အခန်း (၁၂၂၅)
Vol. 80 (End) Ch. 1225
Chapter 1225
အိန်ဂျယ် နံပတ် ၃ (၁)
ကီလိုမီတာထောင်ပေါင်းများစွာ ဝေးကွာသောနေရာတွင် ကောင်းကင်အမိုးခုံးရထားကြီးသည် လေထုထဲတွင် ချိတ်ဆွဲထားသော ဓားတစ်လက်နှင့် တူနေပြီး မရေတွက်နိုင်သောဒရုန်းများသည် ဆွဲငင်အားကွင်းတစ်ခုကဲ့သို့ ၎င်း၏ ပတ်လည်တွင် ပျံသန်းနေကြသည်။
ကွပ်ကဲခန်းအတွင်း၌ ကျန်းရှု့ဝေ၏ အမိန့်ပေးသံမှာ အေးစက်နေသည်၊၊
“ကျန်းယွမ်…. ဘယ်ဘက်တစ်လျှောက်ကို ရှင်းထုတ်လိုက်”
“ကောင်းပြီ”
ကျန်းယွမ်က သူ၏ လက်များကို ဖြန့်ကားလိုက်ပြီး လေပွေလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ရာ စီးဆင်းနေသောလျှပ်စီးများကို မီးပွားများအဖြစ်ပြောင်းလဲပစ်လိုက်သည်။
မိုနီကာ၏ အသံလှိုင်းဓားသည် ငုံ့လျှိုးလာသော တောင်ပံပါသတ္တဝါတစ်ကောင်ကို ခုတ်ပိုင်းလိုက်ပြီး သူမ၏ သွေးစွန်းနေသော ရွှေရောင်ဆံပင်များသည် ချီလီဘက်သို့ လွင့်မျောနေလေသည်၊၊
“နင် ထပ်ပျင်းနေရင် နောက်တစ်ချက်က နင့်ကိုပစ်တော့မှာနော်”
“ငါ တကယ် မပျင်းပါဘူး၊၊ ငါက မြေပြင်ပေါ်မှာ ပျံသန်းနေတာထက် ပိုနှေးလို့ပါ”
ချီလီက ရွှေရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မုန်တိုင်းကို ဖြတ်သန်းရင်း ရှောင်မုန့်အား ငိုသံပါဖြင့် ပြောလိုက်သည်၊၊
“ရှောင်မုန့်… ဂရုစိုက်ပါ၊၊ မသေစေနဲ့နော်၊ ဒါက နောက်ဆုံးအတားအဆီးပဲ၊၊ ငါတို့ ဒါကို ဖြတ်ကျော်နိုင်ရင် ကြယ်တွေကြားထဲ ခရီးသွားကြမယ်”
ရှောင်မုန့်က မွန်းစတားတစ်ကောင်ကို အဝေးမှ လက်ကို ဝှေ့ယမ်းကာ ပေါက်ကွဲပစ်လိုက်သည်၊၊
“ရှင့်ကိုယ်ရှင်ပဲ အရင်ဂရုစိုက်စမ်းပါ”
အောက်ဘက်စစ်မြေပြင်ပေါ်ရှိ လိပ်နက်တံတိုင်းကြီး၏ ကာကွယ်ရေးပလက်ဖောင်းများတွင် အောက်ခြေပလက်ဖောင်းဒါဇင်ပေါင်းများစွာကို စတားဖလိ့က နေရာယူထားပြီး အပေါ်ပလက်ဖောင်းများကိုမူ အသက်ရှင်ကျန်ရစ်သူများ၏ တိုက်ခိုက်ရေးအင်အားက နေရာယူထားက ဘေးဘက်မှ တိုက်ခိုက်လာသော မွန်းစတားများကို ခုခံနေကြသည်။ ဤနေရာသည် ကာကွယ်ရေးဒိုင်း၏ ဆက်သွယ်ရေးအမှတ်ဖြစ်သောကြောင့် ဖိအားကို လျှော့ချရာတွင် အထောက်အကူဖြစ်စေသည်။
ဝှစ်၊၊
