အခန်း (၁၂၂၉)
Vol. 80 (End) Ch. 1229
Chapter 1229
အဆုံးသတ် (၃)
ဝှစ်၊ ဝှစ်၊၊
ငွေရောင်စက်လုံးပုံယာဉ်တစ်စီးသည် ရေခဲပြင်နှင့်ကပ်၍ လျင်မြန်စွာ ပျံသန်းလာခဲ့ရာ အမှောင်ထုထဲမှ လင်းလက်နေသည့် တစ်ခုတည်းသောကြယ်ပွင့်လေးပမာ မွန်းစတားများနှင့် လူသားအလောင်းများကို ကျော်ဖြတ်ကာ တိုက်တန်ဂြိုဟ်ကြီး၏ အကြွင်းအကျန်များထံ ဦးတည်သွားနေ၏။
ထိုစက်လုံးပုံယာဉ်သည် လေထု၏ ခုခံမှုကို မခံရသကဲ့သို့ အလွန်ပင် လျင်မြန်လှပြီး စက္ကန့်ပိုင်းအတွင်း၌ပင် တိုက်တန်ဂြိုလ်ကြီး၏ ခြေရင်းရှိ နှင်းပြင်သို့ ရောက်ရှိသွားသည်။ ထို့နောက် စက်လုံးပုံယာဉ်မှ လေပြင်းတစ်ချက်မှုတ်ထုတ်လိုက်ရာ နှင်းများကို လွင့်ထွက်သွားစေပြီး အောက်တွင် နစ်မြုပ်နေသော အလောင်းတစ်လောင်းပေါ်ထွက်လာ၏။
ချူယန်၏ ယန္တရားခန္ဓာကိုယ်မှာ သုံးပိုင်းဖြစ်နေပြီး အေးခဲနေသော မျက်နှာမှာ ကောင်းကင်သို့ မော့ကြည့်နေဆဲရှိကာ သူမ၏ လက်နှစ်ဖက်သာလျှင် ဝါယာကြိုးအနည်းငယ်ဖြင့် အထက်ပိုင်းခန္ဓာကိုယ်နှင့် ဆက်နွှယ်နေလေသည်။
ငွေရောင်စက်လုံးပုံယာဉ်သည် လျင်မြန်စွာ ပျံသန်းလာပြီး လေဆာဖြင့် ချူယန်၏ ဦးခေါင်းခွံကို ဖြတ်တောက်ကာ အတွင်းမှ အမျိုးအမည်မသိသော မည်းနက်နေသောသတ္တုတစ်ခုကို ထုတ်ယူလိုက်သည်။
ဒေါက် ဒေါက်၊၊
မာကျောသောရေခဲပြင်ထက်တွင် ဖိနပ်သံတစ်ခုထွက်ပေါ်လာပြီး နှင်းမုန်တိုင်းထဲမှ လှပသောအမျိုးသမီးပုံရိပ်တစ်ခုက ဖြည်းညှင်းစွာ ပေါ်ထွက်လာ၏။
ဟွာရှောင်လင်းက သူမ၏ လက်များကို အိတ်ကပ်ထဲ ထည့်ထားပြီး ချူယန်၏ အလောင်းနှင့် သိပ်မဝေးသောနေရာသို့ တည်ငြိမ်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ရှင့်ရဲ့ အသက်စွမ်းအားက ကျွန်မမျှော်လင့်ထားတာထက် အများကြီးသာလွန်နေတာပဲ။ လူသားတစ်ယောက်အနေနဲ့ ဒီလိုစွမ်းဆောင်နိုင်တာကိုတော့ ကျွန်မတကယ်လေးစားမိတယ်”
ခရက် ခရက်၊၊
နှင်းများစုပုံလာပြီး လေတိုက်လိုက်စဉ် တစ်ဝက်တစ်ပျက်ပျက်စီးနေသော စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု ထော့နဲ့ထော့နဲ့ဖြင့် ထွက်ပေါ်လာ၏။ ပျက်စီးနေသော စွမ်းအားဝတ်စုံတွင် ခန္ဓာကိုယ်အပူချိန်ကို ထိန်းသိမ်းရန် စွမ်းအင်အနည်းငယ်မျှသာကျန်ရှိတော့သည်။
