အခန်း ၁၆၄၃
Vol. 110 Ch. 1643
အခန်း (၁၆၄၃) မိုးကြိုးနတ်ဘုရား၏ဝတ်ရုံတော်။
ဤရလာဒ်သည် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။ အသတ်ခံရတော့မည့် ချင်ယွင်သည် နောက်ဆုံးတွင် ပင်လယ်နတ်ဆိုးဘုရင်ကို ပြင်းထန်စွာ ဒဏ်ရာရစေမည်ဟု သူတို့ မမျှော်လင့်ထားပေ။
ပင်လယ်နတ်ဆိုးဘုရင်သည် မည်မျှပင် တန်ခိုးကြီးသည်ဖြစ်စေ ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားဆဲ ဖြစ်သည်။
လျှပ်စီးကြောင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ပင်လယ်နတ်ဆိုးဘုရင်၏ ရုပ်အသွင်သည် လူတိုင်းရှေ့တွင် တဖြည်းဖြည်း ပေါ်လာသည်။
ထိုအချိန်တွင် ပင်လယ်နတ်ဆိုးဘုရင်သည် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီ။ သူ့ခန္ဓာကိုယ်၏ မည်သည့် အစိတ်အပိုင်းတွင်မဆို မပျက်စီးသည့်နေရာ မရှိပေ။ သူ့ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးလှံဖြင့် ဖန်တီးထားသော အပေါက်များ ရှိနေသည်။
ပင်လယ်နတ်ဆိုးဘုရင်၏ ဆံပင်များက ကြေကွဲဖွယ်ရာမြင်ကွင်းမျိုး ဖြစ်နေခဲ့ပြီး၊ သူ့ အပြာရောင်မျက်လုံးများတွင် သွေးနီရောင်များဖြင့် လောင်ကျွမ်းနေခဲ့ပြီ။ ချင်ယွင်ကို စူးစူး စိုက်စိုက် ကြည့်ရင်း သူ့အကြည့်တွေက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
"ငါ မင်းကို သေစေချင်တယ်" ပင်လယ်နတ်ဆိုးဘုရင်သည် သူ့သွားများကြားမှ စကားလုံး လေးလုံးကို ညှစ်ထုတ်လိုက်ပြီး သူ့စိတ်ထဲမှာ သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်သွား သည်။
"အရင် ခင်ဗျား ရှေးဟောင်းဖရိုဖရဲနတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါကို အသုံးပြုထား တုန်းကတောင် ကျုပ်ကို မသတ်နိုင်ခဲ့ဘူး။ အခု ကျုပ်က ခင်ဗျားရဲ့ ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါကို သိမ်းယူလိုက်ပြီ။ ခင်ဗျား ကျုပ်ကို သတ်နိုင်သေး တယ်လို့ တကယ် ထင်နေလား" ချင်ယွင်က လှောင်ရယ်ရယ်လိုက်ပြီး သူ့မျက်လုံးတွေက လှောင်ပြောင်မှုများဖြင့် ပြည့်နေခဲ့သည်။
သို့သော် သူ့စိတ်နှလုံးက ငြိမ်သက်ခြင်း မရှိပေ။ ဤရှေးဟောင်းဖရိုဖရဲနတ်ဘုရား လျှပ်စီး အစီအရင်ဝင်္ကပါသည် သေချာပေါက် ပင်လယ်နတ်ဆိုးဘုရင်၏ အစစ်အမှန် အားကိုးရာ မဟုတ်ကြောင်း သူ သိနေသည်။ ပင်လယ်နတ်ဆိုးဘုရင်သည် သူ၏ အစစ်မှန် ခွန်အားကို မဖော်ထုတ်ရသေးပေ။ ခက်ခဲသည့် တိုက်ပွဲတစ်ခု ရှိနေဆဲဖြစ်သည်။
