← Chapters

အခန်း (၈၂၉-၈၃၀)

Vol. 70 Ch. 829-830

အခန်း (၈၂၉-၈၃၀)

Vol. 70 Ch. 829-830

အခန်း(၈၂၉)

လွယ်ကူတဲ့ ကစားပွဲလို့ ထင်ထားခဲ့ပေမဲ့ သူတို့ထင်ထားတာထက် အများကြီး ပိုခက်ခဲနေမှန်း သိလိုက်ရတဲ့အခါ ဘရောင်းဘလဒ် ဝံပုလွေလူသားတွေအားလုံး လုံးဝ တိတ်ဆိတ်သွားခဲ့တယ်။ သူတို့က ရိုက်လှည့်ရောက်တိုင်း Home run ရမယ်လို့ မျှော်လင့်ထားခဲ့ပေမဲ့ ပထမဆုံး ဝံပုလွေလူသား Strikeကစားသမား နှစ်ယောက်စလုံးက Base တစ်ခုကိုတောင် တက်မသွားနိုင်ခဲ့ဘူးလေ။ ပြီးတော့ အခုဆိုရင် ဒီ Inning မှာ Out တစ်ခုပဲ ကျန်တော့တာပဲ။

"ဒါ ဘာကြီးလဲ"

"ဘောလုံးက ရုတ်တရက်ကြီး ကျသွားတာ၊ လမ်းကြောင်းပြောင်းသွားတာပဲ။ ဒါ လူသားတွေ အရမ်းဂုဏ်ယူနေတဲ့ မှော်ပညာပဲ ဖြစ်ရမယ်"

"မဟုတ်ဘူး၊ တကယ်လို့သာ မှော်ပညာဆိုရင် ငါတို့ ဝံပုလွေလူသားတွေရဲ့ အာရုံခံနိုင်စွမ်းက ဒါကို သိရှိပြီး ကြိုတင်ခန့်မှန်းနိုင်မှာပေါ့"

Curve ball တစ်လုံးက သူတို့ရဲ့ အစီအစဉ်တွေအားလုံးကို ကမောက်ကမ ဖြစ်သွားစေခဲ့တယ်။ ဝံပုလွေလူသားတွေဖြစ်တဲ့ သူတို့က ဘောလုံးပစ်ရာမှာ အကောင်းဆုံးနည်းလမ်းဆိုတာ ရိုက်လို့မရနိုင်တဲ့ ဒုံးကျည်တစ်စင်းလိုမျိုး အားအပြင်းဆုံး ပစ်ပေါက်လိုက်တာပဲလို့ ထင်ထားခဲ့ကြတာလေ။

ဒါက သူတို့အတွက်တော့ အလိုအလျောက် သိမြင်နိုင်တဲ့ အရာမဟုတ်ခဲ့ဘူး။ လမ်းကြောင်းပြောင်းသွားတဲ့ ဘောလုံးတွေကို ပစ်ဖို့ဆိုတာ ခွန်အားတစ်ခုတည်းသာမက လက်ချောင်းတွေရဲ့ ကွေးညွှတ်နိုင်စွမ်းကိုပါ လိုအပ်တဲ့ သိမ်မွေ့မှုနဲ့ နည်းစနစ်တွေ အများကြီး လိုအပ်တာပဲ။

ဝံပုလွေလူသားတွေက သူတို့ရဲ့ သားကောင်တွေကို လက်သည်းတွေနဲ့ ဆုတ်ဖြဲရာမှာ ကျွမ်းကျင်ကြပေမဲ့ ဘောလုံးကို လက်ထဲမှာ ထူးထူးဆန်းဆန်း ကိုင်တွယ်ရတဲ့ အလုပ်မျိုးကိုတော့ အသားမကျကြဘူးလေ။

ဒါကြောင့် အဲဒီ Curve ball ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ သူတို့ ဘယ်လောက်ပဲ ကြိုးစားကြပါစေ နောက်ဆုံးမှာ တတိယမြောက် STRIKER နေရာယူလာချိန်အထိ သူတို့ ဘာမှန်းမသိ ဖြစ်နေဆဲပဲ။

အကြီးအကဲ လူပန်က ရှေ့ကို ထွက်လာပြီး ရှီနာနဲ့ ချာလီတို့ကို ခေါင်းညိတ်ပြလိုက်တယ်။

ရုတ်တရက် ဘေ့စ်ဘောကွင်းတစ်ခုလုံး ခြောက်ကပ်တည်ငြိမ်သွားပြီး ပရိသတ်တွေကြားမှာ မျှော်လင့်ချက်တွေ ပြည့်နှက်သွားခဲ့တယ်။ လူပန်ဆိုတာ ဘယ်သူလဲ။ သူက သူတို့ မျိုးနွယ်စုတစ်ခုလုံးမှာ အသန်မာဆုံး ဝံပုလွေလူသားဖြစ်တဲ့ သူတို့ရဲ့ အကြီးအကဲလေ။ တကယ်လို့ ဒီနေရာမှာ ဘောလုံးကို ရိုက်နိုင်မယ့်သူ တစ်ယောက်ယောက်ရှိမယ်ဆိုရင် အဲဒီသူက သူပဲ ဖြစ်ရမယ်။

သေချာတာကတော့ ဒီဘေ့စ်ဘောကစားပွဲအတွက် အကြီးအကဲ လူပန်က သူ့ရဲ့ ခွန်အားကို ဘောလုံးပစ်သူ ချာလီရဲ့ ကျင့်စဉ်အဆင့်နဲ့ ညီမျှတဲ့ ဒုတိယအဆင့် တာအိုအထိပဲ ကန့်သတ်ထားခဲ့တယ်။