သူက ချူယန်၏ အလောင်းထံသို့ လျှောက်သွားကာ လက်ကိုမြှောက်၍ စွမ်းအားဝတ်စုံကို ပိတ်လိုက်ရာ မီးပွားများထွက်နေသည့် သံချပ်ကာအပိုင်းအစများမှာ မြေပြင်ပေါ်သို့ တချွင်ချွင်အသံများနှင့်အတူ ပြုတ်ကျသွား၏။ စွမ်းအင်အလင်းတန်းများမှာ မှိန်ဖျော့သွားပြီးနောက် လုံးဝပျောက်ကွယ်သွားလေသည်။
“ငါလည်း မင်းကို လေးစားပါတယ်။ မင်းကိုယ်တိုင် မရှင်သန်နိုင်ရင်တောင် လူသားတွေအတွက် အကြီးအကျယ်ပံ့ပိုးပေးထားသလို ပြုမူနေတာပဲ”
ယခုအချိန်တွင် လင်းရှန်၏ ဘယ်ဘက်ခြေထောက်မှာ မီးလောင်ကျွမ်းနေပြီး မျက်နှာတစ်ဝက်မှာလည်း မီးလောင်ဒဏ်ရာကြီးများဖြင့် သွေးများယိုစီးကျနေ၏။ သူသည် ပိန်ချုံးနေသော သေခါနီးစာခြောက်ရုပ်ကဲ့သို့ မတ်တပ်ရပ်နေပေသည်။
“ဘဝဆိုတာ အဓိပ္ပာယ်မရှိပါဘူး”
ဟွာရှောင်လင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
“ကျွန်မအနေနဲ့ပြောရရင်တော့ ဒါက ရှင်မသေခင် ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်တာနဲ့ ရှင်တို့ရဲ့ ဆက်လက်တည်ရှိနေတဲ့ ယဉ်ကျေးမှုကို အကဲဖြတ်တာပဲရှိတာပါ”
လင်းရှန်က သူမကို ကြည့်လိုက်သည်။
“မင်း လုပ်ခဲ့တဲ့အရာတွေက နောက်ထပ်လူသားယဉ်ကျေးမှုတစ်ခုကို ထာဝရတည်တံ့စေမယ်လို့ မင်းထင်နေတာလား”
“ကျွန်မက အဲဒီလောက်မကြီးမြတ်ပါဘူး။ နိမ့်ကျတဲ့ ဒိုင်မန်းရှင်းလူသားတွေအနေနဲ့ သမိုင်းမှာ လုပ်ဆောင်သင့်တဲ့ ပံ့ပိုးမှုအချို့ကိုပဲ ကျွန်မလုပ်ခဲ့တာပါ။ ပုရွက်ဆိတ်အိမ်တစ်ခုကို ဖျက်ဆီးလိုက်တာက ပုရွက်ဆိတ်တွေ မျိုးတုံးသွားစေမှာ မဟုတ်ဘူးဆိုတာ ရှင်နားလည်သင့်ပါတယ်” ဟွာရှောင်လင်းက ပြော၏။
လင်းရှန်က ပြုံးလိုက်သည်၊၊
“ဒါဟာ အမှန်တော့ မျိုးရိုးဗီဇသိပ္ပံပညာရှင်တစ်ယောက်အနေနဲ့ မင်းလက်ခံနေတဲ့ အယူအဆအမှားတစ်ခုပဲ”
“အယူအဆအမှားဟုတ်လား”
“ဟုတ်တယ်၊၊ ကိုယ့်မျိုးနွယ်အပေါ် စိတ်ခံစားချက်အရ အသိအမှတ်ပြုတာဟာ သာမန်လူတွေမှာပဲရှိတယ်။ မျိုးရိုးဗီဇသိပ္ပံပညာရှင်တစ်ယောက်အနေနဲ့ အချိန်ကာလကို ကျော်လွန်ပြီး ကိုယ့်မျိုးနွယ်ဖြစ်နေတဲ့သူတွေဟာ တကယ်တမ်း ကမ္ဘာခြားယဉ်ကျေးမှုကလာတယ်ဆိုတာကို မင်းအသိဆုံးဖြစ်ရမယ်”
“ဒါဆို မရင်းနှီးတဲ့ယဉ်ကျေးမှုတစ်ခုက ကျွန်မတို့ကို ဘာလို့အကူအညီပေးရမှာလဲ” ဟွာရှောင်လင်းက ပြန်လည်မေးခွန်းထုတ်လိုက်သည်။
