အခန်း ၁၆၄၁
Vol. 110 Ch. 1641
အခန်း (၁၆၄၁) ပြင်းထန်သောတိုက်ပွဲတစ်ခု
ချင်ယွင်၏ အမှောင်နတ်ဆိုးနဂါးကိုယ်ပွား၏ နဂါးတစ်ဝတ်အခြေအနေသို့ ပြောင်းလဲသွား သည့် အသွင်အပြင်သည် လူအများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိခဲ့သည်။ သူတို့အားလုံးသည် ထိတ်လန့်တုန်လှုပ်သွားသည့် အမူအရာများကို ဖော်ပြလာကြပြီး၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ပြင်းထန်သော အငွေ့အသက်ကြောင့် အားလုံး ထိတ်လန့်သွားကြသည်။
ပင်လယ်နတ်ဆိုးဘုရင်လည်း ထိတ်လန့်သွားသည်။ သူ့ရှေ့က ဤကောင်လေးသည် နဂါးတစ်ဝတ်အသွင်ပြောင်းခြင်း အခြေအနေထဲကို ဝင်နိုင်လိမ့်မည်ဟု သူ မမျှော်လင့် ထားခဲ့ပါဘူး။
"ဟမ့်၊ မင်း နဂါးတစ်ဝတ်အသွင်ပြောင်းခြင်း အခြေအနေထဲကို ဝင်ရောက်သွားရင်တောင် အသုံးမကျဘူး။ မင်းက ငါ့ပြိုင်ဘက် မဟုတ်သေးဘူး။" ပင်လယ်နတ်ဆိုးဘုရင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး၊ ရုပ်အသွင်သုံးခုစလုံးသည် နတ်ဘုရားမိုးကြိုးဆေဘာကို လက်ထဲတွင် ကိုင်ဆောင်ကာ ချင်ယွင်ထံသို့ ပြေးဝင်သွားကြပြန်သည်။
ချင်ယွင်က ရယ်မောလိုက်သည်။ သူသည် ပင်လယ်နတ်ဆိုးဘုရင်၏ မျက်လုံးနှင့်နားကို လှည့်စားများရန် နဂါးတစ်ဝတ်အသွင်ပြောင်းခြင်းအခြေအနေသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ တကယ်တော့၊ သူ့ တကယ့်ရည်ရွယ်ချက်က လျှပ်စီးနဂါးငယ်လေးကို ဒီအစီအရင်ဝင်္ကပါထဲကို ဝင်ခွင့်ပြုပြီး၊ ပတ်ဝန်းကျင်မှ ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။
လျှပ်စီးနဂါးငယ်လေး၏ အရှိန်ဟုန်သည် အလွန်မြန်သည်။ အဖြူရောင်အလင်းတန်းတစ်ခု အဖြစ် လင်းလက်သွားပြီး ပျောက်ကွယ်သွားသည်။ ပင်လယ်နတ်ဆိုးဘုရင်အပါအဝင် ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ၎င်း၏တည်ရှိမှုကို ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ချင်ယွင်၏အစီအစဉ်သည် တစ်ဝက်အောင်မြင်ပြီဟု ဆိုနိုင်သည်။ လျှပ်စီးနဂါးငယ်လေး သည် ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါကို ဖျက်ဆီးနိုင်သရွေ့၊ သူသည် ပင်လယ်နတ်ဆိုးဘုရင်နှင့် ဆက်ဆံရာတွင် ယုံကြည်မှုအချို့ ရှိလာလိမ့်မည်။
"ဝှီး… ဝှီး…."