ဒါပေမဲ့ အဲဒီလို ကန့်သတ်ထားရင်တောင် အကြီးအကဲ လူပန်က သန်မာရုံသက်သက် မဟုတ်ဘူး။ သူက ဉာဏ်ကောင်းပြီး သိမြင်နားလည်လွယ်တယ်။ ဘေးနားကနေ စောင့်ကြည့်နေရင်း ချာလီရဲ့ လက်ထဲကနေ ဘောလုံး ထွက်သွားတာနဲ့ တစ်ပြိုင်နက် ဘောလုံးရဲ့ ရွေ့လျားမှု အတိအကျကို သူ မြင်တွေ့နိုင်ခဲ့တယ်။

သူမရဲ့ လက်ခလယ်နဲ့ လက်ညှိုးက ဘောလုံးရဲ့ ချုပ်ရိုးတစ်လျှောက်မှာ ဘယ်လိုမျိုး ရှိနေပြီး အောက်ဘက်ကနေ လက်မက ထောက်ခံပေးထားတာကို သူ မြင်တွေ့ခဲ့တယ်။

လက်ချောင်းတစ်ချောင်းချင်းစီက ဘောလုံး ကွေးသွားစေဖို့ ဘယ်လိုမျိုး လှုပ်ရှားမှုကို ဖန်တီးလိုက်တယ်ဆိုတာကို သူ တိတိကျကျ မြင်လိုက်ရတာပဲ။

သန္ဓေဝိညာဉ် နယ်ပယ်က မက်ဂ်နက်တစ် တစ်ယောက်နဲ့ ညီမျှတဲ့ သူ့ရဲ့ အစစ်အမှန် ကျင့်စဉ်အဆင့်နဲ့ဆိုရင် ဒီလောက် မြန်ဆန်တဲ့ လှုပ်ရှားမှုထဲက အသေးစိတ်အချက်အလက်တွေကို မြင်တွေ့ရတာက အလွန်ကို လွယ်ကူနေခဲ့တယ်။

သူမရဲ့ ဘောလုံးပစ်ချက်ကို ခွဲခြမ်းစိတ်ဖြာဖို့ သူ့ရဲ့ အစစ်အမှန် စွမ်းအားကို အသုံးပြုတာဟာ လိမ်လည်တာဖြစ်တယ်လို့ အချို့က ပြောကောင်းပြောနိုင်ပေမဲ့ သူတို့ ချမှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီတယ်လို့ သူကတော့ ဆိုလိမ့်မယ်။ သူက ကစားပွဲ ကစားနေချိန်မှာသာ သူ့စွမ်းအားကို ကန့်သတ်ထားမယ်လို့ ပြောခဲ့တာဖြစ်ပြီး ကစားသမားတွေ နားနေတဲ့နေရာကနေ ကြည့်နေချိန်မှာလို့ မပြောခဲ့ဘူးလေ။

ဒါကြောင့် ချာလီက သူမရဲ့ ပစ်ချက်ကို ပြင်ဆင်နေချိန်မှာ အကြီးအကဲ လူပန်က ဘာဖြစ်လာမလဲဆိုတာကို ကြိုသိနေခဲ့တယ်။

"ကြိုးစားထား အကြီးအကဲ"

"ငါတို့တတွေ ဒီလူသားတွေကို အရှုံးပေးလို့ မဖြစ်ဘူး"

"လပေါ် ရောက်သွားတဲ့အထိ ဝေးဝေးကိုသာ ရိုက်ပစ်လိုက်"

ဘေးနားက အော်ဟစ်အားပေးသံတွေအားလုံးကို လျစ်လျူရှုရင်း ချာလီက ရှီနာရဲ့ လက်အိတ်တွေဆီကို ဘောလုံးကို လျှပ်စီးလိုအမြန်နှုန်းနဲ့ ပစ်လွှတ်လိုက်တယ်။

ဘောလုံး အောက်ဘက်ကို ကွေးဆင်းသွားမယ့်အခြေအနေကို ကြိုတင်ခန့်မှန်းရင်း အကြီးအကဲ လူပန်က သူ့ရဲ့ ရိုက်ချက်ကို စတင်လိုက်တယ်။

ဒါပေမဲ့ ဘောလုံးက စတင်လည်ပတ်သွားချိန်မှာ တိုက်ရိုက် အောက်ကို ကွေးဆင်းသွားမယ့်အစား ရုတ်တရက်ကြီး ဘယ်ဘက်ကို ကြမ်းကြမ်းတမ်းတမ်း ကွေ့ထွက်သွားခဲ့တာမို့ ဘောလုံးက အကြီးအကဲ လူပန်ရဲ့ ဘေ့စ်ဘောရိုက်တံကို ကျော်လွန်သွားခဲ့တော့တယ်။

ရိုက်တံရဲ့ အနေအထားမကျတဲ့နေရာကို ထိမိသွားတာမို့ ဘောလုံးက အနောက်ဘက်ကို လွင့်ထွက်သွားပြီး Foul ball ဖြစ်သွားခဲ့တယ်။

အကြီးအကဲ လူပန်က ချာလီကို စိုက်ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထက်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။

'ဒါက တစ်ခုတည်းသော လမ်းကြောင်းပြောင်းတဲ့ ပစ်ချက် မဟုတ်ဘူးပဲ'

"ဘာလဲ၊ ဘောလုံးက လမ်းကြောင်း ထပ်ပြောင်းသွားပြန်ပြီ"

"ဒီလူသားတွေက သူတို့ရဲ့ ပစ်ချက်တွေနဲ့ လှည့်စားနေတာပဲ။ သူတို့ မှော်ပညာကို သုံးနေတာလို့ ငါ ရဲရဲကြီး ကျိန်ပြောရဲတယ်"

"ကျစ်... အဲဒီဘောလုံးတွေကို ခန့်မှန်းရတာ ပိုပိုပြီး ခက်ခဲလာပြီ"

