အခန်း (၁၂၂၇)
Vol. 80 (End) Ch. 1227
Chapter 1227
အဆုံးသတ် (၁)
“ဘာ... ဘာကြီးလဲ”
“အဲဒါ ဘာကြီးလဲ”
“ကောင်းကင်ပေါ်ကြည့်စမ်း”
“မဟုတ်ဘူး ဗိုစတော့ရေကန်ရှိတဲ့ဘက်ကနေ လာတာ”
ခွန်းလွန်မြို့တော်အတွင်း၌ ပြောင်းပြန်ဖြစ်သွားသော ဆွဲငင်အားစက်ကွင်းအလယ်တွင် အသက်ရှင်ကျန်ရစ်သူများသည် ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားသည့် ဧရာမအရိပ်ကြီးကြောင့် အံ့ဩတုန်လှုပ်စွာဖြင့် လှည့်ကြည့်လိုက်ကြ၏။
သူတို့သည် မိုင်ပေါင်းရာချီဝေးသောနေရာ၌ ကမ္ဘာမြေ၏ ဒြပ်ထုကိုပင် ပြောင်းလဲပစ်နိုင်လောက်သည့် ဧရာမတောင်ကြီးတစ်ခု ရုတ်တရက်ပေါ်ထွက်လာသည်ကို မြင်လိုက်ကြရသည်။ မီတာထောင်ပေါင်းများစွာအထက်မှ ရေခဲမြစ်များနှင့် ဆီးနှင်းမုန်တိုင်းများသည် မီးခိုးများနှင့် နေရောင်ခြည်ကြားတွင် ဧရာမနှင်းပြိုမှုကြီးတစ်ခုအဖြစ် အောက်သို့ ပြိုကျနေကြ၏။
အောက်ဘက်တွင်မူ မူလက ဧရာမရေခဲပြင်ကြီးဖြစ်ခဲ့သော ရေကန်မှာ ထိတ်လန့်ဖွယ်ရာ သံလိုက်စက်ကွင်းစတင်လိုက်သည်နှင့်တစ်ပြိုင်နက် ရေငွေ့ပျံသွားပြီး ကမ္ဘာတောင်ဘက်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ဧရာမသက်တံ့ကွင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုရွှေရောင်နှင့် အနက်ရောင် ရောယှက်နေသော လက်ကြီးမြှောက်လိုက်သည်ကို မမြင်ခဲ့ရလျှင် သို့မဟုတ် ခွန်းလွန်မြို့တော်ထက်တွင် ခေတ္တပေါ်ထွက်လာသည့် ကမ္ဘာ၏ အရိပ်ကို မမြင်ခဲ့ရပါက မည်သူမျှ ယုံကြည်နိုင်ကြမည်မဟုတ်ပေ။
၎င်းသည် တကယ်တော့ ယန္တရားစက်ရုပ်ကြီးတစ်ရုပ်ဖြစ်နေသည်။
ဝူး၊၊
ခဲနေသော ရေကန်ကြီး ရေငွေ့ပျံရာမှ ထွက်ပေါ်လာသည့် သက်တံ့ရောင်အလင်းတန်းများမပျောက်ကွယ်မီမှာပင် ဗိုစတော့ရေကန်တွင်းနက်ကြီး၏အထက်မှ ဆီးနှင်းမုန်တိုင်းသည် ရုတ်တရက်အေးခဲသွားပြီး စစ်မြေပြင်တစ်ခုလုံးကို တုန်လှုပ်ဖွယ် တိတ်ဆိတ်ငြိမ်သက်ခြင်းထဲသို့ ကျရောက်သွားစေသည်။
ဒုန်း၊၊
