← Chapters

အခန်း (၁၂၂၃)

Vol. 80 (End) Ch. 1223

အခန်း (၁၂၂၃)

Vol. 80 (End) Ch. 1223

Chapter 1223

မီးခတ်ကျောက် (၁)

“စတင်လိုက်ပြီလား”

“စပြီ”

တောင်ဘက်ကောင်းကင်ဂိတ်မှ ထုတ်လွှတ်လိုက်သော စူပါရောင်ခြည်သည် အာကာသနက်ထဲတွင် ဖြောင့်တန်းသော အဖြူရောင်မျဉ်းတစ်ကြောင်းရေးဆွဲကာ ကမ္ဘာနှင့် လတို့၏ L1 အမှတ်၌ရှိသော ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်းဆီသို့ တည့်တည့်ဦးတည်သွား၏။

ဤအလွန်ကြီးမားလှသော အာကာသဂေဟစနစ်မြို့တော်ကြီးသည် လုံးဝတိတ်ဆိတ်နေရာမှ ပျက်စီးခြင်း၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်။ ကွင်းပုံသဏ္ဌာန်မြို့တော်ကြီးသည် စတင်ပေါက်ကွဲကာ အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားပြီး အဓိကဆောက်လုပ်ရေးအစိတ်အပိုင်းအချို့သည် လှည့်ပတ်အား၏ ရိုက်ခတ်မှုကြောင့် သီးခြားစီလွင့်ထွက်သွားကြ၏။ စွမ်းအင်ဗဟိုချက်၏ အရှိန်ပြင်းပေါက်ကွဲမှုနှင့်အတူ ပျက်စီးမှုတစ်ခုသည် တဖြည်းဖြည်းဖြစ်ပေါ်လာခဲ့သည်။

တောက်ပသော သံရည်ပူကဲ့သို့ လျှပ်စစ်သတ္တုအပူစီးကြောင်းကြောင့် လူဦးရေသန်းပေါင်းများစွာကို ထောက်ပံ့ပေးနိုင်သည့် ဤကြီးမားသော ယန္တရားဗဟိုအဆောက်အအုံကြီးသည် နာရီအနည်းငယ်အတွင်း အမှုန်များနှင့် သတ္တုအပိုင်းအစများအဖြစ်သို့ ပြိုလဲပျက်စီးသွားခဲ့ရ၏။

ကမ္ဘာပေါ်ရှိ ခွန်းလွန်မြို့အတွင်း အာကာသမှ သတင်းစကားကို ရရှိလိုက်ကြသော ပြည်သူများ တိတ်ဆိတ်သွားကြသည်။ မြို့တော်၏ လမ်းမများပေါ်တွင် လူသူရှင်းလင်းနေ၏။ အကြောင်းမှာ ခံစစ်တံတိုင်း၏ ရှေ့တန်းစစ်မျက်နှာသည် မီးတောက်များအတွင်းနှစ်မြုပ်နေခဲ့ပြီဖြစ်သောကြောင့်ဖြစ်သည်။ ဘလက်ခ်အမ်ဘဲလားစီမံကိန်း၏ ဖုန်မှုန့်တိမ်တိုက်များပျံနှံ့လာသည်နှင့်အမျှ ကမ္ဘာကြီးသည် နောက် ၁၂ နာရီအတွင်း အာကာသအပျက်အစီးအမြောက်အမြား၏ ကျဆင်းထိခိုက်ခြင်းကို ခံရတော့မည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် လာမည့်ကာလအတွင်း အာရုဏ်ဦး၏ တောက်ပသောနေရောင်ခြည်သည်လည်း အတိုင်းအတာတစ်ခုအထိ ထိခိုက်မှုရှိလာပေလိမ့်မည်။