သူ ထိုကဲ့သို့ ပြောဆိုရသည့် အကြောင်းရင်းက ပင်လယ်နတ်ဆိုးဘုရင်ကို ဒေါသထွက်စေ ပြီး၊ သူ့အသိစိတ် ပျောက်ဆုံးသွားစေရန် ဖြစ်သည်။
"ကောင်စုတ်လေး၊ မင်းက ငါ့ကို အရမ်းလျှော့တွက်လွန်းနေတယ်။ ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါမရှိဘဲ၊ မင်းကို ငါမသတ်နိုင်ဘူးလို့ မင်းထင်နေတာ လား။ ဒါဆိုရင်တော့ မင်းက နုံအလွန်းသေးတယ်။" ပင်လယ်နတ်ဆိုးဘုရင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောသည်
ဒီကောင်စုတ်က သူ့ကို တကယ်ကို အထင်သေးရဲသည်။ ဤအရာကို သူ မည်သို့ သည်းခံနိုင်မည်နည်း။
ဘန်း….။
ပင်လယ်နတ်ဆိုးဘုရင်၏အသံ ပြီးဆုံးသွားသည်နှင့် ပြင်းထန်သော မိုးခြိမ်းသံတစ်ခုက သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ထို့နောက်တွင် လူတိုင်းကို ထိတ်လန့်စေသော မြင်ကွင်းတစ်ခု ထပ်မံ ဖြစ်ပေါ်လာခဲ့သည်။
ပင်လယ်နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ ရစ်ပတ်နေသော လျှပ်စီးများ ကြောင့် ပင်လယ်နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်သည် အပြာရောင် ပြောင်းသွားခဲ့သည်။ အထူးသဖြင့် သူ့မျက်လုံးများတွင် အနှိုင်းမဲ့ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီး ကြောင်းများ လင်းလက်နေသည်။
ဤအခိုက်အတန့်တွင် ပင်လယ်နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လျှပ်စီးအလင်း အလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားပုံရပြီး အနှိုင်းမဲ့ တောက်ပလာသည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည်လည်း ယခင်ကထက် အဆမတန် အားကောင်းလာခဲ့သည်။
“ဖြစ်နိုင်တာက…”
အနီးပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ပင်လယ်နတ်ဆိုးဘုရင်အား နတ်ဘုရားလျှပ်စီးများ ဖြင့် ရစ်ပတ်ထားသည်ကို မြင်သောအခါ သူတို့၏မျက်နှာများသည် အံ့ဩနေသည့် အမူအရာများ ထွက်ပေါ်လာကြသည်။
ဤအခိုက်အတန့်တွင်၊ ပင်လယ်နတ်ဆိုးဘုရင်သည် သာမန်လျှပ်စီးပညာရပ်တစ်ခုကို အသုံးပြုနေပုံရသော်လည်း အမှန်တကယ်တော့ ထိုမျှ မရိုးရှင်းနိုင်ပေ။ ဤကြောက်မက် ဖွယ် နတ်ဘုရားလျှပ်စီးများအောက်တွင် ကြီးမားသော လျှို့ဝှက်ဆန်းကြယ်မှုတစ်ခု ရှိနေသေးသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏မျက်လုံးများက အံ့ဩသွားသည့် အသွင်အပြင် ကို ပေါ်လွင်စေသည်။ ယခင်က လျှိုဘိုပြောခဲ့သည့်စကားကို ပြန်သတိမရဘဲ မနေနိုင်ခဲ့ ပေ။