ကမ္ဘာကြီး၏ နှလုံးခုန်သံကဲ့သို့ တုံ့ဆိုင်းသောမြည်ဟိန်းသံတစ်ချက် ကမ္ဘာမြေအောက် အနက်ရှိုင်းဆုံးနေရာမှ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာ၏။ ခွန်းလွန်မြို့တော်ရှိ အသက်ရှင်ကျန်ရစ်သူအားလုံး ထိုတုန်ခါမှုကြောင့် မြေပြင်ပေါ်သို့ ပြိုလဲကုန်ကြသည်။ ရေခဲပြင်ကြီးသည် ပါးလွှာသောဖန်ခွက်ကဲ့သို့ တစ်စစီကွဲအက်သွားပြီး ပင့်ကူအိမ်ကဲ့သို့သော အက်ကြောင်းများမှာ ကီလိုမီတာပေါင်းများစွာအထိ ချက်ချင်းပြန့်နှံ့သွား၏။ ရှေ့တန်းစစ်မျက်နှာရှိ အလောင်းတောင်ကြီးများလည်း တဝုန်းဝုန်းမြည်ဟီးကာ ပြိုကျသွားတော့သည်။ ကမ္ဘာမြေလွှာအောက်မှ ပူပြင်းနီရဲနေသောအလင်းရောင်များသည် အက်ကြောင်းများထဲမှ တိုးထွက်လာပြီး ယန္တရားစက်ရုပ်ကြီး၏ အောက်ပိုင်းကို ချော်ရည်ပူများဖြင့် သွန်းလောင်းထားသည့်အလား လင်းလက်သွားစေသည်။
ဧရာမ အနက်ရောင်အရိပ်ကြီးသည် ဝန်ရိုးစွန်းဒေသ၏ ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်သွား၏။ ၎င်း၏ ဒူးကာသံချပ်ကာတွင် လေထုအိုင်းယွန်းဓာတ်ပြုသွားပြီး မီတာရာပေါင်းများစွာ ကျယ်ပြောသော အပြာဖျော့ရောင် လျှပ်စီးလှိုင်းများစီးဆင်းသွားသည်။ မိုးပျံဂျယ်လီဖစ်ကြီးတစ်ကောင်က ရွေ့လျားလာရင်း မမြင်နိုင်သော စွမ်းအားစက်ကွင်းကြောင့် ချေမှုန်းခံလိုက်ရ၏။ ထီးပုံသဏ္ဌာန်ရှိသော ၎င်း၏ခန္ဓာကိုယ်မှာ အထိမခံသောစက္ကူပန်းပွင့်ကဲ့သို့ တစစီကျိုးပဲ့သွားပြီး အက်ဆစ်များသည် အောက်သို့မကျမီမှာပင် အနီရောင်မြူခိုးများအဖြစ် အငွေ့ပျံသွားသည်။
ယန္တရားစက်ရုပ်ကြီး၏ လက်မောင်းကို မြှောက်လိုက်သည့် ခဏ၌ပင် လေထုအပေါ်လွှာတစ်ခုလုံးသည် လေဝဲကြီးတစ်ခုအဖြစ်ရွေ့လျားသွားပြီး ဆီးနှင်းမုန်တိုင်းသည် လေဆင်နှာမောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ ရွှေနီရောင်လျှပ်စီးကြောင်းများစွာ ထွက်ပေါ်လာတော့သည်။
“အဲဒါ ဘာကြီးလဲ”
“အဲဒါ ဓားကိုင်ဆောင်သူ လင်းရှန်ပဲ”
တင်းမာပြတ်သားသော အသံတစ်ခုက ဆက်သွယ်ရေးလိုင်းထဲမှ ရုတ်တရက် ထွက်ပေါ်လာ၏။
ချန်ဆီရွှမ်နှင့် ကီကီတို့သည် ကောင်းကင်ထက်၌ ပျံသန်းနေကြပြီး ဧရာမယန္တရားစက်ရုပ်ကြီးကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်။
“ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ကြ… ပြီးတော့ မြို့တော်အမှတ် ၁ ကို သီးသန့်ခွဲထုတ်လိုက်”
