← Chapters

အခန်း (၁၂၂၆)

Vol. 80 (End) Ch. 1226

အခန်း (၁၂၂၆)

Vol. 80 (End) Ch. 1226

Chapter 1226

အိန်ဂျယ် နံပတ် ၃ (၂)

လီဟယ်ပင်း၏ မျက်နှာအမူအရာက ခက်ထန်နေပြီး သက်ပြင်းချလိုက်သည်၊၊

“တိုက်ပွဲအတွက်ပြင်ဆင်ကြ”

ဤအချိန်တွင် စောင့်ကြည့်ရေးမှန်ဘီလူးအတွင်း၌ ရေခဲပြင်ပေါ်ရှိ မွန်းစတားဒီရေလှိုင်းများသည် ဆွဲငင်အားပြောင်းပြန်ဖြစ်သွားသကဲ့သို့ ကောင်းကင်သို့ လျှင်မြန်စွာ စုပ်ယူခြင်းခံနေရသည်။ အနက်ရောင်အသားများနှင့် သွေးများသည် အထက်သို့တက်သွားပြီး ကောင်းကင်မှ သွေးနီရောင်လေထုသည် အောက်သို့ ဆင်းသက်လာသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ ဗဟိုချက်ကဲ့သို့သော ဖြစ်စဉ်နှစ်ခုဖြင့် ဧရာမအလောင်းကောင်ကြီးထံသို့ စီးဝင်လာခဲ့သည်။

“ဒီအရာက သွေးနီရောင်ကောင်းကင်ဖြစ်စဉ်ကိုပါ ဆောင်ကြဉ်းလာတာလား”

လေထဲတွင် ချန်ဆီရွှမ်လည်း ဤမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေခဲ့ပြီး သူအ၏ ပါးစပ်က ဟောင်းလောင်းပွင့်နေခဲ့သည်။

“ကီကီ… နင် ငါ့ကို ကြားရလား”

“ကျွန်မ ကြားရတယ်”

ကီကီက ပြန်ဖြေသည်၊၊

“ဒီအရာက ခက်ခဲမှာ သေချာတယ်၊ လူတိုင်း—”

သို့သော် သူမ စကားမဆုံးမီမှာပင် ဘေးတိုက်ပျံသန်းနေသော ဧရာမ အလောင်းကောင်ကြီးသည် စောင်းသွားပြီး ဖြည်းဖြည်းချင်းလှည့်လာသည်ကို ရုတ်တရက်မြင်လိုက်ရသည်။

“ဒါကြီး မြေပေါ်ကို ဆင်းတော့မယ်”

“ဒါက အလောင်းကောင်လား၊၊ ဒါမှမဟုတ် သက်ရှိလား”

“အားလုံးပဲ သတိထားပြီး ကာကွယ်ဖို့ ပြင်ဆင်ကြ”

ပြင်းထန်သောဖိအားက ခွန်းလွန်မြို့တော်အထက်တွင် လွှမ်းမိုးသွားပြီး ထိုအချိန်တွင် လေထုပင်လျှင် အသက်ရှူရန်ခက်ခဲလာခဲ့သည်။

စတားဖလိ့စစ်သားများနှင့် အသက်ရှင်ကျန်ရစ်သူများသည် စောင့်ကြည့်ရေးနှင့် အဝေးကြည့်စနစ်များမှတစ်ဆင့် ကောင်းကင်ပေါ်မှ အလောင်းကောင်ကြီးလှည့်လာသည်ကို ကြည့်နေကြသည်။

တစ်နာရီ၊ နှစ်နာရီ၊ သုံးနာရီ —

၎င်းက ပိုမိုနီးကပ်လာခဲ့ပြီး ၎င်း၏ ခန္ဓာကိုယ် လှည့်လာသည်နှင့်အမျှ ပို၍ကြီးမားလာပုံရသည်။

