အခန်း ၁၆၅၀
Vol. 110 Ch. 1650
အခန်း (၁၆၅၀) မဟာကျွမ်းကျင်ပညာရှင် ခြောက်ဦး
ကောင်းကင်လေပြင်းချောက်ကမ်းပါးသည် ဧရာမနတ်ဘုရားတိုက်ကြီး၏ အရှေ့တောင် ဘက်တွင် တည်ရှိပြီး ၎င်းသည် အလွန်အန္တရာယ်များသော နေရာဖြစ်သည်။
ထိုကောင်းကင်လေပြင်းချောက်ကမ်းပါးကို အန္တရာယ်ရှိသည့် နေရာအဖြစ် ပြောနေရသည့် အကြောင်းအရင်းကတော့ ထိုနေရာသည် ကောင်းကင်လေဟုန်တောင်တန်းအတွင်းမှ နက်ရှိုင်းသည့် နေရာတစ်ခု ဖြစ်နေသောကြောင့်ပင်။ ထို့အပြင်၊ ဤကောင်းကင်လေဟုန် တောင်တန်းသည် အလွန်အစွမ်းထက်သော ရှေးခေတ်နတ်ဘုရားအစီအရင်တစ်ခု ရှိနေပြီး၊ ဤနတ်ဘုရား အစီအရင်သည် အလွန်မင်း အစွမ်းထက်ပါသည်။ အကယ်၍, မတော်တဆ ပြုတ်ကျပြီး ဝင်ရောက်သွားပါက သေခြင်းဖြင့် အဆုံးသတ်ရလိမ့်မည်။
သို့သော် အန္တရာယ်သည် အခွင့်အလမ်းများနှင့် အမြဲတွဲနေပါသည်။ ထိုကောင်းကင် လေပြင်းချောက်ကမ်းပါးမှာ ကောင်းကင်နတ်ဆိုးသစ်ပင်ကြီးတစ်ပင် ပေါက်နေခဲ့သည်။ ဤကောင်းကင်နတ်ဆိုးသစ်ပင်သည် အနှစ်တစ်သန်းတစ်ကြိမ် ပွင့်ပြီး၊ တစ်ကြိမ် အသီးသီး သည်။
ဤကောင်းကင်နတ်ဆိုးသစ်ပင်၏ အသီးသည် လူတစ်ယောက်၏ ခွန်အားကို အလွန်မင်း ကြောက်စရာကောင်းသည့် အဆင့်အထိ ချက်ချင်း တိုးမြှင့်ပေးနိုင်သည်။ ထို့ကြောင့် ဤကောင်းကင်နတ်ဆိုးသစ်သီးကို ရရှိခြင်းသည် အလွန်အစွမ်းထက်သော ဝှက်ဖဲတစ်ခုနှင့် ညီမျှသည်။
ထို့ကြောင့်၊ ကောင်းကင်နတ်ဆိုးသစ်ပင်သည် အသီးပွင့်ချိန်တိုင်း၊ ၎င်းအတွက် တိုက်ပွဲဝင် သူများစွာ ရှိနေလိမ့်မည်။ ဆိုလိုသည်မှာ ဤနေရာတွင် သေဆုံးသူ အများအပြား ရှိလိမ့်မည် ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ကောင်းကင်နတ်ဆိုးသစ်ပင်သည် အသီးမသီးမီ တစ်လခန့်လိုသေး သော်လည်း ထိုနည်းအတိုင်းပင် ကောင်းကင်လေဟုန်တောင်တန်းတွင် လူများစွာ စုရုံးနေပြီ ဖြစ်သည်။
စွမ်းအားအဆင့်မျိုးစုံဖြင့် လူပေါင်းများစွာ ရှိကြသော်လည်း အများစုမှာ ကြယ်နတ်ဘုရား အဆင့်နှင့် မြေကမ္ဘာအဆင့် နတ်ဘုရားများ ဖြစ်ပြီး အနည်းငယ်မျှသာ ကောင်းကင် နတ်ဘုရားအဆင့် နတ်ဘုရားများ ဖြစ်သည်။ ချင်ယွင်ကို ခြိမ်းချောက်နိုင်သည့် လူများနှင့် ပတ်သက်၍ မည်သူမျှ ပေါ်မလာသေးပေ။
သူတို့သည် ကောင်းကင်နတ်ဆိုးသစ်ပင်ကို စွန့်လွှတ်ခြင်းမျိုး မဟုတ်ဘဲ သူတို့အားလုံး အမှောင်ထဲမှာ ပုန်းနေကြခြင်း ဖြစ်သည်။ သူတို့သည် ကောင်းကင်နတ်ဆိုးသစ်ပင်၏ အသီးများ ရင့်မှည့်လာမှသာ ယှဉ်ပြိုင်ရန် ထွက်လာကြလိမ့်မည်။