တိတ်ဆိတ်မြို့တော်၏ ထိန်းချုပ်ခန်းအတွင်း၌ ရှင်းဂျီက ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး အမိန့်များထုတ်ပြန်လိုက်သည်။
ဝူး ဝူး၊၊
ထိုအချိန်တွင် တိတ်ဆိတ်မြို့တော်၊ ဖီးနစ်မြို့တော်၊ ကောင်းကင်အမိုးခုံးရထားနှင့် ကျန်ရှိနေသော ကြယ်သင်္ဘောအချို့၊ မြေပြင်ပေါ်ရှိ သယ်ယူပို့ဆောင်ရေးသင်္ဘောအချို့… အားလုံးလှုပ်ရှားလာကြသည်။
စွမ်းအင်များ ပြန်လည်ရရှိပြီးနောက် ခွန်းလွန်မြို့တော်၏ အလိုအလျောက်လက်နက်များသည် စွမ်းအားပြည့်ပြန်လည်ပတ်လာသော်လည်း မြို့တံတိုင်းအများစုမှာ ပြိုပျက်နေပြီဖြစ်ရာ မြို့တော်က တဖြည်းဖြည်းဆုတ်ခွာနေရလေ၏။
ဤသို့ ကမ္ဘာပျက်မတတ် ထိတ်လန့်ဖွယ်မြင်ကွင်းကြီးအလယ်၌ ကျန်ရှိနေသော ခေါင်းဆောင်အချို့သည် မိမိကိုယ်ကို ကယ်တင်ရန် စတင်ကြိုးစားလာကြသည်။
“ပင်မကွပ်ကဲရေးကို ထိန်းထား… ကျန်တဲ့တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ရေးစွမ်းအားတွေကို ပြန်စုစည်း”
ဗဟိုမျှော်စင်တွင် စခန်းချထားသော ဗိုလ်ချုပ်ကြီး လီဟယ်ပင်းက နောက်ဆုံးပြင်ဆင်မှုများကို အစွမ်းကုန်ပြုလုပ်နေသည်။
“ကယ်ကြပါ”
“ပြေးကြ”
“ရှေ့က ပိတ်မရပ်နဲ့”
“အတွင်းမြို့ရိုးကျိုးသွားပြီ”
အနန္တမဟာမိတ်အဖွဲ့ဘက်တွင် ချန်ဆီရွှမ်က အင်အားများကို ချက်ချင်းစုစည်းလိုက်သည်၊၊
“ငါတို့ မြို့လယ်ကို ဦးတည်ရမယ်၊၊ ရှားရှား... နင်က ငါတို့ကို အကာအကွယ်ပေး”
“ကောင်းပြီ”
အင်ပါယာဆယ်လီမီကာ၏ နျူကလီးယားစွမ်းအင်သုံးအင်ဂျင်ကြီးဟိန်းဟောက်သွားပြီး ပလာစမာဓားကို ဝှေ့ယမ်းကာ ထူးဆန်းသည့် သတ္တဝါကြီးများ၏ အသားစိုင်များကို ခုတ်ပိုင်းလိုက်သည်။
ကောင်းကင်ထက်တွင် ကီကီနှင့် လုရှင်းချန်တို့က စွမ်းအားရှင်အမြောက်အမြားနှင့် ပူးပေါင်းကာ ကောင်းကင်မှ ကျလာသော မွန်းစတားလှိုင်းကို အသေလဲတားဆီးနေကြ၏။
သိပ်မကြာခင် ငရဲဘုံအလား သွေးချောင်းစီးတိုက်ပွဲကြီးပေါက်ကွဲထွက်လာသည်။ ပျက်စီးသွားသော ကြယ်သင်္ဘောကြီးများက မြို့၏ အတွင်းအပြင်နေရာတိုင်း၌ ရှိနေကြ၏။ မရေတွက်နိုင်သောလူများ သေဆုံးဒဏ်ရာရကြသည်။ တောက်လောင်နေသော မီးလျှံများက ရေခဲပြင်များကို အရည်ပျော်စေပြီး နက်ရှိုင်းသော ရေကန်ကြီးများဖြစ်ပေါ်စေသည်။ နှင်းပျော်ရေများနှင့် ရောနှောနေသော အေးခဲနေသော ရေများသည် မြေပြင်တစ်ခုလုံးကို သွေးနီရောင်ပြောင်းလဲသွားစေတော့သည်။
