အခန်း ၁၆၄၈
Vol. 110 Ch. 1648
အခန်း (၁၆၄၈) အင်မော်တယ်တောင်။
"အရင်က ဒီနေရာကို ငါကြားဖူးတယ်။ ဒီနေရာက အရမ်းအန္တရာယ်များတယ်။ ဝင်ပြီးရင် ထွက်ပေါက်မရှိတော့ဘူး။" ယောင်ဖုန်းက အံ့သြစွာ ပြောသည်။
သူမသည် ဤလောကတွင် အချိန်အတော်ကြာနေခဲ့ပြီး ဤလောကအကြောင်းကို သေချာ နားလည်ခဲ့သည်။ ထို့ကြောင့် ဖန်လုံ၏ မှတ်စုတွင် ဖော်ပြထားသော ဤနေရာ အကြောင်းကို သူမသည် သဘာဝအတိုင်း ကြားဖူးသည်။
"ဟမ့်၊ ဘယ်လိုအန္တရာယ်မျိုး ရှိနိုင်မှာလဲ။ အဲဒီနေရာက ငါအမှောင်ကမ္ဘာ မရှင်သန်နိုင်တဲ့ အထိ ပုံမှန်မဟုတ်တဲ့နေရာလို့ ငါ မယုံဘူး။" မဟူရာကမ္ဘာက မယုံကြည်ဟန်ဖြင့် ပြောသည်။
ချင်ယွင်သည် လေးလေးနက်နက် အတွေးထဲသို့ ကျရောက်သွားခဲ့သည်။ ဖန်လုံ၏ မှတ်စု တွင် ဖော်ပြထားသော အန္တရာယ်များသည့် နေရာအကြောင်းကို သူ ဂရုမစိုက်ပေ။ မည်မျှ ပင် အန္တရာယ်ရှိနေပါစေ သူ သွားကို သွားရမည်။ သူ အမှန်တကယ် ဂရုစိုက်သည်က ဖန်လုံမှတ်စုပါ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အစစ်မှန် အဓိပ္ပာယ်အကြောင်း ဖြစ်သည်။
"ကောင်းကင်နှင့်မြေကြီးဖွင့်လှစ်ခြင်း အစစ်မှန် အဓိပ္ပာယ်လား၊ ဤအစစ်မှန် အဓိပ္ပာယ် သည် အဘယ်ကြောင့် ကနဦးစကြဝဠာ၏ ဖွင့်လှစ်ခြင်းနှင့် အနည်းငယ် တူနေရသနည်း။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ဖန်လုံ၏မှတ်စုအရ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရား၏ အစစ်မှန် အဓိပ္ပါယ်ကို ကောင်းကင်နှင့်မြေကြီး ဖွင့်လှစ်ခြင်းဟု ခေါ်သည်။ အစစ်မှန် အဓိပ္ပာယ်တွင် ပါရှိသော လေးနက်သော အဓိပ္ပာယ်သည် အခြေခံအားဖြင့် သူ့ကနဦးစကြဝဠာနှင့် အလွန်ဆင်တူ သည်။ သို့မဟုတ်, ကောင်းကင်နှင့်မြေကြီးဖွင့်လှစ်ခြင်း အစစ်မှန် အဓိပ္ပာယ်သည် သူ့ကနဦးစကြဝဠာ၏ နောက်ထပ် ဆင့်ကဲဖြစ်စဉ်ပင် ဖြစ်ဖွယ်ရှိသည်။
"ကောင်စုတ်လေး, မင်း မှန်တယ်။ အဲဒီတုန်းက ပန်ဂုလည်း မင်းနဲ့တူညီတဲ့ လမ်းစဉ်အတိုင်း လျှောက်လှမ်းခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာ သူကျရှုံးပြီး သေသွားခဲ့တယ်။ သူ့လမ်းကြောင်းက မင်းရဲ့ဆရာမိုးပြာဧကရာဇ်နဲ့ ခြားနားတယ်။ တကယ်လို, မင်းသာ အဲဒါကို နားလည်နိုင်ခဲ့ရင် မင်းရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ ကနဦးစကြာဝဠာရဲ့ ဆင့်ကဲဖြစ်စဉ် အတွက် အများကြီး အထောက်အကူ ဖြစ်လိမ့်မယ်။" လျှိုဘို၏အသံက ချင်ယွင်၏ စိတ်ထဲ တွင် ထွက်ပေါ်လာသည်။
