← Chapters

အခန်း (၁၂၂၂)

Vol. 80 (End) Ch. 1222

အခန်း (၁၂၂၂)

Vol. 80 (End) Ch. 1222

Chapter 1222

Ark (2)

ချူယန်၏ အကြည့်က အေးခဲသွားသည်။ လင်းရှန်၏ ပုံစံကို မြင်လိုက်ရသောအခါ သူမ ခေတ္တအသက်ရှူရပ်လုနီးပါးဖြစ်သွားခဲ့ရသည်။ လမ်းတစ်လျှောက်လုံးတွင် ဘေးကင်းသော ခိုလှုံနေရာရထားတစ်စင်းတည်ဆောက်ရန်နှင့် ရထားပိုင်းလော့တစ်ဦးလုပ်ရန်သာ အေးအေးလူလူတွေးတောခဲ့သော ဤသူသည် နောက်ဆုံးတွင် ထိုခုန်လှုပ်နေသော နှလုံးသားကြောင့် လူသားမျိုးနွယ်ကို ကယ်တင်ရမည့် ကြိုးကွင်းစွပ်ခြင်းကို ခံလိုက်ရသည်။ တစ်ကမ္ဘာလုံး၏ ဒုက္ခများနှင့် ဖိအားများသည် နှစ်လအတွင်းမှာပင် သူ့ကို လုံးဝချေမှုန်းပစ်ခဲ့သည်။ သူ၏ အဆုံးမရှိလည်ပတ်နေသော ယန္တရားနှလုံးသားသည် ထိုရက်ပေါင်းများစွာ… ညပေါင်းများစွာ… မည်မျှအထိ ဖြတ်သန်းခဲ့ရသည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှသည်။

သူမ ဘာမှမပြောဘဲ ရေချိုးခန်းထဲတွင် ဇလုံတစ်ခုကိုရှာကာ သေချာဆေးကြောလိုက်ပြီး မျက်နှာသုတ်ပုဝါဟု ပြော၍ရမည့်အရာတစ်ခုကို ရှာဖွေခဲ့သည်။ ထို့နောက် ဇလုံထဲသို့ ရေနွေးဖြည့်ကာ လင်းရှန်ထံသို့ လာပြီး သူ၏မျက်နှာပေါ်က အညစ်အကြေးများကို တိတ်ဆိတ်စွာ သုတ်ပေးခဲ့သည်။

လင်းရှန်က တိတ်ဆိတ်စွာ ပြုံးလိုက်ပြီး အက်ကွဲသောအသံဖြင့် ပြောလိုက်သည်၊၊

“ငါ စီမံကိန်းကို စတင်ပြီးမှပဲ မင်းကိုလာခွင့်ပြုမယ်လို့ ငါ ထင်ထားတာ”

“အပြင်လောကကတော့ လုံးဝ ပရမ်းပတာဖြစ်နေပြီ၊၊ ပြီးတော့ ကောင်စီက ငါတို့ရဲ့ စိတ်ပိုင်းဆိုင်ရာဆက်နွှယ်မှုကို လျှို့ဝှက်ထားဖို့က အဓိပ္ပာယ်မရှိတော့ဘူးလို့ ခံစားနေရတယ်”

ချူယန်က ဆက်သုတ်ပေးရင်း တည်ငြိမ်စွာ ပြောသည်၊၊

“ဘာပဲဖြစ်ဖြစ် သူတို့က ဒီအရာအားလုံးကို နင့်အပေါ်ပုံချထားပြီးပြီပဲ။ ကမ္ဘာပျက်တဲ့အထိဆက်သွားရင်တောင် သူတို့ နင့်ကိုလောတော့မှာ မဟုတ်ဘူး”