ဝူး၊၊
တိမ်တိုက်များလွင့်ပါးသွားပြီး ကောင်းကင်ယံအောက်တွင် “အိန်ဂျယ် အမှတ် ၃” ရပ်တန့်နေကာ ၎င်း၏ ဧရာမမျက်လုံးကဲ့သို့သော အလင်းတန်းနှစ်ခုသည် အဝေးရှိ ယန္တရားတောင်တန်းကြီးကို စိုက်ကြည့်နေသည့်အလားပင်။
ဂြိုဟ်အဆင့်နှင့် နှိုင်းယှဉ်နိုင်သော ယန္တရားစက်ရုပ်ကြီး၏ အရွယ်အစားနှင့် စွမ်းအင်အဆင့်သည် ထိုအိန်ဂျယ်၏ အာရုံကို ဆွဲဆောင်လိုက်နိုင်သည်မှာ ထင်ရှားနေ၏။
၎င်းသည် လက်ရှိကမ္ဘာမှာ လူသားယဉ်ကျေးမှု၏ နည်းပညာအဆင့်အတန်းမဟုတ်သည်မှာ အသေချာပင်၊၊
ဝူး ဝူး ဝူး၊၊
ဆွဲငင်အားကြောင့် အထက်သို့ လွင့်မျောမှုများဖြစ်ပေါ်လာပြီး အိန်ဂျယ် အမှတ် ၃ က ရုတ်တရက် ငုံ့ကြည့်လိုက်သည်။ တောင်တစ်လုံးကဲ့သို့သော လေထုဖိအားသည် အောက်ဘက်ရှိ ရေခဲပြင်ပေါ်မှ ပူပြင်းသော လေလှိုင်းများကို ပြင်းထန်သော မုန်တိုင်းအဖြစ်သို့ တိုက်ရိုက်တွန်းပို့လိုက်၏။ ထို့နောက် မီတာတစ်သောင်းမြင့်သော ဤသတ္တဝါကြီးသည် ထူးဆန်းသော လွင့်မျောမှုပုံစံဖြင့် တိုင်တန်ဂြိုဟ်ဘက်သို့ ပြင်းထန်သော ဆွဲငင်အားရိုက်ခတ်မှုကို ယူဆောင်လာခဲ့သည်။
“သူတို့ လာပြီ”
ကြယ်နက်ယန္တရားဂြိုလ်အတွင်း၌ လင်းရှန်က ဥက္ကာခဲပျံတစ်ခု၏ အရှိန်အဟုန်ဖြင့် ရောက်ရှိလာသော ကမ္ဘာ့အဆင့်သတ္တဝါကြီးကို ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“မင်းက တတ်လှမ်းခြင်းအဆင့်ကို မရောက်သေးဘူးဆိုတော့ ကာဗွန်အခြေခံသက်ရှိပဲ မဟုတ်လား”
ဝူး၊၊
ကြယ်မှုန်မီးဖိုကြီးက ကမ္ဘာပျက်မတတ်ဟိန်းဟောက်လိုက်ပြီး တိုင်တန်ဂြိုဟ်ထံမှ စွမ်းအင်မြင့်အနီရောင်အလင်းတန်းများ လင်းလက်သွားကာ ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သော လျှပ်စီးကြောင်းများစီးဆင်းသွား၏။