“ဘာလို့လဲဆိုတော့ ငါတို့ရဲ့ အကူအညီမပါရင် ဖောင်ဒေးရှင်းမရှိနိုင်ဘူး၊ ကြယ်သင်္ဘောနည်းပညာမရှိနိုင်ဘူး၊ ချူကျောက်နန်ရဲ့ ရှေ့တန်းစီမံကိန်းမရှိနိုင်သလို ပိုမြင့်မားတဲ့ ဒိုင်မန်းရှင်းလူသားတွေလည်းမရှိနိုင်လို့ပဲ”
“ဒါဟာ အချိန်ကာလကွဲလွဲမှုပဲ”
“ဒါဟာ အချိန်ကာလကွဲလွဲမှုပဲ သေချာပေါက်ဖြစ်မှာပါ” လင်းရှန်က ပြော၏။
“ဖီးနစ်လုပ်သမျှကို ငါ လုံးဝနားလည်ပါတယ်။ ဒါပေမဲ့ အချို့အရာတွေက လူသားတွေရဲ့ နားလည်နိုင်စွမ်းထက်လွန်နေတယ်”
ဟွာရှောင်လင်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်၊၊
“ကျွန်မတို့အတွက်တော့ ဒါက ဘေးအန္တရာယ်မဟုတ်သလို လူသားတွေအားလုံး စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရုံနဲ့ အနိုင်ရနိုင်တဲ့ကံကြမ္မာလည်းမဟုတ်ဘူး။ ဒီစိတ်ခံစားမှုဆိုင်ရာရှုထောင့်ကနေကြည့်ရင် ပရိုတွန်ဖန်တီးလည်ပတ်သူအဖြစ် ရှင့်ကိုရွေးချယ်ခဲ့တာ ကျွန်မတို့ အရမ်းကံကောင်းခဲ့တာပဲ။ ရှင်နဲ့ သေဆုံးသွားခဲ့တဲ့သူတွေဟာ ဒီလိုဘေးအန္တရာယ်နဲ့ရင်ဆိုင်ရချိန်မှာ လူသားမျိုးနွယ်ရဲ့ အကောင်းဆုံးအရည်အသွေးတွေကို ပြသခဲ့ကြတယ်။ ဒါပေမဲ့ ရှင့်ကို ပြောရဦးမယ်… မျှော်စင်လူသားတွေ ဒါမှမဟုတ် ပိုမြင့်မားတဲ့ ဒိုင်မန်းရှင်းလူသားတွေက ဒါကို သတိမထားမိကြသလို ခံစားလို့လည်းမရကြဘူး”
လင်းရှန်က အမှောင်ထုထဲမှ နှင်းမုန်တိုင်းကို လေးနက်စွာ ကြည့်လိုက်၏။
“ဒါဆိုရင်— ဒါတွေက ငါတို့ ကောင်းကင်အကာကွယ်ကနေ ထွက်ပြေးတာကို တားဆီးတာနဲ့ ဘာဆိုင်လို့လဲ”
ဟွာရှောင်လင်းက လင်းရှန်ကို ကြည့်လိုက်၏။
“ဒါဟာ အမိန့်တစ်ခုပဲ”
“ဒါပေမဲ့ ငါတို့ ထွက်ပြေးခဲ့တာပဲ”
ဟွာရှောင်လင်း၏ မျက်လုံးများဖျော့တော့သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ဟင့်အင်း”
လင်းရှန်၏ မျက်နှာအမူအရာက အနည်းငယ်ပြောင်းလဲသွား၏။
ဟွာရှောင်လင်းက ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။
“မျှော်စင်ယဉ်ကျေးမှုက လူသားယဉ်ကျေးမှုထက် ပိုမြင့်မားပြီး နည်းပညာတွေကို အမြန်သင်ယူနိုင်တယ်။ ရှင်တို့ကို ထွက်ပြေးခွင့်ပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ နည်းလမ်းတစ်ခုကို သူတို့သုံးပြီးသွားရင် ဒုတိယအကြိမ်ပြန်သုံးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ရှင်တို့နဲ့ ကျွန်မအပါအဝင် ထွက်ပြေးတဲ့သူတွေအားလုံး… သေဆုံးရလိမ့်မယ်လို့ ကျွန်မ အတော်လေးစိတ်မကောင်းဖြစ်ပေမယ့် ပြောရလိမ့်မယ်”
