← Chapters

အခန်း (၁၂၁၃)

Vol. 79 Ch. 1213

အခန်း (၁၂၁၃)

Vol. 79 Ch. 1213

Chapter 1213

ဖီးနစ် (၂)

မစ္စတာရှီက ပြောသည်။

“တစ်စုံတစ်ခုသော ရှုထောင့်ကကြည့်ရင် မင်းရဲ့ နားလည်မှုက အလွန်အဆင့်မြင့်ပါတယ်၊၊ ဒါကြောင့်ပဲ ငါတို့က မင်းကို အကောင်အထည်ဖော်သူအဖြစ် ရွေးချယ်ခဲ့တာ”

ဟွာရှောင်လင်းက မေးသည်။

“သခင်ကြီး… ဒီနေရာက ဇာတ်လမ်းကတော့ အဆုံးသတ်တော့မယ်၊၊ လင်းရှန်နဲ့ ပတ်သက်ပြီး... ယန္တရားနှလုံးသားအပေါ် စိုးရိမ်ပူပန်မှုတွေ ရှိနေဆဲပဲလား”

“အစီအစဉ်အရ ခွန်းလွန်မြို့အတွင်းမှာ သဘောထားကွဲလွဲသံတချို့ထွက်ပေါ်နေပြီ၊၊ လင်းရှန်က အာဏာကို ဆက်ပြီး ဆုပ်ကိုင်ထားနိုင်တော့မှာ မဟုတ်ဘူး၊၊ သူ့ရဲ့ အစီအစဉ်တွေနဲ့ ဆုံးဖြတ်ချက်တွေအားလုံး မေးခွန်းထုတ်ခံရပြီး တိုက်ခိုက်ခံရလိမ့်မယ်၊၊ သူတို့ရဲ့ တပ်မှူးက လင်းရှန်ရဲ့ ယန္တရားနှလုံးသားထဲကို အရင်းမြစ်တွေ ပုံအောပေးဖို့ ထောက်ခံခဲ့တဲ့အတွက် ရာထူးကနေ ဖယ်ရှားခြင်းခံလိုက်ရပြီ၊၊ ဒါဟာ ငါတို့မြင်ချင်တဲ့အရာပဲ”

“အဲဒီလောက် မရိုးရှင်းပါဘူး၊၊ ကျွန်မတို့က သူတို့ရဲ့ သတင်းအချက်အလက်အားလုံးနဲ့ ဆက်သွယ်မှုအားလုံးကို ရနိုင်ပေမဲ့ သူတို့ရဲ့ အတွေးအခေါ်ကိုတော့ နားမလည်နိုင်ဘူး၊၊ ယဲ့လန်နဲ့ လီဟယ်ပင်းတို့က လင်းရှန်ကို အပြည့်အဝထောက်ခံတဲ့သူတွေချည်းပဲ၊၊ သူတို့လုပ်နေတာတွေက အကြောင်းပြချက်တစ်ခုသက်သက်ပဲ၊၊ ကီဟွာစက်မှုလုပ်ငန်းကြီးက သူတို့ရဲ့ ထုတ်လုပ်မှုရင်းမြစ်အားလုံးကို ခွန်းလွန်မျှော်စင်မှာ စုစည်းထားတာကိုကြည့်ရင် သိနိုင်ပါတယ်၊၊ သူတို့က ယန္တရားနှလုံးသားအတွက် ရင်းနှီးမြှုပ်နှံဖို့ အဆင်သင့်ဖြစ်နေကြပြီ”

“ဟုတ်တယ်… ဒါပေမဲ့ အဲဒါကလည်း ငါတို့ ပျော်ပျော်ကြီးမြင်ချင်တဲ့အရာပဲ၊၊ အရင်းမြစ်တွေကို တစ်ကိုယ်တော်သူရဲကောင်းဝါဒထဲ ပုံအောလိုက်တဲ့အခါ စိတ်အားထက်သန်တဲ့ လောင်းကစားသမားတွေမှာ အနိုင်ရမယ့် အခွင့်အရေးမရှိတော့ဘူး၊၊ ငါတို့ သူတို့ကိုသတိပေးပြီးသားပဲ”

