေဘာ ၏ အစစ်မှန် အဓိပ္ပါယ်ကို နားလည်သဘောပေါက်မှုသည် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေသည်မှာ ရှင်းလင်းသေချာသည်။ သာမန် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခြင်းသည် ခွေးတစ်ကောင်ကို သတ်ဖြတ်ခြင်းကဲ့သို့ ရိုးရှင်းပါသည်။ အကယ်၍ သူသည် ထိုနတ်ဘုရားမိုးကြိုးဆေဘာဖြင့် အမှန်တကယ် ထိမှန်ခံပါက၊ သူ၏ကံကြမ္မာသည် အလွန်တရာ သနားစရာကောင်းမည်မှာ သေချာပါ သည်။
ဝှီး....
ချင်ယွင်သည် ပုံရိပ်ယောင်အသွင်ပြောင်းခြင်းနတ်ဘုရားစွမ်းရည်ကို ချက်ချင်း အသုံးပြု ကာ လေဟာနယ်ပေါ် ခြေလှမ်းရင်း သူ့ခန္ဓာကိုယ်ကို နောက်သို့ တစ်မီတာအကွာသို့ အတင်းရွှေ့လိုက်သည်။
နတ်ဘုရားမိုးကြိုး ဆေဘာသည် ချင်ယွင်၏နှာခေါင်းကို ပွတ်သပ်လုနီးပါးပင်။ ကြောက်စရာကောင်းသော ဆေဘာစွမ်းအားသည် ချင်ယွင်၏မျက်နှာကို ထိုးဖောက် ဝင်ရောက်ခဲ့ပြီး ပြင်းထန်သော နာကျင်မှုကို ခံစားရစေသည်။ ကံကောင်းထောက်မစွာ၊ ချင်ယွင်၏ ခုခံကာကွယ်မှုသည် အလွန်အားကောင်းသည်။ မဟုတ်ပါက ဤဆေဘာ စွမ်းအားတစ်ခုတည်းကပင် သူ့ကို ထက်ဝက်ပိုင်းဖြတ်သွားရန် လုံလောက်ပေလိမ့်မည်။
"ဟမ့်၊ မင်း ပုန်းအောင်းနိုင်မယ့် လှုပ်ရှားမှုတွေ ဘယ်လောက်များများ ရှိနေလဲ ငါကြည့်ချင် တယ်" ပင်လယ်နတ်ဆိုးဘုရင်က ချင်ယွင် သူ့တိုက်ခိုက်မှုကို ရှောင်တိမ်းနေမှန်း သိလိုက်ရ တော့ ချက်ချင်းပင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူ့ပုံရိပ်က တောက်ပလာပြီး တကယ်ကို သုံးပိုင်းကွဲသွားခဲ့သည်။ ပုံရိပ်သုံးခုစလုံးသည် သူတို့၏နတ်ဘုရားမိုးကြိုး ဆေဘာကို တပြိုင်နက်တည်း ဝှေ့ယမ်းကာ ချင်ယွင်ဘက်သို့ ခုတ်ပိုင်းကြသည်။
ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။ ပင်လယ်နတ်ဆိုးဘုရင် တစ်ယောက်နှင့် ရင်ဆိုင်ရ ခြင်းကပင် သူ့အတွက် အရမ်းခက်ခဲနေပြီ။ အခုတော့ သုံးယောက်ကို တပြိုင်နက်တည်း ရင်ဆိုင်နေရပြီ။ ထို့အပြင် ဤလူသုံးယောက်၏အငွေ့အသက်သည် လုံးဝ အားနည်းသွား ခြင်း မရှိပေ။
"မဟုတ်ဘူး၊ ဒီလိုမျိုး ပုန်းအောင်းနေတာက နည်းလမ်းမဟုတ်ဘူး။ အနှေးနဲ့အမြန်, သူက အမှောင်နတ်ဆိုးနဂါးကိုယ်ပွားကို ထိခိုက်အောင် တိုက်ခိုက်နိုင်လိမ့်မယ်။ အမှောင်နတ်ဆိုး နဂါးကိုယ်ပွားရဲ့ ကုသနိုင်စွမ်းက အစွမ်းမထက်ဘူး။ ဒဏ်ရာရသွားရင် အဆုံးသတ်ရလိမ့် မယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