ချင်ယွင်၏ပုံရိပ်သည် အဆက်မပြတ် ရှောင်ထွက်သွားနေသည်။ နဂါးတစ်ဝတ် အသွင် ပြောင်းထားသည့် ကိုယ်ပွား၏ လျင်မြန်ဖြတ်လတ်မှုကို အားကိုး၍ ပင်လယ်နတ်ဆိုး ဘုရင်များ၏ လျှပ်စီးဆေဘာသုံးစင်း၏ တိုက်ခိုက်မှုများကို အဆက်မပြတ် ရှောင်ရှားနေခဲ့ သည်။ နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများသည် ဤလေဟာနယ်အတွင်း အဆက်မပြတ် လှုပ်ရှားနေသော အနက်ရောင်အလင်းတန်းများ ကိုသာ မြင်နိုင်ပြီး ချင်ယွင်၏လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ကြပေ။
သာမန် ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများအနေဖြင့် မှုန်ဝါးဝါး အရိပ်တစ်ခုသာ မြင်နိုင်သည်။ အကယ်၍, သူတို့သာ ချင်ယွင်နှင့် အမှန်တကယ် တိုက်ခိုက်ပါက, သူတို့သည် တကွက်ကိုတောင် ခုခံနိုင်မှာ မဟုတ်ပါဘူး။
"အရမ်းပြင်းထန်လွန်းတယ်။ ဒါက အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတွေကြားက တိုက်ပွဲပဲ။" နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်များသည် သူတို့ကိုယ်သူတို့ ထိတ်လန့်တကြား ရေရွတ်ကြရင်း သူတို့၏ မျက်လုံးများသည် ရိုသေမှုနှင့် အတူ ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။
ဤအဆင့်တိုက်ပွဲသည် သူတို့အတွက် ရှားရှားပါးပါး ကောင်းမွန်သည့်အရာတစ်ခု ဖြစ်သော်လည်း ဘေးအန္တရာယ်တစ်ခုလည်း ဖြစ်နေသည်။
ပင်လယ်နတ်ဆိုးဘုရင်၏ လက်ထဲက နတ်ဘုရားမိုးကြိုးဆေဘာသည် အဆက်မပြတ် တိုက်ခိုက်နေသော်လည်း ချင်ယွင်အတွက် ကြီးကြီးမားမား ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ ပေ။ ဤအရာက သူ့ကို ဒေါသထွက်စေခဲ့သည်။
"မင်း ဘယ်လောက်ကြာကြာ ပုန်းရှောင်နိုင်မလဲ ငါကြည့်ချင်မိတယ်" ပင်လယ်နတ်ဆိုး ဘုရင်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။ သူ့ရုပ်အသွင်သုံးခုသည် အမှန်တကယ် တိုက်ရိုက် ထပ်သွားခဲ့ပြီး၊ ထို့နောက် သူ့ပတ်ပတ်လည်မှ နတ်ဘုရားတန်ခိုးစွမ်းအားသည် ထောင်နှင့်ချီသည့် နတ်ဘုရားလျှပ်စီးအပ်များအဖြစ် ချက်ချင်း ပေါင်းစည်းသွားသည်။
လျှပ်စီးအပ်တစ်ချောင်းစီသည် ဆံပင်အရွယ်စား ထူရုံမျှသာဖြစ်သော်လည်း ၎င်းမှ ထုတ်လွှတ်သော စွမ်းအင်အတက်အကျလှိုင်းက နှလုံးတုန်လှုပ်စေသည်။
"လျှပ်စီးတွေကို အပ်တစ်ချောင်းစီမှာ စုစည်းခြင်း။ ကောင်းကင်ဘုံ၊ ငါ မမှားနိုင်ပါဘူး"