ကောင်းမွန်တဲ့ ဘောလုံးပစ်သူတစ်ယောက် ဘာလုပ်နိုင်လဲဆိုတာကို တစ်စွန်းတစ်စ မြင်တွေ့လိုက်ရပြီးတဲ့နောက် ဝံပုလွေလူသားတွေက သူတို့အနေနဲ့ ဘေ့စ်ဘောကစားပွဲကို လုံးဝ အထင်သေးထားခဲ့မိမှန်း စတင် သဘောပေါက်လာကြတယ်။ သန့်စင်တဲ့ ခွန်အားသက်သက်နဲ့ သူတို့ ကစားပွဲကို အနိုင်ရမှာ မဟုတ်ဘူးလေ။ ဒီအတွက် သူတို့မှာ ဉာဏ်ရည်ဉာဏ်သွေးလည်း လိုအပ်နေတာပဲ။ ပြီးတော့ အခုချိန်မှာ သူတို့က ပရော်ဖက်ရှင်နယ် MLB ကစားသမားတွေအသင်းကို ယှဉ်ပြိုင်ကစားနေကြတဲ့ လူငယ်လိဂ်က ကလေးတစ်စုနဲ့ တူနေခဲ့တယ်။

ဘောလုံးကို ပြန်လည်ရယူပြီးတာနဲ့ ကစားပွဲကို ပြန်စလိုက်တယ်။

သူမရဲ့ လက်ထဲကို ဘောလုံး ပြန်ရောက်လာတာနဲ့ ချာလီက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူမရဲ့ ဘယ်ဘက်ခြေထောက်ကို မြှောက်လိုက်ကာ နောက်ထပ် ပစ်ချက်တစ်ခုကို ပစ်လွှတ်ဖို့ သူမရဲ့ ခန္ဓာကိုယ်ကို လှည့်လိုက်တယ်။

ဘောလုံးက သူမရဲ့ လက်ထဲကနေ ထွက်ခွာသွားပြီး ရှီနာရဲ့ လက်အိတ်ထဲကို တိုက်ရိုက် ရောက်သွားခဲ့တယ်။

"Strike"

ဘောလုံးပစ်သူက မမျှော်လင့်ထားတဲ့ နောက်ထပ် Curve ball တစ်ခုကို ပစ်လိမ့်မယ်လို့ ထင်ထားတာမို့ အကြီးအကဲ လူပန်က ဘောလုံးကို လွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ချာလီက ရိုးရှင်းတဲ့ အမြန်ဘောလုံးတစ်လုံးကို အလယ်တည့်တည့်ဆီ ပစ်လွှတ်လိုက်တာပဲ။

"ဟို ဟိုး" လို့ လူပန်က ရယ်မောလိုက်တယ်။ ဒီလို ရုပ်ပိုင်းဆိုင်ရာ ကစားပွဲတစ်ခုက စိတ်ပိုင်းဆိုင်ရာအရ ဒီလောက် စိန်ခေါ်မှု များလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူးလေ။ သူနဲ့ ဘောလုံးပစ်သူကြားက စိတ်ပိုင်းဆိုင်ရာ ကစားကွက်တွေက သူ အရင်က ရင်ဆိုင်ခဲ့ဖူးတဲ့ ဘယ်တိုက်ပွဲလောက်မဆို ပြင်းထန်ပြီး ကြမ်းတမ်းနေခဲ့တယ်။

ဒါက သူ့ရဲ့ ဦးနှောက်ကို အမြင့်ဆုံးအထိ လှုံ့ဆော်ပေးနေခဲ့တာပဲ။

ဒါကြောင့် ဘောလုံးတွေကို သူ လိုချင်သလို မရိုက်နိုင်ခဲ့ရင်တောင် အကြီးအကဲ လူပန်က ဘေ့စ်ဘောရိုက်တံကို ကိုင်ထားရတာကို ပျော်ရွှင်နေခဲ့တယ်။

"လာလေ" လို့ သူက စိန်ခေါ်လိုက်ပြီး ချာလီ့ဆီကို ရိုက်တံနဲ့ ရန်စသလို လွှဲယမ်းပြလိုက်တယ်။

သဟဇာတကိုယ်ပွားက အဲဒီလို လှောင်ပြောင်မှုကို တုံ့ပြန်ခြင်းမရှိဘဲ ပစ်ချက်အတွက် သူမကိုယ်သူမ ရိုးရိုးရှင်းရှင်းပဲ ပြင်ဆင်လိုက်တယ်။

ထို့နောက် ပြင်ဆင်မှုတစ်ခုနဲ့အတူ သူမက ဘောလုံးကို အလယ်တည့်တည့်ဆီ တိုက်ရိုက် ပစ်လွှတ်လိုက်တယ်။

သူမက အရင်တစ်ခုနဲ့ တူညီတဲ့ ပစ်ချက်ကို လုပ်တော့မှာပဲ။ ရဲတင်းလိုက်တာ။

ဒီတစ်ကြိမ်မှာတော့ အကြီးအကဲ လူပန်က သူ့ရဲ့ ဘေ့စ်ဘောရိုက်တံကို လွှဲရိုက်လိုက်ပေမဲ့ နောက်ဆုံးစက္ကန့်မှာပဲ ဘောလုံးက အရင်ကထက် သိသိသာသာ ပိုနှေးကွေးသွားမှန်း သူ သဘောပေါက်လိုက်တယ်။

သူ့ရဲ့ ပြီးပြည့်စုံတဲ့အချိန်ကိုက်မှုက အရမ်းစောလွန်းနေခဲ့တာပဲ။

ဘောလုံးက တင်းပုတ်ရဲ့ အစွန်းဆုံးနေရာကို ထိသွားတာမို့ နောက်ထပ် Foul ball တစ်ခုအဖြစ် ဘယ်ဘက်အဝေးဆီ လွင့်ထွက်သွားခဲ့တယ်။

အခုတော့ ရလဒ်က ၂-၀ ဖြစ်သွားပြီ။ နောက်ထပ် Strike တစ်ခုပဲ လိုတော့ပြီး သူ Out သွားတော့မှာပဲ။

"ဟား ဟား ဟား ဟား ဟား" လို့ အကြီးအကဲ လူပန်က ရယ်မောလိုက်တယ်။ "ဒါက ပျော်စရာကောင်းသားပဲ"