ထို့နောက် တိုင်တန်ဂြိုလ်ကြီးက လက်ငါးချောင်းကို ဖြည်းဖြည်းချင်းဆုပ်လိုက်ပြီး မိုးခြိမ်းသံတစ်ခုနှင့်အတူ အိန်ဂျယ် အမှတ် ၃ ထံသို့ လက်သီးတစ်ချက် တိုက်ရိုက်ထိုးနှက်လိုက်သည်။ ကောင်းကင်ထက်၌ လေထုအပေါ်လွှာရှိ မီးခိုးများနှင့် တိမ်တိုက်များမှာ ပြင်းထန်စွာ လွင့်ပါးသွား၏။ ပြင်းထန်သော သက်ရောက်မှုထိန်းချုပ်စက်ကွင်းသည် ဤကမ္ဘာမြေ၏ ဆွဲငင်အားအောက်တွင် ထိုသတ္တုယန္တရားကြီးကို ထိန်းသိမ်းပေးထားရာ သက်ရှိတစ်ကောင်ကဲ့သို့ သွက်လက်စွာ လှုပ်ရှားနိုင်စေသည်။
အုန်း၊၊
ခွန်းလွန်မြို့တော်မှကြည့်လျှင် လေထုအပေါ်လွှာရှိ ကမ္ဘာဖျက်အဆင့်သတ္တဝါကြီးနှစ်ကောင်သည် ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့ဆုံကြခြင်း ဖြစ်သည်။ နှေးကွေးသည်ဟု ထင်ရသော်လည်း ဂြိုဟ်ကြီးများ တိုက်ခိုက်မိသည့်အလား။ စတင်ချိန်၌ မည်သည့်အသံမျှ မကြားရပေ။ စက္ကန့်ပိုင်းအကြာတွင် တိမ်တိုက်များလွင့်ပါးသွားပြီး ပြင်းထန်သော ရိုက်ခတ်မှုလှိုင်းကြီးက မြေပြင်ကို ပြင်းထန်စွာတုန်ခါသွားစေကာ ကောင်းကင်ထက်သို့ ဖုန်မှုန့်များ မြင့်တက်သွားစေသည်။
လင်းရှန်က လက်သီးတစ်ချက် ထိုးနှက်လိုက်ရာ သူ့၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များမှာ ရူးသွပ်စွာ လောင်ကျွမ်းသွား၏။ သို့သော် အိန်ဂျယ် အမှတ် ၃ ၏ ရှေ့တွင် မှန်ထဲ၌ ကမ္ဘာကြီးကို အပိုင်းပိုင်းခွဲထုတ်လိုက်သည့်အလား ကြည်လင်သော ဧရာမစွမ်းအင်နယ်ပယ်ကြီးတစ်ခုရှိနေသည်ကို သူ တွေ့ရှိလိုက်ရသည်။ ဤမတ်တပ်ရပ်နေသော ဧရာမသတ္တဝါကြီးသည် မည်သည့် ထိခိုက်မှုမျှ မရှိပေ။
သို့သော် ထိုခဏ၌ပင် ဝင်ရိုးစွန်းတိုက်ကြီး၏ ပတ်ဝန်းကျင်၌ အနီရောင်စွမ်းအင်လှိုင်းများကို သယ်ဆောင်ထားသော အမှောင်ဒီရေများသည် အရှိန်မြှင့်လာပြီး အိန်ဂျယ် အမှတ် ၃ ၏ ခန္ဓာကိုယ်အတွင်းသို့ ပြင်းထန်စွာ တိုးဝင်နေသည်ကို လင်းရှန် တွေ့ရှိလိုက်ရသည်။
နောက်ထပ် ခဏ၌ပင် အိန်ဂျယ် အမှတ် ၃ ၏ ရင်ဘတ်ပေါ်ရှိ မျက်လုံးများက ရုတ်တရက် လင်းလက်လာပြီး ရွှေရောင်အလင်းတန်းတစ်ခုကို တိုင်တန်ဂြိုဟ်ကြီး၏ ရှေ့တည့်တည့်သို့ ပစ်လွှတ်လိုက်တော့သည်။
ဖျတ် ဖျတ် ဖျတ်၊၊
တိုင်တန်ဂြိုဟ်၏ကြီး၏ရှေ့တွင် AT လျှပ်စစ်ဒိုင်းကာအမြောက်အမြား ချက်ချင်းလင်းလက်သွား၏။ ဆက်တိုက်ထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများကြောင့် တိုင်တန်ဂြိုလ်ကြီး၏ စွမ်းအင်များဝန်ပိသွားပြီး ၎င်း၏ နောက်ကွယ်တွင် နီရဲသော လျှပ်စီးကြောင်းများကို ထုတ်လွှတ်လိုက်ရသည်။
