← Chapters

အခန်း ၁၆၄၂

Vol. 110 Ch. 1642

အခန်း ၁၆၄၂

Vol. 110 Ch. 1642

အခန်း (၁၆၄၂) တိုက်ပွဲက အစပဲရှိသေးတယ်။

ထိုအဖြူရောင်အလင်းတန်းသည် စောစောပိုင်းက ပျံထွက်သွားသည့် လျှပ်စီးနဂါးငယ်လေး ဖြစ်ပါသည်။

လျှပ်စီးနဂါးငယ်လေးသည် ရှေးဟောင်းအဖြူရောင်ကျောက်စိမ်းလျှပ်စီးကို စုပ်ယူပြီးက တည်းက ၎င်း၏အရောင်သည် အဖြူရောင်ဖြစ်လာပြီး ၎င်း၏စွမ်းအားသည် ပို၍ပင် အားကောင်းလာသည်။

ယုတ္တိနည်းအရပြောရလျှင်, လျှပ်စီးနဂါးငယ်လေး၏ စွမ်းရည်ဖြင့်၊ ၎င်းသည် ရှေးဟောင်း ဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါကို ဖျက်ဆီးနိုင်သင့်သည်။

သို့သော်လည်း ချင်ယွင်သည် သူ့ပတ်ဝန်းကျင်တွင် ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါ တည်ရှိနေမှုကို ခံစားသိရှိနိုင်သေးသည်။ ယင်းက ချင်ယွင်ကို အလွန်မင်း အံ့အားသင့်စေခဲ့သည်။ လျှပ်စီးနဂါးငယ်လေးသည် ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါကို အဘယ်ကြောင့် မဖျက်ဆီးခဲ့ရသနည်း။

သို့သော် လျှိဘို၏ နောက်ထပ်စကားများက ချင်ယွင်ကို အပျော်လွန်သွားစေခဲ့သည်။

"ကောင်စုတ်လေး၊ မင်းရဲ့လျှပ်စီးနဂါးငယ်လေးက ဒီတစ်ခါတော့ ကောင်းကောင်း လုပ်ခဲ့ပြီး ပြီ။ သူက ဒီရှေးဟောင်းဖရိုဖရဲနတ်ဘုရား လျှပ်စီးအစီအရင်ဝင်္ကပါကို မဖျက်ဆီးဘူး။ အဲဒီအစား, သူက မင်အတွက် ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါကို ထိန်းချုပ်ခဲ့တယ်။ မင်း မင်းရဲ့လျှပ်စီးနဂါးငယ်လေးနဲ့ ပေါင်းစပ်နေသမျှ ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါကို မင်း ထိန်းချုပ်နိုင်လိမ့်မယ်။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။

"တကယ်လား၊ ဒီရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါကို ငါ ထိန်းချုပ်နိုင် တာလား?" ချင်ယွင်က အံ့သြစွာ ပြောသည်။

အကယ်၍, လျှပ်စီးနဂါးငယ်လေးသာ ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင် ဝင်္ကပါကို အမှန်တကယ် ချုပ်ကိုင်နိုင်ခဲ့ပါက၊ သူသည် အတောင်ပံတပ်ထားသည့် ကျားတစ်ကောင်ကဲ့သို့ အမှန်ပင် ဖြစ်လာလိမ့်မည်။ ပင်လယ်နတ်ဆိုးဘုရင်၏ စွမ်းအား သည် အလွန်မင်း အားနည်းသွားရုံသာမကဘဲ, သူ၏ခွန်အားကိုလည်း အလွန်မြှင့်တင်ပေး လိမ့်မည်။

ဤပြောင်းလဲမှုနှင့်အတူ ပင်လယ်နတ်ဆိုးဘုရင်ကို အနိုင်ယူရန် သူ၏အခွင့်အလမ်းသည် ပို၍ပင် ကြီးမားလာပေလိမ့်မည်။

"ဒါပေမယ့် ဒီကောင်ကလေးမှာလည်း အခြေအနေတစ်ခု ရှိတယ်ကွ။" လျှိုဘို၏အသံက ထပ်ပြီး ထွက်ပေါ်လာသည်။