သူမက လက်ပတ်နာရီကို ငုံ့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်၏။
“အခုအချိန်ရဆိုရင်တော့ သူတို့အားလုံးသေဆုံးနေလောက်ပြီ”
“ရှေ့တန်းစီမံကိန်းတုန်းက အပြင်အာကာသမှာ ကြုံတွေ့ခဲ့ရတဲ့ အမှောင်မုန်တိုင်းကို ရှင်မမှတ်မိတော့ဘူးလား” ဟွာရှောင်လင်းက ပြောလိုက်၏။
“အဲ့ဒါက မျှော်စင်ယဉ်ကျေးမှုရဲ့ ဒုတိယမြောက်ကာကွယ်ရေးအလွှာပဲ”
လင်းရှန် နှုတ်ဆိတ်သွားသည်။
“ရှင် အရမ်းအံ့သြသွားပုံမရဘူးပဲ”
ဟွာရှောင်လင်းက ဆက်ပြောသည်၊၊
“ဩော်… ရှင်က အဲဒါကိုတွေးမိပြီးသားထင်တယ်”
လင်းရှန်က ချူယန်၏ အလောင်းထံသို့ ဖြည်းဖြည်းချင်းလျှောက်သွားကာ လက်ကိုဆန့်၍ သူမ၏ အေးစက်နေသော မျက်နှာကို ပွတ်သပ်ပေးရင်း တိုးတိုးလေးရေရွတ်လိုက်၏။
“ဟုတ်ပါတယ်… မင်းတို့က ငါတို့ကို ဘာလို့ထွက်ပြေးခွင့်ပေးမှာလဲ—"
“ငါတို့ ယန္တရားနှလုံးသားကို ဒီလောက်ကြိုးကြိုးစားစားမွေးမြူခဲ့တာ ရှေ့တန်းစီမံကိန်းတစ်ခုတည်းအတွက်ပဲလား။ ဒီလိုဆိုရင်လည်း— ရှေ့တန်းစီမံကိန်းက အောင်မြင်သွားခဲ့ပြီပဲ၊၊ ဒါဆို ဘာလို့ ငါတို့ကို ကမ္ဘာကနေ ထွက်ပြေးတာကို တားဆီးနေရတာလဲ”
“ကျွန်မပြောခဲ့တယ်လေ… ဒါက အမိန့်တစ်ခုပါလို့”
“အမိန့်တစ်ခုဆိုတာ ငါသိတယ်၊ ဒါပေမဲ့ မေးခွန်းက ဘာကြောင့်လဲ”
လင်းရှန်က ပြန်ချေပလိုက်သည်။
“ဘာကြောင့် လူသားတွေအားလုံး မျိုးတုံးသေဆုံးရမှာလဲ။ ငါ အကြိမ်ပေါင်းများစွာ စဉ်းစားခဲ့တယ်၊၊ နောက်ဆုံးမှာ အဆုံးသတ်တစ်ခုကိုပဲ ရောက်နိုင်ခဲ့တယ်”
သူက ဟွာရှောင်လင်းကို မော့ကြည့်လိုက်၏။
“အဲဒါက… ငါတို့ရဲ့ တည်ရှိမှုဟာ ပိုမြင့်မားတဲ့ ဒိုင်မေးရှင်းလူသားတွေအတွက် ခြိမ်းခြောက်မှုဖြစ်နေလို့ပဲ”
ဟွာရှောင်လင်းက အေးစက်စွာ ပြုံးလိုက်ပြီး
“ရှင်က မျှော်စင်ယဉ်ကျေးမှုကိုတောင် မကိုင်တွယ်နိုင်ဘဲနဲ့ ရှင်တို့ထက် ယဉ်ကျေးမှုအဆင့် အများကြီးသာလွန်တဲ့ ပိုမြင့်မားတဲ့ဒိုင်မေးရှင်းလူသားတွေကို ခြိမ်းခြောက်မှုဖြစ်စေနိုင်တယ်လို့ ထင်နေတာလား”