မြို့နံရံ ရှေ့တွင် ရေအောက်ပင့်ကူကြီးနှင့် တူသော S-အဆင့် မွန်းစတားကြီး မိုးသစ်တောမျှော်စင်သည် ၎င်း၏ ဧရာမခြေထောက်ဒါဇင်ပေါင်းများစွာဖြင့် နံရံဆီသို့ အနက်ရောင်အက်ဆစ်များကို ရူးသွပ်စွာ ပန်းထုတ်နေသည်။ အက်ဆစ်များသည် မြေပြင်သို့ ကျရောက်သည်နှင့် စွမ်းအင်ကို ဝါးမျိုနိုင်သော ပင့်ကူငယ်လေးပေါင်းများစွာအဖြစ် ပြောင်းလဲသွားပြီး ကြယ်တာယာစီးနင်းသူမီကာများ၏ စွမ်းအင်ကို ချက်ချင်းစုပ်ယူလိုက်ကာ မီတာ ၆၀ မြင့်သော မီကာကြီးကို အရိုးစုအဖြစ် ပြိုကွဲသွားစေခဲ့သည်။
“တာလို့…. အက်ဆစ်ပြွန်ကို ပစ်လိုက်”
ချန်ဆီရွှမ်၏ စနိုက်ပါကျည်ဆန်သည် ဧရာမပင့်ကူကြီး၏ ပေါင်းစပ်မျက်လုံးကို ထိုးဖောက်ဝင်ရောက်သွားသည်။ သူမ၏ စွမ်းအားဝတ်စုံဖြင့် အလောင်းကောင်ပုံကြီးများပေါ်တွင် ရွေ့လျားနေသည်။ မီတာတစ်ရာ အောက်တွင် တာလို့က ကောင်းကင်မှ ပျံသန်းလာသော ဂြိုဟ်သားမိစ္ဆာတစ်ကောင်ကို ခုတ်ပိုင်းလိုက်သည်။ ချန်ဆီရွှမ်၏ စကားကို ကြားသောအခါ သူသည် ဧရာမ ပင့်ကူကြီး၏ အစွယ်နှင့် ပါးစပ်ကို ကြည့်လိုက်ပြီး ခြေတစ်လှမ်းတိုးလိုက်ကာ သူ၏ သွေးစွမ်းအားနှင့် နဂါးနက်စွမ်းအားဝတ်စုံ ဒရိုက်ဘာများကို အပြည့်အဝစတင်လိုက်သည်။ သူသည် ဟိန်းဟောက်လိုက်ပြီး လက်ထဲရှိ သံမဏိဓားကြီးကို ပစ်လွှတ်လိုက်သည်။ အမှောင်စွမ်းအင်လှိုင်းများ ပြည့်နှက်နေသော ဓားရှည်ကြီးသည် မိုးသစ်တောမျှော်စင်မွန်းစတားကြီး၏ ဇီဝစွမ်းအင်ဒိုင်းကာကို ထိုးဖောက်ကာ ပါးစပ်ထဲသို့ အမြှောက်ကျည်ဆန်ကဲ့သို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။
ဝှစ် ဖန်းး၊၊
အက်ဆစ်များပေါက်ကွဲသွားပြီး ဧရာမ ပင့်ကူကြီးသည် ဒေါသတကြီးဟိန်းဟောက်ကာ ရေခဲပြင်ပေါ်ရှိ အလောင်းကောင်များကို ၎င်း၏ ဧရာမခြေထောက်ဒါဇင်ပေါင်းများစွာဖြင့် ရူးသွပ်စွာ နင်းချေလိုက်သည်။
ထိုအချိန်တွင် မီတာ ၃၀၀ ကျော် မြင့်သော စူပါယန္တရားစက်ရုပ်ကြီးတစ်ခုက ကောင်းကင်မှ ပြုတ်ကျလာပြီး အလောင်းကောင်ပင်လယ်ကြီးကို သွက်သွက်ခါလှုပ်ရှားသွားစေခဲ့သည်။
စက်ရုပ်ကြီးသည် ပြင်းထန်သော လျှပ်စစ်လှိုင်းများပြည့်နှက်နေသည်။ မြေသို့ကျသည်နှင့် ၎င်း၏ နောက်ကျောမှ မုန်တိုင်း ဒုံးပျံ ၁၂ စင်းကို ပစ်လွှတ်လိုက်ရာ ဧရာမပင့်ကူကြီးထံ တိုက်ရိုက်ထိမှန်သွားခဲ့သည်။
“ငါ့ကို ကြည့်ထား”