"ဘယ်လို အခြေအနေလဲ။" ချင်ယွင်က အံ့သြစွာ မေးလိုက်သည်။ လျှပ်စီးနဂါးငယ်လေး သည် အခြေအနေတစ်ရပ်ကို တောင်းဆိုနိုင်သည်အထိ အမှန်တကယ် မြှင့်တက်လာလိမ့် မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"သူက မင်းကို ပင်လယ်နတ်ဆိုးဘုရင်ရဲ့ ရှေးဟောင်းလျှပ်စီးအရင်းမြစ်ကို ဖမ်းဆုပ်ထား စေချင်တယ်။ ဒီရှေးဟောင်း လျှပ်စီးအရင်းမြစ်ကြောင့် သူက ပိုပိုပြီး သန်မာလာစေလိမ့် မယ်။" လျှိုဘို၏အသံက ထပ်ပြီး ထွက်ပေါ်လာသည်။

ချင်ယွင် အနည်းငယ် မှင်သက်သွားသည်။ သူသည် သူ့ခန္ဓာကိုယ်ထဲက လျှပ်စီးနဂါးငယ် လေးကို နတ်ဘုရားအာရုံဖြင့် ကြည့်လိုက်သည်။ လျှပ်စီးနဂါးငယ်လေးသည် တရွေ့ရွေ့ လူးလွန့်ရွှေ့လျားနေပြီး၊ ၎င်း၏အတွေးများကို ဖော်ပြနေသည့်အတိုင်း ပေါက်ကွဲသံများပင် ထွက်ပေါ်နေပါသည်။

"ကောင်းပြီ ငါသဘောတူတယ်" ချင်ယွင် ချက်ချင်း သဘောတူလိုက်သည်။

အမှန်မှာ၊ လျှပ်စီးနဂါးငယ်လေးသည် ထိုကဲ့သို့ အခြေအနေမျိုး မတောင်းဆိုခဲ့လျှင်ပင်၊ ချင်င်ယွင်သည် ရှေးဟောင်းလျှပ်စီးအရင်းအမြစ်ကို ရရှိပြီးနောက် ၎င်းအား လျှပ်စီးနဂါး ငယ်လေးထံ လွှဲပြောင်းပေးမည် ဖြစ်သည်။ နောက်ဆုံးတွင်၊ လျှပ်စီးနဂါးငယ်လေး အစွမ်းထက်လာပါက ၎င်းသည် သူ့အတွက် ကြီးမားသည့် အထောက်အကူ ဖြစ်လာလိမ့် မည်။

လျှပ်စီးနဂါးငယ်လေးသည် ချင်ယွင်၏စကားကိုကြားပြီး အလွန်မင်း စိတ်လှုပ်ရှားသွားကာ ချင်ယွင်၏ ခန္ဓာကိုယ်ထဲတွင် ပြေးလွှားနေပုံရသည်။ သူ အရမ်းစိတ်လှုပ်ရှားနေသည်မှာ သိသာပါသည်။

"ရှုပ်နေတာရပ်လိုက်တော့။ ငါတို့ သူ့ကို ဘယ်လို့အနိုင်ယူမလဲ အရင်ပြောရအောင်" ချင်ယွင်က ချက်ချင်းပင် စိတ်ပိုင်းဆိုင်ရာ ပေးပို့လိုက်သည်။

လျှပ်စီးနဂါးငယ်လေးသည် ချင်ယွင်၏စကားကို နားလည်ပုံရပြီး၊ သူသည် ချင်ယွင်၏ မျက်ခုံးအလယ်ဗဟိုသို့ တိုက်ရိုက် ပြေးသွားပြီး၊ မျက်ခုံးအလယ်ဗဟိုမှာ တိုက်ရိုက် ပေါင်းစပ်ပြီး၊ လျှပ်စီးကြောင်းပုံစံတစ်ခု ဖြစ်လာသည်။