ရေခဲပြင်အောက်ရှိ ဖန်လုံအိမ် အမိုးခုံးမှတစ်ဆင့် နေရောင်ခြည်များဖြာကျနေသည်။

ဝေးကွာလှသော ကောင်းကင်အောက်၌ နှင်းဖုံးနေသော တောင်ထိပ်အချို့သည် နေရောင်ခြည်အောက်တွင် ငွေရောင်တောက်ပနေကြသည်။ ထိုတောင်ခြေရင်း၌ သစ်တောများနှင့် မြက်ခင်းပြင်များ ဝန်းရံထားသော ရေကန်ငယ်လေးတစ်ခု တည်ရှိနေသည်။

တောအုပ်ထဲတွင် အပူလျော့ပိုင်းဒေသသီးနှံပင်မျိုးစုံ အရိုင်းဆန်စွာပေါက်ရောက်နေကြပြီး ကန်စောင်းတွင် လှပသော သစ်သားအိမ်လေးတစ်လုံးနှင့် ကျယ်ပြောလှသော စပါးစိုက်ခင်းများရှိနေသည်။

နှင်းဖုံးတောင်တန်းများပေါ်မှ စီးဆင်းလာသော စမ်းရေသည် စပါးခင်းကန်သင်းရိုးများကို တိကျစွာ လျှံကျနေပြီး စပါးနှံများ ရွှေဝါရောင်ပြောင်းလဲသွားသည့် ရုတ်တရက်ဆိုသလို တစ်ခင်းလုံးသည် နေဝင်ချိန်သို့ ပြောင်းလဲသွားတော့သည်။

ထိုနေဝင်ချိန်သည် ကြိုတင်ရိုက်ကူးထားသည့်အရာဖြစ်ပြီး နှစ်တစ်နှစ်၏ ဩဂုတ်လအတွင်း ဖူးခက်၏ နေဝင်ချိန်ဒေတာများဖြစ်ကာ ယခုအခါ သုံးဖက်မြင်ဟိုလိုဂရမ်စနစ်မှတစ်ဆင့် ထွက်လာခြင်းဖြစ်သည်။ လေထုနှင့် အပူချိန်အပြောင်းအလဲများနှင့် ပေါင်းစပ်လိုက်သောအခါ မြေအောက်ရေခဲပြင်ထဲတွင် တည်ဆောက်ထားသည့် ဤဧရာမဖန်လုံအိမ်ကြီးအား အသက်ဝင်လာစေသည်။

လင်းရှန်သည် ကန်စောင်းတွင် တစ်ယောက်တည်းထိုင်နေပြီး အချိန်အတော်ကြာမမြင်တွေ့ခဲ့ရသော သဘာဝရှုခင်းနှင့် ဂေဟစနစ်ကို ငေးကြည့်နေမိသည်။ စိတ်ထဲတွင် မည်သည့်သက်တောင့်သက်သာဖြစ်မှုကိုမျှ မခံစားရသည့်အပြင် သူ၏ စိတ်ထဲတွင် စိတ်တိုဒေါသထွက်မှုများ ကြီးထွားလာကာ သူ့၏ ဆွဲငင်အားမှန်ဘီလူးကို အသုံးပြုပြီး ဤအရာအားလုံးကို အမှုန့်ချေပစ်ချင်စိတ်များပေါက်နေသည်၊၊

“ဒါဆို တကယ့်ရည်ရွယ်ချက်က ဘာလဲ… ကျုပ်ကို ဒီမှာကာကွယ်ပေးပြီး တောရွာမှာ အနားယူခိုင်းဖို့လား… ရှုခင်းတွေ နေ့တိုင်းကြည့်ခိုင်းပြီး ကမ္ဘာပျက်မယ့်အချိန်ကို စောင့်ခိုင်းဖို့လား”

“ဝိညာဉ်လှိုင်းတုန်ခါမှုတန်ဖိုး ၁သိန်းရှိတဲ့ စွမ်းအားရှင်တစ်ယောက်ဖြစ်တဲ့ ကျုပ်က လမ်းမပေါ်မှာ လုပ်ကြံခံရမှာကို စိုးရိမ်နေတာလား”

သူသည် လက်ကောက်ဝတ်ရှိ ဆက်သွယ်ရေးစက်ကို ကြည့်ကာ တိုက်ရိုက်နှိပ်လိုက်သည်။

“ကျုပ်ကို ဖြေစမ်းပါ”

“စိတ်မကောင်းပါဘူး… ဘာကြောင့်လဲဆိုတာ ငါမပြောနိုင်ပါဘူး”

