အခန်း ၁၆၄၇
Vol. 110 Ch. 1647
အခန်း (၁၆၄၇) ဖန်လုံမှတ်စု။
နဂါးချောက်နက်ပင်လယ်ရှိ လူသူဆိတ်ညိမ်သော ကျွန်းတစ်ခုပေါ်တွင် ချင်ယွင်သည် မျက်လုံးမှိတ်ကာ ကျင့်ကြံနေပါသည်။
ပင်လယ်နတ်ဆိုးဘုရင်၏ သိုလှောင်လက်စွပ်ကို ရရှိပြီးနောက် ၎င်းကို လှန်လှောကြည့်ခဲ့ ပြီး၊ ပင်လယ်နတ်ဆိုးဘုရင်၏ သိုလှောင်လက်စွပ်သည် အမှန်တကယ်ပင် တုနှိုင်းမရ အောင် ကြီးမားသည့် ရတနာသိုက်တစ်ခုဖြစ်ကြောင်း သူတွေ့ရှိခဲ့သည်။ နတ်ဘုရား နန်းတော်ကြီး ခုနစ်ပါးမှ လုယူထားသော ရတနာအနည်းငယ်အပြင် အထဲမှာ နတ်ဘုရား ဆေးပင်များနှင့် နတ်ဘုရားဆေးလုံး အများအပြား ရှိနေခဲ့သည်။
ဤရတနာများကို မြင်လိုက်ရသဖြင့် ချင်ယွင်သည် အလွန်ဝမ်းသာသွားပြီး အားလုံးကို သူ့ပါးစပ်ထဲသို့ ချက်ချင်း လောင်းထည့်လိုက်သည်။
ဤနတ်ဘုရားဆေးပင်များနှင့် နတ်ဘုရားဆေးလုံးတိုင်းသည် အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။ ၎င်းတို့အတွင်းပါရှိသော စွမ်းအင်များသည် အလွန်မင်း ကြောက်စရာကောင်းသည်။ ကောင်းကင်နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးပင် လျှင် ၎င်းတို့ထဲမှ နှစ်ခု သုံးခုလောက်ကို အသက်တစ်ရှိုက်အတွင်း စားသုံးရန် မဝံ့ရဲပေ။
ချင်ယွင်ကတော့ အဆင်ပြေပါသည်။ သူသည် ပဲစေ့များကို လောင်းထဲသကဲ့သို့ ၎င်းတို့ အားလုံးကို မျိုချပစ်လိုက်သည်။ ယောင်ဖုန်းနှင့် လင်ဒေါင်တို့သည် ကြည့်ရင်း အံသြနေကြ သည်။ မဟူရာကမ္ဘာပင် အံ့ဩသွားသည်။
ကျင့်ကြံပြီး တစ်ရက်အကြာတွင် ချင်ယွင်သည် ဤနတ်ဘုရားဆေးပင်များနှင့် နတ်ဘုရား ဆေးများ အားလုံးကို လျင်မြန်စွာ ခြေဖျစ်နိုင်ခဲ့ပြီး သူ့ကျင့်ကြံမှုအဆင့်သည် မြေကမ္ဘာ နတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်သို့ မြင့်တက်လာခဲ့သည်။
သူဆန္ဒရှိသရွေ့၊ သူသည် အချိန်မရွေး ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ ဖြတ်ကျော် သွားနိုင်သည်။
"ဟူး"
ချင်ယွင်သည် ညစ်ညမ်းသော လေထုကို ပါးစပ်ဖြင့် မှုတ်ထုတ်လိုက်ပြီး ထိုလေသံက မိုးခြိမ်းသံကဲ့သို့ ပတ်ဝန်းကျင်ကို တုန်ခါသွားစေသည်။
သူ၏ လက်ရှိကျင့်ကြံမှု တိုးမြင့်လာခြင်းသည် သူ့အတွက် ကြီးကြီးမားမား မဟုတ်သော် လည်း ၎င်း၏စွမ်းအားကို တိုးမြှင်နိုင်ရန် အနည်းနှင့်အများ လုံလောက်ပါသည်။ သူ၏ လက်ရှိကျင့်ကြံမှုဖြင့်၊ နှောင်းပိုင်း ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူအချို့ အတွက် ပြဿနာ မဟုတ်တော့ပေ။