ဘန်း….။

ဤလျှပ်စီးကြောင်းပုံစံကို ဖန်တီးပြီးနောက် ချင်ယွင်သည် သူ့နှင့် သူ့ပတ်ဝန်းကျင်မှ ဖရိုဖရဲလျှပ်စီးများကြား ဆက်စပ်မှုကို ချက်ချင်း ခံစားလိုက်ရသည်။ ဤချိတ်ဆက်မှု အောက်တွင်၊ သူသည် လျှပ်စီးကြောင်းကို အမှန်တကယ် လုံးလုံးလျားလျား ထိန်းချုပ်နိုင်ခဲ့ ကြောင်း တွေ့ရှိခဲ့ရသည်။

ထိုမျှသာမကပေ။ သူ၏လျှပ်စီးအပေါ် ဖမ်းဆုပ်ထားနိုင်မှုကလည်း မကြုံစဖူးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ။ ကြီးမားသော လျှပ်စီးစွမ်းအင်ပမာဏက သူ့မျက်ခုံးကြားမှ အဆက်မပြတ် ထွက်ပေါ်လာသည်။

"ဆိုတော့, ဒီကောင်ငယ်လေးက ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါရဲ့ ဝိညာဉ်ကို ဝါးမျိုပြီး ဒီကြီးကျယ်ခမ်းနားတဲ့ အစီအရင်ဝင်္ကပါရဲ့ ဝိညာဉ်အဖြစ် လုပ်ဆောင် လိုက်တာပေါ့။ ဟား...၊ ဟား..၊ သူက တကယ်ကို ထက်မြက်ပါတယ်။" ချင်ယွင်သည် သူ့စိတ်ထဲတွင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဖော်မပြနိုင်သည့် လွတ်လပ်မူကို ခံစားလိုက်ရသည်။

"သေလိုက်တော့..."

ချင်ယွင်သည် ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီးအစီအရင်ဝင်္ကပါကို ထိန်းချုပ်နေစဉ် မှာ, အဝေးမှ ပင်လယ်နတ်ဆိုးဘုရင်သည် ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်း ဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါမှ သိပ်သည်းထားသော လျှပ်စီးလှံကို စတင် အသက်သွင်းခဲ့ပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ပစ်ခတ်လိုက်သည်။

ရာနှင့်ချီပြီး ချွန်ထက်သောလှံများသည် အရာအားလုံးကို ထိုးဖောက်ရန် လုံလောက်ပြီး၊ ၎င်းတို့အနက်မှ တစ်ခုစီတိုင်းသည် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအား များ ရှိနေသည်။

သို့သော် ယခုတစ်ကြိမ်တွင် ချင်ယွင်သည် ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းနေသည့် လျှပ်စီးလှံများကို ဘာမှမထူးခြားသလို ကြည့်လိုက်သည်။

"သူ အရှုံးပေးလိုက်တာလား၊ ဘာလို့ ဘာခုခံကာကွယ်မှုမှ မလုပ်ရတာလဲ"

"အကာကွယ်လား၊ ကာကွယ်တော့ရော ဘာသုံးကျမှာလဲ။ ဒါက ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားလျှပ်စီးနဲ့ မိုးကြိုးအသွင်ပြောင်းဆေဘာရဲ့ စစ်မှန်တဲ့ အနှစ်သာရကနေ ပေါင်းစပ် ထားတဲ့ လျှပ်စီးလှံတွေပဲ။ သူ့တို့ရဲ့စွမ်းအားက အနှိုင်းမဲ့ ကြောက်စရာကောင်းနေပြီ။ ဒီအကာကွယ်တွေက ဘာအသုံးကျမှာလဲ။"

ချင်ယွင်သည် သူ၏ခုခံကာကွယ်မှုကို စွန့်လွှတ်ပြီး သေဆုံးရန် အဆင်သင့်ဖြစ်နေပြီဟု ထင်ပြီး၊ ပရိသတ်များက ချက်ခြင်း စတင်ဆွေးနွေးကြသည်။

"အစ်မကြီး၊ အစ်ကိုကြီးက တကယ် သေသွားမှာလား" လင်ဒေါင်လည်း ယောင်ဖုန်းကို စိုးရိမ်သောကဖြင့် မေးသည်။

