အခန်း ၁၆၄၄
Vol. 110 Ch. 1644
အခန်း (၁၆၄၄) အမှောင်နတ်ဆိုးနဂါး ဆင်းသက်လာခြင်း။
"ဘုန်း…။"
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ကြီးမားလှသော နဂါးလက်သည်းနှင့် ကြောက်မက်ဖွယ် လျှပ်စီးဆေဘာအလင်းတို့သည် တစ်ခုနှင့်တစ်ခု တိုက်မိသွားကာ သူ့လက်တစ်ဘက်လုံးကို ချက်ချင်း နှစ်ပိုင်းခွဲပစ်လိုက်သည်။
မိုးကြိုးနတ်ဘုရားဝတ်ရုံတော်၏ အကူအညီဖြင့်၊ လျှပ်စီးအသွင်ပြောင်းဓားရှည်၏ စွမ်းအားသည် ပို၍ပင် ကြောက်စရာကောင်းလာသည်။ ချင်ယွင်၏ အမှောင်နတ်ဆိုးနဂါး ကိုယ်ပွား၏ ရုပ်ခန္ဓာကိုယ်ခွန်အားပင်လျှင် ထိုကဲ့သို့ စူးရှသော အလင်းရောင်ကို မခုခံနိုင်ခဲ့ ပါ။
ချင်ယွင်၏ မျက်နှာသည် နာကျင်သော အမူအရာ ပေါ်လာသည်။ ထိုအချိန်တွင် သူ၏ ဘယ်ဘက်လက်မောင်း တစ်ဘက်လုံး ပြတ်တောက်သွားခဲ့သည်။ အချိန်တိုအတွင်း ပြန်လည် ကောင်းမွန်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ယောင်ဖုန်းနှင့် လင်ဒေါင်တို့သည် ဤမြင်ကွင်းကို အဝေးမှမြင်လိုက်သောအခါတွင် သူတို့၏မျက်နှာများသည် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေပြီး သူတို့၏မျက်လုံးများက စိုးရိမ်ပူပန်လာကြသည်။
"ဟား ဟား၊ ကောင်စုတ်လေး, မင်းက ငါ့ရှေ့မှာ မောက်မာရဲသေးလား။ ငါပင်လယ် နတ်ဆိုးဘုရင်ရဲ့ တန်ခိုးကို မင်းသိပြီးလား" ပင်လယ်နတ်ဆိုးဘုရင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ချင်ယွင်၏ အမူအရာမှာ လေးနက်သည်။ အစစ်မှန် ထိပ်တိုက်ရင်ဆိုင်မှုအရ၊ သူသည် ပင်လယ်နတ်ဆိုးဘုရင်အတွက် အမှန်တကယ်ပင် ပြိုင်ဘက် မဟုတ်ခဲ့ပေ။ နောက်ဆုံးတွင်၊ သူသည် နယ်ပယ်နှင့် စွမ်းအားအရာမှာ ပင်လယ်နတ်ဆိုးဘုရင်အောက် အများကြီး နိမ့်ကျနေသေးသည်။ ပင်လယ်နတ်ဆိုးဘုရင်ကို ယခုအချိန်အထိ တိုက်နိုင်ရခြင်း၏ အကြောင်းရင်းမှာ အမှောင်နတ်ဆိုးနဂါးကိုယ်ပွားကြောင့် ဖြစ်သည်။
"ကြည့်ရတာ, နောက်ဆုံးတော့ ဒီလှုပ်ရှားမှုကိုပဲ အသုံးပြုရမယ့်ပုံပဲ။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
အစွမ်းထက်သော ရှေးဟောင်း နတ်သားရဲတစ်ကောင်အနေဖြင့်၊ အမှောင်နတ်ဆိုးနဂါး ကိုယ်ပွားသည် သဘာဝအလျောက် ၎င်း၏ကိုယ်ပိုင်နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထား သည်။ သို့သော်၊ ဤမွေးရာပါ နတ်ဘုရား၏စွမ်းရည်သည် ဆိုးရွားလွန်းပြီး မှောင်မိုက်လွန်း သည်။ ချင်ယွင် တခါမှ မသုံးဖူးပါဘူး။
၎င်းကို အသုံးပြုပြီးသည်နှင့် သူသည် နတ်ဆိုးတစ်ကောင်းဖြစ်သွားနိုင်ပြီး၊ သူ့အသိစိတ်က လုံးဝ ပျောက်ဆုံးသွားနိုင်ချေရှိသည်။