ချင်ယွင်က သူ့စိတ်ထဲမှာ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ လျှိုဘိုသည် ထိုအချိန်က ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားကို ကူညီပေးခဲ့သောကြောင့် ပန်ဂုမဟာနတ်ဆိုး နတ်ဘုရား အကြောင်း အခြားသူများထက် ပိုသိသည်။
သို့သော် ချင်ယွင်သည် ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားအကြောင်း လျှိုဘိုကို မေးသောအခါ တွင် သူ ပြောမပြခဲ့ပေ။ ယခု ချင်ယွင်သည် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသဖြင့် အမှန်အတိုင်း ပြောပြခြင်း ဖြစ်သည်။
"ဒါဆို ဒီမဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ဟာ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားရဲ့ အစစ်မှန် စိတ်ဆန္ဒရဲ့ တန်ခိုးကြီးတဲ့စွမ်းအားနဲ့ ဖန်တီးထားတဲ့ နေရာတစ်ခုပေါ့။ ဟုတ်တယ် မဟုတ်လား" ချင်ယွင်က ထပ်မေးသည်။
"မှန်တယ်၊ ဒီနေရာက လေဟာနယ်ဘိုးဘေးနတ်ဘုရား ဖန်တီးထားတဲ့ လေဟာနယ်နေရာ နဲ့ မတူဘူး။ လေဟာနယ်ဘိုးဘေးနတ်ဘုရား ဖန်တီးထားတဲ့ လေဟာနယ်နေရာက ဒီစကြာဝဠာရဲ့ ဉပဒေသတွေကို အခြေခံပြီး ဖန်တီးထားတာ။ ဒါကြောင့်, မင်းက အဲဒီအထဲ မှာဆို အစစ်မှန် အဓိပ္ပါယ်ရဲ့ ဉပဒေသတွေကို နားလည်နိုင်သေးတယ်။ ဒါပေမယ့် မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်မှာတော့ မတူတော့ဘူး။ မင်းက မင်း မူလ နားလည်ပြီးသား အစစ်မှန် အဓိပ္ပာယ်ရဲ့ နတ်ဘုရားစွမ်းရည်တွေကိုပဲ အသုံးပြုနိုင်တော့ တယ်။ လျှိုဘို၏အသံက ချင်ယွင်၏စိတ်ထဲမှာ ထွက်ပေါ်လာသည်။
"ဒါဆို ဒီလိုပေါ့" ချင်ယွင်သည် မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်မှာ ဤစကြာဝဠာ ၏ အစစ်မှန် အဓိပ္ပာယ်တွေကို လက်ဆက် နားလည်နိုင်ခြင်း မရှိတော့သည့် အကြောင်း အရင်းကို နားလည်သွားခဲ့သည်။
မူလကကတည်းက ဤစကြဝဠာ၏ အစစ်မှန် အဓိပ္ပါယ်ကို ကောင်းကင်ဘုံတန်ခိုးအစွမ်းက ဖန်တီးခဲ့သည်။ အစစ်မှန် အဓိပ္ပါယ်၏ ဉပဒေသများသည် ဤမူလစကြဝဠာနှင့်သာ သက်ဆိုင်ပြီး၊ အခြားစကြာဝဠာများတွင်မူ သူ့မူလစကြာဝဠာ၏ ဉပဒေသများက အသုံးမဝင်တော့ပေ။ ဤမဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်သည် ကနဦးစကြာဝဠာ အသစ်တစ်ခု၏ တစ်ဝက်နှင့် ညီမျှသည်။
ကနဦးစကြာဝဠာအသစ်တစ်ဝက်ဟု အဘယ့်ကြောင့် ပြောဆိုရသနည်း။ ပန်ဂုသည် ကျရှုံးခဲ့သောကြောင့် ဖြစ်သည်။ ဤမဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်သည် လုံးဝ အမှီခိုကင်းသည့် နေရာတစ်ခုမဟုတ်ပေ။ မူလစကြဝဠာ၏ အစစ်မှန် အဓိပ္ပာယ် ဉပဒေသများကို ဤနေရာတွင် အသုံးပြုနိုင်သေးသည်။ ဤအရာကလည်း သူ၏ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်သည် စကြဝဠာအသစ်တစ်ခုအဖြစ် မဖွံ့ဖြိုးနိုင်ခဲ့ရ သည့် အကြောင်းရင်းလည်း ဖြစ်ပါသည်။