ချင်ယွင်သည် ကောင်းကင်လေဟုန်တောင်တန်းတွင် လမ်းလျှောက်နေပြီး သူ့ကို မည်သူမျှ သတိမထားမိပေ။ နောက်ဆုံးတွင်, သူ့ကျင့်ကြံမှုက မြေကမ္ဘာနတ်ဘုရားနယ်ပယ်၏ အထွတ်အထိပ်မှာသာ ရှိနေခဲ့ပြီး၊ လူအုပ်ကြားထဲမှာ အာရုံဖမ်းစားခြင်း မခံခဲ့ရပါဘူး။
ရွှဲ့ခိုင်သည် ချင်ယွင်၏ ညွှန်ကြားချက်အရ၊ သူသည် သူ့ကျင့်ကြံမှုအဆင့်ကို ချင်ယွင်နှင့် အတူ ဖိနှိပ်ထားခဲ့သည်။ ဤနည်းအားဖြင့် အခြားသူများက သူ့ကို အလွယ်တကူ အာရုံစိုက် မည် မဟုတ်တော့ပေ။
"သခင်လေး၊ ကောင်းကင်နတ်ဆိုးသစ်ပင် အသီးမသီးခင် တစ်လ လိုသေးတယ်။ ငါတို့ ဘာဆက်လုပ်မလဲ" ရွှဲ့ခိုင်က ချင်ယွင်၏နောက်က လျှောက်လာပြီး မေးသည်။
"စောင့်ရအောင်။ ငါတို့ ဒီကိုရောက်ပြီးမှတော့, ဖြည်းဖြည်း စောင့်ကြစို့။ ဒါပေမယ့် အဲဒီ မတိုင်ခင်မှာ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်က စွမ်းအားရှင်တွေနဲ့ ကျွမ်းကျင်သူတွေအကြောင်းကို မိတ်ဆက်ပေးပါဦး။" ချင်ယွင်က ပြောသည်။
ရွှဲ့ခိုင် ခေါင်းညိတ်လိုက်သည်။ ယခု သူသည် ချင်ယွင်နှင့် ကောင်းကင်ဘုံတာအိုရှေ့မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး ဖြစ်သည်။ ယခု ချင်ယွင်သည် သူ၏သခင် ဖြစ်နေပါပြီ။ ချင်ယွင်၏ စကားများက သူ့အတွက် အင်ပါယာအမိန့်တစ်ခုပင်။
"သခင်လေး၊ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်နယ်မြေမှာ အဓိက အင်အားစုကြီး သုံးမျိုး ခွဲထားတယ်။ အဲဒါတွေကတော့ ပင်လယ်နတ်ဆိုးနန်းတော်၊ ကောင်းကင်နတ်ဆိုး ဂိုဏ်းနဲ့ ဧရာမနတ်ဘုရားနန်းတော်တို့ပဲ၊ အခု ပင်လယ်နတ်ဆိုးနန်းတော်ဆိုတာ မရှိတော့ ဘူး။ ကျန်တာတွေကတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းနဲ့ ဧရာမနတ်ဘုရားနန်းတော်ပဲ" ရွှဲ့ခိုင်က ပြောသည်။
ချင်ယွင် ခေါင်းညိတ်လိုက်သည်။ ပင်လယ်နတ်ဆိုးဘုရင် သေဆုံးသွားသည့်အတွက် ပင်လယ်နတ်ဆိုးနန်းတော်သည် သဘာဝအတိုင်း အဆုံးသတ်သွားပါပြီ။ ပင်လယ်နတ်ဆိုး နန်းတော်၏ နယ်မြေအတွင်းရှိ နတ်ဘုရားနန်းတော်ကြီး ခုနစ်ခုအတွက်မူ ၎င်းတို့ အားလုံးသည် စင်မြင့်ပေါ် တင်ထား၍မရသည့် ဒုတိယအဆင့် အင်အားစုများ ဖြစ်သည်။ သူတို့ကို ချင်ယွင်က လုံးဝ ဂရုမစိုက်ပါဘူး။ သူ ဂရုစိုက်သည်မှာ ပင်လယ်နတ်ဆိုးဘုရင်လို အလားတူ ကျွမ်းကျင်သူမျိုး သို့မဟုတ် ပင်လယ်နတ်ဆိုးဘုရင်ထက် ပိုအားကောင်းသည့် ကျွမ်းကျင်သူများ ဖြစ်ပါသည်။
"ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဧရာမနတ်ဘုရားနန်းတော်တို့ရဲ့ သခင်တွေကရော ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူတွေပဲလား။" ချင်ယွင်က မေးသည်။