ထို့နောက် ချာလီက ဘောလုံးကို ညာဘက်ဆီ ကွေးထွက်သွားအောင် ပစ်လိုက်တယ်။

ဝံပုလွေလူသား အကြီးအကဲက သူ့ရဲ့ တင်းပုတ်ကို လွှဲရိုက်လိုက်ပြီး ဘောလုံးကို ထိသွားတာမို့ ညာဘက်အဝေးဆီကို နောက်ထပ် Foul ball တစ်ခုအဖြစ် လွင့်ထွက်သွားစေတယ်။

နောက်ပစ်ချက်ကလည်း အတူတူပဲ။ ချာလီက ပစ်လိုက်ပြီး အကြီးအကဲ လူပန်က Foul ball အဖြစ် လွင့်ထွက်သွားအောင် လုပ်လိုက်တာပဲ။

ရီနေးတားနိုင်ငံသား တွေက Inning ကို အဆုံးသတ်ဖို့ နောက်ထပ် Strike တစ်ခုပဲ လိုအပ်တော့ပေမဲ့ အကြီးအကဲ လူပန်က ဘောလုံးကို အဆက်မပြတ် ထိအောင် ရိုက်နေခဲ့ပြီး ဘယ်တစ်ခုကမှ ကစားကွင်းထဲကို ရောက်မသွားခဲ့ဘူး။

ဒါက ဘောလုံးပစ်သူအတွက်တော့ တော်တော်လေး စိတ်ပျက်စရာကောင်းနေခဲ့တယ်။

"ဟားဟား... သူက ချာလီ့ကို သူမရဲ့ လှည့်ကွက်တွေအားလုံး ထုတ်သုံးလာအောင် လုပ်ဖို့ ကြိုးစားနေတာပဲ" လို့ မိုက်ကယ်က သဘောပေါက်သွားတယ်။

ဝံပုလွေလူသား အကြီးအကဲက ဆက်ပြီး ရိုက်ခွင့်ရဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ Foul ball တွေကို ရိုက်နေတဲ့ပုံပဲ။ ပစ်ချက်တစ်ခုစီတိုင်းနဲ့အတူ သူက သူမရဲ့ ကစားဟန်နဲ့ ပိုပိုပြီး ရင်းနှီးလာခဲ့တာမို့ သူမရဲ့ နောက်ထပ်ပစ်ချက်ကို ကြိုတင်ခန့်မှန်းနိုင်လာတာလေ။

ဒါက သူ့အတွက် အလွန် ဉာဏ်ကောင်းတဲ့ လုပ်ရပ်ပဲ။ မိုက်ကယ်အနေနဲ့ အကြီးအကဲတစ်ယောက်ဆီကနေ ဒီထက်လျော့နည်းပြီး မမျှော်လင့်ထားသင့်ဘူးလေ။

အခုတော့ ဒီလို အဆက်မပြတ်ဖြစ်နေတဲ့ Foul ball တွေဆီကနေ အကျိုးအမြတ်ရနေတာ သူ တစ်ယောက်တည်း မဟုတ်ဘူး။ နားနေဆောင်ထဲက ဝံပုလွေလူသားတွေကလည်း ချာလီရဲ့ ပစ်ချက်တွေထဲက Curve ball တွေ၊ slider တွေနဲ့ change-up တွေနဲ့ ဖြည်းဖြည်းချင်း အသားကျလာနေကြပြီ။ အတိုချုပ်ပြောရရင် ရီနေးတားနိုင်ငံသား တွေရဲ့ အားသာချက်က ဖြည်းဖြည်းချင်း လျော့ကျလာနေပြီး ဝံပုလွေလူသားတွေက ဖြည်းဖြည်းချင်း ခြေရည်တူလာနေကြတာပဲ။

အဲဒီလိုသာ ဖြစ်လာခဲ့ရင် ဘရောင်းဘလဒ်တွေရဲ့ သဘာဝခွန်အားက ဒီကစားပွဲမှာ သူတို့ကို အသာစီးရသွားစေလိမ့်မယ်။

"Inning ကို အဆုံးသတ်ရမယ့် အချိန်ရောက်ပြီ" လို့ မိုက်ကယ်က သူ့ဘာသာ တီးတိုးရေရွတ်လိုက်တယ်။

ပြီးတော့ စိတ်ချင်းဆက်သွယ်လိုက်တဲ့ အမိန့်တစ်ခုနဲ့အတူ ချာလီက သူမ ဘာလုပ်ရမယ်ဆိုတာကို နားလည်သွားခဲ့တယ်။

သူမက ရှီနာ့ကို အချက်ပြရင်း ခေါင်းညိတ်ပြလိုက်တယ်။ အဖြူရောင် အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်းကလည်း သူမ ဘာကို ဖမ်းရမယ်ဆိုတာကို နားလည်သွားပြီး ခေါင်းပြန်ညိတ်ပြလိုက်တယ်။

"Home run တစ်ခုအတွက် အချိန်ကျပြီ" လို့ အကြီးအကဲ လူပန်က ကြေညာလိုက်တာမို့ ဘေးနားကနေ စောင့်ကြည့်နေကြတဲ့ ဘရောင်းဘလဒ်တွေဆီကနေ ကြီးမားကျယ်လောင်တဲ့ အော်ဟစ်အားပေးသံတွေ ထွက်ပေါ်လာစေခဲ့တယ်။

ချာလီက သူမရဲ့ ပစ်ချက်ကို ပြင်ဆင်လိုက်ပြီး နောက်ထပ်တစ်ကြိမ် အလယ်တည့်တည့်ဆီ တိုက်ရိုက် ပစ်လွှတ်လိုက်တယ်။ curve မပါဘူး၊ change-up မပါဘူးလေ။

* * * * * * * *

စာစဉ်(၇၀)

အခန်း(၈၃၀)