စစ်မြေပြင်ရှိ မွန်းစတားများ၏ အနည်းဆုံး အသွေးအသားသုံးပုံတစ်ပုံခန့်ကို ၎င်းက စုပ်ယူလိုက်သည်။ အသားနှင့် သွေးများ စုပ်ယူခံရပြီး သွေးနီရောင်များပေါင်းစပ်သွားသည်နှင့်အမျှ လူသားပုံသဏ္ဌာန် ခန္ဓာကိုယ်ကြီးသည် ခြောက်သွေ့မှုရပ်တန့်သွားခဲ့သည်။ အနက်ရောင်မြူခိုးအများအပြားသည် ပတ်ဝန်းကျင် ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး တိမ်တိုက်များကဲ့သို့ ကောင်းကင်ကို ဖုံးအုပ်လိုက်ရာ ဧရိယာအတော်များများကို မှောင်မိုက်သွားစေခဲ့သည်။

လေးနာရီ၊ ငါးနာရီ။

နောက်ဆုံးတွင် ဧရာမခန္ဓာကိုယ်ကြီးသည် ရေခဲပြင်ပေါ်သို့ ဖြည်းဖြည်းချင်းဆင်းသက်လာခဲ့သည်။ အောက်ခြေရှိ ကမ္ဘာမြေကြီးသည် ဆူနာမီငလျင်ကဲ့သို့ ကြောက်မက်ဖွယ်အသံကို ထုတ်လွှတ်လိုက်ပြီး လှုပ်ယမ်းနေသော မြေပြင်သည် ၁၀ မိနစ်ကျော်ကြာမြင့်ခဲ့သည်။

အထက်တွင် အနက်ရောင်ခေါင်းကြီးသည် ကောင်းကင်အကာကွယ်၏ စွမ်းအင်နယ်ပယ်အနားစွန်းကို ပွတ်တိုက်သွားပုံရပြီး အာကာသအထက်တွင် အလင်းပြန်နေသောအလွှာတစ်ခုကို ဖန်တီးလိုက်သည်။

ဤကြောက်မက်ဖွယ် ဧရာမအလောင်းကောင်ကြီး၏ ခေါင်းသည် ကောင်းကင်အကာကွယ်နှင့်ထိနေပြီး ဝင်ရိုးစွန်းရေခဲပြင်ပေါ်တွင် ရပ်နေခဲ့သည်။

လူတိုင်းသည် ဤမြင်ကွင်းကို ကြည့်ရင်း စက္ကန့်ပိုင်းမျှအသက်ရှူရပ်သွားပုံရသည်။ ဧရာမအလောင်းကောင်ကြီး၏ ရင်ဘတ်နှင့် ခေါင်းပေါ်တွင် အရွယ်စားမတူသော ဧရာမမျက်လုံးအလင်းတန်းနှစ်ခုတောက်ပလာသည်ကို တွေ့လိုက်ရပြီး ခေါင်းထက်ရှိ ကောင်းကင်အကာကွယ်၏ အွိုင်နိုလွှာသည် ယခုအခါ စွမ်းအင်နယ်ပယ်တစ်ခုကဲ့သို့ ထင်ရှားစွာ ပေါ်ထွက်လာသောသည်၊၊

ငရဲမှ လာသော အိန်ဂျယ်လ်တစ်ပါးကဲ့သို့ပင်၊၊

ထိုအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးတိတ်ဆိတ်သွားပုံရပြီး သေနတ်သံများအားလုံးရပ်တန့်သွားခဲ့သည်။

“တိုက်ကြ”

လီဟယ်ပင်းက ချက်ချင်းပင် အမိန့်ပေးလိုက်သည်၊၊

“သူ့ခန္ဓာကိုယ်က ကောင်းကင်အကာကွယ်ကို တုံ့ပြန်လိုက်ပြီ၊၊ ဒါကြီးက ကောင်းကင်အကာကွယ်ကို ဖွင့်နိုင်မှာသေချာတယ်၊၊ အခု ငါတို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ”

အမိန့်ပေးလိုက်သည်နှင့် ကြယ်သင်္ဘောထောင်ပေါင်းများစွာသည် တစ်ပြိုင်နက်တည်းစတင်လိုက်ကြပြီး သန်းပေါင်းများစွာသော စွမ်းအားရှင်များသည်လည်း နောက်မှလိုက်ပါသွားကြသည်။

ဤအချိန်တွင် လေတပ်များသည် မွန်းစတားများကို ဂရုမစိုက်တော့ဘဲ ပန်းတိုင်တစ်ခုသာရှိတော့သည်၊၊