“အဲဒါက မျှော်စင်ယဉ်ကျေးမှုရဲ့ စွမ်းအင်တွေကို စုပ်ယူထားတာမို့လို့ ဒီစွမ်းအင်က ကုန်မှာမဟုတ်ဘူး”
ချူယန်၏အသံက ထွက်ပေါ်လာသည်၊၊ လင်းရှန် အနည်းငယ်တင်းမာသွား၏။
“ဒါဆိုရင် ငါတို့ အရှိန်မြှင့်ရမယ်၊၊ သွေးနီရောင်က ဒီဧရိယာကို ဖုံးအုပ်သွားရင် နောက်ထပ်အခွင့်အရေးရှိတော့မှာ မဟုတ်ဘူး”
ဝူး၊၊
တိုင်တန်ဂြိုဟ်ကြီးက အိန်ဂျယ် အမှတ် ၃၏ စွမ်းအားနယ်ပယ်ကို ထိုးနှက်ထားသည့် ညာလက်သီးကို ပြန်ရုတ်လိုက်ပြီး ဖျက်အားပြင်းအလင်းတန်းကို တားဆီးကာ ဒုတိယမြောက်လက်သီးချက်ကို ထိုးနှက်လိုက်သည်။
“အသင့်ပြင်ထား”
“ဆွဲငင်အား... ချေမှုန်းခြင်း”
ဝူး၊၊
ယန္တရားစက်ရုပ်၏ ဧရာမလက်မောင်းမှာ ပေါက်ကွဲအရှိန်မြှင့်သွားပြီး ပစ်စတင်များတုန်ခါသွားကာ အိန်ဂျယ် အမှတ် ၃၏ ကာကွယ်ရေးနယ်ပယ်ကို နောက်တစ်ကြိမ် ထိမှန်သွားခဲ့သည်။ သို့သော် ဤအကြိမ်တွင် အချင်းမီတာတစ်ထောင်ကျော်ရှိသော ဖိနှိပ်ထားသည့် တွင်းနက်ကြီးတစ်ခုက ၎င်း၏ လက်သီးရှေ့တွင် ချက်ချင်းထွက်ပေါ်လာပြီး အကာကွယ်နယ်ပယ်၏ အမှောင်စွမ်းအင်များကို လှုပ်ရှားသွားစေသည်။ ထို့နောက် ထိုတွင်းနက်သည် အဖြူရောင်အလင်းအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပြီး ဧရာမစွမ်းအင်အစုအဝေးကြီးကို အရှေ့သို့ ထုတ်လွှတ်လိုက်တော့သည်။
ဘစ်ဇ်၊၊
စူပါနိုဗာပေါက်ကွဲမှုကြီးတစ်ခုကဲ့သို့ ဒြပ်ထုများ ဒလဟောစီးဆင်းသွားပြီး ဇီဝစွမ်းအားနယ်ပယ်အလွှာများကို တိုက်ရိုက်ထိုးဖောက်သွားကာ အိန်ဂျယ် အမှတ် ၃၏ ရင်ဘတ်အတွင်း၌ အချင်းမီတာရာပေါင်းများစွာရှိသော ပူပြင်းသည့် အပေါက်ကြီးတစ်ခုကို ပေါက်ကွဲသွားစေခဲ့သည်။ ဒြပ်ထုများစီးဆင်းမှုသည် ကောင်းကင်ယံအထိ စီးဆင်းသွားပြီး စွမ်းအင်တုန်ခါမှုအမြောက်အမြားကို ဖြစ်ပေါ်စေခဲ့၏။ ထိုအချိန်တွင် လူတိုင်းလည်း မီတာတစ်သောင်းအမြင့်ရှိ ကောင်းကင်ကို ဖုံးအုပ်ထားသည့် မမြင်နိုင်သော လှောင်အိမ်အတားအဆီးမှာ စွမ်းအင်တုန်ခါမှုအောက်၌ စက္ကန့်ပိုင်းမျှ လင်းလက်သွားသည်ကို သာမန်မျက်စိဖြင့် တပ်အပ်မြင်တွေ့လိုက်ကြရသည်။