လုံးဝစိတ်ဓာတ်ကျဆင်းနေသော ဤသူကို ရင်ဆိုင်ရင်း ချူယန်သည် မည်သည့် နှစ်သိမ့်စကားမျှ မပြောခဲ့ချေ။ လင်းရှန်၏ ယန္တရားနှလုံးသားနှင့် သူမ၏ စိတ်ပိုင်းဆိုင်ရာဦးနှောက်တို့သည် ပိုမြင့်မားသော ဒိုင်မေးရှင်းမှ လူသားများ၏ ရွေးချယ်မှုဖြစ်သလို လက်ရှိလူသားယဉ်ကျေးမှု၏ ရွေးချယ်မှုလည်းဖြစ်သည်။ ဖြစ်နိုင်သည်မှာ ဖီးနစ်က သူတို့ကို လူသားမျိုးနွယ်များအဖြစ် မယူဆဘဲ၊ ၎င်းတို့၏ ပျက်စီးခြင်းအတွက် အပြစ်ကို တွေးခေါ်နိုင်စွမ်းမရှိသော နှလုံးသားတစ်ခုအပေါ် ပုံချခြင်းဖြင့် ၎င်းတို့၏ ကိုယ်ကျင့်တရားဆိုင်ရာအပြစ်မှ လွတ်မြောက်နိုင်သည်ဟု ထင်နေခြင်း ဖြစ်နိုင်သည်။

“ဒါလည်းဖြစ်နိုင်တာပဲ။ လူသားတွေက ဒါကလွဲရင် ဘာလုပ်နိုင်ဦးမှာလဲ”

“ဝမ်ယွဲ့ ဂြိုဟ်ပတ်ကွင်းက သတ်မှတ်ထားတဲ့နေရာကိုရောက်နေတာ ဆယ်ရက်ကျော်ပြီ။ အကယ်၍ နင်ဒီဆုံးဖြတ်ချက်ကို မချနိုင်ဘူးဆိုရင် ငါ နင့်ကိုကူညီချင်တယ်”

ချူယန်က သူ၏မျက်နှာကို သုတ်ပေးပြီးနောက် ကြမ်းပြင်ပေါ်မှ ဆွဲထူပေးခဲ့သည်။

လင်းရှန်က ခေါင်းခါလိုက်သည်၊၊

“ငါ နောက်ထပ်ကြိုးစားကြည့်ချင်သေးတယ်”

“ဘာကိုကြိုးစားမှာလဲ”

လင်းရှန်က ချူယန်ကို ကြည့်လိုက်သည်၊၊

“ငါ အပြင်ထွက်ပြီး တစ်ချက်လောက်ကြည့်ချင်တယ်”

“ဘာများထူးခြားမှာမို့လို့လဲ။ စိတ်ပျက်အားငယ်မှုတွေ၊ ငိုကြွေးသံတွေ၊ ဖိနှိပ်မှုတွေနဲ့ နင့်ကို ဆဲဆိုနေကြတဲ့ အသံတွေပဲရှိတာလေ” ချူယန်က ဆက်ပြောသည်၊၊

“အမှန်တော့ နင် ဘာမှလုပ်ဖို့မလိုပါဘူး။ ဖျက်ဆီးမယ့်ခလုတ်ကို နှိပ်လိုက်ရင်တောင် ဘာမှမပြောင်းလဲသွားဖို့များပါတယ်”

“ကွာခြားချက်ကတော့ ငါတို့ နေရောင်ခြည်ကို ကြည့်ပြီး အသေခံမလား၊ ဒါမှမဟုတ် ဖုန်မှုန့်တိမ်တိုက်ကိုကြည့်ပြီး အသေခံမလားဆိုတာပဲ”

ထိုသို့ပြောခဲ့သော်လည်း ချူယန်သည် ကောင်စီ၏အမိန့်ကို အကောင်အထည်ဖော်ရန် လင်းရှန်နှင့်အတူ ဖန်လုံအိမ်မှ ထွက်ခွာခဲ့သည်။ သူမက လင်းရှန်ကို နှာခေါင်းစည်းတစ်ခုတပ်ပေးခဲ့ပြီးနောက် ၎င်းတို့နှစ်ဦးသည် အပြင်ဘက်လမ်းမပေါ်တွင် လမ်းလျှောက်ခဲ့ကြသည်။

ခွန်းလွန်မြို့သည် ဝင်ရိုးစွန်းညအတွင်း အမှောင်ထုကို မခံစားရဘဲ နေရောင်ခြည်အမြဲရရှိနေခဲ့သည်။ သို့သော် ကြာရှည်စွာ ရရှိနေသော နေရောင်ခြည်သည် လူများကို မောပန်းစေပြီး နေ့နှင့်ညစနစ်ကို ပျောက်ကွယ်သွားစေကာ အိပ်ငိုက်စေသည်။ သာယာသောနေ့ဖြစ်နေလျှင်တောင် အပူချိန်မှာ အနှုတ် ၅၀ သို့မဟုတ် ၆၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ကျဆင်းနိုင်သည်။