လုရှင်းချန်နှင့် အခြားသူများလည်း ကောင်းကင်သို့ အရှိန်ပြင်းစွာ ပြေးဝင်သွားကြသည်။ လူသားတို့၏ အဓိကအင်အားစုသည် ၎င်းတို့၏ နောက်ဆုံးတိုက်စစ်ကို စတင်လိုက်ပြီ ဖြစ်သည်။

သို့သော် ထိုအချိန်တွင် တိတ်ဆိတ်မြို့တော်၏ ပင်မကွပ်ကဲခန်းတွင် ဒေတာအချက်အလက်များကို လျှင်မြန်စွာ ရရှိပြီး တွက်ချက်မှုများပြီးစီးသွားသော ရှင်းဂျီက သူ၏ မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်သည်။ သူက အများပြည်သူကွန်ရက်ရှိ ဆက်သွယ်ရေးများအားလုံးကို ချက်ချင်းထိန်းချုပ်လိုက်ပြီး သတိပေးချက်ထုတ်ပြန်လိုက်သည်၊၊

“လူတိုင်း ထွက်ပြေးကြ”

ထွက်ပြေးရမယ် ဟုတ်လား…

ခဏအတွင်းမှာပင် ဤစကားလုံးများသည် သန်းပေါင်းများစွာသော လူများအကြား ပဲ့တင်ထပ်သွားပြီး လူတိုင်း၏ နှလုံးသားများကို တုန်လှုပ်သွားစေခဲ့သည်။

“ငါတို့ ဘယ်ကိုပြေးရမှာလဲ”

ကောင်းကင်အမိုးခုံးရထားပေါ်တွင် ကျန်းရှု့ဝေက ထိတ်လန့်စွာ လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် မုန်တိုင်းအတွင်းရှိ ကြောက်စရာကောင်းသော အမှောင်စွမ်းအင်မုန်တိုင်းကို ခံစားလိုက်ရသော ကျန်းယွမ်က ချက်ချင်းမျက်နှာပျက်သွားခဲ့သည်။ သူသည် ဆက်သွယ်ရေး လိုင်းအတွင်းသို့ အသည်းအသန်အော်ဟစ်လိုက်သည်၊၊

“အားလုံး ဆုတ်ခွာကြ”

သို့သော် နောက်ကျသွားခဲ့လေပြီ။ ဒြပ်မဲ့လှိုင်းတစ်ခုသည် အိန်ဂျယ်လ် နံပါတ် ၃ထံမှ လျှင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။ ခဏအတွင်းမှာပင် ဆက်သွယ်ရေးလိုင်းများအားလုံးပျက်စီးသွားပြီး စစ်တပ်၏ အီလက်ထရွန်နစ်စနစ်များအားလုံးပိတ်သွားကာ မျက်နှာပြင်များပျောက်ကွယ်သွားပြီး အင်ဂျင်များရပ်တန့်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုအောက်တွင် ခွန်းလွန်မြို့တော်ကို ကာကွယ်ထားသော ဒိုင်းကာကြီးသည် ပေါက်သွားသော ပူပေါင်းတစ်ခုကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။

ဘန်း ဘန်း ဘန်း အုန်း၊၊

နောက်တစ်စက္ကန့်တွင် ခွန်းလွန်မြို့တော်အတွင်းရှိ ရေတွက်၍မရသော စွမ်းအင်ဗဟိုချက်များမှ ပေါက်ကွဲသံများထွက်ပေါ်လာခဲ့သည်။

ကောင်းကင်ယံတွင် ပျံသန်းရေး စွမ်းအားဝတ်စုံများ ဝတ်ဆင်ထားသော စစ်သည်များသည် မိုးသည်းထန်စွာ ရွာသွန်းသကဲ့သို့ တဖွဲဖွဲပြုတ်ကျလာခဲ့ပြီး၊ ဧရာမ ကြယ်စစ်သင်္ဘောများသည် သံမဏိများဆုတ်ပြဲသွားသော ညည်းတွားသံများနှင့်အတူ မြေပြင်သို့ စတင်ပျက်ကျလာခဲ့သည်။

အော်ဟစ်သံများ၊ ငိုသံများနှင့် အသက်ရှူသံများသည် စွမ်းအားဝတ်စုံမျက်နှာကာအတွင်းမှ ထွက်ပေါ်လာသော်လည်း မည်သူမျှ မကြားနိုင်ခဲ့ချေ။