ချင်ယွင်သည် ရုတ်တရက် သူ့နှလုံးသားထဲတွင် မှိန်းမောသွားသလို ခံစားလိုက်ရသည်။ ထိုဘိုးဘေးနတ်ဘုရားများသည် အလွန်မင်း တန်ခိုးကြီးပုံပေါက်သော်လည်း ၎င်းတို့ ကျင့်ကြံခဲ့သမျှသည် ကောင်းကင်ဘုံတန်ခိုးအစွမ်းမှ ထိန်းချုပ် ချမှတ်ထားသော စည်းမျဉ်း တစ်ခုသာ ဖြစ်နေသည်။ ဤအုပ်ချုပ်မှုအောက်တွင် သူတို့သည် ကောင်းကင်ဘုံတန်ခိုး၏ ထိန်းချုပ်သူကို ဘယ်သောအခါမှ ချိုးဖျက်နိုင်မည် မဟုတ်ပေ။ သူတို့ မည်မျှပင် အစွမ်းထက်နေပါစေ၊ သူတို့သည် ကောင်းကင်ဘုံတန်ခိုး၏ထိန်းချုပ်သူ၏ ကစားပွဲ စည်းမျဉ်းတွေအောက်မှာ စစ်တုရင်အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ခဲ့ကြသည်။
ဤစကြဝဠာတွင်၊ မိုးပြာဧကရာဇ်တစ်ယောက်သာလျှင် ကောင်းကင်ဘုံတန်ခိုး ထိန်းချုပ်သူ ချမှတ်ထားသော စည်းကမ်းများကို လုံးလုံးလျားလျား ချိုးဖောက်ခဲ့သည်။ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားကိုတော့ အများဆုံး တစ်ဝက်မျှသာ ချိုးဖောက်နိုင်သည်ဟု ယူဆနိုင်သည်။ သူ့အနေဖြင့်မူ, သူဖန်တီးထားသည့် ကနဦးစကြာဝဠာကို မိုးပြာဧကရာဇ် က သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး၊ ၎င်းကို သူ့အောင်မြင်မှုအဖြစ် ထည့်သွင်းစဉ်းစား၍ မရပါဘူး။
ထိုအကြောင်းကို တွေးမိပြီး၊ သူ့အောင်မြင်မှုများနှင့် ပတ်သက်၍ ကျေနပ်နေဆဲ ဖြစ်သည့် ချင်ယွင်သည် နည်းနည်းတော့ စိတ်ပျက်သွားခဲ့ပါသည်။
"ကောင်စုတ်လေး, မင်းကိုယ့်ကိုယ်ကို နှိမ့်ချနေစရာ မလိုပါဘူး။ မင်းကိုယ်တိုင် စကြဝဠာရဲ့ အစဦး တီထွင်ဖန်တီးမှုပေါ် မလျှောက်လှမ်းနိုင်သေးပေမယ့် ကျင့်ကြံမှုလမ်းကြောင်းကို လျှောက်လှမ်းနေဖို့ပဲ လိုတယ်။ ဒီလမ်းကြောင်းက ရှည်လျားလွန်းပါတယ်။ တကယ်လို့, မင်းသာ ဒီလမ်းကို ဆက်လျှောက်နိုင်ခဲ့ရင် မင်းရဲ့အောင်မြင်မှုတွေက မင်းရဲ့ ဆရာ မိုးပြာ ဧကရာဇ်နဲ့ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားတို့ထက် နိမ့်ကျမှာ မဟုတ်ပါဘူး။" လျှိုဘိုက ချင်ယွင်၏ အတွေးများကို မြင်ပြီး နှစ်သိမ့်ပေးသည်။
ချင်ယွင်က ခေါင်းညိတ်ပြပြီး သူ့မျက်လုံးတွေက ယုံကြည်မှုအပြည့်နှင့် ပြန်လည် တောက်ပ လာခဲ့သည်။ လျှိုဘို ပြောသည်မှာ မှန်ပေသည်။ ကနဦးစကြဝဠာ၏ ဆင့်ကဲဖြစ်စဉ်အတွက် သွားရမည့် ခရီးက ဝေးသေးနေပြီး သူ့မှာ လုပ်စရာတွေ အများကြီး ကျန်နေပါသေးသည်။