လမ်းမများပေါ်တွင် လူများဖြင့် စည်ကားနေသော်လည်း မည်သူမျှ စကားမပြောကြချေ။ ထိုတိတ်ဆိတ်မှုမှာ အလောတကြီးသွားလာနေသော ပုရွက်ဆိတ်များနှင့် တူလှသည်။ လေအေးများက လမ်းများနှင့် လမ်းကြားများကို ဖြတ်သန်းတိုက်ခတ်နေပြီး သန်းပေါင်းများစွာသော လူဦးရေရှိသည့် မြို့တော်တွင် စိတ်ခံစားမှုများကို လှုံ့ဆော်ပေးသော စုဝေးရာနေရာများမှလွဲ၍ မည်သည့်သက်ဝင်လှုပ်ရှားသည့် မြင်ကွင်းမျှ မတွေ့ရချေ။ လူများသည် အော်ဟစ်ဆဲဆိုနေကြပြီး စတားဖလိ့စစ်တပ်၏ သေနတ်သံများသည် တစ်ခါတစ်ရံ ကောင်းကင်ယံသို့ ပဲ့တင်ထပ်သွားတတ်သည်။

လင်းရှန် ဖြည်းညှင်းစွာ လျှောက်လှမ်းရင်း လမ်းပေါ်ရှိ လူမျိုးစုံကို ကြည့်လိုက်သည်။ အေးခဲနေသောအအေးဓာတ်နှင့် ထူးဆန်းသောအခြေအနေများမှလွဲ၍ ဤလမ်းပေါ်က မြင်ကွင်းသည် ကမ္ဘာပျက်ကပ်နေ့မတိုင်မီက မြို့တော်ကို သတိရစေသည်။

“သူက ဓားကိုင်ဆောင်သူပဲ”

တစ်စုံတစ်ယောက်က အံ့အားသင့်စွာ ရေရွတ်လိုက်သဖြင့် လင်းရှန် ခြေလှမ်းများကို ရပ်လိုက်သည်။ အဝေးရှိလမ်းကြားထဲမှ ကလေးအချို့ ပြေးထွက်လာသည်ကို သူ မြင်လိုက်ရသည်။ ၎င်းတို့အနက်မှ ကလေးတစ်ဦးက လင်းရှန်၏ ဓာတ်ပုံပါပြီး ဆဲဆိုမှုများပြည့်နှက်နေသည့် လက်ကမ်းစာစောင်တစ်ခုကို ကောက်ယူလိုက်သည်။ သူက ဆဲဆိုထားသော စာသားပါသည့်ထောင့်စွန်းကို ဂရုတစိုက်ဆုတ်ဖြဲပစ်လိုက်ပြီးနောက် ၎င်းကို ရတနာတစ်ခုကဲ့သို့ လက်ထဲတွင် ဆုပ်ကိုင်ထားခဲ့သည်။

“ငါ့အဖေက သူ့ကို သူရဲကောင်းတစ်ယောက်လို့ပြောတယ်”

“သူရဲကောင်း... ဟုတ်လား”

အခြားကောင်လေးတစ်ယောက်က ပြောသည်၊၊

“သူတို့က ငါတို့ကို မျှော်လင့်ချက်ပေးခဲ့ပေမဲ့ အခုတော့ ငါတို့က ကွေးကွေးလေးထိုင်ပြီး ဘာမှမလုပ်နိုင်ကြဘူး။ လူတိုင်းက ဒီအတိုင်းထိုင်ပြီး အသေခံဖို့ စောင့်နေကြရတယ်”

“အဲလိုမျိုး မဟုတ်ပါဘူး”

“ဒါဆို ဘယ်လိုမျိုးလဲ”

“ဒါက လုံးဝ အဲလိုမျိုးမဟုတ်—”

ကောင်းကင်မှ နှင်းပွင့်များက တစ်ခါတစ်ရံ လွင့်ပျံကျလာသည်။ လင်းရှန်သည် လမ်းတစ်ခုမှ ကြီးမားသော စုဝေးရင်ပြင်တစ်ခုသို့ လျှောက်လှမ်းခဲ့သည်။ ထောင်ပေါင်းများစွာသော လူအုပ်ကြီးကို ဖြတ်ကျော်၍ မြင့်မားသော စင်မြင့်ပေါ်တွင် တစ်စုံတစ်ယောက်က ဟောပြောနေသည်ကို သူ မြင်လိုက်ရသည်။