လျှပ်စီးအနှစ်သာရအတွင်း၌ အလွန်အစွမ်းထက်သော အနှစ်သာရတစ်ခု ရှိနေခဲ့သည်။ ဤအနှစ်သာရမျိုးသည် အဆင့်တစ် အစစ်မှန် အနှစ်သာရအမျိုးစားထဲမှာပင် ထူးထူး ခြားခြားဖြစ်ပြီး၊ အနှိုင်းမဲ့ အစွမ်းထက်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ဤအနှစ်သာရ အမျိုးစားကို မိုးကြိုးနတ်ဘုရား၏ဝတ်ရုံတော်ဟု ခေါ်သည်။
"မှန်တယ်၊ ငါ မိုးကြိုးနတ်ဘုရားဝတ်ရုံတော် အစစ်မှန် အဓိပ္ပာယ်ကို အသုံးပြုနေတာ။ ဒါက ကနဦးအဆင့်မှာပဲ ရှိသေးပေမယ့်၊ အဆင့်တစ် အစစ်မှန် အဓိပ္ပာယ် ဖြစ်နေသေးတယ်။ စွမ်းအားအရဆိုရင်, မိုးကြိုးအသွင်ပြောင်းခြင်းဆေဘာထက်တောင် ပိုပြင်းထန်တယ်။" ပင်လယ်နတ်ဆိုးဘုရင်က ရယ်မောပြီး သူ့အကြည့်တွေက တဖန်ပြန်လည် မောက်မာလာ သည်။
"ဒါက မိုးကြိုးနတ်ဘုရားဝတ်ရုံတော်။ ဒီနာမည်က နားထောင်လို့တော်တော်ကောင်းတယ်။ ဘယ်လောက် အစွမ်းထက်လဲဆိုတာ ငါ မသိသေးဘူး။" ချင်ယွင်က သူ့ကိုယ်သူ စိတ်ထဲမှာ ရေရွတ်လိုက်ပြီး သူ့အကြည့်တွေက လေးနက်လာသည်။
မိုးကြိုးနတ်ဘုရားဝတ်ရုံတော်၏ အကူအညီဖြင့် ပင်လယ်နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည် ပို၍ကြောက်စရာကောင်းလာသည်ဟု ဆိုရမည် ဖြစ်သည်။ မိုးကြိုး နတ်ဘုရားဝတ်ရုံတော်နှင့် မိုးကြိုးအသွင်ပြောင်းဆေဘာဖြင့်ဆိုပါက, အစစ်မှန် အဓိပ္ပာယ် နှစ်ခုကို ပေါင်းစည်းပြီး၊ ၎င်းသည် အနှိုင်းမဲ့ပြင်းထန်သော တိုက်ပွဲဝင် စွမ်းအားတစ်ခု သေချာပေါက် ဖြစ်လာလိမ့်မည်။
"အခု မင်းကို မင်းသွားရမယ့်လမ်းကို ပို့ဖို့အချိန်ရောက်ပြီ။ ကောင်စုတ်လေး, မင်းကို သတ်ခဲ့တဲ့သူက ငါပင်လယ်နတ်ဆိုးဘုရင်ဆိုတာ သတိရပါ။" ပင်လယ်နတ်ဆိုးဘုရင်က အေးစက်စွာ အော်ဟစ်လိုက်သည်။ ထို့နောက် သူ့ခြေဖဝါးက တစ်ချက်လှုပ်ရှားလိုက်ရာ သူ့တစ်ကိုယ်လုံး ထိုနေရာကနေ ပျောက်ကွယ်သွားခဲ့သည်။
"ကောင်းပြီ...မြန်လိုက်တာ" ထိုမြင်ကွင်းကိုမြင်တော့ ချင်ယွင်လည်း အံ့သြသွားသည့် အမူအရာ ဖြစ်ပေါ်လာသည်။
သူ၏လက်ရှိမျက်စိအမြင်ဖြင့် ပင်လယ်နတ်ဆိုးဘုရင်၏ လှုပ်ရှားမှုလမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ မှုန်ဝါးဝါးလျှပ်စီးကြောင်းကိုသာ သူ မြင်နေရသည်။ အမှောင်နတ်ဆိုးနဂါးကိုယ်ပွား၏ အစွမ်းထက်သော နတ်ဘုရားစိတ်ဝိညာဉ်အာရုံကို အားကိုး၍သာ ချင်ယွင်သည် ပင်လယ်နတ်ဆိုးဘုရင်၏ လှုပ်ရှားမှုများကို ဖမ်းဆုပ်နိုင်ခဲ့ သည်။
"ဘယ်ဘက်မှာ..."