သို့သော် ထိုလှောင်အိမ်မှာ ထိခိုက်မှု အလွန်နည်းပါးလှ၏။ ခဏမျှ လင်းလက်သွားပြီးနောက် ပြန်လည်ပျောက်ကွယ်သွားကာ လုံးဝကြည်လင်သွားပြန်သည်။
သို့သော် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသော အသက်ရှင်ကျန်ရစ်သူတိုင်းသည် မျှော်လင့်ချက်မဲ့သောရှုပ်ထွေးမွန်းကျပ်မှုကို ခံစားလိုက်ကြရသည်။ ထိုမျှလောက် ထင်ရှားနေသော လှောင်အိမ်ကြီးမှာ ကမ္ဘာပျက်သည့်နေ့တည်းက လူသားများထွက်ပြေးခြင်းမှ တားဆီးရန် ပိတ်ဆို့ထားခဲ့ခြင်း ဖြစ်သည်။
“အောင်မြင်သွားတာလား”
အိန်ဂျယ် အမှတ် ၃၏ ရင်ဘတ် ထိုးဖောက်ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ လူအချို့ အသက်ရှူမှားသွားကြသည်။
သို့သော် ထူးဆန်းသောအရာတစ်ခုဖြစ်ပျက်သွားခဲ့၏။ မြေပြင်ပေါ်ရှိ အသားစိုင်တောင်ကြီးများနှင့် ကောင်းကင်မှ သွေးနီရောင်များစီးဆင်းလာသည်နှင့်အမျှ အိန်ဂျယ် အမှတ် ၃ ၏ ခန္ဓာကိုယ်ပေါ်ရှိ အပေါက်ကြီးမှာ သာမန်မျက်စိဖြင့်မြင်နိုင်သော အရှိန်အဟုန်ဖြင့် အလျင်အမြန် ပြန်လည်ကောင်းမွန်လာသည်။ ထို့အပြင်ပြန်ကောင်းသွားသော ရင်ဘတ်မှ မိုးပျံဂျယ်လီဖစ်၏ အဆိပ်ပြင်းလက်တံကြီးအချို့ထွက်ပေါ်လာပြီး လေထုထဲ၌ ဆက်တိုက်ရွေ့လျားလာကြသည်။
“ဖုတ်ကောင်သိုးထိန်းလိုပဲ… အသွေးသားတွေကို စုပ်ယူပြီး ပြန်လည်ကောင်းမွန်နိုင်တယ်”
“ဒါတင်မကဘူး… မျိုးနွယ်တူချင်းဝါးမျိုတာနဲ့ အချက်အလက်တွေကို မျှဝေနိုင်ပြီး ဝိသေသလက္ခဏာတွေကို ပေါင်းစပ်နိုင်တယ်၊၊ ပြီးတော့ ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ စွမ်းရည်တွေကိုလည်း စုပ်ယူနိုင်တယ်”
“နောက်တစ်ကြိမ်”
ရုတ်တရက် ထိုးဖောက်ခံလိုက်ရသော အိန်ဂျယ် အမှတ် ၃ သည် လှုပ်ရှားမှုများ နှောင့်နှေးသွားခြင်းမရှိပေ။ ၎င်း၏ အလင်းတန်းများထုတ်လွှတ်မှုမှာ လျှော့ပါးမသွားဘဲ ဧရာမ လက်သည်းကြီးနှစ်ခုကို မြှောက်ကာ ရှေ့သို့ ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။ အောက်ဘက်ရှိ ခွန်းလွန်မြို့တော်မှ လူများသည် ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သည့်အလား ခံစားလိုက်ရ၏။ ဝှေ့ယမ်းနေသော ဧရာမလက်သည်းကြီးများသည် တိုင်တန်ဂြိုဟ်ကြီး၏ ခန္ဓာကိုယ်နှင့် လင်းရှန်၏ AT ဒိုင်းကာများထံသို့ တည့်တိုးဝင်သွားပြီး တိုင်တန်ဂြိုလ်ကြီး ဒူးထောက်ထားသော ရေခဲပြင်ကြီးမှာ မီတာရာပေါင်းများစွာ ရှည်လျားသော ရေခဲပြင်ချောက်ကမ်းပါးကြီးအဖြစ် ချက်ချင်းကွဲအက်သွားတော့သည်။