ဟိုလိုဂရမ်ပုံရိပ်တစ်ခုပေါ်လာပြီး လင်းရှန်အတွက် ရင်းနှီးပြီးသားမျက်နှာတစ်ခုကို ပြသလာသည်။ ထိုသူကား စီလန်မြို့ ခံစစ်တိုက်ပွဲအတွင်း ဆုံခဲ့သည့် ညလမ်းလျှောက်သူများ၏ ဌာနခွဲ ၃ လှုပ်ရှားရေးအဖွဲ့ခေါင်းဆောင် ဝမ်ကျိုးဖြစ်ပေသည်။

ထိုသူသည် အရပ်အနည်းငယ်ပုသော်လည်း ချောမောပြီး လျှပ်စစ်သံလိုက်စွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်သည်။

သူသည် ကျိုးဝူ၏ သူငယ်ချင်းဖြစ်ကြောင်း လင်းရှန် မှတ်မိနေသည်။

သို့သော်ငြားလည်း ဝမ်ကျိုး၏ လောလောဆယ် အခန်းကဏ္ဍမှာ သူ၏ အိမ်ထိန်း သို့မဟုတ် သူ့ကို စောင့်ကြည့်သူအဖြစ်ရှိနေလေသည်၊၊

သူ၏ တောင်းဆိုချက်အားလုံးကို ဖီးနစ်က အပြည့်အဝတာဝန်ယူပေးမည်ဖြစ်ပြီး ဤနေရာမှ ထွက်ခွာသွားခြင်းမှအပ မည်သည့်တောင်းဆိုချက်ကိုမဆို ခြွင်းချက်မရှိ ဖြည့်ဆည်းပေးမည်ဖြစ်သည်။

၎င်းသည် ယဉ်ကျေးမှုအကြိုမြင်ကွင်း ၈၀၇ ၏ အဆုံးသတ်မှာ သူက ကိုယ့်ကိုယ်ကို မသတ်သေခင် စက်ရုပ်အိုင်လီက သူ့ကို မြင့်မြတ်သောအဆင့်သတ်မှတ်ပေးပြီး အကန့်အသတ်မရှိဖျော်ဖြေမှုကို ခံစားခွင့်ပေးခဲ့တာနဲ့ ဆင်တူနေသည်။

“အမှန်အတိုင်းပြောရရင် ငါလည်း အကြောင်းရင်းကိုမသိဘူး... ဒါပေမဲ့ ကောင်စီရဲ့ရွေးချယ်မှုက မင်းအတွက်အကျိုးရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်”

ဝမ်ကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။

“အခု ဘာအန္တရာယ်မှ မရှိတော့ဘူး၊၊ မင်း နောက်ဆုံးတော့ အနားယူလို့ရပြီ စိတ်ကို နည်းနည်းလျှော့လိုက်ပါ၊၊ မင်းက လူသန်းပေါင်းများစွာကို ကယ်တင်ခဲ့ပြီးပြီပဲ ဒါကို ဆုလာဘ်နဲ့ ကာကွယ်မှုအဖြစ်သတ်မှတ်လိုက်ပါ”

“ဒါပေမဲ့ အနည်းဆုံးတော့ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ ကျုပ်ကို အသိပေးသင့်တယ်လေ”

လင်းရှန်က အော်ဟစ်လိုက်သည်။

“ဥပမာ- ကောင်းကင်အကာကွယ်… ဘယ်လောက်အထိ တိုးတက်နေပြီလဲ၊၊ ကျုပ်မှာ တောင်ဘက်ကောင်းကင်ဂိတ်နဲ့ ဆက်သွယ်မှုလည်းရှိနေတာပဲ… အဲဒါကို အသုံးပြုဖို့ ထည့်မတွက်သင့်ဘူးလား… ကျုပ်က အာကာသတံခါးတစ်ခုကို ဆင့်ခေါ်နိုင်တယ်လေ… ခဗျားတို့ကောင်စီက အဲဒါကိုလေ့လာဖို့ ထည့်မစဉ်းစားသင့်ဘူးလား… ဒါတွေက တိုက်ပွဲရဲ့လမ်းကြောင်းကို ပြောင်းလဲပစ်ဖို့ သော့ချက်တွေဖြစ်နိုင်တယ်”