ဤအချိန်၌ အသက်ရှင်ကျန်ရစ်သူများ၏ စိတ်ထဲတွင် ဝေခွဲမရသောခံစားချက်များပြည့်နှက်နေ၏။

ပျက်စီးသွားခဲ့သည်မှာ ကမ္ဘာမြေမှ လွတ်မြောက်ရန် လူသားတို့၏ သင်္ဘောကြီးဖြစ်သည်။ ဝမ်ယွဲ့ဂြိုဟ်ပတ်ကွင်း ပျောက်ကွယ်သွားသည်နှင့် သူတို့အတွက် ထွက်ခွာခွင့်ရရှိရန် အခွင့်အရေးထပ်မံရှိတော့မည် မဟုတ်ပေ။

သို့သော် ဒီအတိုင်းထိုင်ကြည့်ရင်း ပျက်စီးခြင်းကို စောင့်မနေချင်ကြသူများသည် ထိုစက်ဆုပ်ဖွယ် ဘလက်ခ်အမ်ဘဲလားစီမံကိန်းစတင်လိုက်ခြင်းကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြ၏။ ထိုမျှော်လင့်ချက်မဲ့သော အဆုံးသတ်နှင့် နှိုင်းယှဉ်ပါက ဘယ်လိုပြောင်းလဲမှုကိုမဆို လက်ခံနိုင်ဖွယ်ရှိနေပုံရသည်။

ဝုန်း၊၊

ခွန်းလွန်ဗဟိုချက်ကြယ်သင်္ဘောမျှော်စင်ပေါ်တွင် ဗိုလ်ချုပ်ကြီး လီဟယ်ပင်းနှင့် တိုက်ကြီးအသီးသီးမှ ကော်မတီကိုယ်စားလှယ်များသည် စက်ဝိုင်းပုံပြတင်းပေါက်မှတစ်ဆင့် အဝေး၌ရှိသော ကမ္ဘာပျက်ကပ်တံတိုင်းကြီးဆီသို့ လှမ်းကြည့်နေကြ၏။

ဝင်ရိုးစွန်းဒေသရှိ ခွန်းလွန်မြို့သည် ကမ္ဘာမြေ၏ တောင်ဘက်စွန်းတွင် တည်ဆောက်ထားသော အဆုံးစွန်မြို့တော်ဖြစ်ပြီး အရှေ့၊ အနောက်နှင့် တောင်အရပ်မျက်နှာတို့သည် လုံးဝအဓိပ္ပာယ်မရှိတော့ပေ။

မွန်းစတားလှိုင်းလုံးကြီး- အင်းဆက်အုပ်စုများ၊ ထူးဆန်းသောသတ္တဝါများ၊ အလွန်ကြီးမားသောသတ္တဝါများ၊ ဖုတ်ကောင်များမှသည် C-Class မှ SClass အဆင့်အထိ ဖီးနစ်မှ မှတ်တမ်းတင်ထားသည်ဖြစ်စေ၊ မတင်ထားသည်ဖြစ်စေ… ကမ္ဘာပေါ်ရှိ ထူးဆန်းသည့်သတ္တဝါများအားလုံးတို့သည် မြောက်ဘက်မှ စုဝေးရောက်ရှိလာကြသည်။

၎င်းတို့သည် ကြီးမားသောလှိုင်းလုံးကြီးတစ်ခုအဖြစ် ရောက်ရှိလာခြင်းပင် ဖြစ်၏။

ကောင်စီအဖွဲ့ဝင်များသည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။

“မျှော်စင်ယဉ်ကျေးမှုက သူတို့ရဲ့ အပြီးသတ်စစ်ဆင်ရေးကို စတင်လိုက်ပြီ”

“သွေးနီရောင်မရောက်ခင်ပေါ့”

“ဒါဟာ ဘလက်ခ်အမ်ဘဲလားစီမံကိန်းက အလုပ်ဖြစ်တယ်ဆိုတာ ပြတာပဲ”

“လူသားတွေ အနိုင်ရနိုင်ပါ့မလား”