“ငါတို့က သူတို့ကို သေချာပေါက်ခြိမ်းခြောက်မှုမဖြစ်စေပါဘူး၊၊ သူတို့အတွက် ခြိမ်းခြောက်မှုက အခြားဖြစ်တည်မှုတွေဆီက လာတာပဲ”
လင်းရှန်က ဟွာရှောင်လင်းကို တည်ငြိမ်စွာ ကြည့်ရင်း မေးလိုက်သည်၊၊
“ငါပြောတာ မှန်တယ်မလား”
ဟွာရှောင်လင်း တိတ်ဆိတ်သွား၏။
လင်းရှန်က သူမကို စိုက်ကြည့်ရင်းဆက်ပြောလိုက်သည်။
“ငါ့မှာ အချိန်အတော်ကြာအောင်စဉ်းစားလို့မရခဲ့တဲ့ မေးခွန်းတစ်ခုအမြဲရှိခဲ့တယ်၊၊ ဘာလို့ မင်းက ငါနဲ့ ချူယန်ကို အထူးပရိုတွန်တွေ ထည့်သွင်းထားတာကိုသိနေတဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးခဲ့ရတာလဲ”
“ကမ္ဘာပျက်ကပ်မှာ လူသားတွေကို ကယ်တင်နိုင်တဲ့ ဒီလိုစွမ်းအားကြီးတဲ့ ကိရိယာကို ဖုံးကွယ်ထားတာဟာ ထူးဆန်းလွန်းတယ်”
“တစ်နေ့မှာတော့ ငါ ရုတ်တရက်နားလည်သွားခဲ့တယ်”
သူသည် ဟွာရှောင်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဘာလို့လဲဆိုတော့ လူသားတွေကို ကယ်တင်မယ့် ဒီတာဝန်မှာ ပိုမြင့်မားတဲ့ ဒိုင်မေးရှင်းလူသားတွေရဲ့ ရပ်တည်ချက်မရှိသင့်ဘူး၊၊ ငါတို့က သူတို့ကို ရန်သူတွေအဖြစ်မဟုတ်ဘဲ ကယ်တင်ရှင်တွေအဖြစ်လည်း သဘောထားလို့မရဘူး။ ဒါကြောင့် ငါ ဒီလိုတွေးလေလေ၊ မင်းတို့ရဲ့ လိုအပ်ချက်တွေနဲ့ ပိုကိုက်ညီလေပဲ”
“မှန်တယ် မဟုတ်လား”
“အဲ့လိုပဲဆိုရင်ကော…”
ဟွာရှောင်လင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် တင်းမာသွားပြီး မေးလိုက်သည်။
“ရှင်က ဘာပြောချင်တာလဲ”
“ငါ တွေးနေတာ… ဖြစ်နိုင်ခြေတစ်ခုများရှိမလား”
လင်းရှန်က ဟွာရှောင်လင်းကို ကြည့်လိုက်၏။
“ဒီအထူးပရိုတွန်နှစ်ခုကို စတင်ကတည်းက လူသားတွေကို ကယ်တင်ဖို့အတွက် ရည်ရွယ်ခဲ့တာမဟုတ်ဘူး”
ဟွာရှောင်လင်းက သူမ၏ မျက်လုံးများကို အနည်းငယ် မှေးလိုက်သည်၊၊
“ရှင်က ဘာလို့ အဲဒီလိုထင်တာလဲ”
“ဘာလို့လဲဆိုတော့ မင်းက ငါ့ကို အသက်ရှင်လျက်ထားလို့ပဲ”
လင်းရှန်က ပြော၏။
“ငါက ယန္တရားမှုနှလုံးသား အဆင့် ၉ ရောက်တဲ့အထိ ရှင်သန်ရမယ်၊၊ ဒါမှ ငါက ကြယ်မှုန်မီးဖိုကို စတင်နိုင်မယ်၊၊ ငါ့ရဲ့ တိုက်တန်ဂြိုဟ်ပေါ်မှာပဲ အာရုံစိုက်နိုင်မယ်၊ ဘလက်ခ်အမ်ဘဲလားစီမံကိန်းကနေတစ်ဆင့် ထွက်ပြေးချင်တဲ့ လူသားတွေရဲ့ စိတ်ဆန္ဒအားလုံးကို ဖြတ်တောက်နိုင်မယ်၊ လူသားတွေရဲ့ နောက်ဆုံးစွမ်းအားကို မီးရှို့ဖျက်ဆီးနိုင်မယ်။ ရူပဗေဒမှာတော့ ဒါကို အန်ထရိုပီလျှော့ချရေးယန္တရားလို့ခေါ်တယ်”