“အား”
လင်းရှန် က လက်မောင်းများကို မြှောက်လိုက်ရာ ကြယ်နက်ယန္တရားဂြိုလ်မှ စွမ်းအင် အားလုံးသည် လက်မောင်းရှေ့ရှိ AT ဒိုင်းကာအတွင်းသို့ စုစည်းသွားပြီး ဆက်တိုက်ထွက်ပေါ်နေသော အလင်းတန်းများကို တားဆီးလိုက်သည်။
အပူချိန်သည် လေထုထဲ၌ ဆက်တိုက်မြင့်တက်လာပြီး ပူပြင်းသောလေလှိုင်းများသည် ရေခဲနှင့် နှင်းများကို ရူးသွပ်စွာ အရည်ပျော်စေကာ ရေခဲပြင်တစ်ခုလုံးကို နိမ့်ဆင်းသွားစေသည်။
“ကြယ်နက်ယန္တရားဂြိုလ်ကြီးရဲ့ စွမ်းအင်အဆင့်က အပြာရောင်ဂြိုလ်နဲ့ နေရဲ့ စွမ်းအင်တွေကို ရယူထားတဲ့ မျှော်စင်လူသားတွေကို မယှဉ်နိုင်ဘူး၊၊ ဒီတိုင်းဆက်သွားလို့ မရဘူး၊၊ ငါတို့ ထိုးနှက်ချက်ကြီးကြီးမားမားပေးရမယ်”
ချူယန်က ပြောလိုက်သည်။
“ငါ သိတယ်”
လင်းရှန်က အံကြိတ်ကာ ပြောလိုက်၏။
“သီအိုရီအရဆို ကြယ်နက်ယန္တရားဂြိုလ်က ပိုမြင့်မားတဲ့ ဒိုင်မေးရှင်းလူသားတွေရဲ့ နည်းပညာပုံကြမ်းနဲ့ ကမ္ဘာကြီးရဲ့ ယန္တရားဖန်တီးမှုတွေကို ပေါင်းစပ်ထားတဲ့ စူပါနည်းပညာထုတ်ကုန်တစ်ခုပဲ၊၊ ပြင်းထန်တဲ့ သက်ရောက်မှုထိန်းချုပ်စက်ကွင်းပါတဲ့ တိုင်တန်ဂြိုဟ်ကြီးကို ဖန်တီးနိုင်တာက နောက်ဆုံးအကန့်အသတ်ပဲ၊၊ ဒိုင်မေးရှင်းတွေကို ကျော်လွန်နိုင်တဲ့စွမ်းအား လုံးဝမရှိဘူး၊၊ မျှော်စင်ယဉ်ကျေးမှုက ဒိုင်မေးရှင်းပေါင်းစည်းခြင်းကို ပြီးစီးသွားတာနဲ့ လုံးဝဒိုင်မေးရှင်းလျှော့ချတဲ့ တိုက်ခိုက်မှုဖြစ်လာလိမ့်မယ်”
ထိုသို့သော အခြေအနေမျိုး၌ တန်ချိန် သန်း ၁၈၀ ရှိသော တိုင်တန်ဂြိုဟ်ကြီးမကလို့ ဘီလီယံ ၁၈၀ ပင် ဖြစ်ပါစေ…. ဘာအဓိပ္ပာယ်မှ ရှိတော့မည်မဟုတ်ပေ။ ဧရာမဆင်ကြီးတစ်ကောင်ပင်လျှင် ဖျက်အားပြင်းသေနတ်နှင့် ရင်ဆိုင်ရပါက သေဆုံးရမည်သာဖြစ်သည်။
လင်းရှန်က ထိုအရာကို အတိအကျသိရှိထားရာ သွေးနီရောင်များ လုံးဝဖုံးလွှမ်းမသွားမီ ဤကမ္ဘာ့အဆင့်သတ္တဝါကြီးကို အနိုင်ယူရမည်ဖြစ်သည်။