သို့သော် ယခုအချိန်တွင် ၎င်းသည် နောက်ဆုံးအားထားရာ ဖြစ်သည်။ သူ လုပ်ကို လုပ်ရလိမ့်မည်။ မဟုတ်ရင် သူ သေရုံသာမက လင်ဒေါင်နှင့် ယောင်ဖုန်းတို့လည်း သေဆုံးရလိမ့်မည်။
"ကလေး၊ မင်းရဲ့သေခြင်းတရားကို လက်ခံလိုက်ပါ။ မင်းကို ဒီနောက်ဆုံးဓားချက်နဲ့ အနောက်ဘက် ကောင်းကင်ဘုံကို ပို့ပေးလိုက်မယ်။" ပင်လယ်နတ်ဆိုးဘုရင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူပြောပြီးသည်နှင့် သူသည် သူ၏လက်ထဲမှ နတ်ဘုရားလျှပ်စီးဓားရှည်ကို စတင် အသက်သွင်းလိုက်သည်။ သူ၏ နတ်ဘုရားလျှပ်စီး ဓားရှည်မှ တုနှိုင်းမရလောက်အောင် အားကောင်းသော မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာ သည်။ မိုးခြိမ်းသံမှာလည်း ပြင်းထန်ပြီး စူးရှသည်။
ဘန်း….။
ပင်လယ်နတ်ဆိုးဘုရင်သည် သူ့လက်ထဲမှ လျှပ်စီးဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး အနှိုင်းမဲ့ ကြီးမားလှသည့် ဓားအလင်းတန်းတစ်ခုက ကောင်းကင်ကနေ ပစ်လွှတ်လိုက်သည်။
ပင်လယ်ကြမ်းပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်လာသည်။ အစီအရင်ဝင်္ကပါကြောင့် ခေတ္တရပ်တန့်နေသော ပင်လယ်ကြမ်းပြင် လေဟာနယ်သည် ရုတ်တရက် ပြိုကျသည့် လက္ခဏာများ ပေါ်လာသည်။ အစီအရင်ဝင်္ကပါ ပျက်ဆီးသွားသည်နှင့် ပင်လယ်ရေသည် စိမ့်ဝင်လာလိမ့်မည်။ ထိုအချိန်တွင် ပင်လယ်ကြမ်းပြင်တစ်ခုလုံးတွင် ပင်လယ်နတ်ဆိုး နန်းတော်ဆိုတာ မရှိနိုင်တော့ပါ။
လူအုပ်ကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အားလုံး ကြောက်လန့်တကြား ပြန်ဆုတ် သွားကြသည်။ သူတို့သည် ထိုဓားအလင်းတန်းကို ထိတ်လန့်တကြား အမူအရာဖြင့် ကြည့်နေကြသည်။
ကြောက်စရာကောင်းလွန်းတယ်။
ထိုဓားအလင်းသည် မည်မျှကြောက်စရာကောင်းသည်ကို သူတို့ စိတ်ပင် မကူးရဲကြပေ။ အဝေးကြီးကနေတောင် ထိုဓားအလင်းမှ ထုတ်လွှတ်သော စူးရှသော အငွေ့အသက်ကို သူတို့ ခံစားနိုင်သည်။
ယောင်ဖုန်းသည် ချင်ယွင်ကို စိုးရိမ်တကြီး အမူအရာဖြင့် ကြည့်နေရင်း လင်ဒေါင်ကို အမြန် ပြန်ဆွဲထုတ်လိုက်သည်။
ထိုဓားအလင်းမှ သယ်ဆောင်လာသော အန္တရာယ်အငွေ့အသက်ကို သူမလည်း ခံစားခဲ့ရ သည်။ ထိုဓားအလင်း၏ စွမ်းအားက ကြောက်စရာကောင်းလွန်းသည်။ ချင်ယွင်သည် ထိုဓားချက်ကို မည်သို့ ခံခုနိုင်သည်ကို သူမအနေဖြင့် စိတ်ကူးကြည့်ရန်ပင် ခက်ခဲသည်။
ရွှဲ့ခိုင်သည် မျက်ခုံးပင့်ကာ၊ သူ့မျက်လုံးများက စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြည့်နေခဲ့သည်။