ဥရောပကိုယ်စားလှယ်က ရေခဲပြင်၏ မိုးကုတ်စက်ဝိုင်းကို အမှောင်ထုထဲသို့ နှစ်မြုပ်စေခဲ့သော အဆုံးမဲ့သက်ရှိလှိုင်းလုံးကြီးများကို ကြည့်ရင်း သက်ပြင်းချလိုက်၏။

လီဟယ်ပင်းက ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများထဲတွင် လေးနက်သော အရိပ်ယောင်တစ်ခုရှိနေသည်။

“အခုက အဆုံးအဖြတ်တိုက်ပွဲပဲ”

သူသည် လှည့်ကြည့်ကာ အမိန့်ပေးလိုက်၏။

“Ultimate ကောင်းကင်မျက်နှာပြင်ကို စတင်လိုက်”

ဝူး၊၊

စက္ကန့်ပိုင်းအတွင်း ခွန်းလွန်ဗဟိုမျှော်စင်မှ ကြီးမားသော အိုင်ယွန်ရိုက်ခတ်လှိုင်းတစ်ခုထွက်ပေါ်လာပြီး ခွန်းလွန်မြို့တစ်ခုလုံးကို လျင်မြန်စွာလွှမ်းမိုးသွားခဲ့သည်။ ရေခဲပြင်အောက်ရှိ မြောက်မြားစွာသော နျူကလီးယားစွမ်းအင်ရင်းမြစ်များ၏ စုစည်းမှုနှင့်အတူ မှောက်ထားသည့် ပန်းကန်လုံးသဏ္ဌာန်ရှိသော ကြီးမားသည့်လျှပ်စစ်စက်ကွင်းဒိုင်းကာကြီးက မြေပြင်ထက် မီတာထောင်ပေါင်းများစွာအကွာမှ လျင်မြန်စွာ ပြန့်နှံ့သွားပြီး ခွန်းလွန်မြို့တစ်ခုလုံးကို အတိကျလွှမ်းခြုံသွားတော့သည်။

ဤအချိန်၌ ခိုလှုံစခန်းအတွင်း၌တင်မကဘဲ အာကာသတစ်ခုလုံးရှိ အမှောင်စွမ်းအင်ဖြာထွက်မှုများ အားလုံးပျောက်ကွယ်သွားခဲ့၏။

ထို့နောက် လေထဲမှ တိုက်ခိုက်လာကြသော ထူထပ်လှသော မိုးပျံသတ္တဝါများသည် ပြင်းထန်သော စွမ်းအားစက်ကွင်းနှင့်ထိမိကာ ပြာအဖြစ်သို့ လျှပ်တပြက်ပြောင်းလဲသွားကြသည်။ ဤလျှပ်စစ်စက်ကွင်းသည် စွမ်းအင်ရိုက်ခတ်မှုနှင့် အမှောင်စွမ်းအင်ဖြာထွက်မှုကို ကာကွယ်ရန်အတွက်တင်မဟုတ်ဘဲ အခြားအရာများအတွက်ပါ ရည်ရွယ်ထားပုံရ၏။

ဤသည်မှာ ဖီးနစ်၏ အဆုံးစွန်သောဗျူဟာဖြစ်သည်။ ခွန်းလွန်မြို့၏ မူလဒီဇိုင်းတွင် ရေခဲပြင်အောက်မှ လျှပ်စစ်စွမ်းအင်ဘီလီယံပေါင်းများစွာကို အသုံးပြု၍ လေထုအတွင်းမှ တိုက်ခိုက်မှုများကို ခုခံရန် ဇီဝစွမ်းအားစက်ကွင်းပုံစံ တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်၊၊

ဝင်ရိုးစွန်းဒေသ၏ အေးစက်သောနေရောင်ခြည်သည် တိမ်တိုက်များကို ထိုးဖောက်ပြီး အဆုံးမရှိသော ရေခဲပြင်ပေါ်သို့ ကျရောက်နေသော်လည်း မည်သည့်နွေးထွေးမှုကိုမှ မပေးနိုင်ပေ။