“ဟုတ်ပါတယ်… ငါလည်း အရမ်းစပ်စုချင်မိပါတယ်… မင်းရဲ့ သဘောထားကိုလည်း လေးစားပါတယ်… ဒါပေမဲ့ ဒါတွေကို ပြောပြဖို့ ငါ့မှာအခွင့်အာဏာမရှိဘူး၊၊ မင်းက မကြာခင်မှာ သူတို့ဒီလိုစီစဉ်ရတဲ့ ရည်ရွယ်ချက်ကို နားလည်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်”

လင်းရှန် သက်ပြင်းမောကြီးကို ချလိုက်ပြီး ခေါင်းငုံ့ကာ ခေတ္တအတွေးနက်နေမိသည်။

“ဒါဆို ကျုပ်သူငယ်ချင်းနဲ့ တွေ့လို့ရမလား”

“ရပါတယ်… ဒါပေမဲ့ မတွေ့ဖို့ အကြံပြုချင်တယ်”

“ဘာလို့လဲ”

“တကယ်လို့ သူတို့ မင်းကိုတွေ့ရင် မင်းလိုပဲ စောင့်ကြည့်ခံရပြီး သီးခြားခွဲထုတ်ခံရလိမ့်မယ်”

ဝမ်ကျိုးက တည်ငြိမ်စွာ ပြန်ဖြေခဲ့၏။

လင်းရှန်၏ မျက်လုံးအစုံကျဉ်းမြောင်းသွားပြီး ပါးစပ်ဟလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို နားလည်သွားသည်။ သူသည် ကန်စောင်းတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး နေဝင်ချိန်အောက်ရှိ ကန်ရေပြင်ကို ငေးကြည့်နေမိသည်။

အတော်ကြာတိတ်ဆိတ်နေပြီးနောက် သူ နောက်ဆုံးတွင် စကားစလိုက်သည်။

“ကျုပ် ပရော်ဖက်ဆာယဲ့ကို တွေ့ချင်တယ်”

ဝမ်ကျိုး မျက်တောင်ခတ်လိုက်ပြီး ဟိုလိုဂရမ်မျက်နှာပြင်ကို ချက်ချင်းပိတ်ပစ်လိုက်သည်။

လင်းရှန် ယဲ့လန်ကို ထပ်မံတွေ့ရချိန်တွင် သူမ၏ ဆံပင်များ လုံးဝဖြူဖွေးနေပြီး အာရုဏ်ဦးမြို့တော်တွင် ရှိစဉ်ကထက် အများကြီးအိုစာသွားသည်ကို သတိပြုမိလိုက်သည်။ ရထားပေါ်ရှိ အသိစိတ်ချိတ်ဆက်မှုမှတစ်ဆင့် မြင်တွေ့ခဲ့ရသော ယဲ့လန်၏ ပုံရိပ်မှာ သဲသဲကွဲကွဲမရှိခဲ့သောကြောင့် ထိုအချိန်က လင်းရှန်လည်း သတိမထားမိခဲ့ချေ။ ယခုအခါ ကန်စောင်းတွင် ရပ်နေသော သူမကို မြင်တွေ့ရချိန်၌ လေပြေကြောင့် လှုပ်ခတ်နေသော ငွေရောင်ဆံနွယ်များမှာ လူသားတို့၏ ဝမ်းနည်းဖွယ်သမိုင်းသီချင်းတစ်ပုဒ်ကို ရေးသားထားသကဲ့သို့ပင်၊၊

ပြောင်းလဲခြင်းမရှိဘဲ ကျန်ရစ်နေသည်မှာ ထိုနက်ရှိုင်းတည်ငြိမ်သော မျက်ဝန်းများနှင့် အနက်ရောင် သိုးမွေးကုတ်အင်္ကျီပေါ်ရှိ ဖီးနစ်တံဆိပ်သာဖြစ်သည်။

“ပရော်ဖက်ဆာယဲ့ ခဗျား—”

လင်းရှန် တစ်စုံတစ်ခုကို မေးမြန်းချင်သော်လည်း စကားလုံးများ ပျောက်ရှနေသည်ကို သိလိုက်ရသည်။ သူ ယဲ့လန်ကို တွေ့ချင်ရခြင်းမှာ သူ့တွင် မျှဝေလိုသော မေးခွန်းပေါင်းများစွာရှိနေသောကြောင့်ဖြစ်၏၊၊ သို့သော်လည်းပရော်ဖက်ဆာယဲ့က သူ့ရှေ့တွင် ရပ်နေသည်ကို မြင်ရသောအခါ အကြောင်းပြချက်မရှိဘဲ သူ့ဆုံးဖြတ်ချက်ကို နောင်တရမိသွားခဲ့သည်၊၊