"သခင်လေးရဲ့ မှန်းဆချက်က မှန်ပါတယ်။ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်မှာ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်ပညာရှင် စုစုပေါင်း ခြောက်ဦး ရှိတယ်။ သူတို့ဟာ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်နယ်မြေရဲ့ အသန်မာဆုံး လူခြောက်ယောက်လည်း ဖြစ်တယ်။ ဒီတစ်ခါ ကောင်းကင်နတ်ဆိုးသစ်သီးတွေ ရင့်မှည့် လာတဲ့အခါ တစ်ချို့က ကျိန်းသေပေါက် ရောက်လာလိမ့်မယ်။ ရွှဲ့ခိုင်က ပြောသည်။
ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်နယ်မြေ တွင် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ဝင် ကျွမ်းကျင်သူများ ရှိနေလိမ့်မည်ဟု သူ ကြာမြင့်စွာကတည်းက မျှော်လင့်ခဲ့သော်လည်း ၎င်းတို့သည် ခြောက်ဦး ရှိနေမည်ဟု သူ မမျှော်လင့်ခဲ့ပေ။
မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ထဲမှာ ဘိုးဘေးနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ များ မရှိပေ။ သူတို့ ပေါ်လာသည်နှင့် ဟွန်ထျန်းက သူတို့ကို သုတ်သင်ပစ်လိမ့်မည်။ ထို့ကြောင့်၊ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်ထဲမှာ အစွမ်းထက်ဆုံး ကျွမ်းကျင်သူ များသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင်သူများသာ ဖြစ်သည်။
သို့သော်၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ပင် မဝင်ရသေးသော ပင်လယ် နတ်ဆိုးဘုရင်သည်ပင် သူ့အား ပြဿနာအကြီးကြီး ပေးနိုင်ခဲ့သည်။ နောက်ဆုံးမှာ, သူသည် သူ့ကိုသတ်နိုင်ရန် မဟူရာကမ္ဘာကို အားကိုးခဲ့ရသည်။ ယခု သူကြုံတွေ့ရမည့် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင်သူများသည် ပို၍ပင် ပြိုင်ဘက်ကင်း ဖြစ်နေလိမ့်မည် မဟုတ်ပါလော။
ရွှဲ့ခိုင်အနေဖြင့်, သူ့စွမ်းအားသည် ပင်လယ်နတ်ဆိုးဘုရင်ထက်ပင် အားနည်းနေသည်။ ထို့ကြောင့် သာမန် ကောင်းကင်နတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရာတွင် ပြဿနာ မဖြစ်နိုင်ပေ။ သို့သော်၊ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တင် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရာတွင်၊ ၎င်းတို့သည် ကောင်းကင် နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် အဆင့် ၁၂၀ ဖြစ်နေခဲ့လျှင်ပင်, ၎င်းတို့၏ လှုပ်ရှားမှု တစ်ခုတည်းကပင် သူတို့အတွက် ပြိုင်ဘက် မဖြစ်နိုင်တော့ပေ။