လေထုသည် ရေခဲပွင့်များကို ဝေ့ဝဲစေကာ ကောင်းကင်နှင့် မြေပြင်အနှံ့ မီးခိုးရောင်ကန့်လန့်ကာများကို ဖြစ်ပေါ်စေသည်၊၊

ရေခဲနှင့် နှင်းများဖြင့် အေးခဲနေသော ဤကမ္ဘာ၏ အစွန်းတွင် ခွန်းလွန်မြို့သည် ယန္တရားခံတပ်တစ်ခုအဖြစ်တည်ရှိနေ၏။ မီတာတစ်ထောင်မြင့်မားသော လိပ်နက်တံတိုင်းကြီးသည် မိုးကုတ်စက်ဝိုင်းအထိ ကွေ့ဝိုက်သွားကာ ယဉ်ကျေးမှုကိုတိတ်ဆိတ်စွာ ခွဲခြားပေးထားသည်။

တံတိုင်းအပြင်တွင် ဆူပွက်နေသော သေခြင်းတရားပင်လယ်ကြီးရှိနေ၏။

ရေခဲပြင်က တုန်ခါသွားပြီး မိုးကုတ်စက်ဝိုင်းသည် မည်းမှောင်နေသောအရိပ်များဖြင့် လုံးဝဝါးမျိုခြင်းခံလိုက်ရသည်။

၎င်းသည် ကမ္ဘာ၏ သမုဒ္ဒရာလေးခုမှ စုဝေးလာသော ကမ္ဘာပျက်ကပ်ရေလှိုင်းကြီးဖြစ်ပြီး အမှောင်ယဉ်ကျေးမှု၏ ဖျက်ဆီးလိုသောဆန္ဒများက ဤနောက်ဆုံးကျွန်းငယ်လေးပေါ်သို့ စီးဆင်းလာခြင်းပင် ဖြစ်၏။

ရှေ့ဆုံးတွင် မီးခိုးရောင်ဖုတ်ကောင်အုပ်စုသည် ပုရွက်ဆိတ်အုပ်ကဲ့သို့ လှိုင်းထနေပြီး ၎င်းတို့၏ ခြေလက်များသည် ကွေးကောက်ကာ တိတ်ဆိတ်စွာ အော်ဟစ်နေကြသည်။

ယင်း၏ နောက်တွင် ကပ်လိုက်လာသည်မှာ သွေးနီရောင်အင်းဆက်အုပ်စုများဖြစ်ကြပြီး ခြေချောင်းများစွာပါသော ပုပ်ဟောင်နေသည့် ပိုးကောင်များသည် သွေးနီရောင်ကော်ဇောကြီးအဖြစ်ပြောင်းလဲကာ ရေခဲပြင်ပေါ်သို့ တရွရွပြေးလာကြ၏။

အလောင်းကောင်တောင်တန်းများနှင့် အင်းဆက်ပင်လယ်ကြီးကြားတွင် ပိုမိုကြီးမားသောအရိပ်ကြီးတစ်ခုသည် တောင်တစ်လုံးကဲ့သို့ ရွေ့လျားနေ၏။

ကြီးမားသော အင်းဆက်ကြီးသည် ရေခဲပြင်အက်ကြောင်းများကြားမှ စိမ့်ဝင်လာပြီး အထူးအဆင့်အမဲလိုက်သတ္တဝါသည် မွန်းစတားဒီရေ၏ ထိပ်ဆုံးတွင်ပေါ်ထွက်လာကာ ၎င်း၏ ပြောင်လက်နေသော ခန္ဓာကိုယ်သည် အစိမ်းနုရောင်ဇီဝစွမ်းအင်ဒိုင်းကာဖြင့် တောက်ပနေသည်။

ပိုမိုဝေးကွာသော နှင်းများနှင့် သွေးနီရောင်မြူများထဲတွင် တောင်တန်းကြီးတစ်ခုကဲ့သို့ ကြီးမားလှသော မွန်းကျပ်ဖွယ်အရိပ်ကြီးတစ်ခုပေါ်ထွက်လာခဲ့၏။ ၎င်းသည် ရွေ့လျားနေသည့် S-Class အဆင့် မွန်းစတားကြီးပင်ဖြစ်သည်။