"မင်း မမှားပါဘူး။ ဒါတွေက ဖရိုဖရဲနတ်ဘုရားလျှပ်စီးမှ ပေါင်းစပ်ထားတဲ့ နတ်ဘုရား လျှပ်စီးအပ်တွေပဲ။ တစ်ချောင်းချင်းစီက အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦးရဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားလောက်တယ်။ ပင်လယ်နတ်ဆိုးဘုရင်က ဒီနတ်ဘုရားလျှပ်စီးအပ် ထောင်ပေါင်းများစွာကို သိပ်သည်း ထားတယ်။ တစ်ချောင်းချင်းစီက တကယ့်ကို အစွမ်းထက်တယ်။"
"မှန်တယ်။ ဒီချင်ယွင်ဟာ ဒီနေရာမှာ လုံးဝ ရှုံးနိမ့်သွားနိုင်တယ်။ ပင်လယ်နတ်ဆိုးဘုရင်ရဲ့ လျှပ်စီးအသွင်ပြောင်းမိုးကြိုးဆေဘာအပေါ် နားလည်နိုင်စွမ်းက အလယ်အလတ် နယ်ပယ် ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေပြီ။ မဟုတ်ရင် သူက ဒီလောက်ကြောက်စရာကောင်းတဲ့ အဆင့်မျိုး ရောက်နေဖို့ မဖြစ်နိုင်ဘူး။"
…
ပတ်ဝန်းကျင်ရှိ လူတိုင်းက ဆွေးနွေးနေကြပြီး ပင်လယ်နတ်ဆိုးဘုရင် ထုတ်ဖော်လာသည့် နတ်ဘုရားလျှပ်စီးအပ်များကြောင့် အံ့သြသွားကြသည်။
လင်ဒေါင်ကို ကာကွယ်ပေးနေသည့် ယောင်ဖုန််သည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူမမျက်လုံးတွေဟာ စိုးရိမ်မှုများဖြင့် ပြည့်နှက်လာသည်။ အကယ်၍, သူမသာဆိုလျှင် ဤကြောက်စရာကောင်းသော နတ်ဘုရားလျှပ်စီးအပ်များကို ခုခံနိုင်မည် မဟုတ်ပေ။
"အစ်မ၊ အစ်ကိုကြီး ချင်ယွင် အဆင်ပြေပါ့မလား" လင်ဒေါင်က သူ့မျက်လုံးကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း မေးလိုက်သည်။
"မပြေနိုင်စရာ မရှိပါဘူး၊ မင်းရဲ့အစ်ကိုကြီး ချင်ယွင်က အရမ်းအစွမ်းထက်တယ်။ အားလုံး အဆင်ပြေသွားမှာ။" ယောင်ဖုန်းသည် ပြန်ပြောလိုက်ရသော်လည်း သူမ၏ နှလုံးသားသည် အလွန်ပင် ကမောက်ကမ ဖြစ်နေသေးသည်။
ပင်လယ်နတ်ဆိုးဘုရင်သည် ဤမျှလောက်အစွမ်းထက်သော နတ်ဘုရားလျှပ်စီးအပ်များ အသုံးပြုသည်ကို မြင်ရသောအခါ ချင်ယွင်လည်း အံ့အားသင့်သွားသည်။ ထို့နောက် သူသည် လေးနက်သော အမူအရာ ဖြစ်ပေါ်လာသည်။
သူ့ရှေ့က နတ်ဘုရားလျှပ်စီးအပ်များသည် သူ့ကို အလွန်ပြင်းထန်သည့် ခြိမ်းခြောက်မှုကို ပေးနေခဲ့သည်။ နတ်ဘုရားလျှပ်စီးအပ်များသည် သူ့ခုခံကာကွယ်မှုကို သေချာပေါက် ထိုးဖောက်နိုင်မည်ဟု သူသိနေခဲ့ပြီး၊ ထိုထောင်ပေါင်းများစွာသော နတ်ဘုရားလျှပ်စီး အပ်များက သူ့ကို သတ်ပစ်နိုင်သေးသည်။
"မဟုတ်ဘူး၊ အမှောင်နတ်ဆိုးနဂါးကိုယ်ပွား သေလို့မရဘူး။ သေသွားတာနဲ့ ငါ့အကြံအစည် အားလုံးက အချည်းနှီးဖြစ်သွားလိမ့်မယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးပြီး၊ သူ့ခေါင်းကို လျှင်မြန်စွာ အလုပ်ပေးကာ ကြောက်စရာကောင်းသည့် နတ်ဘုရားလျှပ်စီးအပ်များကို တွန်းလှန်ရန် နည်းလမ်းကို တွေးနေခဲ့သည်။
