အခန်း ၁၆၄၆
Vol. 110 Ch. 1646
အခန်း (၁၆၄၆) စေ့စပ်ညှိနှိုင်းခြင်း
ပင်လယ်နတ်ဆိုးဘုရင်သည် အေးစိမ့်ပြီး တုန်လှုပ်သွားသည်။ မဟူရာကမ္ဘာက သူ့ကို စိုက်ကြည့်လိုက်သည့်အခိုက်မှာ, သေမင်းနတ်ဘုရားက သူ့ကို ပစ်မှတ်ထားနေသည့် အလား ခံစားရသည်။ ထိုအကြောက်တရားက သူ့နှလုံးသားအောက်ခြေမှ ထွက်ပေါ်လာ ခြင်း ဖြစ်သည်။
"မင်း ဘယ်သူလဲ" ပင်လယ်နတ်ဆိုးဘုရင်သည် မသိစိတ်က မေးလိုက်မိသည်။ သူ့ရှေ့မှာ ရပ်နေသည့် လူသည် ပြောင်းလဲသွားသည်ဟု သူ ခံစားရသည်။
"ဟား...၊ ဟား...၊ ငါက ဘယ်သူလဲ၊ ဟုတ်လား။ ကောင်စုတ်လေး, မင်း ငါ့နာမည်ကို သိဖို့ အရည်အချင်း မရှိဘူး" မဟူရာကမ္ဘာက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ စကားဆုံးသောအခါ သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။
ဘန်း…။
အမှောင်ထု၏စွမ်းအားမှ လုံးလုံးလျားလျား ဖြစ်ပေါ်လာသော လက်ဖဝါးတစ်ဖက်က လေဟာနယ်ထဲမှ ဆန့်ထွက်လာပြီး ပင်လယ်နတ်ဆိုးဘုရင်ကို တခဏချင်း ဖမ်းဆုပ်လိုက် သည်။
ပင်လယ်နတ်ဆိုးဘုရင်သည် မည်မျှပင် ခက်ခက်ခဲခဲ ရုန်းကန်နေခဲ့ရပါစေ၊ ဤကြောက်မက်ဖွယ်ကောင်းသော လက်ဖဝါးမှ မလွတ်မြောက်နိုင်တော့ပေ။
လူတိုင်း ဆွံ့အသွားကြသည်။ ဤကြောက်မက်ဖွယ်ကောင်းသော ဧရာမလက်ဖဝါးကြီး သည် ကီလိုမီတာတစ်ရာကျော် ရှည်လျားပြီး ပင်လယ်နတ်ဆိုးဘုရင်၏ ကြီးမားသော ခန္ဓာကိုယ်သည် ဤဧရာမလက်၏ရှေ့တွင် အလွန်မင်း သေးငယ်နေသေးသည်။
"ဆရာကြီး၊ ငါ့ကို ချမ်းသာပေးပါ" ပင်လယ်နတ်ဆိုးဘုရင်က သနားညှာတာပေးရန် အလျင်မြန် တောင်းပန်လိုက်ပါသည်။ ယခုအချိန်မှာ သူသည် တကယ်ကို ကြောက်လန့် နေခဲ့သည်။ ဤလူ၏ရှေ့တွင် သူသည် စွမ်းအားမဲ့ခြင်းကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရ သည်။
"ငါ့ရှေ့မှာ အသနားခံတာက အသုံးမကျဘူး။ နောက်ပြီး မင်းကိုသတ်ချင်နေတဲ့လူက ငါ မဟုတ်ဘူး။ တစ်ယောက်ယောက်က ထွက်လာဖို့ ငါ့ကိုဆင့်ခေါ်မှတော့ အဲဒီလူအတွက် ရည်မှန်းချက်ပန်းတိုင်ရောက်အောင် သဘာဝအတိုင်း လုပ်ဆောင်ပေးရမယ်။ ဒါကြောင့်, ဝေလငါးလေး, မင်းသေရင်တောင် ငါ့ကို အပြစ်မတင်နဲ့နော်။" မဟူရာကမ္ဘာက လှောင်ပြောင် ပြောသည်။
သူပြောပြီးသည်နှင့် သူ့လက်ဖဝါးကို တင်းတင်း ဆုပ်လိုက်ပြီးနောက် ပင်လယ်နတ်ဆိုး ဘုရင်၏ ခန္ဓာကိုယ်သည် ဤကြီးမားလှသော လက်ဖဝါးကြောင့် ကြေမွသွားလေသည်။
“မဟုတ်ဘူး…”