စက်ရုပ်ကြီး၏ ထိန်းချုပ်ခန်းအတွင်း၌ ရှားရှားသည် အံကြိတ်ရင်း အင်ပါယာဆယ်လီကို ထိန်းချုပ်ကာ မွန်းစတားလှိုင်းများကို ဖြတ်သန်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ပလာစမာအလင်းဖြာဓားသွားသည် ပြင်းထန်သောလေတိုးသံထွက်ပေါ်လာကာ သူမ၏ လက်တစ်ချက်ဝှေ့ယမ်းလိုက်မှုနှင့်အတူ မီတာရာပေါင်းများစွာ ရှည်သော ဓားသွားသည် လေထုကို ဖြတ်သန်းသွားခဲ့သည်။
ရွှပ်၊၊
ဧရာမ ပင့်ကူခြေထောက်အတန်းလိုက်သည် ထက်ရှသောဓားသွားကြောင့် ပြတ်ထွက်သွားပြီး အက်ဆစ်များက ရေတံခွန်ကဲ့သို့ ပန်းထွက်လာခဲ့သည်။
“နတ်ဘုရားသတ်ဖြတ်ခြင်း မီးလျှံဓား”
ထိုအချိန်တွင် ကောင်းကင်ကြီးမှာ မီးလျှံများဖြင့် တောက်ပနေပြီး အလင်းရောင်မှာ စူးရှလှသည်။ လုရှင်းချန်၏ မီးလျှံဓားသွားကြီးသည် နတ်ဘုရား၏ စီရင်ချက်အလား ကျဆင်းလာပြီး S-Class အဆင့် မွန်းစတားကြီး၏ ဒိုင်းကာကို တိုက်ရိုက်ချေမှုန်းလိုက်ကာ မီးလျှံဓားကြီးက ၎င်း၏ခေါင်းကို ထိုးဖောက်သွားခဲ့သည်။
“ဟမ့်… S-Class တဲ့လား… ငါကိုယ်တိုင်သတ်ချင်နေတာ ကြာပြီ”
“ဟေး… နင်အရမ်းမပျော်နဲ့ဦး… အာ့တာက မပြီးသေးဘူး”
လုရှင်းချန် ဂုဏ်ယူဝံ့ကြွားနေစဉ်မှာပင် မိုးသစ်တောမျှော်စင်မွန်းစတားသည် သေးငယ်ပြီး ကြောက်မက်ဖွယ်ထူးဆန်းသည့် ပင့်ကူအုပ်ကြီးကို ရုတ်တရက် ပန်းထုတ်လိုက်ပြီး သူ့ကို တိုက်ခိုက်လိုက်သည်။ အရေးကြီးသောအခိုက်တန့်တွင် ရှောင်းချင်းက လေထဲမှရောက်ရှိလာပြီး လေထုကို သေနတ်ဓားဖြင့် ခုတ်ပိုင်းလိုက်ကာ သူမ၏ ဓားသွားသည် လေဟာနယ်မုန်တိုင်းတစ်ခုကို ဖန်တီး၍ အင်းဆက်အုပ်ကြီးကို ဖျက်ဆီးပစ်လိုက်သည်။
“တကယ်မိုက်တဲ့ ဓားသိုင်းပဲ၊၊ မိန်းမလှလေး”
လုရှင်းချန်လည်း အခုမှ သတိထားမိကာ လန့်ဖျပ်သွားခဲ့သည်။
ရှောင်းချင်းက သူ့ကို မထီမဲ့မြင်ကြည့်လိုက်သော်လည်း သူမ၏ နှုတ်ခမ်းစွန်းတွင် မသိမသာပြုံးယောင်သန်းသွားခဲ့၏။
မြို့တံတိုင်းထိပ်ရှိ ပလက်ဖောင်းပေါ်တွင် တိုက်ပွဲမှာ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး လေထုထဲမှကြည့်လျှင် မွန်းစတားစစ်တပ်ကြီးသည် ခွန်းလွန်မြို့တံတိုင်းတစ်ခုလုံးကို ဝန်းရံထားသည်။
ဧရိယာ C ၏ အပိုင်း ၂၁ တွင် အနန္တ မဟာမိတ်အဖွဲ့၏ အဓိကအဖွဲ့ဝင်များသည် ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် ပါဝင်နေကြသည်။