အကြီးအကဲ လူပန် ပြုံးလိုက်တယ်။ သူက ချာလီဆီက ပစ်ချက်ပေါင်းများစွာကို မြင်ဖူးထားတာမို့ အဲဒီအရှိန်ပြင်းပြင်း လာနေတဲ့ဘောလုံးမှာ ဖုံးကွယ်ထားတဲ့ လှည့်ကွက်တွေ မရှိဘူးဆိုတာ သူ သိနေတယ်။ သူ့အတွက် Home run ရိုက်ဖို့ အတိအကျ ကွက်တိပြင်ပေးထားသလိုမျိုး ဘောလုံးက အလယ်တည့်တည့်ကနေ ဖြောင့်တန်းစွာ ဝင်လာခဲ့တာလေ။

"ကျေးဇူးပဲ" လို့ သူက ပြောလိုက်ရင်း ကြွက်သားတွေ ဖောင်းကြွလာတဲ့အထိ အားယူကာ စတင်ရိုက်ချလိုက်တယ်။

အညိုရောင်အမွေးတွေက သူ့ရဲ့အရေပြားပေါ်မှာ စတင်ထွက်ပေါ်လာပြီး သူ့ရင်ဘတ်က လပြည့်ဝန်း တက်တူးကလည်း လမင်းရဲ့ စွမ်းအင်တွေနဲ့အတူ တောက်ပလာခဲ့တယ်။

သူ့ရဲ့ ကိုယ်ပိုင် ဧရာမ ဝံပုလွေအသွင် စွမ်းအားကို ထုတ်ယူလိုက်တဲ့အခါမှာတော့ အကြီးအကဲ လူပန်ရဲ့ နဂိုတည်းက ကြီးမားလှတဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ဟာ ပိုပြီးတော့တောင် ကြီးမားတဲ့ အခြေအနေတစ်ခုဆီ မြင့်တက်သွားခဲ့ပြီး သာမန်ရူပဗေဒသဘောတရားတွေနဲ့ ရရှိနိုင်တဲ့ အတိုင်းအတာထက် ကျော်လွန်သွားခဲ့တော့တယ်။

အကြီးအကဲ လူပန်ရဲ့ အရေပြားပတ်လည်က လေဟာနယ်ကပါ ကွေးညွှတ်လာခဲ့ပြီး အဲဒီလှိုင်းဂယက်တွေက သူ့ကိုယ်လုံးပတ်လည်မှာ ဖြစ်ပေါ်နေတဲ့ လည်ပတ်အားကို အပြည့်အဝ ပုံဖော်ပေးနေတယ်။

ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို အသုံးပြုရာမှာ သူ ပါရမီပါကြောင်းက သူ့အလိုလို ပြသနေခဲ့တယ်။ အချက်အနည်းငယ် ရိုက်ရုံနဲ့တင် သူ့ရဲ့ ရိုက်ချက်နည်းစနစ်က ပရော်ဖက်ရှင်နယ် အားကစားသမားအဆင့်အထိ တက်သွားခဲ့ပြီး အဲဒီထက်တောင် ကျော်လွန်သွားနိုင်သလို ဝံပုလွေလူသားတစ်ယောက်က ဘေ့စ်ဘော ကိုသာ စိတ်နှစ်ထားခဲ့မယ်ဆိုရင် ရရှိလာနိုင်တဲ့ အဆင့်တစ်ခုအထိ ဖြစ်သွားနိုင်တယ်။

ပြီးတော့ အကြီးအကဲ လူပန် သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ချိန်မှာ လှိုင်းဂယက်တွေက အမှတ်တစ်ခုတည်းဆီ စုဆုံသွားခဲ့ပြီး အဲဒီအမှတ်ကို ဘေ့စ်ဘော ကျွမ်းကျင်သူတွေက Sweet spot လို့ ခေါ်ကြလိမ့်မယ်။

အဲဒီအမှတ်က အရှိန်ပြင်းဘောလုံးရဲ့ လမ်းကြောင်းနဲ့ ကွက်တိကျသွားခဲ့တယ်။

အကြီးအကဲ လူပန်က ဒီဘောလုံးကို ကွင်းပြင်ပရောက်သွားအောင် ရိုက်ဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူး။ မဟုတ်ဘူး၊ သူက လမင်းကြီးဆီ ရောက်သွားအောင် ရိုက်ထုတ်ဖို့ ရည်ရွယ်ထားတာပါ။ သူတို့ရဲ့ ကိုးကွယ်ရာအရှင်အတွက် ပူဇော်ဖို့ ဒါထက် ပိုသင့်တော်တာ ဘာရှိဦးမှာလဲ။

နောက်ဆုံးတော့ ဘေ့စ်ဘောရိုက်တံနဲ့ ဘောလုံး ထိခါနီးမှာပဲ အကြီးအကဲ လူပန်က ရိုက်ချက်ထဲကို အရာအားလုံး ပုံအောထည့်လိုက်တယ်။

ဒါပေမဲ့ နောက်ဆုံးအခိုက်အတန့်မှာတင် ဘောလုံးက ရပ်တန့်သွားခဲ့တယ်။

ဘောလုံးက အရှိန်လျော့သွားတာ မဟုတ်ဘူး။ ဘေ့စ်ဘောရိုက်တံရဲ့ လွှဲရိုက်တဲ့ လမ်းကြောင်းနဲ့ တစ်လက်မအကွာမှာတင် နေရာမှာတင် အသေရပ်သွားခဲ့တာပါ။

လွှဲရိုက်နေတဲ့ တစ်ဝက်မှာတင် အကြီးအကဲ လူပန်က ဘောလုံးရဲ့ အသွင်အပြင်ကို အလွန် ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရတယ်။

သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။

ချုပ်ရိုးတွေကြားမှာ တွဲလောင်းချိတ်ထားတဲ့ သံတုံးငယ်တစ်ခု ရှိနေပြီး သူ့အလယ်ဗဟိုမှာတော့ ပိုသေးငယ်တဲ့ ဒေါင်လိုက်တုံးတစ်ခုကို ချိတ်ဆက်ထားတယ်။