ထူးဆန်းသည့် သတ္တဝါဘီလီယံပေါင်းများစွာ၏ အော်ဟစ်သံများ၊ အခွံများပွတ်တိုက်သံများနှင့် ခြေသံများသည် အမှောင်ထုထဲမှထွက်ပေါ်လာသော အသံကြီးအဖြစ်သို့ ပြောင်းလဲသွားကာ မီတာထောင်ပေါင်းများစွာ မြင့်သော တံတိုင်းကြီးကို တိုက်ခိုက်နေကြ၏။

တံတိုင်းအတွင်း၌ လူသားယဉ်ကျေးမှု၏ နောက်ဆုံးမျှော်လင့်ချက်ရောင်ခြည်လေးရှိနေသည်။

မြင့်မားသော လိပ်နက်တံတိုင်းကြီးသည် စစ်သင်္ဘော၏ ကုန်းပတ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။

Thor'hammer ၃၀၀၀ မီလီမီတာ လျှပ်စစ်သံလိုက်အမြောက်များသည် အပြာရောင်လျှပ်စီးကြောင်းဖြင့် တောက်ပနေပြီး ၎င်းတို့၏ ပြောင်းဝများက ရေခဲပြင်ဆီသို့ တည့်တည့်ဦးတည်ထား၏။ Great Wall-50 အမြောက်များသည် သံမဏိသစ်တောကြီးအဖြစ် ထူထပ်စွာရှိနေပြီး ပလာစမာဖြတ်တောက်အခင်းအကျင်း ၃၀၀,၀၀၀ သည် သေခြင်းတရားကွန်ရက်တစ်ခုအဖြစ် ရက်လုပ်ထားကြသည်။

မြို့တံတိုင်းမျက်နှာပြင်ပေါ်တွင် Arc+ လျှပ်စစ်ကြိမ်နှုန်းမြှင့်ခြောက်လွှာသည် တိတ်ဆိတ်စွာ စွမ်းအင်စုဆောင်းထားကြပြီး မကြာမီရောက်ရှိလာတော့မည်ဖြစ်သော မွန်းစတားဒီရေကို ပြာအဖြစ်သို့ ပြောင်းလဲရန် ပြင်ဆင်ထားကြ၏။

ကောင်းကင်ပေါ်တွင်လည်း သံမဏိရောင်များတလက်လက်တောက်ပနေသည်။

ထောင်ပေါင်းများစွာသော စစ်သင်္ဘောများသည် လေနှင့် နှင်းများကို ထိုးခွဲကာ ကောင်းကင်ကို ဖုံးလွှမ်းထားသော စစ်ဗျူဟာတစ်ခုအဖြစ် ဖန်တီးထားကြပြီး မုန်တိုင်းဒုံးပျံစနစ်နှင့် လေဆာကောင်းကင်အစုအ‌ဝေးတို့က ကောင်းကင်တစ်ခုလုံးကို ကာကွယ်ပေးထား၏။

တတိယမျိုးဆက် အင်ပါယာစက်ရုပ်ကြီး ၁၂ ခုသည် မြို့တံတိုင်းများ သို့မဟုတ် လေတပ်ဖွဲ့၏ ဗဟိုချက်များတွင် ရပ်တန့်နေကြသည်။

၎င်းတို့သည် မီတာရာပေါင်းများစွာ မြင့်မားကြပြီး သူတို့၏ သတ္တုဒိုင်းကာများသည် အေးစက်သော အလင်းရောင်ကို ရောင်ပြန်ဟပ်နေကြ၏။ ၎င်းတို့၏ ကျောပေါ်ရှိ နျူကလီးယားအင်ဂျင်များသည် ဖျက်အားပြင်းစွမ်းအင်များကို ထုတ်လွှတ်နေကြပြီး ကမ္ဘာမြေကိုခွဲထုတ်နိုင်သော ဓားကြီးများ သို့မဟုတ် တောင်များကို အရည်ပျော်စေနိုင်သော ပလာစမာဓားကြီးများကို ကိုင်ဆောင်ထားကြသည်။