“ဂရုစိုက်ကြ… အဲဒီသတ္တဝါတွေက အမှောင်စွမ်းအင်တွေကို ထုတ်လွှတ်နိုင်တယ်၊၊ အနီးကပ်တိုက်ခိုက်တာကို ရှောင်”
ရှုချင်းက လက်တစ်ဖက်တွင် သေနတ်၊ လက်တစ်ဖက်တွင် ဓားကို ကိုင်ထားပြီး သူ၏ ခန္ဓာကိုယ်တွင် အမှောင်စွမ်းအင်များလှိုင်းထနေကာ သူ၏ စွမ်းအားဝတ်စုံမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီဖြစ်သည်။
သူ့ဘေးနားရှိ လုချန်၊ မြောင်လု၊ ရှောင်ယွမ်၊ လော့ယန်နှင့် အခြားသူများသည် ပြင်းထန်သောတိုက်ပွဲများကြောင့် ဖရိုဖရဲဖြစ်နေကြသည်။ လို့လို့နှင့် အားမင်တို့ အမြွှာညီအစ်မနှစ်ယောက်တို့သည် ရှီတိယွမ်က ကူညီရန် ပြေးထွက်လာချိန်တွင် ခက်ခဲသောတိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။
“ဟုတ်တယ်၊၊ ထူးဆန်းတဲ့ အရာတွေအများကြီးထွက်လာနေတယ်၊၊ ကာကွယ်ရေးဒိုင်းရဲ့ အလင်းနယ်မြေအတွင်းမှာပဲ ရန်သူကို ရင်ဆိုင်ဖို့ ကြိုးစားပါ”
နန်ကျင်းက လက်သီးတစ်ချက် ထိုးထုတ်လိုက်ပြီး လေထုထဲတွင် လှိုင်းထသွားပြီး မြူအချို့ကို ရှင်းပစ်လိုက်သည်။
ဘစ်ဇ်၊၊
အားဖေး၏ လေဆာအလင်းတန်းများသည် ကျယ်ပြန့်သော ဖျက်ဆီးရေးစွမ်းအားဖြင့် တစ်ချက်လက်သွားတိုင်း မွန်းစတားများသည် ကောင်းကင်မှ အုပ်လိုက်ပြုတ်ကျလာသည်။ မွန်းစတားများသည် အားဖေးကို အဓိကပစ်မှတ်အဖြစ် အသိအမှတ်ပြုလိုက်ကြပြီး သူ့ထံသို့ ဦးတည်တိုက်ခိုက်လာကြသည်။
ထိုအချိန်တွင် လေထုထဲမှ မြေသို့ ဆင်းသက်လာခါစဖြစ်သော စွန်းယုကျန်းလည်း ရုတ်တရက် တစ်စုံတစ်ခုကို သတိပြုမိလိုက်ပြီး အားဖေးဘက်သို့ ကြည့်လိုက်သည်၊၊
“ဒါက—”
သွေးနီရောင်မြူများတိုက်ခတ်သွားပြီး ရုတ်တရက် နှင်းဖြူရောင် အမဲလိုက်သတ္တဝါကြီးသည် အားဖေး၏ အထက်တွင် ထူးဆန်းစွာ ပေါ်ထွက်လာသည်၊၊ ၎င်း၏ ရှည်လျားသောလက်သည်းကြီးများဖြင့် ကုတ်ဆွဲလိုက်ပြီး လူဒါဇင်ပေါင်းများစွာကို ချက်ချင်းလဲကျသွားစေသည်။
“ဖာ့ခ်”
“အမဲလိုက်သတ္တဝါပဲ”
“မကောင်းတော့ဘူး”
“အားဖေး”
လူတိုင်း အချိန်မီမတုံ့ပြန်နိုင်ပဒ စိုးရိမ်တကြီးအော်ဟစ်လိုက်ကြသည်။ ဤအရေးကြီးသော အချိန်တွင် မြို့တံတိုင်းအောက်ခြေမှ နီရဲနေသော နွယ်ပင်အများအပြား မြေပြင်၏ အကြောမျှင်များကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ နွယ်ပင်များသည် သက်ရှိများကဲ့သို့ အမဲလိုက်သတ္တဝါကြီးကို တိုက်ရိုက်ရစ်ပတ်ချည်နှောင်လိုက်ကြသည်။