မူလက ချင်ယွင်၏ထွက်ပေါ်လာမူက သူ့အား အံ့သြဖွယ်တစ်ခုခု ဖြစ်ပေါ်စေမည်ဟု သူထင်ခဲ့သော်လည်း ယခုအခါ ချင်ယွင်သည် ပင်လယ်နတ်ဆိုးဘုရင်နှင့် မယှဉ်နိုင်တော့ ပေ။ နောက်ဆုံးမှာ ပင်လယ်နတ်ဆိုးဘုရင်၏ ဓားအောက်မှာ သေဆုံးရတော့မည်။
သို့သော်၊ ချင်ယွင်သည် ထိုဓားချက်ကို ခုခံရန် စွမ်းအားမရှိဟု လူတိုင်း ထင်နေကြစဉ်မှာ, ချင်ယွင်၏ ခန္ဓာကိုယ်သည်လည်း ပြောင်းလဲလာသည်။
ပြင်းထန်သော အနက်ရောင်အငွေ့များက သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်လာပြီး လေပွေကဲ့သို့ ရစ်ပတ်နေသည်။ နောက်ဆုံးတွင်၊ အနက်ရောင်အငွေ့လေပွေသည် ပို၍ကြီးမားလာပြီး၊ အနက်ရောင်အငွေ့များ၏ ဖျစ်ညှစ်မှုအောက်တွင် ပင်လယ်ကြမ်းပြင်ကို ဖုံးအုပ်ထားသည့် အစီအရင်ဝင်္ကပါသည် အက်ကွဲစပြုလာသည်။
ထိုမျှတင်မကပေ။ ချင်ယွင်၏ ခန္ဓာကိုယ်မှ အနက်ရောင် အလင်းတန်းများ ထွက်လာခဲ့ သည်။ ဤအနက်ရောင် အလင်းတန်းများသည် အနှိုင်းမဲ့ ပြင်းထန်သော အမှောင်ထု အငွေ့အသက်ကို ထုတ်လွှတ်နေပြီး၊ ဤအမှောင်ထုအငွေ့အသက်၏ လွှမ်းခြုံမှုအောက် တွင် တုနှိုင်းမရအောင် ကြောက်မက်ဖွယ်ကောင်းလာသည်။
ချင်ယွင်၏ ဖြတ်ပိုင်းခံထားရသော လက်မောင်းသည် ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် သာမန်မျက်စိဖြင့် မြင်နိုင်သောအမြန်နှုန်းဖြင့် ပြန်လည်ကြီးထွားလာ သည်။
ထိုမျှသာမကပေ၊ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် တုနှိုင်းမရအောင် မာကျောသွားပုံရသည်။ သူ့တစ်ကိုယ်လုံးရှိ အကြေးခွံများသည် မာကျောသော အနက်ရောင် သံမဏိကဲ့သို့ ဖြစ်လာခဲ့ပြီး၊ မယုံကြည်နိုင်ဖွယ် ခံစားမူကို ပေးစွမ်းနေသည်။
"ဟမ့်၊ မင်း ဘယ်လှည့်ကွက်မျိုးပဲ အသုံးပြုပြု၊ အသုံးမဝင်ဘူး။ နောက်ဆုံးတော့ ငါ့ရဲ့ လျှပ်စီးဓားရှည်တစ်ချက်ကိုတောင် မင်း မခုခံနိုင်သေးဘူး။" ချင်ယွင်၏ ခန္ဓာကိုယ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသဖြင့် ပင်လယ်နတ်ဆိုးဘုရင်က အထင်သေးစွာဖြင့် အေးစက်စွာ အော်ပြောလိုက်သည်။
ဓားအလင်းက ကောင်းကင်ကို ဖြတ်သန်းသွားပြီး ချင်ယွင်ဆီသို့ ဦးတည်သွားခဲ့သည်။
သို့သော် ချင်ယွင်၏အမူအရာက ရေခဲတမျှ အေးစက်စက် ဖြစ်နေဆဲပင်။ ပင်လယ်နတ်ဆိုး ဘုရင်၏စကားကြောင့် သူ လုံးဝ လှုပ်ရှားသွားခြင်းမရှိခဲ့ပေ။ သူသည် စိတ်ကူးယဉ်ဆန်မူ မရှိသည့် လက်သီးတစ်ချက်ကိုသာ ထိုးထုတ်လိုက်ပါသည်။
"ဘုန်း…"
ချင်ယွင်၏ လက်သီးချက်သည် ပြင်းထန်သော လျှပ်စီးဓားရှည်အလင်းနှင့် တိုက်မိသွားကာ အနှိုင်းမဲ့ အားကောင်းသော မိုးခြိမ်းသံတစ်ချက် ထွက်ပေါ်လာသည်။