"မဟုတ်ဘူး၊ မင်းရဲ့အစ်ကိုကြီးဟာ ပေါ့ပေါ့တန်တန် အရှုံးပေးတတ်တဲ့ လူစားမျိုး မဟုတ်ဘူး။" ယောင်ဖုန်းက ပြန်ပြောလိုက်သော်လည်း ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ရင်း စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေသည်။ ချင်ယွင်ကရော ဘာကြောင့် သူ့ကိုယ်သူ ခုခံကာကွယ်မှု မပြုလုပ်ရတာလဲ။ သူ တကယ်ပဲ လက်လျှော့ဖို့ ရည်ရွယ်ခဲ့တာလား? သို့သော် ဤသည်မှာ ချင်ယွင်၏စရိုက်နှင့် မကိုက်ညီပေ။

သူမအမြင်အရဆို, ချင်ယွင်သည် နောက်ဆုံးထွက်သက် အသက်တစ်ချက် ကျန်သေးလျှင် ပင်, အဆုံးထိ တိုက်ပွဲဝင်မည့်သူ ဖြစ်သင့်သည်။ သူ့အနေဖြင့် လွယ်လွယ်နှင့် အရှုံးပေးရန် မဖြစ်နိုင်သော်လည်း ချင်ယွင်က ထိုတိုက်ခိုက်မှုကို မည်သို့ ခံယူမလဲဆိုသည်ကို သူမ နားမလည်နိုင်ခဲ့ပါဘူး။

"ဟား ဟား၊ ကောင်စုတ်လေး, မင်း အကြောက်တရားကို သိသွားပြီလား။ ဒါဆိုလည်း သေဖို့ စောင့်နေလိုက်တော့" ချင်ယွင်က ခုခံခြင်းမရှိသည်ကို မြင်တော့ ပင်လယ်နတ်ဆိုး ဘုရင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ ချင်ယွင်သည် လုံးဝ စိတ်ဓာတ်ကျပြီး၊ သူသေဆုံးသည်အထိ ခုခံမှုကို စွန့်လွှတ်လိုက်ပြီဟု သူ ထင်နေခဲ့သည်။

"အဲလိုထင်လား၊ ခင်ဗျား စိတ်ပျက်သွားမှာ ကျုပ် ကြောက်မိတယ်။”

သို့သော်၊ ပင်လယ်နတ်ဆိုးဘုရင်သည် လျှပ်စီးလှံတွေက ချင်ယွင်ကို ထိုးဖောက်သွားတော့ မည်ဟု တွေးထားချိန်မှာ အံ့ဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ရာနှင့်ချီသော လျှပ်စီးလှံများသည် ချင်ယွင်၏ရှေ့တွင် လွင့်မျောနေသည်။ ၎င်းတို့သည် ချင်ယွင်နှင့် တစ်မီတာအောက်သာသာ ကွာဝေးတော့သော်လည်း တစ်လက်မမျှ ရှေ့မတိုး ကြတော့ပေ။

"ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီလျှပ်စီးလှံတွေက ဘာကြောင့် ရုတ်တရက် ရပ်သွားတာ လဲ။" ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ပတ်ဝန်းကျင်က လူတွေအားလုံး အလန့်တကြား ရေရွတ်လိုက်သည်။

ပင်လယ်နတ်ဆိုးဘုရင်၏ မျက်လုံးများသည် မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။ သူ့တိုက်ခိုက်မှုက အဘယ့်ကြောင့် ရုတ်တရက် ကျဆုံးသွားလဲဆိုသည်ကို သူ နားမလည် နိုင်ပါဘူး။

"ဘာဖြစ်နေတာလဲ၊ ငါ ဘာလို့ ဒီရှေးဟောင်းဖရိုဖရဲ နတ်ဘုရားလျှပ်စီးနဲ့ ရုတ်တရက် အဆက်အသွယ် ပြတ်သွားရတာလဲ။" ပင်လယ်နတ်ဆိုးဘုရင်က တအံ့တသြ မေးသည်။