သေချာသည်မှာ, နှောင်းပိုင်း ကောင်းကင်နတ်ဘုရားအဆင့်၏ စွမ်းအားသည် အနည်းငယ် အားနည်းနေပါသေးသည်။ နောက်ဆုံးတွင်၊ သူ၏ လက်ရှိအခြေအနေက နတ်ဆိုး နတ်ဘုရားကျင့်ကြံမှုနှင့် အမှောင်နတ်ဆိုးနဂါးကိုယ်ပွားကို အသုံးမပြုနိုင်တော့ပါ။ သူ အားကိုးနိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့နယ်ပယ်ကျင့်ကြံမူ အခြေခံသာ ဖြစ်ပါ သည်။
ချင်ယွင်သည် သူ့ရင်ဘတ်ထဲကို နတ်ဘုရားအာရုံဖြင့် ကြည့်ရူစစ်ဆေးလိုက်သည်။ ထိုနေရာတွင် လျှပ်စီးနဂါးနက်လေးတစ်ကောင် အိပ်နေပါသည်။
ဤအခိုက်အတန့်တွင် လျှပ်စီးနဂါးလေး၏ အငွေ့အသက်သည် ရုတ်ချည်းပြောင်းလဲ သွားသည်။ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် အနှိုင်းမဲ့ ရှင်းလင်းပြတ်သားလာ သည်နှင့် ၎င်း၏ခန္ဓာကိုယ်သည် ပို၍ပို၍ သန်မာလာသည်။ အတောင်နှစ်ချောင်းသည် လည်း ၎င်း၏နောက်ကျောတွင် ကြီးထွားလာပြီး တကယ့်နဂါးငယ်လေးကဲ့သို့ ပိုပို၍ ကြီးထွားလာနေသည်။
မှန်ပါသည်။ ချင်ယွင်က ပင်လယ်နတ်ဆိုးဘုရင်၏ သိုလှောင်လက်စွပ်ထဲက ရှေးဦး လျှပ်စီး အရင်းအမြစ်ကို လျှပ်စီးနဂါးငယ်လေးကို ပေးခဲ့ပါသည်။
ပထမတော့ လျှပ်စီးနဂါးလေးသည် ရှေးဦးလျှပ်စီးအရင်းအမြစ်က ဖန်တီးထားသည့် သတ္တဝါဆန်းကို အနိုင်မယူနိုင်ခဲ့ပါဘူး။ နောက်ဆုံးတွင်၊ ရှေးဦးလျှပ်စီးအရင်းအမြစ်မှ ဖြစ်ပေါ်လာသော သတ္တဝါဆန်းသည် အချိန်ပိုကြာပြီး သူ့ထက် ပို၍လျင်မြန်စွာ ကြီးထွား လာခဲ့သည်။ သို့သော်, နောက်ဆုံးမာ့ လျှိုဘို၏အကူအညီဖြင့်, သူသည် ရှေးဦးလျှပ်စီး အရင်းအမြစ်ကို ဝါးမြိုသွားနိုင်ခဲ့သည်။
ယခုအချိန်တွင် ၎င်းသည် သန့်စင်ခြင်း၏ အရေးကြီးဆုံး အဆင့်တွင် ရှိနေပါသည်။ လျှိုဘို၏အဆိုအရ ဤလုပ်ငန်းစဉ်သည် ရက်အနည်းငယ် သို့မဟုတ် နှစ်များစွာပင် ကြာနိုင်သည်။ သို့ရာတွင်၊ ၎င်းကို သန့်စင်ပြီး လုံး၀ ပေါင်းစပ်လိုက်သည်နှင့်၊ လျှပ်စီးနဂါး ငယ်လေးသည် အနှိုင်းမဲ့ စွမ်းအားကြီးမားလာပြီး၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ် ချက်ဝင် စစ်မှန်သော အသက်ရှိတစ်ကောင်ပင် ဖြစ်လာနိုင်သည်။
ချင်ယွင်သည် ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားသည်။ ဤနည်းအားဖြင့်၊ သူသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့်သတ်မှတ်ခံရမည် ဖြစ်သည်။ ဤအရာက အရမ်းကို မြန်ဆန်နေသည် မဟုတ်ပါလား။