မှန်ပါသည်။ သူ၏အမှောင်နတ်ဆိုးနဂါးကိုယ်ပွား၏ ခန္ဓာကိုယ်သည် အစွမ်းထက်သော် လည်း ၎င်းတွင် အသက်တမျှ အရေးပါသည့် အားနည်းချက်တစ်ခု ရှိနေသည်။ ဆိုလိုသည် မှာ၊ ၎င်း၏ကိုယ့်ကိုယ်ကို ပြန်လည်ကုသနိုင်စွမ်းသည် အစွမ်းမထက်ပေ။ အဘယ့်ကြောင့် ဆိုသော် ၎င်း၏ခန္ဓာကိုယ်တွင် အစစ်မှန် စွမ်းအင် အနည်းငယ်မျှ မရှိသောကြောင့် ဖြစ်စည်။ ထို့ကြောင့် ၎င်း်ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြုပြင်နိုင်ခြင်း မရှိပေ။ ဒဏ်ရာရသွားသည်နှင့် ပြန်လည်ပြုပြင်ရန် အချိန်အတော်ကြာပါလိမ့်မည်။
"ဟား…၊ ဟား…၊ မင်း ကြောက်နေပြီလား ကောင်စုတ်လေး၊ အနှေးနဲ့အမြန်, မင်းရဲ့ရုပ် ခန္ဓာကိုယ်ကို ငါပိုင်လိမ့်မယ်။ သေလိုက်တော့" ပင်လယ်နတ်ဆိုးဘုရင်က သူ့လက်ထဲက မိုးကြိုးဆေဘာကို ဆက်တိုက်ခုတ်ပိုင်းရင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပါသည်။ ကြောက်မက်ဖွယ်ကောင်းသော ဆေဘာစွမ်းအားသည် မြေပြင်ကို ဟက်တက်ခွဲပြီး၊ ကြောက်မက်ဖွယ်ကောင်းသော လျှိုမြောင်များအဖြစ်သို့ ကျရောက်သွားစေခဲ့သည်။
ခဏလေးအတွင်းမှာပင်, ပင်လယ်နတ်ဆိုးနန်းတော် တစ်ခုလုံးသည် ချော်ရည်ပင်လယ် ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါပြီ။
"ဒီနေရာက သေးလွန်းတယ်။ ဒီနေရာ မဖွင့်သွားခင် ဒီအစီအရင်ဝင်္ကပါကို ချိုးဖျက်ဖို့ လိုအပ်တယ်။" ချင်ယွင်က စိတ်ထဲတွင် ပြောလိုက်သည်။
ဤကျဉ်းမြောင်းသော နေရာအတွင်းမှာ၊ ပင်လယ်နတ်ဆိုးဘုရင်သည် သူ့ကိုထောက်ပံ့ရန် အစွမ်းထက်သော အစီအရင်ဝင်္ကပါတစ်ခု ရှိနေပြီး သူ့ခွန်အားသည် အဆုံးမဲ့ စီးဆင်းသွား နိုင်သည်။ ချင်ယွင်သည် သူ့ပြိုင်ဘက် မဟုတ်ပေ။ ချင်ယွင်၏ ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်မှုမှာ ခံနိုင်ရည်ရှိသော်လည်း ပင်ပန်းနွမ်းနယ်နိုင်သည်။ သူ့ရုပ်ခန္ဓာကိုယ် ခွန်အား ကုန်ဆုံးသွား သည်နှင့် သူ့ကိုယ်ပွားသည် အသက်ဆုံးရှုံးရုံသာမက သူ၏မူလခန္ဓာကိုယ်သည်လည်း ဆိုးရွားသော အန္တရာယ်သို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထို့ကြောင့်၊ ယခု ချင်ယွင်၏ အဓိက ရည်မှန်းချက်မှာ ဤအစီအရင်ဝင်္ကပါကို