“ကမ္ဘာကြီးရဲ့ ကံကြမ္မာကို လူတစ်ယောက်တည်းက မဆုံးဖြတ်သင့်ပါဘူး။ ဖီးနစ်က ဓားကိုင်ဆောင်သူကို ရှေ့တင်လိုက်ရုံနဲ့ ငါတို့အပြစ်အားလုံးကို သူ့အပေါ်ပုံမချသင့်ဘူး”

ထိုအမျိုးသမီးက မျက်လုံးများ နီမြန်းလျက် အော်ဟစ်နေခဲ့သည်၊၊

“ငါတို့ သန်းပေါင်းများစွာသော လူတွေက လူသားမျိုးနွယ်ကို စွန့်ပစ်တဲ့အပြစ်ကို ငါတို့ကို အကြိမ်ကြိမ်ကယ်တင်ခဲ့ဖူးတဲ့ ရဲဘော်ရဲဘက်မိတ်ဆွေတစ်ယောက်အပေါ် ပုံချပြီး ဒီပြဿနာကို ဖြေရှင်းကြမှာလား။ ဒါက ယုံကြည်မှုထက် တာဝန်ယူမှုကို လွှဲပြောင်းလိုက်တာဖြစ်တယ်။ ငါတို့ဘာလို့ အတူတူတာဝန်မယူနိုင်ရမှာလဲ။ အရှေ့ဘက်နံရံက တိုက်ပွဲက ပိုပြီး ပြင်းထန်လာပြီ။ ငါတို့ရဲ့ အင်အားတွေကို တကယ်အရေးကြီးတဲ့နေရာတွေမှာပဲ စုစည်းသင့်တယ်မဟုတ်ဘူးလား”

ထိုသို့ အော်ဟစ်နေသူမှာ ချန်ဆီရွှမ်ဖြစ်သည်။ လင်းရှန်လည်း ဆရာမချန်ကို အဝေးမှ ကြည့်ရင်း သူ၏နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူက နှုတ်ဆက်ရန် မသွားခဲ့ဘဲ လမ်းပေါ်တွင် ဆက်လျှောက်ခဲ့သည်။

ကောင်းကင်ယံထက်တွင်မူ အစွမ်းထက်သော စွမ်းအားရှင်ထောင်ပေါင်းများစွာသည် ကောင်းကင်အကာကွယ်ကို အပြင်းထန်ဆက်လက်တိုက်ခိုက်နေကြဆဲဖြစ်သည်။

အုန်း။

ကြီးမားသော တုန်ခါမှုလှိုင်းသည် လေထုထဲတွင် ပျံ့နှံ့သွားပြီး ပျံသန်းနေသော မိန်းကလေးသည် မြေပြင်ပေါ်သို့ ကျလာကာ ပြင်းထန်စွာ အသက်ရှူနေခဲ့သည်။ သူမ၏ စွမ်းအားများကို အလွန်အကျွံအသုံးပြုခဲ့မှုကြောင့် နှာခေါင်းမှ သွေးစအချို့ ဖြည်းညှင်းစွာ စီးကျလာသည်။ သူမက သွေးများကို ဘာမှမဖြစ်သလိုသုတ်ပစ်လိုက်ပြီး ကောင်းကင်သို့ ပြန်ကြည့်လိုက်သည်။

ထိုအချိန်တွင် လူအချို့ပျံသန်းလာပြီး စိုးရိမ်တကြီးမေးလိုက်ကြသည်။

“ကီကီ… မင်း အဆင်ပြေရဲ့လား”

“ပြဿနာမရှိဘူး၊၊ အရင်ကထက် ထိရောက်ပုံရတယ်”

“တကယ်လား။ ဒါဆို အဆင်ပြေတာပေါ့။ မင်း ခဏလောက် နားပြီးရင် နောက်ထပ် ပဲ့တင်ထပ်မှုတစ်ခုကို ထပ်ပြီး စီစဉ်ကြမလား၊ ဒီတစ်ကြိမ်တော့ ပိုပြီး သိပ်သည်းဆမြှင့်လိုက်မယ်”

“နားဖို့ မလိုပါဘူး၊ ငါ အဆင်ပြေတယ်၊ သွားကြစို့”

“ကောင်းပြီ”