“ဒီနေရာကို စတင်တည်ဆောက်ရတဲ့ ရည်ရွယ်ချက်က ကမ္ဘာ့ဂေဟစနစ်ကို နည်းပညာနဲ့ ပြန်လည်ပုံဖော်နိုင်မလားဆိုတာ သက်သေပြဖို့ပဲ”

နေဝင်ချိန်ကို မျက်နှာမူလျက် ရေကန်နှင့် နှင်းဖုံးတောင်တန်းများကို ကြည့်ကာ ယဲ့လန်က တည်ငြိမ်သောလေသံဖြင့် ဆက်ပြောသည်။

“ဒါပေမဲ့ ငါတို့ ဆက်တိုက်ကြိုးစားပြီးတဲ့နောက်မှာ ဂေဟစနစ်ကို ငါတို့ ကယ်တင်လို့မရဘူးဆိုတာ ရှာဖွေတွေ့ရှိခဲ့တယ်၊၊ ဆန့်ကျင်ဘက်အနေနဲ့ ဂေဟစနစ်ကသာ ငါတို့ကို ဆက်တိုက်ကယ်တင်နေတာပဲ”

“တောင်တွေ၊ ရေတွေ၊ နေရောင်ခြည်၊ လေထု—တစ်ခုချင်းစီက အရမ်းတန်ဖိုးရှိတယ်။ ရေတွက်လို့မရတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေနဲ့ တိုက်ဆိုင်မှုတွေက ကမ္ဘာမြေရဲ့ ဂေဟစနစ်ယဉ်ကျေးမှုကို ဖန်တီးပေးခဲ့တာ အင်ဂျင်နီယာရှုထောင့်ကကြည့်ရင် ဒါဟာ လုံလောက်အောင်ကို စိတ်ကူးယဉ်ဆန်လှပါတယ်”

“ပရော်ဖက်ဆာယဲ့… တကယ်ပဲ ဘာတွေဖြစ်ပျက်ခဲ့တာလဲ”

လင်းရှန် မမေးဘဲမနေနိုင်တော့ပေ။

သူမသည် စူးရှလှသော ရွှေဝါရောင်နေရောင်ခြည်ဆီသို့ လက်မြှောက်လိုက်ပြီး သက်ပြင်းချကာ စတင်ပြောပြလိုက်သည်။

“လွန်ခဲ့တဲ့ ၇၆ နှစ်က ငါ့ အဖေ ယဲ့ပေ့ကျီဟာ တရုတ်နိုင်ငံ၊ ဖျင်ရှန်းအမှောင်ဒြပ်ဝတ္ထုသုတေသနဌာနက PandaX-4T အရည်ဇီနွန်စမ်းသပ်မှုပူးပေါင်းဆောင်ရွက်ရေးရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တယ်၊၊ အဲဒီအချိန်တုန်းက ဒီစမ်းသပ်မှုအဖွဲ့ဟာ အလွန်နိမ့်ကျတဲ့ တွန်းကန်စွမ်းအင်နယ်ပယ်ထဲမှာ ထူးခြားတဲ့ အမှောင်ဒြပ်ဝတ္ထုတစ်ခုကို ရှာဖွေတွေ့ရှိဖို့ PandaX-4T ကို ပထမဆုံးအကြိမ် အသုံးပြုခဲ့ကြတယ်၊၊ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ဆွဲငင်အားလှိုင်းကုဒ်ဖြေမှုကတစ်ဆင့် အဲဒါဟာ အမှောင်ဒြပ်ဝတ္ထုတွေနဲ့ ဖွဲ့စည်းထားတဲ့ စကြဝဠာအမျှင်ကွန်ရက်အတွင်းက သတင်းအချက်အလက်တွေ ကုဒ်လုပ်ထားတဲ့ စာအိတ်တစ်ခုဖြစ်နေတာကို လူတွေ ရှာဖွေတွေ့ရှိခဲ့ကြတယ်”

All Chapters