သို့သော်၊ လျှပ်စီးနဂါးငယ်သည် လျှပ်စီး၏အချစ်တော် လျှပ်စီး၏ အစစ်အမှန် သတ္တဝါဆန်း တစ်ကောင် ဖြစ်သည်ဟု တွေးလိုက်ချိန်မှာ စိတ်သက်သာရာ ရသွားခဲ့သည်။
ဤကမ္ဘာလောကကြီးမှာ အရာရာတိုင်းက ကိုယ်ပိုင် ကံကြမ္မာကိုယ်စီ ရှိနေကြပါသည်။ အချို့သော သက်ရှိများသည် ကြီးမားသော အကျိုးကျေးဇူးများဖြင့် မွေးဖွားလာခဲ့ကြပြီး လူသားများကိုမူ စကြာဝဠာထဲရှိ သတ္တဝါအားလုံးတွင် အနိမ့်ဆုံး တည်ရှိမှုအဖြစ်သာ သတ်မှတ်နိုင်ပါသည်။ သို့သော်၊ လူသားအရေအတွက်သည် အလွန်များပြားလွန်းသည်။ ထို့ကြောင့် စကြဝဠာတစ်ခုလုံးသည် အဓိကခန္ဓာအဖြစ် လူသားပုံစံအုပ်စုတစ်ခုကို ဖွဲ့စည်းပေးခဲ့သည်။
"ဒီဖန်လုံမှတ်စုကို အရင်ကြည့်ရအောင်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
နတ်ဆိုး၏အမြုတေကို ဂရုစိုက်သည့်အပြင်, သူသည် ဤတစ်ကြိမ်တွင် ဖန်လုံမှတ်စုကို လည်း ဂရုစိုက်ထားသည်။ ၎င်းသည် ဤကမ္ဘာလောကထဲမှ ထွက်ခွာနိုင်မည့် နည်းလမ်းကို မှတ်တမ်း တင်ထားသည်ဟု ဆိုကြပါသည်။ ဤကမ္ဘာလောကမှ ထွက်ခွာရန်အတွက်မူ၊ ပန်ဂုမဟာနတ်ဆိုး နတ်ဘုရား၏ အစစ်မှန် အဓိပ္ပါယ်၏ ဉပဒေသကို နားလည်ပြီး၊ ဉပဒေသ၏ ကနဦးအဆင့်ဆီသို့ တက်လှမ်းသွားရမည် ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်က ဖန်လုံမှတ်စုသည် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ ဉပဒေသအကြောင်း တစ်စုံတစ်ရာကို မှတ်တမ်းတင်ထားရမည်ဟု မှန်းဆထားခဲ့သည်။
ချင်ယွင်သည် ထိုမစ်ရှင်သုံးခုကို တစ်နှစ်အတွင်း ပြီးမြောက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။ ယခု သူ့တွင် ပင်လယ်နတ်ဆိုးဘုရင်၏ နတ်ဆိုးအမြုတေ ရှိနေပြီး၊ ကျန်မစ်ရှင် နှစ်ခုထဲမှတစ်ခုမှာ ဉပဒေသကို နားလည်ရန် ဖြစ်သည်။ သို့သော် ချင်ယွင်သည် မည်သည့် ဉပဒေသမှန်းပင် မသိသောကြောင့် ၎င်းတို့ကို မည်သို့ နားလည်နိုင်မည်နည်း။
ထို့ကြောင့် ဖန်လုံ၏မှတ်စုက သူ့ကို တိကျသော ဦးတည်ချက်တစ်ခုသို့ ညွှန်ပြနိုင်ပြီး၊ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ဉပဒေသကို မည်သည့်နေရာမှ စတင် ဆင်ခြင်ရမည်ကို လမ်းပြပေးနိုင်သည်။
ဘန်း…။