ဤကြောက်စရာကောင်းသော လျှပ်စီးမုန်တိုင်းကြောင့် မူလကပျက်စီးနေသည့် အစီအရင် ဝင်္ကပါသည် ချက်ချင်း ကွဲအက်သွားခဲ့သည်။ ပင်လယ်နတ်ဆိုးနန်းတော်၏ လက်အောက် ငယ်သားများသည် ထွက်ပြေးရန် အချိန်မရှိဘဲ သနားစဖွယ် အော်ဟစ်သံများ အော်ဟစ်ကြ သည်။ ဤကြောက်မက်ဖွယ် လျှပ်စီးမုန်တိုင်းကြောင့် သူတို့ ပျက်သုဉ်းသွားခဲ့ရသည်။
သို့သော်၊ ချင်ယွင်၏ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ် လျှပ်စီးကြောင်းများကြားတွင် နှစ်ခြင်းခံနေခဲ့ပြီး၊ လျှပ်စီးများကြောင့် အနည်းငယ်မျှပင် ဒဏ်ရာမရခဲ့ပေ။
"ဘယ်လို...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" ပင်လယ်နတ်ဆိုးဘုရင်သည် မယုံနိုင်စွာ ကြည့်နေ ခဲ့သည်။ သူ့အမြင်အရ၊ သူ၏လျှပ်စီးဓားရှည်သည် ချင်ယွင်ကို ထက်ပိုင်းမခွဲနိုင်သော်လည်း၊ ၎င်းသည် အနည်းဆုံး ချင်ယွင်ကို ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။ ယခုမူ ချင်ယွင်၏ လက်သီးချက်ကြောင့် ကွဲကြေသွားခဲ့ရသည်။
အဝေးမှ ကြည့်ရှုသူများလည်း ထိတ်လန့်သွားကြသည်။ ချင်ယွင်သည် အဘယ်ကြောင့် ရုတ်ချည်း အင်အားကြီးလာသည်ကို သူတို့ နားမလည်ခဲ့ကြပေ။
"အောင်း..."
ထိုအချိန်တွင် မူလက လေထဲတွင်ရှိနေသည့် ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်း သော နဂါးဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံက ပင်လယ်ရေကို လှုပ်ခါပြီး အနှိုင်းမဲ့ ကြောက်စရာကောင်းသည့် လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းသည် ဤကြီးမားလှသော လှိုင်းလုံးကြီး ဖြတ်သန်းသွားခြင်း ကြောင့် ချက်ချင်းပင် အံ့အားသင့်သွားသော အမူအရာများကို ဖြစ်ပေါ်လာကြသည်။
ပင်လယ်နတ်ဆိုးဘုရင်သည်လည်း ဤကြောက်မက်ဖွယ် ဟိန်းဟောက်သံကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ၊ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားကာ၊ သူ့မျက်နှာပေါ်တွင် အံ့အားသင့်သည့် အမူအရာတစ်ခုကို ပေါ်လွင်နေသည်။
သူသည် ရုတ်တရက် ခေါင်းမော့လိုက်စဉ်၊ သူ့စိတ်ကို တုန်လှုပ်သွားစေသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရပါသည်။
ချင်ယွင်၏နောက်တွင် အနှိုင်းမဲ့ကြီးမားသော နဂါးနက်သဏ္ဍာန်ကြီးတစ်ခု ထွက်ပေါ်နေ သည်။ ၎င်း၏ကြီးမားလှသော မျက်လုံးများက အနှိုင်းမဲ့ ပြင်းထန်သော အလင်းရောင်ကို ထုတ်လွှတ်သည်။ ထို့နောက် ထိုပုံရိပ်ကြီးက ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသည်။ သို့သော် ချင်ယွင်၏ မျက်လုံးများသည် တုနှိုင်းမရလောက်အောင် ပြင်းထန်လာသည်။