အဲဒီအရာက ဘယ်လောက်ပဲ သေးငယ်နေပါစေ ဘောလုံးရဲ့ ဆွဲငင်အားဗဟိုချက်ကို ပျက်ပြားစေပြီး လေထဲမှာ ရွေ့လျားမှုကို ကမောက်ကမဖြစ်စေမယ်ဆိုတာ သူတောင် သိနေတယ်။

အဲဒီတော့မှ ဒါက စွမ်းရည်တစ်ခုဆိုတာ သူ နားလည်သွားခဲ့တယ်။ ဒါက လက်တွေ့သဘာဝကို ဆန့်ကျင်နေတာလေ။

ဒါပေမဲ့ နောက်ကျသွားခဲ့ပြီ။ သူ့ရဲ့ မယုံနိုင်လောက်အောင် ပြင်းထန်တဲ့ ရိုက်ချက်ကနေ ထွက်လာတဲ့ အဟုန်က သူ့အတွက် ကျရှုံးမှု ဖြစ်လာခဲ့တယ်။ ဘောလုံးနဲ့မတူဘဲ သူက အဟုန်ကို မရပ်တန့်နိုင်ခဲ့ဘူး။ ထိပ်ဖျားက ဘောလုံးကို တစ်လက်မအလိုမှာ လွဲချော်သွားခဲ့တယ်။

စက္ကန့်ဝက်ကြာပြီးနောက် အကြီးအကဲ လူပန်ရဲ့ ဘေ့စ်ဘောရိုက်တံ လွှဲထွက်သွားတာနဲ့ တစ်ပြိုင်နက် ဘောလုံးက သူ့ရဲ့ အဟုန်ကို ပြန်လည်စတင်လိုက်ပြီး ရှီနာရဲ့ လက်အိတ်ထဲကို တိုက်ရိုက် ပစ်ဝင်သွားခဲ့တော့တယ်။

Strike

အကြီးအကဲ လူပန်က လွှဲရိုက်တဲ့ပုံစံအတိုင်း ရှိနေစဉ်မှာပဲ ဘေ့စ်ဘောကွင်းကြီးထဲမှာ တိတ်ဆိတ်မှုက လွှမ်းမိုးသွားခဲ့တယ်။ သူ့ခန္ဓာကိုယ်ပတ်လည်မှာ ပေါက်ရောက်နေတဲ့ အမွေးတွေက အရေပြားထဲ ပြန်ဝင်သွားပြီး သူ့ကြွက်သားတွေလည်း လျော့ကျသွားတယ်။

ပွဲကို စောင့်ကြည့်နေကြတဲ့ ဘရောင်းဘလဒ် ဝံပုလွေလူသားတွေက လုံးဝကို အံ့ဩမှင်တက်သွားကြတယ်။

သူ Out သွားခဲ့ပြီ။ အကြီးအကဲ လူပန်က 1st Base ကိုတောင် မရောက်နိုင်ခဲ့ဘူး။

"အခု ဘေ့စ်ဘော အကြောင်း ခင်ဗျား ဘယ်လိုထင်လဲ" လို့ မိုက်ကယ်က ကွင်းဘေးကနေ မေးလိုက်တယ်။

အကြီးအကဲ လူပန်က မိုက်ကယ်ဘက်ကို လှည့်လာပြီး သူ့မျက်နှာပေါ်မှာ ရူးသွပ်တဲ့ အပြုံးတစ်ခု ပေါ်လာခဲ့တယ်။

"ဟား ဟား ဟား ဟား ဒီ ဘေ့စ်ဘော က ပျော်စရာကြီးပဲ"

အဲဒီစကားတွေနဲ့အတူ ကွင်းတစ်ခုလုံး ပွက်လောရိုက်သွားခဲ့တယ်။

"ဝိုး... မင်း အဲဒီဘောလုံးကို မြင်လိုက်လား... လေထဲမှာတင် ရပ်သွားတာပဲ"

"ဘေ့စ်ဘော နဲ့ပတ်သက်ပြီး ငါ လုံးဝကို မှားနေခဲ့တာပဲ... ဒါက စိတ်လှုပ်ရှားစရာကြီး... ကြည့်နေရင်းနဲ့ ငါတောင် ဘောလုံးကို ဝင်ရိုက်ချင်လာပြီ"

"ငါလည်း ဝင်ပစ်ကြည့်ချင်တယ်... အဲဒီ ကွေ့သွားတဲ့ပုံစံတွေက မိုက်တယ်"

ဘရောင်းဘလဒ် ဝံပုလွေလူသားတွေဆီက စိတ်အားထက်သန်တဲ့ တုံ့ပြန်မှုတွေကို မြင်ရတော့ မိုက်ကယ် ပြုံးလိုက်တယ်။ ဘေ့စ်ဘော ပွဲတစ်ပွဲရဲ့ ရင်တဖိုဖိုဖြစ်ရတာတွေ၊ စိုးရိမ်ပူပန်ရတာတွေနဲ့ ထိုင်ခုံကို ဆုပ်ကိုင်ထားရလောက်တဲ့ စိတ်ခံစားမှုတွေကို ကိုယ်တိုင်တွေ့ကြုံခံစားခွင့်ပေးလိုက်တာက သူတို့ကို ဒီအားကစားနဲ့ အမြန်ဆုံး ရင်းနှီးသွားစေမယ်ဆိုတာ သူ သိနေခဲ့တယ်။ ပြီးတော့ သူ ထင်တဲ့အတိုင်း မှန်ကန်ခဲ့ပုံရတယ်။

အဲဒီနောက် အကြီးအကဲ လူပန်က မြေပြင်ပေါ်က ဘောလုံးကို ကောက်ယူလိုက်တယ်။ "ဒါပေမဲ့ မပြီးသေးဘူး... ဒီတစ်ကြိမ် ငါ ပစ်မယ်" လို့ သူက ဘောလုံးကို အားပြင်းပြင်းနဲ့ ဆုပ်ကိုင်ရင်း ပြောလိုက်တယ်။