သို့သော် ချင်ယွင်က စွန့်လွှတ်ရန် ရည်ရွယ်ချက်မရှိပေ။ သူ ဤနေရာကို လာရသည့် ရည်ရွယ်ချက်က ကောင်းကင်နတ်ဆိုးသစ်သီးကို ရယူရန်ဖြစ်သည်။ ယခုအချိန်တွင် သူ့ရှေ့မှာ ဤတစ်လမ်းသာ ရှိပါသည်။ မည်မျှပင် ဆူးညောင်းခလုတ်တွေ ရှိစေကာမူ သူသည် ပန်းခင်းလမ်းအလား ရှေ့ဆက်လျှောက်ရလိမ့်မည်။
"ပြောစမ်းပါဦီး၊ အဲဒီခြောက်ယောက်က ဘယ်သူတွေလဲ" ချင်ယွင် အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။
ရွှဲ့ခိုင်က ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောသည် "ဒီအထဲက ခြောက်ယောက်မြောက် လူကိုတော့ တာအိုမြူနှင်းလို့ ခေါ်တယ်။ သူက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ် ချက်မှာ အဆင့် ၁၁၇ ရှိတယ်။ ကြောက်စရာကောင်းတဲ့ မြူနှင်း အစစ်မှန် အဓိပ္ပာယ်ကို ထိန်းချုပ်တယ်။ သူက အရမ်းအစွမ်းထက်တယ်။ သူက နှောင်ဖွဲ့ကင်းသူဖြစ်ပြီး၊ မည်သည့် ဩဇာအာဏာကိုမျှ မတွယ်တာတတ်ဘူး။"
"တာအိုမြူနှင်းလား? အစစ်မှန် နှင်းရေခဲ ဆန္ဒလား.." ချင်ယွင်က သူ့နှလုံးသားထဲမှာ တိတ်တဆိတ် ပြောလိုက်သည်။
အစစ်မှန် အဓိပ္ပာယ် နှင်းရေခဲသည် အဆင့်နှစ် အစစ်မှန် အဓိပ္ပာယ် ဖြစ်သည်။ သူ့ခန့်မှန်း ချက်အရ တာအိုမြူနှင်း၏စွမ်းရည်သည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်သို့ ရောက်ရှိနိုင်သည့်အတွက် သူ၏ အစစ်မှန် အဓိပ္ပာယ်နယ်ပယ်သည် အလယ်လတ် အဆင့်၏ အထွတ်အထိပ်တွင် ဖြစ်သင့်သည်။ သို့မဟုတ် အဆင့်မြင့်အဆင့်၏ ကနဦး အဆင့်လည်း ဖြစ်သင့်ပါသည်။
တာအိုမြူနှင်း၏စွမ်းအားသည် ဟုန်လဲ့ ၊ ဝူဒေါင်ဇီနှင့် ပိုင်ချန်ဇီတို့နှင့် သိပ်အများကြီး မကွာသင့်ပေ။ သို့သော် သူ့စွမ်းအားကို လျှော့မတွက်သင့်ပါ။
"ဒါဆို ပဉ္စမမြောက် ပုဂ္ဂိုလ်ကရော ဘယ်သူလဲ" ချင်ယွင်က ထပ်မေးသည်။
"ဒီပဉ္စမမြောက်ပုဂ္ဂိုလ်ကတော့ ဟုန်ရန်လို့ ခေါ်တယ်။ သူမက အလွန်မင်း ဆွဲဆောင်မှုရှိပြီး ရက်စက်တဲ့ အမျိုးသမီးတစ်ဦးပဲ။ သူမရဲ့ အစစ်မှန် အဓိပ္ပာယ်က ဘာလဲဆိုတာကိုတော့ အခုအချိန်မှာ သေချာမသိရသေးပါဘူး။ ဘာလို့လဲဆိုတော့ ဒီလူက ထွက်ပေါ်လာတာ မရှိသလောက်ပဲ။ ဒါပေမယ့် သူမပေါ်လာတဲ့အခိုက်မှာ သူမက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်လာမှာ သေချာတယ်။ သူမကတော့ အဆင့် (၁၀၉) မှာ အဆင့်သတ်မှတ်ခံရတယ်။” ရွှဲ့ခိုင်က ဆက်ပြောသည်။
ချင်ယွင်က ခေါင်းညိတ်လိုက်ပြီး၊ ရွှဲ့ခိုင်ကို ဆက်ပြောရန် အချက်ပြလိုက်သည်။
"ဒီစတုတ္ထနေရာကလူတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင် လျှိုထန်းရှင်းပဲ။ ဒီလူရဲ့စွမ်းအားက ထပ်တူ ကြောက်မက်ဖွယ်ကောင်းတယ်။ သူ့တစ်ကိုယ်လုံး ပြင်းထန်တဲ့ မကောင်းဆိုးဝါး အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတယ်။ သူ့ရဲ့ တိုက်ခိုက်မှုတွေက အလွန်ကို ရက်စက်ကြမ်းကြုတ်တယ်။ သူ့ရဲ့စွမ်းအားက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၀၈ ရှိပြီး ဟုန်ရန်ထက် အဆင့်တစ်ဆင့်ပဲ ပိုမြင့်တယ်။" ရွှဲ့ခိုင်က ပြောသည်။