ထိုအချိန်တွင် နန်ကျင်းက အရှိန်ပြင်းစွာ ပြေးဝင်လာပြီး ဟိန်းဟောက်ကာ အမဲလိုက်သတ္တဝါကြီးကို လက်သီးဖြင့် တိုက်ရိုက်ထိုးချလိုက်သည်။ အမဲလိုက်သတ္တဝါကြီး၏ ဒိုင်းကာသည် ပျက်စီးသွားပြီး အထက်ပိုင်းခန္ဓာကိုယ်မှာ သွေးမြူများအဖြစ် ပေါက်ကွဲသွားခဲ့သည်။
လူတိုင်း လှည့်ကြည့်လိုက်ကြရာ သယ်ယူပို့ဆောင်ရေးသင်္ဘောတစ်စင်းက ဖြည်းဖြည်းချင်းမြင့်တက်လာသည်ကို မြင်လိုက်ရပြီး၊ တံခါးပေါက်တွင် အနီရောင်နွယ်ပင်များပေါ်မှ ပုံရိပ်တစ်ခုက မြို့တံတိုင်းပလက်ဖောင်းဆီသို့ ပျံသန်းလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ရင်းနှီးသောအသံတစ်ခု ဆက်သွယ်ရေးကွန်ရက်မှ ထွက်ပေါ်လာခဲ့သည်။
“သိပ္ပံပညာရှင်တစ်ယောက်ကို ရှေ့တန်းကို စေလွှတ်ဖို့ သူတို့ကို စည်းရုံးရတာ အတော်အာပေါက်သွားတယ်”
တင်းကျန်းရီ၊၊
ကောင်းကင်ယံတွင် သန်းပေါင်းများစွာသော စွမ်းအားရှင်စစ်သားများသည် ကြယ်သင်္ဘောရှေ့တွင် အကြွင်းမဲ့ကာကွယ်ရေးအတားအဆီးတစ်ခုကို ဖန်တီးထားပြီး တိုက်ပွဲမှာ အလွန်ပင် ပြင်းထန်လှသည်။
“ရေဒါစနစ်က ဧရာမ ဇီဝပုံသဏ္ဌာန်တစ်ခုကို အတည်ပြုလိုက်ပါပြီ”
“ဧရိယာ H ရဲ့ ၁၂ ဒီဂရီ၊ ကီလိုမီတာ ၄၀၀ အကွာမှာ”
ကောင်းကင်အမိုးခုံးရထား၊ တိတ်ဆိတ်မြို့တော်နှင့် ဖီးနစ်တို့၏ အဓိကအင်အားသုံးစုသည် စွမ်းအားရှင်များနှင့်အတူ မိုးပျံဂျယ်လီဖစ်ကြီးများကို ချေမှုန်းခဲ့ပြီးနောက် ကီကီသည် ကောင်းကင်အမိုးခုံးရထားပေါ်သို့ ဆင်းသက်လိုက်ပြီး အဝေးသို့ ကြည့်လိုက်သည်။
ဒါ ဘာကြီးလဲ။
နားကြပ်မှ စောင့်ကြည့်မှုသတင်းအချက်အလက်များကို ဆက်တိုက်ပေးပို့နေပြီး ထိတ်လန့်တကြားအော်ဟစ်သံများလည်း ပါဝင်နေသည်။
ဤအချိန်တွင် တိုက်ပွဲကြောင့် မောပန်းနေသော အသက်ရှင်ကျန်ရစ်သူများသည် ဧရိယာ H ဘက်သို့ ကြည့်လိုက်ကြသည်။ စွမ်းအားဝတ်စုံ၏ မြင်ကွင်းချဲ့စနစ်က ဆက်တိုက်ရှာဖွေပြီး ဆွဲကြည့်လိုက်ရာ ထိုနေရာတွင် မရှိသင့်သော ထူးဆန်းသော အနက်ရောင်တိမ်တိုက်ကြီးတစ်ခုက ဖြည်းဖြည်းချင်းကြီးထွားလာနေခဲ့သည်။