လျှိုဘိုသည် သူ့ထံမှ လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားဆဲဖြစ်ကြောင်း သူသိသည်။ ဥပမာအားဖြင့်၊ ကောင်းကင်ဘုံတန်ခိုးထိန်းချုပ်သူ ဖြစ်လာပြီးနောက်၊ သူသည် ကျင့်ကြံခြင်းကို ရပ်တန့်ပစ်ရမည်လား။ သူသည် တာအို၏အထွတ်အထိပ်ကို ရောက်ရှိသွား ပြီလား။
ဤအရာက မဖြစ်နိုင်ဘူးဆိုတာ သိသာပါသည်။ ကောင်းကင်ဘုံတန်ခိုးထိန်းချုပ်သူထက် မြင့်မားသော တည်ရှိမှုတစ်ခု ရှိနေရမည်ကို သူ သေချာပေါက် သိနေခဲ့သည်။ ထိုကဲ့သို့ မျိုးတည်ရှိမှုက မထင်မှတ်ထားလောက်အောင် မြင့်မားနေလိမ့်မည်။
“ကြည့်ရတာ, ငါ ပန်ဂုမဟာနတ်ဆိုးနတ်ဘုရားရဲ့ စမ်းသပ်မှုပြီးတဲ့အခါ၊ ကနဦးစကြဝဠာရဲ့ ဆင့်ကဲဖြစ်စဉ်မှာ ငါ့ရဲ့စွမ်းအင်အားလုံးကို အာရုံစူးစိုက်ထားရမယ့်ပုံပဲ။ ငါ့စကြာဝဠာက အစစ်မှန် အဓိပ္ပာယ်ရဲ့ ဉပဒေသတွေကို ပုံဖော်နိုင်တဲ့အဆင့်အထိ မရောက်ရှိသေးဘူး။ အစစ်မှန် အဓိပ္ပာယ်ရဲ့ ပြီးပြည့်စုံတဲ့ ဉပဒေသတွေကို ပုံဖော်နိုင်မှသာ, ငါဟာ ကောင်းကင်ဘုံတာအိုကို စစ်မှန်တဲ့ ထိန်းချုပ်သူတစ်ဦး ဖြစ်လာနိုင်လိမ့်မယ်။" ချင်ယွင်သည် စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ချက်ချပြီး သူ၏ကျင့်ကြံမှုလမ်းကြောင်း က ပိုမိုရှင်းလင်းပြတ်သားလာသည်။
ယခုအချိန်တွင်၊ သူ၏ ကနဦးစကြာဝဠာသည် တော်ဝင်တာအို၏ ပြီးပြည့်စုံခြင်းနယ်ပယ်သို့ တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ။ ထိုတော်ဝင်တာအိုများ လုံးလုံးလျားလျား ပြီးပြည့်စုံ သည့်အခါ၊ ကောင်းကင်တာအိုများ ဖြစ်ပေါ်လာလိမ့်မည်။ ကောင်းကင်တာအိုများ ပြီးပြည့်စုံမှသာလျှင် အစစ်မှန် အဓိပ္ပာယ်၏ တော်ဝင်တာအိုကို တည်ဆောက်နိုင်လိမ့်မည်။ အစစ်မှန် အဓိပ္ပာယ်၏ တော်ဝင်တာအို၏ ပြီးပြည့်စုံခြင်းကသာ သူ့အတွက် အုပ်စိုးရှင်နယ်ပယ်ကို တက်လှမ်းခြင်းရန် အချိန်ရောက်လာလိမ့်မည်။
"အုပ်စိုးရှင်နယ်ပယ်၊ ငါချင်ယွင်က တစ်နေ့မှာ အဲဒီအဆင့်ကို ရောက်ရှိရမယ်" ချင်ယွင်က သူ့လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူ့ကိုယ်သူ စိတ်ထဲကနေ ရေရွတ်လိုက်သည်။
ချင်ယွင်သည် တိတ်တဆိတ် စိတ်ထဲမှာ ဆုံးဖြတ်ချက်ချနေချိန်မှာ ယောင်ဖန်းနှင့် မဟူရာကမ္ဘာတို့သည် သူတို့၏ နောက်ထပ်ခြေလှမ်းများကို ဆွေးနွေးပြီးသွားပြီ။
"ကောင်စုတ်လေး၊ ငါတို့က အင်မော်တယ်တောင်ကို ဦးတည်ဖို့ ဆုံးဖြတ်ပြီးပြီ။ မင်း ငါတို့နဲ့ လိုက်လာမှာလား။" မဟူရာကမ္ဘာက ချင်ယွင်ကိုကြည့်ပြီး မေးသည်။