* * * * * * * *

နောက်ဆုံးတော့ အကြီးအကဲ လူပန်ရဲ့ ပစ်ချက်တွေကို ရီနေးတားနိုင်ငံသားတွေ ဝင်ရိုက်ရမယ့် အလှည့် ရောက်လာခဲ့ပြီ။

ပုံမှန်အားဖြင့်ဆိုရင်တော့ ဒါက လွယ်လွယ်လေးလို့ မိုက်ကယ် ထင်မိမှာပါ။ ဝံပုလွေလူသားတွေမှာ ရှုပ်ထွေးတဲ့ Breaking balls တွေ ပစ်ဖို့ အသိပညာနဲ့ ကျွမ်းကျင်မှု မရှိကြဘူးလေ။ သူတို့ရဲ့ ကြီးမားလှတဲ့ ခွန်အားနဲ့ လုပ်နိုင်တာဆိုလို့ Fast ball ပစ်ဖို့ပဲ ရှိပြီး ဒါက ကြိုတင်ခန့်မှန်းနိုင်မယ်ဆိုရင် ရိုက်ဖို့ လွယ်ကူပါတယ်။

ဒါပေမဲ့ သူ တကယ်ကို မှားနေခဲ့တာပါ။

သူတို့ရဲ့ ပထမဆုံး ရိုက်မယ့်သူက ဒယ်လ်တာ ဖြစ်တယ်။ ဒုတိယအဆင့် မက်ဂ်နက်တစ်တစ်ယောက် ဖြစ်တာမို့ သူ့ရဲ့ ကိုယ်ပွားက သူတို့အသင်းထဲမှာ အသန်မာဆုံးလို့ ဆိုနိုင်တယ်။ ဒါကြောင့် သူတို့အနေနဲ့ အနည်းဆုံး 1st Base ကိုတော့ ရောက်အောင် ရိုက်နိုင်လိမ့်မယ်လို့ သူ ထင်ခဲ့တာလေ။

ဒါပေမဲ့ အကြီးအကဲ လူပန် ပစ်လိုက်ချိန်မှာတော့ ဘောလုံးက ချာလီ့ထက်တောင် ပိုမြန်တဲ့အရှိန်နဲ့ Home Plate ဆီကို ပြေးဝင်သွားခဲ့တယ်။ ဘောလုံးပစ်တဲ့ သူ့ရဲ့ ညာဘက်လက်တစ်ဖက်လုံးက ဝံပုလွေတစ်ကောင်အဖြစ် တစ်ဝက်ပြောင်းလဲသွားခဲ့ပြီး အရွယ်အစားက နှစ်ဆကြီးလာကာ အမွေးတွေ အပြည့်ထွက်လာခဲ့တယ်။

ဒါက ဒယ်လ်တာကို တုံ့ပြန်ဖို့ အခွင့်အရေး လုံးဝ မပေးခဲ့ဘူး။ Strike zoneရဲ့ ညာဘက်အပေါ်ထောင့်က လမ်းကြောင်းကို မှန်းဆပြီး သူ ဘေ့စ်ဘောရိုက်တံကို လွှဲရိုက်လိုက်တယ်။

ဒါပေမဲ့ ရုတ်တရက် ဘောလုံးက အောက်ဘက်ကို ကွေ့ဆင်းသွားခဲ့တာမို့ ဒယ်လ်တာရဲ့ ရိုက်ချက်က လွဲချော်သွားခဲ့တော့တယ်။

"Strike"

ဒါက အပြည့်အဝ လုပ်ဆောင်သွားတဲ့ Curve ball တစ်ခုပဲ။

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အကြီးအကဲ လူပန်က လက်ချောင်းလှုပ်ရှားမှုတွေကအစ ချာလီရဲ့ နည်းစနစ်ကို အပြည့်အဝ အတုယူနိုင်ခဲ့တယ်။

ဘေ့စ်ဘော မှာ အကြီးအကဲ လူပန် ဘယ်လောက်တောင် ပါရမီပါသလဲဆိုတာကို မိုက်ကယ် လုံးဝ အထင်သေးမိခဲ့တာပဲ။ ဝံပုလွေလူသားက သဘာဝအတိုင်းကို ကျွမ်းကျင်နေတာပါ။ သူ့ရဲ့ ဧရာမ ရုပ်ပိုင်းဆိုင်ရာခွန်အားနဲ့ပါ ပေါင်းစပ်လိုက်တဲ့အခါ သူ့ရဲ့ ပစ်ချက်တွေက လုံးဝကို တားဆီးလို့ မရနိုင်တော့ဘူး။

သူ့ပစ်ချက်တွေရဲ့ ကွေ့ဝိုက်မှုတွေ၊ အမြန်နှုန်းတွေနဲ့ လျှောတိုက်မှုတွေက လုံးဝကို လွန်ကဲနေခဲ့တာမို့ ဘောလုံးရဲ့ ရွေ့လျားမှုကို ကူညီပေးနေတဲ့ ထိန်းချုပ်ကိရိယာတစ်ခုခု ဘောလုံးထဲမှာများ ရှိနေမလားလို့ မိုက်ကယ် စတင်သံသယဝင်လာတဲ့အထိပဲ။

သိပ်မကြာခင်မှာပဲ တတိယမြောက် Strikeကို ခေါ်လိုက်တာမို့ ဒုတိယမြောက် ရိုက်မယ့်သူ ထွက်လာရတော့တယ်။

နောက်ထပ် ဒုတိယအဆင့် မက်ဂ်နက်တစ် သဟဇာတကိုယ်ပွားတစ်ခုဖြစ်တဲ့ အီကိုရဲ့ အလှည့် ရောက်လာခဲ့ပြီ။ ဒါပေမဲ့ ရလဒ်က အရင်တစ်ယောက်နဲ့ ကွာခြားသွားလိမ့်မယ်လို့ မိုက်ကယ် မယုံကြည်ခဲ့ဘူး။