"တတိယမြောက်နေရာကလူကတော့ ဧရာမနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်ပဲ။ ဒီလူဟာ နတ်ဆိုးနတ်ဘုရားရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံသူလည်း ဖြစ်တယ်။ တန်ခိုးကြီးတဲ့ ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့ခွန်အားက အနှိုင်းမဲ့ ပြင်းထန်လွန်းတယ်။ သူ့လက်သီးချက်တွေက ကောင်းကင်ဘုံကို လှုပ်ခါစေနိုင်တယ်။ မရေမတွက်နိုင်တဲ့ လူတွေဟာ သူ့လက်သီးအောက်မှာ သေဆုံးခဲ့ရတယ်။ မဟာနတ်ဆိုးနတ်ဘုရား အကျဉ်းထောင်နယ်မြေမှာ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်ဝင် ကျွမ်းကျင် ပညာရှင် ခုနစ်ယောက်ရှိခဲ့ပေမယ့် တစ်ယောက်က သူ့ကြောင့် သေဆုံးသွားခဲ့တယ်။ ဒါကြောင့် အခု ခြောက်ယောက်ပဲ ကျန်တော့တာ။" ရွှဲ့ခိုင်က စိတ်လှုပ်ရှားစွာ ပြောသည်။
"ဒါဆို သူ့အဆင့်က ဘာလဲ" ချင်ယွင်က စိတ်ဝင်တစား မေးသည်။
"သူ့ရဲ့အဆင့်က လျှိုထန်းရှင်းထက် အားမနည်းဘူး။ သူက အဆင့် ၁၀၃ ပါ။" ရွှဲ့ခိုင်က ပြောသည်။
ထိုစကားကိုကြားတော့ ချင်ယွင်လည်း အံ့သြသွားသည်။ အဆင့် ၁၀၃ ။ ၎င်းသည် အဆင့် ၁၀၀ နီးပါး ဖြစ်သည်။ နောက်ဆုံးတွင်၊ ၎င်းသည် ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်တွင် ထိပ်တန်း ၁၀၀ နှင့် ထိပ်တန်း ၁၂၀ ကြားမှာ ဧရာမ ရေကန်တစ်ခုပမာ ခြားနားနေသည်။ ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှ ထိပ်တန်းကျွမ်းကျင်သူ ၁၀၀ သည် ထူးထူးခြားခြား ကြောက်စရာကောင်းသည်။
"ဒါဆို နောက်ဆုံး ကျွမ်းကျင်ပညာရှင်နှစ်ယောက်က ထိပ်တန်း ၁၀၀ ဝင်တွေလား?" ချင်ယွင်က စိတ်ပိုင်းဆိုင်ရာ မှန်းဆပြီးသားပါ။
ရွှဲ့ခိုင်သည် ထိုစကားကိုကြားသောအခါ သူ့အမူအရာက ထူးထူးခြားခြား လေးနက်လာ သည်။ သူက ချင်ယွင်ကို ကြည့်လိုက်ပြီး ပြောသည် "သခင်လေး၊ နောက်ဆုံး နှစ်နေရာက ကောင်းကင်နတ်ဘုရား အဆင့်သတ်မှတ်ချက်မှာ ထိပ်တန်း ၁၀၀ မဟုတ်ဘူး။ ဒီလူနှစ်ယောက်ရဲ့ အဆင့်တွေကို သိရင် သူတို့ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ သခင်လေး သိသွားလိမ့်မယ်"
"အိုး.. အဲလောက်တောင် ကြောက်စရာကောင်းလား" ချင်ယွင်က အံ့သြစွာ မေးလိုက်ပါ သည်။
စာစဉ် (၁၁၀) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။