သူတို့၏ ခြေထောက်အောက်တွင် မတူညီသော မီကာထောင်ပေါင်းများစွာ တည်ရှိနေကြ၏။ ကြယ်တာယာစီးနင်းသူမီကာကြီးမှ စ၍ တစ္ဆေဝံပုလွေ၊ သံမဏိမုဆိုးစွမ်းအားဝတ်စုံများနှင့် လူများအထိ…

မီကာပိုင်းလော့များသည် သူတို့၏ အာရုံကြောချိတ်ဆက်မှုများကို ပြီးမြောက်စေခဲ့ကြပြီး မီကာကြီးများကို စစ်ပွဲဇုန်ဆီသို့ မောင်းနှင်သွားကြသည်။

သန်းပေါင်းများစွာသော စတားဖလိ့စစ်သားများသည် စွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားကြပြီး တံတိုင်းများနှင့် ခံတပ်များတစ်လျှောက်တွင် ထူထပ်သောစစ်ကြောင်းများကို ဖန်တီးထားကြကာ အကြီးစားမီးတောက်စက်များနှင့် စွမ်းအင်လက်နက်များကို ပုခုံးပေါ်တွင် ထမ်းဆောင်ထားကြ၏။ သူတို့၏ အေးစက်သောမီးခိုးရောင်ဟဲလ်မက်များအောက်တွင် သေခြင်းတရားကို တိတ်ဆိတ်စွာ စိန်ခေါ်နေကြသည်၊၊

ခွန်းလွန်မြို့အတွင်း အသံကုန်အော်ဟစ်နေသော အချက်ပေးသံများသည် လမ်းမများပေါ်တွင် ထပ်မံထွက်ပေါ်လာခဲ့၏။ ကြီးမားသော သယ်ယူပို့ဆောင်ရေးသင်္ဘောများသည် အလိုအလျောက်အဆောက်အအုံများကြားမှ ဖြတ်သန်းသွားကြပြီး လက်နက်အပြည့်အစုံပါရှိသော စစ်သားများနှင့် စွမ်းအင်ခဲယမ်းသေတ္တာများကို ရှေ့တန်းစစ်မျက်နှာဆီသို့ ပို့ဆောင်ပေးနေကြသည်။

မော်တော်ယာဉ်များသည် နှင်းမှုန့်များကို လွင့်ပျံစေလျက် ကျယ်ပြန့်သောရေခဲလမ်းပေါ်တွင် ရှေ့သို့ ဦးတည်သွားနေကြ၏။

သောင်းနှင့်ချီသောစွမ်းအားရှင်များသည် သတ်မှတ်ထားသော ဧရိယာတွင် စုဝေးနေကြပြီး သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော စွမ်းအင်များသည် မြင်တွေ့နိုင်သော စွမ်းအင်လှိုင်းများကို ဖန်တီးပေးနေသည်။

ဘွန်း ဘွန်း အုန်း အုန်း၊၊

အမြောက်ကျည်ထောင်ပေါင်းများစွာသည် ကောင်းကင်ပေါ်တွင် ပေါက်ကွဲသွားခဲ့ကြ၏။

လေနှင့် နှင်းများသည် ပိုမိုပြင်းထန်လာပြီး ရေခဲပွင့်များသည် အေးစက်သော အမြောက်ပြောင်းများနှင့် မီကာများပေါ်သို့ ကျရောက်ကာ တိတ်ဆိတ်သောအသံများကို ထုတ်လုပ်နေကြသည်။