ချင်ယွင်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ချင်ယွင်၏လက်ထဲမှာ ရွှေရောင်စာအုပ် တစ်အုပ် ပေါ်လာသည်။ ၎င်းသည် တုနှိုင်းမရအောင် ထူးခြားသည့် စွမ်းအင် အတက်အကျ လှိုင်းကို ထုတ်လွှတ်နေသည်။ ဤစွမ်းအင်အတက်အကျလှိုင်းသည် ချင်ယွင် ခံစားဖူးသော ထူးဆန်းသော စွမ်းအားနှင့် အလွန်ဆင်တူသည်။ သို့မဟုတ် ၎င်းသည် တူညီသော စွမ်းအားမျိုး ဖြစ်နိုင်သည်။ သို့သော် ဤစာအုပ်၏ စွမ်းအင်အတက်အကျလှိုင်းသည် ချင်ယွင် ခံစားဖူးသည့်အတိုင်း အားကောင်းခြင်း မရှိပေ။
"ကြည့်ရတာ, ဒါက အစစ်မှန် ဖန်လုံမှတ်စု ဖြစ်မယ့်ပုံပဲ။ ပင်လယ်နတ်ဆိုးဘုရင်က တူညီတဲ့ စာအုပ်တစ်အုပ်ကို အတုလုပ်ထားပေမယ့် ထူးခြားတဲ့ စွမ်းအင်အတက်အကျလှိုင်း မျိုး မရှိခဲ့ဘူး။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။ ပင်လယ်နတ်ဆိုးဘုရင်သည် ရတနာများကို ရယူနိုင်ရန် ဖန်လုံမှတ်စုအတုကို အသုံးပြုလိုသော်လည်း ရွှဲ့ခိုင်က နောက်ပိုင်းတွင် ၎င်းကို ဖော်ထုတ်ခဲ့သည်။
ဘေးမှာရှိနေကြသည့် ယောင်ဖုန်းနှင့် လင်ဒေါင်တို့လည်း ထိုစွမ်းအင်အတက်အကျလှိုင်းကို ခံစားခဲ့ရသည်။ ဤဖန်လုံမှတ်စုတွင် မည်သည့်အရာ ပါရှိနေသည်ကို သူတို့လည်း အလွန် သိချင်နေကြသည်။
ချင်ယွင်သည် မှတ်စုစာအုပ်ကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အနှိုင်းမဲ့ တောက်ပနေသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ လေထဲမှာ ရွှေရောင်စကားလုံးအချို့ ပေါ်လာသည်။
"ငါက ဖန်လုံပါ။ ကံမကောင်းစွာနဲ့ ငါဟာ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ထဲ ကျရောက်သွားခဲ့ပြီး၊ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ကနေ ဘယ်လိုထွက်ခွာရ မလဲဆိုတာ သိရှိနိုင်ဖို့ အနှစ်ဆယ်သန်းကြာ ရှာဖွေခဲ့တယ်။ နှမြောစရာကောင်းတာက မအောင်မြင်ခဲ့ဘူး။ နောက်ပိုင်းမှာ, ငါဟာ ဉပဒေသနယ်မြေထဲ မတော်တဆ ဝင်ရောက်မိခဲ့ ပြီး ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားရဲ့ အမြင့်မြတ်ဆုံး အစစ်မှန် အဓိပ္ပါယ်ကို ဆင်ခြင်ခွင့် ရခဲ့တယ်။ နောက်ဆုံး မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ကနေ မထွက်ခွာနိုင်ခင်, နောက်ထပ် နှစ်ဆယ်သန်း အချိန်ယူခဲ့ရတယ်။ ဒါပေမယ့်၊ ငါဟာ တန်ခိုးကြီးတဲ့ ဘိုးဘေးနတ်ဘုရားတစ်ပါးကို စော်ကားမိခဲ့ပြီး၊ ငါစိတ်ဝိညာဉ်လည်း ဒဏ်ရာရခဲ့တယ်။ ကံကြမ္မာ နီးကပ်လာချိန်မှာတော့, ငါလည်း မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ကို ပြန်လာခဲ့ပြီး ကံကောင်းတဲ့သူတွေအတွက် ဒီမှတ်စုကို ထားရစ်ခဲ့ပြီး၊ သူတို့ရဲ့ သားစဉ်မြေး ဆက်တွေကို ဒီနေရာကနေ ထွက်သွားအောင် ကူညီပေးခဲ့တယ်။"