သို့သော်လည်း နောက်မြင်ကွင်းက သူ့ကို လုံးဝ ထိတ်လန့်စေသည်။ အကြောင်းမှာ လေထဲတွင် လွင့်မျောနေသည့် ရာနှင့်ချ်သော လျှပ်စီးလှံများသည် ၎င်းတို့၏လှံသွားများကို တညီတညွတ်တည်း နောက်ပြန်လှည့်ပတ်ကာ လှံသွားများကို သူ့ဆီသို့ ချိန်လာသည်ကို သူ တွေ့ရှိရသောကြောင့် ဖြစ်သည်။

"မင်း... ငါ့ရဲ့ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါကို ဘာလုပ်လိုက်တာ လဲ" ထိုမှသာ ပင်လယ်နတ်ဆိုးဘုရင်သည် ဖြစ်ပျက်ခဲ့သည့်အရာကို သဘော ပေါက်သွား သည်။ အကြောင်းမှာ သူသည် ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါ၏ တည်ရှိမှုကို မခံစားနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ သူ၏မျက်စိရှေ့မှောက်တွင် ဤကောင်စုတ်သည် သူ၏ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါကို လုယူသွားခြင်းဖြစ်သည်ဟုသာ ဆိုနိုင်ပါသည်။

"ကျုပ် ဘာမှ မလုပ်ပါဘူး။ ခင်ဗျားရဲ့ ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင် ဝင်္ကပါက တော်တော်လေး အစွမ်းထက်တယ်လို့ ခံစားရတယ်။ ဒါကြောင့် အပျော်သဘော နဲ့ ငှားရမ်းကြည့်ရုံပါ။ နောက်ပြီး ဒီလျှပ်စီးလှံတွေက ခင်ဗျား ပိုင်တယ်။ အခုပဲ ခင်ဗျားဆီ ပြန်ပေးပါ့မယ်။" ချင်ယွင်က သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ပြီး လွင့်မျောနေသော နတ်ဘုရားလျှပ်စီးလှံများသည် ပျံထွက်သွားပြီး ပင်လယ်နတ်ဆိုးဘုရင်ကို အပြင်းအထန် တိုက်ခိုက်ကြသည်။

ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းဖရိုဖရဲနတ်ဘုရား လျှပ်စီးလှံများသည် ပင်လယ်နတ်ဆိုးဘုရင်ကို အပြင်းအထန် တိုက်ခိုက်ရင်း အနှိုင်းမဲ့ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားကို သယ်ဆောင်ထားသည်။

ပင်လယ်နတ်ဆိုးဘုရင်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် ဤကြောက်မက်ဖွယ်လျှပ်စီးလှံများကို တားဆီးလိုဟန်ဖြင့် လျှပ်စီးအကာကွယ်ဒိုင်းကို သိပ်သည်းရန် သူ့ခန္ဓာကိုယ်ရှိ နတ်ဘုရားလျှပ်စီးများကို အလျင်အမြန် အသုံးပြုခဲ့သည်။

သို့သော် လျှပ်စီးလှံများ၏ စွမ်းအားသည် တကယ်ကို ကြီးမားလွန်းပြီး၊ အသုံးပြုထားသည့် လျှပ်စီးလှံပမာဏကလည်း အလွန်များသည်။ ပင်လယ်နတ်ဆိုးဘုရင် ပေါင်းစပ်ထားသော အကာကွယ်ဒိုင်းသည် မပြိုကွဲခင် သုံးစက္ကန့်သာ ကြာခဲ့သည်။ နောက်ဆုံးတွင်၊ သူ့တစ်ကိုယ်လုံးသည် ရာနှင့်ချီသော လျှပ်စီးလှံများဖြင့် နစ်မြုပ်သွားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားလျှပ်စီးလှံများသည် ပေါက်ကွဲသွားပြီး၊ ပတ်ဝန်းကျင်ကို ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးပင်လယ်အဖြစ် ပြောင်းလဲသွား စေသည်။

လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လုံးဝကို ဆွံ့အသွားကြသည်။ ဤရလာဒ် သည် ၎င်းတို့မျှော်မှန်းထားသည်ထက် လီပေါင်း ၁၀၈၀၀၀၀ လျော့နည်းနေခဲ့သည်။

All Chapters