ပင်လယ်နတ်ဆိုးဘုရင်သည် သနားစဖွယ် ဟစ်အော်လိုက်သည်။ သူအော်ဟစ်ပြီးသည်နှင့် သူ၏ကြီးမားသော ခန္ဓာကိုယ်သည် သွေးစွန်းနေသော အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲ သွားလေသည်။
အမှောင်နတ်ဆိုးနဂါးကိုယ်ပွားထဲမှ ချင်ယွင်သည် ဤမြင်ကွင်းကို မြင်ရသည့်အခါ, အံ့အားသင့်နေသည့် အမူအရာကိုသာ ဖော်ပြနိုင်တော့သည်။
မဟူရာကမ္ဘာ၏ စွမ်းအားသည် ချင်ယွင်ကို အဆုံးမရှိ ထိတ်လန့်စေခဲ့သည်။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့်တစ်ရာ့နှစ်ဆယ်နှင့် နီးကပ်နေ သော အထွက်အထိပ် ကောင်းကင်နတ်ဘုရားအဆင့်ရှိ မဟူရာကမ္ဘာသည် ထိုကဲ့သို့ ချေမွှခံခဲ့ရသည်။
ပတ်ဝန်းကျင်က လူတွေလည်း လုံးဝ မှင်သက်နေကြသည်။ မဟူရာကမ္ဘာ ပြသခဲ့သည့် ခွန်အားသည် သူတို့စိတ်ကူးကို ကျော်လွန်နေခဲ့ပြီ။
"ဘယ်လောက် ကြောက်စရာကောင်းတဲ့ ခွန်အားလဲ။ ဒီလူရဲ့အစွမ်းက ဘိုးဘေးနတ်ဘုရား အဆင့်မှာ သေချာတယ်။ ဒီလိုပညာရှင်တစ်ယောက်က ဘာလို့ ဒီမှာ ပေါ်လာရတာလဲ"
"မှန်တယ်။ ပင်လယ်နတ်ဆိုးဘုရင်က သူ့ရှေ့မှာ ပြန်တိုက်ခိုက်ဖို့ ခွန်အားနည်းနည်း လေးတောင် မရှိခဲ့ဘူး။ ဒါက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်။"
ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဘုရား နယ်ပယ်မှ ကျွမ်းကျင်သူများသည် အာမေဋိတ်သံ များ ဆက်တိုက် ထုတ်ဖော်လာကြကာ၊ မဟူရာကမ္ဘာကိုကြည့်နေသည့် ၎င်းတို့၏ ငေးကြည့်မှုများတွင် တုနှိုင်းမရသည့် ကြည်ညိုလေးစားမှုဖြင့် ပြည့်နှက်လာကြသည်။
အဝေးမှာ ရပ်နေသည့် ယောင်ဖုန်းလည်း ထိတ်လန့်သွားသည်။ သို့သော် ချင်ယွင်အတွက် တစ်စုံတစ်ခု ဖြစ်လာမည်ကို စိုးရိမ်နေသည့် အမူအရာက သူမမျက်လုံးထဲတွင် ဖြစ်ပေါ်လာ သည်။
မဟူရာကမ္ဘာ၏ ထွက်ပေါ်လာမူက မူရင်းဟန်ချက်အား လုံးဝ ပျက်ယွင်းသွားစေပါသည်။ ပင်လယ်နတ်ဆိုးဘုရင်သည် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသည်။ ဤနည်းအားဖြင့် ပင်လယ်နတ်ဆိုးနန်းတော်တစ်ခုလုံး လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။
ဘန်း…။
မဟူရာကမ္ဘာသည် သူ့လက်ကိုဖွင့်၍ စုပ်ယူလိုက်သည်။ ပင်လယ်နတ်ဆိုးဘုရင်၏ သိုလှောင်နတ်ဘုရားလက်စွပ်နှင့် နတ်ဘုရားအမြုတေသည် သူ့လက်ထဲတွင် ပေါ်လာ သည်။
"ကောင်လေး၊ ထွက်လာခဲ့ပါ။ ဒီကောင်က ပြီးဆုံးသွားပြီ။ ငါတို့နှစ်ယောက်ကြားက အဖြစ်ပျက်တွေကို ပြောဖို့ အချိန်ရောက်ပြီ" မဟူရာကမ္ဘာက ချင်ယွင်ကို ပြောသည်။