ချိုးဖျက်ရန်ဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် ပင်လယ်နတ်ဆိုးဘုရင်သုံးပါးက သူ့ကို တစ်လှည့်စီ တိုက်ခိုက်နေသောကြောင့် သူသည် အလွန်မင်း ခက်ခက်ခဲခဲ ရှောင်တိမ်းရနေသည်။ နောက်ထိပ် ဤအစီအရင်ဝင်္ကပါကို ဖျက်စီးဖို့ သူ့မှာ မည်သို့ စွမ်းအင်ရှိနိုင်မည်နည်း။ ထို့အပြင် ဤရှေးဟောင်း ဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါသည် ဖျက်ဆီးရန် လွယ်ကူသည် မဟုတ်ပေ။ ထို့ကြောင့် လက်ရှိအခြေအနေသည် ချင်ယွင်အတွက် အကောင်းမရှိပေ။
"ကောင်စုတ်လေး, မင်းက တော်တော်မိုက်မဲတာပဲ။ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ရှေးဟောင်း လျှပ်စီးအရင်းအမြစ်ကနေ ဖြစ်ပေါ်လာတဲ့ နဂါးငယ်လေး မရှိဘူးလား။ အဲဒါကို လွှတ်လိုက် ပါ။ အဲဒါက မင်းကို ဒီရှေးဟောင်းဖရိုဖရဲနတ်ဘုရား လျှပ်စီးအစီအရင်ဝင်္ကပါကို ဖျက်စီးဖို့ ကူညီပေးနိုင်တယ်။ ဒါ့အပြင်၊ မျှော်လင့်မထားတဲ့ ပျော်ရွှင်မှုတွေလည်း ရှိလာနိုင်တယ်။" လျှိုဘို၏အသံက ချင်ယွင်၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။
"မှန်တယ်" ချင်ယွင်၏ မျက်လုံးများက ချက်ချင်းပင် တောက်ပလာသည်။
လျှပ်စီးနဂါးလေးသည် သူ့အား အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကူညီပေးခဲ့ပြီး ယခု တစ်ကြိမ်မှာလည်း သူ့ကို စိတ်ပျက်စေမည်မဟုတ်ကြောင်း သူယုံကြည်ခဲ့သည်။
"သွား"
ထို့ကြောင့် ချင်ယွင်သည် ညင်သာစွာ ဟစ်အော်လိုက်ပြီး သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်း လိုက်သည်။ လျှပ်စီးနဂါးငယ်သည် အသွင်ပြောင်းကာ ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ခွာ သွားသည်။ တစ်ချိန်တည်းမှာပင် ချင်ယွင်သည်လည်း လူသားအသွင်မှ နဂါးတစ်ပိုင်း အသွင်သို့ ပြောင်းလဲသွားသည်။
အမှောင်နတ်ဆိုးနဂါးကိုယ်ပွား၏ နဂါးတစ်ဝက်ပုံစံသည် ရှေးဟောင်းစိတ်ဝိညာဉ်နဂါး၏ နဂါးတစ်ဝက်အသွင်ပြောင်းခြင်းပုံစံနှင့် အနည်းငယ် ကွဲပြားသည်။ ချင်ယွင်၏နဖူးတွင် ချွန်ထက်သောဦးချိုနှင့် သူ့နောက်ကျောတွင် အနှိုင်းမဲ့ချွန်ထက်သော အချွန်အတက်များ ပါရှိသောကြောင့် အမှောင်နတ်ဆိုးနဂါးကိုယ်ပွား၏ နဂါးတစ်ဝက်ပုံစံသည် ပို၍ပင် လွမ်းမိုး နိုင်စွမ်းရှိပြီး ခက်ထန်သည်။