"ဟမ့်၊ ငါ့ရဲ့ နတ်ဘုရားလျှပ်စီးအပ်က ကောင်းကင်နဲ့ မြေကြီးကို ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ်။ မင်း ငါ့ရဲ့တိုက်ခိုက်မှုတွေကို တားဆီးနိုင်မယ်လို့ ငါ မယုံဘူး။" ပင်လယ်နတ်ဆိုးဘုရင်က ကျယ်လောင်စွာ ဟစ်အော်လိုက်ပြီး နတ်ဘုရား လျှပ်စီးအပ်များကို စတင် အသက်သွင်းလိုက်သည်။
ဘန်း…။
ထောင်ပေါင်းများစွာသော နတ်ဘုရားလျှပ်စီးအပ်များသည် ချင်ယွင်ဆီသို့ မိုးရေပေါက်များ ကဲ့သို့ တဟုန်ထိုး ပြေးသွားကာ လေဟာနယ်တစ်ခုလုံး ပြည့်ကျပ်နေပါသည်။
မူလကတည်းက ဤနေရာသည် ကြီးကြီးမားမား မဟုတ်ခဲ့ပေ။ ယခုအခါ နတ်ဘုရား လျှပ်စီးအပ်များက များစွာရှိနေခဲ့သည်။ ၎င်းတို့၏ အရှိန်ဟုန်မှာလည်း အလွန် လျင်မြန်သောကြောင့် သူတို့၏ လှုပ်ရှားမှု နည်းပညာရပ်များကို အားကိုးပြီး ရှောင်တိမ်းရန် မဖြစ်နိုင်တော့ပေ။
ဘုန်း…။
နတ်ဘုရားလျှပ်စီးအပ်များသည် ကောင်းကင်ယံကို ချက်ခြင်းထိုးဖောက်ပြီး ချင်ယွင်ရှေ့သို့ ရောက်ရှိလာသည်။ နောက်အခိုက်တန့်တွင်၊ ချင်ယွင်သည် ဆန်ခါပေါက်ဖြစ်သွားလိမ့်မည်။
ဤမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်လုံးများက အနှိုင်းမဲ့ သတ်ဖြတ်လိုသည့် ဆန္ဒ ပေါက်ကြားသွားသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အနက်ရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး နဂါးနတ်ဘုရား ကျောက်စိမ်းတံဆိပ်မှ ဖန်တီးထားသည့် တိုက်ပွဲဝင်ချပ်ဝတ်က သူ့ခန္ဓာကိုယ်ကို ချက်ချင်း ဖုံးလွှမ်းသွားပါသည်။ သို့သော်လည်း ချင်ယွင်သည် စိုးရိမ်နေသေးသည်။ သူသည် သူ့လက်ထဲမှ ကြည်လင်ကောင်းကင်ဓားကို ဝှေ့ယမ်းပြီး ကြီးမားလှသော ဓားလှိုင်းလုံးကြီး လှိမ့်ထုတ်လိုက်သည်။
"ဘုန်း…"
သို့သော်လည်း ချင်ယွင်၏ခွန်အားမှာ အားနည်းနေသေးသည်။ သူ၏ဓားလှိုင်းများသည် နတ်ဘုရားလျှပ်စီးအပ်များကို လုံးဝ မရပ်တန့်စေနိုင်ခဲ့ပေ။ ၎င်းတို့သည် နတ်ဘုရားလျှပ်စီး အပ်များကြောင့် တိုက်ရိုက် ပြိုကွဲသွားပြီး၊ ထိုနတ်ဘုရားလျှပ်စီးအပ်များသည် ချင်ယွင်ဆီ သို့ ဆက်လက် ပြေးဝင်လာနေသည်။
ချင်ယွင်သည် သူ့ခန္ဓာကိုယ်၏ အဓိကအစိတ်ပိုင်းများကို နတ်ဘုရားလျှပ်စီးအပ်များ၏ တိုက်ခိုက်မှုမှ တားဆီးရန်အတွက် ကြည်လင်ကောင်းကင်ဓားကို အသုံးပြုရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။
"ဖူး...."