ထို့နောက်တွင်၊ အမှောင်နတ်ဆိုးနဂါးကိုယ်ပွားမှ အလင်းတန်းတစ်ခု လင်းလက်လာပြီး ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်သည် မဟူရာကမ္ဘာရှေ့တွင် ပေါ်လာသည်။
ချင်ယွင်သည် သူ့မျက်နှာအဖြစ် ရှိနေဆဲဖြစ်သော အမှောင်နတ်ဆိုးနဂါးကိုယ်ပွားကို ကြည့်လိုက်သော်လည်း သူ့နှလုံးသားထဲတွင် ခံစားချက်များက ရောထွေးနေခဲ့သည်။ မဟူရာကမ္ဘာက သူ့ကို မည်သည့်အရာ ပြောချင်မှန်း သူမသိပေ။
သို့သော် ဤမဟူရာကမ္ဘာက သူ့ကို သတ်ချင်ဆိုလျှင် အသေးဖွဲ့တစ်ခုမျှသာ ဖြစ်သည်ကို သူ သိသည်။
"ကောင်လေး၊ ငါ မင်းကို ဒီပစ္စည်းနှစ်ခုကို ပေးလိုက်မယ်။ ဒါပေမယ့် မင်းရဲ့ကိုယ်ပွားကို တော့ အခုလောလောဆယ် ငါ ပြန်မပေးနိုင်သေးဘူး။ ငါ့ကိုယ်ပိုင်ခန္ဓာကိုယ်ကို ရှာတွေ့ရင် ငါ မင်းဆီ ပြန်ပေးမယ်။ အဲဒီကာလအတွင်းမှာ မင်းကိုယ်ပွားရဲ့ စိတ်ဝိညာဉ်က နီဝမ် နန်းတော်ထဲမှာပဲ နေနိုင်တယ်။ ဒါပေမယ့် မင်း စိတ်မပူပါနဲ့။ ငါ သူ့ကို တိုက်ခိုက်မှာ မဟုတ်ဘူး။" မဟူရာကမ္ဘာက ချင်ယွင်ကို ပြောပြီး သူ့လက်ထဲက သိုလှောင်လက်စွပ်နှင့် ပင်လယ်နတ်ဆိုးဘုရင်၏ နတ်ဆိုးအမြုတေကို ချင်ယွင်ထံသို့ ပစ်ချလိုက်ပါသည်။
ချင်ယွင်သည် အနည်းငယ် မှင်သက်သွားသည်။ မဟူရာကမ္ဘာက ယခုလိုစကားမျိုးကို တကယ်ပြောဆိုပြီး၊ ပင်လယ်နတ်ဆိုးဘုရင်၏ နတ်ဆိုးအမြုတေနှင့် သိုလှောင်လက်စွပ်ကို သူ့ဆီ ပစ်ချပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားပါဘူး။
မဟူရာကမ္ဘာသည် ချင်ယွင်၏ အတွေးများဖြင့် မြင်နေပုံရသည်။ သူက အထင်သေးစွာ ပြောသည် "မင်းကိုယ်ပွားရဲ့ ရုပ်ခန္ဓာကိုယ်က အတန်အတင့်ကောင်းပေမယ့် ငါ့အတွက် ဘာမှ မဟုတ်ဘူး။ ငါသေဆုံးချိန်မှာ ငါ့ခန္ဓာကိုယ်ကို စည်းတံဆိပ် ခတ်ထားခဲ့တယ်။ ငါ အဲဒီစည်းတံဆိပ်ခတ်ထားတဲ့ နေရာကို ရှာတွေ့တာနဲ့ ငါ့ရဲ့ အဲဒီရုပ်ခန္ဓာကိုယ်ကို ငါ ပြန်ရနိုင်တယ်။ အဲဒီအချိန်မှာ မင်းရဲ့ကိုယ်ပွားကို သဘာဝအတိုင်း ငါ မလိုအပ်တော့ဘူး။"
ချင်ယွင်၏ ပါးစပ်ထောင့်က ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ အမှောင် နတ်ဆိုးနဂါးကိုယ်ပွား၏ ခန္ဓာကိုယ်သည် အနည်းဆုံးတော့ ဘိုးဘေးနတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်လွန်ခဲ့သည့် နတ်ဘုရားသားရဲ ဖြစ်သည်။ ဤမဟူရာကမ္ဘာက ၎င်းကို တကယ်ကို အမှိုက်ဟု ခေါ်ခဲ့သည်။ သူ့ခန္ဓာကိုယ်က မည်မျှ သန်မာလိုက်မည်နည်း။