ထိုအချိန်တွင် သူမ၏ မသိစိတ်ထဲ၌ အကြည့်တစ်ခုကို ခံစားလိုက်ရသဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ရာ ခေါင်းငုံ့ပြီး ခပ်သုတ်သုတ်သွားလာနေသော လမ်းသွားလမ်းလာအနည်းငယ်ကိုသာ မြင်လိုက်ရသည်။

သူမ ခေတ္တရပ်တန့်သွားပြီး ခွန်းလွန်ဗဟိုချက်တည်ရှိရာဘက်သို့ ပြန်ကြည့်လိုက်ပြ သူမ၏ အသက်ရှူသံများ အနည်းငယ်မတည်ငြိမ်ဖြစ်သွားခဲ့သည်။ ထို့နောက် သူမ အံကြိတ်ကာ ကောင်းကင်ပေါ်သို့ ထပ်မံ ပျံသန်းသွားခဲ့သည်။

“နင် သွားပြီး နှုတ်မဆက်တော့ဘူးလား”

ချူယန်က နောက်မှလိုက်လာရင်းမေးသည်။

လင်းရှန်က ခေါင်းခါလိုက်သည်၊၊

“ဟင့်အင်း”

သူ့တွင် ပြောစရာစကားလုံးပေါင်းထောင်ချီရှိသော်လည်း လင်းရှန် တိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်နှင့် သူ၏ အရင်းနှီးဆုံးလူများသည်လည်း သူ့ကဲ့သို့ပင် မကြာမီ သီးသန့်ခွဲထုတ်ခြင်းခံရလိမ့်မည်ကို သူ သိသောကြောင့်ဖြစ်သည်။

လူအုပ်ကြီးထဲတွင် တစ်နာရီခန့်လျှောက်ပြီးနောက် ပြန်လှည့်လိုက်သည်၊၊

ချူယန်က ရှေ့မှ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ကာ မေးလိုက်သည်၊၊

“ဒါက နင်ကြိုးစားချင်တဲ့ အရာလား”

“ဟုတ်တယ်”

“နင် အတော်စိတ်ပျက်သွားပြီလား”

လင်းရှန်က ခေါင်းခါလိုက်သည်၊၊

“မဟုတ်ပါဘူး၊၊ လူတိုင်းက တကယ်ကိုတော်ကြပါတယ်”

“ဒါဆို နင်က ဘာကိုမျှော်လင့်နေတာလဲ”

ချူယန်က မေးသည်။

လင်းရှန် ခြေလှမ်းများကို ရပ်လိုက်ပြီး ကြမ်းပြင်ကို အချိန်အကြာကြီး တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။ သူ လက်ကို ဆန့်ထုတ်ကာ သူ့၏ နှလုံးသားကို ထိလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

“သူတို့က လူသားမျိုးနွယ်ကို တကယ်ပဲ စွန့်ပစ်လိုက်ပြီလားဆိုတာ ငါသိချင်တာပါ”

ထိုနောက် သူလှည့်ကြည့်လိုက်ရာ ချူယန်က စိတ်ပျက်အားငယ်နေသော မျက်နှာအမူယာရှိနေသည်ကို တွေ့လိုက်ရသည်။

“အခုကြည့်ရတာတော့ ငါတို့ကို တကယ်ပဲ စွန့်ပစ်လိုက်ကြပြီ ထင်တယ်”

ထိုအချိန်တွင် ကမ္ဘာ၏ ဘူမိတည်ငြိမ်ပတ်လမ်းတွင် တည်ရှိသော တောင်ကောင်းကင်ဂိတ်၏ အချင်း ၁၂ ကီလိုမီတာရှိသော ကွင်းပုံသဏ္ဌာန် စွမ်းအင်သိုလှောင်မှုအခင်းအကျင်းသည် ရုတ်တရက် စူးရှပြီးထူးဆန်းသော အပြာရောင် ပလာစမာအမှုန်အလင်းတန်းများဖြင့် လင်းထိန်သွားခဲ့သည်။ နက်ရှိုင်းသော အာကာသရေဒါသည် ၎င်း၏ ကိုဩဒိနိတ်များကို ထပ်တူပြုလိုက်ပြီး ကမ္ဘာ-လ L1 တည်နေရာသို့ ချိန်ရွယ်လိုက်သည်။

လူသားမျိုးနွယ်၏ နောက်ဆုံး Arkသင်္ဘောကြီးဆီသို့။

All Chapters