ချင်ယွင်၏မျက်လုံးတွေက ရုတ်တရက် ပြောင်းလဲသွားရင်း သူ့လက်သီးကို ဝှေ့ယမ်းပြီး ဘယ်ဘက်ခြမ်းကို ထိုးလိုက်သည်။
"ဘုန်း…"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ပင်လယ်နတ်ဆိုးဘုရင်၏ အသံက လေထဲတွင် ပေါ်လာသည်။ ချင်ယွင်၏လက်သီးသည် ပင်လယ်နတ်ဆိုးဘုရင်၏ လက်သီးနှင့် အပြင်းအထန် တိုက်မိသွားသည်။
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူတို့နှစ်ဦးသည် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်သွားကာ လက်ရည်တူနေခဲ့သည်။
"သူ့ရဲ့ခွန်အားတွေတောင် ပိုပြီးအားကောင်းလာတယ်။ ဒါက မိုးကြိုးနတ်ဘုရားဝတ်ရုံတော် ရဲ့ အကျိုးသက်ရောက်မှုလား။" ချင်ယွင် အံ့သြသွားသည်။
အဆင့်တစ် အစစ်မှန် အဓိပ္ပာယ် မိုးကြိုးနတ်ဘုရားဝတ်ရုံတော်ကို ကနဦးအဆင့်သို့ ရောက်ရှိလာချိန်မှာ အရှိန်ဟုန်၊ ခွန်အားနှင့် သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားတန်ခိုး စွမ်းအားကိုပင် ချက်ချင်း နှစ်ဆတိုးနိုင်သည်ဟု လျှိုဘိုထံမှ သူ ကြားသိဖူးသည်။
အလယ်အလတ်အဆင့်သို့ ရောက်သောအခါ၊ လေးဆတိုးနိုင်သည်။ အဆင့်မြင့်အဆင့်သို့ ရောက်သောအခါတွင်၊ ဆယ်ဆတိုးနိုင်သည်။ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်သောအခါ တွင်၊ သူသည် သူ့ခွန်အားကို တိုက်ရိုက် အဆနှစ်ဆယ်အထိ တိုးမြင့်နိုင်သည်ဟု ဆိုသည်။
ဤအရာက ခွန်အားတိုးမြင့်စေရုံ သက်သက်မဟုတ်ပေ။ ဘက်စုံတိုးမြင့်နိုင်ခြင်း ဖြစ်သည်။ အထွတ်အထိပ် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားသည် ရုတ်တရက် အဆနှစ်ဆယ် တိုးလာခဲ့သည်။ ဤအရာက သေချာပေါက် ကြောက်စရာ ကောင်းသည့် တိုးမြင့်မူကြီး တစ်ခုဖြစ်သည်။ ထို့အပြင်၊ သူ၏ အစစ်မှန် အနှစ်သာရသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသည်နှင့် တပြိုင်နက်၊ သူသည် ဘိုးဘေးနတ်ဘုရား နယ်ပယ်သို့ ခြေလှမ်းနိုင်ပြီး၊ ဘိုးဘေးနတ်ဘုရား၏ တန်ခိုးတော်ကို ပိုင်ဆိုင်နိုင်မည်။ ထိုအချိန်ရောက်လျှင်, အကယ်၍, သူသည် မိုးကြိုးနတ်ဘုရားဝတ်ရုံတော်၏ အစစ်မှန် အနှစ်သာရကို အသုံးပြုပြီး သူ့ခွန်အားကို တိုးမြင့်စေမည်ဆိုပါက၊ ၎င်းသည် ကောင်းကင် နှင့် မြေကြီးကိုပင် သေချာပေါက် ဖျက်ဆီးပစ်နိုင်လိမ့်မည်။
"ကောင်စုတ်လေး၊ မိုးကြိုးနတ်ဘုရားဝတ်ရုံတော်က ဘယ်လောက် အစွမ်းထက်တယ်ဆို တာ မင်း မြင်ပြီလား။ ဒါပေမယ့် ဒါက အစပဲရှိသေးတယ်။ မိုးကြိုးနတ်ဘုရားဝတ်ရုံတော်ရဲ့ အစစ်မှန် စွမ်းအားက ဘာလဲဆိုတာ တွေးကြည့်လို့တောင် မရဘူး။ နောက်တော့ မင်းကို နောက်ထပ် အတွေ့အကြုံတွေရအောင် ငါပြပေးမယ်။" ပင်လယ်နတ်ဆိုးဘုရင်က သရော်သံဖြင့် ပြောလိုက်သည်။