မီတာထောင်ပေါင်းများစွာ မြင့်သောတံတိုင်းကြီးအောက်တွင် အမှောင်ထုပင်လယ်ကြီးသည် အမြောက်များ၏ ပစ်ခတ်မှုအကွာအဝေးဆီသို့ နောက်ဆုံးတွင်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ မြောက်မြားစွာသော မျက်လုံးများသည် နှင်းမုန်တိုင်းအတွင်းတောက်ပလာပြီး တံတိုင်းပေါ်ရှိ သေးငယ်သော်လည်း ခိုင်မာသော လူသားတို့၏ ခံစစ်လိုင်းဆီသို့ စူးစိုက်ကြည့်လိုက်ကြ၏။

နောက်ဆုံးတိုက်ပွဲသည် ဤအေးခဲနေသော ငရဲခန်းအတွင်း၌ တရားဝင်စတင်လိုက်ပြီ ဖြစ်သည်။

ဖန်လုံအိမ်။

တိုက်ပွဲသည် သီတင်းပတ်တစ်ပတ်ခွဲမျှကြာမြင့်ခဲ့ပြီဖြစ်ပြီး လူများစွာသေဆုံးခဲ့ကြရသည်။ သို့သော် ဤနေရာသည် သေနတ်သံများနှင့် မီးခိုးများ… နာကျင်စွာ အော်ဟစ်သံများမရှိသည့် အခြားကမ္ဘာတစ်ခုကဲ့သို့ ရှိနေ၏။

နှင်းဖုံးနေသော တောင်တန်းများသည် မြင့်မားစွာတည်ရှိနေပြီး ရေကန်သည်ကြည်လင်နေကာ သစ်တောအတွင်း ငှက်များနှင့် သမင်များ၏ အသံများဖြင့် ပြည့်နှက်နေသည်။

ညင်သာသော လေညှင်းတစ်ခုသည် မက်မွန်ပန်းများ၏ သင်းပျံ့သောရနံ့ကို သယ်ဆောင်လာခဲ့၏။

နှင်းဖုံးနေသော ရေကန်ဘေးတွင် လင်းရှန်သည် သူ၏ ငါးမျှားချိတ်ကို ကိုင်ဆောင်ကာ တစ်နေ့လုံးထိုင်နေခဲ့ပြီး သူ၏ ဘေးပတ်ဝန်းကျင် မြက်ခင်းပေါ်တွင် အရက်ခွက်များ ပြန့်ကျဲနေသည်။

သူသည် ဘီယာ၊ အရက်ဖြူနှင့် ဝိုင်နီအပါအဝင် အရက်အမျိုးအစားအားလုံးကို သောက်သုံးခဲ့ဖူး၏။ သူသည် အရသာကို စူးစမ်းချင်၍ မဟုတ်ဘဲ မတူညီသော အရက်အမျိုးအစားများကို ရောစပ်သောက်သုံးခြင်းက သူ့ကို မူးယစ်စေမည်မဟုတ်ကြောင်း နားလည်ချင်ရုံမျှဖြင့် မတူညီသော ပြည်တွင်းပြည်ပအရက်များကို မြည်းစမ်းခဲ့ခြင်း ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်အစားများသည် ချဉ်စူးစူးအနံ့များထွက်နေကာ သူသည် လေကာစောင်တစ်ခုကို ခြုံထား၏။

လင်းရှန်သည် လေကာစောင်ကို အမှန်တကယ် နှစ်သက်သည်။ ၎င်းကို ချန်ဆီရွှမ်က ပေးပို့ခဲ့ခြင်းဖြစ်သော်လည်း ၎င်းသည် လင်းရှန်ဆီသို့ ရောက်ရှိမည်လား ဆိုသည်ကို သူမ မသိခဲ့ပေ။ ထို့နောက် သူမသည် သူမ၏ အနန္တအဖွဲ့သားများကို ဦးဆောင်ကာ စစ်ပွဲ၏ ရှေ့တန်းစစ်မျက်နှာဆီသို့ ဝင်ရောက်သွားခဲ့၏။

All Chapters