“ထိန်းချုပ်စနစ် ပိတ်သွားပြီ”

ကောင်းကင်အမိုးခုံးရထား၏ ကွပ်ကဲခန်းအတွင်း၌ ကျန်းရှု့ဝေ၏ အော်ဟစ်သံများသည် တွန့်လိမ်နေသော သံမဏိများ၏ ညည်းတွားသံများအောက်တွင် ဝါးမျိုခံလိုက်ရသည်။

အောက်ဘက်ရှိ မြို့တံတိုင်းပေါ်မှ စစ်သားများနှင့် အသက်ရှင်ကျန်ရစ်သူများသည် လူသားတို့၏ ကြီးမြတ်သော ကြယ်သင်္ဘောများ ကောင်းကင်မှ တိတ်ဆိတ်စွာ ပျက်ကျလာသည်ကို ထိတ်လန့်စိတ်ပျက်နေသောမျက်လုံးများဖြင့် မော့ကြည့်နေကြသည်။ လူတိုင်း၏ အသက်ရှူသံများ အေးခဲရပ်တန့်သွားပုံရ၏။

စက္ကန့်ပိုင်းမျှကြာပြီးနောက် အီလက်ထရွန်နစ်စနစ်သည် ပြန်လည် စတင်လာခဲ့ပြီး ထိုအချိန်တွင် စိတ်ညစ်ညူးဖွယ် ဖရိုဖရဲအခြေအနေများသာရှိတော့သည်။

“အင်ဂျင် စတင်ပါပြီ၊၊ စနစ်ကို ကျော်လွန်ပြီး အမြင့်ကို ထိန်းသိမ်းပါ”

“ကယ်ကြပါဦး”

“ဆက်သွယ်ရေးကိရိယာတွေ ပြန်အလုပ်လုပ်နေပြီ”

“အား”

ဘုန်း ဘုန်း ဘုန်း၊၊

အမြင့်မီတာ သုံးထောင်မှ သံမဏိမိုးစက်များ ရုတ်တရက်ကျရောက်လာခဲ့သည်။ စတားဖလိ့စစ်သားများသည် ပစ်ချခံလိုက်ရသော ပျားအုပ်ကြီးကဲ့သို့ အောက်သို့ ပျက်ကျလာခဲ့ကြသည်။ တိုက်သင်္ဘောအချို့သည် လိပ်နက်တံတိုင်းကြီးတစ်လျှောက် ပွတ်တိုက်သွားပြီး သင်္ဘောများသည် မြို့တံတိုင်း၏ လေကြောင်းရန်ကာကွယ်ရေးဖွဲ့စည်းပုံကို စုတ်ပြဲသွားစေကာ ပေါက်ကွဲသွားသော လောင်စာဆီတိုင်ကီများသည် ခရမ်းပြာရောင်မီးတိမ်တိုက်များကို ပန်းထုတ်လိုက်သည်။

ကြောက်ရွံ့မှုလှိုင်းတစ်ခုသည် ရေခဲပြင်ပေါ်သို့ လွှမ်းမိုးသွားခဲ့သည်။ မြို့တံတိုင်းပေါ်ရှိ စွမ်းအားရှင်များသည် ၎င်းတို့၏ ရဲဘော်များ ကျောက်တုံးများကဲ့သို့ ပြုတ်ကျလာသည်ကို ကြည့်နေကြစဉ် ဧရာမကြယ်သင်္ဘောများသည် ရေခဲပြင်ပေါ်သို့ ပျက်ကျသွားပြီး မွန်းစတားဒီရေလှိုင်းများအတွင်း မီးတောက်မီးလျှံများကို ထုတ်လွှတ်လိုက်သည်။

ကောင်းကင်ယံတွင် ပရမ်းပတာဖြစ်နေစဉ် ပျံသန်းနေသော စွမ်းအားရှင်များသည် ကယ်ဆယ်ရေးလုပ်ငန်းများကို အလျင်စလိုစတင်ခဲ့ကြသည်။ ကီကီက အောက်သို့ ထိုးဆင်းသွားပြီး သူမ၏ စိတ်စွမ်းအားကို အသုံးပြု၍ ကြယ်သင်္ဘောအများအပြားကို ကယ်တင်ရန် ကြိုးစားခဲ့သည်။