သူစကားပြောပြီးသောအခါ၊ သူသည် နတ်ဘုရားမိုးကြိုးဆေဘာ၏ အစစ်မှန် အနှစ်သာရ ကို စတင် အသက်သွင်းလိုက်သည်။ ယခုတစ်ကြိမ်မှာတော့ သူသည် ဓားရှည်တစ်ချောင်း ကို သိပ်သည်းလိုက်သည်။ သို့သော်လည်း လျှပ်စီးဓားရှည်မှ ထုတ်လွှတ်သော တန်ခိုး စွမ်းအားနှင့် ထက်ရှမှုက ယခင်ကထက် များစွာ ပိုမိုအားကောင်းလာခဲ့သည်။
"မိုးကြိုးနတ်ဘုရားဝတ်ရုံတော်က အစစ်မှန် အနှစ်သာရရဲ့ စွမ်းအားကိုတောင် တိုးမြှင့်ပေး နိုင်တာများ ဖြစ်နိုင်မလား။" လူအုပ်ထဲမှ တစ်ယောက်က ထိုအချက်ကို သတိပြုမိပြီး အံ့သြစွာ အော်ဟစ်လိုက်သည်။
ချင်ယွင်လည်း အနည်းငယ် အံ့သြသွားသည်။ မိုးကြိုးနတ်ဘုရား၏ ထိုးထွင်းသိမြင်မှုသည် အစစ်မှန် အဓိပ္ပာယ် ဉပဒေသ၏ အကျိုးသက်ရောက်မှုကိုပင် တိုးပွားစေနိုင်သည်အထိ အစွမ်းထက်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
"ဟား ဟား၊ ကောင်စုတ်လေး၊ အခု မင်း ဒီမိုးကြိုးနတ်ဘုရားဝတ်ရုံတော်ရဲ့ စွမ်းအားကို သိသွားပြီ မဟုတ်လား။ နောက်တော့ ငါပင်လယ်နတ်ဆိုးဘုရင်ရဲ့ စစ်မှန်တဲ့ စွမ်းအားက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာ ငါ မင်းကို ပြောပြမယ်။" ပင်လယ် နတ်ဆိုးဘုရင်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူစကားပြောပြီးသည်နှင့် သူသည် သူ့လက်ထဲတွင်ရှိသော နတ်ဘုရားလျှပ်စီးဓားရှည်ကို တိုက်ရိုက် ဝှေ့ယမ်းကာ ချင်ယွင်ဘက်သို့ ခုတ်ပိုင်းလိုက်သည်။
ဓားတစ်ချက် ခုတ်ပိုင်းပြီး ထာဝရပျက်သုဉ်းစေခြင်း။
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားလျှပ်စီးများသည် ကောင်းကင်ကြီးကဲ့သို့ ပြိုဆင်းလာခဲ့ပြီး လေဟာနယ်တစ်ခုလုံးကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်သည်။ သူတို့ ဝန်းကျင်ရှိ လျှပ်စီးအစီအရင်ဝင်္ကပါက ပျက်ဆီးသွားခဲ့ပြီး၊ ပင်လယ်ကြမ်းပြင်တစ်ခုလုံး ဖြတ်ပိုင်းသွားပြီး အနှိုင်းမဲ့ကြီးမားသော ချောက်ကြီးအဖြစ်သို့ ပြောင်းသွားခဲ့သည်။
ကြောက်စရာကောင်းသော လျှပ်စီးဓားရှည်အလင်းသည် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံး ကို နှစ်ခြမ်းခွဲပစ်ချင်သည့်အလား ချင်ယွင်ဆီသို့ ပြေးသွားခဲ့သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ သူ့မျက်လုံးများတွင် တုနှိုင်းမရအောင် လေးနက်သည့် အမူအရာတစ်ခု ပေါ်လာသည်။ သူ အခုလေးတင် ရရှိထားသည့် ရှေးဟောင်းဖရိုဖရဲ နတ်ဘုရားလျှပ်စီး အစီအရင်ဝင်္ကပါသည် ဖျက်ဆီးခံလိုက်ရသည်။ မိုးကြိုးနတ်ဘုရားဝတ်ရုံတော်၏ တန်ခိုးသည် တကယ်ကို အစွမ်းထက်လွန်းလှသည်။
"ကျုပ်ချင်ယွင်ကိုသတ်ဖို့ ဒီလောက်လွယ်မှာ မဟုတ်ဘူး" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်ဖြင့် တောက်ပလာသည်။ ထို့နောက် သူ့လက်တစ်ဘက် လုံးသည် နဂါးလက်သည်းအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သယ်ဆောင်လာကာ လျှပ်စီးဓားရှည်အလင်းဆီသို့ ပစ်ဝင်သွားသည်။