“ငါသာ တိုက်တန်ဂြိုဟ်ကို အသုံးပြုခဲ့ရင် ကြယ်နက်ယန္တရားဂြိုလ်ကို တည်နေရာကူးပြောင်းပြီး တစ်ယောက်တည်းထွက်ပြေးဖို့ ရွေးချယ်မှာ မဟုတ်ဘူး။ ငါက အမြဲတမ်း ဒါဟာ ရွေးချယ်ခွင့်ရှိတယ်လို့ ထင်ခဲ့တာ… ဒါပေမဲ့ မဟုတ်ခဲ့ဘူး။ ငါသာ ကြယ်နက်ယန္တရားဂြိုလ်ကို တည်နေရာကူးပြောင်းဖို့ ရွေးချယ်ခဲ့ရင် မင်းက အမြဲတမ်း ငါ့တည်နေရာကို အဝေးကနေ ထောက်လှမ်းနိုင်သလိုမျိုး ငါ့ရဲ့ ယန္တရားနှလုံးသားကိုလည်း အဝေးကနေ ဖျက်ဆီးနိုင်မယ့်နည်းလမ်းရှိမှာပဲ… ငါပြောတာ မှန်တယ်မဟုတ်လား”
ဟွာရှောင်လင်းက လင်းရှန်ကို အဓိပ္ပာယ်များစွာပါသောအကြည့်ဖြင့် ကြည့်လိုက်၏။
“ဉာဏ်ပညာနဲ့ အသိပညာဟာ ဘေးအန္တရာယ်ရဲ့ အစပဲ။ ကျွန်မကို ယုံပါ… ဒါက ကောင်းတဲ့အရာ မဟုတ်ဘူး”
လင်းရှန် ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်၊၊ ဒါကြောင့် ငါ အချိန်အကြာကြီးစဉ်းစားခဲ့တယ်၊၊ ယဉ်ကျေးမှုအကြိုမြင်ကွင်းစက်လုံးထဲက ချူယန်ရဲ့ ကျန်ရှိနေတဲ့ အသိစိတ်ကို သုံးပြီး မျှော်စင်ယဉ်ကျေးမှုမြင်ကွင်း ၁၀၃၆ ကို ကြည့်ရှုပြီးတဲ့ နောက်ဆုံးမှာတော့ ပိုမြင့်မားတဲ့ ဒိုင်မေးရှင်းလူသားတွေဟာ ဘာလို့ အသက်ရှင်နေတဲ့လူတစ်ယောက်ကိုမှ ကမ္ဘာဂြိုဟ်ကနေ ထွက်ခွာခွင့်မပေးချင်ရတာလဲဆိုတာ နောက်ဆုံးမှာနားလည်သွားခဲ့တယ်”
“ဘာလို့လဲဆိုတော့ မျှော်စင်ယဉ်ကျေးမှုက သူတို့ကိုယ်တိုင်နဲ့ ပိုမြင့်မားတဲ့ ဒိုင်မေးရှင်းယဥ်ကျေးမှုထက် အများကြီးသာလွန်တဲ့ ထိပ်တန်းယဉ်ကျေးမှုတစ်ခုရဲ့ အမဲလိုက်ခြင်းခံခဲ့ရလို့ပဲ။ သူတို့ အမဲလိုက်ခံရတဲ့ အကြောင်းရင်းက ယဉ်ကျေးမှုလှိုင်းတစ်ခုကို ဖန်တီးခဲ့လို့ပဲ။ သူတို့က အဲ့ဒီထိပ်တန်းယဉ်ကျေးမှုရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး မျှော်စင်ယဉ်ကျေးမှုကပျက်စီးသွားခဲ့ပြီး အလောင်းကောင်တစ်ခုဖြစ်နေခဲ့တယ်။ အခုရှိသမျှ အရာအားလုံးဟာ အမှန်တော့ သူတို့ရဲ့ Deep Blue AI က ကမ္ဘာဂြိုဟ်ကို သုံးပြီး ယဉ်ကျေးမှုကို ပြန်လည်ပုံဖော်နေတာပဲ။ အဲဒါကြောင့် ငါတို့က ဖန်တီးထားတဲ့ သန္ဓေပြောင်းသတ္တဝါအချို့ကိုပဲမြင်နိုင်ပြီး တကယ့် မျှော်စင်လူသားတွေကို မမြင်နိုင်တာပဲ”