သို့သော် သူမ၏ လှုပ်ရှားမှုများသည် မည်သည့်အရာကိုမျှ မကယ်တင်နိုင်ခဲ့ချေ။ ဧရာမအနက်ရောင်အရိပ်ကြီးတစ်ခုက ကောင်းကင်ကို ဖြတ်သန်းသွားခဲ့ပြီး အမြင့်ပေနိမ့်တွင် ရှိနေသော လူသားတို့၏ အဓိကကြယ်သင်္ဘောနှစ်စင်းဖြစ်သည့် ကောင်းကင်ငြိမ်သက်ခြင်းစစ်သင်္ဘောနှင့် ပင်လယ်ဖိနှိမ်သင်္ဘောတို့သည် ကောင်းကင်မှ ပျက်ကျလာခဲ့သည်။

ဧရာမ ပေါက်ကွဲမှုကြီးစတင်သွားခဲ့ပြီး အဖွဲ့သားများသည် လွတ်မြောက်ရန် အခွင့်အရေးမရှိခဲ့ကြချေ။ ၎င်းတို့သည် တစ်ခဏအတွင်းမှာပင် မီးပင်လယ်အတွင်း ဝါးမျိုခံလိုက်ရသည်။ ထို့နောက် ပို၍များပြားသော ကြယ်သင်္ဘောများပျက်ကျကာ မြေပြင်ပေါ်သို့ ပျံ့နှံ့သွားပြီး မွန်းစတားဒီရေလှိုင်းများအတွင်း ပေါက်ကွဲသွားခဲ့သည်။

ထိုအချိန်ပိုင်းလေးအတွင်း၌ လူများသည် စတားဖလိ့၏ ဝမ်းနည်းဖွယ်ပျက်စီးခြင်းကို မြင်တွေ့ခဲ့ရသည်။ သင်္ဘောထောင်ပေါင်းများစွာသည် ဥက္ကာခဲများကဲ့သို့ ပြုတ်ကျလာပြီး စစ်မြေပြင်ပေါ်တွင် ပူပြင်းလှသော မီးပင်လယ်ကြီးကို ဖန်တီးလိုက်သည်၊၊ လောင်စာဆီတိုင်ကီများနှင့် ခဲယမ်းများ အတူတကွပေါက်ကွဲသွားသည့် ကြောက်စရာကောင်းသောမြင်ကွင်းတစ်ခုပင်။

ဤအချိန်တွင် မြို့တော်၏ ကာကွယ်ရေးလက်နက်များ ပြန်လည်စတင်ခြင်းမရှိသေးသော်လည်း၊ မြို့တံတိုင်းအောက်ရှိ မွန်းစတားများနှင့် ကောင်းကင်မှ မွန်းစတားများသည် ဆူနာမီလှိုင်းကဲ့သို့ လိပ်နက်တံတိုင်းပေါ်သို့ တက်လာပြီး ခွန်းလွန်မြို့တော်အတွင်းသို့ တရှိန်ထိုးတိုးဝင်လာခဲ့ကြသည်။

ဤအချိန်တွင် ခွန်းလွန်ဗဟိုကွပ်ကဲရေးအဖွဲ့၏ အမိန့်ပေးသူများနှင့် ကောင်စီဝင်များအားလုံးသည် ထုံထိုင်းသောအခြေအနေသို့ ရောက်ရှိနေကြသည်။ စစ်မြေပြင်၏ အစွန်းရောက်အခြေအနေအမျိုးမျိုးကို အရင်ထဲကစိတ်ကူးကြည့်ခဲ့ပြီး တန်ပြန်အစီအစဉ်များစွာကို ရေးဆွဲခဲ့ကြသော်လည်း ခွန်းလွန်မြို့တော် စတားဖလိ့၏ ကြယ်သင်္ဘောထောင်ပေါင်းများစွာ၊ စူပါဒိုင်းကာများနှင့် မီကာများ၊ စွမ်းအားဝတ်စုံများအားလုံး တစ်ခဏအတွင်း အကူညီမဲ့သွားသည်ကို မြင်တွေ့လိုက်ရခြင်းက သူတို့၏ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ထက် ကျော်လွန်နေခဲ့သည်။