ကြည်လင်ကောင်းကင်ဓားဖြင့် ကာကွယ်ထားသော ချင်ယွင်၏ ခန္ဓာကိုယ် အစိတ်အပိုင်း များမှလွဲ၍, သူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးအပ်များဖြင့် ထိုးဖောက်ခံရပြီး သွေးမှုန်များ လွင့်စင်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများနှင့် နဂါးနတ်ဘုရားကျောက်စိမ်းတံဆိပ်မှ ဖွဲ့စည်းထားသော ချပ်ဝတ် တန်ဆာသည် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားလျှပ်စီးအပ်များကို ခုခံနိုင်စွမ်း မရှိသေးပေ။
ဤနတ်ဘုရားလျှပ်စီးအပ်များသည် အလွန်ထက်မြက်၏။ ကြည်လင်ကောင်းကင်ဓားသည် သူ၏အဓိကအစိတ်အပိုင်းများကို ပိတ်ဆို့ထားသော်လည်း ကြောက်မက်ဖွယ်ကောင်းသော သက်ရောက်မှုက ချင်ယွင်ကို လွင့်ပျံသွားစေခဲ့သည်။
ချင်ယွင်သည် သူ့တစ်ကိုယ်လုံးတွင် ပြင်းထန်စွာ နာကျင်မှုကို ခံစားခဲ့ရသည်။ သူ့ခန္ဓာကိုယ် အနှံ့ ထိုးဖောက်နေသော လျှပ်စီးအပ် ထောင်ပေါင်းများစွာ၏ နာကျင်ဖွယ်ခံစားမူက သူ့နှလုံးသားကို အင်းဆက်ပေါင်း ထောင်တစ်သောင်းမက ကိုက်ဖြတ်နေသည့် ခံစားချက် ထက်ပင် သည်းမခံနိုင်စရာကောင်းနေသည်။
"ဘုန်း.."
ချင်ယွင်၏ခန္ဓာကိုယ်သည် သူ့နောက်က ပြန့်ကြဲနေသော စွမ်းအင်များဖြင့် ထိမှန်ခံရပြီး သူ့တစ်ကိုယ်လုံး နောက်ထပ် ဒဏ်ရာများ ရရှိသွားခဲ့သည်။ နောက်ကျောပြင်တစ်ခုလုံး အကြေးခွံများ ပေါက်ကွဲသွားပြီး သူ့အသားတွေက လုံး၀ ကြေမွသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ပတ်ဝန်းကျင်က လူတွေအားလုံးက အေးစက်သည့် လေကို ရှုရှိုက်မိကြသည်။ အကယ်၍, သူတို့သာဆိုလျှင် ယခုလိုတိုက်ခိုက်မှုမျိုးကနေ လွတ်မြောက်ရန် လုံးဝ နည်းလမ်းမရှိပါဘူး။ သို့သော် ချင်ယွင်သည် ဒဏ်ရာအပြင်းအထန် ရခဲ့သော်လည်း အသက်ရှင်နေသေးသည်။
"ဟား…၊ ဟား…၊ မင်းက ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ ငါပြောခဲ့သားပဲ။ ဘယ်လိုလဲ၊ ငါ့ရဲ့နတ်ဘုရားလျှပ်စီးအပ်တွေရဲ့ အရသာက ကောင်းတယ် ဟုတ်လား။ ဒါပေမယ့် ဒါက အခုမှ အစပဲရှိသေးတယ်။ တကယ့်ပွဲကောင်းတွေ လာဖို့ရှိသေးတယ်။" ပင်လယ်နတ်ဆိုး ဘုရင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
ထို့နောက် လက်ကိုဝှေ့ယမ်းကာ ရာနှင့်ချီသော နတ်ဘုရားလျှပ်စီးအပ်များသည် လေထဲ တွင် ပေါင်းစည်းသွားပြန်သည်။ လျှပ်စီးအပ်တစ်ခုစီ၏ စွမ်းအားသည် ယခင်နတ်ဘုရား လျှပ်စီးအပ်များ၏ စွမ်းအားထက် ကြီးမားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ပတ်ဝန်းကျင်က လူတွေအားလုံး အသက်ပြင်းပြင်း ရှူလိုက်ကြသည်။ ဤပင်လယ်နတ်ဆိုးဘုရင်သည် သူ၏သတ်ဖြတ်လိုစိတ်ကို လုံးလုံး လျားလျား နှိုးဆော်ခံလိုက်ရပါပြီ။ အကယ်၍, ဤနတ်ဘုရားလျှပ်စီးအပ်တစ်ချောင်းသာ ထိုးစိုက်ခံရပါက ဒဏ်ရာကြီးကြီးမားမား ရသွားလိမ့်မည်။ အခု ရာနှင့်ချီပြီး ရှိနေသည်။ သူတို့ မည်သို့ ခုခံနိုင်မည်နည်း။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ့မျက်ခုံးများက တွန့်သွားခဲ့ သည်။ သို့သော် ထိုအချိန်တွင် အဖြူရောင်အလင်းတန်းတစ်ခုသည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်လာသဖြင့် သူ့မျက်လုံးများက လင်းထိန်သွားပြန်သည်။