ဝင်ရိုးစွန်းဒေသ၏ နှင်းမုန်တိုင်းပြင်းထန်လာသည်နှင့်အမျှ အနက်ရောင်တိမ်တိုက်များသည် လျှင်မြန်စွာ ပျောက်ကွယ်သွားပြီး လွင့်မျောနေသော ဧရာမအရာကြီးတစ်ခုကို ဖော်ပြလိုက်သည်။
ကီကီလည်း လွင့်မျောနေသောအရာကြီးကို မြင်လိုက်ရသည့်အခိုက်တန့်တွင် သူမ၏ မျက်နှာအမူအရာမှာ အလွန်အမင်းပျက်ယွင်းသွားခဲ့သည်။
တိမ်တိုက်များထဲမှ အနက်ရောင်အရိပ်ကြီးသည် အမှန်တော့— ခြောက်သွေ့နေသော လူသားပုံသဏ္ဌာန်အလောင်းကောင်ကြီးဖြစ်နေသည်။
လူသားပုံသဏ္ဌာန် မံမီအလောင်းကောင်ကြီးသည် လေထုထဲတွင် စောင်းလျက် ပျံသန်းနေပြီး နေရောင်ကို ဖုံးကွယ်ထားသည်။ နေရောင်ခြည်ကြောင့် ရေခဲပြင်ပေါ်သို့ ကျရောက်နေသော အရိပ်များသည် ၁၀ကီလိုမီတာကျော်ထိ ပျံ့နှံ့နေသည်။
အလောင်းကောင်ကြီးသည် လှုပ်ရှားမှုမရှိဘဲ ပျံသန်းနေသော တိုက်ကြီးတစ်ခုကဲ့သို့ပင်။ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ မီးခိုးနက်ရောင်ဖြစ်ပြီး နက်ရှိုင်းသော လျှိုမြောင်များကဲ့သို့ ခြောက်သွေ့တွန့်ကြေနေသော အရေပြားများကိုပင် ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ၎င်း၏ အနက်ရောင်တွင်းနက်မျက်လုံးများသည် မည်သည့် အသက်ရှင်နေသည်လက္ခဏာမှမရှိဘဲ ထူးဆန်းသောဖိနှိပ်မှုအရှိန်အဝါဖြင့် ပျံသန်းလာခဲ့သည်။
ခွန်းလွန်ဗဟိုကွပ်ကဲရေးမျှော်စင်ပေါ်တွင် ဗိုလ်ချုပ်ကြီး လီဟယ်ပင်းက ဤမြင်ကွင်းကို သူ၏ မျက်လုံးများ မှေးလျက်ကြည့်နေခဲ့ပြီး အခြားတိုက်ကြီးများမှ ကိုယ်စားလှယ်များ၏ မျက်နှာအမူအရာများလည်း ပြောင်းလဲသွားခဲ့သည်။
“ဒါက အမှန်တော့—ဇီဝသက်ရှိ နံပါတ် ၃ ပဲ”
“လွင့်မျောနေတဲ့ ဧရာမ အလောင်းကောင်ကြီး”
သူတို့သည် ကမ္ဘာ့အဆင့်သတ္တဝါများအတွက် အရေးပေါ် အစီအစဉ်များစွာကို ရေးဆွဲခဲ့ကြသော်လည်း ကမ္ဘာ့အပေါ်ယံလွှာ သတ္တဝါများမှလွဲ၍ အရှုပ်ထွေးဆုံးမှာ ဤလွင့်မျောနေသော ဧရာမ အလောင်းကောင်ကြီး၊ နံပါတ် ၃ ဖြစ်သည်။
အကြောင်းမှာ ဤသတ္တဝါသည် ဖီးနစ်က စုံစမ်းစစ်ဆေးမှုစတင်ချိန်မှစ၍ သတင်းအချက်အလက်အနည်းဆုံးရရှိထားသော သတ္တဝါဖြစ်သော်လည်း ဖိနှိမ်နိုင်စွမ်းအများဆုံးဖြစ်သောကြောင့် ဖြစ်သည်။
၎င်းသည် မျှော်စင်ယဉ်ကျေးမှုမှ သေဆုံးသွားသော အိန်ဂျယ်၏ ခြောက်သွေ့နေသော အလောင်းကောင်နှင့်တူနေပြီး ဤကမ္ဘာနှင့် မသက်ဆိုင်သော ဒိုင်မေးရှင်းစွမ်းအားနယ်ပယ်တစ်ခုရှိနေသည်။