လီဟယ်ပင်းက ပြတင်းပေါက်အပြင်မှ မိုးရွာသွန်းသကဲ့သို့ ပျက်ကျလာသော ကြယ်သင်္ဘောများကို အထိတ်တလန့်စိုက်ကြည့်နေခဲ့သည်။ သူ၏ နှုတ်ခမ်းများက တုန်ခါနေပြီး ဆူညံနေသောဆက်သွယ်ရေးလိုင်းမှတစ်ဆင့် တစ်စုံတစ်ခုပြောရန် ကြိုးစားခဲ့သော်လည်း ဘာစကားမျှ ထွက်မလာခဲ့ချေ။

လှိုင်းထန်နေသော အမှောင်စွမ်းအင်များသည် ခွန်းလွန်မြို့တော်တစ်ခုလုံးကို လွှမ်းမိုးသွားပြီး လူသန်းပေါင်းများစွာကို သွေးနီရောင်အောက်သို့ ချက်ချင်း သွတ်သွင်းလိုက်သည်၊၊

ထို့နောက် ပို၍စိတ်ပျက်ဖွယ်ကောင်းသော သန္ဓေပြောင်းလဲမှုများနှင့် သေဆုံးမှုများစတင်ခဲ့သည်။

“လူသားတွေ—”

စစ်သေနာပတိချုပ် လီဟဲဖိန်းသည် ပါးစပ်ကို ဟလိုက်ပြီး၊ သူ၏ အကြည့်မှာ ဝေးကွာသော အထက်ရှိ အိန်ဂျယ်လ် နံပါတ် ၃ နှင့် ကောင်းကင်မှ ဖြည်းဖြည်းချင်းကျဆင်းလာသော လူသားတို့၏ မိုးပျံမြို့တော်နှစ်ခုဖြစ်သည့် တိတ်ဆိတ်မြို့တော်နှင့် ဖီးနစ်မြို့တော်တို့ထံ စိုက်ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုများသာ ကျန်ရှိတော့သည်။

အုန်း၊၊

ရုတ်တရက် တိုက်ကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေသော ဒြပ်မဲ့ဆွဲအားတစ်ခုသည် ခွန်းလွန်မြို့တော်အပါဝင် ရေခဲပြင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့သည်။ ကောင်းကင်ထက်ရှိ လေထုအေးခဲသွားပြီး မြေပြင်ပေါ်ရှိ ဖုန်မှုန့်များသည် လွင့်မျောလာခဲ့သည်။

တိတ်ဆိတ်မြို့တော်နှင့် ဖီးနစ်မြို့တော်တို့သည် အရှိန်ပြင်းစွာ ပျက်ကျလာစဉ် ၎င်းတို့၏ အရှိန်မှာ အသက်ရှင်ကျန်ရစ်သူများ၏ သာမန်မျက်စိဖြင့်မြင်နိုင်သည်အထိ ဖြည်းဖြည်းချင်းနှေးကွေးသွားခဲ့သည်။ ထို့နောက် ၎င်းတို့ မြင်တွေ့နိုင်သည်မှာ ကောင်းကင်ကို ဖုံးကွယ်ထားသော ဧရာမအနက်ရောင်လက်ကြီးတစ်ခုဖြစ်သည်။

ထိုလက်ကြီးသည် ၎င်း၏ လက်ချောင်းငါးချောင်းကို ဖြည်းဖြည်းချင်းဆုပ်လိုက်ပြီး ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေသော ဆွဲအားသည် စကြာဝဠာမုန်တိုင်းတစ်ခုကဲ့သို့ ကောင်းကင်သို့ ရုတ်တရက်မြင့်တက်သွားကာ မိုးပျံမြို့တော်နှစ်ခုနှင့်အတူ သန်းပေါင်းများစွာသော မွန်းစတားများကို လေထုထဲသို့ အတင်းအကျပ်မြှောက်တင်လိုက်သည်။

ထို့နောက် ဆက်သွယ်ရေးကိရိယာမှ မဟုတ်ဘဲ ရှေးဟောင်းယန္တရားတိုင်တန်ကြီး၏ ဟိန်းဟောက်သော ခေါင်းလောင်းသံကဲ့သို့ ကောင်းကင်ယံမှ နက်ရှိုင်းသော ယန္တရားသံတစ်ခုက မြေပြင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ဒါက လူသားတွေရဲ့ ရွေးချယ်မှုပဲ”

All Chapters