"ဒါက အမှောင်နတ်ဆိုးနဂါးရဲ့ မွေးရာပါ စွမ်းရည်၊ အမှောင်နတ်ဆိုးနဂါး ကမ္ဘာမြေပေါ် ဆင်းသက်လာခြင်းများလား?" ပင်လယ်နတ်ဆိုးဘုရင်သည် အံ့အားသင့်ဖွယ် အမူအရာ တစ်ခုကို ဖော်ပြနေသည်။
ချင်ယွင်သည် သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးပြုမည်ဟု အချိန်အတော်ကြာ ကတည်းက သူ မှန်းဆခဲ့သော်လည်း၊ ချင်ယွင်၏ မွေးရာပါ နတ်ဘုရားစွမ်းရည်သည် အမှန်တကယ် အမှောင်နတ်ဆိုးနဂါး ကမ္ဘာမြေပေါ် ဆင်းသက်လာခြင်းဖြစ်မည်ဟု သူ တစ်ခါမျှ မမျှော်လင့်ခဲ့ပေ။
အမှောင်နတ်ဆိုးနဂါး ဆင်းသက်လာခြင်းဟု ခေါ်သည့် သူ့မွေးရာပါ နတ်ဘုရားစွမ်းရည်ကို အသုံးပြုပြီးနောက်, အနှိုင်းမဲ့ အစွမ်းထက်သည့် အမှောင်နတ်ဆိုးနဂါး၏ စိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ထဲသို့ ထပ်လောင်းပေးရမှာ ဖြစ်ပြီး၊ သူ့ခွန်အားကို လွန်ကဲစွာ မြှင့်တင်နိုင်ကာ သူ့ပုံမှန်ခွန်အားထက် အဆမတန် ပြင်းထန်သည့် တိုက်ခိုက်ရေးစွမ်းအားများဖြင့် ပေါက်ကွဲထွက်နိုင်သည်။
သို့ရာတွင်၊ ဤမွေးရာပါ နတ်ဘုရားစွမ်းရည်မှာလည်း ကြီးစွာသော အားနည်းချက်တစ်ခု ရှိနေခဲ့သည်။ တန်ခိုးကြီးသော အမှောင်နတ်ဆိုးနဂါး၏ စိတ်ဝိညာဉ်ကို ဆင့်ခေါ်လိုက်သည် နှင့် ၎င်းကို ပြန်လည်မောင်းထုတ်ရန် အလွန်ခက်ခဲသွားမည် ဖြစ်သည်။ စိတ်ဆန္ဒ လုံလောက်အောင် မသန်မာပါက၊ သူသည် အမှောင်နတ်ဆိုးနဂါး စိတ်ဝိညာဉ်၏ ဝါးမျိုခြင်း ကို ခံရနိုင်ပြီး၊ ထိုအချိန်မှစ၍ သူ့အသိစိတ်က ပျောက်ကွယ်သွားဖွယ် ရှိသည်။
"ဘယ်လောက် ရက်စက်ကြမ်းကြုတ်တဲ့ကောင်လဲ။ ဒီလိုနတ်ဘုရားစွမ်းရည်ကို တကယ် အသုံးချရဲတယ်။ ဒါက သေခြင်းတရားကို တောင်းခံနေခြင်း မဟုတ်ဘူးလား။ ပင်လယ် နတ်ဆိုးဘုရင်သည် သူ့စိတ်ထဲမှာ ကျိန်ဆဲလိုက်သည်။
သို့သော်, သူ့စကားမဆုံးခင်မှာ ပြင်းထန်သည့် အငွေ့အသက်တစ်ခုက သူ့မျက်နှာပေါ်သို့ ထိုးဖောက်ဝင်ရောက်လာပါသည်။
"မကောင်းတော့ဘူး"
ပင်လယ်နတ်ဆိုးဘုရင်၏ အမူအရာက ပြောင်းသွားသည်။ သူသည် အမြန် ရှောင်တိမ်းချင် သော်လည်း သူ့တုံ့ပြန်မှုက နှေးကွေးနေဆဲပင်။
ချင်ယွင်၏ရုပ်အသွင်က သူ့ရှေ့မှာ ချက်ချင်း ပေါ်လာပြီး သူ့ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက်သည်။
"ဖူး..."
ပင်လယ်နတ်ဆိုးဘုရင်သည် ဧရာမသံတူကြီးဖြင့် ထုရိုက်ခံရသကဲ့သို့ ချက်ချင်းခံစားရပြီး သူ့တစ်ကိုယ်လုံး ပုဇွန်တစ်ကောင်ကဲ့သို့ ကွေးသွားခဲ့သည်။