"ကောင်းပါတယ်၊ စီနီယာ၊ စီနီယာက ဒီရုပ်ခန္ဓာကိုယ်ကို အသုံးပြုချင်ရင် အသုံးပြုပါ။ ဒီခန္ဓာကိုယ်ကို ကျွန်တော့်ကိုယ်ပွားဆီ ပြန်မပေးခင် စီနီယာရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်ကို ရှာတွေ့တဲ့အထိ စောင့်ပါ့မယ်" ချင်ယွင်က ခေါင်းညိတ်ပြီး ပြောသည်။
မရဘူးဟု သူ ပြောနိုင်မည်လား။ သေချာပေါက် မပြောနိုင်ပေ။
သူ မရဘူးဟု ပြောရဲသည်နှင့်, ဤမဟူရာကမ္ဘာသည် ပင်လယ်နတ်ဆိုးဘုရင်ကို ချေမွပစ် သကဲ့သို့ သူ့ကို သေသည်အထိ ချေမွပစ်လိမ့်မည်။
ချင်ယွင်၏စကားကိုကြားတော့ မဟူရာကမ္ဘာက အေးစက်စွာ ပြုံးလိုက်သည်။ ထို့နောက် သူက မေးသည် "ငါ ဤကမ္ဘာလောကကို ငါ့ရဲ့နတ်ဘုရားအာရုံနဲ့ စူးစမ်းလေ့လာပြီးပြီ။ ဒါက နတ်ဘုရားကမ္ဘာ မဟုတ်တဲ့အကြောင်း ငါ တွေ့ရှိခဲ့တယ်။ ဒါက နတ်ဘုရားကမ္ဘာအတုများ ဖြစ်နေမလား။
"မဟုတ်ဘူး၊ ဒါက နတ်ဘုရားကမ္ဘာအတု မဟုတ်ဘူး။ ဒါက ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား ကိုယ်တိုင် ဖန်တီးထားတဲ့ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ပါ။" ချင်ယွင်က အမြန် ပြန်ဖြေသည်။
"မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်၊ ဒါက မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင် လား။" မဟူရာကမ္ဘာ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး သူ့မျက်ခုံးများက တွန့်သွားခဲ့သည်။
ချင်ယွင် မှင်သက်သွားသည်။ မဟူရာကမ္ဘာသည် မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင် ကို အလွန်ကြောက်နေမည်ဟု သူ မမျှော်လင့်ထားပေ။ ဤမဟာနတ်ဆိုး နတ်ဘုရား အကျဉ်းထောင်သည် မည်မျျထိ ကြောက်စရာကောင်းနေသနည်း။
"စီနီယာ, စီနီယာရော ဒီမဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ကို အရမ်းကြောက်နေ တာလား။" ချင်ယွင်သည် မမေးမီ ခဏမျှ တုံ့ဆိုင်းနေသေးသည်။
"သေချာပေါက် ကြောက်တာပေါ့။ ဒီမဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ကို အဲဒီ အချိန်တုန်းက ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားကိုယ်တိုင် ဖန်တီးခဲ့တာလေ။ သူ့ရဲ့ အစစ်မှန် စိတ်ဆန္ဒရဲ့ ဥပဒေသက နတ်ဘုရားကမ္ဘာမှာရှိတဲ့ ကျွမ်းကျင်သူတွေ အားလုံး လက်လှမ်း မမီနိုင်လောက်အောင်ကို ကျော်လွန်နေခဲ့ပြီ။ သူက နတ်ဘုရားကမ္ဘာတစ်ခုလုံးရဲ့ နံပါတ်တစ် လူအဖြစ် အသိအမှတ် ပြုခံရတယ်။ သူဖန်တီးထားတဲ့ ကမ္ဘာထဲကို ဝင်ရောက် မိတာနဲ့ ဒီနေရာကနေ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး။ ငါရဲ့ အထွတ်အထိပ် အခြေအနေမှာတောင် ဒီနေရာကနေ ထွက်ခွာနိုင်မှာ မဟုတ်ပါဘူး။" မဟူရာကမ္ဘာက အသံနက်ကြီးဖြင့် ပြောသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ တန်ခိုးသည် အလွန်မင်း ကြောက်စရာကောင်းမည်ဟု သူ ကာလကြာရှည်စွာ မျှော်လင့်ထားသော်လည်း ဤမျှထိတ်လန့်ဖွယ်ကောင်းမည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
"စီနီယာ၊ ကျွန်တော့်မှာ ဒီကနေထွက်သွားဖို့ နည်းလမ်းတစ်ခုတော့ ရှိတယ်။ ဒါပေမယ့် ကျွန်တော် အချိန်တစ်ခုတော့ လိုတယ်။ ကျန်တဲ့ကိစ္စနှစ်ခုကို ပြီးဆုံးမှသာ ဒီကနေ ထွက်သွားနိုင်မယ်။ အဲဒီအချိန်မှာ ကျွန်တော် စီနီယာနဲ့အတူ ထွက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီကာလမှာ စီနီယာအနေနဲ့ သွားစရာနေရာ မရှိရင် စီနီယာလည်း ကျွန်တော့် နောက်ကို လိုက်နိုင်ပါတယ်။" ခဏလောက် စဉ်းစားပြီးမှ ချင်ယွင်က ပြောလိုက်သည်။
"အယ်, မင်းမှာ ဒီကနေထွက်ခွာဖို့ နည်းလမ်းရှိပြီလား" မဟူရာကမ္ဘာက ချင်ယွင်ကို သေသေချာချာ ကြည့်သည်။
"ကျွန်တော်မှာ အခွင့်အရေးရှိတယ်လို့ပဲ ပြောနိုင်ပါတယ်။ ဒါပေမယ့် ၁၀၀ ရာခိုင်နှုန်း သေချာတယ်လို့ မပြောနိုင်ပါဘူး။" ချင်ယွင်က လေးနက်စွာ ပြန်ပြောသည်။
"ကောင်းပြီလေ၊ ဒါဆိုလည်း ငါ မင်းနောက် လိုက်ခဲ့မယ်။ ဘာပဲပြောပြော မင်းကိုယ်ပွားရဲ့ စိတ်ဝိညာဉ်က ဒီခန္ဓာကိုယ်ရဲ့ နီဝမ်နန်းတော်ထဲမှာ ရှိနေတုန်းပဲ။ ငါထွက်သွားချင်ရင် တောင် ဝေးဝေး မသွားနိုင်သေးဘူး။ လျှောက်သွားနေတာထက် မင်းနောက်ကို လိုက်နေ တာက ပိုကောင်းပါတယ်" မဟူရာကမ္ဘာက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
ဤစကားကို ကြားသောအခါ ချင်ယွင်က ပြုံးလိုက်သည်။
အခုချိန်မှာ သူ့အမှောင်နတ်ဆိုးနဂါးကိုယ်ပွားသည် လုယူခံထားရသည့်အတွက် သူ့ ခွန်အားက တစ်ဖန် အားနည်းသွားပြန်ပါပြီ။ အကယ်၍ သူသာ မဟူရာကမ္ဘာကို ယခုချိန်မှာ ထွက်ခွာခွင့် ပေးလိုက်ပါက၊ သူ၏ နောက်ထပ်မစ်ရှင်နှစ်ခုကို မည်သို့ ပြီးမြောက်နိုင်မည် နည်း။ ထို့ကြောင့် မဟူရာကမ္ဘာကို သူ့ဘေးတွင်ထားခဲ့ခြင်းက အသက်ကယ် အဆောင် တစ်ခု ရှိနေခြင်းနှင့် ညီမျှသည်။
ယခုလိုလုပ်ဆောင်ရာမှာ အားနည်းချက်တွေလည်း သေချာပေါက် ရှိနေခဲ့ပါသည်။ အကယ်၍ မဟူရာကမ္ဘာသာ မပျော်ရွှင်ပါက၊ သူသည် တိုက်ရိုက် သတ်ခံရနိုင်ဖွယ် ရှိသည်။ ထို့ကြောင့် ထိုသို့လုပ်ဆောင်ခြင်းသည် အားသာချက်နှင့် အားနည်းချက် နှစ်မျိုးလုံးရှိမည် ဖြစ်သည်။