“ဒါကြောင့် ပိုမြင့်မားတဲ့ ဒိုင်မေးရှင်းလူသားတွေက ငါတို့ ထွက်ပြေးသွားရင် ယဉ်ကျေးမှုလှိုင်းတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေကြတာပဲ၊၊ စွမ်းအားကြီးတဲ့ ယဉ်ကျေးမှုတစ်ခုက မျှော်စင်ယဉ်ကျေးမှုမျိုးမတုံးသေးဘူးဆိုတာကို ရှာဖွေတွေ့ရှိပြီး ပြန်ရောက်ရှိလာဖို့ ဘီလီယံပုံ တစ်ပုံပဲရှိရင်တောင်မှပေါ့။ အဲဒီယဉ်ကျေးမှုဟာ အချိန်အတိုင်းအတာကိုလွန်မြောက်နေတယ်၊ မျှော်စင်ယဉ်ကျေးမှုကို လိုက်ရှာနေတုန်းမှာ ရှေ့တန်းစီမံကိန်းကြောင့် ထွက်ပြေးလွတ်မြောက်ပြီး ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့ ပိုမြင့်မားတဲ့ဒိုင်မန်းရှင်းလူသားတွေကို သူတို့ တွေ့ရှိသွားနိုင်တယ်။ တောရိုင်းဥပဒေအရဆိုရင်တော့ သူတို့က—”
“အချိန်ဖြစ်စဥ်ကနေ ဖျက်ဆီးပစ်လိမ့်မယ်”
“ဒါဟာ ငါတို့ကို မတွန်းလှန်ပဲ…. လိုလိုလားလားသေဆုံးစေချင်တဲ့ တကယ့်အကြောင်းရင်းပဲ”
လင်းရှန်၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေပြီး ဟွာရှောင်လင်းကို စိုက်ကြည့်ရင်း မျက်လုံးများတွင် ကျေနပ်သည့် အပြုံးဖြင့်
“ငါ ပြောတာ မှန်တယ်မလား၊၊ ကြီးမြတ်တဲ့ သိပ္ပံပညာရှင်ကြီး”
ဟွာရှောင်လင်းက လင်းရှန်ကို အံ့အားသင့်စွာ စိုက်ကြည့်နေ၏။ အတော်ကြာပြီးနောက် သူမသည် ရုတ်တရက် ပြုံးလိုက်သည်၊၊
“လင်းရှန်… ကျွန်မတို့ တကယ်ပဲ လူရွေးမမှားခဲ့ပါဘူး။ ရှင်က အရမ်းတော်တာပဲ”
သူမ၏ အကြည့်များ အေးစက်သွားပြီး လင်းရှန်ကို တည်ငြိမ်စွာ ပြောလိုက်၏။
“ဒါပေမဲ့ ရှင်က ငွေကျည်ဆံကိုသုံးဖို့ မကြိုးစားပါနဲ့လို့ ကျွန်မအကြံပေးချင်တယ်။ ကျွန်မတို့က ယန္တရားနှလုံးသားကို ထိန်းချုပ်နိုင်တယ်ဆိုတာ ရှင်သိထားမှတော့ ကျွန်မက ရှင့်ရဲ့အသက်ကို စက္ကန့်ပိုင်းအတွင်းအဆုံးသတ်နိုင်တယ်ဆိုတာ ရှင်သိရမယ်။ အခုတိုင်းဆိုရင် ကျွန်မတို့ စကားပြောလို့ရပါသေးတယ်။ ကျွန်မ အရင်ကပြောခဲ့သလိုပဲ၊ မသေခင် ကိုယ့်ကိုယ်ကိုယ်ပြန်လည်သုံးသပ်တာဟာလည်း ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်တွေထဲက တစ်ခုပါပဲ”
လင်းရှန်က ခေါင်းခါလိုက်၏။
“ဟင့်အင်း… ငါ တော်လို့မဟုတ်ပါဘူး၊၊ တစ်ယောက်ယောက်က ငါ့ကို သတိပေးခဲ့လို့ပါ”