ပြီးတော့ သူ ထင်တာ မှန်ခဲ့တယ်။ အကြီးအကဲ လူပန်က သူတို့ကို ပြီးပြည့်စုံတဲ့ StrikeOut လုပ်နိုင်ခဲ့တာမို့ ဒီ Inning မှာ ရီနေးတားနိုင်ငံသားတွေအတွက် အခွင့်အရေး တစ်ကြိမ်သာ ကျန်တော့တယ်။

ဒီတစ်ကြိမ်ကတော့ ချာလီ့အလှည့်ပဲ။ ကံမကောင်းစွာနဲ့ပဲ ဝံပုလွေလူသား အကြီးအကဲက သူ့ရဲ့ ကလဲ့စားချေမှုကို ရယူသွားမယ့်ပုံပေါ်တယ်။

အကြီးအကဲ လူပန်က ဘောလုံးပစ်လိုက်ပြီး ချာလီက ချက်ချင်း ဝင်ရိုက်လိုက်တယ်။ ဒါပေမဲ့ သူမရဲ့ ဘေ့စ်ဘောရိုက်တံက အရမ်းနှေးကွေးနေပုံရပြီး သူမ လွှဲရိုက်တဲ့ တစ်ဝက်မှာတောင် မရောက်ခင် ဘောလုံးက ဖမ်းတဲ့သူရဲ့ လက်အိတ်ထဲကို ရောက်သွားခဲ့ပြီလေ။

"StrikeOut"

ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပထမဆုံးအကြိမ် ဘေ့စ်ဘော ကစားတဲ့သူက အပြစ်အနာအဆာကင်းတဲ့ Inning တစ်ခုကို ရရှိသွားခဲ့တယ်။ သူက ကိုးချက်ပစ်ရာမှာ တစ်ချက်မှ အထိမခံဘဲ ပစ်နိုင်ခဲ့တယ်။

မိုက်ကယ် ယုံတောင် မယုံနိုင်ဘူး။ သူက ဘေ့စ်ဘော လောကထဲကို ပါရမီရှင်တစ်ယောက် မိတ်ဆက်ပေးလိုက်မိတာ ဖြစ်နိုင်တယ်။

ရီနေးတားနိုင်ငံသားတွေရဲ့ အခွင့်အရေး ပြီးဆုံးသွားတာနဲ့အတူ ဒုတိယ Inning မှာ ဝံပုလွေလူသားတွေ ထပ်မံရိုက်ခွင့်ရမယ့် အချိန် ရောက်လာခဲ့ပြီ။

ကံကောင်းတာက ဝံပုလွေလူသားတိုင်းက သူတို့ရဲ့ အကြီးအကဲလို ပါရမီပါပုံ မရပါဘူး။

သူတို့က ဘောလုံးကို ခပ်မှန်မှန် ရိုက်နိုင်ခဲ့ကြပေမဲ့ ရီနေးတား ခံစစ်သမားတွေက ဘောလုံးကို အမြန်ပြန်ကောက်ပြီး Base တွေဆီ ပစ်ပေးနိုင်ခဲ့ကြတယ်။

တစ်ချိန်တုန်းက ဘရောင်းဘလဒ်တွေက ဒုတိယနဲ့ တတိယ Base တွေမှာ အပြေးသမားတွေ ရှိနေခဲ့ပြီး ရမှတ်ရဖို့ တစ်ချက်ရိုက်ရုံပဲ လိုတော့တဲ့ အခြေအနေရှိခဲ့ပေမဲ့ ကံကောင်းစွာနဲ့ပဲ ချာလီက ပထမ Base သမား ဖမ်းမိသွားတဲ့ fly ball တစ်ခုနဲ့ အဆုံးသတ်နိုင်ခဲ့တယ်။

ပြေးလမ်းမှတ် တစ်ခုမှ မရဘဲ Inning ပြီးဆုံးသွားပေမဲ့လည်း မိုက်ကယ်ကတော့ စိတ်သက်သာရာ မရခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် သူ့အသင်းက ဘီလူးတစ်ကောင်လို ပစ်နိုင်တဲ့သူကို နောက်ထပ်တစ်ကြိမ် ရင်ဆိုင်ရိုက်ရဦးမှာလေ။

သူတို့ရဲ့ အကောင်းဆုံး ရိုက်သမားတွေက သူ့ရဲ့ သဟဇာတကိုယ်ပွားတွေလို့ သူ ထင်ခဲ့ပေမဲ့ သူတို့တောင်မှ သူ့ရှေ့မှာ အကူအညီမဲ့နေခဲ့ကြတယ်။

သူ့ရဲ့ နောက်ထပ်မျှော်လင့်ချက်က သူ့ရဲ့ ဒရာဂွန်ဘွန်းတွေ ဖြစ်ပေမဲ့ သူတို့အားလုံးက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် ပထမအဆင့်မှာပဲ ရှိနေကြသေးတာလေ။ သူတို့က အကြီးအကဲ လူပန်ရဲ့ လက်ရှိ အားနည်းနေတဲ့ အခြေအနေထက်တောင် တစ်ဆင့် နိမ့်နေသေးတယ်။

'ငါတို့မှာ ပွတ်ရိုက်တာကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူး' လို့ သူ တွေးလိုက်တယ်။

သူတို့ရဲ့ ပထမဆုံး ရိုက်မယ့်သူက ဇိုင်ယွန် ဖြစ်တယ်။

အနီရောင်အကြေးခွံတွေနဲ့ ဒရာဂွန်ဘွန်းက သူ့မျက်လုံးတွေထဲမှာ ယုံကြည်မှုအပြည့်ရှိတဲ့ အကြည့်တွေနဲ့ ဘေ့စ်ဘောရိုက်တံကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ရင်း ကွင်းထဲကို ချဉ်းကပ်လာခဲ့တယ်။

* * * * * * * *

All Chapters