ယောင်ဖုန်းလည်း ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။ သူမသည် ယခင်က မဟူရာ ကမ္ဘာနှင့် ဆွေးနွေးခဲ့ပြီး ဖန်လုံ၏မှတ်စုတွင် ဖော်ပြထားသော ကောင်းကင်နှင့် ကမ္ဘာမြေကြီး ဖန်ဆင်းခြင်း(ဖွင့်လှစ်ခြင်း)၏ အစစ်မှန် အဓိပ္ပါယ်ကို ဆင်ခြင်နားလည်နိုင် ရန် အင်မော်တယ်တောင်သို့ တိုက်ရိုက်သွားရန် စီစဉ်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ဤအစစ်မှန် အဓိပ္ပါယ်ကို နားလည်ပြီးမှသာ ဤကမ္ဘာလောကမှ ထွက်ခွာနိုင်သောကြောင့် ဖြစ်သည်။
ချင်ယွင်က ပြုံးလိုက်သည်။ ကောင်းကင်နှင့် မြေကြီး ဖွင့်လှစ်ခြင်းနယ်ပယ်ကို နားလည်ရန် မည်ကဲ့သို့ လွယ်ကူနိုင်မည်နည်း။ ဤဖန်လုံသည် အမြင့်မြတ်ဆုံး ပါရမီရှင်အဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ သူသည်ပင် ဤအစစ်မှန် အဓိပ္ပါယ်၏ ကနဦးအဆင့်ကို နားလည်ရန် နှစ်ဆယ်သန်း အချိန်ယူခဲ့ရသည်။ ကံမကောင်းစွာပင်၊ အဆုံးမှာတော့ သူသည် ကံမကောင်းစွာဖြင့် သေဆုံးသွားခဲ့ရသည်။ မဟူရာကမ္ဘာနှင့် ယောင်ဖုန်းတို့သည် ၎င်းကို နားလည်သဘောပေါက်ရန် လွယ်ကူမည် မဟုတ်ပေ။
"မင်းတို့ အရင်သွားလိုက်ဦး။ ငါလုပ်စရာရှိသေးလို့။ ငါ အလုပ်ပြီးတာနဲ့ မင်းတို့ကိုရှာဖို့ အင်မော်တယ်တောင်ကို လာခဲ့လိုက်မယ်။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည်။
အင်မော်တယ်တောင်သည် ဖန်လုံ၏မှတ်စုတွင် ဖော်ပြထားသည့် အန္တရာယ်များသော နေရာတစ်ခု ဖြစ်သည်။ သို့သော်လည်း သူ ပြီးမြောက်အောင်လုပ်ဆောင်ရန် ဒုတိယ မြောက် မစ်ရှင်ရှိသေးသောကြောင့် ယခုလောလောဆယ်တွင် သူသည် အင်မော်တယ် တောင်သို့ မသွားနိုင်သေးပေ။
"ဂရိုစိုက်ပါ၊ ငါတို့ မင်းကို အင်မော်တယ်တောင်မှာ စောင့်နေမယ်။" ယောင်ဖုန်းက ပြောသည်။
"အစ်ကို ချင်ယွင် ဂရုစိုက်ပါ!" လင်ဒေါင်က မကျေမနပ် ပြောသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တုန်း ပင်လယ်နတ်ဆိုးဘုရင်နှင့် ရင်ဆိုင်ပြီး နောက် ချင်ယွင်သည် လင်ဒေါင်ကိုယ်စား သူ့ဆရာသခင်ကို သတ်ပစ်ချင်ခဲ့သည်။ သို့သော် လည်း လင်ဒေါင်က သူ့ကို တားဆီးခဲ့သည်အထိ ကြင်နာနေခဲ့သည်။ ယခုအခါ လင်ဒေါင်နှင့် မဟူရာကမ္ဘာတို့သည် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။
"စိတ်မပူပါနဲ့။ ငါ မင်းတို့ကို လာရှာလိုက်မယ်" ချင်ယွင် ခေါင်းညိတ်လိုက်သည်။
"သွားကြစို့ ကလေးတို့" မဟူရာကမ္ဘာက ပြောပြီးနောက် ယောင်ဖုန်းနှင့် လင်ဒေါင်တို့နှင့် အတူ မိုးကုတ်စက်ဝိုင်းထဲသို့ ပျောက်ကွယ်သွားခဲ့သည်။