ချင်ယွင်သည် ထိုစကားတွေကို ဖတ်ပြီးသည်နှင့် သူ့ရင်ထဲမှာ ထိတ်လန့်တုန်လှုပ်မူက အနှိုင်းမဲ့ပင်။
ဤဖန်လုံသည် ဒီမဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ကနေ ရုန်းထွက်နိုင်ရန် ဤမျှ အချိန်ကြာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။
အနှစ်သန်းနှစ်ဆယ်တောင်။ သူသည် အခု အနှစ်တစ်ထောင်တောင် မရှိသေးပါဘူး။ နှစ်ပေါင်းသန်းနှစ်ဆယ်သည် ဤမျှ ကြာငြောင်းမည်ကို သူ တွေးပင်မတွေးနိုင်တော့။
သို့သော်, အခုချိန်မှာ သူ့အတွက် အချိန်အများကြီး မရပေ။ သူ့အတွက် အချိန်တစ်နှစ်သာ ကျန်တော့သည်။ အကယ်၍, သူသာ ထိုအမြင့်မြတ်ဆုံး အစစ်မှန် အဓိပ္ပာယ်ကို ကနဦးနယ်ပယ်အထိ နားမလည်နိုင်ခဲ့ပါက, သူသည် ရှင်းလင်းသုတ်သင်ခြင်း ခံရပေလိမ့် မည်။
အနီးနားရှိ ယောင်ဖုန်းလည်း အံ့ဩနေသည်။ ဖန်လုံမှတ်စုပါ သတင်းအချက်လက်တွေ က သူမကို အံ့ဩစေသည်။
ဒီဖန်လုံပြောတဲ့ နတ်ဘုရားနယ်မြေက အတိအကျ ဘယ်နေရာလဲဆိုတာ ငါ သိချင်မိတယ်” ယောင်ဖန်းက မေးသည်။
“အဲဒါက ဒီမှတ်စုရဲ့နောက်ပိုင်းမှာ ရှိနေသင့်တယ်။ ငါတို့ ဆက်ပြီးလှန်လိုက်ရင် သေချာ ပေါက် သိပါလိမ့်မယ်။" ချင်ယွင်က စိတ်လှုပ်ရှားစွာ ပြောသည်။
ဖန်လုံ၏မှတ်စုသည် သူ့အတွက် အထောက်အကူ ဖြစ်လွန်းလှသည်။ စကားလုံး အနည်းငယ်သာ ဖော်ပြထားသော်လည်း သူ့ဦးတည်ချက်ကို ဆုံးဖြတ်ခွင့်ပေးခဲ့သည်။ ယခု ထိုနတ်ဘုရားနယ်မြေနှင့် ပတ်သက်သည့် အချက်အလက်ကို သူရှာတွေ့ပြီးသည်နှင့် ထိုနေရာသို့ အမြန်ဆုံး ပြေးနေသမျှကာလပတ်လုံး သူသည် တစ်ခုခုကို ရနိုင်ပေလိမ့်မည်။
"ကောင်လေး၊ မင်း ဘာကို စောင့်နေတာလဲ။ မြန်မြန်, မြန်မြန် လှန်လိုက်စမ်းပါ။" မဟူရာကမ္ဘာသည် ချင်ယွင်၏ နောက်ကွယ်မှာ ပေါ်လာပြီး စိတ်မရှည်စွာ ပြောသည်။
ချင်ယွင်သည် ခဏမျှ မှင်သက်သွားပြီး ပြုံးကာ နောက်စာမျက်နှာသို့ ဆက်လက် လှန်လိုက်သည်။ သို့သော် မှတ်စု၏ နောက်စာမျက်နှာပါ အကြောင်းအရာများက သူ့အား အဆုံးမရှိ တုန်လှုပ်သွားစေခဲ့သည်။
သူတို့ဘေးတွင် ရပ်နေသော မဟူရာကမ္ဘာပင်လျှင် လေးနက်သော အမူအရာကို ဖော်ပြလာ သည်။
"အဲဒီနတ်ဘုရားနယ်မြေက တကယ်ပဲ အဲဒီမှာလား။ အဲဒီနေရာက မဟာနတ်ဆိုး နတ်ဘုရား အကျဉ်းထောင်ရဲ့ တားမြစ်နယ်မြေပဲ။ ဝင်လာသူတိုင်း သေရလိမ့်မယ်” လင်ဒေါင်က အံ့ဩသော အမူအရာဖြင့် ပြောလိုက်သည်။ သူ့အသံက အံ့သြ ကြောက်ရွံ့မှု အပြည့်နှင့်ပင်။